ဧည့်သည်ဗျို့ – ဒုတိယပိုင်း
ရွာက ပြန်ရောက်ပြီး ရက်တွေ လတွေ ကြာသွားတဲ့အခါ ရွာကိုလည်း မေ့မေ့ပျောက်ပျောက်၊ ဆွေမျိုးတွေကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတော့တယ်။
အလုပ်တွေကလည်း ဆောင်း နဲ့ နွေ မှာ များနေကြမို့လို့ ပင်ပန်းပြီး အိမ်ပြန်ရောက်ရင် အမေနဲ့တောင် စကားသိပ်မပြောဖြစ်ပဲ ထုံးစံအတိုင်း ထမင်းစားပြီး အိပ်ရာဝင်ဖြစ်တာတွေက များလာပါတယ်။
တစ်နေ့တော့ အိမ်ပြန်ရောက်တဲ့အခါ ရွာကဆွေမျိုးတွေ ရောက်နေတာ တွေ့ရပါတယ်။
အတော်ကြီးကို လာချင်လို့ လိုက်လာတာလို့ ပြောတဲ့ အဖွားလေးကို တွေ့လို့ ဝမ်းသာသွားတယ်။ ဦးလေးတွေ၊ အဒေါ်တွေ၊ မောင်နှမဝမ်းကွဲတွေ အာလုံးပေါင်း ၆ယောက် ဖြစ်ပါတယ်။
အရင်က သားအမိ နှစ်ယောက်တည်းမို့ နေသာတဲ့ တိုက်ခန်းလေးဟာ အမျိုးတွေရောက်လာတော့ ကျပ်ကျပ်ညှပ်ညှပ် ဖြစ်နေပါတယ်။ အမျိုးတွေမို့ အားမနာရလို့သာ တော်ပေတာပဲ။
အဖွားလေးကလည်း ပြောရှာပါတယ်။ နင်တို့အိမ်ကလည်း ခိုအိမ်ကျနေတာပဲ။ အသက်ရှုလို့တောင် မဝဘူးတဲ့လေ။
ဧည့်သည်တွေ ရောက်လာတော့ ကျွေးဖို့ မွေးဖို့ ဝယ်ရတော့တာပေ့ါ။ အရင်က သားအမိ နှစ်ယောက်စာ ဝယ်ရတာ သိပ်ကုန်တယ် မထင်ရပေမယ့် အခု စုစုပေါင်း ၈ယောက်စာ ဝယ်တဲ့အခါ ဖွတ်ကလိဒင်္ဂါး (အီကြာကွေး စကားနဲ့ပြောတာ) က စကားပြောလာပါတော့တယ်။
ရောက်လာတာက ဗုဒ္ဓဟူးနေ့မို့ အလုပ်မပိတ်ပါဘူး။ ဒါပေမယ့် ရောက်တောင့်ရောက်ခဲ ဧည့်သည်တွေမို့ အလုပ်က ခွင့်ယူဖို့ ပြင်ဆင်ရပါတယ်။
အိမ်ရှင်ဆိုလို့ အမေနဲ့ မောင်ကြောင်ဖား နှစ်ယောက်တည်းသာ ရှိတာမို့ ဧည့်သည် ၆ယောက်ဟာ ဝန်ထုပ်ဝန်ပိုးကြီလို ဖြစ်နေပါတယ်။
နောက်တစ်နေ့ကျတော့ ဘုရားဖူးလိုက်ပို့ဖို့ စီစဉ်ရပါတယ်။ ဧည့်သည်တွေနဲ့ဆိုတော့ Taxi ငှားသွားမှ အဆင်ပြေမှာပါ။ စုစုပေါင်း ၈ယောက်ဆိုတော့ ကား ၂စီး ငှားရပါတယ်။
ရွှေတိဂုံဘုရားပေါ်တက် အေးအေးလူလူနဲ့ ဘုရားဖူးရလို့ အဖွားလေးက မောင်ကြောင်ဖားကို ကျေးဇူးရှင်ကြီးလို ပြောနေတော့တာပေ့ါ။
မနက်စာကို လမ်းမှာပဲ ဝယ်စားဖို့ စီစဉ်ထားတဲ့အတိုင်း ဝင်စားကြတယ်။ နောက်တော့ ကားထပ်ငှားပြီး မြောက်ဥက္ကလာက မယ်လမုဘုရားကို သွားကြတယ်။ ဗိုလ်တထောင်ဘုရားကိုလည်း ရောက်ခဲ့ကြသေးတာပေ့ါ။
သားအမိ ၂ယောက်တည်းမို့ ဘယ်မှ သိပ်မသွားဖြစ်တဲ့ အမေဟာ ဆွေတွေမျိုးတွေနဲ့ အပြင်ထွက်လည်ရလို့ ရွှင်လန်းနေပါတယ်။
ရွာမှာတုန်းက ဧည့်ဝတ်ကျေထားတဲ့ အမျိုးတွေကို ကိုယ့်ဆီရောက်တုန်း ကိုယ်ကလည်း ဧည့်ဝတ်ကျေဖို့ ကြိုးစားရတာပေ့ါ။
ညစာအတွက်လည်း လွယ်လွယ်ကူကူ လမ်းမှာပဲ စားသွားကြပြီး အိမ်ပြန်ရောက်တော့ အားလုံးပဲ မောနေကြပြီလေ။
တောသူတောင်သားတွေမို့ ကားစီးရတဲ့ ဒါဏ်ကို မခံနိုင်လို့ နောက်ရက်တွေကျတော့ အပြင်မထွက်နိုင်ကြတော့ပါဘူး။
အိမ်မှာပဲ နောက်ထပ်၂ရက်လောက် နေပြီး ပြန်သွားကြပါတယ်။
ဧည့်သည်တွေပြန်တော့မှ ဘတ်ဂျတ်တွက်ကြည့်လိုက်တော့ ငွေကလည်း အသုံးမခံပါလားလို့ မောင်ကြောင်ဖား တစ်ယောက်တည်း ငြီးငြူမိပါတယ်။
နောက်တော့ရွာက လူကြုံနဲ့ စာရောက်လာပါတယ်။ ဆွေတွေ မျိုးတွေက ဧည့်ဝတ်ကျေပွန်တဲ့ မောင်ကြောင်ဖားကို ချီးမွမ်းခန်းဖွင့်ထားပြီး နောက်မကြာခင် ဧည့်သည်ထပ်ရောက်လာမယ့်အကြောင်း ဖတ်ရတဲ့အခါ ကျွန်တော် မောင်ကြောင်ဖားမှာ ” ဟိုက်” လို့သာ တစ်ခွန်းတည်း အော်လိုက်မိပါတော့တယ်။
21 comments
weiwei
June 26, 2011 at 2:43 pm
ရန်ကုန်မှာ ဧည့်သည်လက်ခံဖို့ မလွယ်ဘူးလေ … မီးခြစ်ဆံဗူးထဲမှာ အိမ်ရှင်တွေတောင်ဆံ့အောင် မနဲနေကြရတာဆိုတော့ … 😛
ဆူး
June 26, 2011 at 3:30 pm
နယ်က လူတွေ အနေနဲ့တော့ မပြောတတ်ဘူး။
ရန်ကုန်မှာ ဟိုနား ဒီနား ကားစီးသွားကြတာ.. ကိုယ်ပိုင်ကား ဆိုရင် ဓါတ်ဆီ ဖိုး သိပ်သတိမထားမိပေမဲ့ အငှားကားနဲ့ဆို.. တော်တော် ကုန်မှာ..
အိမ်မှာ ငြိမ်ငြိမ်လေး အခွေ ငှားပြ ထားလိုက်ရင် ပြီးတာပဲ..
နယ်က လူတွေ နဲ့ မြို့က လူနဲ့ အထာ မတူတော့.. မြို့သူ မြို့သား ရှက်တယ်လို့ ခံစားရတဲ့ ကိစ္စတွေ ရှိသေးတယ်။ ဥပမာ လူကြားထဲ စကားအကျယ်ကြီး အော်ပြောတာမျိုး…
ကိုပေါက်(မန္တလေး)
June 26, 2011 at 3:51 pm
ကျနော်ကျောင်းသားဘဝက ရန်ကုန်ကသူငယ်ချင်းအိမ်ကို အလည်သွားတာပေါ့။
မနက်ကျနော်တို့ သူငယ်ချင်းနှစ်ယောက်အိပ်တဲ့နေရာက မနက်ဧည့်ခန်း။
မန်းလေးမှာ ကျယ်ကျယ်လွင့်လွင့်နေခဲ့တဲ့သူ ဟိုကျတော့ မနေတတ်တော့ဘူး။
ခဏနဲ့ပြန်ပြေးတာဘဲ။
ဒါမြို့ပြ ဝေဒနာထဲက တစ်ခုပေါ့။
အဲတော့လဲရှိသမျှလူတွေအားလုံး မနက်လင်းတာနဲ့လမ်းပေါ်ရောက်
အခုမန်းလေးလဲ ဒီအတိုင်းဖြစ်လာပါပြီ။
shweminthar
June 26, 2011 at 3:53 pm
ကျနော်တို့ ရွာလေးကိုဘဲ လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်။
ကျနော်တို့ ရွာလေးက အေးအေးချမ်းချမ်း နဲ့ အတော်ကို ပျော်စရာ ကောင်းပါတယ်။
အကုန်လုံးစကားကြွယ်ကြပြီး ခင်ခင်မင်မင်ရှိကြပါတယ်။
တခါတခါ လေတိုက်ကြမ်း တဲ့ အခါလဲ ရှိသေးတယ်။
အဲဒီအခါ နေတတ်သလိုသာနေလိုက် လေထဲ ပါမသွားရင် ပြီးတာဘဲ
ကျန်တာအားလုံးအဆင်ပြေပါတယ်။
လာလည်ကြနော် ကျနော် ရွာလေးကို…
ဧည့်ဝတ်ကျေစေရမယ်။
ကိုပေါက်(မန္တလေး)
June 26, 2011 at 4:17 pm
ရွှေမင်းသားရေ
သူများတွေကို ရွာထဲမဖိတ်ခင်
မန်းလေးမှာရှိတဲ့ရွာသူရွာသားတွေကို
မန်းလေးမှာဆုံကြရအောင်လို့ ဖိတ်ဘို့အစီအစဉ်လေးဆွဲလိုက်ကြရင်ကောင်းမလား။
ပြောသာပြောရတယ် ရန်ကုန်တွေ့ဆုံပွဲလိုဖြစ်သွားမှာစိုးသေးတယ်နော်။
မန်းလေးမှာ လက်ရှိနေထို်င်တဲ့ရွာထဲကလူတွေ စာရင်းအရင်ကောက်လိုက်ကြရအောင်နော်။
ဆုံချင်ပြီ ဆုံချင်ပြီ ………………..ဆိုတဲ့ချောစုခင်သီချင်းလေးလိုပေါ့။
nature
June 26, 2011 at 5:23 pm
ငယ်ငယ်တုန်းက ကစားတာလေးမှတ်မိတယ်။ ဧည်သည်လာရင် အိမ်ရှင်ဖယ်ပေးတဲ့။
bigcat
June 27, 2011 at 1:42 am
အိမ်ပြောင်းပြေးဗျာ…လိုက်လာရင် လူငှားပြီး အိမ်ခဲနဲ့ပေါက်ခိုင်း၊ ဒါမှမဟုတ် ရဲကိုပိုက်ဆံပေးပြီး ဧည့်စာရင်းလာစစ်ခိုင်း…. 👿
nature
June 27, 2011 at 1:36 pm
ဒီအလုပ်အတွက် ကိုကြောင်ကြီးကိုကန်ထရိုက်ပေးပါတယ်။
MaMa
June 27, 2011 at 2:49 am
ဟုတ်ပါ့- ဝေဝေ ပြောတဲ့ မီးခြစ်ဆံဗူးကိုပဲ ခင်တွယ်ပြီး နေနေကြရတာ။
တောသားတွေကို ခွေထိုးပြလို့ မရဘူး။ သူတို့က ကိုယ့်ထက်တောင် ခွေတွေ ပိုကြည့်ကြသေးတယ် ဆူးရေ။
ကိုပေါက်ပြောတဲ့ မြို့ပြဝေဒနာ ဆိုတဲ့ စကားလုံးလေးကို သဘောကျသွားပြီ။
ရွှေမင်းသားရဲ့ ရွာဖိတ်စာကြောင့် ရွာကြီး စည်ကားလာမှာ မြင်ယောင်မိပါသေးရဲ့။
ကိုကြောင်ကြီးအိမ်ကို လုံးဝလုံးဝ ဧည့်သည်လာမလုပ်ပါမည့်အကြောင်း အလေးအနက် ကတိပေးပါတယ်။
MaMa
June 27, 2011 at 2:56 am
ဟုတ်ပါ့- ဝေဝေ ပြောတဲ့ မီးခြစ်ဆံဗူးကိုပဲ ခင်တွယ်ပြီး နေနေကြရတာ။
တောသားတွေကို ခွေထိုးပြလို့ မရဘူး။ သူတို့က ကိုယ့်ထက်တောင် ခွေတွေ ပိုကြည့်ကြသေးတယ် ဆူးရေ။
ကိုပေါက်ပြောတဲ့ မြို့ပြဝေဒနာ ဆိုတဲ့ စကားလုံးလေးကို သဘောကျသွားပြီ။
ရွှေမင်းသားရဲ့ ရွာဖိတ်စာကြောင့် ရွာကြီး စည်ကားလာမှာ မြင်ယောင်မိပါသေးရဲ့။
ကိုကြောင်ကြီးအိမ်ကို လုံးဝလုံးဝ ဧည့်သည်လာမလုပ်ပါမည့်အကြောင်း အလေးအနက် ကတိပေးပါတယ်။
လာလည်ဖြစ်ရင်တော့ nature ပြောသလိုပဲ ပြောလိုက်တော့မယ်။
ရွှေဘိုသား
June 27, 2011 at 3:47 am
အင်းဟုတ်တယ်ဗျနော် စာရေးသူပြောမှပဲ ရွာကလူတွေအလည်လာလို.ကတော.
လခလေးနည်းနည်းရတဲ.သူဆို မွဲဖို.သာ ကြံပေတော.
ရွှေဘိုသားတို.များ ရန်ကုန်လာကျောင်းတက်နေရပါတယ်ဆို ရွာကလူတွေများ ဘုရားဖူးလာလို.ကတော.
မရှိ ရှိတာလေးတွေပေါင်ပြီး လိုက်ပို.ရတာ ကိုယ်က အရင်ရောက်နေတဲ.သူဆိုတော. ဧည်.ဝတ်ကျေ ချင်တာကိုးဗျ ဒီကြားထဲ ရွာက စာဥလိုငယ်ကျွမ်းဆွေလေးပါလာရင် ပိုကုန်ပေါ.
MG ကရွာသူရွာသားတွေအားလုံး ရွှေဘိုပြန်ရင်ခေါ်မယ်ဗျာလိုက်ကြမလား
လမ်းစရိတ်ကတော. ကိုယ်.အိတ်စိုက်ပေါ. မများပါဘူး အသွားအပြန် 40000 လောက်ပဲကုန်တာပါ။
ရွာရောက်ရင် ဘုန်းကြီးကျောင်း တစ်နပ်ကျွေးမယ် အလှုအိမ် တစ်နပ်
စပါးခြွေတဲ.အိမ် တစ်နပ် ပေါ.ဗျာ
သုံးရက်လောက်ဆို ရွာထဲလည်း နှံ.ပါပြီ ပြန်လို.ရပါပြီး ပြန်လိုက်ပို.မယ်နော် လိုက်ခဲ.ကြ
တစ်ခုတော. ရှိတယ်ဗျ
ကျွန်တော်တို. ရွာမှာ တစ်ခါဖြစ်ဖူးတယ်
မြို.က ဧည်.သည် လာတာ အိမ်တစ်အိမ်က ထမင်းဖိတ်ကျွေးတာ
တစ်ရက်လည်းလာမစား နောက်တစ်ရက်သွားခေါ်တော.လည်း စားပြီးပြီပြော
ခဏခဏဆိုတော. ရွာမှာက ဧည်.သည်အတွက်ဆိုပြီး ကောင်းကောင်းမွန်မွန်ချက်ထားတာတွေက
အလကားဖြုန်းသလိုဖြစ်တာပေါ.ဗျာ
ဒါနဲ.နောက်တစ်ရက် သွားခေါ်တော.လည်းမလိုက်ဆိုတော.
စိတ်လည်းဆိုး ရှက်လည်းရှက်တာနဲ. ဓါးနဲ.လိုက်ခုတ်တာ
ကျွန်တော်တို.ရွာမှာ တကယ်ကိုဖြစ်သွားတာဗျ
MaMa
June 27, 2011 at 4:13 am
ထမင်းလိုက်စားဆို အနစ်နာခံပြီး စားပါ့မယ်။ ရန်ကြီးအောင် ကုန်ဘောင်သား ဓားကိုတော့ ကြောက်ပါတယ်။
🙂
windtalker
June 27, 2011 at 4:37 am
ဆရာသုမောင် ရဲ ့ဖခင် စာရေးဆရာ၊ရုပ်ရှင်ဒါရိုက်တာ၊သရုပ်ဆောင် ဦးသာဓု က တော့ ဧည့်သည်လာတာ သိပ်မကြိုက်ဘူး တဲ့ ။ လိုရင်း တိုရှင်းပြော ပြီး ပြန် လို ့ဆရာသုမောင် ရဲ ့ကွမ်းစကား စာအုပ် ထဲ မှာ ဖတ်ဖူး တယ်ဗျ ။
akswe
June 27, 2011 at 4:38 am
ဘုရား ဘုရား ရွှေဘို သားတွေ ဧည့်ဝတ်ကျေတာ တော့ကျောက်ခမန်းလိလိပဲ လိုက်လည်ဖို့တောင် မရဲ ပါလားကွယ်။
မမရော ဘဆွေ ဆီကိုလာလည်မယ်ဆို…. ကျည်ဆံ သွေးထားလိုက်မယ် ရွှေဘိုသားတွေ အားကျလို. ဗျာ ဟီးဟီး။
အလကားပြောတာ အချိန်မရွေး လာခဲ့ .. ကျွေးတယ် ကိုယ်တိုင် ချက်တတ် တာနော် ရွာထဲက လုံမတွေလို ဆိုင်ဆွဲမဟုတ်ဘူး..
parlayar46
June 27, 2011 at 6:06 am
နယ်ကလူ ရန်ကုန်လာလည်ရင် အိမ်ရှင်သာအနေကြပ်တာ မဟုတ်ဘူး။
ဧည့်သည်ကလဲ မနေတတ်မထိုင်တတ်ဖြစ်ပြီး အားနာရတာပါပဲ။
၁၅ နှစ်သားလောက်က ရန်ကုန်ကို ဧည့်သည်သွားလုပ်တုန်းက အဲဒီ ၂ ရက်လောက်လေးကို ဒုက္ခရောက်လိုက်သမှ ..။
၂၅ နှစ်သားလောက်မှာ ရန်ကုန်ကို ဧည့်သည်သွားလုပ်တော့ နပ်သွားပြီ။
တရက်လောက်ပဲ ဧည့်သည်စစ်စစ်လုပ်တယ်။
နောက်ရက်တွေ မိုးလင်းတာနဲ့ ရေချိုးပြီး အပြင်ထွက် — မိုးချုပ်မှပဲ တည်းအိမ်ကိုပြန်လာလိုက်တယ်။ သူရောကိုယ်ရော တော်တော်ကို အဆင်ပြေသွားတာ။
တညင်သား
June 27, 2011 at 6:44 am
ကျွန်တော့်အဖေ က ရန်ကုန် ကဆွေမျိုးတွေစီကို သွားရင် ဆန် ။ကြက် ၊ကြက်ဥ ။နွားနို့၊ငါး စသည်ဖြင့် တနိင်ယူသွားတက်ပါတယ်..ကိုယ့်မှာမရှိလဲ ရန်ကုန်မှာမရှိတက်တာလေးတွေ ဝယ်သွားတယ်..လက်ဆောင်လေးပါမှ သွားတက်တာပေါ့ ….တနေ့တော့ ဆန်တအိပ်နဲ့ ရန်ကုန်ဘက်ကမ်းသီတာဆိပ် ကနေပြီး သူ့ညီမ နေတဲ့ ပုဇွန်တောင် (ညောင်တန်း) ကိုသွားဖို့ ဆိုက္ကားပေါ်ကို ဆန်အိတ် မ တင်လိုက်တာ ခါးနာပါလေရော အဲဒီ ဒဏ်ရာက အခု ဆုံးသွားတဲ့အချိန်ထိ ပါသွားတယ်..ကျွန်တော်စဉ်းစားတာ ဒီနည်းစနစ်မကောင်းဘူးပေါ့ နောက်တနည်းပြောင်းသုံးရမယ်..ဘယ်ကိုပဲသွားသွား ဘာမှမယူသွားတော့ဘူး..အဲဒီတော့ ကျွန်တော်ကို အလည် ခေါ်ကြပါဗျို့………..:)
pan pan
June 27, 2011 at 7:50 am
ရန်ကုန်မှာတော့ အိမ်ရှင်ရော၊ ဧည့်သည်ရော အနေကျုံ့တာပေ့ါ..။
hmee
June 27, 2011 at 8:18 am
သုမောင်၊ ရန်အောင်၊ မေသန်းနု။ စိုးမြတ်သူဇာ တို့ပါတဲ့ ဧည့်သည်ကား ကြည့်ဖူးပါသလား။ ကိုယ်ကရွာသွားတော့ တခါပါ။ အားလုံးဝိုင်းကျွေးတာရယ်၊ ကိုယ့်အပင်က အသီး ခူးကျွေးတာမို့ မသိသာပါဘူး။ ရန်ကုန်မှာတော့ တကယ်မလွယ်တာပါ။ လူတရာ ဝါးတရာမို့ ကြာတော့ စရိတ်ထောင်းတာ မခံနိုင်ပါဘူး။ တချို့က အသိရှိလို့ ကားခ၊ဝင်ကြေးပေးပေမဲ့ တချို့များဆို အကုန်တာဝန်ယူရတာ ကြာတော့ ဝန်ပိလာတော့တာပဲ။ အရင်ကတော့ ကိုယ်ကတောသူမို့ သိပ်အထာမနပ်လှပါဘူး မြို့သားတွေများ ဧည့်သည်ကို ဘာလို့ ကြောက်ရသလဲပေါ့။ နောက်မြို့မှာ အနေကြာတော့ မြို့သားတွေရဲ့ ဒုက္ခကို ကိုယ်ချင်းစာတတ်လာပါတယ်။ မြို့မှာ ဘာမှ အလကား မရဘူးလေ။
MaMa
June 27, 2011 at 9:33 am
windtalker ရေ- ငယ်ငယ်က ဧည့်သည်လာရင် ပျော်တယ်။ ကြီးလာတော့ ဧည့်သည်ရဲ့ ကရိကထကို လူကြီးတွေနဲ့အတူ ခံရတော့ မပျော်တော့ဘူး။
အဘဆွေရဲ့- (ကိုယ်တိုင် ချက်တတ် တာနော် ရွာထဲက လုံမတွေလို ဆိုင်ဆွဲမဟုတ်ဘူး..) ဆိုလို့ ဧည့်သည် လုပ်ချင်စိတ်ပေါက်လာပြီ။ အရင်တစ်ခါ အကြွေးကိုလည်း ဆပ်ရင်းနဲ့ပေ့ါ။
ဦးparlayar ကတော့ တောသားဧည့်သည် မဟုတ်ဘူး။ မြို့သားဧည့်သည် လုပ်နည်းပဲ။
တညင်သားရေ- မိဘ ဘိုးဘွား အစဉ်အလာဆိုတာ မပယ်ဖျက် ကောင်းဘူးလေ။ အစဉ်အလာကို လိုက်နာရင်တော့ အလည်ခေါ်ချင်ပါရဲ့။ 🙂
ဧည့်သည်ကား တော့ မကြည့်ဖူးဘူး။ hmee လည်း ဧည့်သည်လုပ်တာရော၊ ဧည့်ခံတာရော အတွေ့အကြုံ ရှိတဲ့ပုံပဲ။ မှီ့လက်ရာလေးတွေလည်း ကျဲနေတယ်နော်။ ရေးပါဦး အားပေးနေပါတယ်။
padonmar
June 27, 2011 at 2:39 pm
ပထမလာတော့ရွှေဧည့်သည်
ဒုတိယလာတော့ငွေဧည့်သည်
တတိယလာတော့ကြေးဧည့်သည်
ဧည့်သည် ဧည့်သည် ဧည့်သည်
pooch
June 27, 2011 at 5:06 pm
ဧည့်သည်ကားကို ကြည့်ဖူးတယ် တကယ်ကောင်းတယ် ဟာသလည်း မြောက်တယ် သဘာဝလည်းကျတယ်
တွေ့နေမြင်နေကျ လူ့သဘာဝ စရိုက်ကို ဟာသလေးစွက်ပြီး ရိုက်သွားတယ်
အခုခေတ်မှာ ဒီလို ကားမျိုးရှားသွားပြီ
ဧည့်သည်နဲ့ပတ်သတ်ပြီး အနော့်အမြင်က လည်း အဲ့ဒီ ဇာတ်ကားထဲက အတိုင်းပဲ 🙂