အတွေးလွန်
ကျွန်မရဲ့ မွေးရာပါဝါသနာကိုက စူးစမ်းလေ့လာချင်တာရယ်… အယုံမလွယ်တာရယ်မို့ … တနေ့ အကြောင်းကိစ္စတစ်ခုပေါ်တာနဲ့ ဗေဒင်ယတြာ အရမ်းဝါသနာကြီးသူ တယောက်အိမ်ကို ရောက်ခဲ့ပါတယ် …. ။ ရှေးယခင်မြန်မာများ ပြောဖူးကြတာ ကြားဖူးပါတယ် မွေးရာပါ ဝမ်းတွင်းစုန်းပညာဆိုတာမျိုးလေ …. ။ အထူးတလည် သင်ယူထားခြင်းမရှိပါသော်လည်း အမေဝမ်းထဲမှာ နေစဉ်ကတည်းက တတ်လာခဲ့တာမျိုးလိုလေ… ယုံတော့မယံပေမဲ့ … အတင်းတော့ မပြောရဲပါဘူး ။ တော်ကြာ ထမိန်ခြုံလိုက်လျှင် စုန်းဖြစ်တယ်ဆိုတော့ ….. ဟုတ်မဟုတ်မသိပေမဲ့ ကြောက်တာပေါ့ … ။ ဒါနဲ့ပဲ … မှော်ဆန်ဆန်ဇာတ်လမ်းတွေ ပြောတတ်၊လုပ်တတ်တဲ့ အိမ်ရောက်တော့ ဝါသနာအတိုင်း စပ်စုတော့တယ်… ဘုရားစင်အောက်က အမွှေးတိုင်ကိုတွေ့တာနဲ့ … တမူထူးခြားနေပါတယ်… သာမန်အမွေးတိုင်မဟုတ်ပဲ သိုးမွှေးကြိုးလေးတောင်ပတ်လို့ … အရောင်လေးကလည်း ယောကီရောင်ဆိုတော့ … တခုခုတော့ တခုခုပဲလို့ တွေးရင်း ကြောက်လာပါတယ်…. ။ လာရင်းကိစ္စလေး အပြီးပြတ် အောင် ပြောစရာရှိတာပြောပြီး တချိုးထဲ လစ်လာခဲ့တယ်… စိတ်ထဲမှာတော့ မသိုးမသန့်ပေါ့နော် … ။ ဘုရားပူစော်တဲ့ အမွှေးတိုင်တောင်ဗေဒင်၊ ယတြာနဲကလုပ်တယ်လို့ စိတ်ထဲ အပြစ်တင်မိရင်း …. ရက်အနည်းငယ်ကြာတဲ့ အထိ အဲ့ဒီအကြောင်းတွေးမိနေပါတော့တယ်… ။
တရက်တော့ ညဘက်ရောင်းတဲ့ မုန့်ဟင်းခါးဆိုင် ထိုင်မိတဲ့ အခါ … အမွှေးတိုင်လေးထွန်းထားတာ တွေ့မိပါတယ်… သူကတော့ အမွှေးတိုင်လေးဆိုပေမဲ့ သူကလည်း သိုးမွှေးကြိုးလေးနဲ့ပါ အရောင်သာ ကွဲတာပါ… အဝါကြိုးစနဲ ့မို့ တရုတ်ဘုန်းကြီးသင်္ကန်းရောင်ပေါက်နေပါတယ် … ။ ကျွန်မလည်း သိချင်စိတ်ကို ထိန်းမရတာကြောင့် ဆိုင်ရှင်ကို အဲ့ဒါဘာလုပ်တဲ့ ယတြာလည်း မေးကြည့်တော့ … အမွှေးတိုင်ထွန်းတာပါတဲ့လေ…သူပြောမှလား ကျွန်မသိတာပေါ့ အမွှေးတိုင်ထွန်းတာကတော့ … ။ စိတ်ကလည်း နည်းနည်းရှည်ပြီး ဘာလို့ အဲ့ဒီအမွှေးတိုင်ထွန်းတာလဲ ရောင်းကောင်းအောင်လား မေးတော့ … မဟုတ်ပါဘူးတဲ့ … ကားကြီးနဲ့ လှည့်အလှူခံတဲ့ ဘုရားတွေ ကြွလာလျှင် အလှူငွေထည့်တဲ့အခါ ပြန်ပေးတဲ့ အမွှေးတိုင်ပါတဲ့ … ။ ဘာလို့ သိုးမွှေးချည်လေးတွေ ကပ်နေလဲတော့ သူလည်း မသိပါဘူးတဲ့လေ… ။ ဒီတော့မှ အရမ်းကို စပ်စုချင်တဲ့ စိတ်နဲက စိတ်ဝင်တစား သိချင်နေတဲ့ အရာက ဘာမှ အရေးမကြီးတဲ့ အရာပါလားသိတော့တယ်… ။ ကိုယ့်အဖြစ်ကိုယ် ရယ်လည်း ရယ်ချင်ပါရဲ့ …. အဓိပါ္ပယ်မရှိတဲ့ စပ်စုမှုက မိုက်မဲရာကျပေမဲ့လည်း ဝါသနာမို့ ဖျောက်ပစ်လိုက်ဖို့တော့ မလွယ်တော့ပါဘူးလေ ။ ။
7 comments
နွယ်ပင်
June 30, 2011 at 10:24 am
စူးစမ်းချင်တဲ့ စိတ်ရှိတာက ကောင်းပါတယ် etone ရယ်
အမှန်က ခုလိုစပ်စပ်စုစုလေး လုပ်ထားတော့ ကိုယ်မသိတာ ဘာမှမရှိတော့ဘူးပေါ့
တစ်ခါတစ်လေသာ ဒီလို ဘာမှ အရေးမကြီးတဲ့ ကိစ္စမျိုးဆိုလဲ ကိုယ်လိုစူးစမ်းချင်တဲ့ သူနဲ့တွေရင်
ဆရာကြီးလုပ်ပြီး ရှင်းပြနိုင်တာပေါ့ 🙂
pan pan
June 30, 2011 at 10:31 am
သိုးမွှေးချည်လေးတွေ ကပ်နေတဲ့ အမွှေးတိုင်ဆိုတာကရော
ဘယ်သူထွင်လိုက်တာလဲမသိဘူးနော် 😀
ဆူး
June 30, 2011 at 10:35 am
မရှိခိုးနိး မလှစုန်းရိုး တဲ့..
သင်တန်းရှိတယ် သွားတက်ပါလား.. တရုတ်ကားတွေ ထဲကလို လေထဲမှာ ပျံဝဲပြီး တဝီးဝီးနဲ့ သင်တန်းသား အချင်းချင်း အစွမ်းတွေ ပြပေါ့.. ဟိဟိ..
Yan Shin
June 30, 2011 at 10:55 am
တခါတစ်ရံမှာ ကို်ယ့်ရဲ့ ကြောက်စိတ်က ကိုယ့်ကို ပြန်လှန့်ပြီး
ထင်ယောင်မြင်မှားနဲ့
သရဲရှိတတ်တယ်ဆိုတာ ဒါမျိုးလား။
naywoonni
June 30, 2011 at 12:14 pm
http://shweaeimsi.multiply.com/journal/item/41
အဲဒါလေး ဖတ်ကြည့်ကြပါဦး… အမွှေးတိုင်ဆိုလို့ ရွာထဲက လူတွေ အပြင်စာမဖတ်ဘူးနော်…။ ပို့စ်တွေ ကွန်မန်းတွေ ကြည့်ရုံနဲ့သိသာတယ်…။ တစ်ယောက်ထဲနှစ်ယောက်ထဲကိုကွက်ပြောတာမဟုတ်ပါဘူး ..။အတော်များများ ကိုယ်နဲ့ဆိုင်တာလောက်ပဲ ဖတ်နေကြပုံရတယ်..။
စုံ စုံ
July 1, 2011 at 9:36 am
ကိုနေဝင်းနီပေးတဲ့လင့်ကိုဖတ်လိုက်ရတယ်
သူပြောတာလဲဟုတ်တာဘဲလေ
ကျမတို့အိမ်မှာတော့ဘုရားကိုအမွှေးတိုင်မီးနဲ့
မပူဇော်တာတော်တော်ကိုကြာပါပြီ
ဘာလို့ဆိုတော့အနံမွှေးတာမမွှေးတာအပြင်
အဲ့ဒိအမွှေးတိုင်ကကျလာတဲ့ပြာတွေကြောင့်
ဘုရားကျောင်းဆောင်ကတော့တော်တော်ကိုညစ်ပတ်တာဘဲ
ကိုယ်တွေတောင်သန့်သန့်ရှင်းရှင်းနေချင်သေးတာဘဲ
ဘုရားကျောင်းဆောင်ဆိုရင်ပိုပြီးသန့်ရှင်းအောင်ထားရမယ်လေဆိုပြီးတော့
မပူဇော်ဖြစ်တော့တာပါ
ကိုပေါက်(မန္တလေး)
July 1, 2011 at 3:22 pm
ကိုနေရေ
အပြင်ကစာမပြောနဲ့ရွာထဲကစာတောင်စုံအောင်မဖတ်ဖြစ်ဘူး။
အဓိက ကတော့ အချိန်မရတာပါ။