ကွမ်းပို ့စ်
“ မလှူတတ် ဈေးရောင်း ” တဲ့ ။ ဒီစကားလေး ဟာ ဈေးသည်လောက မှာ တော်တော် သုံးကြတဲ့ စကားလေးပါ ။ ငယ်စဉ်က လူကြီးသူမ များ ပြောစကားတွေ ထဲ မှာ ဒီစကားလေး ပါလာပြီ ုဆိုရင် ပိုက်ဆံ လိုချင် လို ့မှ ဈေးရောင်းပါတယ် ဆိုမှ ။ လှူတာနဲ ့ဘာဆိုင်လို ့လဲ ပေါ့ ။ ကြီးတော့ ကိုယ်တိုင် ဈေးသည် ဘဝ ရောက်မှ ကောင်းကောင်းကြီး နားလည် သဘောပေါက် တော့တယ် ။ မကြာခဏ ဆိုသလို ဈေးမှားရောင်းမိတယ် ။ မှားတယ် ဆိုတာကလည်း ကိုယ့်ဘက် နစ်နာတဲ့ အမှားတွေ ချည်းပဲ ။ ဥပမာ ၁၀ဝ ကျပ်နဲ ့ရောင်းရမယ့် ပစ္စည်းမျိုး ကို ၇ဝ ကျပ် နဲ ့မှားရောင်းလိုက်တာမျိုး ။ ၅ဝ ကျပ် အရင်းရှိတဲ့ ပစ္စည်းမျိုး ကို ၁၀ဝ ကျပ်နဲ ့ရောင်းရမယ့် အစား ၇ဝ ကျပ် နဲ ့ရောင်းလိုက်မိတာမျိုး က ၂ဝ ကျပ်တော့ မြတ်ပါသေးတယ် ဆိုပြီး ဖြေသာနိုင်ပေမယ့် ၊ ၁၅ဝ ကျပ် အရင်းရှိတဲ့ ပစ္စည်းမျိုး ကို ၁၀ဝ ကျပ်နဲ ့မှားရောင်းမိခဲ့ရင်တော့
“ ဪ….အလှူ လုပ်တယ် လို ့ပဲ သဘောထားလိုက်ပါတော့မယ်လေ ” လို ့စိတ်နှလုံးသွင်းရတယ် ။ ငွေရင်းထဲမှ ဆုံးရှုံးသွားသော်လည်း ကုသိုလ်ဖြစ်ကျန်ခဲ့အောင် ဈေးသည်ပီပီ ကိုယ့်အတွက် ရသလောက် ပြန်ဆယ်တဲ့ သဘော ။
ဈေးသည် နဲ ့ဈေးဝယ် ဇါတ်လမ်းပေါင်း သောင်းခြောက်ထောင်မကပေါ့ ။ ဈေးသည် က ဈေးဝယ် ကို နှပ်တဲ့ အဖြစ် ၊ ဈေးဝယ် က ဈေးသည် ကို တင်စီး ညွန် ့တဲ့ အဖြစ် စသဖြင့် ကြားဖူး ကြုံ ဖူးကြမှာပါ ။ တစ်ကယ်တမ်းကြ လူတိုင်း ဟာ ကိုယ် ကိုယ်တိုင် ဈေးသည် ဖြစ်လိုက် ၊ ဈေးဝယ် ဖြစ်လိုက် နဲ ့သံသရာ လည်နေတာ ကို တော့ သတိမထားမိကြသူ တော်တော် များမှာပါ ။
ဥပမာ ဆိုရမယ် ဆိုရင်
ဝန်ထမ်း တစ်ဦး ဖြစ်သော ကိုဘမောင် သည် လခ ထုတ်လာသဖြင့် ဈေးဝယ်ထွက်လာသည် ။ ကိုဘမောင် လိုချင်သော ပစ္စည်းတစ်ခု ကို တွေ ့သောအခါ ကိုဘမောင် သည် မတန်တဆ ဈေးဆစ်လေတော့သည် ။ ဈေးသည် က ဆိုထားသည့် ဈေးမှာ ဈေးမှန် ၊ ပစ္စည်းမှာလည်း စစ်မှန်နေသည့်တိုင် ဇွတ်ဆစ်သည် ။ နောက်ဆုံး ဈေးသည် က အလိမ္မာနည်း နှင့် မရောင်းတော့ပါဘူး (မဖွယ်ရာ ဆက်မဖြစ်အောင်) ဟု ဆိုလာသည့် တိုင်အောင် ကိုဘမောင် ထပ်ဆစ်သည် ။ နောက်ဆုံး မရသောအခါ ကိုဘမောင် ပြောသည်မှာ
“ မင်းတို ့လို ရောင်းနေတဲ့ သူတွေ အများကြီး ။ တစ်ခြားမှာ သွားဝယ်မယ် ”
အမှန်တစ်ကယ် ကိုဘမောင် မေ့နေသည် မှာ သူကိုယ်တိုင် သူ၏ လုပ်အား ကို အချိန်ဖြင့် ရောင်းစားနေသော လုပ်အား ရောင်းစားနေသူ တစ်ဦး ဆိုတာပါ ။ မနက် ၉ နာရီ မှ ညနေ ၅ နာရီ ၊ နေ ့လည် ထမင်းစားနားချိန် ၁ နာရီ နှုတ်သော် တစ်ရက် ရ နာရီ ၊ တစ်ပတ် ၄၉ နာရီ ၊ တစ်လ ၁၄၇ဝ နာရီ အချိန်တို ့ကို လစာ ကျပ်ဖြင့် ယူပြီး လုပ်အား ကို ရောင်းစားနေသည် မဟုတ်ပါလော ။ ကိုဘမောင် အလုပ်ခွင်တွင် ပြောပါလိမ့်မည် ။ “ သူဌေး က ပေးတာက နဲနဲ ၊ ခိုင်းတာက များများ ” ဟု ညည်းပြ ပါလိမ့်မည် ။ ကဲ…သံသရာ လည် နေခြင်း မဟုတ်ပါလော ။ ဆိုရရင်တော့ ဗျာ ။ ဘယ်နေရာ မဆို ကိုယ်ချင်းစာစိတ် လေး ထားရှိသင့်တယ် လို ့မြင်မိတယ်ဗျာ ။ ဘာလုပ်လုပ် ကိုယ် ကိုယ်တိုင် ကိုယ်ချင်းစာစိတ်လေးနဲ ့ပြုမူ ပြောဆို ဆောင်ရွက် ခဲ့မယ် ဆိုရင် ကိုယ့်ပေါ ်မှာလဲ ကိုယ်ချင်းစာပေးမယ့် သူတွေ ပြန်ရှိလာမှာ မလွဲဧကန် မဟုတ်ပါပေလား ။
စကားချပ် ။ ။ မနက်စောစော ၊ မောင်ပေ တစ်ယောက် ဈေးဆိုင်လေး ကို ဖွင့် ၊ ဘုရား ကပ်လှူထားတဲ့ ပန်း ကို စွန် ့၊ သောက်တော်ရေ စွန် ့။ ဘုရားပန်း အသစ်ကပ်လှူ ပြီး ဆိုင် သန် ့ရှင်းရေး လုပ် ၊ ဈေးဝယ်ထိုင်မျှော် ၊ ဟော…ဦးဦးဖျားဖျား ဈေးဦးပေါက် အားပေးမယ့် ဈေးဝယ် ၂ ယောက် လာပါပြီ ။ ဈေးသည် တို ့၏ နဂို ဗီဇ အတိုင်း ချိုချိုသာသာ နဲ ့ရောင်းဈေး လေး ပြောပြ တာပေါ့ ၊ ၃၀ဝ ကျပ် ဆိုပါတော့ ဗျာ ၊ ဈေးဦးပေါက် ကြီး မိုလို ့ဈေးအရောင်းအဝယ် တည့်အောင် ခါတိုင်း ၃၃ဝကျပ် ရောင်း တဲ့ ပစ္စည်း ကို ရာလိုက်ဈေး ၃၀ဝ ကျပ် ဖြင့် ရောင်းပေးမယ်ပေါ့ ၊ ကိုရွှေဈေးဝယ် က ခပ်မာမာ ခပ်တင်းတင်း နဲ ့၂၀ဝ ကျပ် ပေးမယ်တဲ့ ၊ ၈ ခု ပေးပါတဲ့ ။ မရပါဘူး ခင်ဗျာ…… လို ့ယဉ်ယဉ်ကျေးကျေး လေး ငြင်းလိုက်တော့ ၊ ကိုယ့်လူတွေ က ပစ္စည်း ကို ခိုးရာပါ ပစ္စည်းကြည့်သလို သေချာ ပြူးပြဲ ကြည့်တယ် ။ ဒီ့နောက် ထပ်ပြောလာတယ် ။ ၂၀ဝ တော့ လုပ်လိုက်တဲ့ ။ မရပါဘူး ဟု ထပ်ပြောတော့ ၊
“ အေး… ၂၀ဝ မရလဲ ရေသောက်ပြန်တာပေါ့ကွာ ” ဆိုပြီး မောင်ပေ့ ဆိုင်ရှိ သန် ့သန် ့ရှင်းရှင်း ဆေးကြောတိုက်ချွတ် ရေဖြည့် ထားတဲ့ ရေအိုးစင်လေးကနေ ရေအဝ ခပ်သောက်ပြီး လစ်သွား ကြပါလေ ရော ။ မောင်ပေ လည်း ဒေါသဖြစ်ရမှာလိုလို ၊ ရေအကျိုး၁ဝပါးပဲ ယူရမှာလိုလို နဲ ့မင်္ဂလာရှိတဲ့ မနက်ခင်းလေး မှာ ဈေးဦး ချိုးခံ လိုက်ရတဲ့ ဈေးသည် တစ်ဦး ဘဝ ကို ပဲ ရင်နာရမှာလိုလို နဲ ့ ။ အခု တင်ဆက်လိုက်တဲ့ ကွမ်းပို ့စ်လေး ကို ပဲ အပြေးလေး လာပြီး တိုက်ပင်းလေး ရိုက် တင် လိုက်ရပါကြောင်း ။
ကျေးဇူးတင်ပါသည် ။
6 comments
ဆူး
July 3, 2011 at 3:04 pm
မြန်မာတွေ ရဲ့ ဈေးဦးပေါက် ဈေးဦးမလှန်ကောင်းဘူး ဈေးဦးအချိုးခံရတယ် စသဖြင့် အယူအဆတွေ.. နောက်တော့..ဈေးဦးပေါက် ရောင်းရငွေနဲ့ တဆိုင်လုံးမှာ ရှိတဲ့ ပစ္စည်းတွေ လိုက်ပုတ်တာ.. အဆင်အဆက် လက်ဆင့်ကမ်းလာကြတယ် ဘယ်သူက စပြီး သယ်လာတဲ့ အယူဝါဒတွေလည်း မသိဘူး။ အယူသီးမှု တခုလို့သာ မြင်မိပါတယ်။
xman
July 3, 2011 at 4:39 pm
ဈေးဦးပေါက်/ ဈေးဦးမလှန်ကောင်းဘူး စတဲ့အယူအဆမျိုးက လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းက တရုတ်တွေရဲ့ စာပေ ပုံပြင်တွေမှာ တွေ့ရတယ်လို့ ကြားဘူးပါတယ်။
သော်တာဆွေရေးတဲ့ ဝတ္ထုတပုဒ်ထဲမှာတော့ တရုတ်ဆိုင်ကို ဆိုင်ဖွင့်ကာစမှာသွားပြီး ဈေးဦးမလှန်ချင်တာကိုသိလို့ မဖြစ်နိုင်တဲ့ဈေးမျိုးဆစ်ပြီး ဝယ်နိုင်ခဲ့တဲ့အကြောင်း ဖတ်ဘူးတယ်။
ဈေးဦးဆိုတာကတော့ အလုပ်တခု စ စ ချင်း အဆင်ပြေ ချောမွေ့စေလိုတဲ့သဘောမျိုးပါပဲ။
ဈေးဦးပေါက်ပိုက်ဆံနဲ့လိုက်ရိုက်တာကတော့ ဒီနိုင်ငံမှာပဲရှိမယ်ထင်တယ်။ ဓါတ်ကူးတာ သိဒ္ဓိတင်တာမျိုးနဲ့ ဆင်တယ်။ နတ်တွေ ဘိုးတော်တွေ ကိုးကွယ်ရာက ရတဲ့အကျင့်များလားမသိ …?
bigcat
July 4, 2011 at 4:03 am
များသောအားဖြင့် ဝယ်သူအမြင်ပဲ တွေ့ရတာများတော့ ရောင်းသူအမြင်ကိုလည်း ဖတ်ရလို့ ဝမ်းသာမိပါတယ်။
pan pan
July 4, 2011 at 4:19 am
ရောင်းသူဝယ်သူ အသံတူမှ အလုပ်ဖြစ်မှာလေ
ရောင်းသူကလည်း ဝယ်သူကဘယ်လိုကြောင့်လို့ပြော…
ဝယ်သူတွေကလည်း ဈေးသည်တွေက ဘာညာနဲ့…
ကိုယ့်အတွက်အဆင်မပြေရင် သူ့အပြစ်ပဲပေ့ါ
moethidasoe
July 4, 2011 at 10:12 am
ဆေးရုံမှာတော့ လူနာများမှာမို့လို့ ကုတင် စားပွဲတွေကို မပုတ်ရဘူးတဲ့ ..
ဆေးခန်းမှာ ဘာလုပ်ကြသလဲတော့ မသိ ..
ဈေးသည်တွေ ဗန်း ပုတ်ကြတာ အစဉ်အလာဖြစ်နေတယ် ..
ဘဲဥ တင်ထားတာတို့ .. သကြားလုံးတင်ထားတာတို့လဲ မှတ်သားဖူးတယ် ..
တစ်ခါက ဆေးခန်းတစ်ခန်းမှာ ဇီးကွက်မောင်နှံ တင်ထားတာတွေ့လို့ သူငယ်ချင်းဆရာဝန်ကို မလုပ်သင့်တဲ့ အကြောင်း ပြောခဲ့ဖူးတယ် ..
တစ်ချို့ဆေးခန်းကြီးတွေမှာ လာဒ်ခေါ်လက်လှုပ်နေတဲ့ ကြောင်ရုပ် တင်ထားတာ တွေ့ဖူးတယ် ..
ဆူး
July 4, 2011 at 11:21 am
ဘဲဥ သကြားလုံး ဆိုတာ မနှဲလေး လား..