မျက်ဖြေ အဆက်
ငွေထုတ် ယူရန် သေတ္တာကို ဖွင့်ကြည့်ပြီး ဘာမှ မတွေ ့ရသော ဆိုးပေ သည် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပြီး ကပ္ပိယ ကြီး ရှိရာ ဆွမ်းစား ဆောင် ဘက် သို ့ဒုန်းစိုင်းပြေးသွားသည် ။
“ အဘ ရေ…..အဘ ”
“ ဘာဖြစ်ရပြန်တာလဲ……ရေးကြီးသုတ်ပြာ နဲ ့ ”
“ ကျွန်တော့် သေတ္တာထဲ မှာ ထည့်ထားတဲ့ ငွေထုတ် မရှိတော့ဘူး ဗျ ….. အဘ ရဲ ့…. ဟီးလုပ်ပါဦး ..။ အဘရဲ ့… ”
ကပ္ပိယ ကြီး လည်း ဆိုးပေ နှင့်အတူ ဇရပ်ပေါ ်သို ့လိုက်သွားပြီး ကြည့်သည် ။ တစ်ကယ်ကို ဆိုးပေ သေတ္တာသည် ဗလာနတ္ထိ ။ ကပ္ပိယ ကြီး လည်း စိတ်မကောင်း ဖြစ်သွားပြီး
“ လာကွာ ၊ ရပ်ကွက်ရုံး သွား အကြောင်းကြား ကြတာပေါ့ ၊ ရဲစခန်း ပါ သွားကြမယ် ”
သက်ဆိုင်ရာရုံးများ ဆီသို ့သွားတိုင်ကြားခဲ့ပြီး အပြန်လမ်း တစ်လျှောက် ဆိုးပေ တစ်ယောက် စကား ကို မပြောနိုင် ၊ မှိုင်တိုင်တိုင် ခေါင်းငိုက်စိုက်ချကာ ဘုန်းကြီးကျောင်းသို ့ပြန်လာခဲ့ကြသည် ။
“ ပစ္စည်းသင်္ခ ါရ ပါ ကွယ် ။ စိတ်ထိခိုက် ခံ မနေပါနဲ ့တော့ လူလေး ရယ် ။ ကံကောင်းရင် ပြန်ရလိမ့်မယ် ”
“ မဟုတ်ပါဘူး အဘ ရယ် ၊ ကျုပ်လို ငမွဲ တစ်ကောင် ရဲ ့ငွေ ကို မှ ခိုးရက်ကြတာ ကို ရင်နာ မိလို ့ပါဗျာ ၊ ကျုပ် ဒီပိုက်ဆံ လေး နဲ ့ရာသီပေါ ်သစ်သီးလေး တွေ ဝယ်ပြီး လိုက်ရောင်းမလို ့စီစဉ်ထားတာ ဗျ ….၊ အခုတော့ ဗျာ………….တောက် ”
ကပ္ပိယ ကြီး သည် ထန်းလျက်ခဲ နှင့် ရေနွေးခွက် ကို ဆိုးပေ ရှေ ့ချပေးလိုက်ပြီး
“ ကဲပါလေ တစ်မျိုးတစ်ဖုံ ပြန်ကြိုးစားလို ့ရပါတယ် လူလေး ရယ် ၊ ရော့ ဒါလေး စားလိုက် ၊ စိတ် ငြိမ် သွားအောင် ၊ လူလေး စိတ်အရမ်းလှုပ်ရှားနေတယ် ။ ဘာဆက်လုပ် ရမယ် ဆိုတာ .. အဘ လည်း ကူ စဉ်းစားပေးပါ့မယ် ”
နောက်နေ ့…။ ကျောင်းရှိ ဝေယျာဝစ္စ များ ကို လုပ်ကိုင်ပေးပြီး ဆိုးပေ မြို ့ထဲ သို ့ထွက်လာခဲ့သည် ။ တွေ ့သမျှ မြင်သမျှ များ ကို သေချာ လိုက်ကြည့်နေရင်း စားသောက်ဆိုင် ကြီး တစ်ဆိုင်ရှေ ့အရောက်တွင် “ ဝိတ်တာ ၃ ဦး အလိုရှိသည် ” ဟူသော ဆိုင်းဘုတ် ကို တွေ ့လိုက်ရလေသည် ။ သို ့နှင့် ဆိုးပေ လည်း ဆိုင်တွင်းသို ့ဝင် ကာ အလုပ် လုပ်ချင်လို ့ပါ ဟု ပြောလိုက်သည် ။ မန်နေဂျာ က ဆိုင်မှာပင် နေရမည် ။ ထမင်းကျွေးမည် ။ စဝင်ဝင်ချင်း ၇၀၀ဝ ကျပ် ရမည် ။ ကိုယ် တော်ရင် တော်သလို ဆိုင်သို ့လာရောက် စားသုံးသူ များထံ မှ တစ်မန်းနီး ခေါ ် ဘောက်ဆူး မုန် ့ဘိုး အနည်းငယ် ရမည် ။ ဝိတ်တာ ဝတ်စုံ ၂ စုံ ပေးမည် ။ နားချိန်တော့ နည်းသည် ။ လုပ်မည် လား ဟု မေးရာ ဆိုးပေ လည်း ခေါင်းငြိမ့် ရင်း ဝိတ်တာ သစ်တစ်ဦး ဖြစ်သွားသည် ။ သို ့နှင့် ဘုန်းကြီး ကျောင်း သို ့ပြန်ကာ အဝတ်ထုတ်လေးကို ယူရင်း ဘကြီး နှင့် ဘုန်းဘုန်း တို ့ကို ကန်တော့ နှုတ်ဆက် ခဲ့လေသည် ။
ဝိတ်တာ သစ် တစ်ဦး ဖြစ်သည့် အတွက် ဆိုင်ရှိ ဝိတ်တာ ဟောင်း များ က မည်သို ့မည်ပုံ ပြောဆို လုပ်ကိုင် ဆက်ဆံ ရမည် ကို သင်ကြားပေးကြသဖြင့် သေချာစွာ မှတ်သားရသည် ။ ဆိုးပေ လုပ်ကိုင်သော စားသောက်ဆိုင် မှာ စည်ဘီယာ ၊ အရက်မျိုးစုံ ၊ အသားကင် မျိုးစုံ နှင့် တရုတ်ဟင်း အကြော်အလှော် ရောင်းချသော ဆိုင်ကြီး ဖြစ်သည် ။ ဝိတ်တာ ၁ဝ ဦးခန် ့ရှိပြီး စာရေးမ ၃ ယောက် နှင့် စည်ဘီယာ ပန် ့ကိုင် ၁ ယောက် ဘားခန်း ၁ ယောက် မန်နေဂျာ တစ်ယောက် ရှိသည် ။ သူဌေးက တစ်ရက် တစ်ခါ ငွေလာကောက်သည် ။ စအလုပ် ဆင်းသည့် ညတွင် ပင် ဆိုးပေ တစ်ယောက် အဖွင့်ကောင်းခဲ့သည် ။ ရိုးသားပြီး အူတူတူ အတတ နိုင်သည့် ဆိုးပေ ပုံစံ ကို သဘောကျ ကြသော စားသောက်သူ များထံ မှ ဘောနက်စ် မန်းနီး ၁၀၀ဝ ကျပ် ခန် ့ရလိုက်သဖြင့် ဝိတ်တာ ဘဝ ကို ဆိုးပေ ပျော်သွားသည် ။
“ အင်း ဒီလို မျိုးသာ နေ ့တိုင်း ၁၀၀ဝ မုန် ့ဘိုး ရရင် တစ်လဆို ၃၀၀၀ဝ ၊ လခ နဲ ့ဆို ၃၇၀၀ဝ ။ တစ်နှစ် လောက် ဆိုရင် ငါ အခိုးခံ ရတဲ့ ငွေ ပြန်ရမှာပဲ ” ဆိုးပေ တစ်ယောက် ကိုယ့်တွက်ကိန်း နှင့် ကိုယ် ပြုံးပြုံး ပြုံးပြုံး ဖြစ်နေသည် ။ စိတ်ကူးတွေ ယဉ်နေသော ဆိုးပေ ကို မန်နေဂျာ က ခေါ ်ပြောသည် ။
“ ငါ့ကောင် နေ ့တိုင်း ရပါစေ ဆုတောင်း တာ က တော့ ဟုတ်ပါပြီ ။ နေ ့တိုင်း ရဖို ့ကတော့ မလွယ်ဘူး ကွ ။ တို ့ဆီကို လာစားသောက်ကြတဲ့ သူတွေ ဟာ ပျော်လို ့စိတ်ညစ် လို ့ စတဲ့ အမျိုးမျိုးပေါ့ကွာ ။ ဒါပေမယ့် မင်း က တော့ ကံကောင်းပါတယ် ။ ကြိုးစားကွာ ။ မင်း အသောက်အစား တော့ မရှိဘူး မလား ”
“ ဟုတ်ကဲ့ ၊ ကျွန်တော် ကွမ်း၊ဆေးလိပ် ၊ အရက် ဘာမှ မလုပ်ပါဘူး ခင်ဗျာ ”
“ အေးကွာ ၊ ကြိုးစား….ကြိုးစား ၊ တစ်ခုခု အကြောင်းရှိရင်လည်း ငါ့ ကို လာပြောလိုက် ”
သို ့နှင့် ဆိုးပေ တစ်ယောက် ဝိတ်တာ ဘဝ တွင် ကျင်လည် ခဲ့သည် ။ သီတင်းကျွတ် ကာလ သို ့ရောက်လာသည် ။ ဆိုးပေ တို ့ဆိုင် သည်လည်း စားသောက်သူများ ဖြင့် အမြဲလို စည်ကား နေသည် ။ ကောင်တာ မှ စာရေးမ ၃ ယောက်သည် အမြဲလို ဝတ်စားပြင်ဆင် ထားကြသည် ။ ဆိုင်သို ့လာရောက် သောက်သုံးသူ အမျိုးသား များကို ကောင်တာ မှ တစ်ချက်ချက် လှမ်းလှမ်းကြည့် ကြ သည် ။ ဘီယာစည် ပန် ့ကိုင် သည် ညဆိုင်ပိတ်တိုင်း ပန် ့ထဲ တွင် လက်ကျန် ဘီယာများ ဖြင့် ဝိတ်တာ များကို ဧည့်ခံသည် ။ မန်နေဂျာ က တော့ စာရေးမ ၃ ယောက်နား တွင် အားတိုင်း ပလူးပလဲ လာလုပ်သည် ။ ဆိုးပေ ကတော့ ခပ်ရိုးရိုး ခပ်အအ ပုံစံ ဖြင့် လျှင်မြန်သွက်လက် ၊ ဖင်ပေါ့သည် ဟု နာမည် ရသော ဝိတ်တာ တစ်ယောက် ။
ဆိုးပေ တို ့ဆိုင်၏ ထုံးစံ အရ ဝိတ်တာ များ က ကိုယ့်စားပွဲ ဝိုင်း ကိုယ် စောင့်ကြပ် တာဝန်ယူ ကြရသည် ။ တစ်ည တွင် ဖြစ်သည် အချိန်ကား ဆိုင်သိမ်း ကာနီး ။ ဘောနက်စ် နေ ့တွက်မကိုက်သဖြင့် ဆိုးပေ တစ်ယောက် သူ တာဝန်ယူရသော ဝိုင်းမှ စားသောက်သူ များ ကို အထူး ဂရုစိုက်နေချိန် ။ ဆိုင်ထဲသို ့ မမကြီး နှစ်ယောက် ရောက်လာသည် ။ အသက်အရွယ် အားဖြင့် ၄ဝ ကျော်ပြီ ဟု ထင်ရသော်လည်း ဝတ်စားထားကြသည် မှာ ၂ဝ ကျော် ဟု ထင်ရသည် ။ ဟော့ရှော ့။ ဆိုးပေ ကို လှမ်းခေါ ်သဖြင့် အပြေးလေး သွားရသည် ။
“ စည်ဘီယာ ရလား မောင်လေး ။ ရရင် ၂ ခွက် ပေးကွယ် ။ နောက်ပြီး အာလူးကြော် တစ်ပွဲ နဲ ့ရေသန် ့တစ်ဘူး ချ ပေး ”
“ ဟုတ်ကဲ့ ပါ ခင်ဗျ ” ဆိုးပေ တစ်ယောက် ဘီယာပန် ့ဆီသို ့လာရင်း ပန် ့ကိုင် ကို အံ့ဩစွာ ဖြင့် ဖောက်သည်ချသည် ။
“ မိန်းမတွေ ဘီယာ သောက်တာ မကြုံ ဖူးဘူးဗျာ ၊ ဒါ ပထမ ဆုံး ပဲ ”
“ စကားရှည်မနေ နဲ ့ ငါ့ကောင် ၊ ရော ့သေချာ သွားချ ချီ ၊ မင်း မမ နှစ်ယောက် လိုတာ သေချာ လုပ်ပေးလိုက်….ဟားဟား ”
သူမတို ့မှာကြား သည် များ ကို ချပေးပြီး လိုအပ်သည် ကို လုပ်ကိုင်ပေးရန် သူမတို ့ဝိုင်း နံဘေး နားမှာ ရို ့ရို ့ကလေး ရပ်နေသည် ။ သူမ တို ့နှစ်ယောက် ကတော့ အာလူးကြော်လေး စားလိုက် ဘီယာလေး သောက်လိုက် နဲ ့တစ်ကယ့် ယောက်ျားများ ဘီယာသောက်သလို စကားလေး တစ်ပြောပြော နဲ ့ ။ ဒုတိယ ၂ ခွက် ကို ထပ်မှာ သဖြင့် ယူချ ပေးလိုက်သည် ။ ၂ခွက်မြောက် ကို ကိုယ်စီ သောက်ပြီး သော အခါ တစ်ယောက် က စလင်းဘတ် အိတ်ထဲ မှ စီးကရက် တစ်လိပ် ထုတ်သောက်သည် ။ တစ်ယောက် က မူ ဆိုးပေ ကို သေချာ ကြည့်နေသည် ။ သို ့နှင့် ဘာများ အလိုရှိပါသလဲ ခင်ဗျာ ဟု သွားရောက်မေးတော့
“ မောင်လေး က လူချော လေး ပဲ ၊ နာမည် ဘယ်လို ခေါ ်သလဲ ၊ ဒီဆိုင် မှာ လုပ်တာ ကြာပြီလား ” ဆိုးပေ လည်း ရှက်ကိုးရှက်ကန်း နှင့် မျက်နှာ မထားတတ်အောင် ဖြစ်သွားပြီး
“ ကျွန်တော့် နာမည် က ဆိုးပေ ပါ ။ ကျွန်တော် ဒီမှာ လုပ်တာ ၃ လ ကျော်လောက် ရှိပါပြီ ၊ အမ တို ့ဘာများ လိုအပ်သေးလဲ ခင်ဗျ ”
“ ဪ….မလိုတော့ပါဘူး ကွယ် ။ တို ့၂ယောက် အတွက် ကတော့ ဒီလောက်ဆို အနေတော်ပါပဲ … ဟုတ်တယ်မလား မိသွယ် ”
“ မပွင့် က ပျော်တတ်တယ် မောင်လေး ရဲ ့ ၊ မောင်လေး ဘီလ် ယူခဲ့လိုက်တော့ ”
သို ့နှင့် ကောင်တာ က စာရေးမတွေ ဆီ ဘီလ် သွားယူသော အခါ စာရေးမ များက စပ်စုနေသေးသည် ။
“ ဆိုးပေ နင်တော့ ရှယ်ပဲ ။ ကြီးပွားရင် ငါတို ့မေ့မထားနဲ ့ဦးနော် ”
“ စာရေးမ တွေ နော် ၊ ကိုယ့် အလုပ် ကိုယ် သေချာလုပ်ကြ ၊ ဂျာကြီး နဲ ့တိုင်လိုက်လို ့ဟုတ်ပေ့ဖြစ်နေမယ် ”
ဘီလ် ကို ရိုသေစွာ ကမ်းပေး လိုက်သည် ။ သူမ တို ့ဘီလ်မှာ ၃၀၀ဝ ကျော်ကျော်လေးသာ ကျသည် ။
“ ရော့ ၄၀၀ဝ ၊ ပိုတာ ကို မောင်လေး ယူလိုက်တော့ ၊ မမ တို ့ကို လည်း မှတ်ထားဦးနော်…… ဟင်းဟင်း ”
“ ဟုတ်ကဲ့ ပါခင်ဗျာ ၊ ကျွန်တော် အမြဲတမ်း သတိရနေပါ့မယ် ၊ ရုပ်ချော သဘောကောင်းတဲ့ ဘော့စ် မမ တွေ ကို ။ ကျေးဇူးတင်ပါတယ် နော် ”
မမ ကြီး ၂ ယောက် ယိုင်တီးယိုင်တိုင် ဖြင့် ထ ကာ ဆိုင်ပြင် ဘက် ဆိုင်ကယ် စတန်းဆီ သို ့ထွက်သွားကြသည် ။ ဆိုးပေ လည်း ဘေးမှ လိုက်ပါရင်း ဆိုင်ပြင်ဘက် ဆီသို ့လိုက်ပို ့ပေးသည် ။ မိသွယ် ဆိုသော အမကြီးက ဆိုင်ကယ် ကို မောင်းသည် ။ မပွင့် က နောက်မှ ထိုင်လိုက်ကာ ဆိုးပေ ကို တာ့တာ လုပ်ပြသွားလေသည် ။
( ဆက်ရေးပါဦးမည် ။ ဝမ်းတစ်ထွာ အတွက် အလုပ် သို ့ပြန်လုပ်ရဦးမည် ဖြစ်ပါသည် ။ ကျေးဇူး တင်ပါသည် ။ )
2 comments
ဆူး
July 6, 2011 at 10:39 pm
မျက်က အခုထိ ပြေသေးဘူးလား အပိုင်းတွေက အများကြီး ရှိနေပြီ။
windtalker
July 6, 2011 at 10:48 pm
အင်း ပြီးရင် အပြီးလို ့တပ်မယ်နော်