အိပ်ရာဝင် တံခါးခေါက်သံ
ညကလည်း ဝေါဟာရနဲ့အညီ မှောင်နေသည်။ မိုးတွင်းမိုးကြောင့် ကြယ်ရောင်လည်းပျောက်၊ တဒေါက်ဒေါက် တံခါးခေါက်သံကြောင့် လှမ်းမေးလိုက်ရသည်။
” ဘယ်သူလဲ ”
ဖြေသံ မကြားရ။ ထို့ကြောင့် ထပ်မေးလိုက်သည်။
” ဘယ်သူလဲလို့ မေးနေတယ်လေ ”
ဘာသံမှ မကြားရ။ တစ်ယောက်ယောက် လာနောက်သွားတာ ဖြစ်မည်။ ခင်းလက်စ အိပ်ရာခင်းကို ထပ်ခင်းရင်း မိုးအေးအေးနဲ့ ကွေးမလို့ ဟန်ပြင်လိုက်သည်။
” ဒေါက် … ဒေါက် … ဒေါက် ”
” လာနောက်မနေနဲ့ကွာ၊ ဒီမှာ အိပ်တော့မယ် ”
တစ်ချက် လှမ်းအော်ပြောလိုက်သည်။ စောင်ကို ဆွဲခြုံရင်း မျက်လုံးမှိတ်လိုက်သည်။
10 comments
ကိုကိုလူဆိုး
July 8, 2011 at 8:59 am
ဒေါက်ဒေါက် ! ကို Anzartone တံခါးလာခေါက်သွားတယ်နော်..
အသင် … ဒီနေ့ ဘာတွေလုပ်ခဲ့သနည်း
ကောင်းတာ များသလား၊ ဆိုးတာ များသလားအသင် … 😀
bigcat
July 8, 2011 at 9:15 am
စရဖ ဒါမှမဟုတ် အက်စ်ဘီက လာသတိပေးတာ နေမှာပေါ့။ နောက်တခါလာ တံခါးမခေါက်ခင် လွတ်ရာကို ပြေးပေတော့….
pan pan
July 11, 2011 at 2:28 pm
သတိပေးရုံဆိုတော့ တော်သေးတာပေ့ါ 😛
chitpyae
July 8, 2011 at 9:36 am
တရဲကားများလားလို့ ဖတ်လိုက်ရတာ …. 🙂
နောက်ဆုံးကျတော့ သတိပေးစာ ဖြစ်နေသကိုး …. ကိုအန်စာတုံးရယ်
etone
July 8, 2011 at 10:15 am
အန်စာတုံးကို ရွာထဲက လောင်းကစားဝိုင်းရဲ့ တရားခံဆိုတဲ့ ဆွဲချက်နဲ့ ည နှစ်နာရီလောက်မှ တခါ လာခဲ့ပါဦးမယ်တဲ့ …. အခုကတော့ နိုးတစ်စ် ပို့တာပါတဲ့လေ … 😛 😛
ဆူး
July 8, 2011 at 11:05 pm
စိတ်မလုံရင် နောက်တခါ တံခါးသွားမဖွင့်နဲ့..
Anzartone
July 9, 2011 at 8:58 am
You should open the door when you forget to think about that 🙂
windtalker
July 9, 2011 at 8:48 pm
ဧည့်စာရင်း စစ်မသွားဘူးလား ဟင်
နီလေး
July 11, 2011 at 2:45 pm
တစ်ရက်ပြီးတစ်ရက် ကောင်းတာတွေကော မကောင်းတာတွေကော စုံလို့ပဲ ဦးဦးအံစာတုံးရေ သတိပေးတာဆိုတော့ တော်ရုံတန်ရုံဆိုတော့ လာသတိမပေးလောက်ဘူးထင်တယ် ဒါမှမဟုတ်လောင်းကစားချည်းပဲလုပ်နေလို့ဖြစ်မယ်
နောက်တစ်ခါဆိုတော့ ဘာဖြစ်မလဲပဲ စိတ်ဝင်စားဖို့ကောင်းသွားပြီနော် နောက်တစ်ခါထပ်ဖြစ်ရင် ပို့စ်ပြန်တင်ဦးနော် ပွိုင့်တိုးတာပေါ့
Yan Shin
July 11, 2011 at 4:03 pm
ကိုအံစာတုံးရေ
ရွှေရောင်စာရွက်ကလေးနဲ့ဆိုတော့…
ကောင်းသော သတိပေးခြင်းပါပဲ။
အကောင်းမြင်တတ်တာလည်း ကောင်းမှု့တစ်ခုပါပဲ။
အစ်ကိုတော်တစ်ယောက်ကပြောဘူးတယ်
သူရဲ့ နေ့စဉ်လူနေမှု့ဘဝမှာတဲ့
တတ်နိုင်သမျှ ကောင်းတာတွေလုပ်ဖြစ်အောင်ကျိုးစားပြီး
တတ်နိင်သမျှ မကောင်းတာတွေ မလုပ်ဖြစ်အောင်ကျိုးစားပြီး နေပါတယ်တဲ့။
(သူဟာ ပုထုစဉ်ပဲမို့ အးလုံးကောင်း အားလုံးဆိုးတော့ မဟုတ်ပါဘူးတဲ့)