Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘ ဝ အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် (အပိုင်း ၁)

True AnswerJuly 8, 20111min2682

ဘဝပြဿနာများရဲ့ ဖြေရှင်းနည်းအမှန်ကို မသိခင် ပြဿနာများအားလုံးကိုဖန်တီးပြုလုပ်နေသော တရားခံအစစ်ကို အရင်သိဖို့ လိုအပ်ပါတယ်။

ကျွန်ုပ်တို့ကို အခြေအနေတစ်ခုကို ပြဿနာအဖြစ် ထင်မြင်ကာ….ယောက်ယက်ခတ်အောင်၊ ပူပန်မှုများဖြစ်အောင်၊ စိတ်သောကရောက်အောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ကျွန်ုပ်တို့၏ သတ်မှတ်ချက်အစွဲများက ပြုလုပ်နေပါသည်။ သတ်မှတ်ချက်အစွဲများ တရစပ် ဖြစ်ပေါ်နေအောင် ပြုလုပ်နေသော အဓိကတရားခံ real Criminal မှာ ဖြစ်ပေါ် နေတဲ့ စိတ်အမျိုးမျိုး- ဝေဒနာအမျိုးမျိုး တို့အပေါ် ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက်တွေ ဟု အထင်မှားအောင် (အဝိဇ္ဇာ)စိတ်၏ ပြုလုပ်နေမှု၊ ဖန်တီးနေမှု ပဲ ဖြစ်ပါသည်။

`ငါ့ကိုယ်၊ ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက် ဟု သတ်မှတ်နေမှု၊ အဟုတ်ထင်နေမှု၊ အတည်ယူနေမှု´
ဟာ ကျွန်ုပ်တို့ အတွက် တကယ့်ကို ပြဿနာကောင်အစစ် ဖြစ်ပါသည်။

ဘယ်သူရှုံးတာလဲ

ဥပမာအနေနဲ့ ဘောလုံးပွဲတစ်ပွဲကိုကြည့်မိပြီဆိုပါစို့။ ဒီဘောလုံးတစ်ပွဲမှာ အနီအသင်းနဲ့ အပြာအသင်းကန်ကြပါတယ်။ ပွဲအပြီးမှာ အနီအသင်း ရှုံး၍ အပြာအသင်းနိုင်ပါတယ်။ ကြည့်နေတဲ့သူ ရင်ထဲ ဘယ်လို ခံစား ရပါသလဲဆိုရင် ဘယ်လိုမှ မခံစားရပါ။ ဒါပေမယ့် ကြည့်ရှုသူရဲ့စိတ်ထဲတွင် `ရှုံးနိမ့် သွားသော ဒီအနီအသင်းဟာ ငါအားပေးတဲ့အသင်းပဲ၊ ငါ့အသင်းပဲ´ ဟူ၍ ကြိုတင်ကာ သတ်မှတ်ထားမှု၊ ဖန်တီးထားမှု ဖြစ်ပေါ်ခဲ့ပါက ထိုအနီအသင်း ရှုံးလေ သောအခါတိုင်း စိတ်ဆိုးမှု၊ မကျေနပ်မှု တို့ ဖြစ်ရပေလိမ့်မည်။

နောက်ဥပမာတစ်ခုအနေနဲ့ – နိုင်ငံတစ်နိုင်ငံ၏ ဘာသာစကားကို နားမလည်သေးသူ လူမျိုးခြား တစ်ဦးဟာ ထိုနိုင်ငံကို ရောက်ခါစ -ရပ်ကွက်တစ်ခုမှာနေထိုင်ရပါသည်။ ရပ်ကွက်ထဲမှာ လူမျိုးခြားကို မလိုမုန်းထားသူ တချို့ဟာ ထိုလူမျိုးခြားကို လမ်းမှာဆုံတိုင်း မကြားတကြား (သို့) တမင်ကြား အောင် ဆဲသွားတတ်ကြပါသည်။

ဒါပေမယ့် လူမျိုးခြားဟာ စိတ်ဆိုးခြင်း၊ ပူပန်ခြင်းမရှိပါ။ အဘယ့်ကြောင့် ဆိုသော် သူဟာ ဆဲဆိုသူ တို့ရဲ့ဘာသာစကား ကိုနားမလည်တာကတစ်ကြောင်း၊ နောက်တစ်ကြောင်းက `ငါ့ကို ရည်ရွယ်၍ ဆဲဆိုနေသည်ဟု´ လည်း စိတ်ထဲမှ မသိရှိ မမှတ်ယူသေးပါ။

နောက်ကာလအတန်ကြာတော့ သူဟာ ထိုနိုင်ငံ၏ ဘာသာစကားများကို နားလည်လာပါသည်။ ဆဲဆိုသံများရဲ့ အဓိပ္ပါယ်ကိုလည်း သိရှိလာပါသည်။ ထိုအချိန်ထိ မကျေနပ်သူအချို့မှ သူ့ကို လမ်းမှာဆုံတိုင်း မကြားတကြား ဆဲတတ်ပါသေးသည်။ သို့သော် သူစိတ်မဆိုးသေးပါ။ ဘာကြောင့်လဲဆိုတော့ `ငါ့ကို ရည်ရွယ်၍ ဆဲဆိုနေသည်´ ဟု မမှတ်ယူသေး၍ ဖြစ်ပါသည်။

နောက်ပိုင်းတွင်မူ လူမျိုးခြားဟာ မိမိကို ရည်ရွယ်၍ ဆဲဆိုမှန်း သဘောပေါက်ကာ စိတ်ဆိုးမှု၊ ပူပန်မှုတို့ စတင်ဖြစ်လာပါတော့သည်။ နောက်ပိုင်းတွင် ဆဲဆိုသံ ကြားတိုင်း `ငါ့ကို စောင်း၍ ဆဲဆိုတာလား´ ဟု ထင်မှတ်ကာç စိတ်ဆိုးမှု၊ ပူပန်မှုတို့ ဖြစ်နေပါတော့သည်။

တကယ်တော့ သူ ပူပန်နေရခြင်းဟာ ဘာသာစကား နားလည်လာလို့ မဟုတ်ပါဘူး။ `ငါ့ကိုစောင်း၍ဆဲနေတာလား´လို့ ထင်တဲ့အထင် က သူ့ကို ဆဲသံကြားတိုင်း ပူပန်အောင်ပြုလုပ်လိုက်ခြင်းသာ။ တနည်းအားဖြင့် ဆဲသံဟာ `ငါနဲ့ဆိုင်တယ်၊ ငါနဲ့ပတ်သက်တယ်´ နေသလားဆိုတဲ့ အတွေးစိတ်များ ဖြစ်ပေါ်အောင် (အဝိဇ္ဇာ)စိတ်၏ ပြုလုပ်နေမှု ဖန်တီးနေမှု၊ ပြုလုပ်မှုနေများ က သူ့ကို ဆဲသံကြားတိုင်း ပူပန်စေ၊ စိတ်ဆင်းရဲစေလေတော့သည်။

သူသတ်သမားအစစ်

ဒီနေရာမှာ အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္ထုများ စာအုပ်ထဲမှ မိမိရဲ့အစွဲ မိမိရဲ့စိတ်ကြောင့် သေဆုံးသွားခဲ့ရတဲ့ တကယ့်အဖြစ်လေး တစ်ခုကို ဖော်ပြလိုပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံပြီးဖြစ်တဲ့ အကျဉ်းသားတစ်ဦးကို စိတ်ပညာရှင်တစ်စုမှ စိတ်စွမ်းအင်နှင့်ပတ်သက်၍ စမ်းသပ်မှု တစ်ခုပြုလုပ်ခဲ့ ပါတယ်။

သေဒဏ်ကျအကျဉ်းသားအား သတ်မည့်တာဝန်ခံများက လည်ပင်းအား ဓားဖြင့်လှီး၍ သေဒ ဏ်ပေးမည်ဟု ပြောထားလေသည်။ သို့သော် လည်ပင်းအား တကယ် လှီးဖြတ်၍သတ်မည် မဟုတ်ဘဲ စမ်းသပ်မှုအတွက် အကျဉ်းသား၏ စိတ်တွင် လည်ပင်းလှီး ခံရကာ သေရမည်ဟူသော စိတ်အစွဲ ဖြစ်ပေါ်အောင် ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်။

ထို့နောက် စမ်းသပ်မည့်နေ့တွင် အကျဉ်းသားအား ခြေလက်တို့ကို တုပ်နှောင်လျက် လှဲအိပ်စေပါတယ်။ မျက်စိကိုလည်း မမြင်အောင် စည်းနှောင် ထားပါတယ်။ ထို့နောက် လည်ပင်း အရေပြားနာကျင်ရုံလေး- ဓားဖြင့် ကပ်လှီးချ လိုက်ပြီး အသင့်စီစဉ်ထားသော ရေပိုက်ငယ် လေးဖြင့် သူ၏လည်ပင်း အပေါ်နား မှကပ်၍ ရေများစီးကျအောင် ပြုလုပ်ပေးလိုက်ပါတယ်။ ဓါးနှင့် လှီးပြီးနောက် လည်ပင်းတဝိုက် သွေးများ ဒလဟော စီးကျလာဟန် အကျဉ်းသား၏စိတ်တွင် ထင်မြင်လာအောင် ပြုလုပ်ပေးလိုက်ပါတယ်။

အကျဉ်းသား၏ စိတ်ဝယ် လည်ပင်းအား ဓားဖြင့်လှီး၍သွေးများ ဒလဟော စီးကျနေပြီဟု စိတ်ဝယ် ထင်မြင် စွဲယူကာ ငါတော့ဖြင့် သွေးများ အထွက်လွန်ကာ သေလေပြီဟု အသိ၊ အစွဲ ကြီးမားစွာ ဖြစ်ပေါ်လေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် အကျဉ်းသား အား စမ်းသပ်ကြည့်ရာ အကျဉ်းသားမှာ နှလုံးခုန်ရပ်ကာ တကယ်ပင် သေဆုံးနေကြောင်း တွေ့ရှိရ ပါတယ်။

တကယ်တော့ မိမိရဲ့ စိတ်-အစွဲက မိမိကိုသတ်သွားကြောင်း၊ အကျဉ်းသားခမျာ သိမသွားရှာပါ။ သုတေသနပြုသူများကတော့

စိတ်စွမ်းအင်၊ စိတ်အစွဲများနဲ့ ပတ်သက်ပြီး လေ့လာနိုင်ခဲ့ကြ ပါတယ်။

ဒါကြောင့် တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ သူ၊ ငါ့ကိုယ်၊ ငါ့စိတ်၊ ငါ့ခန္ဓာ၊ ငါ့ပစ္စည်း ဟူသော မိမိသတ်မှတ်ချက်များ၊ များဟာ ညီညွှတ်မျှတသော မှန်ကန်သည့်နားလည်မှု-သဘောထား သာမရှိပါက၊ မှန်မှန်ကန်ကန် အသုံးမချပါက မိမိတို့ ၏ စိတ်နှလုံးကို အချိန်တိုင်း ဒုက္ခပေးနေမည့် အပူသည်စစ်စစ် ရန်သူအစစ် ဖြစ်ကြောင်း ရှေးဦးစွာနားလည်ထားရပါမယ်။

ထို ပြဿနာများကို အဟုတ်ထင်-အတည်ယူကာ စိတ်ဆင်းရဲသောကရောက်အောင် ဖန်တီးနေသော ရန်သူအစစ်ကို မှန်ကန်သောနားလည်မှု-မှန်ကန်သောသဘောထားဖြင့်သာ အပြတ်ရှင်းနိုင်ပါသည်။

ထို မှန်ကန်သော နားလည်မှု – မှန်ကန်သောသဘောထား ဖြစ်ပေါ်စေရန် တဖြည်းဖြည်းလေ့ကျင့်ယူရပေမည်။
ထို မှန်ကန်သည့် နားလည်မှု – သဘောထား ဖြစ်ပေါ်စေရန် အတွက် – လေ့ကျင့်ယူရမည့် – တတ်နိုင်သမျှ မမေ့ရမည့် – နှလုံးသွင်းရမည့် အဆုံးအမ spiritual motto စာစုများကို အပိုင်းများခွဲလျှက် ဖော်ပြအပ်ပါသည်။

စိတ်ကို အဓိကထား
၁) စိတ်ဆိုတာ သုံးဖို့သက်သက်။

၂) ပြီးပြည့်စုံချင်နေတဲ့စိတ်ကိုက မပြည့်စုံတဲ့စိတ်။

၃) မျှော်လင့်ချက်ရှိနေရင် စိတ်မလွတ်လပ်ဘူး။

၄) အမျိုးမျိုး သရုပ်ဖော်တတ်တဲ့ စွမ်းရည်သတ္တိနဲ့ အမျိုးမျိုးသောသဘောကို ဆောင်တတ်တဲ့စိတ်ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိမှ
စိတ်ကိုသုံးရုံသက်သက် မှန်မှန်ကန်ကန် သုံးတတ်လာမယ်။

၅) တကယ်သုံးတတ်ရင် စိတ်လောက် သုံးလို့ ကောင်းတာ၊ အသုံးဝင်တာမရှိ။

၆) အိတ်ထဲမှာ ပိုက်ဆံရှိတာ၊ မရှိတာထက်၊
စိတ်ထဲမှာ …. ပိုက်ဆံရှိမနေဖို့ကို အဓိကထားပါ။

၇) ကိုယ်ခန္ဓာမှာ ရောဂါရှိတာ မရှိတာထက်၊
စိတ်ထဲမှာ ….ရောဂါရှိမနေဖို့ကို အဓိကထားပါ။

၈) ဘာပဲညာပဲသိတဲ့စိတ်တွေ၊ ဘာစိတ် ညာစိတ်တွေ သောကစိတ်-မကျေနပ်စိတ်တွေ ဖြစ်တာ မဖြစ်တာထက် ….
စိတ်ထဲမှာ ဘာတွေ ညာတွေ၊ ဘယ်သူ ဘယ်ဝါတွေ၊ ဘယ်အချိန်၊ ဘယ်နေရာတွေ ရှိမနေဖို့ကို အဓိကထားပါ။

၉) ပျိုတာ၊မပျိုတာ၊အိုတာ၊မအိုတာ၊ နာတာ၊မနာတာ၊ သေတာ၊မသေတာထက်
စိတ်ထဲမှာပျိုတာ၊အိုတာ၊ နာတာ၊ သေတာ ရှိမနေဖို့ကို အဓိကထားပါ။



စွမ်းရည်သတ္တိ

၁) ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းမှာ ကြောက်ဖို့မလို၊ ရဲရင့်ဖို့သာလိုတယ်။

၂) ကိုယ်လိုသူလို စွမ်းရည်သတ္တိက အတု၊ ကိုယ်လို သူလို စွမ်းရည်သတ္တိကို စွန့်လွှတ်နိုင်မှ
စွမ်းရည် သတ္တိအစစ်ဖြစ်မယ်။

၃) မလုပ်တတ်တာကို မပြတ်ပြုလုပ်နေခြင်းအားဖြင့်
လုပ်နိုင်တဲ့စွမ်းရည်သတ္တိကို တိုးမြှင့်နေရမယ်။

၄) စကားနဲ့ပြောတတ်ရုံတင်မက အလုပ်နဲ့ ပြောတတ်ဖို့ပါ လိုတယ်။

၅) အနာခံနိုင်တဲ့စွမ်းရည်သတ္တိနဲ့ အသာစံတာ ဖြစ်ဖို့လိုတယ်။

၆) စွန့်လွှတ်နိုင်တဲ့စွမ်းရည်သတ္တိနဲ့ လက်ခံအသုံးပြုတာ ဖြစ်ဖို့လိုတယ်။

၇) အဆုံးရှုံးခံနိုင်တဲ့စွမ်းရည်သတ္တိနဲ့ အရာရာတိုင်း၊ ဘဝတိုင်း၊ အချိန်တိုင်း၊ နေရာတိုင်းကို အသုံးချတာ ဖြစ်ဖို့လိုတယ်။

၈) ဘယ်လို ညာလိုဆိုတဲ့ သတ်မှတ်ချက်တွေကို အဓိကထားနေမှုကို စွန့်လွှတ်နိုင်တဲ့ စွမ်းရည် သတ္တိနဲ့ ဘယ်လိုညာလို ပြုလုပ်တာဖြစ်ဖို့လိုတယ်။

၉)အကြွင်းမဲ့(အကန့်အသတ်မဲ့) စွန့်လွှတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ အားထုတ်ခြင်း ဖြစ်ဖို့လိုတယ်။

(ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် မှန်ကန်တဲ့ နားလည်မှု သဘောထားဖြစ်ပေါ်ရေးအဓိကထားသင်ကြားပေးသော
သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၁-၂၀၁၁ အနတ္တအဆုံးအမများ ကို ကိုးကားဖော်ပြပါသည်။)

ကောင်းကင် အမိုး၊
မြေကြီး အခင်း၊
လေထု အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။

2 comments

  • နီလေး

    July 9, 2011 at 9:24 am

    လူ့စိတ်ဆိုတာကလဲ အခက်သားနော် ဒီနေ့ခေတ်ကြီးထဲမှာ လူတွေက စိတ်ကျရောဂါတွေပိုခံစားလာရတယ်တဲ့ ခုလိုစာတွေဖတ်ရတော့ ကို့စိတ်ကို ပြန်ပြန်ပြီးဆန်းစစ်လို့ရသွားတာပေါ့ အားပေးနေပါတယ် ဆက်ရေးပါ

  • bigcat

    July 9, 2011 at 9:31 am

    တချို့ကြတော့ အဲဒီ ငါဆိုတာကြီးကို တကယ်ရှိအောင် လုပ်ရမယ်၊ ဒါမှ ကြီးပွားတိုးတက်မယ် တလွဲထင်နေကြတယ်။ ရုပ်ဝါဒီသမားတွေ အဆိုးဆုံးပေါ့။ ပြောတော့ ဘုရားဘုရား လက်က ကားယားကားယားနဲ့။ ဘယ်သူလဲဆိုတာ ပြောကို မပြောချင်တော့ပါဘူး………. 😎

Leave a Reply