Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သင်္ဘောသားတစ်ယောက်ရဲ့ အတွေ့အကြုံတစ်ခု

manawphyulayJuly 9, 20112min2662

ခုတစ်လော လူတွေကို အင်တာဗျူးရတာ အတော်စိတ်ဝင်စားနေတဲ့ မနောတစ်ယောက် နေပြည်တော် ခဏလေးသွားတော့လည်း ပလောင်တွေရဲ့ ဘဝနေနည်း၊ ဘယ်အသက်မှာ လည်ပင်းကွင်းတွေစွတ်ရတာလဲ။ ဘယ်ချိန်မှာ ရပ်လဲ။ ဘယ်အသက်ပိုင်းခြားလိုက် ဘယ်လိုနေမှုထိုင်မှုတွေလုပ်သလဲနဲ့ သွားရောက်စပ်စုမိပြီးသကာလ…. နောက်ထပ် စပ်စုမိတာကတော့ သင်္ဘောပေါ်မှာ ဘယ်လိုအတွေ့အကြုံတွေနဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းနေလဲဆိုပြီး ခင်မင်ရတဲ့ သင်္ဘောသားတစ်ယောက်ကို ခုလက်ရှိအခြအနေလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။ သိရပြန်တော့ သူတို့ရဲ့ဘဝက တကယ့်ကို ပင်လယ်နဲ့ အမြဲရင်ဆိုင်နေရပြီး အသက်ကို အပ်နှံထားရပါလားလို့ ခံစားမိပါတယ်။ အရင်တုန်းကတော့ သင်္ဘောသားတွေ ကမ်းပေါ်နားပြီ ဆိုရင် ဟိုယောင်ယောင်ဒီယောင်ယောင် လျှောက်သွားနေလို့ ပြောခဲ့သေးတာပဲ။ နောက်တော့မှ သူတို့ရဲ့ဘဝကဟာ ပင်လယ်ပြင်မှာ ဘဝမျိုးစုံ ကျင်လည်ခဲ့ရတာပါလားလို့ သိလာရတယ်။ ခုလည်း မနေ့က သူတို့ရဲ့သင်္ဘောပေါ် အတွေ့အကြုံလေးကို မေးမြန်းခဲ့တာလေးကို တင်ပြလိုက်ပါတယ်။
စကားစမြည် သင်္ဘောပေါ်မှာ ဘယ်လိုနေရလဲ။ ဘယ်အပိုင်းတွေလုပ်ရလဲ။ လူဘယ်နှယောက်ရှိလဲ။ မစ္စစ္စပီမြစ်ထဲရောက်နေတဲ့အချိန် မေးမြန်းခဲ့တာလေပါ။ မနေ့တစ်နေ့ကပေါ့။
အမ နေ ့ခင်းကလို ့ပြောရမှာပဲ ကျွန်တော် duty လူစားဝင်ရတာလေ ၊ချက်ချင်းကြီး အရေးပေါ်Alarm ပေးလို့ ့ပြေးရတာ ၊ ဘယ် သူဌေးရဲ ့jetty လဲမသိပါဘူးဗျာ ပြုတ်ပြီး မျောပါလာတာ… rader မှာ ပုံစံမတိကျသော subject ပေါ်လာလို ့ ဆိုပြီး Phone နဲ ့ခေါ်တာလေ..တစ်ညလုံးဗျာ သင်္ဘောဦးမှာ ညကြည် ့ binoculor တပ်ပြီးနေရတာ… မိုးကရွာ လေကတိုက်နဲ ့ ရ ယောက်လုံး တုံနေတာပဲ။
အဲ့ဒါကြီး မှန်ဘီလူးထဲ မြင်ရပြန်တော့လဲ rescue boat ထဲ ဘယ်သူမှ ရုတ်တရက် မဝင်ကြဘူး ဘာမှန်းမသိလို ့ လန် ့နေကြတာလေ။
ကျွန်တော်လည်း ကြောက်တာပဲ ရေစီးထဲမှာ style မျိုးစုံနဲ ့လာနေတာလေ Movie ကြည် ့နေရတာမှမဟုတ်တာ..ဒီကြားထဲ coast guard က စက်နဲ ့ပြောသေးတယ် (သူတို ့လာနေပြီ ပူးတွဲလုပ်ဆောင်ပါ ….subject ကကြီးတယ် ရွေ ့လျားမှု ပုံစံမမှန်လို ့ …ဘာညာပေါ့ ဗျာ)
သတိပေးတယ် ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျွန်တော်က Team leader လေ duty အစားဝင်တာဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ Order မပေးနိုင်ရင် ခေါင်းဆောင်ပြီးမလုပ်နိုင်ရင် ကျွန်တော့ရဲ ့Majour subject မှာ ကျဖို ့သေချာပြီလို ့တွေးမိတယ်…ကြောက်စိတ်ကို ဟန်ဆောင်ပြီး rescue boat ပေါ်တက် ပြီး ခေါင်းထဲပေါ်လာတာတွေပြောလိုက်တာ ဟုတ်တော့ဟုတ်သွားတာပဲ နားလည်ကြတယ် မိန်းကလေး ၂ယောက် ..၁ ယောက်က boat ကိုရေထဲချပေးဖို ့ crane control နားကိုပြေးတယ် နောက်တစ်ယောက် က ဆက်သွယ်ရေး စကားပြောစက်ကို Bridge နဲ ့ ကယ်ဆယ်ရေးအဖွဲ ့ကြားမှာ နေပြီးဆက်သွယ်ပေးဖို ့ပြင်တယ်…boat ပေါ်မှာ ကျွန်တော်အပါအဝင် ယောင်္ကျာလေးက ၃ ယောက် မိန်းကလေးက ၂ယောက် ..သင်္ဘောပေါ်မှာ မိန်းကလေး၂ ယောက် ဆိုတော့ team ရ ယောက် …လူပြည်ပြီလေ .. order ပေးပြီး rescue boat ကို ရေထဲချခိုင်းတဲ့အချိန်မှာ Bridge wind ကနေ Search light နဲ ့မီးထိုးပေးထားတယ်၊ မာလိန်စင် က အရာရှိတွေ ရော training လာတက်တဲ ့ officer cadet တွေပါ အလုပ်ရူပ်နေ သလို သူတို့ ့ထဲက အတွေ ့အကြုံရှိတဲ့ လူကြီးလိုက်မယ် စောင့်ပါလို ့P.A.system နဲ ့ပြောတယ် …ကြားတော့ ကြားတယ် ဒါပေမယ့် rescue boat ရဲ့ engine အသံ၊မိုးသံ၊ရေလှုိုင်းသံတွေနဲ ့နားမရှင်းဘူးလေ။မလုပ်ဖူးတဲ့ဟာလုပ်ရတော့ကြောက်နေတာလဲပါတာပေါ့ဗျာ။ Line ကြိုးဖြုတ်ပြီးတာနဲ ့သင်္ဘောဘေးကခွာပြီး အမှောင်ထဲမောင်းမှ ပိုလန် ့လာတယ်။

အဲ ဒါနဲ ့ပဲ full ahead လို့ အမိန့် ့ပေးပြီးမောင်းခိုင်းပြီးသွားတာ နာရီဝက်နီးနီးမှရောက်တယ်ဗျာ သဲသဲကွဲကွဲမြင်ရမှကြည်လိုက်တော့ ဘာကြီးထင်လဲ…?
ဇိမ်ခ ံspeed boat တစ်စီးက မှောက်ခုံဖြစ်လိုက် ဒေါင်လိုက် ၊ပက်လက်၊ သူနဲ ့တွဲနေတဲ့ ဆိပ်ခံတံတားကလည်း သူကို ကိုင်ပေါက်နေသလိုလိမ့်လာနေတာ ။ ငြိမ်ပြီးမျောတဲ့အခါမျော speed boat ကိုကိုင်ပေါက်တဲ့အခါပေါက်နဲ ့လေ။ Speed boat က ပေ၃ဝ လောက် တံတားက ၂၅ပေကျော်လောက်ရှိမယ်။ဘာလုပ်ရမယ်မှန်းမသိဘူး၊သူ ့ရှေ ့ကလဲမနေရဲတာနဲ ့ဘေးကနေဦးတည်မောင်းခိုင်းပြီးကပ်ရတယ်။စဉ်းစားလို ့ရတာလဲ ဒါကြီးကို ကမ်းဘက်ဆွဲသွားဖို ့ပဲ ။နောက်လှည် ့ကြည် ့တော့ rescue boat မောင်းတဲ့ကောင်ကိုဖယ်လိုက်ရင် Leader က ကျွန်တော် နောက်လိုက်က မိန်းကလေး ၃ ယောက် …ကျွန်တော် ဗမာလို ညည်းဆဲ ဆဲမိတယ် ငိုချင်ရီချင်လဲဖြစ်သွားတယ်။ ကျွန်တော်ဆဲမိတာပြောပြမယ် ကန်တော့နော် ( နင့်မေ -ိုးတယ်မှပဲ ဒီဟာမတွေ နဲ ့ ငါကသေမှာပဲ ) လို ့လေ ။ ဒါတွေနဲ ့ ဒီလိုအချိန်မှာ မြိုင်ထ က ရမလိုပဲဗျာ စဉ်းစားကြည်ပါ ကျွန်တော့နေရာကနေပြီး ။ မထူးတော့တာမို ့ life jacket ကိုဝတ်ထားတာ သေချာအောင်စစ် ၊ခါးမှာ life line ကြိုးကိုချည်ပြီးတာနဲ ့သူတို ့ကို You all back up to me and sand the massage to the mother ship.I will try to tie the line to the jetty smallest part .If i can , you all try to reach that to the river bank. You, watch the line rope and You, watch the thing that and back up to me .And you ,detail report to mother boat .And you drive the boat up side of the thing…Do you all understand…???ခပ်တည်တည်ပဲ order ထုတ်ပေးတာ။ တစ်ယောက်မှ မခံဘူး ပြန်အော်တယ် YES SIR !! တဲ့။ Yes sir ရောင်းကြမှာပေါ့ သေရင် ကျွန်တော် အရင်သေပေါ့။ ရေစီးအထက်ဘက်လဲရောက်ရော emergency ဖြစ်လာခဲ့ရင် ကြိုးကိုဖြတ်ပြစ်ဖို ့ထပ်မှာပြီး ရေထဲ လျောဆင်းနေပြီး သရဏဂုံ တင်နေလိုက်တယ်။(ခရစ်ယာန်ဘာသာဝင်တစ်ဦးပါ)။ အောက်ကနေ ဘယ်ငါးလာဆွဲမလဲဆို ပြီလဲတွေးမိသေးတယ်။ရေကလဲ လွှတ် အေးတာတာ။diver suit ဝတတ်ထားတာတောင်အေးတာ ။။
အခြေအနေကောင်းတာနဲ တံတားရဲ ့အသေးဆုံးနေရာကိုကူးသွားတယ်။ Life jacket က ဖေါ့ပေးထားတော့ ရေမကူးတတ်လဲ အေးဆေးပဲလေ။ မှောက်စောင်းစောင်းဖြစ်နေတဲ့ speed boat က Fiber bodyဆိုတော့ မျောတာ မြန်တာပေါ့ လေးတဲ့ တံတားကနောက်မှာကျန်နေတဲ့အချိန် ဖမ်းဆွဲတာ ရေစီးကြောင်း မြောက်ပါသွားတာ ခါးကကြိုးကိုဖြုတ်ချည်ဖို ့မပြောနဲ ့ အောက်ပြန်မကျအောင် မနည်းကိုင်ထားရတယ် ။ Body weight က တံတားကို အောက်ပြန်ကျအောင်ထိ မရှိတော့ ရေ တစ်ဝက် လေတစ်ဝက်နဲ ့ ဇော်ကန်လန် ့ဖြစ်နေတာလေ။ ပြန်ခုံချရင်လဲ အရှိန်နဲ ့ တံတားအောက်ဝင်သွားရင်သေမှာလေ။ တော်တော်ကြာတော့ အောက်ကနေ ခြေထောက်ကိုခိုဆွဲချရင်း တစ်ယောက်ရောက်လာတယ် ။ သူက ကျွန်တော့ကိုခို နင်းရင်းတံတားကို ကူပြီးခိုမှ တံတားကရေထဲပြန်ကျတာနဲ ၂ယောက်သားတံတားပေါ်တက်၊ ကြိုးချည်ပြီး boat ကို အချက်ပေးပြီးကမ်းဘက်ကို ဆွဲခိုင်းရတယ်။ အစဉ်ပြေတာနဲ မင်းဘာလို ့လိုက်လာတာလည်း၊ အမိန် ့ကို နားမလည်လို့ ့လားမေးတော့ မရွှေချောက ပြန်ပြောတယ်ဗျ One will be dead,Two must be alive.Now,we are in same color တဲ့ သူ လာကူလို အစဉ်ပြေတာမို ့ဘာမှအပြစ်ပြောမနေတော့ပဲနေလိုက်တယ်။ အဲဒီအချိန်မှာ Coast guard က Speed boat တွေ diver ၄ ယောက်စီနဲ ့ရောက်လာပြီး ရေထဲဆင်းနေကြ ၊ကြိုးတွေလာချည်နေကြတယ်။ပြီးတော့ကမ်းဘက်ကိုကူဆွဲဖို ့လေ။ကျွန်တော်တို ့ Traning ship ကလည်း တစ်စီးလုံးမီးတွေထိန်နေအောင် ဖွင့်ပြီး မြစ်လည်မှာစောင့်နေတယ်။ကျွန်တော်တို ့ ၂ ယောက်လည်း အဲဒီအခြေနေရမှပဲ ယဉ်ကျေးမှုအရ နာမည်ပြောကြ မိတ်ဆက်လိုက်ကြတယ်။သူဖွက်ယူလာတဲ့ဆေးလိပ် မျှသောက်အပြီး မြစ်လယ်ရေစီးကလွတ်ကာနီးရေစီးအပြောင်းမှာပြဿနာဖြစ်တာပဲ ရေစီးအပြောင်း အလေးချိန်ရှိအောင် ကျွန်တော်တို ့၂ယောက် ဖိထိုင်ထားတဲ့ဘက်က မြောက်တက်သွားပြီးတစ်ပါတ်လိမ့်တာ ကျွန်တော်က အပေါ်ဘောင်ကိုပြန်ဖမ်းကိုင်ထားမိတော့ တံတားက ကျွန်တော့ကိုပိတာနဲ့ ့ရေအောက်ကနေ ချက်ချင်း ဆွဲထွက်လိုက်နိုင်တယ်။ သူ ့ကိုကြည် ့တော့ မတွေ ့တော့ဘူး။ Coast guard ကမီးရောင်ထဲလဲမတွေ ့၊ တံတားပေါ်ပြန်တွယ်တက်တော့မှ တံတားအောက်က life jacketက ရောင်ပြန်ကြောင့် တွေ ့တာ။ တံတားကအပေါ်ကပိနေသလို life jacket ကသူ ့ကိုပင့်တင်ထားတာရယ်၊ ရေစီးကထွက်မရအောင်လုပ်ထားသလို ဖြစ်ကုန်တာလေ။ အဲဒီအချိန်ထိ သူ အသက်အောင့်ထားနိုင်သေးတယ်။ ကျွန်တော်လဲ ချက်ချင်းပြန်ဆင်းပြီးသူ ့ခြေထောက်မိတာနဲ ့ဆွဲထုတ်တာပဲ မရဘူး။ coast guard က diver ပါဝင်ဆွဲမှရတယ်။ တံတားပေါ် ဆွဲတင်ပြီး First aid လုပ်ပေးတော့ ၁ မိနစ်မပြည် ့ဘူး ရေတွေအန်၊ ချောင်းတွေဆိုးလာတော ့Okayပြီပေါ့။ ဆက်ပြီး နှာတွေပါချေတော့မှ သွေးကဖြာကနဲ နှာခေါင်းကရော ပါးစပ်ကပါ ထွက်လာတော့ လန့် ့သွားတယ်။ ဒါပေမယ့် ၁ဝ ကြိမ်လောက် ဖြစ်ပြီး သတိလည်လာတယ်။ Coast guard က လူကလည်း Take her back to your mother boat လို ့ပြောရင်း ကျွန်တော်တို ့ရဲ ့boat လေးပေါ် ပြန်တင်ကူပေးတယ်။ မချောက မလည်တလည်နဲ ့မေးသေးတယ်။ Are we success? တဲ့။နောက် ၅ မိနစ်လောက်နေတော့ စက်ရှိန်မှေးထားပြီးစောင့်နေတဲ့ mother ship ရဲ ့ ဆလိုက်မီးရောင်အောက်မှာ ကြိုနေသူတွေအပြည့်နဲ ့ပေါ့။
အခုတော့ Red India, Moshae လူမျိုးစု ကောင်မလေး (Trainee Officer cadet/ Pilotလောင်းလျာလေး) က သင်္ဘောပေါ်က ဆေးခန်းမှာ အခြေအနေ တိုးတက်စွာဖြင့် ကုသမှု ခံယူရင်း အနားယူ နေပါတယ်။ မြန်မာလူမျိုး (Trainee Officer cadet/ General Safety Officer/2nd mate promote to SLOT tanker Co; United Kingdom အမလေး လေ ကိုယ့်အမြီးကိုယ် ဒီလောက်ရှည်မှန်းမသိဘူး တက်နင်းမိမှာတောင်ကြောက်ရသေးတယ်) တောင်မရောက် မြောက်မရာက်လေးကတော့…….ဪ …မေ့နေလို ့….မရှင်းတာရှိရင်နောက်နေ ့မှ ပြန်မေးနော်……အိမ်သာတွေ သွားဆေးရဦးမယ် …..
တာဝန်နဲ့သူကို မေးရတာလည်း အားတဲ့အချိန်လေး ပြောပြရှာပါတယ်။ သူက ပြောရှာပါသေးတယ်။ အစ်မ၊ ကျွန်တော်က ရေမကူးတတ်ဘူးတဲ့လေ….
ခုလက်ရှိကိုလည်း Second Mate သင်တန်းကို အွန်လိုင်းကနေတက်နေတဲ့ လူငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ အလုပ်တာဝန်ကိုလည်း ကြိုးစားလုပ်ပြီး တစ်ဖက်တစ်လမ်းက ပညာသင်နေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့တာဝန်မဟုတ်ပဲ သူများတာဝန် အစားထိုးလုပ်ပေးတာတောင် ခုလိုဖြစ်တော့ သူ့ကို အပြစ်ပေးပါတယ်တဲ့။ အပြစ်ကတော့ အိမ်သာဆေးဖို့ ၄ ရက် အမိန့်ချမှတ်ပါတယ်တဲ့။ ဘဝဆိုတာ ဘယ်နေရာရောက်ရောက် ရုန်းကန်နေရပါလားလို့ မနော တွေးနေမိပါတော့တယ်။

2 comments

  • intro

    July 9, 2011 at 8:02 pm

    စိတ်ဝင်စားဖို့ ကောင်းပါတယ် မနောရေ၊ ဗဟုသုတလဲ ရပါတယ်… အခုလို စာအရှည်ကြီး စိတ်ရှည်လက်ရှည် စီပေးပြီး အများသူငါ ဖတ်ဖို့ မျှဝေပေးတဲ့ စေတနာကိုလဲ အသိအမှတ်ပြုပါတယ်….

  • Foreign Resident

    July 10, 2011 at 4:57 am

    It seems, he was barely training cadet at that time.

    One of his colleague was injured in this scenario/event.
    injured = it’s more than incident & it becomes accident.
    As long as it becomes accident, there must has a breach of ISM (International Safety Management System), there must has a jeopardy of safety,
    Then, it must has somebody to blame.

    In this scenario, I think,
    Master ( Captain of this training ship ) is the one to be blamed.

    If I were him, I will not send an inexperienced training cadet as in charge, instead I will send real officer ( most probably C/O ).
    “သူတို့ ့ထဲက အတွေ ့အကြုံရှိတဲ့ လူကြီးလိုက်မယ် စောင့်ပါလို ့P.A.system နဲ ့ပြောတယ်”

    Coastguard is on the way & So, he ( captain ) might not be appointed as On Scene Commander. He just need to cooperate, it is enough.
    “coast guard က စက်နဲ ့ပြောသေးတယ် သူတို ့လာနေပြီ ပူးတွဲလုပ်ဆောင်ပါ”

    Moreover, it doesn’t seem any threatening of life in any way.
    ဇိမ်ခ ံspeed boat တစ်စီးက မှောက်ခုံဖြစ်လိုက် ဒေါင်လိုက် ၊ပက်လက်၊ သူနဲ ့တွဲနေတဲ့ ဆိပ်ခံတံတားကလည်း သူကို ကိုင်ပေါက်နေသလိုလိမ့်လာနေတာ

    Then, why do he need to risk his crew’s life, better wait until coastguard arrived.

    Anyhow, It is a rare chance to serve together with lady cadets,
    So, it deserves dying for.
    “Leader က ကျွန်တော် နောက်လိုက်က မိန်းကလေး ၃ ယောက် …ကျွန်တော် ဗမာလို ညည်းဆဲ ဆဲမိတယ် ( နင့်မေ -ိုးတယ်မှပဲ ဒီဟာမတွေ နဲ ့ ငါကသေမှာပဲ )”

Leave a Reply