Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆီမီးဖိုင်နယ်တက် မြန်မာလက်ရွေးစင် လူငယ်ဘောလုံးအသင်း လာအိုအသင်းကို ရှုံးနိမ့်

BurmaJuly 18, 20111min92026

ယနေ့ 18.7.2011 တွင် လာအိုနိုင်ငံတွင် ကျင်းပခဲ့သော 2011 လာအို ယူ16 ဘောလုံးပြိုင်ပွဲတွင် နိုင်ပွဲဆက်ကာ ရှုံးပွဲမရှိ ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် လာအိုအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ 1-0ဖြင့်ရှုံးနိမ့်သွားကြောင်းသိရသည်။ ပွဲချိန် 29 မိနစ်တွင် မြန်မာလက်ရွေးစင် ဂိုးသမားက လွတ်ကျသွားသော ဘောလုံးကို လာအိုက အခွင့်ကောင်းယူကာ အနိုင်ယူသွားခြင်းဖြစ်သည်

တစ်ဖက်တွင် ယှဉ်ပြိုင်ခဲ့သော စကာင်္ပူ နှင့် ထိုင် လူငယ်အသင်းတို့ပွဲစဉ်တွင်မူ ထိုင်းအသင်းက စကာင်္ပူအသင်းကို 2-0 ဖြင့် အနိုင်ယူကာ တက်လှမ်းနိုင်ခဲ့ကြောင်းသိရသည်။

သို့သော် မြန်မာလူငယ် အသင်း သည် တတိယလုပွဲအနေဖြင့် စကာင်္ပူအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် တတိယ ဆု ကို ရရှိရန်မှာ လွန်စွာ သေချာနေပြီ ဖြစ်ကြောင်းသိရပါသည်။

စာဖတ်သူ အကိုအမ များအနေနဲ့ လာအိုအသင်းကိုရှုံးသွားတာကို အပြစ်မတင်ကြပဲ လာအိုအသင်းက ကျွန်တော်တို့ထက် ပိုပြီး တော်လို့ ဆိုတဲ့ အတွေးလေးနဲ့ ဖြေသိမ့်ပေးကြဖို့ ၊ ကျွန်တော်တို့ မြန်မာလူငယ် အသင်းက လူငယ်လေးတွေဟာ ဒါဟာ နိုင်ငံတကာ ပြိုင်ပွဲ ပထမဆုံးဖြစ်တဲ့အတွက် နောင်နှစ်တွေအတွက် အနာဂတ်ဟာ တကယ်ကောင်းနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာ ဘောလုံးအသင်းရဲ့ အနာဂတ်ဟာ လှပနေပါတယ်လို့ တကယ်ကိုဆိုနိုင်ပါတယ်။ ကျွန်တော်ကတော့ ခုလို အောင်မြင်မှုရတာကိုပဲ ကျေနပ်မိပါတယ်။ အားတော့မရဘူးပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် နောင် နှစ်တွေမှာ ပထမရကို ရမယ်လို့ ယုံကြည်ပါတယ်။

တတိယလုပွဲအမှာ အနိုင်ရရှိအောင် ဆုတောင်းပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ။

( ကျွန်တော်ကို ပွဲအပြီးမှာ သတင်းတင်ပေးဖို့ တိုက်တွန်းတဲ့ အကိုကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ )

 

26 comments

  • shwe ni

    July 18, 2011 at 9:26 pm

    ဘယ်လု်ပဲ ဖြစ်ဖြစ် သတင်းကောင်းပါ.
    ဒီအဆင်ထိတောင်မရောက်တာကြာပီနဲ့တူတယ်နော ။ကျေးဇူး
    တတိယလုပွဲမှာ နိုင်ပါစေရှင် ။

  • naywoonni

    July 18, 2011 at 10:01 pm

    အင်း…… အတိတ်ကို ပြန်လွမ်းရရင်ဖြင့် လာအို အသင်းဆိုတာက မြန်ာမာတို့ ပွဲတိုင်းနိုင်ခဲ့တဲ့ အသင်းပေပဲ..။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က သရေကျအောင်အသေအလဲ စကားခဲ့တာ….။ အခု အရှုံးနဲ့ တောင် ဆိုတော့ ပြန်စဉ်းစားကြည့်သင့်ပြီ..။ ဒီဘောလုံးပွဲ တစ်ခုထဲ မဟုတ်ပါဘူး အရာရာမှာပါ..။ ဒီအတိုင်းဆက်သွားနေရင်တော့ …။ကြာရင်…………….

  • unclegyi1974

    July 18, 2011 at 10:02 pm

    ဘာပြောပြောမြန်မာ့လက်ရွေးစင်ထက်ပိုကြိုက်တယ်
    နောက်၃နှစ်လောက်နေစောင့်ကြည့်
    ၂၀၁၂ ကျော်ရင်ပေါ့လေ

  • 007James

    July 18, 2011 at 10:04 pm

    ဘာပဲဖြစ်ဖြစ်လေ တတိယလေး ဆိုရင်လဲကျေနပ်ပေးပါ။တော်သေးတာပေါ့။အရှက်မကွဲတာ။

  • PaukPhaw

    July 18, 2011 at 10:17 pm

    ဖြစ်တတ်ပါတယ်..
    တို ့မြန်မာကို ဖလားတော့ ရစေချင်တာပေါ့ကွာ
    ဒါပေမဲ့..
    လောလောဆယ်တော့..
    အိမ်ကွင်း အဝေးကွင်း ကွာခြားမှုကြောင့်
    ဖလားရခွင့်နဲ ့လွဲသွားတယ်လို ့ပဲ မှတ်ပါတယ်..
    တစ်ကယ်ခြေအမှန်နဲ ့ ကန်ခဲ့တယ်ဆိုရင်တော့
    ကျုပ်တို ့ တတိယ တော့ ရမှာပါ..

    Fighting!………Fighting!

  • မင်းပြည့်ရှိန်

    July 18, 2011 at 11:54 pm

    ကြိုးစား အားထုတ်ရမှာပဲ….
    နိုင်ရာ တာဝန်ထမ်းရမှာပဲ..
    မြန်မာ အားကစား တိုးတက်ဖို့….
    အားကစား သမားတွေမှာသာ မဟုတ်….
    မိမိတို့မှာလည်း အပြည့်အဝ တာဝန်ရှိပါသည်..

  • mozillamedia

    July 19, 2011 at 7:07 am

    ကောင်းတယ်….
    ကလိမ်ကကျစ်ကျ ဗိုလ်ကျ အာဏာပြ တတ်တဲ့ လူတွေ လက်ထဲ ဆုဆိုတာ မရောက်နိုင်ဘူး….

  • mozillamedia

    July 19, 2011 at 7:10 am

    ကောင်းတယ်….
    ကလိမ်ကကျစ်ကျ ဗိုလ်ကျ အာဏာပြ တတ်တဲ့ လူတွေ လက်ထဲ ဆုဆိုတာ မရောက်နိုင်ဘူး….
    စာမေးပွဲမှာ ခိုးချ ဖြေတဲ့သူ ဘယ်တော့မှ အဆင့် (၁) မရသလိုမျိုးပေါ့…..

  • POL

    July 19, 2011 at 8:26 am

    မြန်မာက တစ်ယောက်အထုတ်ခံရတာမဟုတ်ပါဘူး။ လာအိုကထုတ်ခံရတာပါ။
    (၁၀) ယောက် လာအို ကို နိုင်အောင်မကန်နိုင်တာပါ။
    မြန်မာ အသင်းက ကစားကွက်မကောင်း။တစ်ဦးချင်း မကျော်နိုင်။ အပေးအယူမှား။
    တော်တော်ကို ညံ့တာပါ။ ဂိုးသွားတဲ့ ဂိုးကလည်း ဘယ်တောင်ပံက အသာလေး တင်ပေးလိုက်တာ ဂိုးသမားလက်ထဲ ကပြုတ်ကျ ပြီး အလကားပေးလိုက် ရတာ။ အရင် မြန်မာသင်းတွေ ကြည့်ရသလိုပါပဲ။
    တော်တော် စိတ်တိုရပါတယ်။ နောက်ဆုံးတော့ ကြည့်မိ ကိုယ့်အမှားပါပဲ။

  • ကြောင်ကြီး

    July 19, 2011 at 8:50 am

    တတိယ မရလည်း စတုတ္ထပေါ့ကွာ… လခွီးထဲမှပဲ အားပေးမယ်မှ မကြံသေးဘူး၊ ဇာတိပြတော့တာပဲ။ 🙁

  • intro

    July 19, 2011 at 9:20 am

    ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့ အုပ်စုဗိုလ်ဖြစ်ပြီး တတိယနေရာလုပွဲအထိ ရောက်တာကိုက လက်ရွေးစင် အသင်းကြီးထက်စာရင်တော့ အများကြီး သာပါတယ်…. 🙂

  • nature

    July 19, 2011 at 9:51 am

    ဘာပဲပြောပြော အုပ်စု result အရဆို ယခင်ထက်တိုးတက်လာတယ်ဆိုရမယ်။ အသက်ငယ်ရွယ်ပြီး နိုင်ငံတကာ အတွေ့အကြုံ နဲသေးတဲ့အတွက် ပထမဦးဆုံးပွဲမှာ ပြိုင်ဘက်ကောင်းနဲ့ တွေ့ရင် အမှားအယွင်း ရှိတတ်ပါတယ်။ လူကြီးအသင်းတွေရဲ့ အောင်မြင်မှု ရချိန်မှာတော့ မြန်မာဘောလုံးလောက တိုးတက်ပြီဆိုရပါမယ်။

  • forever

    July 19, 2011 at 12:45 pm

    ခုအသက်အရွယ်မှာများများရှုံးပေးမှ
    အတွေ.အကြုံကောင်းရမှာ
    စိတ်ဓါတ်မကျနဲ.ဗျို…..

  • aungnng87

    July 19, 2011 at 1:11 pm

    မြန်မာဘောလုံးပွဲတွေမကြည့်တော့တာကြာပြီဘဲ။အခုလည်းဒီဘလော့မှာတွေ.လို.ဖတ်ကြည့်မိလိုက်တော့
    လည်းအရှူံးဘဲ။ဘောလုံးပွဲနဲ.ပါတ်သတ်ရင်မြန်မာတွေကံနိမ့်နေတာကြာပြီဘဲ။ဘယ်လိုဘဲကြိုးစားကြိုးစားမ
    အောင်မြင်နှိုင်ဘူးဖြစ်နေတယ်။ကိုယ့်နိင်ငံကကြိုးစားနေတဲ့အချိန်မှာသူများနိင်ငံတွေကလည်းပိုတောင်ကြိုးစားနေကြမှာဘဲလေ။အဲတော့မြန်မာကလိုက်လေဝေးလေဖြစ်နေမှာဘဲ။

  • winnmyo

    July 19, 2011 at 1:32 pm

    တတိယ ရပါစေရှင်။ လာအိုကိုရှုံးရတာကိုတော့ရင်နာပါတယ်။ သူကအိမ်ရှင်ပဲလေ။ နဲနဲတော့ကွာမှာပေါ့။
    မြန်မာအသင်းကိုဘာပဲဖြစ်ဖြစ်အားပေးနေရမှာပဲ။

    • pan pan

      July 20, 2011 at 1:04 pm

      ဟုတ်တယ်
      လာအိုကိုရှုံးတာ ရင်နာတယ်
      အရင်က ဘယ်အသင်းကိုပဲရှုံးရှုံး လာအိုကိုတော့ နိုင်ခဲ့သေးတာ
      အပြတ်အသတ်ပဲ
      အဲဒီတုန်းကဆို လာအိုအသင်းကို သိပ်သနားတာ
      ခမျာ ဘယ်အသင်းကိုမှ နိုင်အောင်မကန်နိုင်ရှာဘူးဆိုပြီးတော့….

  • windtalker

    July 19, 2011 at 1:48 pm

    ဘာပဲဖြစ်ဖြစ်ပေါ့ ကလပ်တွေ မှာ လခ တွေ အများကြီး ရပြီး ကဲချင်သလို ကဲ နေချင်သလို နေ တဲ့ ကောင်တွေ ကို အားပေးမယ့် အစား ဒီကလေး တွေ ကို အားပေးသင့်တယ် လို ့ထင်ပါတယ်နော်

  • cobra

    July 19, 2011 at 3:37 pm

    ဟုတ်တယ်…
    ကလေးတွေကမှအားကိုးရတာ…။

  • Big Defender

    July 19, 2011 at 6:47 pm

    ကျွန်တော်ကတော့အကုန်အားပေးတယ်

  • ရွှေဘိုသား

    July 20, 2011 at 9:02 am

    ကလပ်မှာ လခအများကြီး ရတဲ.ကောင်တွေက ဘဝင်ဟပ်နေကြပြီလေဗျာ
    ကျွန်တော်ဆို မမြင်ချင်မှအဆုံး မနောမြေက ကောင်တွေဆို အမြဲတွေ.နေရတယ်
    လက်ဖက်ရည်ဆိုင်လာထိုင် ဘောလုံးတိုးတက်ဖို. ပြောတာဘယ်တုန်းကမှ မကြားဖူးဘူး
    ဆော်ကိစ္စပဲပြောနေကြတာ အမြဲပဲ
    အမြဲ လမ်းထဲကကောင်မလေးတွေ ပဲငန်းနေကြတာ

    လူငယ်လေးတွေကိုတော. အားပေးပါတယ်ဗျာ
    ဒီအဆင်.ရောက်အောင်လုပ်တာကိုပဲ ဂုဏ်ယူပါတယ်

  • moethidasoe

    July 20, 2011 at 1:01 pm

    မြန်မာကို မနိုင်ဖူးတဲ့ အသင်း လုံးဝ မရှိပါ .. (အရှေ့တီမောတော့ ဘယ်လိုလဲ မသိပါ)
    လူငယ်တွေ စိတ်ဓါတ် မှန်မှန် အကျင့် မှန်မှန်လေးနဲ့ ဆက်သွားစေချင်တယ်
    အခုလက်ရှိ ဘောလုံးသမားတွေက sponsor တွေ များလွန်းလို့ အရက် ဆေးလိပ် ကာရာအိုကေ စုံနေတာ အများစုပဲ (အနည်းစုတော့ ရှောင်ကြပါတယ်)

  • MOEPWINTPHYU

    July 20, 2011 at 2:37 pm

    ဘာတွေပဲဖြစ်ဖြစ်ပေါ တတိယဆိုလည်းအားပေးနေပါတယ်

  • shwe ni

    July 20, 2011 at 3:46 pm

    2001 လောက်ကစပြီး Vietnam and Laos မှာ train နေပြီနဲ့တူတယ် သူငယ်ချင်းVietnam and Laos ကပြောဘူးတယ် အဲကစပြီး သူတို့လူကြီးတွေက ဘောလုံးကို အကြီးအကျယ် ငွေတွေသုံးလို ခရစီဖြစ်တယ်လို့ထင်ကြတာတဲ့။

  • nayminn

    July 20, 2011 at 5:43 pm

    လာအိုက အိမ်ရှင်လဲဖြစ်တယ်….ဘောလုံးအဆင့်တဖြည်းဖြည်းနဲ့တက်လာတယ်
    မြန်မာကသာ….

  • R Ga

    July 20, 2011 at 6:31 pm

    ဒီလိုပဲဖြစ်မယ်ဆိုတာ ကြိုသိကိုသိနေတယ်..။ ဒါမှ မြန်မာဘောလုံးကွ…။ ဘယ်တော ့ မရှုံးမဟုတ်ဘူး ဘယ်တော့ မှ မနိုင်ဘူး..။

  • koyin sithu

    July 28, 2011 at 1:25 pm

    မြန်မာဘောကန်အသင်းက လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ဘယ်မှာကန်ကန် “ဒါပဲလေ… ဒီလိုပဲဖြစ်ရမှာပေါ့… ဒါအမှန်ပဲလေ” ကြွေးကြော်သံလေးလို့ပေါ့……

Leave a Reply