ရွှေအိုးထမ်းလာတဲ့သား

မောင် ပေJuly 21, 20111min30912

အောက်ဖော်ပြ ပါ ဇါတ်လမ်းတွင် ပါသူ တို ့၏ အမည် နာမ များ မှာ မည်သည့် ဂေဇက်ဝင် တို ့၏ နာမည် ကို မှ ယူသုံးထားခြင်း မဟုတ်ပါကြောင်း ။ မည်သည့် ဂေဇက်ဝင် ကို မှ ရည်ရွယ်ပြီး ရေးသားထားခြင်း မဟုတ်ပါကြောင်း တင်ကြို အကြောင်းကြား အပ်ပါသည် ။ အညှီအဟောက် မပါအောင် တတ်နိုင်သမျှ ကြိုးစားထားပါသည် ။ ( အချို  ့ဂေဇက်ဝင်များ က ကျွန်တော့် ကို အညှီအဟောက် ရေးသားသူ တစ်ဦးဟု ထင်နေပါသဖြင့် ) လိင်ကိစ္စ နိုးဆွသော စာတစ်ပုဒ် မဟုတ်ကြောင်းကို လည်း အာမခံ ပါသည် ။

လင်းလင်း နှင့် မမ တို ့ အချစ်ကြီး ချစ်ခဲ့ ကြ သည် ။ အချစ်ကြီး ချစ်ခဲ့သည် ဟု ဆိုရာ တွင် လင်းလင်း က ပိုချစ်သည် ဟု ဆိုနိုင်သည် ။ အဘယ်ကြောင့်နည်း ဟု ဆိုလျှင်……

လင်းလင်း သည် တစ်ဦးတည်းသော သား ဖြစ်ပြီး ၊ အသက် ၂ဝ လောက် ကတည်း က အိမ်အလုပ် များ ကို ဦးဆောင် လုပ်ကိုင်ခဲ့သည် ။ လင်းလင်း… မမ နှင့် စတွေ  ့တော့ လင်းလင်း က ၂၂ နှစ် မမ က အသက် ၃၂ နှစ် ။ အိမ်အလုပ်ကိစ္စ တစ်ခု ဖြင့် ရန်ကုန် ကို ရောက်တုန်း တွေ ့ခဲ့တာ ဖြစ်သည် ။ လင်းလင်း သည် မန်းတလေး သား ဖြစ်သည် ။ တစ်ခါ မှ လည်း ရည်းစား မထားခဲ့ဖူးသော လင်းလင်း အတွက် မိန်းမ ဆိုတာ ငေးကြည့်စရာ သတ္တဝါ တွေ ဟု သာ ထင်ခဲ့သည် ။ လင်းလင်း တို ့အိမ်သည် ကုန်ကား များ လူစီးကား များ ထောင်ထားသည် ။ ကန်ထရိုက် လုပ်ငန်း လုပ်သည် ။ ကားကိစ္စ များ ကို လင်းလင်း ဝင်ရောက်ဦးစီး ရသည် ။  တစ်ခါတွင် လင်းလင်း အိမ်ကကား ဖြင့် ရန်ကုန် သို ့ရောက်နေခိုက် အိမ်မှ အမှာ အတိုင်း ရန်ကုန် ရှိ အင်ဂျင်နီယာ ကြီး တစ်ယောက်ထံ လက်ဆောင် ဝင်ပေးရင်း မမ နှင့် စတွေ  ့ စသိခဲ့သည် ။ ထိုစဉ် က အင်ဂျင်နီယာ ကြီး ထံ တွင် မမ က စက္ကတ္ထရီ လုပ်နေသည် ။ မမ သည် အသက် ၃ဝ ကျော်ပြီ ဖြစ်သော်လည်း မိပ်ကပ်များ အလွန်အကျွန် ပြင်ထားသဖြင့် အသက် ၂၅ ခန် ့ထင်ရသည် ။  အင်ဂျင်နီယာ ကြီး ထံ တွင် လက်ဆောင်ပစ္စည်း ပေးအပြီး အင်ဂျင်နီယာ ကြီးက မမ ကို လင်းလင်း အား လိုက်ဧည့်ခံ ခိုင်းသည် ။ လူကဲခက် မညံ့သော မမ သည် အချိန်တို ခဏ လေး အတွင်းမှာပင် လင်းလင်း ၏ ကိုယ်ရေးကိုယ်တာ အကြောင်းများ နှင့် ၊ မိဘ များ လုပ်ငန်းများ အကြောင်း ကို ထောက်လှမ်း သိရှိခဲ့သည် ။ ထိုစဉ် မှ စပြီး မမ သည် လင်းလင်း ကို ရန်ကုန် ရောက်တိုင်း ဧည့်ခံ ပါရစေ ဟု ဇွတ်သဘောတူညီမှု ရယူခဲ့သည် ။ လင်းလင်း ၏ အထိန်းတော် ဒရိုက်ဘာ က လည်း လင်းလင်း အနေဖြင့် အတွေ ့အကြုံ တစ်ခု ရရန် ရည်ရွယ်ပြီး လင်းလင်း နှင့် မမ တို ့တွေ ့ဆုံ မှု ကို မတားခဲ့ပါ ။

ထိုစဉ်မှ စပြီး လင်းလင်း တစ်ယောက် ရန်ကုန် သို ့ရောက်တိုင်း မမ နှင့် ဆက်သွယ်ကာ တွေ ့ဆုံခဲ့သည် ။ ဟိုဟို ဒီဒီ လျှောက်သွားခဲ့သည် ။ ရွှေတိဂုံ ဘုရား သို ့အတူ ဖူးခဲ့ကြသည် ။ တိရစ္ဆာန် ဥယျာဉ် သို ့လည်း ရောက်ခဲ့သည် ။ ကန်တော်ကြီး တွင်လည်း အတူ လမ်းလျှောက်ခဲ့ကြသည် ။ လင်းလင်း တစ်ယောက် မမ နှင့် အတူ တွေ ့ဆုံ ရခြင်း ကို သာယာနေခဲ့သည် ။ မမ ပြောစကား အရ မမ သည် တစ်ကောင်ကြွက် ။ ငယ်ငယ်လေး က တည်း က မိဘများ ဆုံးပါးခဲ့ပြီး အမျိုးများ ၏ ကူညီ မှုဖြင့် ကြီးပြင်းလာခဲ့သည် ။ ကွန်ပျူတာ ဖြင့် ကျောင်းအပြီး နောက်ပိုင်း အလုပ်အကိုင်များစွာ လုပ်ကိုင်ခဲ့ပြီး တိုက်ခန်း တစ်ခန်း တွင် တစ်ကိုယ်တော် နေခဲ့သည် ဟု သိရသည် ။  မမ တိုက်ခန်း ကို တော့ လင်းလင်း မရောက်ဖူးသေး ။

မိုးတွင်းပိုင်း တစ်ရက် တွင် လင်းလင်း တစ်ယောက် ကားပြေးရာတွင် လိုက်ပါကြီးကြပ်ရင်း ရန်ကုန်သို ့ရောက်ခဲ့ ပြန်သည် ။  ရန်ကုန်ရောက်တော့ မိုးတွေ အရမ်းရွာနေသည် ။ ကား ကို ဂိတ်တွင် ထိုးထားပြီး ဘာမှ မစီစဉ်ရသေးသော လင်းလင်း ထံ မမ တစ်ယောက် ထီးလေး နှင့် ရောက်လာခဲ့သည် ။ ( လင်းလင်း တို ့ကား ဘယ်နေ ့ဘယ်ရက်တွင် ရန်ကုန် ရောက်မည် ကို သိရှိရန် မမ အတွက် မခက် ။ ) လင်းလင်းတစ်ယောက် မမ နှင့် အတူ တက္ကစီ တစ်စီး ဖြင့် ပါသွားခဲ့သည် ။  မိုးတွေ အရမ်းရွာနေသဖြင့် ညစာ ကို အိမ်တွင် ပင် လိုက်စားရန် မမ ၏ ကမ်းလှမ်းလာခြင်း ကို လင်းလင်း လက်ခံ ခဲ့သည် ။ တိုက်ခန်း သို ့ရောက်သောအခါ လင်းလင်း အား ဧည့်ခန်းမှာ ပင် စောင့်ခိုင်းပြီး မမ တစ်ယောက်  ညစာ ကို ပြင်ဆင်ခဲ့သည် ။ ညစာ စားအပြီး ဧည့်ခန်းတွင် အတူထိုင် စကားပြောကြသည် ။ လင်းလင်း ကို မမ မေးလာသည် ။

“ ဘယ်လိုလဲ မောင်လေး ၊ မန်းတလေး ကို လွမ်းနေပြီလား ”

“ မဟုတ်ပါဘူး ဗျာ ၊ ဂိတ်မှာ ဒရိုက်ဘာ နဲ ့ကား နဲ ့ထားခဲ့တာ အဆင်ပြေ ပါ့ မလား လို ့တွေးနေတာ ”

“ ဟင်းဟင်း….ငါ့မောင် က ရုပ်က ချောလည်းချော ပိုက်ဆံလည်း ရှိ ဆိုတော့ ၊ လွမ်းရမယ့်သူ တို ့ငါ့မောင် ကို လွမ်းနေတဲ့ သူ တို ့တွေ ့နေလောက်ပြီ ထင်ပါရဲ  ့”

“ မရှိရပါဘူး ဗျာ ။ ကျွန်တော့် မှာ တစ်ရက် ၊ တစ်ရက် အိမ်အလုပ်တွေ နဲ ့ပဲ လုံးချာလည် ရိုက်နေတာ ၊ ဖေဖေ တို ့မေမေ တို ့လည်း အသက်ကြီးပြီဆိုတော့ ကျွန်တော့် အပေါ ်   အားကိုးချင်ကြပြီပေါ့ ၊ သူတို ့စိတ်ချ လက်ချ လက်လွှဲနိုင်အောင် ကျွန်တော် ကြိုးစားပြနေတာ ။ ကျွန်တော် လည်း သူတို ့ကို အနားယူစေချင်လှပြီ ။ ကျွန်တော် လုပ်ကျွေးရမယ့် အလှည့် ရောက်ပြီလေ ”

“ ငါ့ မောင် က ဘယ်ဆိုးလို ့လဲ …။ မမ မင်းကို ဒီလောက် ကြီး လိမ္မာလိမ့်မယ် ၊ သိတတ်လိမ့်မယ် လို ့ မထင်ခဲ့ဘူး သိလား ၊ အခု မှ င့ါမောင် က တစ်ကယ် လိမ္မာ တယ် ဆိုတာ သိရပြီ ၊ ဆုချ ရမယ် ။ ပြော ဘာလိုချင်လဲ ”

“ မမ ကျွေးတဲ့ ထမင်းကို မမ နဲ ့အတူတူ စားပြီး ပြီလေ ဗျာ ။ ဒါ ဆု တစ်ပါး ပဲ ပေါ့ မမ ရယ်  ”

“ ဟင်းဟင်း.. ငါ့မောင် က သိပ်ရိုးတာပဲ ၊ အဲဒါကြောင့်လည်း မမ က အခုလို ခင်နေရတာ ။ ဒါနဲ ့လင်းလင်း …  မမ ကို ဘယ်လို မြင်လည်း ၊ အမှန်အတိုင်း ပြောပြ ကြည့်စမ်း ”

“ မမ ကို ဘယ်လို မြင်သလဲ ဆိုတာ အမှန်အတိုင်း ပြောရမယ် ဆိုရင် ၊ မမ က အသက်၂၅ လောက် ရှိတဲ့ အပျိုကြီး ၊ ချောတယ် လှတယ် ချစ်စရာ ကောင်းတယ် လို ့မြင်မိတယ် ၊ စိတ်မဆိုး လိုက်နဲ ့ဦးနော် ….. ကျွန်တော် ပြောတာ မှားသွားခဲ့ရင် ”

“ ဟင်းဟင်း… မဆိုးပါဘူး ၊ ကိုယ့် မောင်လေး ဘာပြောပြော ၊ ဒါနဲ ့မမ က ချစ်စရာ ကောင်းတယ် ဆိုတာ တစ်ကယ် လားဟင် ”

ပြောရင်း ဆိုရင်း မမ တစ်ယောက် လင်းလင်း အနား ကို ကပ်တိုးလေး မေးလိုက်သည် ။  မမ ကိုယ်မှ သင်းပျံ  ့မွှေးနေသော ရနံ  ့များသည် လင်းလင်း နှာခေါင်းဝ တွင် ကလူ၏   သို ့မြူ၏ သို ့ တိုးဝင် နေသည် ။ မမ ကို လင်းလင်း ကြည့်ရင်း စိတ်ထဲ တွင် အူ အရမ်းယားလာသည် ။ မမ နှင့် လင်းလင်း အလွန်နီးကပ်နေသည် ။ လင်းလင်း တစ်ယောက် စိတ်မထိန်း နိုင်တော့ ပဲ မမ လက်ကလေး ကို ဆုတ်ကိုင် လိုက် ကာ  ချစ်စကား ဆိုမိလိုက်တော့သည် ။

“ မမ ကို အရမ်းချစ်တယ်ဗျာ ၊  မမ ကော… ကျွန်တော့် ကို ချစ်လား ဟင်  ”

“ ဟင်… လူဆိုးလေး…သွား မမ ကို အခွင့်အရေးယူတယ်ပေါ့လေ ၊ ”

“ အာ…မဟုတ်ရပါဘူး ဗျာ ၊ ကျွန်တော် စိတ်ထဲ မှာ ရှိတဲ့ အတိုင်း ပြောလိုက်တာပါ ၊ ကဲပါ..လုပ်ပါ..ပြန်ချစ်ပါတယ်လို ့ပြော ၊ ပြောမှ လက်လွှတ်ပေးမယ် ”

“ ကဲပါ…မမ ကလည်း ဟောဒီ လင်းလင်း ဆိုတဲ့ မောင်လေး ကို အရမ်းချစ်ပါသတဲ့ ရှင်…။ ဟုတ်ပြီလား ၊ ကျေနပ်ပြီလား ”

လင်းလင်းတစ်ယောက် ပျော်မြူးစွာဖြင့် ကလေး တစ်ယောက် လို ထခုန်လိုက်သည် ။ ပြီးနောက် မမ နှင့် ချစ်စကား များ ဆက်ပြောနေကြသည် ။ ထိုစဉ် လင်းလင်း ဖုန်း မှ အသံ ထမြည်လာသည် ။ ဖုန်းနံပါတ် ကြည့်လိုက်တော့ မန်းတလေး မှ အိမ်မှ ဆက်လာသည့် ဖုန်း ။ ကပျာကယာ နှင့် ကိုင်လိုက်သည် ။

“ ဟယ်လို… ဟုတ်ကဲ့ ဖေဖေ ပြောပါ ”

“ ဟေ့ကောင်….မင်းဘယ်တွေ လျှောက်သွားနေတာလဲ..။ ဒရိုက်ဘာ ငထွန်း ကို မေးတော့ ကားနဲ ့ သူ ့ကို ဂိတ်မှာ ထားခဲ့ပြီး မိန်းမ တစ်ယောက် နဲ ့လိုက်သွားတယ် ဆို ”

“ ဪ…အသိတစ်ယောက် က ညစာ ဧည့်ခံ မယ် ဆိုလို ့လိုက်သွားခဲ့တာပါ ဖေဖေ ၊ အခု ဖုန်းပြောပြီးတာ နဲ ့ ကျွန်တော် ကိုထွန်း ဆီ ပြန်သွားလိုက်ပါ့မယ် ”

“ အေးအေး….မနက်ဖန် ကြ ကားအင်ဂျင်ဝိုင် လဲပြီးရင် ဘုရင့်နောင် က ကိုမြင့်ထွန်းတို ့တာယာဆိုင် မှာ တာယာ၂လုံး မှာထားတာ ရှိတယ် ၊ အဲဒါ ကို မင်း သွားယူခဲ့ ”

“ ဟုတ်ကဲ့ပါ ။ ကျွန်တော် သွားယူလိုက်ပါ့မယ် … ဒါပဲနော် ဖေဖေ တာ့တာ ”

ဖုန်းပြောအပြီး လင်းလင်း တစ်ယောက် မမ ကို နှုတ်ဆက်ပြီး မမ ဆီ မှ ကားဂိတ် ဆီ သို ့ပြန်လာခဲ့သည် ။

 

( ဆက်လက် ရေးသားပါဦးမည် )

12 comments

  • windtalker

    July 21, 2011 at 12:36 pm

    etone ၏ “ ပိုင်းလုံးလေးရဲ ့ရင်ဖွင့်သံ ” ကို ဖတ်ပြီး ရေးစရာ ဇါတ်လမ်းတစ်ပုဒ် အိုင်ဒီယာ ရခဲ့သဖြင့် အထက်ပါ ပို ့စ်ကို ရေးတင်မိခြင်း ဖြစ်ကြောင်း ဝန်ခံပါသည် ။ etone သည် အထက်ပါ ပို ့စ် ၏ မြင်ဆရာ ဖြစ်ပါသည် ။ တတ်နိုင်သမျှ အညှီအဟောက် လွတ်အောင်ရေးသားထားပါသည် ။ ပြီးဆုံးအောင် ရေးတင်ရန် အချိန်မရပါသဖြင့် ၊ အချိန်ရမှ ဆက်လက် ရေးတင်သွားမည် ဟု ။ ကျေးဇူးတင်ပါသည် ။

    • etone

      July 21, 2011 at 3:22 pm

      ဟဲ့ဟဲ့… ဘယ်နှယ့်.. နာ့ဆွဲထည့်သတုန်း … ။ 🙄
      etone ရေးတဲ့ အထဲမှာ ယင်အုံစေမယ် စာသားတွေ မပါဘူးနော် … ။ ယင်မပြောနဲ့ ခြင်တောင် မအုံဘူး စိတ်ချ 😛 😛 😛

  • moethidasoe

    July 21, 2011 at 1:38 pm

    အရေးကောင်းတယ်လို့ ချီးကျူးပါတယ် ..
    အီးတုန်းကိုလဲ ဆရာတင်ထားတယ် .. ဒါပေမယ့် အောက်ဆက်တွဲ ရေးထားတာကတော့
    တတ်နိုင်သမျှ အညှီအဟောက်တွေ လွတ်အောင် ရေးထားတယ်လဲ ဆိုတယ် .. အီးတုန်းရေးတာများ xxxxxx

  • bigbird

    July 21, 2011 at 1:42 pm

    ဆက်ရေးပါ…စောင့်နေမယ်။

  • နွယ်ပင်

    July 21, 2011 at 1:50 pm

    ဇာတ်လမ်းက ကောင်းတုန်း အရှိန်ပျက်လိုက်တာ
    ကိုရီးယားကား အတိုင်းပဲ အဖြတ်အတောက်က တော်ပ …………..

  • pan pan

    July 21, 2011 at 2:08 pm

    မမအသက် ၃၂နှစ်ရှိတာတောင်သေချာမသိဘူး
    ဟိုက သူ့အကြောင်းအကုန်သိလို့ ဂျောင်းဂျောင်းပြေးနေပြီ 😛

  • AKKO

    July 21, 2011 at 4:12 pm

    ဇာတ်လမ်းကတော့ မသန်းပဲနော် … ။
    ဇာတ်လမ်းတပုဒ်လုံး ဆုံးအောင် ရေးပြီး ပို့စ်ခွဲတင်မယ်ဆိုလည်း အပိုင်းတိုင်းကို တဆက်တည်း လိုက်ဖတ်လို့ရတယ်… အခုတော့ဖြင့် … 🙁

  • etone

    July 21, 2011 at 4:35 pm

    မောင်ပေရေးတဲ့ စာတချို့က မမနဲ့ မောင်လေး ဇာတ်လမ်းတွေချည်းပဲနော် … ။ ပြီးတော့ မိန်းမက ဆပ်ဆလူးထချင်စိတ် အရင်ဖြစ်တာတွေချည်းပဲ …နောက်တခါ … အန်ကယ်ကြီးနဲ့ … မီးမီးလေး ဇာတ်လမ်းလိုမျိုး …. ကိုကိုနဲ့ ညီမလေးဇာတ်လမ်းလိုမျိုးလေးတွေ လုပ်ပါဦးဗျို့ …ယောကျာ်းလေးက အရင်ဇာတ်လမ်းအစပျိုးတာမျိုးလည်း ရေးပါဦးတော် … 🙄

  • good

    July 21, 2011 at 5:34 pm

    အလုပ်ထဲ ကိုအသစ် ကောင်းတယောက် ဝင် လာ လို့ ဘွဲ့ ရပြီးသား ဆိုတော့ နောက် သလို လို နဲ့ အတည်ဗျူး လိုက် တယ်။
    ရည်းစား ဘယ်နှစ် ထားဖူး လဲ လို့ မေး တော့ အတိအကျ မပြော ဘူး ၄ ၅ ယောက် တဲ့။
    ရည်းစားစာ ပေးတာလား ရည်းစား စကားပြော ထားတာလား လို့ မေးတော့ တလွဲ ပြန်ဖြေ သဗျား။
    ကျနော် ကြိုက် လို့ လိုက်ပြောတာ က တယောက်ထဲ ရယ် တဲ့ ၊ ကျန်တာ တွေ က သူတို့ က စ လို့ ပြန် ကြိုက် တာတွေ တဲ့။
    ပြန်ပြော လိုက်ပါတယ် မင်း လဲ ငါ ငယ်ငယ် က လို ဘဲ လို့။

  • windtalker

    July 21, 2011 at 6:28 pm

    မ etone ရေ ..၊ ရေးချင်ဇော လောကြီးတာ နဲ ့ပဲ အပေါ ်က ကွန်မင့် က စာသားက နှစ်ခွ ဖြစ်သွားပါတယ် ။
    အမှန် က ကျွန်တော် ဆိုလို ချင်တာက ကျွန်တော့် ကို အညှီအဟောက် ရေးတယ် လို ့ထင်နေကြ မှာ များလား လို ့ ။
    ဒီဇါတ်မှာတော့ တတ်နိုင်သလောက် အညှီအဟောက် မပါအောင် ရှောင်ရေးထားပါတယ် လို ့ ဆိုလိုချင်တာပါ နော် ။ အထင်မလွဲ တဲ့ အတွက် ကျေးဇူးပါ

  • MOEPWINTPHYU

    July 22, 2011 at 2:56 pm

    ဆက်ရေးပါ စောင့်ဖတ်နေသည်

  • shweaeimsi

    July 22, 2011 at 3:19 pm

    အော်…..ဒါကသူ ့လိုင်းကိုး…စောင့်ဖတ်မယ်…
    ဒါတောင်ကောနက်ရှကင်..တက်ကျနဲ ့…..4 ခါမြောက်ဝင်မှပြီးတယ်….

    မောတယ်ကွယ်

Leave a Reply