Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘီလုံးငှက် နွယ်ငြိနေသလို…

panpanAugust 2, 20111min3579

 

ဆရာတော်ဥူးသုမင်္ဂလလောတဲ့ တရားထဲကဟာကို ဆင့်ပွားလိုက်ဦးမယ်
ဆရာတော်ဟောတာ နာရတဲ့ထဲမှာ ဘီလုံးငှက်လေးနွယ်ငြိတဲ့ဥပမာလေးပေးသွားတယ်
အင်အားကြီးတဲ့ ဆင်ပြောင်ကြီးဟာ သူ့ခြေမှာချည်ထားတဲ့ သံကြိုးကို အလွယ်တကူရုန်းနိုင်ပေမယ့်
ဘီလုံးငှက်ကလေးတစ်ကောင်ဟာ မြက်နွယ်ပင်လေးမှာ ငြိနေတာ မရုန်းနိုင်ဘဲ သေပွဲဝင်ရပါတယ်တဲ့
ဆင်းရဲသားတစ်ယောက်ဟာ တဲစုတ်နဲ့ အကျည်းတန်မယားကို မစွန့်နိုင်ဘူး
စည်းစိမ်ချမ်းသာတွေနဲ့ နေနေရတဲ့ ဘုရင်ဟာ မင်းစည်းစိမ်ကိုစွန့်နိုင်မယ်
ဒါဟာ မိမိရဲ့ ဖြည့်ဆည်းလာတဲ့ ပါရမီ၊ ကုသိုလ်တွေကြောင့်ပါ
အဲဒီအင်အားကြီးတာနဲ့အမျှ ကိလေသာကို ရုန်းနိုင်ပါလိမ့်မယ်
ဘုရားရှင်က အနည်းငယ်မျှလောက် အပြစ်ဖြစ်သည်ဟု ဆိုတဲ့အရာကို
မိမိတို့အနေဖြင့် လုံးဝရှောင်ကြဉ်သင့်တယ်
မြတ်စွာဘုရာသော်မှ အပြစ်ရှိသည်ဟု ဆိုသောကိစ္စကို သာမန်လူတို့အဖို့ အနည်းငယ်မျှသာဟု တွေး၍မကျူးလွန်အပ်ပါဘူး
မြတ်စွာဘုရားသည် သာမန်လူသားတို့နှင့်ယှဉ်လျှင် လွန်စွာပါရမီ၊ ကုသိုလ်အင်အားကြီးသူဖြစ်၍
ဆင်ပြောင်ကြီးနှင့် ဘီလုံးငှက် နှိုင်းယှဉ်သလိုဖြစ်မယ်ထင်ပါတယ်
ဆင်ပြောင်ကြီးသည် သံကြိုးကို လွယ်ကူစွာရုန်းနိုင်သော်လည်း မိမိတို့လို သာမန်ပုထုဇဉ်များအဖို့
နွယ်မြက်လေးလောက်သော အကုသိုလ်ကိုတောင် ရုန်းနိုင်ဖို့မလွယ်ပါ
ကျွန်မ တချို့လူတွေပြောနေတာကြားကြားနေရပါတယ်
ဒါကတော့ ဒီအပြစ်ဟာ မြတ်စွာဘုရားတောင် ကျူးလွန်ခဲ့သေးတာပဲ ဆိုပြီး ဘုရားတောင်ကျူးလွန်လို့
သာမန်လူကျူးလွန်တာ အဆန်းမဟုတ်၊ အပြစ်မကြီးဘူးလို့ ထင်နေကြလားတော့မသိပါ
အဲလိုမျိုးလေးတွေကြားနေရပါတယ်
မြတ်စွာဘုရားတောင်ကျူးလွန်သေးတာပဲလို့ ခပ်ပေါ့ပေ့ါပြောသူများ မြတ်စွာဘုရားကျင့်သကဲ့သို့
ကုသိုလ်ပါရမီများကို မြတ်စွာဘုရား၏ ခြေမှုန့်မျှလောက်ပင် ကျင့်ကြံနိုင်ပါရဲ့လား
မြတ်စွာဘုရား ဘဝအဆက်ဆက်လှူခဲ့တဲ့မျက်လုံးတွေဟာ ကောင်းကင်မှာမြင်နေရတဲ့ ကြယ်တွေထက်ပိုများပါတယ်
(ကျွန်မဆို မျက်လုံးတစ်လုံးတောင် မလှူနိုင်ပါဘူး)
ဒီအကုသိုလ်မျိုးကို မြတ်စွာဘုရားတောင်ကျူးလွန်တာပဲ ငါတို့လည်း ကျူးလွန်မိမှာပေ့ါ၊ ကုသိုလ်လုပ်ရင် ကျေမှာပဲဆိုရင်
မြတ်စွာဘုရားလောက် ဘယ်သူကုသိုလ်လုပ်နိုင်မှာလဲ
မြတ်စွာဘုရားတောင် ဘုရားဖြစ်စဉ်မှာတောင်မှ ဝဋ်ကြွေးကို ဆပ်ရသေးတယ်တိုတာ
သတိချပ်သင့်ပါတယ်
မြတ်စွာဘုရားနဲ့ မယှဉ်ပါနဲ့
မိမိအင်အားဟာ အရမ်းသေးငယ်ပါတယ်
ဒါကို မြတ်စွာဘုရားတောင်ကျူးလွန်တဲ့အမှုပဲ၊ ငါတို့ကျူးလွန်မိပေမယ့်
အပြစ်ကျေအောင်ကုသိုလ်ပြန်လုပ်ရင် ရပါတယ်လို့ တွေးသူများ
ဘီလုံးငှက်လေး နွယ်ကမရုန်းနိုင်သလိုပဲ မိမိတို့အင်အားလေးနဲ့ ပြုလုပ်ခဲ့သောအကုသိုလ်မှ
ရုန်းထွက်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်

(ဆရာတော်ဟောတဲ့ထဲမှာက ဘီလုံးငှက် နွယ်ငြိနေတာက
ပါရမီ၊ စိတ်ဓါတ်၊ ကုသိုလ်ခွန်အားမရှိသူက အသေးအဖွဲကိလေသာကိုတောင်
မရုန်းနိုင်ဘူးလို့ ဟောတာပါ)

9 comments

  • alinsett

    August 2, 2011 at 3:46 pm

    ဆရာတော်ဥူးသုမင်္ဂလ က ကျွန်တော် ့ကို တော်တော် ပြောင်လဲပေးလိုက်တဲ ့ဆရာတော်ပါ။ ဆရာတော့်တရားတွေ ကို နားထောင်ရင် နားထောင်သူတိုင်း အကျိုးကျေးဇူးတွေ အများကြီးရပါတယ် ။
    ဆရာတော် ့ တရားတွေ ကို အခု လို ဆင့်ပွား ဝေမျှပေးလို ့ကျေးဇူးပါပဲနော် ။ ပုံလေးတွေလည်း…တကယ်ကောင်းတယ် ။ကျေးဇူးပါ ။ နောက်လည်း အဲလို လေးတွေ များများတင်ပါဦး

  • ဆူး

    August 2, 2011 at 11:17 pm

    ဥူးသုမင်္ဂလ လူပိန်းနားလည်အောင် မူကြို ဆရာ ဆိုပြီး ဟောပေမဲ့ လူတော်တော် များများကို အသိတရား ရှိအောင် လုပ်ပေးတဲ့ ကျေးဇူးများတဲ့ ပုဂိ္ဂုလ်ပါပဲ။

  • ကြောင်ကြီး

    August 3, 2011 at 8:10 am

    ဘုရားဆိုတာထက် ဘုရားအလောင်းလို့ ပြောရင်ပိုမှန်မယ်ထင်တယ်။ ပန်ပန်ပြောတာတွေက သူဂျီးကို သွယ်ဝှိုက်ဆုံးမနေသလိုပဲ…။ ကိုကြောင်တို့လည်း ဝိုင်းချွတ်တာပဲ၊ ဒါပေမဲ့ သူကထောင်လွန်းတော့ မကျွတ်နိုင်ဘူး၊ အလယ်မှာ သွားငြိနေဟန်တူတယ်။

    • pan pan

      August 3, 2011 at 8:50 am

      ဦးကြောင်ကြီးပြောသလိုပါပဲ
      ဘုရားရှင်ကျူးလွန်ခဲ့တာကိုပြောချင်တာဆိုတော့ ဘုရားလောင်းလို့ရေးတာ ပိုမှန်ပါတယ် (ဘုရားဖြစ်ပြီးမှ ဘာအကုသိုလ်မှ မကျူးလွန်တော့ဘူးဆိုတော့)
      ခုဟာက ရေးတာလွဲသွားတယ်

      သဂျီးက ငြိနေလည်း မရုန်းချင်ဘူးထင်ပါတယ် 😀 😛

  • MOEPWINTPHYU

    August 3, 2011 at 11:11 am

    ကောင်းလိုက်တာဒီလိုစာလေးတွေ အများကြီးဖတ်ချင်ပါတယ် အားပေးနေပါတယ်

  • kai

    August 3, 2011 at 11:43 am

    ကောင်းကင်မှာမြင်နေရတဲ့ ကြယ်တွေ ဘယ်လောက်များရှိတယ်ထင်သလည်းဟင်င်..
    မြင်တယ်ဆိုတာရော.. ဘယ်သူ့မျက်စိနဲ့လည်း..
    ဒါပေမဲ့ ဘုရားလောင်း ပါရမီဖြည့်တာကျတော့.. လေးသချေင်္နဲ့ကမ္ဘာတသိန်း တိတိကျကျကြီးဆိုပဲ..။ ဘဝတွေကို သချင်္ာနည်းအရ ဘယ်လိုမှအချိုးချလို့မရတာမို့.. သချင်္ာမတွက်တတ်တဲ့ခေတ်က.. (သုံည မတီထွင်တတ်ခင်ခေတ်က) လေကားလျှောက်ပြောတဲ့.. စကားတွေ မယုံပါနဲ့ပြောနေရတာပါ…။

    ပြီးတော့ ပါသေးတယ်.။
    ဂေါတမဗုဒ္ဓက..ဘုရားဖြစ်နေစဉ်မှာတောင်မှ ဝဋ်ကြွေးကို ဆပ်ရသေးတယ် ဆိုပဲ..
    ပေါက်ကရတွေပါနော..။
    မယုံနဲ့..မယုံနဲ့…။

    Aryabhatta, an indian scientist invented the letter zero.Aryabhata (आर्यभट) Āryabhaṭa) (476 – 550) is the first of the great mathematician-astronomers of the classical age of India. He lived in Kusumapura, which his commentator Bhāskara I (629 AD) identifies with Pataliputra (modern Patna).
    Aryabhata was the first in the line of brilliant mathematician-astronomers of classical India, whose major work was the Aryabhatiya. Not only did he help revolutionise mathematics, but also provided a heliocentric model of the universe much more advanced that the geocentric model of Ptolemy that had taken hold in Europe.

    Among his main achievements was the development of notation in mathematics, which was and is remains hugely significant. His heliocentric model of the earth and planets was also very advanced, and argued for elliptical orbits of the planets around the sun.

    • pan pan

      August 3, 2011 at 11:56 am

      မြတ်စွာဘုရား ခါးနာတာကရော…
      ဝမ်းသွားတာကရော….???

      • kai

        August 3, 2011 at 12:06 pm

        တခါက..မြတ်စွာဘုရား.. ကျောလေးလှပ်ပြိးနေပူစာလှုံနေခဲ့တယ်..။ ပရိနိဗ္ဗာန်စံခါနီး..သက်တော်၈ဝနားလောက်ပေါ့..။ အဲဒါ..မဟာလူသား ဗုဒ္ဓကျောမှာ.. အရေတွေတွန့်နေတော့..ညီတော်နန္ဒာက အံ့ဩပြီးမေးတာ…။
        ဇရာပဲလေ..ဇရာ..။
        ခန္ဓာကြီးရှိသမျှ.. ဇရာကိုရင်ဆိုင်ရမှာ.. သဘာဝတရားပဲ..။ လောကသစ္စာပဲ..။
        ဘာဝဋ်မှမဟုတ်..။ ဇရာနဲ့အတူူတူ. ခါးနာတာ..သွားကြွေတာ.. ဖျားနာတာ..အကုန်လာမှာပဲ..။

        ဝက်ပျိုသားဘုန်းပေးလို့..ဝမ်းတော်လား..။ ဝမ်းတော်လားတော့.. ရေငတ်..ရေငတ်တော့ ရေခတ်ခိုင်း..ရေခတ်ခိုင်းပေမဲ့.. အဲဒီခေတ်က.. ချောင်းမြောင်းတွေဆိုတာ.. ကျွဲနွားဖြတ်ရင်.. ရေနောက်မှာပေါ့..။
        အဲဒါ ခဏစောင့်ရင် ရေကြည်ရမှာပဲ..။
        အဲဒါကို.. ဘယ်ကဘယ်လို.. ဝဋ်တွေ..ထွက်လာမှန်းကိုမသိ..။ ဗုဒ္ဓကိုများ..စွတ်စွတ်စွဲစွဲ…။ 🙂

        • pan pan

          August 5, 2011 at 10:07 am

          ဒေဝဒတ်ကတော့ ကျောက်တုံးနဲ့အသက်သေအောင်လုပ်ကြံတော့ ဘုရားရှင်သွေးစိမ်းတည်တာက ဟိုးရှေးကဘဝတစ်ခုတုန်းက ဘုရားရှင်ပြုလုပ်ခဲ့တဲ့ အကုသိုလ်တစ်ခုကြောင့်လို့ စာမှာဖတ်ဖူးပါတယ်
          အဲဒါကရောသူကြီးရယ်….ရေးသူကပဲ မှားရေးတာလား၊ မသိတော့လို့ပါ

          သူကြီးပြောတဲ့ “တခါက..မြတ်စွာဘုရား.. ကျောလေးလှပ်ပြိးနေပူစာလှုံနေခဲ့တယ်..။ ပရိနိဗ္ဗာန်စံခါနီး..သက်တော်၈ဝနားလောက်ပေါ့..။ အဲဒါ..မဟာလူသား ဗုဒ္ဓကျောမှာ.. အရေတွေတွန့်နေတော့..ညီတော်နန္ဒာက အံ့ဩပြီးမေးတာ…။
          ဇရာပဲလေ..ဇရာ..။” ဆိုတာလည်း တရားနာရပါတယ်

Leave a Reply