Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိတ်ရူး

etoneAugust 9, 20111min55417

လူတကိုယ်လုံးမှာ ဗလောင်းဗလဲ အလုပ်နိုင်ဆုံး ကတော့ စိတ်ပါပဲ ။ သွားချင်တာလည်း ဒီစိတ် ၊ စားချင်တာလည်း ဒီစိတ် ၊ လိုချင်တာလည်း ဒီစိတ် ၊မလိုချင်တာလည်း ဒီစိတ် … ပြည့်ဝတာလည်း ဒီစိတ် … ယုတ်မာတာလည်း ဒီစိတ်ပါပဲ …. ။ တနေ့တည်းမှာပဲ စိတ်အမျိုးမျိုးပြောင်းနေကြတာလဲ ကြုံဖူးကြမှာပါ …။ တစ်ခါတစ်လေ စိတ်ရဲ့ လှုပ်ရှားမှူ ဖြစ်စဉ်တွေကို ကိုယ်ခန္ဓာက လိုက်မလုပ်နိုင်တဲ့အခါ …. လူက ဘာမှန်းမသိအောင် ယောင်တောင်တောင် ဖြစ်နေတတ်တာကို စိတ်လေတယ်လို့ ခေါ်မလားပဲ … ။ သင်တို့ရော … တစ်ခါတစ်လေ … ယောင်တောင် ပေါင်တောင်နဲ့ … လေဖူးလား ? ဖြစ်ဖူးကြမှာပါပဲ … ။
ဒီရက်ပိုင်းအတွင်း စိတ်ထဲ အစာ သိပ်မကြေတာနဲ့ …. ကျွန်မလည်း လေ နေမိတော့တယ် … ။ ဘာကိုမှ အာရုံစူးစိုက်မှူ မရှိချင်ပဲ ….. အိပ်ယာထဲ လှဲပြီးသာ နေချင်တာပါ…. ။ တစ်ယောက်တည်း တောင်တွေးမြောက်တွေးနဲ့ …. ဝေလေလေ လုပ်နေမိပါရဲ့ …. ။ တစ်ခါတစ်လေ … အလကားနေရင်း ငိုချင်မိသလိုလို … အားငယ်မိသလိုလို ဖြစ်တတ်ပြန်တယ် … တကယ်တမ်းကျွန်မမှာ ဘယ်ကိစ္စကမှ အားငယ်လောက်စရာ ငိုချင်စရာကောင်းတာ မျိုး မရှိပါပဲ … စိတ်ကိုက ကြံဖန် အရူးကွက်နင်းချင်နေတာပါ … ။ ဒါကို စိတ်ဓါတ်ကျတယ်လို့များ ခေါ်မလားပဲ … ။ဒီပရက်ရှင်ဝင်တယ်ခေါ်မလား …. တစ်ခုခုကို အာရုံမစိုက်ချင်ပဲ … ဘာကိစ္စကမှ အရေးမကြီးသလို .. ဘာကိုမှလည်း မလုပ်ချင်တဲ့ စိတ်မို ့… ဒီရက်ပိုင်း စာတွေ မရေး ၊ မဖတ်ဖြစ်ခဲ့ဘူး … ။ ရွာထဲဝင်လည်း ခဏပဲ … စာတွေတောင်သေချာ မဖတ်နိုင်ခဲ့တာ .. စာရေးဖို့လည်း ..ဘယ်လိုမှ အာရုံမရခဲ့ဘူး …။
ထစ်ခနဲ ဒေါသထွက်တတ်တဲ့ ကျွန်မက ထူးထူးခြားခြား ဒီရက်ပိုင်းမှာ အလွန်စိတ်ရှည်နေတာလည်း အံ့ဩမိပြန်တယ် … တစ်ခုခုဆို ဖြစ်တတ်ပါတယ်ဆိုတာမျိုးနဲ့ .. အကောင်းမြင် …နှစ်သိမ့်တတ်တဲ့ အကျင့်က ကျွန်မရဲ့ နဂိုစိတ်မဟုတ်တာတော့ သေချာပါတယ် … ။ ကျွန်မ ပင်ကိုယ်စိတ်က အမြဲတမ်းဖျက်လတ်နေပြီး မဟုတ်လျှင် မခံ ဇာတ်ဇာတ်ကျဲ ပါပဲ … …. ။ ယခုကိုယ်ခန္ဓာထဲ ပရလောကသား တကောင်ကောင်များ ပူးကပ်ခြင်း ခံနေရပြီလားလို့ … ဇဝေဇဝါဖြစ်မိပါတယ် ။ ဒါကြောင့်လည်း … ရှေးစကားပုံတွေမှာ စိတ်နဲ့ ပတ်သတ်တာတွေ … ပြောခဲ့ကြတာကိုး ။
“စိတ်ထောင်း ကိုယ်ကြေတဲ့လား …. ” အစကတော့ နားမလည်ခဲ့ပါဘူး … အပိုတွေ ပြောတာပါလို့ အမှူမဲ့ အမှတ်မဲ့နေခဲ့ပေမဲ့ … အခုတော့ လက်ခံလိုက်ရပါပြီ ….. ။ ဘာစိတ်ထောင်းနေမှန်း မသိတဲ့ ကျွန်မခန္ဓာကိုယ်လည်း ယုံကြည်မှူတွေ တစစီ ကွဲကြေနေတယ်လို့… ခံစားမိတယ် … ။ ရေရေရာရာ ဘာဖြစ်နေလဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်တော့လည်း … ဘာမှကို မဖြစ်ပါဘူး … ။ ဒါဆို အလကားနေရင်း စိတ်ကျတယ်လို့ပဲ ခေါင်းစဉ်တပ်ရမလား …ရူးကြောင်ကြောင်ဖြစ်တယ်လို့ .. ပြောရမလား …ဝေခွဲမရနိုင်အောင်ပါပဲ … ။
ဒါကြောင့်လည်း … ရှေးလူကြီးတွေ လက်ထက်မှာ ခေတ်စားခဲ့တဲ့ … စိတ်စွမ်းအင်နဲ့ ခိုင်းစေခြင်းတွေ … အိပ်မွှေ့ချခြင်း အတတ်တွေ .. တကယ် ရှိခဲ့တာပါပဲ … ။ စိတ် တက်ကြွချိန် ၊ စိတ် ဓါတ်ကျ ချိန်တွေပေါ် မူတည်ပြီး …. ပတ်ဝန်းကျင်ကို တုံ့ ပြန်မှူလည်း …ကွာခြားသွားပါတယ် …. ။ စိတ်ဓါတ်ကျနေတဲ့အချိန် ဘယ်သူနဲ ့မှ စကားမပြောချင်ပဲ သီးသန့် …တယောက်တည်း … အခန်အောင်းနေချင်တာကလည်း …ဖြစ်ရိုးဖြစ်စဉ်တစ်ခုတဲ့လား … ပျော်ရွှင် တတ်ကြွချိန်မှာတော့ …. တယောက်တည်း သီးသန့် …အခန်းအောင်းဖို့ဝေးလို့ …. တွေ့ကရာလူ သွား သုံးဆယ့်နှစ်ချောင်းပေါ်အောင် ပြုံးပြတတ်တဲ့ စိတ်ရဲ့ …. စွမ်းအင်ကိုလည်း … ချီးကျူးမိပါရဲ့ … ။ ဒါကြောင့်လည်း…. ဆယ့်နှစ်မျိုး ဟင်းချိုလို အမျိုးမျိုးဖြစ်နေတဲ့ စိတ်တွေ ဖောက်ပြန်တဲ့အခါ …. ကုသဖို့ စိတ်ကျန်းမာရေး ဆေးရုံဆိုတာမျိုးတွေ … ရှိလာခဲ့တာဖြစ်ပါလိမ့်မယ် … ။
စိတ်ညစ်တဲ့အခါ ဖြေဖျောက်တဲ့ နည်းတွေကတော့ …..ဖြစ်ပေါ်လာတဲ့ အကြောင်းရာကို မြစ်ဖျားခံပြီး … အသုံးပြုပုံ ကွာခြားသွားပေမဲ့ .. စိတ်လေခြင်း ၊ စိတ်ကျခြင်းကိုတော့ .. ဘယ်လို ကုထုံးမျိုးနဲ့ပြောင်းလဲပစ်ရမလဲ … သေချာ မစဉ်းစားခဲ့မိဖူးပါဘူး … ။ စိတ်တည်ငြိမ်ဖို့အတွက် တရားထိုင်ခြင်းအလုပ် ကြိုးစားလုပ်ခဲ့ပေမဲ့ …. အချည်းနှီးသာ ဖြစ်ခဲ့ပါတယ် … ။
ကိုယ့်စိတ်ကိုယ်တောင် မထိန်းချုပ်နိုင်တဲ့ အနေထားမျိုး ကြာရှည်လာပြီဆိုလျှင် …. ဘေးပတ်ဝန်းကျင်ကတောင် …ကိုယ့်ကို ပုံမှန်မဟုတ်တဲ့ လူအဖြစ် အမြင်ပြောင်းလဲသွားနိုင်ပါတယ် …။ တတ်ကြွလွန်းလျှင်လည်း …. စိတ်ကစဉ့်ကလျားဖြစ်တယ်လို့ ပြောခံရဦးမယ် …. ။ လေလွင့် စိတ်ကျခြင်း ဖြစ်နေလျှင်လည်း ….လေးလံထိုင်းမှိုင်းတယ်ဆိုတာမျိုး … ပြောဆိုကြသေးတယ် … ။ တကယ်တော့ … အများလက်ခံထားတဲ့.. အရူးရဲ့ စိတ်နဲ့ ကျွန်မတို့ တနေ့တွင်းဖြစ်ပေါ်နေတဲ့ စိတ်အမျိုးမျိုး … ကွာခြားမှူမှ သိပ်မရှိပါဘူး …။ အရူးကတော့… ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်တဲ့ ကာလ ကြာရှည်မယ် … လူကောင်းကတော့ … တိုမယ် … ဒါလေးပဲ ကွာခြားမယ်လို့ ထင်မိပါတယ် … ။ စိတ်တစ်ခုထဲပေမဲ့ သိစိတ်နဲ ့ မသိစိတ် ပေါင်းစပ်ဖွဲ့စည်းထားတာမို့ … ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ဖို့ … အတော်လေး အချိန်ယူကျင့်ကြံရမှာဖြစ်တယ်ဆိုတာ နားလည် သဘောပေါက်မိပါတော့တယ် ။
ရွာသူရွာသားတို့လည်း စိတ်နဲ့ ပတ်သတ်တဲ့ ရောဂါများဖြစ်ပွားခြင်း….မှ ကင်းဝေးကြပါစေနော် ။ 😀

17 comments

  • ပေစုတ်စုတ်

    August 9, 2011 at 4:31 pm

    အမ etone စတ္တဇဆေးရုံ လှမ်းခေါ်ပေးရတော့မလား.. လိုနေရင်ပြောနော.. 😛

  • နွယ်ပင်

    August 9, 2011 at 4:46 pm

    ဟုတ်ပ etone ရယ် ဒီစိတ်လောက် အထိန်းရခက်တာ ဒီစိတ်ပဲ
    ကိုယ်ကတစ်ခုလုပ်မလို့ ရှိသေးတယ် ဒီစိတ်က နောက်တစ်ခုတွေးနေပြီ အသင့်ဖြစ်နေပြီ
    စိတ်ရူးကလဲ ပေါက်ပေါက်နိုင်လွန်းတယ် တစ်နေ့တည်းအမျိုးမျိုးပြောင်းနေတာ
    အဲတာကြောင့် ကိုယ်တိုင်တောင်မကျောင်းတော့ဘူး သူများကို ကျောင်းခိုင်းမလားလို့ စိတ် (ဆိတ်) တွေ အထိန်းရခက်လွန်းလို့ပါ ….. 😛

  • pan pan

    August 9, 2011 at 4:50 pm

    လူ့စိတ် မျောက်စိတ်ဆိုတာ အလကားပြောကြတာမဟုတ်ဘူးပေါ့
    မျောက်တစ်ကောင်ရဲ့စိတ်နဲ့တူတယ်လို့ ပြောချင်တာမဟုတ်ဘူးထင်တယ်
    မျောက်တွေအငြိမ်မနေဘဲ ဟိုလွှဲဒီလွှဲဖြစ်နေလို့ လူ့စိတ်ဆိုတာလည်း ခဏတွင်းပြောင်းလဲနိုင်တာကိုပြောတာဖြစ်မယ်
    ခုဒီဟာ နောက်ဟိုဟာဆိုတာမျိုးလည်းဖြစ်နိုင်သလို မအီးတုံးပြောသလို စိတ်ဓါတ်ကျတာ ပျော်ရွှင်တာလည်း အကြောင်းမယ်မယ်ရရမရှိဘဲ ပြောင်းလဲလွယ်တာကို ပြောချင်တယ်ထင်တယ်
    ကိုယ့်စိတ်ကိုယ်ထိန်းနိုင်ဖို့က ကိုယ့်စိတ်ထဲဘာဖြစ်နေလဲဆိုတာ အရင်ဆုံးသိဖို့တော့လိုတယ်နော်

  • Shwe Ei

    August 9, 2011 at 4:54 pm

    ကိုယ်လည်း လူထဲကလူ၊ သူလည်းစိတ်ထဲက စိတ်မို့
    စိတ်လေတာကို ဒီအတိုင်းဘဲ လက်ခံပေးလိုက်ရင် သူ့အလိုလိုပျောက်သွားမယ်ထင်ပါတယ်။

  • nozomi

    August 9, 2011 at 5:18 pm

    သနားပါတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုဖြစ်ရတယ်လို့ စိတ်တောင်မကောင်းဘူး 🙂
    စိတ်ကြီးတာလေးကလွဲလို့ ရုပ်ချော သဘောကောင်း စာအရေးအသားပါကောင်းတဲ့သူလေးပါ

  • MaMa

    August 9, 2011 at 7:23 pm

    ဒါမှ လစ်ဘရယ်သမား ကွ။ ဇတ်ဇတ်ကျဲ etone မှာလည်း စိတ်လေချိန် ရှိသေးတာပဲကိုး။
    😉

  • thit min

    August 9, 2011 at 7:26 pm

    စိတ်ကြီး ံပြီး အာရုံစူးစိုက်လုပ ်တတ်တဲ့ တတ်ကြွလွန်းတဲ့လူတွေ မှာ အလ ိုမကျ တာများလာ ရင် ဖြစ် ပါတယ် တရားထိုင်လို့မရပါ.. စိတ ်ညောင်း တာလို့ကျွန်တော်ကိုုယ ်ဟာကို အမည် ပေးထားပါတယ်……ကျွန်တော်ခဏခဏ ဖြစ် ပါတယ် …ဘယ်သူနဲ ့မှ စကားမပြောချင်ပဲ သီးသန့် …တယောက်တည်း … အခန်အောင်းနေတာမက Hand Phone ကိုတောင်ပ ိတ်ထားတာပါ……ဆေး
    ကတော့…အများကိုကူညီခြင်းပါ….အများကိုကူညီခြင်းအလုပ်ကိုကြိုးစားလုပ်လိုက်ပါ……ကူညီနေရင်း ကိုယ့်ကိုယ်ကို ပြန်”ရ”လာမှာပါ..

  • naywoonni

    August 9, 2011 at 7:41 pm

    စိတ်….စိတ် … စိတ် ..ပါကွယ်..။ ကုသိုလ်ဖြစ်တာလဲ ဒီစိတ် …။ အကုသိုလ် ဖြစ်စေတာလည်း ဒီစိတ်..။ ချစ်တာလည်း ဒီစိတ် မုန်တီးတာလည်း ဒီစိတ် ..။ သူ ကစွယ်စုံ ဖြစ်နေတာ..။

    • akswe

      August 10, 2011 at 12:58 pm

      စိတ်….စိတ် … စိတ် ..ပါကွယ်..။ ကုသိုလ်ဖြစ်တာလဲ ဒီစိတ် …။ အကုသိုလ် ဖြစ်စေတာလည်း ဒီစိတ်..။ ချစ်တာလည်း ဒီစိတ် မုန်တီးတာလည်း ဒီစိတ် ..။ သူ ကစွယ်စုံ ဖြစ်နေတာ..။

      အဘနီရေ…. ရေးထားတဲ့စိတ် တွေကို ရေ ကြည့်တာ စုစုပေါင်း( ၇) စိတ် ဆိုတော. တစ်လုံး တစ်ပိုင်းနဲ့ တစ်စိတ် ကွက်တိပဲ နှစ်ယောက်စာ ကောင်းကောင်း လောက်တယ်…ပြောရင်း သောက်ချင်လာပြီ…

  • windtalker

    August 9, 2011 at 8:03 pm

    ကိုယ့် စိတ်ထဲ မှာ ဘာဖြစ်နေသလဲ
    ဘာဖြစ်ချင်သလဲ သိတယ်ဆိုတာ ကို က
    ပညာရှိခြင်း ၊ အဆိုးအကောင်း ဝေဖန်သုံးသပ်နိုင်ခြင်း လို ့ပဲ
    ထင်မိပါတယ်

  • စိတ်ရူးပေါက်သွားရင်
    စိတ်ကူးသလောက်
    ရှေ့ကိုရောက်လို့
    မတူခြားနားတဲ့
    အတွေးတောင်ရလာတတ်ပါသတဲ့။

    စိတ်ထွေပြားရင်တော့
    အိပ်နေတာတောင်
    အတွေးတွေက ဟိုရောက်ဒီရောက်
    နောက်ကလိုက်လို့တောင်မမှီဘူးတဲ့။

    စိတ်တွေလေရင်တော့
    သေချင်စိတ်တောင်ပေါက်တတ်လို့
    အစွန်အဖျားနားတောင်သွားမရပ်နဲ့လို့မှာတတ်ပါတယ်။

    စိတ်တက်ကြွလွန်းရင်တော့
    ထက်မြက်တယ်လို့ထင်ရလောက်အောင်
    ပေါက်ကရတွေလုပ်တတ်ပါသတဲ့။
    စိတ်တွေနေရင်တော့
    သေချာတာ ချစ်သူနဲ့မုန်းဘို့ပါဘဲတဲ့။
    စိတ်တွေပျော်ရင်တော့
    ကဗျာသီချင်းအလှနဲ့စာတွေထွက်လာပါသတဲ့။
    ကဲ အခု ငါ့စိတ်တွေဘယ်ထဲများပါနေမလဲ?

    • Shwe Ei

      August 10, 2011 at 12:13 pm

      ဦးပေါက် ကောမန့်ကြိုက်လို့ ကူးသွားပြီနော်။

  • ကြောင်ကြီး

    August 10, 2011 at 9:31 am

    အဲဒါ ကယောင်ခြောက်ခြား ကယော်ကမြည် ကလေကဝ ကလေကလွင့် အရည်မရ အဖတ်မရ ပေါက်ပန်းဈေး ဟိုလိုလိုဒီလိုလို အလေနတ်တော ယောင်ခြောက်ဆယ် ဖြစ်တယ်ခေါ်တယ်။

  • တညင်သား

    August 10, 2011 at 9:38 am

    ဟုတ်ပါတယ် ဖြစ်တက်ပါတယ်..အဲဒါဖြစ်ပြီးသိပ်မကြာပါဘူး………..

  • Snowy

    August 11, 2011 at 10:37 am

    တစ်ခါတစ်လေ မှာဖြစ်တတ်တာတွေပါ အထူးသဖြင့်အလုပ်လုပ်နေတဲ့သူတွေမှာ အဖြစ်များပါတယ် စိတ်ရဲ့ အလိုမကျ မှုလေးတွေပါ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲတွေ ဆိုလဲမမှားပါဘူး ဘုရားတရားသာ ဖိလုပ်နေလိုက်ပေါ့ Snowy ဆိုရင် အဲဒီအချိန်တွေမှာ အမှားအများဆုံးလုပ်တတ်တယ် 🙂

  • weiwei

    August 11, 2011 at 12:03 pm

    အခုတလော အရူးလုပ်ခံရတာ မကြာသေးတော့ စိတ်လေနေတာ … အီးတုန်းစိတ်လေတာကို ဖတ်လိုက်ရတော့ ပိုတောင်စိတ်လေချင်သွားတယ် ….
    အမတို့ဌာနမှာ အရူးလက်မှတ်ယူထားတဲ့သူတစ်ယောက်ရှိတယ် … သူပြောချင်ရာပြော လုပ်ချင်ရာလုပ်နေတာကို သူများတွေက မခံချင်ပေမယ့် ခွင့်လွှတ်ထားရတယ် … သူ့ခဗျာ စိတ်မမှန်ရှာဘူးကိုးဆိုပြီးတော့ပေါ့ …
    အခုတော့ သူ့ကြောင့် သူများတွေပါ အရူးလက်မှတ်ယူချင်စိတ်ပေါက်နေကြပြီ … 😛

    • etone

      August 11, 2011 at 2:42 pm

      အော… ဟိုတလောက မဝေတို့ကို အချိုးတွေပြောင်းပြီး ခိုင်းတဲ့ အရူးပါးမို့လား … ။ မဝေတောင် သူ့ခမျာ ချုပ်တီးရတဲ့စိတ်တွေကြောင့် ဒီလိုဖြစ်ရတာဆိုပြီး သနားနေသေးတာလေ… ။
      တချို့ က တကယ်ရူးတာ မဝေရဲ့ .. တချို့က ရူးချင်ယောင် ဆောင်တောင်… ။ အယောင်ဆောင်ကလည်း အရူးလက်မှတ်ရသေးတဲ့အဖြစ် တကယ်ရှိတယ် .. ။

Leave a Reply