ကျွန်မ အတွေးသက်သက်ပါ
အချိန်က—မိုးတွေ တအုံးအုံးနဲ ့ရွာကောင်းနေတဲ့ အချိန်။မြိ ု့လေးရဲ ့လမ်းပေါ်မှာ မိုးရေချိ ုးနေကြတဲ့ ကောင်လေးတသိုက် ဘောလုံးကစားနေကြလေရဲ ့။သူတို ့ဘောလုံးကစားနေကြတာ ကွင်းပြင်မှာမဟုတ် ဘောလုံးကစားဖို ့သတ်မှတ်ထားတဲ့နေရာမဟုတ်။ကတ္တရာလမ်းပေါ်မှာသာဖြစ်တယ်။ဒီလို မိုးကောင်းကောင်းရွာပီဆို သူတို ့ကစားနေကြ၊သွားလာနေကြလမ်းကလေးကတော့ သူ ့တာဝန်တွေ ထမ်းဆောင်ရတာဘဲကြာလာလို ့လား၊သူနေမကောင်းလို ့များလား သူ ့ကျောပြင်မှာထွက်လာတဲ့အနာတွေကြောင့် ကားလည်းသွားမရ၊ဘောလုံးကန်မယ်နေနေသာသာ လမ်းတောင်ဖြောင့်အောင်မနည်းကြိ ုးစားသွားရတော့တယ်။အချိန်တွေတရွေ ့ရွေ ့နဲ ့ကြာလာလိုက်တာ ပြင်မယ့်သူ တစ်နည်းလမ်းကလေး ကိုဆေးကုမယ့်သူပေါ်လာပါတယ်—-ကလေးတွေလဲအရွယ်ရောက် ပြောင်းရွှေ ့သွားကြတဲ့သူတွေကလဲ သွားကြပေါ့–လမ်းပေါ်မှာ ကစားတာအန္တရယ်ရှိပါတယ် ဆိုတဲ့အသိလေးဘဲကိန်းအောင်းသွားကြလို ့များလား လမ်းကလေးပေါ်မှာ မိုးရွာရင် ဘောလုံးကန်မယ့်ကလေးတွေ၊လသာညတွေမှာညောင်ပင်တစ္ဆေဝေလေလေ ကစားမယ့်သူတွေ။ထုပ်စည်းထိုးကြမယ့် မိန်းကလေးအဖော်တွေ ကျွန်မငေးရင်း မျှော်နေမိပါတယ်–အော် ငါ အသက်လဲကြီးပါပီ. ကစားရင်ကိုးရို ့ကားယား ဖြစ်ပါတော့မလား အတွေးတော့ ဝင်လာစမြဲပေါ့ –ဒါပေမယ့် ကျွန်မရင်ထဲက ချစ်တဲ့ ဇာတ်မြိ ု့လေး ချစ်ရတဲ့မောင်တယောက် လွမ်းတိုင်းပြန်ခဲ့ချင်ပါတယ် ဆိုလာတိုင်း သတိတရနဲ ့အတူတူရှိခဲ့ကြတဲ့ မြိ ု့ကလေးရဲ ့အမှတ်တရနေရာအချိ ု့ရယ် ကျွန်မရင်ထဲမှာ လတ်ဆတ်ဆဲပါမောင်——-(ဇာတိ ဒွါဝတီမြိ ု့ကလေးကိုသတိတရရှိလို ့ပါ)
20 comments
မီးမီး သော်
August 14, 2011 at 10:39 pm
ကွန်နက်ရှင်မကောင်းတော့ ပထမတစ်ခေါက် title ပါမသွားပါဘူး။သူကြီးရေ ကူပြီးဖျက်ပေးပါဦး။မရေးတတ်ရေးတတ်နဲ ့စပြီးရေးတာဖြစ်တော့ ဝင်ဖတ်ပေးသူတိုင်းကို ကျေးဇူးပါနော်
ကိုပေါက်(မန္တလေး)
August 14, 2011 at 10:50 pm
ကစားဖော်ကိုလွမ်းသလား
မောင့်ကိုလွမ်းသလား
မောင်လာမယ့်လမ်းကိုလွမ်းသလား
့ကဲကျုပ်လဲကြားထဲကဝင်လွမ်းလို်က်အုံးမယ်
လွမ်းတယ်မေရေ……………………………
PaukPhaw
August 14, 2011 at 11:20 pm
ကျုပ်လဲ ကြားထဲက ဝင်လွမ်းလိုက်ဦးမယ်..
လွမ်းတယ် မ.ရေ… 😛
စကားမစပ်..
မီးမီးသော်က ဒွါဝတီ ကလားဗျ..
ကျုပ်လဲ ရန်ကုန်ကပဲ ဆိုတော့.. ဇာတိတူတာပေါ့ဗျာ
😀
pooch
August 14, 2011 at 11:43 pm
ဒါွဝတီကလား အနော်ကလည်း တောင်ငူကဆိုတော့ နီးတာပေါ့နော် ဟီး…..နောက်တာပါ 😛
မီးမီး သော်
August 15, 2011 at 11:35 am
ဒွါဝတီ ဆိုတာက ဒွါရာဝတီ သံတွဲမြိ ု့လေးကိုပြောတာပါရှင်။အားလုံးကလဲ နောက်မလို ့ဘဲကြံနေကြတယ်နော်။ရွာသားတွေမလွယ်ဘူး။ကြောက်စရာကြီးးး
pooch
August 15, 2011 at 3:33 pm
မီးမီးကလည်း အနော်က ရွာသားဟုတ်ဖူး ရွာသူ မန်းလေးမှာ နေလို့ ကျနော်ဖြစ်နေတာ 😛
windtalker
August 15, 2011 at 12:01 am
အို မောင်ရယ်
လမို်က်ညတုန်းက လေ
မီးကလဲ ပျက်
မောင်နဲ ့ကျွန်မတို ့ဘာလုပ်ခဲ့သလဲ
မှတ်မိသေးပါရဲ ့ လား ဟင်
တီဗီမှာ ကြေငြာတဲ့
ရွှေဘက်ထရီ အိုးကြီးကို
မောင် ပြေး ပြီး မယူလာတာလေ
ွကျွန်မ က ဘက်ထရီ ငုတ်ကို
ညှပ်လိုက်တော့
မောင့်ဟာ နဲ ့မှားညှပ်မိခဲ့တာလေ
မောင့်လက် ကို ပြောပါတယ်
အားအား နဲ ့မောင် အရမ်းအော်တာလေ
ကျွန်မ ကတောင် မောင်အရမ်းနာသွားလား လို ့
ချွေးသိမ့်ပေးခဲ့တာလေ
အဲဒီည က ပေါ့
မောင်အရမ်းဆိုးခဲ့တာ
အိမ်က လူကြီးတွေ အိပ်ပါပြီ ဆိုတာကို
မရဘူး ဒီတစ်ပုဒ်ဆိုပြီး ပြန်မှာပါ ဆိုပြီး
တို ့နဂါးနီ သီချင်း ကို
အားရပါးရ
မောင် ဆိုသွားခဲ့တာတွေ လေ
ကျွန်မ အခုထိ လွမ်းမိဆဲပါ
မိုက်ကယ်ဂျော်နီအောင်ပု
August 15, 2011 at 9:41 am
သဲထိပ်ရင်ဖို ရှိလိုက်တာ
မီးပျက်တာနဲ့ ဘာလုပ်သလဲမှတ်တယ်
ဘက်ထရီအိုးကြီးမ.. ပြီး
မှားညှပ်လိုက်တာ ခြေထောက်ကိုတဲ့
ခုခေတ်ကလေးတွေကတော့ညောင်ပင်တစ္ဆေတွေဘာတွေ မကစားတော့လောက်ပါဘူး
အရွယ်လေးအတန်ရလာတာနဲ့ စိတ်ဝင်စားရာလိင်တွေကို မျက်စောင်းထိုးကြတော့တာပါဘဲ
ဪ……….လောကလောက
ပေါများလှတဲ့ မိန်းမလှလေးတွေကြားမှာ ကိုယ်တစ်ယောက်ထည်း
ရှာဖွေစားသောက်နေရတဲ့ဘဝက ဘယ်တော့များလွတ်မှာပါလိမ့်?
မီးမီး သော်
August 15, 2011 at 11:51 am
မိုက်ကယ်ကတော့ ကိုယ့်ဘဝကို ကိုယ်တိုင်နစ်မွန်းအောင်လုပ်နေတာကိုး။ရှင်ကတော့လေ—-ဘာတွေရှာဖွေစားသောက်နေရတာလဲ။ဝမ်းရေးတော့ မဟုတ်ပါဘူးနော်။သတိထားပါရှင် ရောဂါဆိုးတွေဒီလောက်ပေါတဲ့ခေတ်မှာ–;)
မီးမီး သော်
August 15, 2011 at 11:45 am
အယ် ကိုလေပွ ရေ —ရှင်မပြေးတော့နဲ ့။ဟိုးတုန်းကတော့ ချစ်လှပါချီရဲ ့ဆို ခုတော့ ပျောက်ချက်သားကောင်းနေရာကနေပြန်ပေါ်လာပီ။ကျွန်မရှင့်ကိုစောင့်နေတာကြာပီ။ကိုယ့်ပြဿနာကိုယ်လာရှင်းနော်။ရှင့်ကို သတ်ပစ်ချင်ခဲ့တာ —လည်ပင်းကိုညှစ်ပြီးသတ်မလို ့ ဟိ ဟိ
thit min
August 15, 2011 at 11:57 am
Post is story (zat lan). Comments are plays (pya zat). Anyway, I like it.
မီးမီး သော်
August 15, 2011 at 12:27 pm
ကိုသစ်မင်းရေ ကျေးဇူးပါ ခုလိုထင်မြင်ချက်လေးပေးလို ့ပါနော်။နောက်ထပ်ရေးမယ် ဆိုရင်တော့ဒီထက်ကောင်းအောင်ကြိ ုးစားရေးပေါ့မယ်။အားနည်းနေပါသေးတယ်။ကိုယ်ရေးတဲ့စာကိုယ်ပြန်ဖတ်ရတာရှက်စရာကြီးပါလား။
susunosuki
August 15, 2011 at 12:36 pm
ဟမ် ……….သစ်မင်းကသေပြီဆို။
တလောလေးကပဲ ကင်ဆာနဲ့။
မီးမီး သော်
August 15, 2011 at 1:01 pm
ဟယ် ဟုတ်ရဲ ့လားမီး မသိလိုက်လို ့နော်။တကယ်ပြောတာလား။ဒါဆို ဒီတယောက်က နာမည်တူတာလား
???????
ရွှေဘိုသား
August 15, 2011 at 2:20 pm
ကိုပေ. ဇာတ်လမ်းက ပိုပြီး ပွဲဆူသွားတယ်
မ မီးမီးသော်ကလည်း လမ်းပေါ်မှာ အဝေးရောက်နေတဲ. မောင်နဲ.ဘောကန်ဖူးတယ်ထင်တယ် ဘယ်သူနိုင်လည်း
ပူးတွဲဆု ယူသွားတာပဲ ဖြစ်မှာပါနော်
ပြောရအုံးမယ် ရွာသားတွေမကြောက်နဲ.ဗျ အကုန်လုံး ဘောကောင်းပါတယ်
ဟဲဟဲ မှားလို. သဘော ကောင်းပါတယ်ဗျ
မီးမီး သော်
August 15, 2011 at 3:17 pm
အယ် ကိုရွှေဘိုသားကတော့လုပ်ချလိုက်ပီ။သူ ကဘောလုံးကန်ကောင်းတယ်လေ။အဲးါကြောင့်ပါရှင်။တလွဲမတွေးပါနဲ ့။ရွာသားတွေသဘောမနောကောင်းတာသိပါတယ်။ကျွန်မကို အားပေးဖတ်ရှုကြတဲ့အတွက်ကျေးဇူးပါရှင်
chatsu
August 15, 2011 at 3:44 pm
လွမ်းစရာရှိတဲ့သူလွမ်းကြပေါ့ ဒါပေမဲ့ငိုတော့မငိုနဲ့ ရေတွေကြီးနေတာ
ဒုခရောက်မလုပ်နဲ့ ……………..ဟိဟိဟိ
မီးမီး သော်
August 15, 2011 at 10:53 pm
ဘယ်လို ဒုခ ပါလိမ့် chatsu ရေ။နားမလည်ပါဘူး။ရေတွေကြီးနေတယ်ဆိုတော့ ခုထိရေမကျသေးတာဘယ်မြိ ု့ကပါလိမ့်
Gipsy
August 15, 2011 at 11:59 pm
မီးမီးသော်ရေ…. ဒွါဝတီ စာလုံးပေါင်းမှားနေတယ်…ဒါွရာဝတီ ပါ…
စာလုံးပေါင်းတွေ နဲနဲဂရုစိုက်စေချင်ပါတယ်…( ဆရာဝင်လုပ်မိပါတယ်)…
ပီးတော့ အောက်ကမြင့် တွေ နေရာလွဲနေပါတယ်….
မီးမီး သော်
August 16, 2011 at 11:11 am
အော် အင်း ဟုတ်သားပါလား။ကျေးဇူးပါဘဲနော်။ခုလို ဝေဖန်ပေးတော့ ပြင်ပေါ့မယ်ရှင်