အိမ်
“ ကိုရေ အိမ်ခွဲ နေကြရအောင် နော် …၊ ကို လဲ အားလုံး ကို သိနေတာပဲ ”
“ အေးပါကွာ… ကို အခု အရမ်းကြိုးစားနေတာပဲလေ..၊ ခဏတော့ သည်းညည်းခံ လိုက်ပါဦးကွာ…နော် ”
ကိုကို နှင့် မမ တို ့သည် ညားခါစ လင်မယား ဖြစ်သည် ။
ပထမ ၊ မင်္ဂလာဆောင်ပြီး ကိုကို ့မိဘများ အိမ်တွင် နေကြသည် ။
သိကြသည့်အတိုင်း ညားခါစ ဆိုတော့ ချစ်မဝ ၊ ပြုံးတစ်ပျော်ပျော် ၊ စစနောက်နောက် ဖြင့်ပေါ့
လူကြီး များ နှင့် ကိုကို ့မောင်နှမ များ ကြားတွင်တော့ မျက်စိနောက်ကုန်ကြသည် ။
ထို ့အပြင် ကိုကို နှင့် မမ က အသက်ကွာသည် ။ ကိုကို က မမ ထက် ၅ နှစ် ပိုကြီး တော့ ၊မမ က ကိုကို ့အပေါ် နွဲ ့ဆိုး ဆိုးသည် ။ ကလေးဆန် ချင်သည် ။
ထိုအခါ လူကြီးများ နှင့် မောင်နှမ များ က ဗျစ်တောက်ဗျစ်တောက် ဖြစ်ကုန်ကြသည် ။
မကျေနပ်ကြောင်း လေသံ ထွက်လာသည် ။ စောင်းမြောင်းချင်လာသည် ။ ကိုကို နှင့် မမ တို ့နေရ ကြပ်လာသည် ။ စိတ်ဆင်းရဲ လာသည် ။ မပျော်တော့ ။
သို ့ဖြင့် ၊ ကိုကို နှင့် မမ ၊ မမ တို ့မိဘ များ အိမ် သို ့ပြောင်းနေကြ ပြန်သည် ။
ကိုကို ့အလုပ် က မိုးချုပ်တာ များသည် ။ မမ က နားလည် ခွင့်လွတ်သည် ။ ရံဖန်ရံခါ ည ၁ နာရီ ကျော်မှ ကိုကို အိမ်ပြန်ရောက်သည် ။
မမ ကတော့ မယားအလိမ္မာလေး ပီပီ ထိုအချိန်ထိ စောင့်ကြိုသည် ။ ထိုအချိန်ကြီး မှ ရေချိုးခန်း ဝင် ၊ မျက်နှာသစ် ၊ ခြေဆေး လုပ် ။
ပြီးလျှင် ညားကာစ လင်မယား သဘာဝ တီတီတာတာ ချစ်စကားများ ဆိုကြလေသည် ။
မနက်ကြ လျှင် လည်း ၊ ညက ဂျူတီရှိသဖြင့် ကိုကို ့မှာ ရ နာရီ ကျော်မှ အိပ်ယာ ထနိုင်သည် ။ ထိုအခါ မမ မိဘ များ နှင့် မောင်နှမ များက ငပျင်းဟု သတ်မှတ်ကြသည် ။
မမ ကို လည်း လင်ကို အလိုလိုက်လွန်းသည် ၊ အသည် ၊ စသည်ဖြင့် စကားသံများ ထွက်လာသည် ။
ထိုအခါ ကိုကို တို ့လင်မယား နေရကြပ်လာပြန်သည် ။ စိတ်ဆင်းရဲ ကြ ရပြန်သည် ။
ကိုကို ရသော ဝင်ငွေ ဖြင့် အိမ်ငှားနေမည် ဆိုလျှင် နေနိုင်သည် ။ သို ့သော် ကိုကို ၏ စိတ်ကူး အရ ၊ အိမ်ငှားနေလည်း နှစ်ကြာတော့ တိုက်ခန်း တစ်ခန်း စာ ရောက်သွားတာပဲ ဟု ။
သို ့နှင့် တိုက်ခန်း တစ်ခန်း အမြန်ဆုံး ဝယ်နိုင်ရေး ၊ ငွေစုကြတော့ သည် ။ တိုက်ခန်း ဝယ်မည် ဆိုမှ တိုက်ခန်း ဈေးများ က လည်း မသေး ။
ကိုကို နှင့် မမ လိုချင်သည့် တိုက်ခန်း ပုံစံ နှင့် တည်နေရာ အရ ၊ ဈေးနှုန်း မှာ သိန်း ၃၀ဝ အထက် ရှိသည် ။
ကိုကို ၏ တစ်လ ဝင်ငွေ က ၃၅၀၀၀ဝ ကျပ် ၊ မမ ၏ တစ်လ ဝင်ငွေ က ၁သိန်းကျပ် ။
နှစ်ဦးပေါင်း ၅ သိန်း နီးပါး ရပြီး တစ်လ စားစရိတ် ၊ အဝတ်အစား စရိတ် ၊ လူမှုရေး အသုံး စသဖြင့် အထွေထွေ နှုတ်လိုက်လျှင် ၂ သိန်း ကျပ် သာ ပိုသည် ။
တစ်လ ၂ သိန်းကျပ် ၊ တစ်နှစ် ၂၄ သိန်း ၊ ၁ဝ နှစ် မှ သိန်း ၂၄ဝ ။
လိုချင်သော တိုက်ခန်း က ယနေ ့ဈေး သိန်း ၃၀ဝ ကျော် ၊ နောင် ၁ဝ နှစ်ကျော်လျှင် သည် ဈေးဖြင့် ရမည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင် ။
သည်တော့ ကိုကို တို ့လင်မယား ခဗျာ ဗျာများ ကြရသည် ။
မိဘ များ ထံ မှ လည်း လက်ဖြန် ့တောင်းဖို ့က မသင့်တော် ၊ ပေးမည် ဟု လည်း မမျှော်လင့်ရဲ ။
ထီတစ်အုပ် ကို လတိုင်း ထိုးသော်လည်း ထီပေါက်ဖို ့ကံ က မပါလာ ဟုထင်သည် ။ ယနေ ့ထိ ၁သောင်းကျပ်တောင် မရခဲ့ဖူး ။
ကိုကို တစ်ယောက် စိတ်မကြည် ၊ စိတ်ညစ်နေသဖြင့် ၊ အလုပ် လုပ်ချိန် တွင်ပါ မျက်နှာ သိပ်မကောင်း ဖြစ်နေသည် ။ ရံဖန် ရံခါ တစ်လွဲတစ်ချော် အမှားတွေ ဖြစ်ကုန်သည် ။
ကိုကို ့အခြေအနေ ကို စောင့်ကြည့်နေသော ကိုကို ့မန်နေဂျာ က ခေါ်မေးတော့သည် ။
“ ကိုကို ၊ မင်း အခုတစ်လော ဘာတွေ ဖြစ်နေသလဲ ၊ အလုပ် ကို စိတ်မပါသလို ပဲ ၊ ဟိုနေ ့က မင်းတင်တဲ့ စာရင်းတွေ လဲ တလွဲတွေ ချည်းပဲ ၊ အလုပ် ထွက်ချင်နေပြီလား ”
ကိုကို လည်း မန်နေဂျာ ကို ၊ သူ ့အဖြစ်အပျက် တွေ အကုန် ရှင်းပြလိုက်သည် ။ မန်နေဂျာ လည်း နားလည်သဘောပေါက်သွားသည် ။
“ အေးကွာ…မင်း တို ့ဟာ က အိမ်ပြောင်းနေသင့်တာပေါ့ ၊ ခက်တာက…တိုက်ခန်းဈေး ၊ အိမ်ဈေးတွေ က လည်း နည်းမှ မနည်းတာ.. ၊ငါတောင် မိဘတွေ အမွေပေးခဲ့လို ့အခုနေတဲ့ အိမ် မှာ နေနိုင်တာ ၊ ငါ့ ပိုက်ဆံ နဲ ့ငါဆို ၊ ဘယ်ဝယ်နိုင်မလဲ ….”
“ မြို ့ပြင်ဘက် ၊ မြို ့သစ်ထဲ မှာဆိုရင် သိန်း၁၀ဝ ပတ်ချာလောက် နဲ ့ရနိုင်ပေမယ့် ၊ ကျွန်တော်တို ့လင်မယား က မနေချင်ကြဘူးလေ ၊ မြို ့ထဲ ကြတော့ လည်း ၊ သည်ငွေလောက် နဲ ့ဆို ၊ တိုက်ခန်း ပဲ ရနိုင်မှာပေါ့ ၊ တိုက်ခန်းဆိုပေမယ့်လည်း နှစ်၃ဝ ဂရမ် နဲ ့ဆိုတော့ ၊ မဆိုးဘူး လို ့ထင်ပြီး ၊ ဝယ်ချင်နေတာပါဗျာ ”
“ အေးကွာ..၊ ဒီတစ်ခါ ဘော့စ် နဲ ့လချုပ် မီတင်း (meeting) ကြရင် ၊ မင်း ကိစ္စ ကို ထည့်ပြောကြည့်ပါဦးမယ် ၊ မင်း လဲ ဒီကုမ်ပဏီ မှာ လုပ်သက် ၃ နှစ်ကျော်ပြီ မလား ၊ ငါ မင်းအတွက် တစ်ချက် ပြောကြည့်ဦးမယ် ၊ အဆင်ပြေမယ့် နည်းလမ်းတော့ ရှိလာမှာပါ ၊ ဘာမှ စိတ်မပျက်နဲ ့၊ ယောက်ျားပဲကွာ ၊ ကြိုးစားရမှာပေါ့ ၊ အလုပ် ကို စိတ်နှစ်ပြီး သေချာလုပ်ကွာ…. ဟုတ်ပြီလား ”
“ ဟုတ်ကဲ့ပါ ခင်ဗျာ ၊ ဂျာကြီး က အခုလို ကူညီပြောပေးမယ် ဆိုရင်တော့ အရမ်းကျေးဇူးတင်ပါတယ် ၊ တစ်ခုခု ဖြစ်လာပါစေ လို ့လဲ မျှော်လင့်မိပါတယ် ခင်ဗျာ ”
သို ့နှင့် ၊ ကိုကို တို ့ကုမ်ပဏီ လချုပ် အစည်းအဝေး တွင် ၊ ရုံးကိစ္စ လိုအပ်သည် များ ၊ စာရင်းရှင်းတမ်း များ ပြုလုပ်အပြီး ၊ မန်နေဂျာ သည် ဘော့စ် ကို အကြောင်းအရာ တစ်ခု အဖြစ် တင်ပြလိုက်သည် ။ ကိုကို ၏ လုပ်သက် ၊ ကြိုးစားပုံ ၊ ရိုးသားပုံ ၊ အလုပ်အပေါ် သစ္စာရှိမှု များ ကို တင်ပြပြီး ကိုကို ကြုံတွေ ့နေရသည့် အခက်အခဲ ကို ပြောပြလိုက်သည် ။ ထိုအခါ ဘော့စ် က ၊ ကိုကို နှင့် စကားပြောချင် သည် ဟု ဆင့်ခေါ်လာသည် ။
ကိုကို တစ်ယောက် လည်း မဝံ့မရဲ နှင့် ၊ ကုတ်ကုတ် ကလေး ဘော့စ် ရှေ ့ရောက်လာသည် ။
“ လာကွာ….ကိုကို ၊ ထိုင်ပါ ”
“ ဟုတ်ကဲ့ပါ ခင်ဗျာ ၊ ဘော့စ် က ကျွန်တော့် ကို ခေါ်တယ် လို ့ဂျာကြီး က ပြောလိုက်လို ့ ၊ လာခဲ့တာပါ ခင်ဗျ ”
“ အေးကွာ..၊ ဂျာကြီး က မင်း အကြောင်းတွေ ပြောသွားပါတယ် ၊ မင်း ရဲ ့အလုပ်ကျွမ်းကျင် မှု ၊ အလုပ် ကြိုးစားမှု ၊ တို ့ကုမ်ပဏီ အပေါ် သစ္စာ စောင့်သိမှု ၊ မင်း ရဲ ့လုပ်သက် တွေ နဲ ့ တကွ ၊ မင်း အခု ဖြစ်နေတဲ့ အခက်အခဲ လေး တွေ ကို ပါ ပြောသွားတယ် ၊ အဲဒါကတော့ မင်းရဲ ့ပါစင်နယ် အပိုင်းပေါ့လေ ”
ကိုကို တစ်ယောက် ရိုကျိုးစွာဖြင့် ၊ ဘော့စ် ၏ မျက်နှာ ကို မဝံ့မရဲ ကြည့်ကာ ၊ စောင့်မျှော်နေသည် ။
“ ဒီလို ကွာ ၊ ငါ့မှာလည်း အစီအစဉ် ရှိပါတယ် ။ မင်းတို ့လို လုပ်သက်ရင့် ဝန်ထမ်းကောင်းတွေ အတွက်ပေါ့ ၊ ပထမ ဆုံး မင်းကို မေးချင်တာ က ၊မင်းအနေနဲ ့ တို ့ ကုမ်ပဏီ မှာ နောက်ထပ် ၁ဝ နှစ် လောက် အထိ ၊ အခုလို မျိုး သစ္စာရှိရှိ ၊ အာရုံတစ်စိုက် ၊ ဆက်လုပ် နိုင် မလား ၊ မင်း အခု စဉ်းစားပြီး ဖြေ ”
ကိုကို တစ်ယောက် ထခုန်မိ မတက် ဝမ်းသာသွားသည် ။ သို ့သော် စိတ်ကို မနည်း ပြန် ထိန်း ပြီး
“ ဟုတ်ကဲ့…၊ ကျွန်တော့် အနေ နဲ ့ ဘော့စ် တို ့ကျွန်တော့် ကို အလိုရှိတယ် ဆိုရင် နောက် ၁၅ နှစ်လောက်ထိ လုပ်နိုင်ပါတယ် ”
“ ဒါနဲ ့မင်း အခု လခ က ဘယ်လောက် ရတာလဲ ၊ လုပ်သက် ၃ နှစ်ကျော်ပြီ ဆိုတော့…တိုးထားတာနဲ ့ဆိုရင် ဘယ်လောက် လဲ ”
“ အခု ကျွန်တော် ၃သိန်းခွဲ ပါ ခင်ဗျ ၊ ကုမ်ပဏီ စည်းမျဉ်း အရ ၊ နောက်နှစ်ဆိုရင် ၃ သိန်း၈ သောင်းရမှာပါ ”
“ မင်းမိသားစု အနေ နဲ ့တစ်လ ကို ၁ သိန်းခွဲ ဆိုရင် စားလောက်မလား ၊ ငါပြောချင်တာ နေလို ့ဖြစ်မလား ”
ကိုကို တစ်ယောက် စဉ်းစားခန်း ဝင်ရပြန်သည် ။
“ ဟုတ်ကဲ့..၊ ကျွန်တော့် မိန်းမ က လည်း တစ်လ ကို ၁ သိန်း ဝင်ငွေ ရှိပါတယ် ။ ကျွန်တော့် အနေနဲ ့တစ်လ ၁ သိန်းခွဲ ဆိုရင် ဖြစ်ပါတယ် ။ ”
“ ဒါဆိုရင် ၊ ငါ စီစဉ်ထားတာက ဒီလိုကွာ…။ မင်း လိုချင်နေတဲ့ တိုက်ခန်း က သိန်း၃၀ဝကျော်နော် ”
“ သိန်း ၃၅ဝ ဆိုရင် ကျွန်တော်တို ့အတွက် ကောင်းကောင်းကြီး အဆင်ပြေပါပြီ ”
“ ကောင်းပြီ..၊ ငါ က ကုမ်ပဏီ အနေနဲ ့ မင်း ကို ဝယ်ပေးမယ် ၊ နောက်ထပ် တစ်ခြား မင်းလို ဝန်ထမ်းကောင်းတွေ ကို လည်း လိုအပ်တာကို ကူညီမယ် ၊ တစ်ခုတော့ ရှိတယ် ၊ မင်းအနေ နဲ ့ ကုမ်ပဏီ ကို သိန်း၄၀ဝ ပြန်ဆပ် ရမယ် ၊ မင်း အခု တစ်လ ကို ၃သိန်းခွဲ လခ ထဲ က တစ်လ ကို ၂ သိန်း ဖြတ်မယ် ၊ နောက်နှစ်ကြရင်တော့ လခ ထပ်တိုးမှာဆိုတော့ ၊ မင်းအတွက် ပို အဆင်ပြေမှာပါ ၊ မင်းအနေနဲ ့ပိုဆပ်ချင်လဲ ရတယ် ၊ ဒါပေမယ့် အကြွေးမကျေမချင်း ၊ မင်း…ငါ့ ကုမ်ပဏီ က အလုပ်မထွက်ပါဘူး လို ့စာချုပ် ချုပ် ရမယ် ။ ဘယ်လို လဲ ….မင်း သဘောတူလား ”
ကိုကို တစ်ယောက် အဝမ်းသာကြီး ဝမ်းသာသွားသည် ။ ချက်ချင်းပင်
“ ဘော့စ် သာ အဲဒီလို လုပ်ပေးမယ်ဆိုရင် ကျွန်တော့် အတွက် ရွှေမိုးရွာလိုက်သလိုပါပဲ ၊ ဘော့စ် ရယ် ၊ ကျွန်တော် လက်ခံပါတယ် ၊ သဘောတူပါတယ် ၊ စာချုပ်လည်း ချုပ်ပါ့မယ် ၊ ဘော့စ် ကို လည်း အရမ်းကျေးဇူးတင်ပါတယ် ”
“ ကောင်းပြီလေ ၊ လာမယ့် တနင်္လာနေ ့ကြရင် ၊ ဒီကိစ္စ ကို အကောင်အထည် ဖော်ကြတာပေါ့ ၊ အခုတော့ မင်းလည်း ပြန်နိုင်ပါပြီ ”
“ ဟုတ်ကဲ့ပါခင်ဗျာ ၊ အရမ်းကျေးဇူးတင်ပါတယ် ဆိုတာ ပြောပါရစေနော် ၊ သွားခွင့် ပြု ပါဦး ခင်ဗျာ ”
ကိုကို တစ်ယောက် ဝမ်းသာစွာ ဖြင့် အိမ်ပြန်လာခဲ့သည် ။ မမ ကို သည်အကြောင်းတွေ ပြောပြလိုက်တော့ လင်မယား နှစ်ယောက် လုံး ပျော်လိုက်ကြသည်ကိုး ။
“ ကို… တစ်ကယ်ပြောနေတာနော် ၊ မနောက်ရဘူးနော် ”
“ အော်..မိန်းမ ရယ် ၊ ဒါနောက်စရာ လား ၊ ကိုတောင် ပျော်လွန်းလို ့၊ အခု ပြီးပြီးချင်း မိန်းမ ဆီ ပြေးလာတာသာ ကြည့်တော့ ”
“ ဝမ်းသာလိုက်တာ ကိုရယ် ၊ ဒီလို သူဌေးမျိုးတွေ မ တို ့နိုင်ငံ မှာ များလာခဲ့မယ် ဆိုရင် ၊ မ တို ့လို တစ်ကယ်လိုအပ်နေတဲ့ ၊ အလုပ်ကို တစ်ကယ်ကြိုးစား ကြသူတွေ အတွက် ၊ တစ်ကယ် အကျိုးရှိလိုက်မယ့် ဖြစ်ခြင်းနော် ”
“ ဒါကတော့ ကွာ…၊ ကို တို ့အဖြစ်ကို လူသိအောင် ၊ ကို တို ့သူဌေးရဲ ့လုပ်ရပ် ကို ကောင်းမှု တစ်ခုအနေ နဲ ့ကို တို ့က ကြေငြာပေးရမှာပေါ့ ၊ ဒါမှ လည်း ကိုတို ့သူဌေးလို မျိုး သူဌေးတွေ ပေါ်လာမှာပေါ့ ၊ မရဲ ့၊ မကောင်းဘူးလား ”
“ အင်းပါ ၊ ကိုရယ်..စိတ်ချပါ ၊ နောက်နေ ့ရုံးရောက်တာနဲ ့ ၊ ကို ့ သူဌေးအကြောင်း ပြောပြီးသား သာ မှတ် ”
မမ မိဘတွေ ကတော့ သိန်း၄၀ဝ ပြန်ဆပ် ရမည့် ကိစ္စ ကို ပြောနေကြသည် ။ ကိုကို တို ့လင်မယား က တော့ မမှု ၊ သူတို ့လခ နှင့် စုဝယ်ရန် ဝေးလွန်းသည့် တိုက်ခန်း ကို ၊ ယခု လို သိန်း၅ဝ ပိုဆပ်ရရုံဖြင့် ပိုင်ဆိုင်ရတော့မည် အနေအထား ကို ကျေနပ် ဝမ်းသာမိကြသည် ။ နောက်ပြီး ၊ သူတို ့လင်မယား အနေဖြင့် မည်သူ ့ကို မှ လည်း အောက်ကြို ့ခံ ၊ ငွေချေး စရာ မလို ၊ အကူအညီ တောင်းစရာ မလို ပဲ ၊ ကိုယ့် လုပ်အားခ ကိုယ့်ဝင်ငွေ ဖြင့် ကိုယ်လိုချင်တာ ကို ပိုင်ဆိုင်ကြတော့မည် မဟုတ်ပါလား ။
ပြီးပါပြီ ။
ကဲ..စာဖတ်သူတွေ ကော ဘယ်လို ထင်ပါသလဲ ၊ ကျွန်တော် က တော့ စိတ်ကူးယဉ် ခံစား ပြီး ရေးတင်လိုက်ပါပြီ ။ ဒီလို ဖြစ်ရပ်မျိုးတွေ မရှိဘူး မဟုတ်ဘူး ၊ ရှိနေပါပြီ ၊ နည်းတော့ နည်းနေသေးတာပေါ့ နော် ။ လူသိများလာပြီး ၊ တတ်နိုင်သူ များ က လိုက်လုပ်လာနိုင်အောင် လို ့တော့ စာဖတ်သူ များ က တစ်ဆင့် ပြန်ဖြန် ့ကြပါကုန် ။
အားလုံးကို ကျေးဇူးတင်ပါတယ် ။
25 comments
နွယ်ပင်
August 15, 2011 at 3:12 pm
မိဘ အိမ်နေရတာကလည်း သေချာတွေးကြည့်ရင်မဆိုးပါဘူးလေ
အိမ်မှာဆို တံမြတ်စည်းရန်မလို ၊ ဘုရားပန်းအမြဲ လဲရန်မလို ၊ မီတာ သွားဆောင်ရန်မလို
နောက် ရေခဲသေတ္တာဝယ်ရန်မလို ၊ အဝတ်လျှော်စက်ဝယ်ရန်မလို …….. မလို …. မလို …မလို
ရေးပြရင် တော်တော်များသါားမယ် မလိုတာတွေကို … 🙂
တစ်ခါတစ်ရံ ဟင်းချက်စရာတောင်မလိုဘူး …
တစ်ခုပဲ မိဘတွေ အမြင်ကပ်အောင်တော့ ညားကာစဆိုပြီး သပ်ပူးကပ်မနေရဘူးပေါ့လေ
ကျန်တာ တွေက သိပ်ပြောရလောက်အောင်မဆိုးဘူးပဲ
ကိုယ်တွေ့နော် …. အဟက် 😛
windtalker
August 15, 2011 at 3:23 pm
ဟုတ်ပါတယ်
မိဘရဲ ့အိမ် ဟာ လူပျို လူလွတ် သားသမီး တွေ အတွက်တော့
တစ်ကယ်ကို အအေးမြဆုံး ၊ အနွေးထွေးဆုံး ၊အလုံခြုံဆုံးသော နေရာပါ
အဲဒါ အမှန်တရားပါ
ဘာအပူအပင် မှ မရှိ
ပိုက်ဆံလည်း တပြားမှ မကုန်ပဲ
ကိုယ့်မိဘ အိမ် မှာ ကိုယ် ရှင်သန် ကြီးပြင်းလာခဲ့တယ်
အိမ်ထောင်နဲ ့ဖြစ်လာပြီ ဆိုရင်တော့
အားလုံးအဆင်ပြေဖို ့စဉ်းစားရပါတယ်
ယောက်ျား နဲ ့အဖေအမေ၊အကို၊မောင်၊ညီမ
မိန်းမ နဲ ့အဖေအမေ၊အကိုအမ၊ညီ၊ညီမ အဆင်မပြေ ဖြစ်တတ်ပါတယ်
အဲဒီလို ဖြစ်တဲ့ လင်မယား တွေ နေရာမှာ
ဝင်ခံစားပြီး ရေးကြည့်တာပါ ။
မနွယ်ပင် က အပျိုကြီး မဟုတ်ကြောင်း
ဝင်ကြေငြာ သွားလို ့
ကြေငြာခလေးတော့ ပေးသင့်ပါကြောင်း
ဟီဟိ
Shwe Ei
August 15, 2011 at 3:29 pm
အကြွေးမကျေမခြင်းအလုပ်မထွက်ရဘူးဆိုတဲ့ ကိတ်စကြီးကဆိုးတယ်နော်။
အကြောင်းတခုရှိလို့ မဖြစ်မနေအလုပ်ထွက်ရပါပြီတဲ့၊ ဒါမှမဟုတ် လခ၂ဆလောက်တိုးပေးနိုင်သူရှိလို့ ထွက်ချင်ပါပြီတဲ့ သိန်း ၄၀ဝကျေအောင်ဆပ်ပြီးမှ အလုပ်ထွက်ခွင့်ရတော့မှာပေါ့။
Foreign Resident
August 15, 2011 at 3:37 pm
If I were Boss, I will not do this deal.
Apartment price = 350
Total repay = 400
Monthly repay = 2
Total repay period = 200 month = 16 years 8 months
OK, let calculate the interest of 350 ( for 16y 8m )
recent bank interest rate = 11 %
350 Lakhs @ 11% for 16y 8m = 641.7 Lakhs ( interest alone )
So, if you put 350 in bank today, then, after 16 years & 8 months,
you will get = 350 + 641.7 = 991.7 ( from Bank )
If you give to Ko Ko, you will get only 400.
Moreover, even you can trust Ko Ko & his character,
But, you cannot trust destiny/fate.
let say, if Ko Ko is dead or Apartment is lost because of fire or etc.
So, it does not seem good business move.
chitlay
August 15, 2011 at 3:41 pm
ဒါပေမယ့် ဒါက စိတ်ကူးယဉ်ဇာတ်လမ်းပဲဖြစ်မှာပါ။ အပြင်မှာ အဲ့လိုသူဌေးမျိုး မရှိပါဘူး …
ရုံးက သူဌေးတောင် ခွင့်ယူရင် နောက်နေ့ရုံးပြန်တက်ရင် ဆေးစာယူလာပြရမယ်တဲ့လေ …
လစာကျတော့လဲ ရုံးပျက်ရင် သူတို့စိတ်ကြိုက်ဖြတ်နေပြီးတော့ … personal ကိစ္စရှိရင်တောင် မသွားရမယ့်ပုံမျိုးပါပဲ … windtalker ပြောသလို သူဌေးမျိုးအပြင်မှာရှိရင် သူ့ company မှာတောင် ပြောင်းပြီး လုပ်ချင်သေးတယ်။
photwenty
August 15, 2011 at 4:09 pm
ကိုရှုံးရဲ.တွက်ချက်မှုလဲဟုတ်ပါတယ်
တဖက်ကပြန်တွက်ကြည်.မယ်ဗျာ တက်ကယ်လို.အဲ.ဒီလူက ရုံးအတွက်အရမ်းကိုအားကိုးအားထားပြုရမယ်.သူဖြစ်မယ်ဆိုရင်တော.ဒီလောက်စာချုပ်က သူဌေးတစ်ယောက်အနေနဲ.လုပ်နိုင်ပါတယ် ဘာဖြစ်လို.လဲဆိုတော.က company တစ်ခုအနေနဲ. ဝန်ထမ်းသစ်နဲ.ကျွမ်းကျင်ဝန်ထမ်းအရမ်းကိုကွာပါတယ် အမြော်အမြင်ရှိတဲ.သူဌေးတွေလုပ်ကြပါတယ် တချို.ဆိုကားတွေဘာတွေတောင်ဝယ်ပေးထားတာတွေ.ဖူးပါတယ် အခုနောက်ပိုင်းဆိုရင် company တော်တော်များများမှာ လုပ်သက်ရင်.ပြီးကျွမ်းကျင်တဲ.ဝန်ထမ်းတော်တော်ရှားနေတာကိုသတိပြုမိကြမှာပါ
PaukPhaw
August 15, 2011 at 4:28 pm
“အိမ်”ဆိုတာ အရေးကြီးဆုံးပဲဗျ.
ဒါကြောင့် ကိုငဲရဲ့ နောက်ဆုံးထွက်ခဲ့တဲ့ “ကိုး” ဆိုတဲ့အယ်လ်ဘမ်ထဲမှာ တို ့နှစ်ယောက်အတွက် “အိမ်”လိုချင်တယ်
လို ့တောင် ဆိုထားသေးတယ်
ကျုပ်တို ့လို ဘဝသမားတွေအတွက်လဲ ကျောခင်းစရာ အိမ်..လိုတာပဲ ဗျ
ညားခါစလင်မယားတွေလဲ အိမ်လို မှာပဲဗျ…
အချုပ်အချယ်ကင်းတဲ့ ကိုယ်ပိုင်အိမ် နေချင်သူတွေလဲ ရှိသဗျ..
ဝတ္ထုထဲက ဘော့စ်လိုလူမျိုး.ရှိနိုင်ပေမဲ့ ကျုပ်တော့ တွေ ့ဖူးသေးဘူးဗျ..
ကျုပ်ဘောစိဆို လကုန်တာတောင် အတိတ်မေ့ လို ့ ကောင်းနေတုန်းပဲ….
ရွှေအိမ်စည်
August 15, 2011 at 4:38 pm
သိန်း40000000 ဆိုရင်ဘဏ်တိုးက တလ-480000..
တနှစ်ဆိုရင်အတိုးရငွေ-5760000/
အိမ်တန်ဘိုးက သိန်းလေးရာမကတော့ဘူး45760000
တန်သွားပြီ…..(တနှစ်စာ)
တလ200000 နဲ ့ဆပ်ရင် တောင်လပေါင်း-200 ဆပ်ရမယ်…..
ဆက်တွက်ကြည့်…..အိမ်တန်ဘိုးကဘယ်လောက်တက်နေပြီလည်းဆိုတာ…တွက်ကြည့်တော့
ကိုယ်လည်းငွေကြေရော..အိမ်တန်ဖိုးက အရမ်းများနေပြီ……
ပြန်ရောင်းရင်တောင်မြတ်နိုင်ပါ့မလား…..
စီးပွားရေးရှု ့ထောင့်ကဆိုရင်တော့ဆော်ရီးဘဲ..ဒါကိုဒီလိုဝယ်ဖို ့မတွေးဘူး…..
*****************************
ဒါကတော့တို ့သူဌေးနဲ ့ကွာတယ်..
တနေ့ ကုန်အင်တာနက်ဖရီးသုံးရတယ်…
တလပေါ်ဆန်းတစ်အိတ် ဆီ၃ပိသာ
၅နှစ်ပြည့်ရင်HPတစ်လုံး..အပိုင်ပေးတယ်
၁၅နှစ်ပြည့်ရင်..တိုက်ခန်းတစ်ခန်းအပိုင်ပေးတယ်
တနှစ်ပြည့်တိုင်း သိန်း၃ဝဆယ်ပေးတယ်….
*******************
ကြွေးနဲ ့တော့မဝယ်ချင်ဘူး…….မိဘနြ ့တည့်အောင်နေတတ်တဲ ့နည်းဘဲသင်ပေးလိုက်တော့
အရာရာကစိတ်သာထားတတ်ရင်..ပျော်စရာပါ…
အကယ်လို ့အပြင်မှာရှိခဲ ့ရင်လည်း..သင်ပေးလိုက်.ပေါ့..လောကမှာမိဘဆိုတာဘယ်တော့မှအစားပြန်မရဘူး.လေ
စိတ်သာထားတတ်ရင်ယောက်ခမလည်းမိဘဖြစ်လာနိုင်တာပါတယ်
pan pan
August 15, 2011 at 5:00 pm
အားလုံးအပြောအရတော့ ဒီဝတ္ထုထဲကဘော့စ်က တော်တော်သဘောကောင်းတာပဲ
ဒါပေမယ့် စီးပွားရေးသမားတော်တော်များများက အကျိုးအမြတ်မကျန်ရင် အလုပ်မလုပ်ဘူးတဲ့
စာချုပ်ချုပ်ပြီး နောက်ကွယ်မှာဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်
ကိုယ်ရလိုက်တာလေးပဲကြည့်ရင် ငါးမျှားချိတ်မမြင်မှာစိုးတယ်
သူဌေးအတွက်က သိန်းသုံးလေးရာက ကိစ္စမရှိဘူး
weiwei
August 15, 2011 at 5:32 pm
ကိုယ်တိုင်ကလဲ လခစားမို့လို့ ဝန်ထမ်းဘက်ကနေပဲ ခံစားကြည့်လိုက်မယ် …
အိမ်ဆိုတာ အရေးကြီးတာတော့ မှန်ပါတယ် …
ကိုယ်မနိုင်တဲ့ပမာဏအထိတော့ မစဉ်းစားသင့်သေးဘူး … ကံကြမ္မာကို ဘယ်သူမှမပြောနိုင်ဘူးလေ … တစ်သက်လုံးလခစားလုပ်နေရမယ်ဆိုတာကလဲ အဓိပါယ်မရှိပါဘူး .. အဲဒီတော့ လောလောဆယ် သိန်း ၁၀ဝ လောက်နဲ့ တိုက်ခန်းသေးသေးတစ်ခုနဲ့ အရင်နေပြီးမှ နောင်အဆင်ပြေလာရင် ပိုကောင်းတာဝယ်ပြီး ပြောင်းနေလို့ရတာပဲ … ၁၅ နှစ်လောက်ကြီး စာချုပ်ချုပ်ပြီး သူများဆီမှာ အလုပ်လုပ်ရမှာကတော့ ထောင်ကျသွားသလိုခံစားရမှာမို့ ကျွန်မသာဆိုရင်တော့ မလုပ်ဘူး …
manawphyulay
August 15, 2011 at 5:45 pm
ဒီလိုကျတော့လည်း ဘော့စ်က မဆိုးဘူးပဲ။ တစ်နည်းက ဝန်ထမ်းကောင်းကိုလည်း ချည်ပြီး တုတ်ပြီးသား ဖြစ်သွားတာပေါ့။ သူက လစာကိုကော အဲလောက်ပေးထားလို့လားဟင်
Foreign Resident
August 16, 2011 at 4:11 am
Hey, Ma Naw Phyu Lay,
လစာ ၃သိန်းခွဲ ဆိုတော့ မနဲဘူး 😛
Are you interesting now ? 😛
ကိုပေါက်(မန္တလေး)
August 15, 2011 at 5:58 pm
မဝေနဲ့ကျနော်သဘောတရားချင်းတိုက်ဆိုင်တယ်။
လိုတော့ လိုချင်တယ် အိမ်တစ်လုံး။
15နှစ်လုံးလုံး ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အောင့်အီးနေရမှာတော့
ကျနော့် စိတ်နဲ့ အဆင်မပြေလောက်ဘူး။
အိမ်တန်ဘိုးတက်လာမှာသာ မြင်တာကိုး
ကို့ဘယ်က သူကျေနပ်အောင် 15နှစ်လုံးလုံးနေပြရမှာ လွယ်မယ်မထင်လောက်ဘူးနော်။
တကယ်အိမ်မရှိရင် ဒီထက် တန်ဘို့းနည်းတဲ့ နှစ်တိုတိုနဲ့ပြန်ဆပ်နိုင်လောက်မယ် ငွေပမဏလောက်ရှိတဲ့
အိမ်ကိုဘဲဝယ်မယ.်ဗျာ။
R Ga
August 15, 2011 at 6:27 pm
အိမ် အနွေးထွေးဆုံး အိမ်…တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်။
အငဲသီချင်းတောင်သွားသတိရသလိုပဲ..။ ကိုယ်ဘဝရဲ့ ကိုယ်ပိုင်အိမ်တစ်ခု ဖြစ်လာဖို့အိပ်မက်ကတော့..တော်တော်ညတာ ရှည်တဲ့အိပ်မက်တစ်ခုပဲဗျာ.။
alinsett
August 15, 2011 at 7:19 pm
အာ ဂ ရေ… မင်းနဲ ့ကိုယ် လည်း အိမ်ကို မျှော်လင့်တာချင်းတူနေပြီ။
Windtalker ရေးတာ ကို သေချာ ဖတ်ကြည့်တော့ …(ဇာတ်လမ်းကိုတော့ မဝေဖန်တော့ဘူးနော် ။)
စာအရေးအသား သွက်တယ် ။ ဝါရင် ့စာရေးဆရာ တစ်ယောက်လို ပဲ…. သဒ္ဒါ ဝါကျ ဖွဲ ့တာ တော်တော် ကောင်းပါတယ် ။
ဒီ ့ထက် ကောင်းတဲ ့ ဒီထက် ပို ပြော လို ့ရတဲ ့စာတွေ ရေးနိုင်မယ် ့လက်လို ့ မြင်ပါတယ် ။
စာရေးဆရာကောင်းတစ်ယောက် ဖြစ်နိုင်တယ် ။ အခုတောင် ဖြစ်နေတာလား မသိ။
ဆက် အားပေးနေမယ် ။
windtalker
August 15, 2011 at 8:01 pm
ကျေးဇူးတင်ပါတယ်
အလင်းစက် ရေ
ကြိုးစားနေပါတယ်နော်
အားပေးစကား ကြားရတဲ့အတွက်
အတိုင်းအထက်အလွန်
ဝမ်းသာမိပါတယ်
nature
August 15, 2011 at 8:43 pm
လစာ ၃သိန်းခွဲ ဆိုတော့ မနဲဘူး။ အဆင့်မြင့် အားကိုးရတဲ့ ဝန်ထမ်းဖြစ်မယ်။ သိန်း ၃၅ဝဆို အပြင်တိုး အနဲဆုံး ၂ကျပ်တိုးနဲ့ပဲတွက် တလ ရသိန်း ။တနှစ် ကို ၈၄သိန်း ။ ၁ဝနှစ်ကို ၈၄ဝသိန်း ။ ၁၅ နှစ်ကို သိန်း ၁၂၆၀။ ချေးယူတဲ့ဝန်ထမ်းဟာ အင်မတန် တန်ပါတယ်။ သူက အတိုး သိန်း ၅ဝ ပဲပေးရမယ်။ လစာထဲကလဲ စောင့်ဖြတ်မယ်ဆိုတော့ သိပ်ပူစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ဒါမျိုးသူဌေးနဲ့တွေ့ရင်တော့ သစ္စာရှိရှိ ရေရှည်လုပ်သင့်ပါတယ်။
MaMa
August 15, 2011 at 9:11 pm
ကိုင်း ကိုင်း မောင်ပေရေ- မပြောမပြီး၊ မတီးမမြည်ဆိုသလို ဖွားဆူးလိုပဲ ဘွားတော် ကလည်း ပြောရဦးမယ်။ မောင်ပေက ပညာရှိသတိဖြစ်ခဲဆိုသလို အမှတ်တမဲ့ ရေးမိပေမယ့် ဖတ်ရတဲ့သူမှာ စိတ်စနိုးစနောင့် ဖြစ်ရတာမို့ ပညာရှိမောင်ပေက သတိထားပြီး ရွာထဲမှာ မရှိတဲ့နာမည်လေးတွေ ရွေးသုံးရင် အားလုံးအတွက် အဆင်ပြေစေပါလိမ့်မယ်။ ရှေ့ဆက်ပြီး မောင်ပေလည်း ကိုယ်နှစ်သက်တဲ့ စာပေများစွာကို ရေးသားနိုင်ပြီး သက်ရှည်ကျန်းမာစွာဖြင့် သူတော်ကောင်းတရားများ ပွားများအားထုတ်နိုင်ပါစေလို့ ဘွားတော်က လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။
windtalker
August 15, 2011 at 9:42 pm
ဟုတ်
ကျွန်တော် တောင်းပန်ပါတယ်နော်
ဒီနာမည်လေး က ရေးတဲ့အခါ မှတ်ရလွယ်၊ရေးရလွယ် လို ့ဆိုပြီး
ဂေဇက်ထဲက မမ ကို မေ့မေ့သွားတယ်
နောင်ကို ရေးတဲ့အခါ
မသုံးမိစေဖို ့ဆင်ခြင်ပါတော့မယ်
MaMa
August 15, 2011 at 9:52 pm
တော်လိုက်တဲ့ကလေး။ လိမ္မာလိုက်တာ ဘုန်းကြီးပါစေ။ သက်ရှည်ပါစေ။
ကိုပေါက်(မန္တလေး)
August 15, 2011 at 9:54 pm
ဒီမယ် မောင်ပေ မင်း ဒီ မမ နာမယ်ကိုဆက်သုံးမယ်ဆိုရင်
မမ ကနာမယ်ပြောင်းရတော့မယ်
ရာဇသံပေးလိုက်တယ်နော်
ဂွမ်………………………………
windtalker
August 15, 2011 at 9:57 pm
ဟောဗျာ
မမ က နာမည် ပြောင်းစရာ မလိုပါဘူး အန်ကယ်ပေါက်ရယ်
သား က နောင်ကို ဇါတ်ကောင် နာမည်ပေးရင်
ဆင်ခြင်တော့မှာပဲ ဟာ
ဒါနဲ ့စကားမစပ်
အန်ကယ်ပေါက်
ဘယ်ရောက်နေပါသလဲ
အိမ်က သုံးနေပါသလား
ဆိုင်က သုံးနေပါသလား
ဖြေကြားပေးပါ
ဂျီတော့ ရှိရင် ဂျီတော့ပေးပါနော်
ကိုပေါက်(မန္တလေး)
August 15, 2011 at 10:18 pm
လေးပေါက်သုံးရင် ဆိုင်မှာပိုက်ဆံပေးသုံးပါတယ်
ဂျီတော့ ရှိတယ် ဘယ်လိုပေးရမလဲကွယ်
သူများတွေသိကုန်မှာပေါ့ ။
မင်းဟိုတစ်ခါပြောတဲ့ မယုံရင်မေးကြည့်ဆိုတဲ့လူဆီမှလေးပေါက်အကောင့်ရှိပါတယ်။
အန်ကယ်လို့ ခေါ်နဲ့နော်
အန်ကယ်လို့ခေါ်ရင်အသက်ကြီးသွားသလိုခံစားရတယ်ကွာ
ဦးလို့ခေါ်ရင်တော့ ငယ်သွားသလိုဘဲ။
မင်းက ငယ်သေးတော့ ဒီဖီလင်တွေ
ဘယ်သိမလဲနော်
ဈေးချို 28လမ်းက ဦးကျောက်မြည်းရှည်ဆိုင်ကိုသွား ကိုပေါက်နဲ့တွေ့ချင်တယ်လို့ပြော
သူက လိုက်ပို့ပေးလိမ့်မယ်နော်
naywoonni
August 15, 2011 at 10:43 pm
မမတဲ့လား…။ တစ်ယောက်ထဲ မူပိုင်ပေါ့….။ ငယ်ငယ်ကတော့ ကြားဖူးတယ်…။ ကဗျာထဲမှာ ဂန္တဝင်မမလို့ မသုံးရဖူးလို့……။ ဘာလို့လဲဆိုတော့ ဆရာအောင်ချိမ့်ရဲ့ ကဗျာ ခေါင်းစဉ်မို့ပါတဲ့…။ သူ့ရဲ့ ပညာကိုလေးစားသောအားဖြင့် နောက်ပေါက် ကဗျာသမားတွေက ယူမသုံးကြဘူးပေါ့….။ နောက် လေနုအေး ဆိုတဲ့စာလုံးမျိုး ဆရာဒဂုန်တာရာရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထု တစ်ပုဒ်က အဖွင့်စာသား…။ ” လေနုအေးက နော့ဆဲကို” နောက်မသုံးရတဲ့ စကားလုံးတွေရှိပါသေးရဲ့…။ ဝေါဒစ္စနေအပြာတို့ ဝတ်လစ်စလစ်လမ်းမတို့…။ နောက်ပိုင်းကျတော့ အဲဒိလို စည်းမထားကြတော့ဘူး……။ မသိလို့ယူသုံးလိုက်တာရယ်….။ တစ်မင်ပဲ ဖတ်တဲ့သူတွေ မသိလောက်တော့ပါဘူးဆိုပြီး ယူသုံးလိုက်ကြတော့တာပဲ…။ လေနုအေးဆိုတဲ့ စကားလုံးယူသုံးမိလို့ မင်းသားရန်အောင်က ဆရာာကြီးဒဂုန်တာရာကို သုံးပြုခွင့် ဘက်ဒိတ်နဲ့ပြန်တောင်းရတာ မဂ္ဂဇင်းထဲမှာတွေ့ဖူးတယ်..။ ခုလဲ ကန်တော့ပွဲနဲ့ သုံးခွင့်တောင်းလိုက်ပေါ့ကွာ……………….:P 😛 😛
minthakhin
August 16, 2011 at 1:11 am
စီးပွားရေးတစ်ခုတည်းအရတွက်ရင် ကိုကိုတို ့ဘက်ကနေလုပ်သင့်တယ်။ ကျွန်တော်ဆိုလဲလုပ်မှာပဲ Foreign resident တွက်ပြသလိုပဲ၊ကိုယ်ကအများကြီးမြတ်တယ်။ ဒီကြားထဲလုပ်တတ်ရင်လုပ်တတ်သလို အမြတ်ငွေတွေထွက်နေဦးမှာ။ inflation adjustment နဲ ့တွက်လဲအမြတ်ပဲ။ ဟဲဟဲ။ စိတ်ခံစားမှုတွေနဲ ့ဘာညာသာတကာတွေကို ထည့်စဉ်းစားမယ်ဆိုရင်တော့ အင်းး