ဖိုးကုလားဘုရားထဲက နံရံဆေးရေးပန်းချီ

ရွှေစာရံစေတီတော်ရဲ့အနောက်ဘက်တည့်တည့်မှာ ပုဂံခေတ်ကလက်ရာမွန်လို့ယူဆနိုင်တဲ့ ရှေးဘုရား ဘွဲ့အမည်ကတော့ ဖိုးကုလားပါ။
ဒါကတော့ ဖိုးကုလားဘုရားကို အဝေးကမြင်ရတာလေးပါ။
ဖိုးပေါ်ဘုရားမြင်ကွင်းကျယ်ပုံပါ။
ဖိုးကုလားဘုရားဘေးဖက်က ပန်းတမော့လက်ရာ။
ဘုရားတောင်ဘက်ခြမ်းက လက်ရာ တစ်ချို့ဆို ပျက်စီးနေတာ နှမျောစရာကြီးဗျာ။
ဘုရားရှေ့ကျောက်စာတိုင် သုံးတိုင်
အလယ်တိုင်က စာ ရသလောက်ရိုက်ထားတာ။
တောင်ဘက်အစွန်ဆုံးတိုင်က စာ။
ေြ့မာက်ဘက်ဆုံးတိုင်က ကျောက်စာ။
စပါပြီလှပသော ရှေးနံရံပန်းချီလက်ရာ ကွာတဲ့နေရာက ကွာကျ အရမ်းနှမျောဘို့ ကောင်းပါတယ်။
နံရံဆေးရေးပန်းချီအနီးကပ်မြင်ကွင်း သူတို့သုံးတာအနီရောင်များပါတယ်။
အခုရေးဆွဲထားတဲ့ပန်းချီလက်ရာများကအရောင်အတော်လေးကို စုံလင်ပါတယ်။
ဒါကတော့ အနီးကပ်မြင်ကွင်းနဲ့နှမြောစရာ ကွာကျလို့ အောက်ခံအုဌ်သားတွေပေါ်နေတာ။
ဒါကတော့ အနီးကပ်မြင်ကွင်းနဲ့နှမြောစရာ ကွာကျလို့ အောက်ခံအုဌ်သားတွေပေါ်နေတာ။
မြောက်ဘက်နံရံထက်က ရှေးဟောင်း ပန်းချီ။
ခေါင်မိုးထက်က ဆေးရေးပန်းချီများပါ။

နံရံထက်က ဘုရားနဲ့ ဆေးရေးပန်းချီ

ဒီနံရံဆေးရေးပန်းချီရှေးလက်ရာတွေက ပျက်စီးတာတွေကလဲပျက်စီးကုန်ပါပြီ။
ကျန်နေသေးတဲ့အကောင်းလေးတွေကို ထပ်မပျက်အောင်ထိန်းသိမ်းသင့်ပြီလို့ ယုံကြည်ပါတယ်ဗျာဒ။

11 comments

  • မီးမီး သော်

    August 15, 2011 at 11:06 pm

    ကိုပေါက်ကျေးဇူးကြောင့်ဒေသန္တရ ဗဟုသုတ တွေမျက်အြင်ကိုယ်တွေ ့တွေ ့ရသလိုပါဘဲနော်။ကျေးဇူးပါ ကိုပေါက်။

  • ကျေးဇူးဆိုလို့ကျေးဇူးပါ။
    တင်ရတာတော့ကြာသဗျာ ကော်နက်ရှင်ကစုတ်
    ကြည့်ရတဲ့သူတွေကိုလဲအားနာပါသဗျာ။
    ကော်နက်ရှင်မကောင်းတဲ့ကြားကနေအားပေးကြတာ။
    ကျနော်က စာရေးတော့လဲလေရှည်။
    ပုံတင်တော့လဲပေရှည်………………

  • ဖိုးပေါ်ဘုရားမြင်ကွင်းကျယ်ပုံပါ။ ဒီစာလေးက မှားသွားတယ်
    ဖိုးကုလားဘုရားပါ။
    ဖိုးပေါ်ဘုရားက နောက်ပိုစ်တစ်ခုမှာ မှတင်မှာပါ။

  • မီးမီး သော်

    August 15, 2011 at 11:17 pm

    ဒီလို မျိ ုးလေးတွေအဆင်မပြေတဲ့ကြားက ကြည့်ခွင့် ဘုရားဖူးခွင့်ရတာ ကိုပေါက်ရဲ ့ကုသိုလ်ပါနော်။

  • windtalker

    August 16, 2011 at 12:23 am

    ကိုပေါက်
    ကောင်းမှုကြောင့်မို ့
    ဖိုးကုလား ဘုရားဆိုတာ ကို
    ဖူးမျှော်ခွင့်ရတယ်ဗျို ့
    ကျေးဇူး ဆိုတာ
    စာထဲမှာ သုံးတာမို ့
    အပြင်မှာ ကျေးဇူးတင်ကြောင်း
    မြီးရှည်ဆိုင်မှာ ဖော်ပြမယ် ဗျို ့

  • thit min

    August 16, 2011 at 12:26 am

    Dear ko pauk,
    You should sent the touring articles ( kha yee thwar saung par shay) to the magazines in Myanmar.You need to write more than here.

  • ဆူး

    August 16, 2011 at 12:39 am

    ဖိုးကုလား ဘုရားလို့ ဘာလို့ ခေါ်တာလဲဟင်..
    ရာဇဝင်တွေဘာတွေ သိလား။

  • pan pan

    August 16, 2011 at 9:36 am

    ပန်းချီတွေမှာသုံးတာ အနီများတယ်
    အစိမ်းလည်းများတယ်နော်
    ဆေးတွေက နှစ်ကြာတာတောင် သိပ်မပျက်ဘူးဆိုတော့ တော်တော်ကောင်းတာပဲ
    ဒီခေတ်ဆေးတွေနဲ့တော့ ကွာလတီမတူလောက်ပါဘူး
    သူတို့ခေတ်ကအဲဒီဆေးတွေက သဘာဝအတိုင်းလုပ်တာဖြစ်မယ်
    သစ်ပင်တွေက သစ်စေးတွေနဲ့များလားမသိ 😐

  • ကြောင်ကြီး

    August 16, 2011 at 9:57 am

    မှန်နန်းရာဇဝင်ပြုဆရာကြီး ဦးဖိုးကုလား တည်တဲ့ဘုရားထင်တယ်နော်…။

  • mandalarthu

    August 16, 2011 at 3:39 pm

    Thanks for sharing such artistic paintings.
    I haven’t thought of existing such rare Myanmar artistic paintings like Bagan’s arts near Mandalay.This is the first time of seeing these rare good paintings.
    I feel as if I am seeing the paintings of Bagan Pagodas.
    Please share about the brief history of this U Kalar Pagoda.

  • မြန်မာဘုရင်တွေက ဘုရားတည်ထဲအခါမှာ သူတို့ရှဲု့ အရာထမ်းတွေဆွေမျုးိတွေကို ပါ ကုသိုလ်ပါဝင်ခို်င်းပုံရပါတယ်။
    အိမ်တော်ရာဘုရား (မဟာလောက ရံသီ)မှာလဲဒီအတိုင်းပါ။
    ဘုရားဒေါင့်လေးဒေါင့်စလုံးမှာ သူ့ နဲ့ပါတ်သက်တဲ့သူတွေကို ဘုရားတည်ခိုင်းထားတာကို တွေ့ရပါတယ်။
    ရာဇဝင်ကတော့ မမေးခဲ့ဘူးဗျာ။
    တော်ကြာ မသိဘဲဖြီးလွှတ်လို်က်တဲ့သူနဲ့တွေ့မှာစိုးလို့။
    ဒါပေမယ့် ကျနော်ရှာပြီးတင်ပေးပါမယ်။

Leave a Reply