ရန်ကုန်တက္ကသိုလ် ပြန်လည်ရောက်ရှိခြင်း
ဒီနေ့ ဒီလိုနေရာကို ပြန်ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိဘူး။ သင်တန်းစတဲ့ဖို့ မိန်းထဲရောက်တော့ နင်တို့ကို သတိရမိတယ်သိလား။ ငါတို့ပျော်ခဲ့ဖူးတဲ့နေရာလေးတွေ ငါ တစ်ယောက်ထဲ ပြန်လျှောက်ရတော့မှာပါလားဆိုပြီတော့လေ…. ဒါနဲ့ ကျောင်းစတက်ရတဲ့နေ့ပေါ့။ သင်တန်းက မနက် ရ နာရီလို့ ပြောလို့ အစောကြီးထပြီး သွားရတော့ ပထမဆုံး အဓိပတိလမ်းကို စဝင်တာနဲ့ အရင်က ပျော်ခဲ့တဲ့နေရာတွေ တစ်ယောက်ထဲ လျှောက်နေရင်းနဲ့ ရင်ထဲမှာ ဝမ်းလည်း ဝမ်းသာမိသလို ဝမ်းလည်းဝမ်းနည်းမိတယ်။ ဝမ်းသာတယ်ဆိုတာ တစ်ချိန်က ကျောင်းတက်ခဲ့ရတဲ့နေရာလေးကို ပြန်လျှောက်ရလို့၊ ဝမ်းနည်းတာကတော့ သူငယ်ချင်းတွေအတူပျော်ခဲ့တဲ့နေရာလေးမှာ ငါ တစ်ယောက်ထဲ လမ်းလျှောက်ရလို့လေ။ တစ်ယောက်ထဲလျှောက်တော့ အဓိပတိလမ်းက တော်တော်ရှည်ပါလားလို့ ခံစားမိပြန်ရော။ ငါတော့ ဒုက္ခပဲ တစ်နှစ်လုံး တစ်ယောက်ထဲ ဒီလိုသာ လျှောက်ရရင် မလွယ်ဘူး။ ဒါပေမယ့် နေရာဟောင်းလေးက နွေးထွေးစွာ လက်ကမ်းကြိုနေတယ်။ ဒါနဲ့ တစ်ယောက်ထဲ သုတ်သုတ် သုတ်သုတ်လျှောက်လာရင်း သစ်ပုတ်ပင်ဘက်မရောက်ခင် သင်တန်းကျောင်းဆောင်ကလို့ ပြောထားလို့ ဟိုငေး ဒီငေးနဲ့ ကွေ့လိုက်တော့ ရှေ့မှာ ကောင်မလေးတစ်ယောက် လှုပ်လှုပ် လှုပ်လှုပ်နဲ့သွားနေတယ်။ ဒါနဲ့ ရှေ့ကို လျှောက်တော့ ရေစင်ပဲ တွေ့တော့တယ်။ ဒါ့နဲ့ ကောင်မလေးကို လှမ်းခေါ်လိုက်ပြီး ကိုယ့်ထက် ငယ်မငယ်တော့မသိဘူး အမလို့ပဲ ခေါ်ပြီး မေးလိုက်တော့ သူလည်း လာတက်တာတဲ့။ အတော်ပဲ အဖော်ရသွားပြီ။ ကျောင်းရှေ့ရောက်တော့ သော့တောင်မဖွင့်သေးဘူး တက်မယ့်သူတွေက ငုတ်တုတ်တွေထိုင်နေတယ်။ တော်တော်ကြာတယ် စောင့်ရတာ ဘယ်သူမှလည်း လာမဖွင့်ဘူး။ တော်တော်ကြာတော့ အောက်ထပ် တံခါးလာဖွင့်တယ်။ ပြီးတော့ အပေါ်ထပ် တံခါးကတော့ လာမဖွင့်ဘူး။ တော်တော်ကြာတယ်။ အကုန်လုံးလည်း လှေကားတွေမှာ ထိုင်နေလိုက်ကြတာ။ ခုန ရတဲ့သူငယ်ချင်းကောင်မလေးတွေက အမ မညောင်းဘူးလား လာထိုင်တဲ့ သမီးတို့ရှေ့မှာ လာထိုင်ဆိုလို့ ဘယ်မှာများ ထိုင်နေလဲလို့ ကြည့်လိုက်တော့ လှေကားထစ်တွေမှာ အစီအရီထိုင်နေကြတယ်။ ခဏနေတော့ ဦးဆောင်ပြီး ဗိုက်ဆာပြီ မုန့်သွားစားကြမယ် လောဆော်ပြီး ရှေ့ဆုံးကနေ ကျောင်း ၄ ထပ်ဆောင်အပေါ်ကနေ ဆင်းလာလိုက်တော့တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ စတက်ရတဲ့ ကျောင်းအတွက် ပျော်မိပါတယ်။ ကိုယ်သင်ချင်တာလည်း သင်ရသလို သူငယ်ချင်းအသစ်တွေလည်းရ အဟောင်းတွေနဲ့လည်း ပြန်တွေ့ဆိုတော့ ကျောင်းက ဆရာအဘိုးပြောတဲ့ နည်းကိုလည်း မကျင့်ကြံမိအောင် တစ်နှစ်လုံး ကြိုးစားသွားရမှာလို့လည်း ခံယူထားမိတယ်လေ။
သူက ပ လေးလုံး မဖြစ်စေနဲ့တဲ့။ ပ – သူငယ်ချင်းမရှိလို့ ကျောင်းတက်ရတာ ပျင်းတယ်။ ပ- သူငယ်ချင်းရလို့ ကျောင်းတက်ရတာ ပျော်တယ်။ ပ- သူငယ်ချင်းတွေကြောင့် ပျက်သွားတာ မဖြစ်စေနဲ့။ ပ-သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကျောင်းပြေးတာတွေတဲ့။ ရှောင်ရမယ်လို့ ပြောတယ်။
ဘာပဲဖြစ်ဖြစ် အဓိပတိလမ်းကို ပြန်လည်ခြေချခွင့်ပေးတဲ့ ကံကြမ္မာရယ်၊ အလုပ်က ခွင့်တစ်ရက်ပေးတာရယ်၊ နောက်ပြီး သင်တန်းအတွက် အခက်အခဲဖြစ်တာကို ကူညီတဲ့သူငယ်ချင်းကောင်းရယ် အားလုံးကို အမြဲ ကျေးဇူးတင်နေမိပါနော်။ အဓိပတိရယ်၊ သစ်ပုတ်ပင်အိုရယ်၊ ဂျပ်ဆင်ရယ်၊ ပုဂံလမ်းလေးရယ် စစ်ကိုင်းလမ်းကိုလျှောက်ရင်း အရာအားလုံး ပြန်လည်ကြည့်တော့လည်း သူတို့က အရင်အတိုင်းပါပဲ။ ပြောင်းလဲံသွားတာတွေက ပုထုဇဉ်လူသားတွေပါပဲလေ….
18 comments
minthakhin
August 17, 2011 at 2:34 am
အဲဒီ ရန်ကုန်တက္ကသိုလ် (main) အကြောင်းကိုမပြောပါနဲ ့ဗျာ။စိတ်နာလွန်းလို ့ ။ ကျွန်တော်တို ့မူလတန်းကျောင်းသားဘဝက အမေတို ့ပြောပြတာကိုကြားပြီး အဲဒီမိန်းဆိုတာကြီးကို အိမ်မက်ထဲမက်ခဲ့ရတာ။ ကျောင်းသား၊ကျောင်းသူတွေ တပျော်တပါးကြီး နဲ ့ လျှောက်ကဲပစ်မယ်ဆိုပြီး စိတ်ကူးတွေယဉ်ခဲ့ရတာ။ အရွယ်လည်းရောက်လာခဲ့ရော . . . ။ Y.I.T ရော MAIN ကြီးရော …..ဝေးးးးးးး
kai
August 17, 2011 at 3:59 am
အခုတက်လာတဲ့..အစိုးရသစ်မှာ… ရာဇဝင်ကြွေးကျန်နေတယ်..။
အဲဒီ..အဓိပတိလမ်းထိပ်က… အရင်နေရာဟောင်းမှာ.. ကျောင်းသားသမဂ္ဂအဆောက်အဦးပြန်ဆောက်ပေးဖို့ပါ..။ “ရာသီဥတုသာယာတဲ့နေ့ကျရင်.. ပျော်ပျော်ပါးပါး အုပ်မြစ်ချကြရအောင်”တဲ့..။ ရာသီဥတုသာယာပြီထင်ရင်.. ပြန်ဆောက်ပေးရမှာပေါ့..။
အုပ်မြစ်ချပွဲ… သက်ရှိကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းတွေ အကုန်ပါ.. အတူူတူတက်နိုင်မယ်ဆိုရင်.. တိုင်းပြည်အေးချမ်းတိုးတက်ဖို့.. လမ်းမှန်ပေါ်ရောက်ပြီ ပြောချင်တာပါပဲ..။
manawphyulay
August 17, 2011 at 10:32 am
အရင်က တက္ကသိုလ် ၄ နှစ်ကို အာစီ ၂ မှာ ပျော်ရွှင်ခဲ့ရသလို မိန်းထဲမှာလည်း ပျော်ရွှင်ခဲ့ဖူးပါတယ်။ ခုတော့ မိန်းထဲမှာ ဒီပလိုမာ ဘွဲ့လွန်တန်းတွေကို တက်ခွင့်ပေးထားပါတယ်။ နောက်ကို ကျောင်းတွေအတွက် လုပ်ပေးမယ်လို့ ပြောသံကြားနေရပါတယ်။ ဘယ်လိုဖြစ်လာမလဲမပြောတတ်ဘူး။ သစ်ပုတ်ပင်တော့ ခြံခတ်ထားလေရဲ့…..
aungnng87
August 17, 2011 at 2:39 pm
ရာသီဥတုမသာယာသေးဘူးလေ….။မိုးတွေကြီးနေတယ်တဲ့……
zawthulay
August 18, 2011 at 2:52 pm
ကျွန်တော်ဆို ကျောင်းသာပီးသွားတယ် ရောက်တောင်မရောက်ဖူးလိုက်ရဘူး……. သွားချင်လိုက်တာ
taungpawthar
September 13, 2011 at 10:44 am
ဘာသင်တန်းတွေများထပ်တက်နေတာတုန်းဗျ အဲဒီကျောင်းမှာမတက်ခဲ့ရတော့ သင့်တော်တဲ့သင်တန်းလေးဘာလေးဆိုရင်တက်လိုက်ချင်တယ် ကျောင်းသားဘဝကတော့ ဦးချစ်ဆိုင်ကို ထိုင်ဖူးတယ်ရှိအောင် တမင်သွားထိုင်ဖြစ်ခဲ့တယ် အခုရှိသေးလားတော့မသိဘူး
ဒါနဲ ့စကားမစပ်ဗျာ ကျွှန်တော်ကအခုမှဒီဆိုက်ကို သုံးဖူးတာပါ တခြားဆိုက်နဲ ့မတူပဲ ပွိုင့်တွေပေးတာရော်
ပိုက်ဆံပေးတာတွေရော credit ပေးတာတွေရော တွေ ့ပြီးသိပ်နားမလည်သေးလို ့ဗျာ ကျေးဇူးပြုပြီးရှင်းပြပေးနိုင်မလားဗျာ
ပိုက်ဆံကတကယ်ပေးတာလား ရဖူးတဲ့သူရှိလား ၁ ပွိုင့် ဆိုတာ ၁ ကျပ်နဲ ့ညီတာလား ခရက်ဒစ်ပေးတယ်ဆိုတာ ဘာလဲ manawphyulaw က တသိန်းပြည့်တော့မှာဆိုတော့ ထုတ်ရခါနီးပြီပေါ့
ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါတယ်
manawphyulay
September 13, 2011 at 11:17 am
ko taungpawthar ရေ…. ပွိုင့်လေးတွေနဲ့ ကိုယ်ပိုင်မူလေးတွေ ချရေးဖို့ အရင်တိုက်တွန်းပါရစေ… မကြာသေးခင်က မဆူး သူ့ရဲ့ စာမူခလေးထုတ်ပြီး အလှူလှူလိုက်တဲ့ဆိုတဲ့အကြောင်းလေးလည်း ဆိုက်မှာ တင်ပေးထားပါတယ်။ နောက် ကော့မန့်ရေးရင် အရင်ကတော့ ၁ဝ ကျပ်ပေါ့လေ ခုတော့ ကော့မန့်ရေးသူက ရ ကျပ် ပိုစ့်ပိုင်ရှင်အတွက် ၃ ကျပ်ခွဲပေးထားပါတယ်။ ဆိုက်ရဲ့စည်းကမ်းချက်လေးတွေနဲ့ ပွိုင့်ပေးတာလေးတွေလည်း ရေးသားထားပါတယ်။
ပိုစ့်တစ်ခုတင်ရင်တော့ ၄ဝ ကျပ် ရရှိမှာဖြစ်ပါတယ်။ စည်းကမ်းချက်လေးတွေကိုလည်း သတိပြုမိစေချင်ပါတယ်။
စည်းကမ်းချက်တွေကတော့
1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ
2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန်
4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။
5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။
6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။
8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။
– စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်။
11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။
– မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
– တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာ တိုင်စာများ ကိုဖိုရမ်တွင် ရေးကြပါရန်။
12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။
တောင်ပေါ်သားတစ်ယောက် ဆိုက်မှာ ကိုယ်ပိုင်အရေးအသားတွေနဲ့ တစ်မူဆန်းသစ်တဲ့လက်ရာတွေကို ေ စောင့်မျှော်အားပေးနေပါမယ်။
manawphyulay
September 13, 2011 at 11:26 am
ဘွဲ့တစ်ဘွဲ့ရထားပြီးရင်တော့ မိန်းထဲမှာ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွေတက်လို့ရပါတယ်။ ကွန်ပျူတာတက္ကသိုလ်က ဖွင့်တဲ့ သင်တန်း၊ ဥပဒေဌာနက ဖွင့်တဲ့သင်တန်း၊ စီးပွားရေးဌာနမှဖွင့်တဲ့သင်တန်းတွေကို တစ်နှစ်သင်တန်း၊ နှစ်နှစ်သင်တန်း တက်ရောက်လို့ရပါတယ်။ ဒီသင်တန်းတွေပြီးရင်လည်း ကျန်တဲ့သင်တန်းတော့မသိပေမယ့် ကွန်ပျူတာသင်တန်းကတော့ မာစတာတန်းကို အွန်လိုင်းကနေပဲ ဖြေလို့ရသွားပါပြီး။ နှစ်နှစ်သင်တန်းကို ဘာသာရပ် ၁၆ ခုပါဝင်ပြီး ဖြေချင်တဲ့ဘာသာရပ်ကို ငွေသွင်းပြီး အွန်လိုင်းကနေ ဖြေလို့ရပါတယ်။
Moe Z
September 13, 2011 at 11:18 am
တက္ကသိုလ်မတက်ခင်ကတော့ အစ်ကိုတွေအစ်မတွေဘွဲ့ယူရင်လိုက်သွားတယ်..
ကိုယ်တိုင်တော့မတက်ခဲ့ရဘူး..ဒါပေမယ့် တက္ကသိုလ်နဲ့ပတ်သက်တဲ့သီချင်းတွေကြားရင်တော့
main ကိုပဲပြေးမြင်တယ် လွမ်းစရာလေး
taungpawthar
September 14, 2011 at 11:06 am
့ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် manawphyulay ရေ အဓိက စိတ်ဝင်စားတာက အဲဒီလို ပိုက်ဆံပေးတယ်ဆိုတဲ့ ကိစ္စ ( နည်းပညာ) ကြီးကိုပါ ပိုက်ဆံကိုမဟုတ်ပါဘူး တကယ်ရတယ်ဆိုတော့လည်း ခုနပြောသလို လှူလို ့ရတာပေါ့နော် ဒီဆိုက်ကသတင်းအပါအဝင်ဖတ်စရာတွေအစုံအလင်မို ့ဝင်ကြည့်ဖြစ်နေတာပါ
hmee
September 14, 2011 at 2:37 pm
သစ်ပုတ်ပင်က ပိုးဝင်လာလို့ ခြံခတ်ထားတယ် ပြောတာပဲ။ လူတွေက ထိမ်းသိမ်းရကောင်းမှန်းမသိပဲ စာတွေရေး ဓါးတွေနဲ့ ထွင်းလို့တဲ့။ မမှီတို့ ကျောင်းတက်တုန်းက သစ်ပုတ်ပင် အမြစ်ပြင်းကြီးပေါ်ထိုင်ကာ အိုက်တင်အပြည့်နဲ့ ဓါတ်ပုံတွေ ရိုက်ခဲ့သေးတယ်။ ရုပ်ရှင်လာရိုက်တဲ့ အဖွဲ့တွေ ရှိလို့ကတော့ တနေကုန် အတန်းမတက်ပဲ ထိုင်ကြည့်တာ။ 🙂
zaw min
September 14, 2011 at 3:14 pm
ကိုခိုင်ပြောတဲ့ ကြွေးတင်နေတဲ့ကိစ္စက လက်ရှိအစိုးအရနေနဲ့တင်လ ို့တင်မှန်းတောင်သိပါ့မလား…အဲဒီတုန်းက ကျောင်းသားတွေကို ချွေးသိပ်ပေးခဲ့တဲ့ဒေါက်တာမောင်မောင်ရဲ့စကားပါ။” ပျော်ပျော်ပါးပါး အုပ်မြစ်ချကြရအောင်”တို့ “ဆန္ဒမစော်ကြပါနဲ့တို့” နောက်ထပ်အနှစ်(၂၀)ကျော်သွားတာပဲလေ…ရာသီဥတုကလည်း နောင်(၂၀)ကြာရင်တောင်သာသာယာယာရှိပါ့မလား…အခွန့်အရေးရလို့ လွှတ်တော်ထဲမှာတင်ပြ…အပြမတော်လို့ကတော့ ရခိုင်အမတ်မင်းလို….သွားတော့ ဘိုင်ဘိုင်ပဲ…
အဲဒီတော့…..စောင့်လို့သာနေလိုက်အုံး…မမုန်းသရွှေ့တော့ စောင့်လိုက်အုံး….
May
September 14, 2011 at 3:38 pm
I miss my university and I love this place.
Never forget.
မီးမီး သော်
September 14, 2011 at 4:53 pm
အလည်တစ်ခေါက်ရောက်ဖူးပါတယ်။ဒါပေမယ့် တက်ခွင့်မရခဲ့တာတော့ စိတ်မကောင်းစရာပါ။
manawphyulay
September 14, 2011 at 5:05 pm
ဒီလိုမှန်းသိ ဒီပလိုမာတက်တုန်းက အလည်ခေါ်ပါတယ်ညီမလေးရာ… သံတွဲကနေ လာလို့ရတာပေါ့။ ၁၁ လပိုင်း ဘွဲ့ထပ်ယူမှာလေ.. လာလည်ပါလား
မီးမီး သော်
September 14, 2011 at 5:24 pm
အော် ဟုတ်ကဲမမ မနောရေ။အလုပ်အားမယ်ဆိုရင်တော့ လာလည်မှာပါ မမရေ။ခုလိုဖိတ်တော့ ဝမ်းသာလိုက်တာ။
chitsu
September 15, 2011 at 2:31 pm
သမီးတို.အဖေတွေကျောင်းတက်တုန်းကတော.မိန်းထဲမှာတက်ခဲ.ရတာ၊အဒေါ်ဘွဲ.ယူတုန်းကငယ်ငယ်လေးတုန်းကတခေါက်ရောက်ဖူးတယ်………….မမှတ်မိတော.ဘူး……….ထပ်သွားချင်တယ်..သမီးလည်းမိန်းထဲမှာကျောင်းတက်တဲ.အရသာကိုခံစားဖူးချင်တယ်………ဘယ်လိုတွေများဖြစ်ခဲ.လို.မိန်းထဲမှာကျောင်းပေးမတက်တော.တာလည်းမသိဘူး
ကျောင်း၃နှစ်တက်ပြီးရင်တော.ဘွဲ.ယူတဲ.အခါတော.ရောက်ရဦးမှာပေါ.နော်
အဲ.ဒီ.အခါမှတဝကြီးခံစားလိုက်မယ်.သစ်ပုတ်ပင်လည်းမြင်ဖူးချင်သေးတယ်
snow white
February 27, 2012 at 2:09 pm
မမမနောညီမလည်းမိန်းထဲရောက်ဖူးတာ၂ခေါက်ရှိပြီအမတွေ ယူလို့ရောက်ဖူးတာ ခုတော့ ညီမလည်း၄လပို်င်းဘွဲ့ယူရတော့မယ်ပျော်တယ်သိလား မိန်းထဲ၁ခေါက်ထပ်ရောက်တော့မယ် ဒီတခါကကိုယ်တို်င်ဘွဲ့ယူရမယ်ဆိုတော့ပိုပျော်တယ်မမမနောရေ ညီမလည်းကွန်ပျူတာနဲ့ ပတ်သက်တဲ့ သင်တန်းတွေမိန်းထဲမှာဖွင့်တယ်ဆိုတက်ဖြစ်အောင်ကြိုးစားမယ်မမမနော မမမနောကမိန်းထဲမှာ ကွန်ပျူတာနဲ့ဒီပလိုမာ ရထားတာဆိုတော့မမမနောကိုလည်းအားကျတယ် ကွန်ပျူတာဆရာမလုပ်ချင်တယ်