ဆုံးမစာ
ဗန်းမော်ဆရာတော်ကြီးရဲ့ ဆုံးမစာလေး မျှဝေလိုက်ပါတယ်
ပြီးခဲ့တဲ့ရုံးပိတ်ရင် အပြင်သွားတုန်း စာအုပ်ရောင်းတာတွေ့တာနဲ့ ဝယ်လာလိုက်တာ
အဲဒီစာအုပ်ထဲမှာ ဟောဒီဆုံးမစာလေးလည်း ပါလာပါတယ်
မဖတ်ဖူး၊ မသိလေးတဲ့လူတွေအတွက် ဖတ်ရအောင်လို့ ပြန်မျှလိုက်တာပါ
ခုခေတ်နဲ့ တော်တော်ကိုက်ညီနေလို့ အဲဒီဆုံးမစာမှာပါတဲ့ အချက်တိုင်းဟာ
ဘာတွေဆိုတာ ဆက်စပ်တွေးလို့ အားလုံးကို သေချာမျက်လုံးထဲမြင်လာနိုင်ပါတယ်
ရွာသူရွာသား သူတော်ကောင်းအပေါင်းတို့လည်း မိမိတို့ တွေ့မြင်တာတွေကို ဥပမာအနေနဲ့ပြောရင်း
ဘယ်စာကြောင်းမှာ သွားငြိလဲဆိုတာ အချင်းချင်းအသိပြန်မျှစေလိုပါတယ်
ဆုံးမစာမှာ ရေးထားတဲ့ စာသားတွေက လိုတိုရှင်းနဲ့ အဓိပ္ပါယ်လွန်စွာ ထိရောက်လှပါတယ်
“အမျိုးကောင်းသမီးက ပိုက်ဆံရှာ” ဆိုတဲ့စာသားလေးက ဒီကနေ့ ကျောင်းသူလေးများရဲ့ဘဝကို
အလွန်ထင်ဟပ်နေတယ်လို့ မြင်မိပါတယ်
တချို့သောနယ်မှ အလုပ်လာလုပ်ကြတဲ့ အမျိုးကောင်းသမီးလေးတွေလည်း ထိုနည်း၎င်းပါပဲ
ဒီဆုံးမစာပိုစ့်ကို မျှဝေလိုက်တာက တလောက အဲဒီကိစ္စနဲ့ပတ်သက်တဲ့ Foreign Residentရဲ့ စပွန်ဆာပိုစ့်ကိုဖတ်လိုက်ရလို့လည်းပါပါတယ်
“ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်” ဆိုတာတော့ အထူးပြောစရာမလိုတော့ပါဘူး
ဆရာတော်က ဆယ်အိမ်ခေါင်းနဲ့ပဲ ဥပမာပေးထားတာပါ
“ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုကိုယ်တော့ဖြင့် အကောင်းထင်” ဆိုတာလေးလည်း သေချာဂရုပြုရမှာပါ
ကျွန်မတို့က ဟိုလူမကောင်းဘူး၊ ဒီလူမကောင်းဘူး၊ ခေတ်ကိုက ဆိုးပါတယ် ဘာညာပြောနေတာထက်
ကိုယ့်ကိုကိုယ်လည်း ကောင်းအောင်ပြင်ဖို့ အရေးကြီးပါတယ်
ရွာသူရွာသား သူတော်ကောင်းအပေါင်းအနေနဲ့လည်း မိမိတို့၏ထင်မြင်ယူဆချက်များ၊ အတွေ့အကြုံများကို ပြန်လည်မျှဝေပေးပါလို့………။
ဆုံးမစာ
တရားကို တေးလိုဆို၊ အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊ မိုက်ရဲလျှင် သောတာပန်၊
မကောင်းကြံက သမာဓိ၊ ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊ ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျ ီပါးနှင့် ဥပုသ်သည်၊ ဇရပ်အလယ် ကို့ရို့ကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊ အဝတ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊ ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က လင်နေစော၊ အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊ ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊ အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊ ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊ မယ်သီလက အနုဆေးဖော်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊ အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊ ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုကိုယ်တော့ဖြင့် အကောင်းထင်၊ အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊ သူတော်ကောင်းတို့ တရားပျက်ကြပြီ။
(ဗန်းမော်ဆရာတော်)
17 comments
lusoegyikoko
August 17, 2011 at 11:38 am
“ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုကိုယ်တော့ဖြင့် အကောင်းထင်
ခေတ်ကြီးကိုအပြစ်ပြောရတာ လွယ်တာကို ပန်ပန် ရဲ့
windtalker
August 17, 2011 at 11:38 am
သူတော်ကောင်းတို ့
တရားပျက်ကြပြီ ဆိုတဲ့
စာသားလေးကို ဖတ်မိတော့
တရားပျက် လို ့တရက်ပြား ခဲ့ရတဲ့
ဖိုးသူတော် အဖြစ် ကို သတိရမိသား
ခရီးသွား ဖိုးသူတော် တစ်ပါး ရဲ ့
ဇရပ်တစ်ခု မှာ ဖြစ်ခဲ့တဲ့ အဖြစ်လေးပါ
pan pan
August 17, 2011 at 11:49 am
ခရီးသွားဖိုးသူတော်တစ်ပါးအဖြစ်ဆိုတော့…
ဘယ်လိုဖြစ်တာလဲဆိုတာ လင်းစမ်းပါဦး ကိုတော်ကာကြီးရဲ့
chitpyae
August 17, 2011 at 11:55 am
share ချင်လို့ ကူးသွားပါသည် ။ အခု မှ ဖတ်ဖူးခြင်း ဖြစ်ပါတယ် .. ကျေဇူးပါ ..ပန်ပန် 🙂
thit min
August 17, 2011 at 12:40 pm
In a chatting, an online friend from Myanmar said that she never do cheating and she is honest and so on. According to her saying words, these kind of “normal/ordinary/fundamental/basic character or morlality is the ” valuable things” in our country,Myanmar.As all you know, at oversea, normally we keep our good character or morality and it is not nothing special.
………….
Whenever think about it, I get fully sorrowful for our Myanmar people.
Foreign Resident
August 17, 2011 at 4:31 pm
“At oversea, normally we keep our good character or morality and it is not nothing special”
“ ဒါကြောင့် ဘူတန်မှာသွားအလုပ်လုပ်တာပါ။ အဲဒီမှာ ဒီကိစ္စတွေ ဘာမှ မရှိတော့ အနည်းဆုံး နှစ်နှစ်တော့ အကုသိုလ်လည်းကင်း စိတ်လည်း ချမ်းသာခဲ့ပါတယ်”
From “ပေတများ” “Dr. Soe Min”
“In foreign country, we don’t need to lie much,
In addition, in foreign, you rarely see unfair practice,
As for me, this is the most important reason of why I want to stay in foreign”
From “More explanation နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလား”
I feel very sad for Myanmar.
nature
August 17, 2011 at 2:41 pm
ဒီစာလေးဖတ်ဖူးတယ်။ ဩဇာသီးဝယ်စားရင်း အပြင်ကပတ်ထားတဲ့စက္ကူမှာ ရေးထားတာ။ လက်ရေးက ညံ့ ပြီး အဆုံးအထိမပါဘူး။ ကြိုက်လို့ သိမ်းထားတယ်၊ ရေးတင်မလို့တောင် စဉ်းစားမိသေးတယ်။ အစအဆုံးတင်ပေးတဲ့ panpan ကို ကျေးဇူးတင်ပါတယ်။
zawmyothu
August 17, 2011 at 2:42 pm
ဆုံးမစာက လက်တွေ. ဘဝနဲ. တစ်ထပ်တည်းကျနေပြီ ထင်တယ်။
etone
August 17, 2011 at 3:35 pm
မိုက်တယ် … ရေးထားတာလည်း ဟုတ်နေတာပဲ … အချက်တော်တော်များများက မှန်နေတဲ့ အဲ့ဒီအတိုင်းပဲ … ။
သဘောကျလို့ ဖေ့စ်ဘွခ်မှာ ကူးတင်လိုက်ပြီ ကျေးဇူးနော် ပန်ပန် ။
Shwe Ei
August 17, 2011 at 4:37 pm
ဆုံးမစာကလည်း ရှေ့ဖြစ်ကြိုဟောနေသလားမှတ်ရတယ်။
ရှေးတုန်းက ပညာရှိတွေများ တော်ပ။ တင်ပေးတဲ့လူကိုလည်း ကျေးဇူးတင်တယ်။ အနှစ်ရှိတဲ့စာတွေဖတ်ရလို့။
pooch
August 17, 2011 at 9:03 pm
ပန်ပန်ရေ … ကြိုက်လို့ ကူးသွားပြီနော် …ပညာရှိတို့ တွေးကြည့်ရင် ပြေးကြည့်တာထက်တောင် မှန်နေတတ်ပါတယ်…
unclegyi1974
August 17, 2011 at 10:08 pm
ဗန်မော်ဆရာတော်ကမှဒီဘက်ခေတ်နဲ့နီးသေးတယ်ပန်ပန်ရေ
ကောသလမင်းအိမ်မက်ကမှဝေးကြီးကိုကြိုပြီးပြောထားတာ
ကာလယန္တယားကြီးစီးပြီးလာကြည့်ပြီးမှရေးထားတာကျနေတာဘဲ
captainamerica
August 18, 2011 at 1:08 am
ဖတ်တော့ဖတ်ဖူးတယ် ဒါပေမဲ့အခုဖတ်လိုက်ရတော့မှသေသေချာချာစဉ်းစားမိပြီး
မှန်လိုက်တာဟဲ့လို.ပြောရတော့မှာပဲ ဗန်းမော်ဆရာတော်
နှယ်ခေတ်ကိုကြိုပြီးမြင်နေလားအောက်မေ့ရတယ်… 🙂 🙂 😛
kai
August 18, 2011 at 1:44 am
ဆရာတော်ကြီးက..မိန်းမမုန်းဝါဒီဖြစ်မယ်..။ (ပြောရရင်.. မဃဒေဝရေးတဲ့.. မန်လည်ဆရာတော်ကြီးကိုလည်း.. မိန်းမမုန်းဝါဒီ လို့..ပြောကြတာကြားဖူးတယ်..)
သီလရှင်ဂိုဏ်းထောင်တဲ့.. သီလရှင်မယ်ကင်းကို.. တစ်ခွဆဲတာ..အဲဒီဆရာတော်ကြီးပဲ..။
အခုစာတိုလေးထဲမှာလည်း.. “အပျို”ဆိုတဲ့စာလုံး.. ၄လုံးပါပြီး..မိန်းမနဲ့ပါတ်သက်ပြီးရေးထားတာ..အောက်ကစာတွေ..
အင်္ကျ ီပါးနှင့် ဥပုသ်သည်၊
အပျိုငယ်က လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
အပျိုပေါက်စ နှစ်လင်ယူ၊
မယ်သီလက အနုဆေးဖော်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
မသာပို့ရင်း အပျိုလှည့်၊
အင်း… 🙂
မှတ်တမ်းကျန်ရစ်အောင် ရေးထားတာပါနော..။
ကျုပ်ဖက်လည်း..လှည့်မဆဲကြနဲ့ဦး…။
nature
August 18, 2011 at 6:42 am
ဆရာတော် ကြီးပြောတာ ခုခေတ်နဲ့တော့ ကိုက်နေတာပဲ။ ဘယ်လိုများကြိုသိလဲမသိဘူး။
MaMa
August 18, 2011 at 7:05 am
ဗန်းမော်ဆရာတော်ကြီးရဲ့ ဆုံးမစာရော၊ pan pan ရဲ့ ဆုံးမစာ (အပေါ်ဆုံးမှာ ရေးထားတာတွေ) ကိုပါ မှတ်သားသွားပါကြောင်း။
ကိုယ့်ကိုကိုယ်တော့ အကောင်းထင်ဆိုတဲ့ ဆုံးမစာကို အကြိုက်ဆုံးပဲ။ ကိုယ်မကောင်းတဲ့အချက်ကို ဘယ်လိုမှ ရှာမတွေ့ဘူး။ 🙂
ကြောင်ကြီး
August 18, 2011 at 9:00 am
ဘယ်ခေတ်က ဗန်းမော်ဆရာတော်ကြီးလည်းဆိုတာပါ ဖော်ပြသင့်တယ်ထင်တယ်။ ယနေ့ခေတ်မှာလည်း ထေရ်ကြီးဝါကြီးထဲမှာ ဗန်းမော်ဆရာတော်ဆိုတာ ရှိလို့ပါ…။ ရှေးခေတ်ဗန်းမော်ဆရာတော့်စာဆိုရင် အရင်ကမကြားဘူးတာ ဆန်းနေလို့…