Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်မ ဘဝရဲ့ အမှတ်တရ များထဲက အမှတ်တရများ (1)

နွယ်ပင်August 17, 20111min61730

အမှတ်တရဆိုတာ လူတိုင်းမှာ ရှိနေတက်ကြပါတယ် ။ အမှတ်တရဆိုတာ မကြုံဘူးတဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ လွမ်းမောစရာအမှတ်တရ ၊ ပျော်ရွှင်စရာအမှတ်တရ ၊ အလုပ်ကပေးတဲ့ အမှတ်တရ ၊ ပြန်လည်သတိရစရာကောင်းတဲ့ အမှတ်တရ ၊ သတိမရချင်ပင်မယ့် အမှတ်တရ ဖြစ်စေခဲ့တဲ့ အမှတ်တရ အများကြီးပါပဲ ……..အမှတ်တရ အချို့က အချိန်ကြာရင်လာရင် လွမ်းမောစရာ တမ်းတစရာလေးတွေတောင် ဖြစ်သွားတက်ကြပါသေးတယ်။ နွယ်ပင်မှာတော့ ဒီလို အမှတ်တရ ကိစ္စတွေအများကြီးထဲက အမှတ်တရအဖြစ် ကျန်ရစ်ခဲ့တာတွေအများကြီးပါပဲ ။
ဒီအထဲကမှ နွယ်ပင်အလုပ်လုပ်ရင်းကြုံခဲ့တဲ့ အင်တာဗျူးအမှတ်တရလေးတွေကို ပြောပြချင်ပါတယ် ။ အရင်က နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာ (3) နှစ်လောက် အယ်ဒီတာလုပ်ခဲ့တုန်းက အတွေ့အကြုံလေးပါ ။ အယ်ဒီတာ ဆိုလို့ အထင်မကြီးသွားနဲ့ဦးနော် ဒီမဂ္ဂဇင်းကအယ်ဒီတာဆိုတာ သူများတွေလို ကုလားထိုင်လေးမှ ထိုင်ပြီး ကဏ္ဍာလေးတွေကို စဉ်းစားပေးယုံ စာတွေကို တည်းဖြတ်ပေးယုံလုပ်ပေးရတာမဟုတ်ဘူး ကဏ္ဍာတစ်ခုကို ကိုယ်တာဝန်ယူထားပြီဆို ကိုယ်တိုင်မေး ကိုယ်တိုင်ရေး ကိုယ်တိုင်တည်းဖြတ် ကိုယ်တိုင်ပုံရှာပြီး ဒီဇိုင်းဌာနရောက်အောင် ပို့ပေးရတဲ့ အယ်ဒီတာ အောက်ခြေသိမ်းပေါ့ ။ အခုပထမဦးဆုံးအနေနဲ့ အဲဒီမှာအလုပ်လုပ်တုန်းက ကြုံ့ခဲ့ရတဲ့ အင်တာဗျူးအတွေ့အကြုံအမှတ်တရလေးတွေကို့ ဝေမျှပေးချင်တာပါ ။
ပထမဦးဆုံး အင်တာဗျူးက ExampleZ အဖွဲ့ နာမယ်ကြီးချိန်ဆိုတော့ ဒီအဖွဲ့လေးက သက်အောင်ကို အင်တာဗျူးလုပ်ရင်းနဲ့ စခဲ့ရတယ် ။ ပထမဦးဆုံး အတွေ့အကြုံဆိုတော့ သူများတွေလို မေးခွန်းတွေကို လက်တန်းမမေးရဲ့ပဲ ကိုယ်မေးချင်တာလေးကို စာအုပ်လေးမှာ အတိုကောက်လေးတွေမှတ်ပြီး စာအုပ် တစ်ကြည့်ကြည့်
ရင်တခုန်ခုန်နဲ့ စမေးဖြစ်ခဲ့တယ် စကားပြောတာ မထစ်ပင်မယ့် ပထမဦးဆုံး Celebrity ကိုမေးရတာဆိုတော့ ရင်တွေ အရမ်းခုန်ပြီးခြေဖျားလက်ဖျားတွေအေးစက်လို့ နောက် သက်အောင်ဆိုတာက ExampleZ အဖွဲ့ထဲမှ ကိုယ်ကြိုက်တဲ့ အဆိုတော်လဲ ဖြစ်တော့ ဘာပြောကောင်းမလဲ ပျော်နေတာပေါ့ နောက်ကိုယ်သိချင်နေတဲ့ အကြောင်းအရာတွေရော စာဖတ်ပရိသတ် သိချင်နေတာတွေရောကို စုံစုံလင်မေးနေတာအချိန် (1) နာခွဲလောက်ကြာသွားခဲ့တယ် ။ အလုပ်ပြန်ရောက်လို့ မေးထားသမျျှကို ပြန်ရေးပြန်စစ်လုပ်ပြီး ဒီဇိုင်းဌာနကိုပို့လို့ အချောလဲ ထွက်လာရော စာမျက်နှာက (6) မျက်နှာတောင်ဖြစ်နေတယ် ကိုယ်ရထားတဲ့ စာမျက်နှာ အရေအတွက်က (4) မျက်နှာဆိုတော့ မေးထားတဲ့ အထဲကမလိုအပ်ဘူးထင်တာတွေပြန်ဖြုတ်ပြီး ပုံတွေများနေတာကိုလည်းပြန်ဖြုတ်မှ အဆင်ပြေမှာဆိုတော့ မေးထားတာလေးတွေက်ု နှမြော
တသသမဆုံးပဲ နှစ်ရက်ထိ ပြင်လို့မပြီးနိုင်ဖြစ်ခဲ့ရတဲ့ အထိပါပဲ ။ ဒီ အင်တာဗျုးလေးက ပြောရလောက်အောင် အမှတ်တရမရှိခဲပင်မယ့် နွယ်ပင့်အတွက်တော့ ပထမဦးမေးခဲ့ရတဲ့ အင်တာဗျူးလေးဆိုတော့ အဲ့အချိန်ကတော့ တော်တော်လေး ရင်ခုန်ခဲ့ရပြိီး တော်တော်လေးလဲ ခေါင်းစားခံပြီး ထုတ်ခဲ့ရတဲ့ အင်တာဗျုးမေးခွန်းလေးတွေနဲ့ အမှတ်တရလေးတွေပေါ့ ။
နွယ်ပင် အယ်ဒီတာ လုပ်တဲ့သက်တမ်းတစ်လျှောက်မှာ အင်တာဗျူးမေးခဲ့တာတွေလဲ အများကြီးပါ Celebrity တွေဆိုရင် အခုနောက်ပေါ်တဲ့ အသစ်ကလေးတွေကလွဲရင် ဇာတ်ပို့ ဇာတ်ရံတွေရော လူရွှင်တော်တွေပါမကျန် တော်တော်လေး စုံစုံလင်လင်မေးဖြစ်ခဲံပါတယ် ။ အဲဒီမှာ နွယ်ပင်ကြောက်ဆုံးကတော့ Celebrity တွေက အင်တာဗျူးကို အိမ်မှာ လုပ်မယ်ဆိုတာကိုတာပဲ ဘာဖြစ်လို့လဲ ဆိုတော့ နွယ်ပင်က ခွေးကြောက်တက်လို့ပါ ဟုတ်ပါတယ် Celebrity တော်တော်မျာများက
သူတို့ရဲ့ အိမ်မှာ အလှမွေးတာပဲ ဖြစ်ဖြစ် ခြံလုံအောင်ပဲ ဖြစ်ဖြစ် ခွေးတွေမွေးထားတက်ကြပါတယ် ။ နဂိုထဲ့က ခွေးဆိုသေလောက်အောင်ကြောက်တက်တဲ့ နွယ်ပင်ကတော့ Celebrityက ဒီလိုအိမ်မှာ ချိန်းပြီဆိုရင် စိတ်ညစ်တာ သေလုအောင်ပါပဲ ။ ဒီမှာ အမှတ်တရကတော့ (NO) အဖွဲ့က ရတာနာကိုမေးရကစတာပါပဲ ။ ရတနာက အင်တာဗျူးလုပ်ဖို့ အိမ်ကို ချိန်းလို့သွားတော့ ခြံထဲဝင်ဝင်ချင်းမှာ ခွေးတစ်ကောင်မှမတွေ့တော့ အေးဆေးပေါ့နော် နောက် ရတနာနဲ့တွေ့လို့မေးတော့လဲ အေးဆေးနေတုန်းပဲ မေးမြန်းတာပြီးလို့ ဓာတ်ပုံရိုက်မယ်ဆိုတော့မှ ပြသာနာက စတာ ရတနာက ဓာတ်ပုံရိုက်ရင် သူ့ခွေးလေးနဲ့ပါရိုက်ချင်တယ်ဆိုတော့ အော် ရတယ်ပေါ့ ဓာတ်ပုံရိုက်တာ ကိုယ်မှမဟုတ်တာ ခွေးနဲ့ရိုက်ချင်လဲ တစ်မျိုးဆန်းတာပေါ့လေဆိုပြီး ခွေးကို ခေါ်လိုက်တော့ အမလေး ခွေးက နည်းတဲ့အကောင်ကြီး မဟုတ်ဘူး ကြီးလိုက်တာလဲ လွန်ရော မတ်တပ်ရပ်လိုက်တာ လုအရပ်ထက်တောင်ကျော်သွားတယ် ဝလိုက်တာလဲ တိုလို့ ရတနာကတော့ ခွေးက ကြီးပင်မယ့် မကြောက်ပါနဲ့ပါ့နော် ကိုက်လဲမကိုက်ပါဘူးပေါ့ နာမယ်က ပလူတိုလို့ခေါ်တယ်ဆိုပြီး ပြောပြရှာတယ် ဒါပေမယ့် မရတော့ဘူး နွယ်ပင်တို့ ကြောက်တာဒူးတုန်နေပြီ အဲတာနဲ့ ဓာတ်ပုံရိုက်တာ မကြည့်တော့ဘူးဆိုပြီး ဧည့်ခန်းထဲမှာ ခပ်တည်တည်ဝင်ထိုင်နေလိုက်တယ် ဒါပေမဲ့လည်း ကံများကမကောင်းချင်တော့ ရတနာ အဝတ်စားလဲချိန်မှာ ခွေးက ဧည့်ခန်းထဲကို ဝင်လာတော့ ကြောက်လွန်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိတော့ဘူး သူကတဖြည်းဖြည်းကိုယ့်အနားကို တိုးလာလေ ကြောက်လွန်းလို့ ထိုင်မရထမရဖြစ်လေ နောက်တော့မှ ပလူတို လူတိုဆိုပြီး ခေါ်လိုက်တော့ ခေါင်းလေးနဲ့လာဝှေ့ပြီး အနားမှာ လာအိပ်နေတယ် အိပ်တာတောင် ကြောက်တက်တဲ့ သူအနားမှာပဲ အိပ်ပြီး သူ့ခြေထောက်ကြီးနဲ့ နွယ်ပင့်ကို တက်ဖိထားသေးတယ် နာလိုက်တာဆိုတာလဲ ဘာပြောကောင်းမလဲ ကြောက်လဲကြောက် နာလဲနာလှုပ်လဲမလှုပ်ရဲနဲ့ Air Con ခန်းထဲမှာ ချွေးပြန်ခဲ့ရဲ့ အဖြစ်အပျက်လေးပေါ့ ။ ဆက်ရန် ……………

PS နောက်ထပ် အမှတ်တရဖြစ်ခဲ့ရတာလေးတွေကိုလဲ ပြောပြချင်ပါသေးတယ် အခုတော့ စာကရှည်နေပြီဆိုတော့ အမှတ်တရများ (2) ဆိုပြီးရေးလိုက်တော့မယ်နော် .. အားပေးကြပါဦး ……

30 comments

  • windtalker

    August 17, 2011 at 1:58 pm

    သက်အောင် ကို ခရေဇီ ဆိုလားပဲ( အရပ်မြင့်မြင့် အသားဖြူဖြူ အဆိုတော် )
    အင်တာဗျူးချိန် က လည်း ၁နာရီခွဲ တောင်ကြာတာတဲ့
    ဆိုတော့
    စိုးသူ သီချင်း လေး ဘက်ဂရောင်းဖွင့်ပေးချင်တယ်
    မနွယ်ပင်ရေ
    ဟီဟိ

  • mr.lone

    August 17, 2011 at 2:03 pm

    ူမမ နွယ်ပင်က အခုကောမဂ္ဂဇင်းတိုက်မှာလုပ်နေတုန်းပဲလား။lone ကတော့ အစီစဉ်ကြေငြာသူအရမ်းဖြစ်ချင်တာ ။ တကယ်လို့မဂ္ဂဇင်းတိုက်မှာလုပ်နေတုန်းပဲဆို lone သူငယ်ချင်းမလေး
    ရဲ့ ဓာတ်ပုံတွေ ထည့်ပေးလို့ရလား… သူက ကြေငြာသရုပ်ဆောင် အရမ်းဖြစ်ချင်တာ ချောလည်းချောတယ်။ချစ်ဖို့လည်းကောင်းတယ်။ သူ့ကိုတွေ့ရင် မချောဘူးလို့ပြောတဲ့လူမရှိသလောက်ပဲ ။ဒါပေမယ့် အခွင့်အရေးမရှိတော့ လုပ်ခွင့်မရှိဘူးဖြစ်နေတယ်။

    • နွယ်ပင်

      August 17, 2011 at 2:16 pm

      lone ရေ နွယ်ပင်က မဂ္ဂဇင်းတိုက်မှာ မလုပ်တာ (3) နှစ်လောက်ရှိနေပါပြီ
      သူများတွေရဲ့ အကြောင်းကို အင်တာဗျူးလုပ်ရတာနဲ့ မေးရတဲ့ သူတွေကလည်း ဒီလူတွေချည်းထပ်နေတာဆိုတော့ စိတ်ကုန်တာနဲ့ ဆက်မလုပ်ဖြစ်တော့ပါဘူး
      ဒါပေမယ့် သူ့ငယ်ချင်းတွေကတော့ အခုထိရှိနေတုန်းပါပဲ
      loneက သူငယ်ချင်းက သရုပ်ဆောင် ဝါသနာပါရင် Fashion Image သရဖူ နဲ့ The bloom မဂ္ဂဇင်းတွေမှာ လူငယ်သရုပ်ဆောင်ဝါသနာရှင်တွေအတွက် ပြိုင်ပွဲလေးတွေအပြင် ဓာတ်ပုံထည့်
      ပေးတဲ့ ကဏ္ဍာလေးတွေပါရှိပါတယ် နောက် အခြား မဂ္ဂဇင်းတွေမှာလဲ ရှိမှာပါ ကြီုးစားကြည့်ပါဦးနော် …..

      • mr.lone

        August 17, 2011 at 2:23 pm

        ကျေးဇူးအများကြီးတင်ပါတယ် မနွယ်ပင် ….. ရှဲ့ရှဲ့ … ခမ်းစမ်းမီးသား…. ဟိဟိ… 🙂

  • moonpoem

    August 17, 2011 at 2:04 pm

    မနွယ်ပင်ရေ ညီမကလည် Examplezအဖွဲ ့မှာ သက်အောင်ကို အကြိုက်ဆုံးပဲ ။

  • R Ga

    August 17, 2011 at 2:35 pm

    ဒေါ်နွယ်ပင်ရဲ့….ခွေးနင်းခံရတဲ့အဖြစ်…က လည်းရယ်စရာပ။ ကျွန်တော်လည်းအဲဒီလို ခွေးကြီးကြီးတွေဆိုရင် ကြောက်တယ်ဗျ.။ လမ်းဘေးခွေးတော့မကြောက်ဘူး။

    • etone

      August 17, 2011 at 3:28 pm

      ကိုအာဂရော .. နွယ်ပင်ရော… နှစ်ယောက်စလုံး မကြောက်ကြပါနဲ့… ။
      လမ်းဘေးက ခွေးကိုက်လျှင် ပိုက်ဆံမရဘူး … ပိုင်ရှင်ရှိတဲ့ခွေးကိုက်လျှင် ပိုက်ဆံရတယ်လေ … ။ သတင်းတိုက်ကလူ ကိုက်ခံရတာဆိုတော့.. တခြားလူထက်တော့ နှစ်ဆရမှာပဲ… 😛

      ဖတ်ရတာ အရမ်းပျော်စရာကောင်းပါတယ် နွယ်ပင်ရေ… အပိုင်းနှစ်ကိုလည်း စောင့်ဖတ်နေပါတယ်နော် ။

      • R Ga

        August 17, 2011 at 3:37 pm

        အီးတုံးပြောတော့လည်း ဟုတ်သလိုလိုပဲ..။ ဒါပေမဲ့ ပိုင်ရှင်ရှိတဲ့ခွေးက ကိုက်ရင်အသေခဲတဲ့ကောင်တွေဆိုတော့ အသားတော့အရင် စုတ်ပြတ်သပ်သွားမှာသေချာပဲ

        • pan pan

          August 17, 2011 at 3:45 pm

          ပြီးတော့ ပိုင်ရှင်ရှိတဲ့ခွေးက ပိုင်ရှင်အားကိုးနဲ့ ခြောက်လည်းကြောက်မှာမဟုတ်ဘူး
          တချို့ခွေးကတော့ ပိုင်ရှင်ကိုအားကိုးတာမဟုတ်ဘဲ ပိုင်ရှင်ကို ကာကွယ်တာ
          လေလွင့်ခွေးကတော့ ကိုယ်ကကြိမ်းနိုင်ရင်ရတယ်
          ကိုက်မှာစိုးလို့ ရိုက်လိုက်မိလည်း ရန်ဖြစ်စရာမလိုဘူး

      • နွယ်ပင်

        August 17, 2011 at 3:43 pm

        အခုချိန်ဒါကို ပြန်ပြောရင်တော့ ရီစရာပေါ့ etone ရယ်
        ခွေးတက်နင်းလို့ အလုပ်ကို ခြေထောက်ထော့နဲ့ ထောနဲ့ပြန်လာတာကို
        အဲတုန်းကတော့ နွယ်ပင်ရယ် အလုပ်က တစ်ယောက်သောသူရယ် နောက်ဓာတ်ပုံဆရာရယ်
        (3) ယောက်က ခွေးဧည့်ခန်းထဲ ဝင်လာတော့ ကိုယ့်အနားကို လာမှာကြောက်နေကြတာ
        ပြီးတော့ ခွေးက နွယ်ပင်အနားမှာလဲ အိပ်နေလိုက်ရော ဟိုှနှစ်ယောက်က ပျော်သွားကြတာလေ
        ဟန်တောင်မဆောင်နိုင်ဘူး …… 🙁

        • pan pan

          August 17, 2011 at 3:51 pm

          မနွယ်ပင်လည်း အန္တရာယ်ကြားကနေ သူတို့နှစ်ယောက်ကို အားကိုးလို့မရတော့ဘူးထင်တယ်
          ခွေးတက်နင်းခံရတယ်ဆိုတော့ ကြောက်ကြောက်နဲ့ ခြေထောက်လည်းဖယ်ရဲမယ်မထင်ဘူး
          ဘယ်လိုလေးများဖြစ်နေမလဲ?? 😀

        • နွယ်ပင်

          August 17, 2011 at 4:02 pm

          ဟုတ်ပ ပန်ပန်ရယ် အရေးကြုံလာတော့ သူတို့ကလဲ ကြောက်တက်ကြပါတယ်တဲ့
          မကြောက်ပဲ ခံနိုင်ရိုးလား ခွေးကလည်းနည်းတာကြီးမဟုတ်ဘူး
          ခြေထောက်က (2) ရက်လောက်ကိုနာနေတာ
          အဲ့အချိန်တုန်းကတော့ နွယ်ပင့်ပုံစံက ကြောက်လွန်းလို ခွေးနာမယ် ပလူတိုလို့ခေါ်တာတောင်
          အသံကတုန်နေတာ ပြီးတော့ ချွေးတွေကလဲထွက် ခြေထောက်လဲ မဖယ်ရဲဆိုတော့
          တွေးတာကြည့်ပါတော့ ပန်ပန်ရယ် 😀

        • etone

          August 18, 2011 at 1:47 pm

          ဟီးဟီး .. အတူပါတဲ့ တယောက်သောသူကလည်း .. အတော်အားကိုးရတယ်နော် … ။ ဓါတ်ပုံဆရာကတော့ ဘာမှ မတော်လို့ မပြောတော့ဘူး…. ဟိုမြို့ထဲ ဓါးလွယ်သွားတဲ့ အကိုကြီးကိုပဲပြောရတော့မယ် … မားမားမတ်မတ်ရပ်တည်ပုံများ .. ခွေးက ကိုယ့်ချစ်ချစ်ခြေထောက်ဖိအိပ်တာ .. သူကပျော်နေတာ .. ။ တကယ်ဆို အဲ့ဒီအချိန် သူရဲကောင်းဝင်လုပ်ရမှာ 😀 ဟားဟား ..

  • nozomi

    August 17, 2011 at 2:59 pm

    ကြိုက်တယ် ကြိုက်တယ် အဲဒီလို ကင်မရာနောက်ကွယ်က ကိစ္စလေးတွေ
    စိတ်ဝင်စားဘို့ကောင်းတယ်

    ကင်မရာရှေ့တို့ စာရွက်ပေါ်တို့က “ အင်း ဘယ်လိုပြောရမလဲ ဆိုတော့ ဟိုဟာပေါ့ လေ ” တွေနဲ့ ပြီးနေတာ

  • naywoonni

    August 17, 2011 at 3:20 pm

    အမှတ်တရ ထဲမှာတော့ စာရေးဆရာမ ဂျူးရဲ့ အမှတ်တရကိုအကြိုက်ဆုံးပါပဲကွယ်………..

  • fatty

    August 17, 2011 at 3:31 pm

    မနွယ်ပင်ရဲ့ အမှတ်တရ ဖတ်ရတာ အကြိုက်ဗျား … နောက်ဆက်တွဲလဲအားပေးပါတယ် …။
    အဲ ကြော်ငြာသရုပ်ဆောင်ဖြစ်ချင်တဲ့တယောက် …. အလွယ်လေး ..
    သဂျီးကိုလှမ်းပြီးပြောလိုက် သူကြီးက မြန်မာပြည်က မဂ္ဂဇင်းတွေပေါ် ဩဇာ အတော်ညောင်းတယ် ..။

    • kai

      August 17, 2011 at 3:56 pm

      ဆရာဖက်ကတော့… အချွန်နဲ့… ထိုးနေပြီ…။
      အဟင်း..
      ပြောရရင်.. အိပ်ဇန်းပလက်ဇ်က.. ထွန်းထွန်း. ယူအက်စ်မှာရောက်နေတာ.. အယ်လ်အေပြန်ဝင်လာတဲ့နေ့… အင်တာဗျူးမလို့..အကြံထုတ်နေပါတယ်..။
      သူတို့မလည်း..အိပ်ရတယ်ကိုရှိပုံမရ…။
      ဘာရယ်မဟုတ်.. အင်တာဗျူးဆိုလို့… စကားစပ်ပြောတာပါ…။ 🙂

    • mr.lone

      August 17, 2011 at 4:42 pm

      ဟုတ်လား သဂျီးက တကယ်ပြောပေးမှာလား … သဂျီးနော် မီးသူငယ်ချင်းက အရမ်းချောတယ် ။ ဝတ်မှုန်ရွှေရည်ထက်ချောတယ် ။….

      • etone

        August 18, 2011 at 4:48 pm

        စိတ်ချလက်ချ သဂျီးလက်ထဲအပ်လိုက် … 😛 😛 😛

  • thit min

    August 17, 2011 at 4:10 pm

    အင်း……………………….. နွယ်ပင် တိုင်ပတ်ခြင်းပါလား။

  • MaMa

    August 17, 2011 at 8:00 pm

    အမှတ်တမဲ့မှ အမှတ်တရသို့ ပေ့ါနော်။ နွယ်ပင်လည်း “ပေ့ါနော်” တွေ တော်တော်နားထောင်ခဲ့ရမှာပဲ။

  • weiwei

    August 17, 2011 at 8:17 pm

    နွယ်ပင့် အမှတ်တရတွေက ဖတ်လို့ကောင်းတယ် …
    သတင်းတွေ အတင်းတွေလဲ အများကြီး သိမှာပေါ့နော် …
    နောက်ထပ် အမှတ်တရတွေကို စောင့်ဖတ်နေမယ် …

  • ဆူး

    August 17, 2011 at 8:31 pm

    နွယ်ပင် အမှတ်တရတွေ စောင့်ဖတ်နေမယ်။

    သဂျီးလည်း အင်ဒါဗျူးပြီးရင် ဒီမှာ နည်းနည်း မျှပါလား။
    ဘာတွေ မေးလို့ ဘာတွေ ဖြေမလဲလို့.. သိချင်တယ်။

  • hmee

    August 17, 2011 at 8:33 pm

    ခွေးတွေက တကယ်ချစ်ဖို့ ကောင်းပါတယ်။ လူနဲ့ အနီးကပ်နေတာ ကြာရင် စကားတောင် နားလည်တယ်။

  • 007James

    August 17, 2011 at 10:46 pm

    အော် ဆိုးလိုက်တဲ့ကံ- ခွေးအနင်းခံရတယ်လို့။ကောင်းတယ်(အတွေ့အကြုံလေးတွေရေးတာကိုပြောတာ)။

  • windtalker

    August 18, 2011 at 12:16 am

    အခုမှ ဒုတိယ အကြိမ် ပြန်ဖတ်ပြီး
    သတိရမိတာလေး ပြောပြချင်တယ်
    ဟားခလုတ် စာအုပ် ထဲ မှာ
    အကြည်တော် ရေးခဲ့သလို
    မနွယ်ပင် လည်း
    ခွေးတစ်ကောင် ပြန်မွေးပြီး
    သူတို ့ကို မနွယ်ပင်ဆီ လာဖို ့
    ပြန်ဖိတ်ခေါ်လိုက်ပေါ့
    မကောင်းဘူးလား

  • ကြောင်ကြီး

    August 18, 2011 at 9:57 am

    အဲဒီတုံးက နွယ်ပင်နဲ့ဦးကြောင် မဆုံလိုက်ရတာ နာတာပဲ။ မြန်မာ့စာပေ သမိုင်းမှတ်တမ်းအတွက် ဆုံးရှုံးနစ်နာမှုပေါ့..။

    • နွယ်ပင်

      August 18, 2011 at 10:30 am

      ဟုတ်တယ် ဦးကြောင်ရယ် ဦးကြောင်ကြီးကို ဖုန်းဆက်ပြီး ဘယ်လိုပဲချိတ်ချိတ်
      ရိုက်ရက်တွေက အရမ်းများနေတော့ အချိန်မပေးနိုင်ဘူးဖြစ်နေတယ်ထင်တယ်
      နွယ်ပင် အင်တာဗျူးထဲ့ အထဲမှာ ဦးကြောင်လို စူပါစတားကို မဗျူးလိုက်ရတာ
      အကြီးမားဆုံး နစ်နာမူပါပဲ ………… 😛

      • etone

        August 18, 2011 at 4:51 pm

        နွယ်ပင်ရေ… ဦးကြောင်က မအားဆို…. ဒီမှာရှိတုန်းလေ… သူက ကြောင်သီချင်းဆိုသင်တန်းတက် ၊ ဗြူတီပါလာသွားပြီး လက်သည်းသွေး … ၊ ကြောင်အိမ်ထဲဝင် ငါးကြော်ခိုးနည်းတွေ သွားတတ်နေရတယ်လေ … ။ ဟိုမှာ ဈေးကြီးတယ်တဲ့ … 🙄

  • ကျနော်ကတော့ အကြွေးသွားကောက်တဲ့အိမ်က ကျနော်တို့ကိုအခန်ထဲထား
    ပိုက်ဆံချပေးပြီး အဝင်ဝမှာအယ်လဇေးရှင်းတစ်ကောင်အစောင့်ထားခဲ့တာ။
    လူမလှုပ်လိုက်နဲ့ခွေးကမာန်ဖီပြရော။
    နောက်အဲဒီအိမ်ကို ဘယ်တော့ မှ အကြွေးမရောင်းတော့ဘူး ။
    လိုချင်ရင်လက်ငင်းလာဝယ်ဘဲ

Leave a Reply