ကြောင်လို လူတွေရှိသေးလား
အခုတစ်လော ရွာထဲမှာကြောင်တွေအကြောင်း ရေးကျချွတ်ကျတာများတော့ ကျွန်တော်လည်း ကြောင်အကြောင်းကိုရေးချင်လာတယ်။သူများတွေရေးတာကို အားကျတာလည်းပါနိုင်ပါတယ်။ ကျွန်တော်အခုရေးမယ့်စာနဲ့ ခေါင်းစဉ်နဲ့ နည်းနည်းလွဲကောင်းလွဲနေရင်တော့ခွင့်လွတ်ပေးဖို့ကြိုတင် ပန်ကြားလိုပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေက အားလုံးသိတဲ့အတိုင်းပဲရောင်ရဲတင်းတိမ် ပြီး၊သည်းညီးခံ
တတ်ကျတဲ့လူမျိုးတွေပါ။ဒီအကျင့်တစ်ဖက်က ကြည့်ရင်တော့ ကောင်းတဲ့အကျင့်လိုလိုနဲ့ ရောင်ရဲပါများ သည်းခံတာများလာတဲ့အခါကျတော့ မကောင်းတဲ့ဘက်ကိုကူးသွားတတ်ပါတယ်။
အခုလည်းကြည့်လေ စစ်အဆိုးရ(အစိုးရမဟုတ်ပါ)ရဲ့ မကောင်းမှု၊ညှင်းပန် ဖိနိမ့် နှိပ်စက်မှုမှန်သမျှ ကျွန်တော်တို့လူမျိုးတွေ ရောင်ရဲသည်းခံခဲ့ကြတာများပါတယ်။ အခုလည်းလူဝတ်လဲထားတဲ့အဆိုးရ ဆိုပေမဲ့လည်း မထူးပါဘူး ဖိနိပ်မှု အာဏာပြမှုတွေကတော့ ရှိနေဆဲပါပဲ။ ဒီတော့ ကျွန်တော်တို့လူမျိုးတွေက ကြာလာတော့ ဘာဖြစ်လာသလဲဆိုတော့ နိုင်ငံရေးဆိုတာ လူကြားထဲမပြောရဲမဆိုရဲလောက်၊ သန်းရွှေကိုမကျေနပ်လို့ လက်ဖက်ရည်ဆိုင် မှာကိုယ်က သန်းရွှေစောက်ရူး၊အာဏာရူးလို့ ပြောရင်တောင် ဘေးနားကလူတွေ ရှူးတိုးလုပ်ပါ ကွာ မင်းကလည်းတို့ ၊ နိုင်ငံရေးမပါကြေးတို့ ဘာတို့နဲ့ကြောက်နေကျသေးတာပဲလေ.။ ဆိုလိုတာ ကသူတို့အကြောင်း မဟုတ်မှန်းသိနေပေမဲ့ ဟဟလေးတောင် ဖွင့်မပြောရဲကျတဲ့ကိစ္စ ပါ။ လူကြီးတွေကစ ဒီလိုဖြစ်လာတော့ လူငယ်တွေဆိုတာ နိုင်ငံရေးဆိုတာ ဘာမှန်းတောင်နားမလည်တဲ့ဘဝ၊နိုင်ငံရေးအကြောင်းပြောရင်ပဲ.အခုချက်ချင်းပဲဘေးနားမှာထောက် လှန်းရေးရောက်နေပြီး ထောင်ထဲဆွဲသွင်းခံရတော့မလိုပါပဲ..။
ပြောရင်းနဲ့လမ်းများချော်သွားလားတောင်မသိဘူး။ကျွန်တော်အဓိကပြောချင်တဲ့ကြောင်အကြောင်းပဲ ဆက်သွားကြပါစို့..။ အဲဒါဘာလဲဆိုတော့
လူတစ်ယောက်က ရေကန်တစ်ကန်မှာ ငါးမျှားနေတယ်။ ငါးမျှားချိတ် ကဖော့တံလေးလှုပ်လာရင်
သူက ငါးမျှားတံကိုဆွဲတင်လိုက်မှာပဲလေ။အဲဒီလို ဆွဲတင်လိုက်ရင် ငါးမျှားချိတ်မှာ ငါးတစ်ကောင် မိလာမှာပဲ။ အဲဒီအခါမှာ ငါးက သူ့ပါစပ်မှာ ချိတ်နဲ့ချိတ်မိနေတဲ့အခါ နာကြင်လွန်းလို့ ဖျတ်ဖျတ်လူးနေမယ်။ ဒါပေမဲ့ငါးမှာက အသံမရှိတဲ့အခါ သူနာကျင်မှုကို ဘယ်သူ (ဘယ်ပတ်ဝန်းကျင်)ကမှသိမှာမဟုတ်ဘူး။ မသိတဲ့အတွက်ငါးအပေါ်မှာလည်းဘယ်သူ
ကမှလည်းသနားစိတ်ဖြစ်မိမှာမဟုတ်ပါဘူး။ဒီတော့ငါးဘဝက ငါးဖမ်းသူရဲ့ ခြင်းထဲပဲရောက်သွားပြီး
သေဆုံးသွားမှာအသေချာပါ။ ဒီလိုငါးနေရာမှာ ကြောင်တစ်ကောင်ကိုများ အဲဒီလို ငါးမျှားချိတ်နဲ့ မျှားကြည့်လို့ မိသွားရင်.ကြောင်ကလည်း နာကျင်လွန်းလို့ အော်မှာပဲလေ။ သူမှာအသံရှိတာကို သူနာကျင်တာကို သူ့အသံနဲ့ သူခံစားချက်ကို ပေါက်ကွဲပြမှာပဲလေ.။ ဒီအခါ ပတ်ဝန်ကျင်ကလူတွေကဘာပြောမလဲ။ ငါးမျှားတဲ့လူ(ကြောင်မျှားတဲ့လူ)လိုဝိုင်းပြောကြမှာပေါ့။ အကြင်နာမရှိတဲ့လူ..။ကြောင်လေးခမျာ သနားစရာဗျာ။ မနေနိုင်တဲ့လူဆိုရင် ခင်ဗျားယုတ်မာလှ ချည်လားပြန်လွတ်ပေးလိုက်ပါဗျာ။ ကြောင်လေးခမျာ ဘယ်လောက်တောင်ဝေဒနာခံစားနေရလဲ ဆိုပြီး ပြန်လွတ်ခိုင်းမှာသေချာတယ်။
ဒီတော့ ကျွန်တော်စဉ်းစားမိတာက အသံမရှိတဲ့သတ္တဝါနဲ့ အသံရှိတဲ့ သတ္တဝါမှာတောင် သံရှိတဲ့ သတ္တဝါက အခွင့်ရေးပိုရနေသလိုပဲလေ။အခုကျွန်တော်တို့ တွေမှာလည်း အသံတွေရှိပေမဲ့လည်း ကျွန်တော်တို့တွေ ဟာနှစ်ပေါင်းများစွာ ငါးတွေလို အသံတွေပျောက်ဆုံးနေကျတာပဲလို့ ဒိလိုအသံတွေပျောက်နေတော့နောက်ဆုံးတော့လည်း ငါးတွေလို ပလိုင်းထဲရောက်ပြီးသေဆုံးသွား ရတာပဲလေ။ ကျွန်တော်တို့ များ တစ်ယောက်စ နှစ်ယောက်စ ကစလို့ပဲဖြစ်ဖြစ် မတရားခံရတိုင်း ကြောင်တစ်ကောင်လိုသာ အသံထွက်ခဲ့မယ်ဆိုရင်။ပတ်ဝန်းကျင်က လက်ပိုက်ကြည့်မနေရက်ပါလို့တွေးမိရင်း…..။
ကြောင်လိုလူများ ဖြစ်နိုင်ကျပါစေလို့ဆုတောင်းမိတယ်။
26 comments
နွယ်ပင်
August 17, 2011 at 3:56 pm
ပေးထားတဲ့ ဥပမာလေးနဲ့ အကြောင်းအရာလေးကအရမ်းကိုကောင်းပါတယ်
ဒါပေမယ့်လည်း မတရားခံရတိုင်း (လူတိုင်းမဟုတ်တောင် တစ်ချို့တစ်လေက) အော်ကြတဲ့ သူတွေလဲ ရှိပါတယ် ဘာကြောင့်ရယ်တော့ မပြောတက်ဘူး မကြားကြတာများတယ်လေ ……
thit min
August 17, 2011 at 4:03 pm
Good approach! Sometimes, we can say nothing even we have voice. In worst case, we cannot show anything even feel “great suffering” while getting “painful”.
mr.lone
August 17, 2011 at 4:05 pm
လူတိုင်းအော်ချင်ကြပါတယ် ။ ဒါပေမယ့် အော်ရင်တောင် မကြားရအောင် နားပိတ်ထားမှတော့ လိပ်ခေါင်းထွက်အောင် အော်လည်း အလကားပါပဲ ။ တစ်ချို့ကျတော့ လည်းမအော်ရဲအောင် ပိတ်ထားကြ
တယ်လေ။ အဲ့လိုနားပိတ်ထားတဲ့ ကောင်တွေနားထဲ လောက်ချာ နဲ့ထုမှပဲ ရမှာ ။
Shwe Ei
August 17, 2011 at 4:17 pm
ကြောင်ဆိုရင် ပလိုင်းထဲတော့ထည့်မှာမဟုတ်ဖူးနော်။
manawphyulay
August 17, 2011 at 4:27 pm
အင်း ပလိုင်းထဲ အရောက်မခံရအောင် အတင်းရှိတဲ့အသံတွေက ထွက်နိုင်အောင် ကြိုးစားကြတာပေါ့နော်… 😛
pooch
August 17, 2011 at 4:28 pm
ရေးထားတဲ့ အကြောင်းလေးက ပေးချင်တဲ့ အကြောင်းအရာကို တိုက်ရိုက်ပေးနိုင်ပါတယ် … ကောင်းတယ်
ငိုတတ်တဲ့ ကလေးက နို့ပိုစို့ရတယ် ဆိုပေမဲ့
အသံကြောင့် ဖားသေမှာ စိုးတဲ့ လူတွေက များတယ်လေ
cobra
August 17, 2011 at 4:38 pm
ကောင်းပါတယ်။ရေးတဲ့သူရော
မန်းတဲ့သူတွေပါမှန်ကြပါတယ်။
pan pan
August 17, 2011 at 5:09 pm
အော်တော့အော်တာပဲ
အော်တဲ့ကြောင်ကို အငြိုးနဲ့နှိပ်စက်ရင် ဘယ့်နှယ်လုပ်မလဲ
R Ga
August 17, 2011 at 5:59 pm
တစ်ယောက်အော်လို့ တစ်ယောက်ကို နှိပ်စက်ရင် နောက် တစ်ယောက်က ပါ ထပ်ကူအော်ပေး။ အော်တဲ့လူများလာရင် ပတ်ဝန်းကျင်က ပါလာမှာပါပဲ..။ စိတ်ချ အော်ရဲတဲ့ သတိ္တ သာရှိ…။ အကျိုးတစ်ခုတော့ခံစားရမှာအမှန်ပဲ.။
alinsett
August 17, 2011 at 6:28 pm
ကိုယ် ကတော့ အော်ဟစ်မနေတော့ဘူး။ အော်ရတာမောနေပြီလေ။ ဒီတော့ ရေးမယ်…။ ကိုယ် ့ခံစားချက်ကို လူတွေ အများကြီးသိအောင်..ရေးတော့မ.ယ် ။
အတွေးကောင်းကောင်းလေး ကို တွေးပြီး ရေးနိုင်လို ့ ချီးကျူးပါတယ်နော် ။ အာ ဂ ဆက်လက် ရှင်သန် နိုင်ပါစေ…။
ogre
August 17, 2011 at 7:12 pm
ကောင်းလိုက်တဲ့ အိုင်ဒီယာလေး
သဘောကျတယ်
ဒါပေမယ့်အော်တိုင်းလဲမကောင်းဘူးထင်တာပဲ
အော်မိကာမှ အသံမထွက်နဲ့ဆိုပြီး ထပ်အရိုက်ခံရရင်တော့
ကျောကွဲရုံပဲရှိတော့မယ်….။။။။
fatty
August 17, 2011 at 7:46 pm
ကျုပ်တို့ငယ်တုန်းက ပါးစပ်ရှိတော့ ပါးစပ်နဲ့အော်တာပေါ့ဗျာ …..။
သူတို့ဘက်ကလည်း ပြန်အော်တယ်ဗျ .. ဒက်ဒက် ..ဒက်ဒက် နဲ့ ……….။
ဒိုင်းညှောင့် လို့တောင်အသံထွက်သေးမှတ်တယ် ….။
အခုတော့ ပြီးလောက်ပြီထင်ပါရဲ့ ….. ။
hmee
August 17, 2011 at 8:28 pm
ကောင်းလိုက်တဲ့ အတွေးလေး။
nature
August 17, 2011 at 9:46 pm
ကောင်းလိုက်တဲ့စိတ်ကူးလေး ။ချီးကြူးပါတယ်။
windtalker
August 17, 2011 at 10:08 pm
ပို ့စ် က ဖတ်လို ့ကောင်းပါတယ်ဗျာ
အော်ဖို ့တော့
သတိ္တ အင်အား မရှိရဲပါကြောင်း
ရွှေအိမ်စည်
August 17, 2011 at 10:10 pm
ကြွက်ထောင်ချောက်တွေ ပေါ်လာပေမယ့်
ကြောင်တွေကတော့ ကြွက်ခုတ်နေတုန်းပဲ…။
moethidasoe
August 17, 2011 at 10:40 pm
ကိုအာဂ က ယုန်ထောင်တာကိုး ကြောင်မိမှာပေါ့ ..
တကယ်ဆိုတော့ ကိုအာဂ က ကြောင်ကို အော်သံ သူများမကြားခင် သတ်ပစ်လိုက်မှာလား ..
(စဉ်းစားပြီး မေးကြည့်တာနော် .. စွပ်စွဲတာ မဟုတ်ဘူး)
MaMa
August 18, 2011 at 8:34 am
အာဂ လက်စွမ်းတွေ ပြနေပြီ။ ပြောချင်တာကို ထိအောင် ပြောလိုက်တာ တော်ပါပေတယ်။
မတူတဲ့အမြင်နဲ့ ပြောရမယ်ဆိုရင် ကြောင်က ကြောင်၊ ငါးက ငါး၊ လူက လူ။ သူ့နေရာနဲ့ သူပေ့ါ။ ငါးမျှားတဲ့လူ၊ ကြောင်ဖမ်းတဲ့လူ နေရာက နေကြည့်။ ကိုယ်လည်း မိအောင်ဖမ်းမှာပဲ။ မိရင် ပျော်မှာပဲ။ (ငယ်ငယ်က ငါးမျှားဖူးလို့။)
သူနာနာ မနာနာ ကိုယ်နဲ့မဆိုင်ပါ။ ( ကိုင်ဇာသီချင်းကို အလိုက်ယူသုံးလိုက်သည်။)
🙁
ကြောင်ကြီး
August 18, 2011 at 9:51 am
ရှိဒယ်ဟေ့..အဲဒါ ငါပဲကွ…မီညောင်………………
etone
August 18, 2011 at 1:43 pm
ဟီးဟီး … ဘာဖြစ်လို့လဲ ..
မီးညှောင် မီးညှောင်ရဲ့ အဓိပါ္ပယ်က … ဘယ်ဒူ အမြီး တက်လင်းတာလဲကွ တဲ့ … 😛
aungnng87
August 18, 2011 at 1:57 pm
အော်တိုင်းလည်းအကျိုးမရှိလို.မအော်တော့ဘူးနဲ့တူပါရဲ့။
စုံ စုံ
August 18, 2011 at 4:21 pm
ကြောင်တကောင်
(ကြောင်)မျှားချိတ်မှာလဲမိနေတယ်
ဒါပေမယ့်
ကြောင်က အ နေတယ်
ဒါဆိုရင်ကော….
R Ga
August 18, 2011 at 6:03 pm
ကြောင် အ တော့ တစ်ခါမှ မတွေးဘူးသေးဘူး စုံစုံရေ…။
တကယ်လို့အ နေခဲ့ရင်တော့ ရသမျှအားနဲ့ ပြန်ကုတ်သင့်တယ်ထင်တယ်။
MaMa
August 18, 2011 at 6:20 pm
ငါးမျှားချိတ်မှာ မိနေမှတော့ ဘယ်လို ကုတ်နိုင်ဦးမှာလဲ?????????????????
R Ga
August 18, 2011 at 6:42 pm
(မယုံရင်မျှားကြည့် ကုတ်လို့ရမယ်ထင်တယ်။ကုတ်ချင်တဲ့ စိတ်ရှိရင် ကုတ်လို့ရပါတယ်။ ပြန်လုပ်ချင်တဲ့ စိတ်လေးသာရှိမယ်ဆိုရင်ပြောတာပါ။)
ကျွန်တော် ပြောချင်တဲ့ သဘောတရားက ပုံပမာလေးနဲ့ အမြင်လေးပေးချင်တာပါ။ အပြင်မှာ ဘယ်သူမှ ကြောင်မမျှားသလို၊ ဘယ်ကြောင်မှလည်း ငါးမျှားချိတ်က အစာကိုစားမှာမဟုတ်လောက်ပါဘူး။
နိုင်ကြီး
August 18, 2011 at 5:02 pm
အော်တယ်ဆိုတာမှာလည်း အော်တတ်ဖို့လိုတယ် သူကြီးစကားငှားပြောရရင် ”အော်ခြင်းအနုပညာ” ပေါ့
ပတ်ဝန်းကျင်က ကြားအောင်အော်တတ်ဖို့လိုတယ် ဒါမှ အော်လို့အသတ်ခံရရင်လည်း ကိုယ့်အသံကျန်ခဲ့မှာဘဲ အဲဒီအသံကို လက်ဆင့်ကမ်းသယ်ဆောင် အကောင်အထည် ဖော်ကြရင်ဖြင့်