PanPanChitရဲ့ ဒီကနေ့ ရုံးတက်ပုံ
သဂျီးရဲ့ ဝန်ခံခြင်းအနုပညာကို ဒီကနေ့ချသုံးလိုက်ပါပြီ
သူများပဲလက်ညိုးထိုးနေတဲ့ ကျွန်မ၊ ကျန်တဲ့လက်ချောင်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်ထိုးနေတယ်ဆိုတာ သတိမထားလိုက်မိဘူး
ဘာလဲဆိုတော့ ခုတလောရွာထဲခေတ်ထနေတဲ့ အဝတ်အစားကိစ္စပဲ
ဒီကနေ့ ကျွန်မဝတ်ထားတာ ဂျင်းစကတ်အတို(ဒူးအထက်)နဲ့ တီရှပ်၊
တီရှပ်ကလည်း ဆယ်ကျော်သက်တွေဝတ်တဲ့ sport ဒီဇိုင်းတီရှပ်
ဖိနပ်ကတော့ ကြိုးမှာသစ်သားစေ့လေးတွေ ပြည့်နေအောင်စီထားတဲ့ ဖန်စီဖိနပ်
ဘယ်သွားတယ်မှတ်လဲ၊ ရုံးတက်တာ
ဘာပြောကောင်းမလဲ၊ ကို့ရိုးကားယားပေ့ါ
အဲဒါပြောတာလေ၊ သူ့နေရာနဲ့သူ သင့်တင်လျောက်ပတ်အောင်ဝတ်ဖို့ဆိုတာ
ကိုယ်တိုင်တော်တော်လုပ်နေရတယ်
ဒါကဒီကနေ့တစ်ရက်ပဲ ဒီလိုဝတ်တာလား၊ အရင်နေ့တွေကရော
သိပ်တော့မကွာဘူး၊ အရင်နေ့တွေလည်း ဂျင်းရှော့ပင်၊ ဂျင်းအရှည်ဘောင်းဘီ၊ တခါတခါစတိုင်ဘောင်းဘီပေ့ါ
အဲဒီစတိုင်ပင်ကလည်း ရုံးကချုပ်ပေးထားတာ 😀
ကိုယ့်မှာရှိတာကလည်း အဲလိုကလေးကလားတွေဆိုတော့
ထမီတော့ဝတ်ပါတယ်၊ တခါတလေပေ့ါ
အရပ်ကပုပု လူကောင်သေးသေး ဘာအလုံးအထည်မှမရှိတော့
အဒေါ်က ကျွန်မထမီဝတ်ထားရင် ဝါးခြမ်းပြားလေးအဝတ်ပတ်ထားသလိုပဲလို့ ချီးမွမ်းရှာတယ်
ပြီးတော့ ကျွန်မက ထမီကိုရှည်မှကြိုက်တယ်
ဖြတ်ဝတ်၊ ခေါက်ဝတ်တာလည်း မကြိုက်တော့ ဘာပြောကောင်းမလဲ အရပ်ကလေးပုပုနဲ့ စည်ပင်သာယာပေ့ါ
လူတိုင်းလိုလို(ရင်းနှီးသူတွေ)က ပြောကြတယ် “နင်နဲ့ ထမီလုံးဝမလိုက်ဘူး၊ မဝတ်ပါနဲ့”တဲ့
သက်ကြီးပုနဲ့တူတယ်ပြောလိုပြော၊ အဘွားကြီးပေါက်စလို့ပြောသူပြောနဲ့
ဆိုတော့….ထမီကိုသိပ်မဝတ်ဖြစ်ဘူး
ဥပုသ်ကျောင်းသွားရင်၊ ဆွမ်းလောင်းရင်တော့ ထမီနဲ့ပေ့ါ 🙂
ထားပါတော့…ဒီကနေ့ဝတ်တဲ့အဝတ်နဲ့ ပတ်သက်ပြီးပြောချင်တာပါ
အမြဲတွေးမိတာက ငါအပြင်သွားလို့ အချိုးမပြေတာဖြစ်ခဲ့ရင် ရွာထဲကတစ်ယောက်ယောက်ကများ
ငါ့ပုံစံတွေ့သွားလို့ကတော့ အဲဒီကိစ္စရွာထဲရောက်သွားမှာပဲ
သူများတွေက ဘယ်သူမှန်းသာမသိကြမှာလေ
ကိုယ်တိုင်ကသိနေတာကိုး
အဲဒီလိုလည်းခဏခဏတွေးမိတယ်
အဲဒါကြောင့် ဝန်ခံတာ၊ ကိုယ့်ပေါင်ကိုယ်ထောင်းတာ သူများထောင်းတာထက်တော့ သက်သာတာပေ့ါ
ညှာထောင်းတယ်လေ 😛
အဲဒါကြောင့်ဝန်ခံပါရဲ့ ဒီကနေ့ရုံးတက်အဝတ်အစားက တီရှပ်နဲ့ ဂျင်းစကတ်တိုပါလို့
မနက်ကအဝတ်ထုတ်နေတုန်းစဉ်းစားမိတာက ငါဒီကနေ့ meeting roomထဲဝင်ရမှာလား မဝင်ရဘူးဆိုတော့ အိုကေတယ်
meeting roomထဲမှာက အရမ်းအေးတယ်လေ
အခန်းကလည်းအရမ်းကျဉ်တော့ အဲကွန်းဒဏ်လှိမ့်ခံရတာ
ဒီကနေ့တော့ အဲဒီဒုက္ခလည်း ခံစားစရာမလိုတော့ အေးဆေးပေ့ါ
ထိုင်ခုံမှာထိုင်လိုက်ရင်တော့ စကပ်လေးက ပေါင်လည်ထိ တိုတက်သွားတာလေးတစ်ခုပဲ 🙄
ဒါ့ကြောင့် ထိုင်ခုံမှာထိုင်လိုက်ရင် လူရောထိုင်ခုံရော စားပွဲအောင်ကို လျှောဝင်လိုက်တာပေ့ါ (ဘာရမလဲ)
အကာအကွယ်ယူတာလေ
ရုံးမှာ ယူနီဖောင်းတော့လုပ်ဖြစ်လိုက်သေးတယ်
ဝတ်ချင်တဲ့လူများတယ်လို့ ဆန္ဒပြုကြလို့
ဒါပေမယ့် လေးငါးခြောက်လလောက်ပဲခံပါတယ်
ယူနီလည်းမဖောင်းတော့ဘူး
အသံတွေထွက်လာတယ် မဝတ်ချင်တော့လို့
အဒါနဲ့ စစ်တမ်းပြန်ကောက်တယ် မဝတ်တဲ့ဘက်ကများလို့ ပယ်လိုက်ရော
ရုံးကဒီမိုကရေစီဆန်တယ် မဲများရင်အသာပဲ
ဘယ်သူ့မျက်နှာမှထောက်စရာမလိုဘူး ကိုယ်ကြိုက်တာရွေးပဲ
အဟဲ ကြော်ငြာဝင်တာ
ရုံးမှာလည်း ဝတ်ကြတဲ့ဒီဇိုင်းတွေက ပုံစံစုံပါပဲ
Freeပေ့ါ၊ ဒါပေမယ့် လန်ပျံနေအောင်တော့ ဝတ်လို့မရပါဘူး
ဂျင်းဘောင်းဘီရှော့ပင်တို့၊ စကပ်တို့လောက်တော့ရပါတယ်
သရုပ်ပျက်ကြီးလောက်တော့ ဘယ်ဝန်ထမ်းဝတ်ရဲမလဲနော
သဂျီးပြောသလိုပေ့ါ Microsoft ကစလိုက်တဲ့ ပုံစံပဲပြောရမလား
ရုံးကလူတွေက အိုင်တီသမားတွေဆိုတော့……
ဒီကနေ့ တီရှပ်တောက်တောက်Sportဒီဇိုင်းနဲ့ ဂျင်းစကပ်တိုတို၊ ဖိနပ်ကဖန်စီပုံစံနဲ့ PanPanChitတစ်ယောက် ရုံးတက်ပုံကို
မြင်ယောင်ကြည့်ကြပါကုန်………….။
(လမ်းမှာတွေ့ရင်လည်း PanPanChitများဖြစ်နေမလားဆိုပြီး ဖြည့်တွေးပေးကြပါ၊ ရွာထဲမှာတော့ ကမ္ဗည်းမတင်လိုက်ကြပါနဲ့နော်)
26 comments
ရှူံးနိမ့်မှုများနဲ့.. လူ
August 18, 2011 at 5:20 pm
အိမ်း…. အဘတို့ကတော့ အဲလိုလေးတွေဝတ်ရင် သိပ်မပြောချင်ပါဘူးကွယ်
မျက်စိထဲကွက်ကွက်ကွင်းကွင်း မြင်လာအောင် ရေးတတ်ပါပေတယ်
ပုံလေးပါ တွဲတင်လိုက်ရင်တော့ နောင်လူမမှားတော့ဘူးပေါ့ကွယ်
(အောင်ကြူးကြီးလေဖြင့် မန့်လိုက်ရပါကြောင်း…)
Foreign Resident
August 19, 2011 at 5:51 am
ပုံလေးပါ တွဲတင်လိုက်ရင်တော့ နောင်လူမမှားတော့ဘူးပေါ့ကွယ်
Yes 😛
pan pan
August 19, 2011 at 8:43 am
ပုံတင်တာတော့ ဟုတ်ပါရဲ့
တော်ကြာအွန်စောနဲ့ အမြွှာညီအစ်မလို့ ထင်နေကြပါဦးမယ် 😛
manawphyulay
August 18, 2011 at 5:36 pm
မနောကတော့ တစ်ခါတလေမှ ယူနီဖောင်းစကပ်တိုကို ဝတ်ပါတယ်။ မိုးရွာတဲ့အခါပေါ့ ရေမစိုအောင် ဝတ်တာ ကျန်တဲ့ရက်တော့ သိပ်မဝတ်ဖြစ်ဘူး။ သွားရတာလည်း လွတ်လပ်တယ်လေ။ ဘယ်ချိန်ပြန်ပြန် အမြင်လည်းမရိုင်းတော့ဘူး။ တစ်ခါတလေ ယူနီဖောင်းအကျီတော့ဝတ်တယ်။ စကပ်တိုအစား ဘောင်းဘီရှည်ကို တွဲဝတ်တယ်။
MaMa
August 18, 2011 at 5:39 pm
ဩ လက်စသတ်တော့ ဟိုနေ့ကတွေ့လိုက်တာ pan pan ကိုး။
😀
pooch
August 18, 2011 at 9:04 pm
တို့လည်း ထမိန် ကို ဘုရားသွားကျောင်းတက်၊ ရိုးရာပွဲက လွဲရင် သိပ်မဝတ်ဖြစ်တော့ဘူး 😛
အိမ်နေရင်းဆို စပန့်သို့်မဟုတ် မြင်းခြံချည်ထည် ဝမ်းဆက် ( အကျီဘောင်းဘီ တို၊ ရှည် ခပ်ပွပွ ၊ )တွေအမြဲဝတ်တယ်
လွတ်လွတ် လပ်လပ်ရှိလို့ ။ အဲ့ဒီပုံစံနဲ့ ဘဏ်သော်လည်းကောင်း ၊ city mart ၊ စတိုးဆိုင် ရောက်ချင်တဲ့နေရာရောက်နေတတ်တယ်။ ရုံးမှာ မလုပ်လို့ ယူနီဖောင်းတော့ တခါမှ မဝတ်ဖူးဘူး ၊ ဒါပေမဲ့ ယူနီဖောင်းဝတ်စုံလေးတွေကို သဘောကျတယ်။ အိမ်အလုပ်ကိုပဲ လုပ်တော့ အိမ် နဲ့ အလုပ်ရုံတွဲထားလို့ အိမ်နေရင်း ဝတ်စုံနဲ့ပဲ အနေများတယ်။ရံဖန်ရံခါ မလွှဲသာလို့ အိမ်ကစက်ရုံ သွားရလည်း ဒီပုံစံပဲ။ သူငယ်ချင်း၊ မိသားစုနဲ့ အပြင်ထွက်ရင်တော့ ဂျင်းမှ ဂျင်းပဲ။ ဂျင်းဘောင်းဘီ အရမ်းကြိုက်တယ်။ ချည်ဘောင်းဘီလေးတွေ လည်းသဘောကျလို့ ဝတ်တယ် ။ စကပ်က မကြိုက်လို့ မဝတ်ဖြစ်ဘူး။ ဒါပေမဲ့ မြန်မာ ဝတ်စုံကိုတော့ တန်ဖိုးထားတယ်။ အမြဲမဝတ်ဖြစ်ပေမဲ့လည်းလေ။
ဆံပင် ဆေးဆိုးရတာလည်း ကြိုက်လို့ စိတ်ကူးပေါက်ရင် အညိုရောင် ဖျော့ဖျော့လေးဆိုးတယ်။ သနပ်ခါးေတော့အရမ်းကြိုက်တယ်။
ရေကူးသင်တုန်းကလည်း ရေကူးဝတ်စုံ ဝတ်တယ်။ ထမိန်ဝတ်ပြီးသင်လို့မှ မရတာလေ။ 😛 ဟီး
တို့လည်း pan pan နဲ့ ရောပြီး ဝန်ခံခြင်းအနုပညာ လုပ်ကြည့်တာ .. 🙂 🙂 🙂
pan pan
August 19, 2011 at 8:39 am
မြင်းခြံချည်ထည်ကတော့ မြင်းခြံမှာ နဗျင်းထည်လို့ခေါ်ပါတယ် (စာလုံးပေါင်းလွဲမလားမသိ)
အဲဒီဝမ်းဆက်လေးတွေက ချည်ပါးသေးတယ်
နဗျင်းထည်အစစ်ကြီးက အထူကြီး
အနွေးထည်ချုပ်ဝတ်ရင် နွေးနေတာပဲ
windtalker
August 18, 2011 at 9:26 pm
အဲဒီ မှာ စတွေ ့တာပဲ
နောက်တစ်ခါ ပေါ့
etone
August 19, 2011 at 8:35 am
အင်း .. ပန်ပန်တို့ ရုံးက ဒီမိုကရေစီရထားလို့ ဟုတ်ပေမယ့် ကိုယ်တွေဆီမှာ ကိုယ့်ပစ္စည်းနဲ့ ကိုယ်ဝတ်လျှင်တောင် မျက်စိ ဆံပင်မွှေးဆူးတယ် … ။ ရှေ့တင် တမျိုး ၊ ကွယ်ရာတမျိုး … အ ဲ့ဒါတွေ ကြည့်မရလို့ … အခု ယူနီဖောင်းပဲ ငါးရက်ဝတ်ရမယ် ဖြစ်ကုန်တယ် … ။
ဘောင်းဘီတိုတိုလေးတွေက အိမ်မှာနေရင်းပဲ ဝတ်ဖြစ်တယ် … အပြင်ထွက်လျှင်မဝတ်ဖြစ်ဘူး … 😛
ကြောင်ကြီး
August 19, 2011 at 8:37 am
စကတ်လေးနဲ့ပန်ပန်
လေပြင်းတိုက်တော့လန်လန်
စားရကြုံကံဖန်ဖန်
သိပ်ခိုက်သွားလို့ကြံကြံ
မဆောင်နိုင်တော့ဟန်ဟန်
ရင်ခုန်သံနှုန်းမြန်မြန်
မင်းပေးခဲ့တဲ့ဒဏ်ဒဏ်…။
Shwe Tike Soe
August 19, 2011 at 8:57 am
အော် မပန်ပန်ရယ် ရွာသားတွေ အပြင်မှာ မြင်သွားမှာ တော့စိုးတယ်ပြောတယ်
အခုကြတော့ ပို.စ်ထဲမှာ ပြောထားလိုက်တာ မျက်စိထဲ တန်းခနဲပဲ….
အင်း ဘာပဲဖြစ်ဖြစ် ကိုယ်နဲ.လိုက်တဲ့ အဝတ်အစားကို ဝတ်တာအကောင်းဆုံးပဲ
မိန်းကလေးတော်တော် များများကတော့ ဂျင်းဘောင်းဘီ FIX SIZE လေးနဲ. တီရှပ်အဖြူလေးတွေနဲ.ဆိုရင် ပိုလိုက်ကြမယ်ထင်တယ်….
အရပ်ပုလို. ဂျင်းကို ဒဲ.ပွလေး ဝတ်ပေါ့ဗျာ…
အကြံပေးတာပါ…
ခုံအောက် ဝင်ရတဲ့ဒုက္ခ ပေါင်စိရတဲ့ဒုက္ခ လေသလပ်ခံရတဲ့ဒုက္ခ မှ မိန်းကလေးများ ကင်းဝေးပါစေ။။။ စိတ်မကောင်းစွာဖြင့် ဆုတောင်းလိုက်ပါသည်……. ဟိဟိဟိ 😛 😛 😀
စုံ စုံ
August 19, 2011 at 9:06 am
ပန်ပန်တို့ရုံးကဒီမိုကရေစီရထားတယ်ဆိုတော့
နေ့စဉ်ရောင်စုံလှတဲ့မိန်းကလေးတွေကိုတွေ့ရမှာပေါ့နော်
တို့တွေရုံးကတော့တပတ်၅ရက်ယူနီဖောင်းဘဲ
ဒါပေမယ့်မိန်းကလေးအားလုံးကလဲဒီယူနီဖောင်းကိုနှစ်နှစ်သက်သက်နဲ့ကိုဝတ်ကြတယ်
ဘာလို့ဆိုတော့ယူနီဖောင်းကတအားမိုက်တယ်
အဟီး ကြုံလို့ကြွားလိုက်တာ 🙂
တချို့သူတွေဆိုယူနီဖောင်းဝတ်ထားရင် ၂ခါပြန်တောင်လှည့်ကြည့်ကြတယ်
လူကိုတော့ဟုတ်ဘူး ယူနီဖောင်းကို 🙂
pan pan
August 19, 2011 at 9:16 am
ရောင်စုံပဲ
လန်းလန်းတွေရော ဆန်းဆန်းတွေရော
အဲ….ဂွမ်းဂွမ်းတွေရော 😛
နွယ်ပင်
August 19, 2011 at 9:23 am
နွယ်ပင်တို့ အလုပ်ကလဲ ယူနီဖောင်းပဲဝတ်ရတာ
ဒီယူနီဖောင်းကို တစ်ပတ် (5) ရက်ဝတ်ရမယ်ဆိုတော့
ကိုယ့်စိတ်ကြိုက် အကျီင်္ကို ဒီဇိုင်းဆွဲပြီး ချုပ်ထားတော့ အဆင်ပြေသလားမမေးနဲ့
ကျန်တဲ့ အချိန်ဆိုတော့ ပန်ပန်ဝတ်သလို ဝတ်ဖြစ်ပင်မယ့် သွားရမယ့် နေရာကိုလိုက်ပြီးတော့
သတိထားပြီး ဝတ်ရတယ် မဟုတ်ရင် ကို်ယ့်အဝတ်အစားနဲ့ကိုယ် လူအမြင်ကတ်ခံရမှာ ဆိုးလို့လေ ….
Harumoto
August 19, 2011 at 10:02 am
လူတိုင်းလိုလို(ရင်းနှီးသူတွေ)က ပြောကြတယ် “နင်နဲ့ ထမီလုံးဝမလိုက်ဘူး၊ မဝတ်ပါနဲ့”တဲ့
Shwe Ei
August 19, 2011 at 11:14 am
စကပ်ဆို ကျပ်ကျပ် ကားကား အကုန်ကြိုက်။(ပေါင်ရင်းကပ်နေတာမျိုးတော့မဝတ်ပါ)
ရုံးမှာတော့ ၂ဦးတည်းသောအမျိုးသမီးထဲကမှ အသက်ပိုငယ်တဲ့ကျွန်မက ဝတ်ချင်ရာ ဗရုတ်သုတ်ခလျှောက်ဝတ်တတ်ပြီး ကျန်တဲ့အမတယောက်ကတော့ ဂျင်းမှဂျင်းပါဘဲ။ ရုံဝန်ထမ်း ၅ယောက်ဘဲရှိတော့ လန်းချင်လန်း ဂွမ်းချင်ဂွမ်း ဘယ်သူမှအဖက်မလုပ်ပါဘူး။ အဲဒါကြောင့် ဒီရုံးမှာပျော်တာ(ကြော်ငြာ)။ pan pan တို့ရုံးလို IT သမားများတဲ့ရုံးတွေကိုလည်းသဘောကျတယ်။
သိပ်ပစိပစပ်မများကြလို့လေ။
pan pan
August 19, 2011 at 11:51 am
ရုံးမှာပျော်ဖို့ကောင်းတယ်
အထစ်အငေ့ါလေးနည်းနည်းပါးပါးတော့ ရှိတာပေ့ါ
ဒါပေမယ့် မပြောပလောက်ပါဘူး
ITသမားက များတာမဟုတ်ဘူး
တစ်ရုံးလုံးပဲ
ရုံးပိုင်းဝန်ထမ်း ၂ယောက်ပဲလွတ်တယ်
moonpoem
August 19, 2011 at 12:18 pm
ပန်ပန်က အသက်ငယ်သေးမယ် ထင်တယ်နော်။ ဟုတ်လားဟင် ပုံမတင်ရင်နေပါ အသက်လေးလောက်တော့ပြောပြပါလားဟင်။
pan pan
August 19, 2011 at 12:55 pm
အဟဲ 🙂
ငယ်သေးတာပေ့ါ
၂ဝကျော်လို့ပဲပြောချင်တယ်
ဘယ်လောက်ကျော်လဲဆိုတာတော့……… 🙄
မနေ့တနေ့ကပဲ ထားပါတော့ (ဘယ်ချိန်မေးမေး)
aungnng87
August 19, 2011 at 2:00 pm
ကျမနဲ့ထမီဝတ်တာလုံးဝ မလိုက်လို. ကျမနိုင်ငံခြားမှာအလုပ် လုပ်တာပါ။ (ဘာမှမဆိုင်ဘူး)။
hmee
August 19, 2011 at 2:06 pm
တခါက မောင်လေးက ဘောင်းဘီ အတိုလေး ဝယ်လာတယ် ပေါင်အလည်လောက်အတိုလေး ညီမလေးအတွက်တဲ့ အငယ်မ ဝတ်တော့ အတော့်ကို လိုက်တာ သူက သေးသေးသွယ်သွယ်လေးကိုး။ ကိုယ်ဆိုရင်တော့ သစ်သားစည်ကို သံပတ်ပတ်ထားတယ်ပဲ ထင်မှာ။ ဒါပေမဲ့ ကိုကြီးက တချက်လွတ် အမိန့်ထုတ်တယ် ဘယ်တော့မှ မဝတ်ရတဲ့။ မောင်လေးက လှပါတယ်ဗျလို့ အထွန့်တက်တော့ လှမှန်းသိသားပဲ လှလို့ကို မဝတ်ခိုင်းတာ သူများတွေ ဝတ်တော့ ငါတို့ ကြည့်ပြီး ပြစ်မှားကြတယ်။ အေး ဒါကြောင့် ငါ့နှမတွေတော့ သူတပါး ကြည့်ပြီး ပြစ်မှားမှာစိုးလို့ မဝတ်ရပါဘူး ဝတ်တော့ဝတ် ဒူးမပေါ်စေနဲ့တဲ့။
pan pan
August 19, 2011 at 2:34 pm
အင်း…ကျွန်မအစ်ကို(ဝမ်းကွဲ)လို ဖြစ်နေပါပေါ့လား
မောင်တွေထက် အစ်ကိုတွေက ပိုပြောတယ်နော်
သူများတွေတော့ မသိဘူး
kai
August 19, 2011 at 2:26 pm
ဒီလိုခေတ်ကာလမှာ.. ကိုယ်နဲ့လိုက်မယ်ထင်..ဝတ်တာဝတ်.. ဘာမှမဖြစ်ပါဘူး..။
မလိုက်ပဲနဲ့.. ခေတ်ဆန်ချင်လှပါတယ်ဆိုပြိး.. “အားနဲ့တော့မလုပ်ပါနဲ့”ပေါ့..။
တကယ်တော့.. မြန်မာမိန်းကလေး ထမိန်ဝတ်တာ.. ပိန်ပိန်ပါးပါးလည်း ကြည့်ကောင်းတယ်ထင်တာပဲ..။
အကွေ့အဝိုက်တွေ..သူ့အလိုလိုပေါ်လာအောင်.. ထမိန်ကစွမ်းဆောင်နိုင်ပါတယ်..။
ဆံရှည်နဲ့..ရင်ဖုံးအကျီ င်္ဆို.. ပိုတောင်အမြင်လှပါတယ် ..ထင်တာပါပဲ..။
(ကျုပ်ပဲ.ဒိတ်အောက်… .တောကျနေသလားမသိ..မြန်မာမက..ထမိန်နဲ့မှ..ဆက်ခ်စီလို့..ထင်မိတယ်.. 🙂 )
ဆက်စပ်ပြောပြချင်တာက…
ဒေါ်အောင်ဆန်းစုကြည်က.. မြန်မာလိုပဲ ဝတ်တယ်..။ ဘာဖြစ်သလည်းဆိုတော့ ..အိုင်ဒတတီဖြစ်လာတာပေါ့..။
သူလို ကမ္ဘာကျော်တယောက်က.. မြန်မာအဝတ်အစားချည်း… သိသိသာသာဝတ်ပြနေတော့.. ကမ္ဘာတန်းမှာ.. မြန်မာအဝတ်အစားဖက်ရှင်တန်းဝင်လာတာပေါ့..။
အခု..သူ့အကြောင်းရုပ်ရှင်ထွက်ပြီးရင်.. မြန်မာအကျီထမိန်..ပိုလို့တောင်.. ကမ္ဘာကျော်သွားဦးမယ်..။
ဆိုတော့..
ကမ္ဘာဆိုတာက.. ဒီလိုဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ.. ယဉ်ကျေးမှုတင်မက.. အဝတ်အစား..ဖက်ရှင်စီးဆင်းတာ..အင်မတန်မြန်တယ်…။
နိုဗယ်ဆုရှင်က.. ဒီလိုချည်းဝတ်ပါလား.လှသားပဲ..ဆိုတဲ့အသိ.. ကမ္ဘာသူ..ကမ္ဘာသားတွေဆီရောက်ရင်.. သူတို့…ဝယ်ဝတ်ကြမှာပေါ့လေ…။
( ဒေါ်စုက… မြန်မာဆန်ပြီး..လှလည်းလှပါတယ်..။ — စကားချပ်)
အဲဒီတော့.. ဈေးကွက်က..မသေးပါဘူး..။
ကမ္ဘာ့လူဦးရေ..သန်း ၇၀၀ဝလောက်.. ဝ.၁ရာခိုင်နှုန်းကပဲ.. စိတ်ဝင်စားမိတယ်ထား…။
လူ…ရသန်း…။
မြန်မာဝတ်စုံတခုက..ယူအက်စ်မှာ.. ဝယ်ရင်.. ဒေါ်လာ ၃-၄ဆယ်ပေးရတယ်..။
သချင်္ာကိန်းလေးချကြည့်ရင်… ဒေါ်လာသန်း၂၀ဝကျော်.. စီပွားရေးပဲ..။
မြန်မာလူမျိုးသိန်းချီအလုပ်အကိုင်အခွင့်အလန်းဖြစ်တာပေါ့…။
အလုပ်အကိုင်တွေဖြစ်..ဝင်ငွေတွေရတော့.. အတွင်းခံကို..ဗစ်တိုးရီးယားစီးကရက်..ဝယ်ဝတ်နိုင်တာပေါ့နော…။ မြန်မာတွေလူနေမှုအဆင့်အတန်း…. တလှမ်းရှေ့တက်လာတာပေါ့နော…။
အဲဒီလို..အတွေးနယ်ချဲကြည့်စေလိုတာပါပဲ..။
တိုင်းပြည်ထူထောင်နေတဲ့..ကာလမှာလေ…။
ပြောသာပြောရတာ…
… ထိုင်းက..အဲဒီဈေးကွက်အကုန်သိမ်းဆွဲသွားဖို့တော့.. မြင်နေပြန်တာပါပဲ..။ 🙁
AKKO
August 19, 2011 at 2:46 pm
အခုတောင် မြန်မာ အကျီ င်္လေးတွေ ပြန်ခေတ်စားလာပါပြီ ။
ပြောမဲ့သာပြောတာ ဈေးကလည်း ပိုကောင်းလာတယ်…။
ခရစ်စတယ်လုံးလေးတွေနဲ့ ချည်ထမိန်လေးတွေ အဆင်စုံရောင်းတဲ့ဆိုင်တွေလည်း ပိုများလာပြီ ။ 🙂
pan pan
August 19, 2011 at 2:47 pm
မြန်မာအင်္ကျ ီတွေ တကယ်တမ်းတန်ဖိုးကြီးပါတယ်
ချည်ပိုးသားအကောင်း ချုပ်ပြီးသားတစ်ထည်ကို ၇၀၀ဝကျော်အနည်းဆုံးပါ
သာမန်တရုတ်၊ ထိုင်းကလာတဲ့ တီရှပ်၊ စပို့ရှပ်၊ ဘလောက်တွေထက် ဈေးမြင့်ပါတယ်
ဈေးတူချင်းဆိုလည်း မြန်မာအင်္ကျ ီက ပိုခိုင်ခံ့ပြီး ချည်ရဲ့အသားကသက်တောင့်သက်သာရှိပါတယ်
သေချာပြန်တွေးတော့ မြန်မာအင်္ကျ ီတွေက ပိုတန်ပါတယ်
တီရှပ်၊ စပို့ရှပ်၊ ဘလောက်တွေထဲမှာ သောင်းကျော်တန်တွေရှိပါတယ်
တကယ်တမ်းကျတော့ မြန်မာပြည်ရာသီဥတုနဲ့ကတော့ မြန်မာအင်္ကျ ီတွေက ပိုသင့်တော်ပါတယ်
ဆောင်းတွင်းဆိုလည်း နဗျင်းထည်ထူထူလေးဝတ်လို့ရပါတယ်
နွေဘက်ပူလွန်းလည်း ချည်ထည်လေးတွေရှိပါတယ်
ကျန်းမာရေးလည်း ညီညွတ်တယ်၊ ဈေးလည်းသက်သာတယ်
poochပြောတဲ့ မြင်းခြံချည်ထည် ဝမ်းဆက်ဆိုရင် ၃၅၀ဝကျပ်ဝန်းကျင်ပါ
တရုတ်ကလာတဲ့ အဲလိုဝမ်းဆက်လေးတွေလည်း ရှိပါတယ် (ချည်သားတော့မဟုတ်ဘူး၊ ဆွဲသားတွေ)
ဈေးက သိပ်မတိမ်းမယိမ်းဆိုပေမယ့် ခိုင်ခံ့မှုနဲ့ သက်တောင့်သက်သာရှိမှုကတော့ ကွာပါတယ်
ဟိုကတော့ ဒီဇိုင်းကအစ ပိုလှတာပေ့ါ
နိုင်ငံခြားသားတွေအတော်များများလည်း မြန်မာ့ချည်ထည်ကို တော်တော်ကြိုက်ကြတာကို သွားရင်းလာရင်းတွေ့လို့ သိရပါတယ်
ဝတ်လို့ကောင်းလို့ရယ်၊ မြန်မာအင်္ကျ ီအတော်များများက ဟန်းမိတ်လုပ်တာကြောင့် လို့ထင်ပါတယ်
ပေးရတဲ့ဈေးနှုန်းနဲ့လည်း တန်လွန်းလို့ပါ၊ ဟန်းမိတ်တွေဆို နိုင်ငံခြားမှာ ဈေးကြီးတယ်ကြားဖူးတာပဲ
Shwe Ei
August 19, 2011 at 5:17 pm
မြန်မာဝတ်စုံတွေက ကောင်းလဲကောင်း လှလဲလှဈေးလဲကြီးဆိုတော့ ပွဲထိုင်သဘောမျိုးဘဲဝတ်ချင်တယ်။