Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လဝန်းဂမုန်းစိုက်လျှင် ရရှိနိုင်သည့် အကျိုးကျေးဇူး

manawphyulayAugust 20, 20111min114417

လဝန်းဂမုန်း အမပင်ဖြစ်ပါတယ်။

မနောရဲ့ခြံထဲမှာ စိုက်ပျိုးထားတဲ့ ဂမုန်းပင်တွေအများကြီးထဲက လဝန်းဂမုန်းအကြောင်းကို ပြောပြချင်ပါတယ်။
လဝန်းဂမုန်းသည် ထင်ရှားသော လာဘ်ခေါ်ဂမုန်းဆိုပြီး လူသိများပါတယ်။ အဖိုအမ နှစ်မျိုးရှိပြီး တစ်အိုးစီမှာ စိုက်ပျိုးပြီး ယှဉ်တွဲထားခြင်းဖြင့် သောကပူပန်မှု ကင်းဝေးသည့် လာဘ်သပကာများ ရရှိစေပါတယ်။ ဒီလို အဖိုအမ နှစ်ပင်ယှဉ်စိုက်ထားပါတယ်။

အပင်ပုံစံကတော့ အမပင်က အရွက်ဝန်းဝိုင်းပြီး ဥမှာ ကြက်သွန်နီဥပုံ၊ အရောင်မှာ ဖြူဖွေးပါတယ်။ အဖိုပင်ကျတော့ အရွက်လျား၊ အဖျားချွန်၊ အရင်းသွယ်ပြီး အလယ်ဝန်းပါတယ်။ အပင်ရင်းက နီကြန်ကြန်ရှိပြီး ဥကတော့ အမပင်နှင့် မခြားနားပါဘူး။ အရွက်ကြောတွေက ထင်ရှားထူထဲတဲ့ ရွက်ပြားတွေရှိကြပါတယ်။ ဒီလိုအပင်တွေကို စိုက်မယ်ဆိုရင် စိုက်ပျိုးပုံကတော့ မိမိတို့နှင့် သင့်လျော်ရာ နေ့၊ ရက်၊ အချိန်နှင့် ကျောက်မျက်များကို ရွေးချယ်ပြီး လဝန်းအဖိုပင်ကို နံနက်ပိုင်း၊ အမပင်ကိုတော့ မွန်းလွဲပိုင်းမှာ စီရင်စိုက်ပျိုးရပါတယ်။ လာဘ်သပ်ပကာ ဓန စည်းစိမ်များအတွက် စီရင်ချင်ရင်တော့ အောက်ပါဂါထာမန္တန်ဖြင့် နံ့သာ (၅) ပါးရည်အား (၁၀၈) အုပ်တိတိ ရွက်ဆိုလောင်းပေးရပါမယ်။
အာဂစ္ဆဟီတိ ဝတ္တဗ္ဗော ဧသာ ဥတ္တိ
လာဘ်လာဘများ ဒီရေအလား တိုးပွားလာစေပါမယ်။ လှေကားအတက်အဆင်းမြင့်ရာမှာထားပြီးဆောင်ရွက်ရင် ပိုပြီး ကောင်းပါတယ်။
မနောတို့ကတော့ ခြံထဲမှာပဲ စိုက်ပျိုးထားပါတယ်။ တကယ်လို့ ဘေးဆီးရန်က အရံအတားပြုလိုရင်လည်း ရပါတယ်။ အောက်ပါဂါထာဖြင့် နံ့သာ (၅) ပါးရည်အား (၁၀၈) အုပ် စုတ်ကာ လောင်းပေးပါ။
ဂစ္ဆ အမုမှိ ဩကာသေ တိဌာဟိ ဧသာ ဥတ္တိ
သူတစ်ပါးမကောင်း မကြံစည်နိုင်ပါဘူး။ အိမ်အဝင်ဝ မြင့်တဲ့နေရာတွေမှာ စိုက်ပျိုးရင် ပိုပြီး အကျိုးရှိပါတယ်။ မနောတို့အိမ်မှာတော့ သူခိုးရန်က ကင်းဝေးတာကို လက်တွေ့မြင်တွေ့ရပါကြောင်း သိချင်သူများအတွက် မျှဝေပေးလိုက်ပါတယ်။
ဒါကတော့ လဝန်းဂမုန်းအဖိုပင် ဖြစ်ပါတယ်ရှင်။

ကျန်ရှိနေသေးသော ဂမုန်းပင်များအကြောင်းကိုလည်း မနော အလျဉ်းသင့်သလို ပြောပြပါဦးမယ်။

17 comments

  • ကြောင်ကြီး

    August 20, 2011 at 12:00 pm

    သူခိုးက ဖတ်ပြီးတော့ သောက်မြင်ကတ်ပုဒ်မနဲ့ နက်ဖြန် လာခိုးသွားမှ ရွာထဲသတင်းကြီးနေအုံးမယ်။

  • manawphyulay

    August 20, 2011 at 12:20 pm

    ခိုးပေါ့။ သူက ဘယ်မှာရှိမှန်းသိလို့လား…. မယုံ စိုက်ကြည့်ပေါ့ ဦးကြောင်ကြီးရယ်…

  • naywoonni

    August 20, 2011 at 7:16 pm

    အွန်လိုင်းပေါ်မှာလဲ ဂန္ဘီရ ပညာရှင်တွေ ရှိတာပဲလား…။ 😛

  • hmee

    August 20, 2011 at 7:29 pm

    အဲ့ဒီ့ ဂမုန်းပင်တွေက ရေအရမ်းကြိုက်တယ်။ ညနေဘက်ကို သူတို့ကို ရေလောင်းပေးရင် အရွက်တွေက စိမ်းပြီး အရမ်းလှတယ်။

  • windtalker

    August 20, 2011 at 7:50 pm

    မနောမရ တဲ့ မနောဖြူလေး ရဲ ့
    ဂမုန်းပင် လှလှလေးများ

  • shwe ni

    August 21, 2011 at 3:16 pm

    ကိုကတော့ အစီမ်းရောင်ကြိုက်တော့ အရွက်စိမ်းစီမ်းစိုစို နဲ့ဆို သဘောကျတယ် မေမေကတော့ ဟိုတုန်းက ဂမုန်းမှ ဂမုန်းပဲ စိုက်တယ်

  • kai

    August 21, 2011 at 4:19 pm

    မနောမမရေ…
    တကယ်လာဘ်လာဘ.. ဓန စည်းစိမ်..စီးပွားတိုးချင်ရင်လုပ်ရမဲ့.. နည်းနာလေးတွေပေးချင်တယ်..။
    မြန်မာပြည်ရန်ကုန်က..တိုက်ခန်းတွေ..အခန်းတွေလည်းများလာ.. လူတွေကလည်း ဂရင်း..ဂရင်းနဲ့..အစိမ်းရောင်ခေတ်ဖြစ်လာတော့က..
    အပင်တွေကို.. စံနစ်တကျ..စီးပွားဖြစ်စိုက်ဖို့ပါ..။ ဂါထာတွေတော့ရွတ်မနေပါနဲ့.. ပါးစပ်ညောင်းပါတယ်..။ ကာစတန်မာ..(ဈေးဝယ်သူ)ကို..နှုတ်အားလေးပိုစိုက်ပြီးရှာပေါ့..။
    ဥပမာ..မြန်မာတွေကြိုက်ကြမဲ့.. ညမှာပွင့်တဲ့. ပဒုမ္မာကြာပင်လိုမျိုးတွေစိုက်ပေါ့.။
    http://www.smashinglists.com/10-lovely-flowers-which-bloom-only-at-night/
    နိုင်ငံခြားနဲ့ အဆက်အသွယ်ရှိတာပဲ..မျိုးစေ့တွေသွင်း..စာတွေဖတ်..စမ်းစိုက်ကြည့်ပေါ့..။

    ပြီးခဲ့တဲ့..တပါတ်ကတင်.. အသိတယောက်..အဲဒီလိုအပင်တွေစိုက်ပြီး..ebay ကနေရောင်းနေတာ.. တပင်..ရာဂဏန်းရတာတွေတောင်ရှိတယ်တဲ့..။
    အဲဒီလိုလုပ်စေချင်လို့ပါ..။

    တကယ်လို့.. ယူအက်စ်မှာမှရှိတဲ့..မျိုးစေ့ဝယ်ချင်တယ်ဆိုလည်း ပြောပါ…။
    .. ဝယ်ပေးဆို..ဝယ်ပေးပါမယ်..။စီးပွားရေးလုပ်မှာဖြစ်တာမို့.. လုပ်အားခတော့ ယူမယ်နော..။
    အောက်ကဝက်ဘ်ဆိုက်မျိုးမှာ.. အပင်ထူးဆန်းတာတွေရှိတယ်..။ ကျန်တာတွေ..ရှာကြည့်ပေါ့..။
    မြန်မာလူမျိုးတွေက.. ကိုယ့်လုပ်အားမစိုက်ရပဲ..လိုချင်တဲ့အရာတွေမိုးပေါ်ကကျလာမဲ့ဟာမျိုး..ပေးစွမ်းပါတယ်…ဆိုတဲ့..အပင်မျိုးသိပ်ကြိုက်တာ…။
    အဲဒါမျိုးအပင်တွေ..ဂမုန်းတွေ… တားဂက်ထားစိုက်ပေါ့..။
    ဘာသာရေးဂျာနယ်.မဂ္ဂဇင်းမှာ.. ဘုန်းကြီးတပါးလောက်ချည်းကပ်ပြီး.. ဆောင်းပါးတပုဒ်လောက် ..သာသာထိုးခိုးလေးရေးခိုင်းလိုက်ဦးပေါ့..။ 🙂
    http://www.kadasgarden.com/index.html

    http://www.botanicalgrowers.com

  • manawphyulay

    August 21, 2011 at 4:48 pm

    သဂျီးပြောတဲ့ ညမှာပွင့်တဲ့အပင်က ပဒုမ္မာကြာမဟုတ်ဘူးလေ။ ကုမုဒြာကြာလို့ခေါ်တယ်။ ၁၂ နာရီဆို ပွင့်တယ်။ အဖူးလေးတွေလည်း လှတယ်။ အဲအပင်က သဂျီးတို့ဆီမှာ မျိုးစေ့ဝယ်စရာမလိုတော့ဘူး။ အိမ်မှာ စို်က်ထားပါတယ်ရှင်…….

    အိမ်မှာတော့ အပင်စိုက်တာ ဝါသနာပါလို့ အပင်အစုံစိုက်ဖြစ်ပါတယ်။ စားပင်တွေဆို ကိုယ်က မစားရဘူး ရပ်ကွက်ထဲက ဟိုလူနည်းနည်း ဒီလူနည်းနည်း လာလာတောင်းလို့ပေးရတာများတယ်။

    • kai

      August 21, 2011 at 4:53 pm

      ဆောရီး..
      ရွာထဲက..ပဒုမ္မာမမရဲ့..စာအရေးကောင်းထားတာနဲ့.. ကလောင်နာမည်ပါထည့်ရောင်းလိုက်မိတယ်..။ 🙂
      ပြောချင်တာက… ကုမုဒြာကြာပင်ရယ်လို့မဟုတ်ပါဘူး..။
      အပင်နဲ့.. စီးပွားရေးလုပ်ဖို့ပါ…
      ပေးထားတဲ့… လင့်ခ်ကလေးတွေကြည့်ပါဦး…။

      • manawphyulay

        August 21, 2011 at 5:41 pm

        ဟုတ်ကဲ့ပါ ခုကြည့်နေပါတယ်ရှင်……. တော်တော်လှတယ်နော် ကြာပန်းတွေကောပဲ။ သဘောကျတာတွေ များကြီးတွေ့ရတယ်။ ဝမ်းသာလိုက်တာ…… ပုံတွေစုဖို့ကျတော့ အိမ်မှာစက်ပျက်နေတယ်…. 🙁

  • fatty

    August 21, 2011 at 9:46 pm

    တလောကဘဲ စိမ်းလဲ့တင်ခြံကြီးထဲက ရှားပါးအပင်တွေအကြောင်း MRTV 4 ကပြလို့ကြည့်လိုက်ရသေးတယ်။ တချို့အပင်တွေက အတော်စိတ်ဝင်စားစရာကောင်းတာကိုး
    လေမတိုက်ဘဲ အရွက်လေးတွေပူးလိုက်ခွါလိုက်အမြဲလှုပ်နေတဲ့အပင်ကိုလည်းတွေ့ရတယ် ..။
    တခါက ပိုစ်တခုမှာတွေ့လိုက်ရတဲ့ ငှက်ပျောဖီး … အပင်ရဲ့အမြင့်ဆုံးကနေ မြေကြီးထိ အဖီးကရှည်ပြီး
    အလုံးပေါင်းမရေမတွက်နိုင်အောင်ပြွတ်သိပ်နေအောင်သီးနေတဲ့ ငှက်ပျောပင်လည်းတွေ့ရတယ် ….။
    ကြာပင်တမျိုး ….. ကြာရွက်ပေါ်မှာ ပိုက်ဆံအိပ်ကြီးကြီးတခုတောင်တင်ပြလိုက်သေးဗျာ ..။
    ၆လလောက်နေရင် ကြာရွက်ပေါ် လူထိုင်လို့တောင်ရတယ်တဲ့ …။ နောက်ပြီးနှင်းတောင်တွေမှာပေါက်
    တဲ့အပင်တွေကို ဒီခြံထဲမှာ အောင်မြင်အောင်စိုက်ပြထားတာလဲတွေ့ရသဗျ။

  • kai

    August 22, 2011 at 5:54 am

    ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာရဲ့.. အနှစ်သာရတခုက..အဲဒါပဲ..။
    မြန်မာပြည်လို.. အပူ၊အနွေး၊အအေး.. သုံးမျိုးလို့ရတဲ့နိုင်ငံဟာ.. အပင်တွေကို..သုသေတနပြု..သေသေချာချာလုပ်ပြီးး ကမ္ဘာ့ဒေသကအပင်တွေ.. စိုက်..စီးပွားဖြစ်တမ္ဘာလုံး ပြန်တင်လို့ဖြစ်နိုင်မယ်ထင်မိတယ်..။
    ဖွံ ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ ..အိမ်ထောင်စုတိုင်းလိုလို… အပင်တွေစိုက်ထားတတ်တာမို့.. အင်မတန်ကြီးတဲ့..ဈေးကွက်ကြီးပဲလေ..။
    တခြားဒေသက..အပင်တွေ..မျိုးရိုးတွေကို.. တချီု့ဒေသ၊ပြည်နယ်နိုင်ငံတွေက..ဥပဒေအရပိတ်ထားကြပေမဲ့.. အင်တာနက်က.. ဂလိုဘယ်လိုက်ဇေးရှင်းနဲ့..တန်းညှိနေတာမို့.. ကြားပေါက်တွေလည်း…ရှိနေတာဖြစ်ပါတယ်..။

    အပင်နဲ..စီးပွားရေးလုပ်ချင်ရင်လည်း.. အပင်..မျိုးရိုးဗီဇ..စတာတွေနဲ့ပါတ်သက်တဲ့..ဘော့တနီနဲ့ဘွဲ့ရတွေ..လုပ်နိုင်ရင်ပိုကောင်းတာပေါ့..။

    ကြုံလု့ိ..စကားစပ်ပြောပြတာပါ..။
    ဝါသနာပါတဲ့..သူတွေ..ဝင်ဆွေးနွေးကြစေချင်ကြောင်း….။

    • manawphyulay

      August 22, 2011 at 9:44 am

      သဂျီးရေ… အိမ်မှာက ခြံဆိုတော့ သီးပင် အလှပင်တွေစိုက်ထားပါတယ်။ အဲလိုအပင်တွေကို ရောင်းချင်ရင် ဘယ်လိုလုပ်ရပါမလဲ။ ပိန်းပန်းပွင့်တို့ သစ်ခွတို့ကတော့ တစ်ပန်းတစ်ခါ ပန်းဈေးက လာဝယ်ပါတယ်။ နောက် ဒန်းစီးလေဒီပန်းပွင့်တွေကျတော့ အပွင့်နဲ့ရေပြီး ရောင်းရပါတယ်။ ကျန်တဲ့ဂမုန်းပင်တွေကတော့ တစ်ခါဖူးမှ မရောက်ဖူးပါ။ ခုဂမုန်းတွေကလည်း ပန်းတွေပွင့်ပြီး တချို့ဂမုန်းတွေက ကွင်းထိုးပုံစံတွေတောင် ဖြစ်လို့နေပါတယ်။ ဘယ်လိုရောင်းရလို့ရလည်းဆိုတာ အကြံဉာဏ်ပေးပါဦးနော်။ မနောကတော့ ဇူးနဲ့ကျောင်းပြီးပေမယ့် ဘော့တနီအပင်တွေကို စိတ်ဝင်စားပါတယ်ရှင်။

  • Snowy

    August 22, 2011 at 9:11 am

    ဂမုန်း ဆိုဘယ်ဟာပဲဖြစ်ဖြစ် အိမ်မှာ မစိုက်ကောင်းဘူးလို့လဲ ကြားဖူးတယ် … ဟုတ်မဟုတ်တော့မသိဘူး
    သိတဲ့လူများရှိရင်ပြောပေးကြပါအုံး 🙂

    • manawphyulay

      August 22, 2011 at 9:46 am

      စနိုးရေ… အဲလို မဟုတ်လောက်ဘူးထင်ပါတယ်ရှင်။ စိုက်ကောင်းတဲ့ဂမုန်း မစိုက်ကောင်းတဲ့ဂမုန်းဆိုတာတွေတော့ ရှိရင်ရှိမှာပေါ့နော်။ အိမ်မှာကတော့ ဂမုန်းပင်အစုံရှိတယ်။ သဂျီးပေးတဲ့ဝက်ဘ်ဆိုက်ထဲက ရောင်းတဲ့ ဂမုန်းပင်တွေ အကုန်ရှိတယ်သိလား…

  • zawthulay

    August 22, 2011 at 10:52 am

    လဝန်းဂမုန်းကတော့ နာမည်လေးကလဲ စိုက်ချင်စရာပါ.. တချို့တွေရှိပါတယ်.. ဘီလူးဂမုန်း အဲဒါတွေကျတော့ မစိုက်ကောင်းဘူးဆိုလားပဲ .. ဒီဂမုန်းက ဆေးဖက်ကောဝင်လား

  • ရွှေအိမ်စည်

    August 22, 2011 at 11:03 am

    ဘာမှတော့မသိဘူး…အပင်နဲ ့ပါတ်သတ်လို ့…
    အစိမ်းရောင်ကအကြိုက်ဆုံးဘဲ…
    ဒုတိယအဖြူ…ရောင်
    ….ဘုရားစာကတော့ဩကာကန်တော့ကြို းနဲ ့
    မြန်မာဆန်ဆန်ကန်တော့နည်းဘဲ ရတယ်

Leave a Reply