Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အိပ်မက်လား တစ်ကယ်လား

မောင် ပေAugust 21, 20111min65823

တစ်ရက် က ပေါ့နော်
ကျွန်တော့်မေးလ်ထဲ ကိုပေါ့နော်
ကျွန်တော် မသိတဲ့ ယောက်ျား ၊ အသက်အရွယ်အားဖြင့် ၂ဝ ခန် ့ ကောင်လေး တစ်ယောက်ပေါ့နော်
သူ ့မေးလ် မှားဝင်လာခဲ့ပါတယ် ၊ ကြည့်ရတာ မေးလ်လိပ်စာ ၊ စာလုံးပေါင်း မှားရိုက်သွားတယ် လို ့
ထင်မိတာပေါ့နော် ။ သူ ပို ့ချင်တဲ့ သူ က ကျွန်တော် မှ မဟုတ်တာ ။
ကျွန်တော် လည်း ရုတ်တရက် ဆိုတော့ ၊ ဘာများပါ လိမ့်ပေါ့ ၊ ဖတ်ကြည့်လိုက်တာ ပေါ့
သေချာလည်း ဖတ်ပြီးရော ၊ ဂေဇက် က ဘော်ဒါတွေ ကို ပြန်ဝေမျှ ချင်လာတာနဲ ့ပေါ့နော်
ဝေမျှလိုက်တယ်ပေါ့နော် ။
ဒီလိုပါ
` ဆရာ ၊ သား က မြန်မာနိုင်ငံ ထဲ က မြို ့ကြီး တစ်မြို ့မှာ ဒုတိယနှစ်ကျောင်းပိတ်ထားလို ့အလုပ်ရှာနေတဲ့ ကျောင်းသား တစ်ယောက်ပါ
မြို ့နာမည် တော့ မဖော်ပြ ပါရစေနဲ ့တော့ ဆရာရယ် ၊ သား နာမည် က ကိုကို ပါ
အခု…ဆရာ့ဆီ ကို သား၊ ကိုယ်တိုင် ကြုံတွေ ့ခဲ့ရတဲ့ အဖြစ်လေး ကို ပြောပြ ရင်း ၊ ဆရာ ့အကြံဉာဏ်လေး ၊ လမ်းညွှန်ချက်လေး ကို တောင်းချင်တာပါ ။
သားအဖြစ်ကို ကာယကံရှင်တွေ ဖတ်မိခဲ့ရင် ၊ သား ကို လာကွိုင်နေကြ မှာ သား စိုးရိမ်လို ့၊ သားနေတဲ့ မြို ့ကိုတော့ မဖော်ပြ တော့ဘူးနော် ။
သား က ဆရာ ့ကို အမြဲ အားပေးနေတဲ့ ပရိသတ် တစ်ယောက်ပါ ။
သား တက္ကသိုလ် တက်နေတာပေါ့နော်
သား ကို SKB လို ့ သူငယ်ချင်းတွေ က အမည်နာမ ပေး ၊ ခေါ်ကြတာပေါ့နော်
SKB ဆိုတာ က ဆရာလည်း သိမှာပါ
သူတို ့က SKB လို ့ခေါ်ပေမယ့် လည်း
တစ်ကယ့် တစ်ကယ်တမ်း ကြ
သား က ရည်းစား ရှုပ်တဲ့သူ တစ်ယောက် မဟုတ်ခဲ့ရပါဘူး ဆရာရယ်
မိန်းမ တွေ ကိုက သား ကို လာလာ ပတ်သက်ကြတာ ဆရာရဲ ့
အခု သား အဖြစ်အပျက်ကို အဆုံးထိ ဖတ်ပြီးရင် ၊ ဆရာ သားကို နားလည် လာမှာပါ
တစ်ခု ဝန်ခံ ချင်တာက
သား က ယောက်ျား စင်စစ် ဖြစ်ပေမယ့် ၊ သား အသည်း က အရမ်းနုတတ်တယ် ဆိုတာပေါ့နော်
ဒီလို ဆရာ ရဲ ့
မိန်းမ တွေ အကြောင်း ကို တော့ သား ဘာမှ နားမလည်ပါဘူး
သိအောင်လည်း မကြိုးစားခဲ့ပါဘူး
သား မိဘ တွေ က ဝန်ထမ်းတွေ ဆိုတော့
ရည်းစားထားဖို ့၊ မိန်းမ ရှုပ်ဖို ့ဆိုတာ က လည်း သားဘဝ နဲ ့အဝေးကြီးဆိုတာ သားနားလည် ခဲ့ပါတယ်
ပထမ နှစ် ပြီးတဲ့ အထိ ၊ သား တစ်ကိုယ်တော် ပါ ၊ သူငယ်ချင်းတွေ နဲ ့ပဲ ပျော်မွေ ့ခဲ့တာပေါ့
ဒုတိယ နှစ် ကို လည်းရောက်ရော
သား တို ့အခန်းထဲ က ကောင်မလေး တွေ ကပေါ့နော်
စာနားမလည်ဘူး ၊ ကျောင်းလစ်တုန်း က စာလေးတွေ ပေးပါ ဆိုပြီး
သား ဆီ ကို ချည်းကပ် ခဲ့တာပေါ့နော် ။
သား လည်း ပညာဒါန ဆိုတာ မွန်မြတ်ပါတယ် ဆိုပြီး
သား ဆီ လာမေးတဲ့ ၊ စာလာကူး တဲ့ အတန်းတူ မိန်းကလေး အားလုံး ကိုပေါ့နော်
စိတ်ရှည်ရှည် နဲ ့ရှင်းပြ ကူညီပေးခဲ့တာပေါ့
ဘာအကျိုး ကို မှ မမျှော်မှန်းခဲ့ပဲ
ကူညီပေးခဲ့ပေမယ့်
သူတို ့တွေ ရဲ ့ကျေးဇူးဆပ်ပုံကြီး က ကြမ်းတယ် ဆရာရဲ ့
အရင်က သား က စိတ်ကူးယဉ်ခဲ့တာပေါ့နော်
သား မိန်းမ ယူရင် အပျို ပဲ ယူမယ်
သား ကိုယ်တိုင်လဲ ကိုယ်ချစ်တဲ့ မိန်းမ ယူတဲ့အခါ လူပျို စင်စစ် ဖြစ်ရမယ် လို ့ စိတ်ကူး ရှိခဲ့တာပေါ့နော်
ဒါပေမယ့် ဆရာရယ်
သားတို ့၊ ဒုတိယ နှစ် ကျောင်းသား ဘဝ မှာ အိတ်စ်ကားရှင်း ထွက်ခဲ့တယ် ဆရာ ရဲ ့။
အဲဒီမှာ သား ဘဝ ပျက်တာ ပဲ ဆရာ
သား တို ့ကမ်းခြေ တစ်ခု ကို ရောက်ခဲ့တယ် ဆရာ
မိန်းကလေး တွေ ရော ယောက်ျားလေး တွေ ပါ ပေါ့
ပထမ ဆုံး ကမ်းခြေ ရောက်တဲ့ ည မှာ ပဲ
မီးပုံ ပွဲ ဆိုပြီး သောက်စားကြတာပေါ့ ဆရာ
မိန်းကလေး တွေ က လည်း ဆရာ ရယ် ၊ ယောက်ျားလေး တွေ နဲ ့ရင်ဘောင်တန်း သောက်ကြတာကလား
သား က တော့ တစ်ခါမှ လည်း မသောက်ခဲ့ဖူးဘူး ၊ သူငယ်ချင်းတွေ ဇွတ်တိုက်တာ နဲ ့၂ ခွက်သောက်လိုက်ရတယ် ဆရာ ။
ဘာမူးသလဲ မမေးပါနဲ ့တော့ဆရာ ရယ် ၊ ဘဝ မှာ ပထမ ဆုံး မူးခဲ့ခြင်းပါ ။
သား မူးနေပြီ ဆိုတာ သိတာနဲ ့၊ ထပ်သောက်ခိုင်း မှာ စိုးရိမ်ပြီး ၊ သူတို ့နား က ရှောင်လာခဲ့တာပေါ့ ဆရာ
သားတို ့တည်းခိုတဲ့ တည်းခိုဆောင် နား ကို ယိုင်တီးယိုင်တိုင် နဲ ့ပြန်လာတော့
အဆောင်ဘေးနား က သဲပြင်ပေါ် မှာ ဆရာ ရယ်
အတွဲ တစ်တွဲ ဗျ
နိုင်ငံခြား ကား ကြည့်နေရသလား အောက်မေ့ ရတယ်
( နိုင်ငံခြား ကား လို ့ဆိုရတာလည်း ၊ တစ်ခါ က သူငယ်ချင်း အဆောင်မှာ တစ်ခါထဲ ကြည့်ဖူးမိလို ့ပါ ဆရာရယ်
သားကိုယ်တိုင် ဆို တစ်ကယ် စိတ်မဝင်စားပါဘူး )
သားလည်း မျက်လုံးတွေ ပြူးပြီး သေချာ ကြည့်မိသွားတာပေါ့ ဆရာ
အဲဒီမှာ ဘက်ကနဲ…သား ပခုံး ကို တစ်ယောက် က လာပုတ်လာတယ် ဆရာ
သား လည်း လန် ့ဖြတ်သွားပြီး လှည့်ကြည့်လိုက်တော့
သားဆီက စာလာမေးနေကြ ၊ ကောင်မလေး
သူ ့ပုံစံ က လည်း မူးနေတဲ့ ပုံ
ဟဲ့..နင်ဘာလို ့သူများ အတွဲ ချောင်းနေရတာလဲ တဲ့
သားလဲ ရှက်လွန်းလို ့၊ ပူထူ သွားပြီး ဘာမှ ပြန်မဖြေ နိုင်ခဲ့ဘူး ဆရာ
ဒါနဲ ့
သူက
လာ..ဟိုဘက် သွားရအောင် ၊ လို ့ဆိုလာတော့ သား မငြင်းမိခဲ့ဘူး ဆရာ
သူခေါ်တဲ့ ဆီ လိုက်သွားမိတော့
ဘယ်ကနေ ဘယ်လို ဘန်ဂလို လေး ဆီ ရောက်သွားမှန်း မသိခဲ့ဘူး
(နောက်မှ သိရတာ က ၊ သားတို ့တည်းခိုခန်းဘေး က ဟိုတယ်က ဘန်ဂလိုဖြစ်နေတယ်၊ သူ က ပိုက်ဆံ တတ်နိုင်တော့ သီးသန် ့ငှားတည်းတာတဲ့)
အဲဒီည က နောက်ဆုံး သိခဲ့တာ က
သား ဇွတ်ငြင်းခဲ့ပါတယ် ဆရာ ရယ် ၊ တစ်ကယ်ပါ
သူ က နယ်ကလာတာတဲ့
သူ က သားကို စိတ်ဝင်စားနေတာ..သား..သူ ့ကို စာရှင်းပြကတဲက ပါတဲ့ ၊ သားကို ကျေးဇူးပြန်ဆပ်ချင်နေတာ ကြာပြီတဲ့
ဒီမှာ ဖြစ်တာ ဘယ်သူ မှ မသိဘူး တဲ့ ဆရာ ရယ် ။
မနက် သား နိုးတော့ ၊ ကမ်းခြေ က အုန်းပင် အောက်မှာ ဖြစ်နေတယ် ဆရာ
ခေါင်းတွေ ကိုက်လိုက်တာ ကို လွန်ရော ပေါ့ ဆရာရယ်
ညက..ကောင်မလေး နဲ ့တွေ ့ခဲ့ရတာ
အိပ်မက်လား တစ်ကယ်လား ဆိုတာ
သားအခုချိန်ထိ ဝေခွဲ မရဘူး ဆရာ
နောက်ပြီး…သား စိတ်ထဲ မှာ အရမ်းကြောက်နေခဲ့တယ် ဆရာ
သား ဖြစ်ခဲ့တာ တစ်ကယ်ဆိုရင်
သူ ့ကို သား လက်ထပ်မယူနိုင်ဘူး ဆရာ
သား ဘက်က စခဲ့တာ လည်း မဟုတ်ရိုးပါ ဆရာ
သား ကတော့ အိပ်မက် ဖြစ်ပါစေ လို ့ပဲ ၊ ဒီစာကို ရေးနေတဲ့ အချိန်ထိ ဆုတောင်းနေခဲ့တယ် ဆရာ
ဒါပေမယ့်…အိပ်မက် မဟုတ်ခဲ့ကြောင်း သေချာတာ တစ်ခု က
အဲဒီမနက် သား နိုးတော့ ၊ တည်းခိုဆောင် ကို ပြန်ပြီး အိမ်သာတက်တဲ့အချိန်
သား မှာ အောက်ခံဘောင်းဘီ မပါလာတော့ဘူး ဆရာ
သားလေ..အခု အရမ်းကို စိတ်ညစ်နေရပါတယ်
သူ က သားကို ယူခိုင်းလာရင်
သား ဘယ်လို လုပ်ရမလဲ ဆရာ
ဆရာ ့အနေနဲ ့၊ သားအဖြစ်လေး ကို ဖတ်ပြီး ရင်
သားဘယ်လို လုပ်သင့်လဲ ဆိုတာလေး
လမ်းညွှန်ပေးလာမယ် လို ့မျှော်လင့်နေမယ်နော် ဆရာ
လေးစားလျှက်
အားကိုးလျှက် ပါ ခင်ဗျာ ´
ကိုကို ( အဝေးရောက် ဆရာ ့ရဲ ့ပရိသတ် )
*****************************************************************************************************************မေးလ် လေးကတော့ အဲဒါပါပဲ
ကျွန်တော် က တော့ ၊ သူမေးလာတဲ့ သူ အားကိုး တဲ ့ဆရာ မဟုတ်လို ့အကြောင်းမပြန်ခဲ့ပါဘူး ။
စာဖတ်သူများ ရော ၊
ကျွန်တော့် လို မေးလ်မှား ရောက်လာခဲ့ရင်
ဘယ်လို ဖြေကြမလဲ နော်
( အားလုံး ကို ကျေးဇူးတင်ပါတယ် )

23 comments

  • moethidasoe

    August 21, 2011 at 7:52 am

    တကယ်လို့ မှတ်လိုက် ..
    တကယ်ကိုလဲ အိပ်မက်လို့ပဲ သဘောထားလိုက် .. သူ(မ)လေးက သူ့ဖာသာသူ့လမ်းသူလျှောက်မှာပါ ..
    အခုခေတ်က အဲဒီလို ဖြစ်နေပြီ .. သူတို့လေးတွေက ထမင်းစား ရေသောက်လို လုပ်နေကြပြီ
    မိဘတွေလဲ ဘုရား တ နေတာလား .. အဲဒီလို ဖြစ်စေချင်တာတော့ ရှိဟန် မတူပါဘူး
    ကိုရီးယားကားတွေရဲ့ ပြဿနာ တရပ်ပေါ့

  • မီးမီး သော်

    August 21, 2011 at 8:49 am

    မဟုတ်လောက်ပါညူးရှင်။မူးနေတော့ ညအိပ်နေရင်းက အောက်ခံဘောင်းဘီကျွတ်သွားတာနေမှာပါ။အရမ်းမူးနေတော့ ဂယောင်ခြောက်ခြားနဲ ့ကိုယ်တွေးချင်တာလျှောက်တွေးနေတယ်နေမှာပါ။ပေါက်ကရလို ့တော့ မဆိုလိုပါဘူးနော်။ဖြစ်တော့ဖြစ်နိုင်ပါတယ်

  • icecube

    August 21, 2011 at 8:51 am

    ကျေးဇူးဆပ်လိုက်တာမျိုးပဲနေမှာပါ ၊ အိပ်မက်လဲဖြစ်နိုင်ပါတယ် ၊ ကျောင်းသားလေးက အပျိုစစ်လေးကို
    ပဲ လက်ထပ်ယူချင်တာမလား ၊ အဲ့ကောင်မလေးက ထမင်းစားရေသောက်တဲ့ သဘောမျိုးကျင့်ကြံနေတယ်
    ဆိုတာ ထင်ရှားပါတယ် ၊ ဒီတော့ သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပေါ့ကွယ် ။

  • ကြောင်ကြီး

    August 21, 2011 at 8:53 am

    သိပ်မရှင်းဘူး၊ ဘန်ဂလိုကိုရောက်သွားတယ်လည်းဆိုသေး၊ မနက်မိုးလင်းတော့ အုန်းပင်အောက်ရောက်နေတယ်ဆိုတော့၊ ကောင်မလေးကပဲ ပွေ့ချီသွားသလား၊ ဒါမှမဟုတ် ကောင်မလေး တယောက်မကလို့ပဲ လူတယောက်လုံးကို မချီသွားနိုင်သလား…။ လူတယောက်လုံးကို အဝတ်အစားတွေ ပြန်ဝတ်ပေးပြီး အောက်ခံဘောင်းဘီလေးပဲ ချန်ထားခဲ့တယ်ဆိုတော့ နောက်ဆက်တွဲဆက်ရန်အခန်းတွေ သေချာပေါက်ရှိအုံးမယ်။ ဒီလောက် အသိစိတ်ပျောက်အောင် မူးနေခဲ့တယ်ဆိုရင် ကိုယ့်ကိုယ်ကိုလည်း ရှေ့နောက်ပြန်စစ်အုံး။ ကိုယ်က ရခဲ့တာလား၊ ပေးခဲ့တာလားဆိုတာ..။ မှောင်မှောင်မဲမဲ မူးမူးနဲ့ တီးခဲ့တာလား၊ အဆော်ခံခဲ့ရတာလားမသိ၊ အထီးမှန်းမသိ အမမှန်းမသိ၊ နှစ်ဖက်ချွန်မှန်းမသိ၊ စမူဆာမှန်းမသိ…။
    ထင်မိတာတော့ ကိုတော့ခ်ကာက ဝထ္ထုဇာတ်လမ်းပို့စ်တွေ ရွာထဲမှာတင်ဖူးသူမို့ တယောက်ယောက်က ကြပ်လိုက်တာ ဖြစ်လိမ့်မယ်။ မိုးနတ်မင်းမလို့ မဒီချောချောလေး ဖြစ်ပါစေဗျာ..။

  • မီးမီး သော်

    August 21, 2011 at 9:01 am

    ဟုတ်ပ ကိုကြောင်ကြီးရယ် ဆုတောင်းပြည့်ပါစေ။ဘယ်လိုကြီး လဲမသိဘူးနော် နှစ်ခွက်သောက်ပြီးတော်တော်မူး တယ်လဲဆိုထားတော့ သူသောက်တဲ့ခွက်က ဘယ်အရွယ်အစားလဲ ပြန်မေးရမလိုဖြစ်နေပါပီ။သေချာတာတော့ ညက သူ အုန်းပင်ခြေရင်းမှာတင်အိပ်ပျော်သွားတယ်ထင်ပါတယ်

  • ပြောပြမယ်.. မသောက်တတ်တဲ့သူတွေအဖို့ ဟုတ်သလိုလိုရှိမှာပဲ.. မယုံရင် အမူးသမား (-ျီး) ကြွေးကြည့်၊ ဘယ်သူမှ မစားဘူး။ အမူးလွန်ရင် အိပ်ပျော်သွားတာပဲရှိမယ်.. သူဘာဖြစ်ခဲ့တယ်ဆိုတာသူမသိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ပါ.. သူရေးထားတဲ့ပုံကြည့်ရတာလဲ အဲဒီစိတ်မဖြစ်နေဘဲနဲ့တော့ ကျားဆိုတာ သိတယ်မလား။ လုံးးးးးးးးးးးးးး ဝကို မဖြစ်နိုင်ပါ။ ဇာတ်လမ်းတစ်ခုကို စိတ်ဝင်စားအောင် ရေးထားသော်လည်း အကွက်စေ့အောင် မရေးသားနိုင်တဲ့အတွက် အနှစ်သာရ မရှိလှပါကြောင်းနှင့် အချိန်ပေးဝင်ကြည့်မိတာ မှားခဲ့ပါကြောင်း…..

  • ပေါက်ဖော်

    August 21, 2011 at 11:16 am

    ဪ..
    ဖက်ပေါ်ဆူးကျခဲ့လေပြီတကား..
    တိန်.. 😀

    သားတော့ မသိဘူး..အိုပါးတော့ အရမ်းမူးလာရင်..လက်မတောင်..မထောင်နိုင်တော့ဘူးကွယ့်..
    မမှတ်မိလောက်အောင် မူးခဲ့တယ်ဆိုရင်..စိတ်ချပါ..သားသား ဆူးမကျိုးခဲ့ပါဘူး..
    ကလေးမရဲ့ ကျေးဇူးဆပ်ပုံဆပ်နည်းကိုတော့ အိုပါး ကြိတ်ခိုက်သွားပြီ.. 😛

    နောက်ခါ ဇာတ်လမ်းရေးရင်တော့ ပီပီပြင်ပြင်..ယုတ္တိရှိအောင်ရေးပါဦးလို ့ပဲ..

    ဘာရယ်တော့ဟုတ်ဘူး..အပျင်းတော့ ပြေသွားသကွ

  • thit min

    August 21, 2011 at 1:59 pm

    ဒီမှာ ဖြစ်တာ ဘယ်သူ မှ မသိဘူး တဲ့ ဆရာရယ်။
    မနက် သား နိုးတော့ ၊ ကမ်းခြေ က အုန်းပင် အောက်မှာ ဖြစ်နေတယ် ဆရာ…………..
    ဆိုတော့…ဒါဟာအမှ ုမှန်ကိုလမ်းလွဲ ရောက်သွားအောင်လုပ်လိုက်တာ ဖြစ်လိမ့်မယ်….အိုင်ပီ။
    အမှ ုကတော့ရှင်းပါတယ်…တရားခံက.. အရမ်းမူးပြီး…(ချီး)..ထွက်..သွားလို ့ကိုယ်ဟာ့ကိုယ်အောက်ခံဘောင်းဘီ ချွတ်လိုက်တာပါပဲ..

  • alinsett

    August 21, 2011 at 4:37 pm

    ကြံ ု မကြုံဖူးပါဘူးဗျာ…။ အဲဒီကောင်မလေး..ကျေးဇူး ဆပ်တဲ ့နည်းက။

    အဲဒီကောင်လေးက မူးနေလို ့ ပဲ….. အိပ်မက်လိုလို ဘာလိုလို ဖြစ်နေတာနဲ ့တူတယ် ။

    ဒါပေမယ် ့ အတွင်းခံဘောင်းဘီ ကိစ္စ ကျတော့လည်း……..

    အင်း…တော်တော် စဉ်းစားရ ခက်ပါရဲ ့။

    ကို သစ်မင်းပြောသလို ပဲ….ပြောလိုက်တော့မယ် ။

  • kai

    August 21, 2011 at 4:50 pm

    ..ပြန်မမှတ်မိလောက်အောင်.. မူးနေရင်..ယောက်ျားဆိုတာက.. ..လိင်ဆက်ဆံလို့ရတာမှမဟုတ်တာနော…။
    ဆိုတော့…
    ဖြစ်ချင်တာတွေ… စိတ်ကူးယဉ်ရေးထားတာလို့.. ယူဆပါကြောင်း…။ 🙂

  • manawphyulay

    August 21, 2011 at 5:52 pm

    ဪ ဒီလို ဇာတ်လမ်းတွေလည်း ရှိသေးလား…….. ယောက်ျားလေးကတောင် နှစ်ခွက်သောက်တာမူးနေရင် မိန်းကလေးတွေကောသောက်တယ်ဆိုတော့ စဉ်းစားစရာပဲ။ နောက် ကျောင်းကသွားတာဆိုတော့ ထိန်းသိမ်းမယ့်ဆရာ ဆရာမတွေတော့ပါမှာပေါ့။ အင်း မေးလ်ကလည်း ဖွမယ့်သူဆီ ရောက်လာရတယ်လို့နော်…. 😛

  • သူတို့အဖြစ်အပျက်ကို ခပ်ဝေးဝေးကနေလှမ်းတွေ့တဲ့ကောင်လေးက ပြန်ပြောတာကို ကြားတာပြောမယ်နော့်။
    စစချင်းအရက်မူးနေပုံရတဲ့ ကောင်လေးတစ်ယောက် သောင်ပြင်ပေါ်မှာ တစ်ခုခုကို သဲကြိးမဲကြီးကြည့်နေပါသတဲ့.။
    ခဏနေတော့ အဲဒီကောင်လေးကို ကောင်မလေးတစ်ယောက်က တတွတ်တွတ်ပြောရင်း ခေါ်သွားတာ အဲဒီနားက ဘန်ဂလိုထဲဝင်သွားကြပါသတဲ့။
    တော်တော်လေးကြာတော့ ကောင်မလေးနှစ်ယောက် ဘောင်းဘီတိုလေးဘဲပါတဲ့ကောင်လေးကို
    ခေါင်းကတစ်ယောက် ခြေထောက်ကတစ်ယောက်မပြီး အုန်းပင်နားမှာ ချထားခဲ့ပါသတဲ့။
    ခဏနေတော့ အမူးသမားနှစ်ယောက်ယောက်လာပြီး ကောင်လေးကို သေချာထိုင်ကြည့်ပါသတဲ့.။
    နောက်တစ်ယောက်က ခြေထောက်က မပြီး ကောင်လေးဘောင်းဘီကို ဆွဲချွတ်သလိုနဲ့ ကုန်းကုန်းကွကွလုပ်နေတာကို အမှောင်ထု မသဲမကွဲမှာ ဝိုးတိုးဝါးတားမြင်ရပါသတဲ့။
    ခဏနေတော့ကောင်လေးကို ထားခဲ့ပြိး အမူးသမားတွေလဲပြန်သွားကြပါသတဲ့ဗျာ။
    သူလဲညနက်တော့ထပြန်လာခဲ့ပါသတဲ့

  • windtalker

    August 21, 2011 at 7:19 pm

    အဲဒီလို လုပ်စမ်းပါ ကိုပေါက် ရယ်
    အခု မှ ပေါ့သွားတော့တယ်
    အပေါ်က ကျွန်တော်ရေးတဲ့ ပို ့စ် အတွက်
    အိုင်ဒီယာ ကို
    ဒီလင့်ခ် မှ ရပါသည် ။
    http://nookycontent.wordpress.com/2010/09/14/012/

    • ပေါက်ဖော်

      August 21, 2011 at 8:22 pm

      ညွှန်ရာလင့်ခ် ဒိုးရင်း..
      တစ်ကယ်လား..မတစ်ကယ်လားဆိုတာ..
      သိချင်လို ့ မန်းထားတဲ့ဟာတွေပါ ကုန်အောင်လိုက်ဖတ်ရင်း..
      ခေါင်းတွေမူး..ဦးနှောက်တွေလဲ ချာလပတ်ကို ရမ်းသွားတော့တာပဲ.ဗျာ…

  • ဆူး

    August 21, 2011 at 7:48 pm

    မေပေါင်ရဲ့ ဇတ်လမ်းထဲက ကျန်ခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ် ကိစ္စလေး ဆက်လက် ရှင်းလင်းပေးမယ်။

    တည်းခိုခန်းနားက အုန်းပင်အောက်မှာ နေတဲ့ ဥစ္စာစောင့်မလေးက ကမ်းခြေကို လာကတည်းက သေချာ ကြည့်နေတာ သူစိတ်ထဲမှာ အတိတ်က ပျောက်ဆုံးသွားတဲ့ မောင်တော်နဲ့ ရုပ်တော်တော် ဆင်ပါလားလို့ တွေးမိပြီး ချစ်ချင်းများနဲ့ ကြည့်နေတုန်းမှာပဲ…
    အဲဒီနေ့ညက.. ယိုင်တိယိုင်တိုင် ခြေလှမ်းများနဲ့ တည်းခိုခန်းဘက်ကို လာနေတာ မြင်သတဲ့..
    ဥစ္စာစောင့်မလေးက စိတ်ထဲ တအားဝမ်းသာသွားတယ်။
    ဟယ်.. မောင်တော် တည့်တည့် လာနေပါလား..
    အမှန်တော့ သောက်တာ များလို့ ရှူးရှူးပေါက်ချင်လို့ ခြုံကွယ်နေရာ သွားနေတာဖြစ်ပါတယ်။
    မျက်နှာချင်းဆိုင် မြင်တဲ့အခါ မူးပြီး ယိုင်ထိုးဖြစ်နေတဲ့ အချိန် သူရဲ့ မျက်စိထဲမှာ မြင်လိုက်တာကတော့ စာသင်ပေးနေကျ သဘောကျနေတဲ့ ကောင်မလေး မျက်နှာ မြင်မိပါတော့တယ်။
    ဒီလိုနဲ့ တွေ့တဲ့အခါ.. ဟင်.. မင်း.. မင်းးးးး ငါ့စာသင်ပေးနေတဲ့ ကျောင်းသူ မဟုတ်လား..
    အပြုံးမျက်နှာနဲ့ တည့်တည့် စိုက်ကြည့်နေတဲ့ ဥစ္စာစောင့်မလေးက ချောလဲရောထိုင် လုပ်ပြီး ခေါင်းငြိမ့်ပြလိုက်ပါတယ်။

    ဥစ္စာစောင့်မလေးက စကားစပြောပါတော့တယ်..
    မောင်တော် တော်တော် မူးနေလား.. လာလေ.. အနားယူရအောင် ဆိုပြီး ပြောရင်းနဲ့ ဝင်တွဲလိုက်ပါတယ်။
    တွဲပြီး သူနေတဲ့ အုန်းပင်အောက်က သိုက်ဆီကို ခေါ်သွားပြီး သူနဲ့ တညတာ ပျော်ပါးပြီး
    အတွင်းခံ ဘောင်းဘီ ကိုတော့ လိုအပ်ရင် (အောက်လမ်းပညာ) သုံးရအောင် ယူထားပြီး မနက်လင်းတဲ့ အခါမှာတော့ မသိမသာ အုန်းပင်အောက်မှာ အိပ်ခိုင်းထားလိုက်ပါတော့တယ်။

    စာရေးတဲ့ လူငယ် အထင်မှာတော့ သူစာသင်ပေးနေတဲ့ ကျောင်းသူလေး ထင်ပြီး အရူးတပိုင်း ဖြစ်ကာ.. ငါ့ မယား ဖြစ်သွားလား ဆိုတဲ့ စိတ်နဲ့ ဇဝေ ဇဝါနဲ့ တွေဝေပြီးတော့ အမြဲလေ့လာနေခဲ့ပါတယ်။
    ကောင်မလေးကတော့ သူ မဟုတ်ခဲ့တဲ့ အတွက် မသိသလို နေတဲ့ အခါ နေမတတ်ထိုင်မတတ်ဖြစ်ပြီး တွေးမိတွေးရာ ရေးမိရေးရာ စာ အဖြစ် ရေးချလိုက်တာ ဖြစ်ပါတယ်။

    မှတ်ချက်.. ၄ဝရမဲ့ ဟာကို တကျပ်မှ မရပဲ ကွန်မန်းအဖြစ်ပေးလိုက်တယ်။

  • captainamerica

    August 21, 2011 at 8:12 pm

    ဟဲဟဲကိုတော်ကာကတော့အတည်ပေါက်နဲ.နောက်ပြန်ဘီ၊၊ တော်တော်နောက်တဲ့လူ
    ဒီခေတ်မှာဒီလောက်ရိုးတဲ့ကောင်ကတော့……………………
    မရှိလောက်တော့ဝူးဗျို.

  • jaryitt

    August 21, 2011 at 8:29 pm

    အိပ်မက်….အိပ်မက်ပါကွယ်…..

  • winkhant

    August 21, 2011 at 9:07 pm

    ဖတ်ပြီးတော့ သတိတခုဝင်လာပါတယ်… ရွာထဲက ရွာသားများအားလုံး အခုလို ခရီးသွားတာတို့၊ ညဘက်ထွက်တာတို့တွေ တယောက်ထဲ မသွားကြပါနဲ့ လို့ မှာချင်ပါတယ်… ကျနော်တို့ ဘဝက ဥ ပေါ် ကျောက်ပြင်ကျလဲ.. ဥ ပဲ ကွဲတယ်.. . ကျောက်ပြင်ပေါ် ဥ ကျလဲ ဥ ပဲ ကွဲ ဖြစ်နေပါပီ…. တိန် !

  • ညီလေး

    August 22, 2011 at 12:39 am

    စဉ်းစားကြည့်တာပေါ့နော်၊ကောင်လေးကညဘက်ဆိုတော့ပေါ့နော် အတွင်းခံဘောင်းဘီးရောဝတ်ထားပါ့မလားပေါ့နော် ကောင်းမလေးကလည်းကျေးဇူးဆပ်ပြီးဆိုတော့ပေါ့နော် ဒီလောက်တောင်မူးနေတဲ့ကောင်လေးကိုပေါ့နော် စိတ်ကုန်လောက်အောင်ကိုပေါ့နော်ကျေးဇူးဆပ်ရမည်ဖြစ်ပါသဖြင်. အတွင်းခံဘောင်းဘီမပါဘဲပေါ့နော်အမူးလွန်ပြီးပေါ့နော်အိမ်မက်မက်နေကြောင်း………

  • Shwe Tike Soe

    August 22, 2011 at 9:35 am

    အော်လူတွေက ဗမာကားတွေထဲ မှာ မူးပြီး မှားကျ တာ တွေ စွဲနေတာကိုး
    တကယ်လူမသိသူမသိမူးလို.ကတော့ ဟိုဒင်းဒီဒင်း ဘယ်ဒင်းမှကို မပြုနိုင်ဘူး သိကြရဲလား…….
    မူးလို.မသိလိုက်ပါဘူးဆိုတာ ရူးချင်ယောင်ဆောင်တဲ့စကားတွေ မသိပဲနဲ. ဟိုဒင်းမဖြစ်နိုင်ဘူးဗျာ… အဲဒါလောင်းရဲတယ်…
    အဲဒီ မေးလ်ထဲ ကောင်မလေးမျိုးရောရှိနိုင်ပါ့မလား…
    ကို.ဆရာ စာအုပ်တွေမဖတ်များပြီး စိတ်ကူးယဉ်လွန်သွားတာများလား…… သမီးရှင်တွေစိတ်ပူပင်သောက ရောက်အောင်တော့မလုပ်ကြပါနဲ့ … အရက်မူးပြီး ဖြစ်ကြတယ်ဆိုလဲ သိတော့သိကြမှာပေါ့…..

  • pan pan

    August 22, 2011 at 9:37 am

    မဖြစ်နိုင်ဘူး
    အိပ်မက်လည်းမဟုတ်ဘူး
    တကယ်လည်းမဟုတ်ဘူး
    အဲဒါလုပ်ဇာတ်ကြီး
    ဦးကြောင်ပြောသလိုပဲ တစ်ယောက်ယောက်ကကြပ်တာလားမသိ

  • ရွှေအိမ်စည်

    August 22, 2011 at 10:58 am

    ဟာ…မူးနေတာဘဲ…
    ဘာဖြစ်ချင်တာလည်းမသိ..
    ပန်ပန်ပြောသလိုဘဲ ဟုတ်တယ်…

Leave a Reply