Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆိတ်ဆိတ်နေခြင်း

susunosukiAugust 25, 20111min58012

ဆိတ်ဆိတ်နေခြင်း ဆိုတာအဓိပ္ပယ်အမျိုးမျိုးယူဆလို့ ရတဲ့အရာဖြစ်တယ်။

ဆိတ်ဆိတ်နေခြင်း ဟာ ဝန်ခံခြင်း ဖြစ်နိုင်တယ်။ မြန်မာစကားပုံတစ်ခုက သက်သေပြနေတယ်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း ။

ဆိတ်ဆိတ်နေခြင်း ဟာ လစ်လျှူရှုခြင်း ဖြစ်နိုင်တယ်။ ဒီကိစ္စမျိုးဆိုတာ အလေးဂရုပြုရလောက်အောင် အရေးယူဆောင်ရွက်ရလောက်အောင် အရေးမကြီးဘူးပါဘူးလို့ ဆိုလိုတာဖြစ်နိုင်တယ်။

ဆိတ်ဆိတ်နေခြင်း ဟာ မေ့လျော့ခြင်း ဖြစ်နိုင်တယ်။ ပြောလိုက်တဲ့ စကားတစ်ခွန်း ဒါမှမဟုတ် စကားတစ်စု ဟာအပြောခံရသူ ကြားနိုင်လောက်အောင်မကျယ်လို့ မကြားခြင်း လဲဖြစ်နိုင်တယ်။ ကြားနိုင်လောက်အောင်ကျယ်ပေမယ့် လည်း တဒင်္ဂအာရုံစုစည်းမှုအားနည်းနေလို့ မကြားခြင်း တနည်းအားဖြင့် မေ့လျော့ခြင်း ဖြစ်နိုင်တယ်။ မေ့လျော့ခြင်းလို့ ဆိုရတာက အင်္ဂလိပ်လို missing ကိုမြန်မာပြန်တဲ့ အခါကျွန်တော်ရွေးချယ်လိုက်တဲ့ စကားဖြစ်တယ်။ မေ့လျော့ခြင်း၊ မေ့ကျန်ခြင်း ဖြစ်တယ်။ စကားလုံးရွေးချယ် တာ မှားကောင်းမှားနိုင်တယ်။ အာရုံလွင့်ပါးခြင်းတစ်မျိုးဖြစ်တယ်။

ဆိတ်ဆိတ်နေခြင်း ဟာ မထေမဲ့မြင်ပြုခြင်း ဖြစ်နိုင်တယ်။ ပြန်လှန်ချေပ ပြောဆိုပြုမှုရမယ့် အစား မိမိရဲ့၎င်းကိစ္စရပ်အပေါ် အလေးမထားမှု တနည်းအားဖြင့် မထေမဲ့မြင်ပြုမှု ကိုပြသခြင်း ဖြစ်နိုင်တယ်။

ဆိတ်ဆိတ်နေခြင်း ဟာ အလွန်အံ့အားသင့်ခြင်း ဖြစ်နိုင်တယ်။ ကိုယ်မမျှော်လင့်ထားတဲ့ ကိစ္စရပ်တစ်ခုခုကို ရုတ်တရက်ကြားလိုက် သိလိုက်ရတဲ့ အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတစ်ခုခုပြုလိုက်ရမယ့် အစား တိတ်ဆိတ်သွားတတ်တာမျိုးဖြစ်တတ်တယ်။ ကြားလိုက် သိလိုက်ရတဲ့ ကိစ္စရပ်ဟာ ကိုယ့်အတွက်အရေးပါမှု များလေလေ ရုပ်ပိုင်းဆိုင်ရာတိတ်ဆိတ်မှု အားကောင်းတတ်တယ်။ တဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာလှုပ် ခတ်မှုအားများနေတတ်တယ်။

ဆိတ်ဆိတ်နေခြင်း
ဟာ အတွင်းကြိတ် ကြံစည်ခြင်း ဖြစ်နိုင်တယ်။ ကြားသိရတဲ့ အကြောင်းရာတစ်ခုကို လတ်တလော မဖြေရှင်းနိုင်တာကို သိတာကြောင့် ပဲဖြစ်ဖြစ်၊ နောင်တစ်ချိန်မှာ အစီစဉ်ချပြီး ဖြေရှင်းမှ ပိုမိုကောင်းမွန်မှာကို သိခြင်းကြောင့်ပဲဖြစ်ဖြစ် ဆိတ်ဆိတ်နေတတ်ကြတယ်။ အချိန်အခါစောင့်ခြင်း လို့လည်း သုံးလို့ရတယ်။

ဆိတ်ဆိတ်နေခြင်း ဟာ သံဝေဂရခြင်း နဲ့ ရံဖန်ရံခါ သက်ဆိုင်နေတတ်တယ်။ အလွန်စိတ်မကောင်းဖြစ်စရာ သံဝေဂ ရစရာ ကိစ္စတစ်ခုခုနဲ့တွေ့တဲ့ အခါ သာမန်ကြားနေရတတ်တဲ့ စကားသံမျိုးတွေမကြားရပဲ တိတ်ဆိတ်သွား တတ်ကြတယ်။

ဆိတ်ဆိတ်နေခြင်း ဟာ မလွန်ဆန်နိုင်ခြင်း ကြောင့်လည်းဖြစ်နိုင်တယ်။ ကြားသိလိုက်ရတဲ့ အခြေနေနဲ့ ဖြစ်ပေါ်နေတဲ့အချိန်ခါဟာ တုန့်ပြန်ပြောဆိုခြင်းမပြုနိုင်လောက်အောင် ပြည့်စုံလုံလောက်နေတယ် ငြင်းဆန်နိုင်ခြင်း မပြုနိုင်လောက် အောင် ခိုင်လုံနေတာကြောင့် တိတ်ဆိတ်နေတတ်တာ ဖြစ်နိုင်တယ်။

ဆိတ်ဆိတ်နေခြင်း
ဟာ ကြောက်ရွံခြင်း ဖြစ်တတ်တယ်။ အကြောင်းအရာတစ်ခုကို ပြောဆိုပြုမှုသူဟာ ကြားသိသူအပေါ်ရုပ်ပိုင်းဆိုရာ စိတ်ပိုင်းဆိုင်ရာ လွမ်းမိုးမှုများလွန်းရင် ခုခံချေပဖို့ မတတ်နိုင်ပဲ တိတ်ဆိတ်နေ တတ်ကြတယ်။

ဆိတ်ဆိတ်နေခြင်း ဟာ အာရုံကျပ်ညပ်ခြင်း ကြောင့်လည်းဖြစ်နိုင်တယ်။ အာရုံကျပ်ညပ်ခြင်းဆိုတာက တခြားအရေးကြီးတဲ့ အကြောင်းအရာနဲ့ ကိစ္စရပ်တွေဟာ ကြားသိသူရဲ့ စိတ်ထဲမှာ အရင်ကတည်းက အပြည့်နီးပါး ဝင်ရောက်နေရာယူပြီးဖြစ်တဲ့အတွက်ကြောင့် နောက်ထပ် ထပ်ဝင်လာတဲ့ အကြောင်းအရာကို ပြန်လည်တုန့်ပြန်နိုင်မှုမရှိခြင်း၊ အာရုံကျပ်ညပ်ခြင်း တစ်မျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။

ဆိတ်ဆိတ်နေခြင်း ဟာ လိုက်မမှီခြင်း ဖြစ်နိုင်တယ်။ ကြားသိလိုက်ရတဲ့ အကြောင်းအရာတစ်ခုခုဟာ ကိုယ်တတ်ကျွမ်းတဲ့ အကြောင်းအရာတစ်ခုမဟုတ်တာကြောင့်၊ ပါဝင်ဆွေးနွေးဖို့မတတ်နိုင်တာကြောင့် တိတ်ဆိတ်နေတာဖြစ်နိုင်တယ်။

ဆိတ်ဆိတ်နေခြင်း ဟာ ပညာရှိခြင်း လည်းဖြစ်နိုင်တယ်။ အကြောင်းအရာတစ်ခုခုကို ကြားလိုက်သိလိုက်ရတဲ့ အချိန်မှာ သာမန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတစ်ခုခုပြုလုပ်ရမယ့် အစား တိတ်ဆိတ်နေတတ် ကြတယ်။ ဒါဟာ တုန့်ပြန်ပြောဆိုပြုမှုလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကိုကြိုမြင်ခြင်းကြောင့် ဖြစ်နိုင်တယ်။ အကျိုးမဲ့ ဖြစ်မှာကို ကြိုသိလို့ တိတ်ဆိတ်နေတာ ဖြစ်နိုင်တယ်။

စာဖတ်သူကကောဘယ်လိုပုံစံမျိုးနဲ့ တခါတရံ ပဲဖြစ်ဖြစ်တိတ်ဆိတ်ဖူးပါသလဲ။ ဆိတ်ဆိတ်နေခြင်း၊ တိတ်ဆိတ်မှုတစ်မျိုးမျိုးကို တစ်စုံတစ်ယောက်ဆီမှာတွေ့ခဲ့ရရင် ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း လို့ တစ်ထစ်ချ သတ်မှတ်လို့မရတာတော့သေချာတယ်။ မတူညီတဲ့ အခြေနေ၊ အချိန်ခါနဲ့ လူတွေအပေါ်မူတည်ပြီး တိတ်ဆိတ်ခြင်း သို့မဟုတ် ဆိတ်ဆိတ်နေခြင်း ရဲ့ အဓိပ္ပါယ်တွေကွဲပြားသွားမှာ ဖြစ်တယ်။ ဆိုခဲ့ပြီးတဲ့အတိုင်း တိတ်ဆိတ်ခြင်းဆိုတာ ကောင်းတဲ့သဘောကော၊ မကောင်းတဲ့သဘောကောဆောင်တတ်တာတွေ့ရတယ်။

12 comments

  • TTNU

    August 25, 2011 at 9:20 pm

    susunosuki ရေ၊
    ရှင်ရေးထားတဲ့ ဆိတ်ဆိတ်နေခြင်း အကြောင်းဖတ်ရတာ အဆင်ပြေလိုက်တာ။ It’s really worth reading!

    “ဆိတ်ဆိတ်နေခြင်း၊ တိတ်ဆိတ်မှုတစ်မျိုးမျိုးကို တစ်စုံတစ်ယောက်ဆီမှာတွေ့ခဲ့ရရင် ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း လို့ တစ်ထစ်ချ သတ်မှတ်လို့မရတာတော့သေချာတယ်။ မတူညီတဲ့ အခြေနေ၊ အချိန်ခါနဲ့ လူတွေအပေါ် မူတည်ပြီး တိတ်ဆိတ်ခြင်း သို့မဟုတ် ဆိတ်ဆိတ်နေခြင်း ရဲ့
    အဓိပ္ပါယ်တွေကွဲပြားသွားမှာ ဖြစ်တယ်။ တိတ်ဆိတ်ခြင်းဆိုတာ ကောင်းတဲ့သဘောကော၊ မကောင်းတဲ့သဘောကောဆောင်တတ်တာတွေ့ရတယ်။”

    ဒီအယူအဆကို နှစ်ခြိုက်တယ်။ Two opposite arrows ဆိုတာကို ခဏခဏ ဆွေးနွေးဘူးတယ်။
    ကိုယ့်ဝါဒ ကတော့ ဆိတ်ဆိတ်နေ နေရုံနဲ့ ပြဿနာတွေ ပြေလည်မသွားနိုင်ဘူးဆိုတာပဲ။
    ဒါပေမဲ့ အမြဲ ဖွာနေဖို့တော့ မဟုတ်ဘူးပေါ့ကွယ်။

  • မီးမီး သော်

    August 25, 2011 at 10:58 pm

    ဖတ်ရတာ စိတ်ဝင်စားစရာပါ။မြန်မာစကားပုံရှိပါတယ် “ဆိတ်ဆိတ်နေထောင်တန်”ပါတဲ့။. အားလုံးသူ သိပြီးသားနေမှာပါနော့

  • xman

    August 26, 2011 at 12:28 am

    အင်း …
    အသက်အရွယ်အမျိုးမျိုးမှာ
    အကြောင်း အမျိုးမျိုးနဲ့ ဆိတ်ဆိတ်နေဖြစ်ခဲ့တာတွေ အခါခါပါပဲ ..။
    ကြီးလာတော့ ပိုပြီး တောင် ဆိတ်ဆိတ်နေဖြစ်သွားသလိုပါပဲ။

  • pan pan

    August 26, 2011 at 9:18 am

    ပညာရှိတွေများ ဆိတ်ဆိတ်နေတာများတယ်တဲ့
    အဲဒါက ဘာထဲပါလဲမသိ 🙄

  • ကြောင်ကြီး

    August 26, 2011 at 10:07 am

    ဆိတ်ဆိတ်နေခြင်းသည် ဆိတ်နှစ်ကောင်ရှိနေခြင်းလည်း ဖြစ်နိုင်သည်။
    ဆိတ်ဆိတ်နေခြင်းသည် မကျေနပ်သောကြောင့် ကိုယ်နိုင်ရာလူကို လက်သည်းဖြင့် ဆိတ်ခြင်းလည်း ရှိနိုင်သည်။
    ဆိတ်ဆိတ်နေခြင်းသည် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်တို့ကို ဆိတ်နေခြင်းလည်း မည်နိုင်သည်။
    ဆိတ်ဆိတ်နေခြင်းသည် တို့ဂဏန်းဆိတ်ဂဏန်းမျှ စားသုံးပြီး ပဲများပြနေသည်ဟုလည်း ဆိုနိုင်သည်။
    ဆိတ်ဆိတ်နေခြင်းသည် လူရှေ့သူရှေ့ ဝဲယားသည်ကို မကုတ်ပြချင်သောကြောင့် ဆိတ်ချင်ဟန်ဆောင်ကာ အယားဖြေခြင်းဟုလည်း ပြောနိုင်သည်..။

  • etone

    August 26, 2011 at 10:18 am

    ဆိတ်ဆိတ်နေခြင်းဟာ ဆွံအ ၊ နားမကြားသူတစ်ယောက်အတွက်တော့ …. မသိခြင်း၊ မကြားခြင်းဖြစ်နေပြန်သေးတယ် … (အပေါ်မှာ မပါလို့ ဖြည့်စွက်လိုက်တာ 🙄 )

    • susunosuki

      August 27, 2011 at 1:42 pm

      ဒါဆိုရင်လည်း receiver အားနည်းတဲ့ အုပ်စုထဲထည့်ရမယ်။

  • နီလေး

    August 26, 2011 at 10:28 am

    ဆိတ်ဆိတ်နေခြင်းသည် မန္တလေးဂဇက်ရှိ စာများကိုဖတ်နေခြင်းသာ။ဆိတ်ဆိတ်နေခြင်းသည် မောက်စ် တစ်လုံးနှင့်အလုပ်ရှုပ်နေခြင်းသာ ဟိုကလစ် သည်ကလစ် အထင်အမြင်မျှသာဖြစ်ပါတယ်

  • wathanmin

    August 26, 2011 at 12:46 pm

    ဆိတ်ဆိတ်နေခြင်း ဟာ လစ်လျှူရှုခြင်း ဖြစ်နိုင်တယ်။ ဒီကိစ္စမျိုးဆိုတာ အလေးဂရုပြုရလောက်အောင် အရေးယူဆောင်ရွက်ရလောက်အောင် အရေးမကြီးဘူးပါဘူးလို့ ဆိုလိုတာဖြစ်နိုင်တယ်။
    ဒါက ကိုယ့်ရဲ့ အထက်လူကြီးတွေ လုပ်တာမျိုးပါ။ တွေ့ကြုံခံစားခဲ့ရဘူးပါတယ် ။

  • manawphyulay

    August 26, 2011 at 2:17 pm

    ဆိတ်ဆိတ်နေခြင်း ဟာ ပညာရှိခြင်း လည်းဖြစ်နိုင်တယ်။ အကြောင်းအရာတစ်ခုခုကို ကြားလိုက်သိလိုက်ရတဲ့ အချိန်မှာ သာမန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတစ်ခုခုပြုလုပ်ရမယ့် အစား တိတ်ဆိတ်နေတတ် ကြတယ်။ ဒါဟာ တုန့်ပြန်ပြောဆိုပြုမှုလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကိုကြိုမြင်ခြင်းကြောင့် ဖြစ်နိုင်တယ်။ အကျိုးမဲ့ ဖြစ်မှာကို ကြိုသိလို့ တိတ်ဆိတ်နေတာ ဖြစ်နိုင်တယ်။

    အင်း ထင်ယောင်ထင်မှား ဖြစ်အောင် နေကြည့်လိုက်ဦးမှလေ……. 😛

    • susunosuki

      August 27, 2011 at 1:43 pm

      စိတ်မကောင်းစရာတစ်ခုက ဒီစာကိုဖတ်ပြီးသူများဟာ ဆိတ်ဆိတ်နေခြင်းသည် ပညာရှိခြင်း သက်သက်မဟုတ်ကြောင်းသိသွားကြခြင်းပဲ။
      အကျိုးမဲ့ဟန်ဆောင်ခြင်းသာ ဖြစ်နိုင်ကြောင်း…………….။

  • Moe Z

    August 26, 2011 at 2:48 pm

    ”ဆိတ်ဆိတ်နေခြင်း ဟာ မေ့လျော့ခြင်း ဖြစ်နိုင်တယ်” ဟုတ်တယ်…
    အတန်းထဲမှာ စာမေးရင်သိသာတယ်…

Leave a Reply