ရင်တွင်းသစ္စာ

Nan ShinAugust 29, 20111min3089

မနက်လေးနာရီ ထိုးပြီဖြစ်၍  အလုပ်မှပြန်လာခဲ့သည်။  အလုပ်က တခါတလေ ကောင်းရင်ကောင်း
သလို        လေးနာရီ ငါးနာရီအထိ လုပ်ရတာရှိပြီး တခါတလေ တစ်နာရီ နှစ်နာရီ နှင့်ပြန်လာရသည်လည်း
ရှိတတ်သည်။     ဒီနေ့တော့ အလုပ်ကောင်းသည် ဟုဆိုရမည်။    မနက်လေးနာရီထိ အလုပ်လုပ်ခဲ့ရသည်။
အလုပ်ကောင်းသည့်နေ့များတွင်   သားလေးတစ်ယောက်နဲ့  သမီးလေးနှစ်ယောက်အတွက် မုန့်ဖိုးများများ
ပေးနိုင်မည်။  ဟင်းကောင်းလေးများ   ချက်ကြွေးနိုင်မည် ဖြစ်၍ ဝမ်းသာသည်။   အလုပ်မကောင်းသည့် နေ့
များတွင်လည်း  အငယ်ဆုံးသားလေး ကိုရင်ခွင ်ထဲတွင်ထားပြီး     သမီးကြီးနှစ်ယောက် ကိုပုံပြင် ပြောပြရင်း
တစ်နေ့တာ မိသားစုဘဝလေး ကိုပျော်ရွှင်ကြည်နူးဖွယ် အဆုံးသပ်နိုင်မည်ဖြစ်၍ ဝမ်းသာရသည်။ မန္တလေးမြို့(၈၄)လမ်းနှင့်(၂၉)လမ်းထောင့်ရှိ  ကိုင်းတမ်းဈေး ဟုခေါ်သည့်ပျံကျဈေးလေးသို့ ဝင်လာခဲ့သည်။

ယနေ့ငွေလေးမြိုးမြိုးမြက်မြက်ရှိလာသည်မို့ ကျောင်းတက်နေသော သမီးကြီး၏ “အမေ သမီးလည်း ကျောင်း က  သမီးသူငယ်ချင်းတွေလို တခါ တလေဝက်သားဟင်း ကြက်သားဟင်းလေး ထည့်သွား ချင်တယ်’’      ဟူသည့်ဆန္ဒလေးကိုဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်၍တွေးပြီးဝမ်းသာနေမိသည်။ထို့ကြောင့်
အသားငါးဈေးတန်းသို့ဦးစွာပြေး၍ကြက်သားအနည်းငယ်ဝယ်လိုက်သည်။    အမေလည်းအိပ်ချိန်အမကြီးက
လည်းကျောင်းသွားနေချိန်များတွင်မောင်လေးကို မညည်းမညူထိမ်းပေးနေသည့်သမီးလတ်ကလည်း“အမေ ဟိုဘက်အိမ်ကကောင်မလေးလို ဂါဝန်အကျင်္ီ ီလေးဝတ်ချင်တယ်’’ဟု ပူဆာထားဘူးသောကြောင့် အဝတ် အစား တန်းလေးကိုသွားပြီး  သမီးလေးနဲ့လိုက်ဖက်မ ဲ့အဆင်လေးကိုရွေးသည်။ စိတ်ကူးထဲတွင် သမီး လေး ရဲ့ မျက်နှာနဲ့ကိုယ်လုံးကိုယ်ပေါက်လေးကို ပုံဖေါ်ပြီးဝတ်ပေးကြည့်လိုက်သည်။ရွေးလိုက် သည့်အဆင်လေး များမှာသမီးလေးနှင့်လိုက်ဖက်လွန်းသည်ဟုထင်၍ လေးငါးထည်လောက်ဝယ်သွားလိုက်ချင်သည်။သို့သော်
မဖြစ်သေး။ရုတ်တရက်အလုပ်မကောင်းသည့်နေ့များတွင်သမီးကြီးက ကျောင်းမှ ဟိုဟာကြေး ဒီဟာကြေးနဲ့
တောင်းလာရင်ပေးဖို့ အစဉ်သင့်ဆောင်ထားရန်    ငွေပိုလေးရှိဦးမှဖြစ်မည်။ ထို့ကြောင့်သမီးလတ်လေးနှင့်
အလိုက်ဖက် ဆုံးဖြစ်မည့် ဂါဝန်လေးတစ်ထည်ကိုသာ ရွေးဝယ်လိုက် သည်။မိခင်အလုပ် သွားသည့် အချိန် များ တွင် အရွယ်နဲ့မလိုက်အောင်ပင် နို ့ဗူးလေး တစ်ဗူးနှင့် ကျေနပ်နှစ်သိမ့်နေလေ့ရှိတဲ့ သားလေး အတွက် လဲနို့မှုန့်ဝယ်ရဦးမည်ဖြစ်သည်။ပြီးတော့အရုပ်ရေဗူးလေးတစ်ဗူးလဲ ဝယ်ပေးရမည်။
          “ဟေ့ကောင်မညည်းကတော့ဒီညစီလာပြီဆိုတော့ကောင်းကောင်းဝယ်နေပြီပေါ့’’
ဟုမိတ်ဆွေလုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က လှမ်းနှုတ်ဆက်၍ပြန်ပြီး  ခေါင်းငြှိမ့်ရင်းပြုံးပြလိုက်သည်။ နံနက်
အာရုံဆွမ်းအတွက်    ဘုံဆွမ်းတိုးနေသည့် ကိုရင်ငယ်တစ်ပါးမှ ဝင်တိုက်သွားပြီး“ဒကာမကြီးဆောရီးနော်”ဆို
တော့မှ   ဘေးအိမ်တွင်   ထိုင်ဆွမ်းကြွနေသည့် ကိုယ်တော်လေးအား ဆွမ်းလောင်းရဦးမည်ကိုသတိရသည်။
ကလေးငယ်သုံးယောက်နှင့်  ဗျာများနေရသည် ကတစ်ကြောင်း၊  ဆွမ်းလောင်းရန်  ပျက်ကွက်ခဲ့လျှင် သံဃာ
တော်များကို  အားနာရမည်ကတစ်ကြောင်း၊  မုဆိုးမအိမ်ဖြစ်နေခြင်းကတစ်ကြောင်း၊  အိမ်လေးကကျဉ်းလွန်း
လှ၍ကြွလာမည့်သံဃာတော်အတွက်နေရာထိုင်ခင်း အခက်အခဲရှိခြင်းကတစ်ကြောင်းနှင့် စသည်စသည် အကြောင်းများကြောင့် ပင့်သံဃာလက်ခံ၍ ဆွမ်းလောင်းလိုသော်လည်း အထမမြောက်ခဲ့။သို့သော်နေ့စဉ် မပျက်ဆိုသလိုပင်    ဘေးအိမ်သို့ကြွလာသည့်    ကိုယ်တော်လေးအား မဖြစ်ဖြစ်အောင်ဆွမ်းလောင်းသည်။
ဒီဘဝတွင်ဆင်းရဲတွင်းနက်လွန်း၍        နောက်ဘဝမှာတော့ ဒီလိုဆင်းရဲခြင်းမှကင်းဝေးပါစေတော့ဟူသည့်
ဆန္ဒပါသလိုမန္တလေးသံဃာတော်များမှာဆွမ်းကိစ္စအတွက်အလွန်ပင်အခက်အခဲရှိကြသည် ဟုသိရ၍ တတပ်တအားပါဝင်ဖြည့်ဆည်းလိုသည့် ဆန္ဒလည်းပါသည်။
လွန်ခဲ့သည့် ဆယ့်ငါးရက်ခန့်က ဘေးအိမ်တွင်ဘာလချောင်ကြော်  ကြော်သည်။ ဦးပဉ္ဇ္ဖင်း အတွက်  ဆွမ်းဟင်းကိစ္စအစဉ်မပြေသည့် နေ့များတွင် ဘုဉ်း ပေးရန် လှူမည် ဟုသိရ သည်။ ၎င်းဘာလချောင်ကြော်မျိုးကပ်လှူချင်သည်။ထို့ကြောင့် ငါးခြောက်တန်းဘက်သို့လှမ်းခဲ့သည်။ပါလာသော ပိုက်ဆံနဲ့လောက်မှလောက်ပါ့ဦးမလား ဟူသည့်အတွေးကြောင့် ခြေလှမ်းများခေတ္တ တုံ့ဆိုင်းသွားသည်။ ရင်ဘတ်ထဲရှိ လက်ကျန်ပိုက်ဆံလေးကို ထုတ်ရေကြည့်သည်။ဘာလချောင်ကြော် ကြော်ဖို့ စီစဉ်လိုက်ရင်သမီးကြီးကျောင်းစရိတ်အတွက် ကျန်တော့မည် မဟုတ်၍ အနည်းငယ် ရင်ထိတ်သွားသည်။သို့ ့သော်‘’ဒီညလည်းအလုပ်ကောင်းနိုင်ပါရဲ့ဒီနေ့မကောင်းလည်း တစ်နေ့နေ့တော့ကောင်းမှာပါ၊သမီးကြီး ကအခုလိုသေးတာမှမဟုတ်တာ’’ဟုဖြေတွေးတွေးပြီး ခြေလှမ်းများကို သွက်သွက်လေး ဆက်လှမ်း လာခဲ့သည်။

ဝယ်စရာပစ္စည်းများမစုံသေးသော်လည်း တစ်နေ့တာရှာဖွေလာသည့်  ငွေ ကြေးလေး များ ကုန်ပြီဖြစ်၍ အိမ်ပြန်ဖို့ဆုံးဖြတ်ပြီးပြန်လာခဲ့သည်။တစ်ညလုံးဘာမှ မစားထားသဖြင့် ဗိုက်ကလည်း ဆာလာလေပြီ။ထို့ကြောင့် ခပ်သွက်သွက်လေးလျှောက်လှမ်းခဲ့သည်။

အပြန်လမ်း၌    သွားလေသူ       လင်တော်မောင်အား    သတိရမိသည်။    သူသာရှိခဲ့ရင်ဆိုတဲ့
အတွေး ကလေး ဝင်ပြီးအတိတ်ကချစ်ကြည်နူးခဲ့ပုံ၊သူ၏သားမယားအပေါ်ထားသည့် အကြင်နာ တရား၊ မတောင့်မတမကြောင့်မကျဖြင့် နေခဲ့ရပြီး မကွယ်လွန်မှီ တစ်ရက် အလိုထိ အလုပ်ကပြန်လာတိုင်း ကလေးများမသိအောင် ဖွဖွလေးခိုးနမ်းခဲ့ပုံများကို သတိရလွမ်းဆွတ်ရင်း မျက်ရည်များ လည်းကျခဲ့သည်။ သူမရှိတဲ့နောက်ဖြစ်သလိုလုပ်ကိုင်စားသောက်နေရသည့် ဘဝကို သူသာမြင်ခဲ့ရင် ဆိုတဲ့ အတွေး ကြောင့် ့်ခေါင်းကိုပင် ခါထုတ်လိုက်ရသည်။သို့သော်မရ ။နူးညံ့သည့်နှလုံးသား နှင့်ကြမ်းတမ်းသော ဘဝအစိုင်အခဲ တို့အကြားလူမသိ သူမသိ စီးဆင်းနေသည့် မျက်ရည်မြစ်တစ်စင်းကို ဥပေက္ခာပြုရင်း ‘’ရှင့်သမီးတွေကိုကျမလိုမဖြစ်ဖို့တာဝန်ယူပါတယ် ကိုဇေယျာ’’ဟု တိုးတိုးလေး ကတိပေးမိသည်။
ဈေးအပြင်သို့ရောက်ပြီဖြစ်၍ ရပ်ကွက်ထဲရှိခွေးများ၏ဟောင်သံများကြောင့် အတွေးစလေးများပျက်ပြယ်သွားခဲ့သည်။အနောက်မှ လျှပ်တပြက်လာပြေးဆွဲသော ခွေးတစ်ကောင်၏ ခြေသံကြောင့် တုန့်ခနဲရပ်ပြီး ပြန်ခြောက်ထုတ်လိုက်ရသည်။ခွေးဆွဲတော့လဲ ဆွဲချင်စရာပင်။ ဘောင်းဘီရှည်၊ဒေါက်ဖိနပ်နှင့် ဆံပင်ကိုဖားယားချလျှက်၊ လက်ထဲမှာကလဲ အထုပ်တွေ တစ်ပွေ့တစ်ပိုက်ကြီး။ဆက်လျှောက်လာရင်း အိမ်တော်ရာဘုရား အရှေ့ဘက်မုဒ်အရောက်၌ ပါလာသည့် အထုပ်များကို ဘေးတွင်ခဏချ၍ ပုဆစ်တုတ်ထိုင်ပြီး ဦးသုံးကြိမ် တိုက်လိုက်သည်။စေတီတော်၏ရင်ပြင်တော် အတွင်းသို့ဝင်၍ ကန်တော့ချင်သော်လည်း မုဒ်ဦးတံခါးများ မဖွင့်သေး၍  ဤမျှနှင့်သာ ကျေနပ်ခဲ့သည်မှာ နေ့စဉ်ရက်ဆက် ဖြစ်သည်။ထို့နောက် တတ်သမျှ မှတ်သမျှ ရွတ်ဖတ်ပူဇော်ပြီး သွားလေသူ ချစ်ခင်ပွန်းအတွက် ကောင်းရာသုကတိ ရောက်ပါစေကြောင်း ဆုတောင်းသည်။အမျှဝေသည်။
အိမ်ရောက်ပြီဖြစ်၍ တစ်ညတာ ပင်ပန်းနွမ်းနွယ်မှုများကို ဖြေလျှော့ရင်း ရေကိုတဝကြီးချိုးပြစ်လိုက်ချင်သည်။သို့သော် ရေချိုး၍ မဖြစ်သေး။လုပ်စရာရှိသည်များကို လုပ်ရပေဦးမည်။ ကလေးများချည်းသာ ထားခဲ့ရသည်ဖြစ်၍ မီးအတွက်စိုးရိမ်ရသောကြောင့် ဖရောင်းတိုင၊်မီးခွက်မသုံးပဲ ဘတ္ထရီ ကိုသာ  ရှိသမျှငွေလေးနှင့် ဖြစ်ညှစ်ပြီးဝယ်ထားရသည်။၎င်း ဘတ္ထရီလေးကို ဖွင့်ပြီးခြင်ထောင်ထဲတွင် အိပ်မောကျနေသောသားသမီးလေးများကို အားရပါးရတစ်ယောက်စီကြည့်ပြီး အလှည့်ကျ နမ်းရှိုက် လိုက်သည်။ထို့နောက်သမီးကြီးအတွက် ကြက်သားဟင်းချက်ရင် ဦးပဉ္ဖင်းအတွက် ဘာလချောင် ကြော်  ကြော်ရန် ပြင်ဆင်သည်။ကလေးများ ညကစားထားပြီးသား ထမင်းပန်ကန်များကို တိုက်ချွတ် ဆေးကြောသည်။အချက်အပြုတ်ကိစ္စများအားလုံးပြီးဆုံးသွားသောအခါတွင် သမီးလတ်အတွက် ဝယ်လာသော ဂါဝန်လေးကို သေချာအောင် ဘယ်ပြန်ညာပြန် လှန်လှောကြည့်လိုက်သေးသည်။ထို့နောက် ကျေနပ်သည့်အပြုံးတချက်ကိုပြုံးရင်း ပုဆိုးစုတ်ဖြင့်ဖာထားသည့်မင်္ဂလာဦးခြင်ထောင်လေးကိုမပြီးတိတ်တိတ်
လေးဝင်သွားသည်။      သားငယ်နှင့်သမီးလတ်တို့နိုးသွားမည်စိုး၍  သမီးကြီးကိုအသံမထွက်ပဲလှုပ်နှိုးသည်။
သမီးကြီးကလည်း အိမ်ချင်မူးတူးဆိုပေမဲ့ နေ့စဉ်နှင့် အမျှမို့ သဘောပေါက်နေပြီဖြစ်၍ ကုန်းရုံးထပြီး မိခင်ဖြစ်သူကို နမ်းရှုံ့ဖက်တွယ်ရင်းပုခုံးပေါ်တွင် ခဏမှိန်းနေသည်။
သမီးကြီးကို ရေချိုးပေးပြီးနောက် ဘုရားရှိခိုးခြင်း၊ စာကျက်ခြင်းများကိုသူဖာသာ ဆက်လုပ်သည်။သမီးကြီးသူ့အလုပ်သူလုပ်နေချိန်မှာ သားငယ်နှင့် သမီးလတ်ကို ရင်ခွင်ထဲ ထည့်ပြီး ခေတ္တအိပ်မောကျသွားသည်။ “နှင်းရေ မင်းသားသမီးတွေအတွက် မင်းရဲ့စွန့်စားမှုကို ငါအပြစ်မမြင်တဲ့အပြင် ဂုဏ်တောင်ယူပါသေးတယ်’’ ဟု ကိုဇေယျာ၏အသံကို ကြားလိုက်ရ၍ “ခွင့်မလွှတ်နဲ့ ရှင်ကျမကို ခွင့်မလွှတ်နဲ့ ရှင်ခွင့်လွှတ်လေ ကျမပိုခံစားရလေပဲ’’ ဟူသော အိပ်မက်စေတမန်၏ အလိုအတိုင်း တုန်ရီသောအသံနှင့် ပြန်အော်လိုက်သည်။သမီးကြီးက “မေမေ ခုနစ်နာရီထိုးပြီလေ” ဟူသော အသံကိုကြားလိုက်ရ၍အနည်းငယ် အလန့်ပြေသွားသလိုရှိသော်လည်း ထိုင်ရင်းဖြင့်ပင် တရွတ်တိုက် ထွက်လာပြီး  ရေတခွက်မော့သောက်လိုက်မှ သက်ပြင်းပူတစ်ချက်ကို မှုတ်ထုတ်လိုက်နိုင်သည်။
သမီးကြီးကို ထမင်းကြမ်းကျွေးပြီး နောက် အဆင်သင့်ပြင်ထားသည့် ဝက်သားဟင်းနှင့် ထမင်းဘူးလေးကိုထည့်ပေးလိုက်ရင်း သမီးကြီး၏မျက်နှာကို အသေအချာစိုက်ကြည့်လိုက်သည်။သမီးကြီးက တည်ငြိမ်စွာတစ်ချက်ပြုံရင်း မိခင်ကို ဦးသုံးကြိမ်ချသည်။ “သွားတော့မယ်  မေမေ” ဟူသောယဉ်ကျေးသာယာသည့်အသံလေးကို နားစဉ်ရင်းမျက်စိအောက်မှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။ထို့နောက် သမီးလတ်နှင့်သားငယ်ကိုနှိုး၍ ရေမိုးချိုးပေးသည်။သားငယ်ကို အရုပ်နို့ဗူးလေးပေးပြီး သမီးလတ်ကိုလဲ အသစ်ဝယ်လာသည့် ဂါဝန်လှလှလေးကို ဝတ်ပေးလိုက်သည်။ဂါဝန်လေးကြောင့် အလွန်ဝမ်းသာသွားသော သမီးလတ်က မိခင် ဘာအလုပ်လုပ် နေသည် မသိဘဲ “မေမေ ညတိုင်း အလုပ်တွေအများကြီးလုပ်ရပါစေ”ဟု မြူးတူးအော်ဟစ်လိုက်သံကြောင့် ရင်ထဲတွင် နင့်သွားသည်။သားငယ်ကိုရော သမီးလတ်ကိုပါ ရင်ခွင်ထဲဆွဲထည့်ပြီး သူတို့ရဲ့နှဖူးလေးများကိုသပ်ပေးရင်းရှိုက်ငိုလိုက်မိသည်။

ထို့နောက် ဘေးအိမ်သို့ ဘာလချောင်ကြော်နှင့် ထမင်းတစ်ပန်းကန်မောက် မောက်ကိုဦးပဉ္ဇ္ဖင်းကြွလာလျှင်လောင်းလှူဖို့သွားပို့ထားလိုက်သည်။  တစ်နေ့တာလုပ်ငန်းအားလုံးပြီးဆုံး သွားပြီဖြစ်၍စိတ်အေးလက်အေးရှိတော့မှသားငယ်ကိုနို့တိုက်သည်။ ရေချိုးသည်။  တညတာပင်ပန်းနွမ်းနယ်
မှုအတွက်အပန်းဖြေခြင်းလည်းဖြစ်သလိုအားယူခြင်းလည်းဖြစ်သည့် အိပ်စက်ခြင်း  အလုပ်ကိုလုပ်သည်။  ခြင်
ထောင် ထဲတွင် လဲလျှောင်းပြီးနောက်  “သမီးရေ မမ ပြန်မလာမချင်း အဝေးကြီးကို လျှောက်မဆော့နဲ့နော်’’ ဟုအပူတပြင်းထမှာမိသည်။

“ဟေ့ ကောင်မ ဒီတလအတွက် တော့ အိမ်လခ နောက်မကျစေနဲ့နော်’’ ဟူသည့် အိမ်ရှင် မတုတ်၏အသံကို ဖျတ်ခနဲကြားလိုက်၍ ‘’အော် အိမ်လခတောင် ပေးဖို့နီးနေပြီပဲ’’ဟူသော အသိတစ်ချက်နဲ့အတူ သက်ပြင်းတစ်ချက်ကိုခိုးချလိုက်ရင်းပြန်အိပ်လိုက်သည်။ကိုယ့်ဟောက်သံကို ကိုယ်ပြန်ကြားပြီးလန့် ့နိုးလာသည်။ကြိုးစားပြီးပြန်အိပ်လိုက်သည်။’’ကိုဇေယျာ ကျမဟာ ရှင့်အတွက် မယားကောင်းမပြီသဘူးလို့ပြောချင်တာလား၊    မဟုတ်ဘူး၊   အဲ့ဒိလိုလုံးဝ မဟုတ်ဘူး၊   ရှင်ကကလေးတွေ
အများကြီး လိုချင်ပါတယ်ဆိုလို့ကျမ မွေးပေး ခဲ့တယ်၊ပြီးတော့ ရှင်မကြိုက်တဲ့ အိမ်လည်ပြီး အတင်း တုတ်တဲ့အကျင့်ကိုရှင့်စိတ်တိုင်းကျပြင်ပြနိုင်ခဲ့တယ်လေ၊ရှင့်စကားတွေကိုလိုက်နာ နေရတာကိုက ကျမ အတွက ် ပျော်စရာအလုပ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာ ရှင်လဲ အသိပဲ မဟုတ်လား၊ပြီးတော့ ရှင့်ကိုချစ်လွန်းလို့ ကျမရဲ့ ဆွေမျိုးသားချင်း မိဘညီအစ်ကိုမောင်နှမတွေအားလုံးကိုပြစ်ပြီးရှင့်နောက်ကောက်ကောက် ပါအောင်လိုက်ခဲ့တာကိုရော ရှင်မေ့နေပြီလား..ကိုဇေယျာရယ် ကားတစ်စီး တိုက်တစ်လုံး  နဲ့ဘွဲ့ရပညာတတ်တစ်ယောက်ပြီးတော့ ပျော်ရွှင်ဖွယ် မိသားစုဘဝ အဲ့ဒါတွေထက် ရှင်ကိုတန်ဖိုးထားခဲ့တယ် ဆိုတာကို ရှင် သတိပြုမိမယ်ဆိုရင် ရှင့်ကိုကျမ ဘယ်လောက် အထိချစ်တယ်ဆိုတာ ရှင်သိမှာပါ…ကျမ ရှင့်ကလေးတွေအတွက်မို့ပါ..ကျမမှာ ရွေးစရာလမ်းမရှိလို့ပါ…ကျမကို ခွင့်လွှတ်ပါနော်…ဟင့် အင်း ဟင့် အင်း…မဟုတ်ဘူး  …မှားလို့ မှားသွားလို့ ရှင်ကျမကို ခွင့်မလွှတ်ရဘူး..ရှင်ကျမကို ခွင့်လွှတ်ရင်….”

“မေမေ ရေ မေမေ ..ဖေဖေကြီးနဲ့စကားတွေပြောနေပြန်ပြီလား” ဟူသော သမီးလတ်၏အသံကိုကြားမှာ အိပ်မက်ဆိုးများ ရပ်တန့်နိုင်ခဲ့သည်။ဘေးနားရှိ နာရီကို လှန်းယူကြည့်လိုက်သည်။နှစ်နာရီခွဲသာ ရှိသေးသည်မို ့ ဆက်အိပ်သည်။ “မေမေ ထတော့လေ မေမေအလုပ်သွားဖို့ အချိန်ရောက်နေပြီ..သမီးလဲ ထမင်းတွေ ဟင်းတွေ အကုန်ချက်ပြီးပြီ ..မေမေစားပြီးအလုပ်သွားဖို့ပဲရှိတော့တယ်..’’ သမီးကြီး၏အသံကြောင့် အိပ်ယာမှ နိုးထလာခဲ့သည်။
ဈေးချို အနီးနာရီစင်ကြီးအနားတွင် ရပ်၍တွေ့သမျှလူကို လိုက်ကြည့်နေရသည်။ဆိုင်ကယ်တစ်စီးထိုးရပ်လာ၍ အလုပ်ကိစ္စစကားလာပြောသည်။အရက်နံ ့ရသည်။ သို့သော်  လုပ်ငန်းသဘောအရ  နှစ်ဦးသဘောတူ  လက္ခံသွားပြီဖြစ်၍  အိမ်လခအတွက်ရင် အေးသွားသည်။
ဆိုင်ကယ်က ိုဖြေးဖြေးမောင်းဖို့ ပြောသည်။  ပြောလို့မှမဆုံးသေးခင်   ကျုံးဘေးရှိပလက်ဖောင်းကိုအရှိန်နှင့်
တိုက်မိသွားသည်။  ခေါင်းမှခပ်ပြစ်ပြစ်အရည်များ  တလဟောစီးဆင်းကျလာသည်။    ဘာကိုမှမမြင်ရတော့၊
မြင်နေရသည်ကသားလေးနဲ့သမီးလေးတွေ။ပြီးတော့ ချစ်လင်ကိုဇေယျာ ……။ထို့နောက် ကိုဇေယျာ၏မျက်နှာကိုထပ်ကာထလဲလဲ မြင်ယောင်လာမိရင်း ရင်ထဲတွင်ပြင်းပြင်းပြပြပြောချင်နေသော စကားတခွန်းကို ကြိုးစားအားယူ၍ ပြောချလိုက်သည်။

“ကိုဇေယျာ ကျမ ရှင့်ကို သစ္စာမဲ့တာ မဟုတ်ပါဘူး…ဒါပေမဲ့……’’
မော့နေသောမျက်နှာသည် ကတ္တရာလမ်းပေါ်သို့ယိုင်လဲထိုးကျသွားသည်။

9 comments

  • မီးမီး သော်

    August 29, 2011 at 2:20 pm

    ဟယ် နန်းရှင် ရေ သနားဖို ့ကောင်းတယ်နော်။အပူအပင်တွေကြားက မိသားစုဘဝတွေကိုမြင်ယောင်တိုင်း

  • windtalker

    August 29, 2011 at 2:41 pm

    ဟောဗျာ
    တစ်ကယ်ကို
    မန်းတလေး မြို ့လယ်ခေါင်
    နာရီစင်နား လာလေ့လာသွားခဲ့တာလား ဟင်
    အားလုံး အမှန်တွေ ပဲ
    ခံစားရတယ် ဗျာ

  • hmee

    August 29, 2011 at 4:14 pm

    ဖတ်ရင်း ရင့်နင့်သွားတာပဲ။ လောကမှာ အဲ့လို အဖြစ်ဆိုးမျိုး ကြုံနေရသူတွေ ဘယ်လောက်များလဲ မသိဘူးနော်။ 🙁

  • manawphyulay

    August 29, 2011 at 4:18 pm

    ကိုယ့်အပူနဲ့ကိုယ်တောင် ခုလိုစာတွေဖတ်တော့ ပိုပြီး အပူတွေများသွားသလိုပဲ… မိသားစုဘဝတွေ အေးချမ်းကြပါစေ….

  • pan pan

    August 29, 2011 at 4:53 pm

    ငါ့ဝမ်းပူဆာ မနေသာမဟုတ်တော့ပါလား
    ခုဟာက ကိုယ့်ဝမ်းထက် ပူတာတွေနဲ့ပဲနော်
    ရင်ထဲမကောင်းလိုက်တာ…..။။

  • akswe

    August 29, 2011 at 5:05 pm

    ဒီလိုမျိုး ဘဝ၊ရသ စာတွေ မဖတ်ရတာ ကြာပေါ့ကွယ်…. နန်းရေ …ဆက်သာကြိတ် အားပေးနေတယ်။
    အရင်ကတော့ ဖတ်ရတာတောင်အလျှင်မမီဘူး တစ်နေ့ ငါးခေါက်လောက် အမ်ဂျီ ကိူဝင်ရတယ်။
    နောက်ကြတော့ ရေးရပျင်းသွားကြတာလား အဖျင်းတွေများလာတာကြောင့် စိတ်ပျက်သွားကြတာလား မသိ မရေးကြတော့ဘူး။
    အရင် စာရေး ကောင်း mg ပင်တိုင် များရဲ့ လက်ရာဟောင်းများကို သတိရ မျော်လင့် စောင့်စားနေ ပါတယ်….
    ကဲ… စာရေးဆရာများ ဒီစာ ဖတ်ပြီးရင် မသိချင်ယောင်ဆောင် မနေကြပါနဲ့ တော့ နော်

  • alinsett

    August 29, 2011 at 7:25 pm

    တကယ် ့ကို ခံစားရစေတဲ ့စာလေးပါ ။

    ရေးတဲ ့သူကိုလည်း ကျေးဇူးတင်ပါတယ်နော် ။
    နောက်လည်း ဒါမျိုးလေးတွေရေး…တင်ပါဦး.။

  • ပေါက်ဖော်

    August 29, 2011 at 8:55 pm

    ဆရာသမားက..
    ပြောင်စပ်စပ် ဟာသတွေတင်မဟုတ်ပဲ ဒီလို ရင်နင့်စရာ တွေလဲ ရေးနိုင်စွမ်းပါလားဗျာ
    ဖတ်ရတာ ရေလည် အရသာရှိသဗျာ..
    ရေလည်ထိတယ်..
    ရေလည်.ပဲ..ရေလည်ပဲ…..ဂယ်ကိုပဲ
    လန်ဒယ်..ရှင်နန်းရေ.

  • Pearl May

    August 30, 2011 at 11:06 am

    ဘဝကိုရင်းပြီး အလုပ်လုပ်ရတဲ့သူတိုင်း ဒီဘဝကို ဝါသနာပါလို့ ပျော်မွေ့လို့မဟုတ်ဘူးဆိုတာ သိစေတဲ့အတွက် အရမ်းသဘောကျပါတယ်။ မိသားစု အတွက်ဘဝ ကိုစတေးလိုက်ကြရတဲ့ အမျိုးသမီးတွေအများကြီးပါ။ သူတို့ကိုမတူမတန်သလိုဆက်ဆံကြမယ့်အစား ကိုယ်ဘာမှ မကူညီနိုင် ရင်တောင်မှ လူူလူူချင်း တန်ဖိုးထားစေချင်ပါတယ်။

Leave a Reply