ကျော်ထွေးနေ့တိုင်းသွားတိုက်သည်။

Yan ShinAugust 29, 20111min3119

ကျွန်တော်တို့ ညောင်တုန်းကျွန်းရေနက်ကွင်း စိုက်ကွင်းတဲမှာ နေတုန်းကပါ။ ကျွန်တော်တို့ဟာ မောင်ကျော်ထွေးတို့လို ဒေသခံလူငယ်လေးတွေကို အလုပ်ခွင်ထဲမှာ ခေါ်ခိုင်းရင်း သူတို့တစ်တွေကို တတ်နိုင်သမျှ နားမျက်စိဖွင့်ပေးပါတယ်။ တတ်နိုင်သမျှ လူတန်းစေ့ထားပါတယ်။ လူမှု့ရေးအသိ ကျန်းမာရေးသတိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအသိကစ တတ်နိုင်သမျှ ပြောပြ သွန်သင်ပေးပါတယ်။
သူတို့တစ်တွေ တစ်ကိုယ်ရေကျန်းမာရေးအတွက် အကြမ်းဆပ်ပြာ ကိုယ်တိုက်(အမွှေး)ဆပ်ပြာ သွားတိုက်ဆေး သွားတိုက်တံ မျက်နှာသုပ်ပုဝါ ကိုယ်စီ ဝယ်ပေးထားပါတယ်။
မောင်ကျော်ထွေးတို့တစ်တွေ လိုက်နာကြပါတယ်။ လိုက်နာလွန်းလို့ ရင်တောင်နာရပါတယ်။ သူတို့တစ်တွေ ရေချိုးကြတာ တဲရှေ့ရေပြင်၊ တဲရှေ့ရေမြောင်းထဲကရေပါပဲ။ (ဒါပေမဲ့ ဧရာဝတီတိုင်းထုံးစံ အတိုင်း ကျွန်တော်တို့တဲတွေဟာ နောက်ဖေးပိုင်းအိမ်သာ ရှေ့ပိုင်းက ရေကပြင်ပါပဲ) ဘယ်လောက်ပဲ သန့်သန့် ဘယ်လောက်ပဲ ဆပ်ပြာတိုက်တိုက် သန့်ရှင်းမှု့ကတော့ သိပ်မထင်ပါ ထဲကပေါ့။
ဒါပေမဲ့ သူတို့တစ်တွေကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု့အပြည့်ပါ။ ရေချိုးတို်င်း ဆပ်ပြာတိုက်ပါတယ်။ တိုက်ပါ အပြစ်မဟုတ်ပါ။ ဒါပေမဲ့ ဆပ်ပြာတိုက်တိုင်း အဲဒီဆပ်ပြာနဲ့ ခေါင်းလျှော်ပါတယ်။ ပြီးရင် အဲဒီခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို အုန်းဆီလိ်မ်းပါတယ်။ အဲဒါပြသနာပါ။ မိတ်ဆွေများသိကြမှာပါ ဆီလူးထားတဲ့ဆံပင်ကို သန့်စေဘို့ ဆပ်ပြာပိုကုန်သလို ဆပ်ပြာတိုက်ပြီး ဖွါ(ဖွယ်)နေတဲ့ ဆံပင်အတွက် အုန်းဆီပိုကုန်ပါတယ်။
ကျွန်တော့်ဇာတ်လိုက်ကျော်ကြီးများကတော့ အဲဒီနှစ်ခုပိုကုန်ပြီး မသန့်တဲ့ ကိစ္စကို နေ့တစ်ဒူဝ လုပ်ကြကြောင်းပါ။
ဒါတင်မကပါ ဇာတ်လိုက်ကျော်ကြီးများက တစ်မျိုးဖေါက်လာပြန်ပါတယ်။ ပုံမှန်ဆိုရင် သူတို့တစ်တွေ မနက်ငါးနာရီလောက်ထ တစ်ကိုယ်ရေသန့်ရှင်းမှု့လုပ် (တစ်ချို့ ကိုယ်လက် လေ့ကျင့်ခန်းလုပ်) မနက်စာစားသောက် ခြောက်နာရီလောက် ရွာတွင်းက အလုပ်သမား၊ အလုပ်သမ တွေလာရင် အားလုံးအတူတစ်ကွ ကွင်းထဲဆင်း အလုပ်သွားကြပေါ့။ မနက်ခြောက်နာရီလောက်ဆိုရင် ကျွန်တော်တို့တဲရှေ့ရေမြောင်းထဲမှာ ကျွန်တော်တို့ အလုပ်သမားတွေသာမက တခြားအလုပ်ခွင်က အလုပ်ကွက်က အလုပ်သမတွေပါ လှေတွေနဲ့ ဖြတ်သွားကြပါတယ်။
အဲဒီမှာ ဇတ်လိုက်ကျော်ကြီးများ ဖေါက်ပါတော့တယ်။
ပုံမှန်မနက်ငါးနာရီလောက် ထရမှာ မထတော့ပဲ လူထူချိန် မိန်းကလေးတွေ တဲရှေ့ဖြတ်ချိန် မနက်ခြောက်နာရီလောက်မှ မင်းသားများက အမွှေးဆပ်ပြာ မွေးပွတဘက်တွေနဲ့တစ်ကွ သွားတိုက်ခြင်းအမှု့ကို လူမြင်ကွင်းမှာ ထင်သာမြင်သာပြုကြပါတော့တယ်။
မောင်မင်းကြီးသားများ ဟန်ရေးပြခြင်တာက ပြသနာမရှိပါ။ ပြသနာက ကျွန်တော်တို့ အလုပ်သွားချိန်နောက်ကျရပါတော့တယ်။ ကျွန်တော်တို့ အလုပ်ကိုပါ ထိခိုက်လာပါတော့တယ်။ ကျွန်တော် ဒေါသထွက်ပြီး မောင်ကျော်ထွေးတို့ကို ဆူမိပါတော့တယ်။
“ဟေ့ကောင်တွေ လူပါးမဝနဲ့ နင်တို့ကို လူတန်းစေ့စေခြင်လို့ ငါအပြည့်အစုံဝယ်ပေးထားတာ။ နင်တို့ ရွာက သူကြီးသန်းဆွေတောင် သွားတိုက်တံရှိတာ မဟုတ်ဘူး လိုတာထက်ပိုမလာနဲ့”
ဆိုပြီး ရေမြောင်းထဲကန်ချ နောက်နောင်ကို မနက်ငါးနာရီမှာ ပုံမှန်ထပြီး သန့်ရှင်းရေးလုပ်ရန် ဥပဒေ ထုတ်လိုက်ရပါတယ်။
မောင်ကျော်ထွေးလေ ဗိုလ်ချုပ်မှုးကြီးဖြစ်မဲ့သူပဲ အမိန့်နာခံမှုမှာတော့ ပြိုင်သူရှားပါပဲ။ စကားတောင်မဆုံးသေးဘူး
တပ်ချုပ်ကြီးတပည့်တွေထက်သာပ

ဟုတ်

ပါပဲ။
အဲဒါတွေစိတ်ညစ်တာ။ အဲဒါတေ…… မောင်ကျော်ထွေးလေ………..
မိတ်ဆွေ နောက်ဆက်တွဲပြသနာကို ဆက်လက်ရှု့ပါ။ တခြားလူ ဟုတ်ပါရိုးလား မောင်ကျော်ထွေး ပါပဲ။ နောက်တစ်ပါတ်လောက်မှာ သူတို့ရွာက သူတို့သူငယ်ခြင်းတွေနဲ့ ပြသနာတက်ရန်ဖြစ်ရာမှာ မောင်ကျော်ထွေးက ကျိန်းမောင်းခဲ့ပါတယ်။ ဘယ်လိုများထင်ပါသလဲ၊
“ဟေ့ကောင်တွေ လူပါးမဝနဲ့ မင်းတို့လို အဆင့်မရှိတဲ့ကောင်တွေနဲ့ စကားမပြောခြင်ဘူး နင်တို့ရွာသူကြီး သန်းဆွေတောင် သွားတိုက်တံ ရှိတာမဟုတ်ဘူး”
ဆိုပဲခင်ဗျား………

9 comments

  • windtalker

    August 29, 2011 at 3:03 pm

    ကဲကဲ
    သွားတိုက်ပြီးရင်
    မောင်ပေ့ ကို မေးစေဗျာ
    ဘာဖြေရမလဲ

  • Shwe Ei

    August 29, 2011 at 3:22 pm

    ဟား၊ သဂျီးတော့ အချောင်နှက်ခံလိုက်ရဘီ။

  • Nan Shin

    August 29, 2011 at 3:26 pm

    ဟား………ဟား…….
    သွားတိုက်တာလဲ ရေးတတ်တော့ ဇာတ်လမ်းဖြစ်သွားတာပဲ။
    သူကြီးခမျာမှာတော့………..။

  • pan pan

    August 29, 2011 at 4:08 pm

    ဟိုက်! သဂျီးတောင် သွားတိုက်တံမရှိဘူးဆိုပဲ
    ကျော်ထွေးတို့တော့ နှက်ပဟေ့

  • မီးမီး သော်

    August 29, 2011 at 7:38 pm

    မောင်ကျော်ထွေးပျောက်နေတာကြာပီ ခုမှပေါ်လာတယ်နော်။ဟုတ်ပီလား

  • ဆူး

    August 29, 2011 at 8:43 pm

    အဲဒီ ရွာက သကြီး တော်တော် ညစ်ပတ်တာပဲ..

  • intro

    August 30, 2011 at 11:06 am

    သူကြီးက ဘက်ဂျက်ချွေတာနေတာလေ.. မီးသွေးခဲလေးနဲ့လဲ အဆင်ပြေပါတယ်တဲ့… 🙂

  • Yan Shin

    August 30, 2011 at 5:27 pm

    ဟေ့ ဟေ့လူတွေ
    အဲလိုတော့ အချွန်နဲ့ မ မကြပါနဲ့
    ဒီရွာက (ဂေဇက်က) သူကြီးကို မပြောရဲပါဘူးဗျာ။

    ဟီးဟီး သူက သွားတိုက်မှာပါ။ သူကြိးကတော်ကိုကြောက်လို့လေ။

    သွားတိုက်တံနဲ့ မတိုက်တာက ကျော်ထွေးတို့ရွာက သူကြီးပါ။

    ဟုတ်ပ။
    ကျွန်တော်က လက်သင်လေးဆိုတော့ သိမ်ငယ်ပါတယ်။ စာဖတ်သူတွေအတွက် အချိန်ကုန်စေမဲ့ စာတွေများဖြစ်နေမလားလို့။
    ကိုတော်ကာကြီးပြောတာ ဖတ်ပြီးကတည်းက
    သိမ်ငယ်စိတ်နဲ့ငြိမ်နေမိတာပါ။ ဒါကြောင့်ပျောက်နေရတာပါ။
    မောင်ကျော်ထွေး တော်ပုံလေးကို အမှတ်တရ ရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply