Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြင်တော့မှ သိ ၊ ကြုံဖူးမှ ယုံ

etoneSeptember 5, 20111min81340

မြင်တော့မှ သိ ၊ ကြုံဖူးမှ ယုံဆိုတာ တကယ်ပါပဲ … ကျွန်မတစ်သက်နဲ့တစ်ကိုယ် အဖြစ်ပျက်တော်တော်များများ  ကြားဖူးနားဝနဲ့တင် ယုံခဲ့တာမျိုးရှိသလို … တချို့ကြားဖူးသော်လည်း လက်ခံနားလည်ရန် ခက်ခဲတဲ့အခါ ကိုယ်တိုင် ကြုံတွေ့မှသာ လက်ခံယုံတာမို့ … တစ်ခါတစ်ခါ ကျွန်မက အလွန် ကန့်လန့် တိုက်တဲ့ လူမျိုးလို့ ….. သတ်မှတ်ခံရပါတယ် … ။

ဒီတစ်ခါလည်း ကြားဖူးနားဝ အတွေ့ကြုံမျိုးရှိပေမဲ့… ကိုယ်တိုင် ကြုံတွေ့တဲ့အခါ … အတော်လေး အံ့အားသင့်မိပါတယ် … ။ စိတ်ထဲမှာလည်း တစ်ခုခု သိသိသာသာ ပြောလိုက်ချင်ပေမဲ့… တကယ်တမ်း ကျွန်မက ပွဲကြည့်ပရိတ်သတ်အဖြစ်သာ နှုတ်ဆိတ်နေမိခဲ့တာပါ … ။

ဒီပိတ်ရက် စနေနေ့က … မြို့ထဲမှာ သူငယ်ချင်းတွေနဲ့ စားသောက်ပြီး အပြန် … စက်ရုံဘက်ကို ကျွန်မကားစီးပြန်ဖြစ်တယ်… ၃၉ အထူးကားက ရုံးဆင်း ရုံးတက်ချိန်မဟုတ်တာရယ် ၊ စနေနေ့ဖြစ်တာရယ်ကြောင့်  ယခင်နေ့တွေကကထက် ပိုချောင်နေခဲ့ပါတယ် … ။ ကျွန်မကားပေါ်တက်တော့ … နေရာရလို့ … အဆင်ပြေတဲ့နေရာလေး ရွေးထိုင်ဖြစ်လိုက်တယ် …. ။ အားလုံးသိတဲ့ အတိုင်းပဲ .. အထူးကားတွေရဲ့ ဖွဲ့စည်းပုံကိုက ဘယ်ဘက်က ခုံတန်းတွေက တစ်ခုံသုံးယောက်ထိုင်လို ့ ရပါတယ် … ။ ညာဘက်က ခုံတန်းတွေကတော့ တစ်ခုံ နှစ်ယောက်ပေါ့ … ။ လောဘကြီးတဲ့ကျွန်မက တစ်ယောက်တည်းနဲ့ သုံးယောက်ခုံမှာ ထိုင်ပြီး စီးလာတယ်… ။ နောက်မှတ်တိုင် တစ်ခုရောက်တော့ .. ကားရပ်တာနဲ့ … ထူးထူးခြားခြား (အလွန်ကဲ) အလှတွေပြင်ထားတဲ့ ချောကလက် မှိုတက်မိန်းကလေးတစ်ဦး ကားပေါ်တက်လာပါတယ်… ။ မျက်နှာအချိုးစား လှပတဲ့ အမျိုးစားမဟုတ်ပေမဲ့ … အပြင်အဆင်တွေ ၊ အဆောင်ယောင်တွေနဲ့ … အသားရောင် ညိုရင့်ရင့်ကို မိတ်ကပ်ထူထူအုပ်ထားလို့ … ကြည့်ပျော် ရှူပျော်လောက်တော့ .. ကြည့်ကောင်းနေတယ် … ။ အကျီ င်္ က လက်ပြတ်ကို sexy ဖြစ်အောင် ပခုံးလျှောလျှောလေး ဝတ်ထားတယ် .. ဘောင်းဘီကတော့  သရီးကွာတားပါ … အပေါ်အောက် အနက်ရောင်ကို လိုက်လျောညီထွေစွာ ဝတ်ဆင်ထားပါတယ် …။ ဆံပင်ကတော့ အရောင်ဆိုးထားတယ် … ကျောလယ်လောက်ကို ဖျားလျားချထားပါတယ် … ။

သူမကားပေါ်တက်လာတာနဲ့ … စပ်စုတတ်တဲ့ ကျွန်မမျက်လုံးတွေ .. သူမဆီကိုပဲ ရောက်သွားတော့တယ် … စိတ်ဝင်စားစိတ်နဲ့ .. သူမဘယ်နားမှာများ ထိုင်မလဲ ကြည့်နေတုန်း …. သူမလည်း … ချောင်နေတဲ့ကားပေါ် ဘယ်နေရာထိုင်ရမလဲ ရွေးနေပုံပါပဲ … ။ … ကျွန်မနောက်ခုံက ခပ်ဖြောင့်ဖြောင့် အစ်ကိုကြီးတစ်ယောက်  ဘေးကို သွားထိုင်မလို့ လုပ်သေးတယ်လေ … ဟိုလူက အိပ်ချင်ယောင်ဆောင်ပြီး …. ထိုင်ခုံမှာ ချထားတဲ့ သူ့ ကျောပိုးအိတ်ကြီး မဖယ်ပေးဘူး (စပ်စပ်စုစု ကျွန်မက နောက်လှည့်ကြည့်လို့ မြင်မိတာလေ.. ) … ဒါနဲ့ .. ကျွန်မရှေ့တည့်တည့်ခုံမှာ ထိုမိန်းကလေး ဝင်ထိုင်ပါတယ် … ။ ကျွန်မရှေ့က သုံးယောက်ထိုင်ခုံမှာ နဂိုကတည်းက အမျိုးသား တစ်ယောက် ထိုင်နေပြီးသားမို့ … ထိုမိန်းကလေး ဝင်ထိုင်တဲ့ အခါ … ထို အမျိုးသားက ပြတင်းပေါက်ဘက်ကို တိုးပြီး နေရာ ပေးပါတယ် … ။ ကျွန်မသာဆို … မိန်းမတစ်ယောက်တည်း ထိုင်နေတဲ့  … ထိုင်ခုံမှာ (ကျွန်မထိုင်နေတဲ့ အတန်းမှာ) ထိုင်ဖို့ ရွေးမိမှာပါ … ။ လူတစ်ကိုယ် စိတ်တမျိုးကိုး …သူလည်း ထိုင်ချင်တဲ့နေရာ ထိုင်မှာပေါ့လို့ပဲ … တွေးလိုက်ပါတယ် .. ။ ဘာကြောင့်မှန်းမသိ .. ကျွန်မအကြည့်တွေက သူမကိုပဲ .. စိတ်ဝင်တစားကြည့်နေမိတယ်လေ … ။ သုံးယောက်ခုံမှာ … နှစ်ယောက်ပဲ ထိုင်နေရလျှင် … ကျွန်မသာဆို ဟိုဘက်ထိပ်စွန်းကပ်ထိုင်မိမှာပါ … အခုတော့ သူမက … ဘေးပြတင်းပေါက်နဲ့ ကပ်ပြီး ထိုင်နေသော လူဘေးသို့ .. လိုအပ်တာထက်မှီပြီး တိုးကပ်နေပါတယ် …. ။  ကျွန်မကားပေါ်တက်ခါစက … ဖုန်းကို ကလိနေတဲ့ အဲ့ဒီလူက … ဖုန်းတောင် မကလိနိုင်တော့ပဲ …ပြတင်းပေါက်ဘက်ကိုသာ မျက်နှာမူပြီး လျှောက်ငေးနေတာ တွေ့ရပါတယ် … ။ ကျွန်မကားစီတာ .. မြို့ထဲကနေ .. လှိုင်သာယာဘက်မို့မှတ်တိုင်များများစီးရပါတယ် … ။ မှတ်တိုင်တိုင်း တက်လာတဲ့လူကို ငေးမိသော်လည်း … ကျွန်မအကြည့်တို့ က ထိုကောင်မလေးဆီသို့ပဲ ပြန်ရောက်ရောက်နေပါတယ် … ။ ကောင်မလေးကလည်း … ကားယိမ်းတိုင်း လိုအပ်တာထက်ပိုလို့ … ဟိုလူဘက်ကို တိမ်းတိမ်းသွားတယ် … ဒါပေမဲ့ … နောက်ကို ရုတ်တရက် မကြာခဏလှည့်ကြည့်တတ်လို့ … သူနဲ့ အကြည့်မစုံဖြစ်အောင် ကျွန်မ ရှောင်တိမ်းရပါတယ် … ။

ထူးထူးခြားခြား  မှတ်တိုင်က တက်လာတဲ့ လူတိုင် း အလျှိုလျှို (ကျွန်မဘေးက ခုံအပါဝင် )တခြားနေရာတွေ ဝင်ထိုင်သွားပေမဲ့.. သူ့ဘေးမှာတော့ တယောက်စာ လွတ်နေတာ ဘယ်သူမှ ဝင်မထိုင်သွားပါဘူး … ဒါနဲ့ပဲ … ဟင်းသီးဟင်းရွက်ဒိုင်တွေရှိတဲ့ … သီရိမင်္ဂလာဈေးသစ်မှတ်တိုင်ရောက်ပါရော … အဲ့ဒီအခါ လှိုင်သာယာဘက်ပြန်မဲ့ …အလုပ်သမား အုပ်စု ကားပေါ်တက်လာတယ်.. နေရာတွေ အကုန်ပြည့်ပြီမို့ … အဲ့ဒီအုပ်စုထဲက နေ့စား အလုပ်သမား ဖြစ်ဟန်တူတဲ့ လူတစ်ယောက် သူ့ဘေးမှာ ဝင်ထိုင်ပါတယ် .. တခြား လူတွေကတော့ မတ်တပ်ပေါ့လေ…. ။ ထို လူ ဝင်ထိုင်ပြီး ခဏအကြာမှာပဲ .. ကောင်မလေး ရဲ့အသွင်ပြင်ချက်ချင်း ပြောင်းသွားပါတယ် … ဘေးက ပြတင်းပေါက်နဲ့ တသားတည်း ဖြစ်လုလု ကပ်နေတဲ့ လူဘေးကို အတင်းကြီး စွပ်တိုးတော့ပါပဲ … ။ ခေါင်းကြီးလည်း စောင်းလို့ … မျက်နှာကလည်း ပြတင်းပေါက်ဘက်ကို တချက်တချက် လှည့်ကြည့်မိတယ် … ။ တစ်ခုခုတော့ တစ်ခုခု သေချာနေတာမို့ … ကျွန်မလည်း မနေနိုင်မထိုင်နိုင် ဘဲဆီကို ဖုန်းခေါ်ပြီး ကြားအောင်တမျိုး မကြားအောင် တမျိုး နည်းနည်း သတင်းပေးလိုက်တယ် … သူကပြောတာတော့ .. အဲ့ဒါ ” အပုပ်မကြီးကွတဲ့ … မင်းလျှောက်ကြည့်မနေနဲ့ … ကိုယ့်ဘာသာကိုယ်နေ သိပ်မစပ်စုနဲ့တဲ့ … ” ကျွန်မက ဒါလေးပဲ ပြောရသေးတယ်.. သူက အပုပ်မတဲ့ .. တမ်းပြီးပြောတော့တာပဲ …… ယောကျာ်းတွေများ ချက်ခနဲဆို နားခွက်က မီးတောက်တယ် … တော်တော်အထာနပ်ပါ့ … (ဘယ်လိုများ အဲ့ဒီလို သိရတာလဲဆိုတာ တွေ့တော့မှ အစ်ကြည့်ဦးမယ်လို့ တွေးပြီူ ..ဖုန်းချလိုက်ပါတယ် .. ) ။ ကျွန်မရဲ့ ဖုန်းပြောသံ သဲ့သဲ့ကို ထို မိန်းမကြားတဲ့ အခါမှာ .. တယောက်တည်း တခစ်ခစ်ထရယ်ပါရောလား …. ကျွန်မကသာ အံ့ဩနေတာ.. ဘေးက လူတွေကတော့ ..သူ့ကို လှည့်မကြည့်ကြပါဘူး … ။ ကျွန်မဘဲက မကြည့်နဲ့ ပြောလည်း .. မနေနိုင်ဘူးလေ… သူသိတာမှ မဟုတ်ပဲ .. ဝါသနာအရ စပ်စုနေလိုက်တော့ … မကြာပါဘူး .. ကောင်မလေးက ဘေးက လူပခုံးပေါ်ကို မှီပြီး အိပ်လိုက်ပါရော … ။ ဘေးကလူကများ ထအော်လိုက်မလားလို့ … ရင်တမမနဲ့ ကြည့်နေပေမဲ့ … ဟိုလူက မျက်နှာကြီးကို ပြတင်းပေါက်ဘက်ပဲ လှည့်နေပါတယ်… ပခုံးပေါ်က ကောင်မလေး အိပ်တာကိုလည်း မဖယ်တဲ့အပြင် … ဘာ တုံ့ပြန်ချက်မှ မပေးပါဘူး …. ။ ကျွန်မလည်း အရမ်းကို စိတ်ဝင်စားမိပါတယ် …ကျွန်မ မဆင်းခင် သူတို့ နှစ်ယောက်ထဲက တစ်ယောက်များ ဆင်းသွားမလားပေါ့…. ။ အထင်နဲ့ သာ ကားဆက်စီးလာခဲ့တယ် …ကျွန်မဆင်းမဲ့ မှတ်တိုင်ထိ …ထိုကောင်မလေး ရော … ထိုယောကျာ်းရော မဆင်းသေးပါဘူး … ။ ကျွန်မကသာ သိချင်စိတ်နဲ့ …. ဆတ်တငံ့ငံ့ပေါ့ … ။ မှတ်တိုင်ဆုံးအောင် လိုက်သွားမလားလည်း တွေးမိပေမဲ့ … အရေမရအဖတ်မရ … မစပ်စုတော့ပါဘူးလို့ စိတ်ကို ပိုင်းဖြတ်ပြီး ဆင်းရမဲ့ မှတ်တိုင်ရောက်တော့ ဆင်းလာမိတော့တယ် … ။

မြင်ရ ကြုံရတာ တကယ့်ကို စိတ်ရှုပ်စရာပါ … ဒီလို မိန်းမတွေ ရှိလို့ .. ကျွန်မတို့ မိန်းမတွေဘဝ အထင်သေးစရာ ၊ အပေါစားတန်ဖိုးကျစရာတွေ ဖြစ်လာခဲ့တာပေါ့…. ။ သားကောင်ရှာချင်လျှင် လူမြင်ကွင်းမှာ မဟုတ်ပဲ ….. တခြားနေရာမှာ ရှာလို့ရပါတယ်.. အခုလို လူကြားသူကြားထဲ ကိုယ်နဲ့ မသိတဲ့ ယောကျာ်းတစ်ယောက်ပခုံးပေါ် အိပ်ဖို့ ဆိုတာ .. တော်ရုံတန်ရုံ သတိ္တမျိုး မဟုတ်တာမို့ … ရွာသူရွာသားတွေ … ကြားဖူးနားဝဖြစ်အောင် (မသိသေးသူများအတွက်) … မှတ်တမ်းတင်ထားလိုက်ရပါတော့တယ်… ။

 

ကြည့်ကြပါဦး ... အဲ့ဒီလိုတွေဖြစ်နေတာ ... ဟိုလူခမျာ ခေါင်းကြီးက အရှေ့ဘက်ကို အတင်းတိုးနေတာတောင် ပခုံးပေါ်တင်ထားရတဲ့ အဖြစ် 😛

 

ဘေးကလူကိုကျတော့ ... ခေါင်းမှီဖို့နေနေသာသာ ဖုတ်လေတဲ့ငပိ ရှိတယ်လို့ မထင်ဘူး... ကပ်ရမှာစိုးလို့လေ ... 😀

40 comments

  • weiwei

    September 5, 2011 at 3:29 pm

    ဇာတ်လမ်းက ဇာတ်သိမ်းလဲ မပါဘူး .. 🙁

    • etone

      September 5, 2011 at 3:44 pm

      ဟုတ်တယ် မဝေရေ .. ဇာတ်လမ်းက အဆုံးကို etone လည်းသိချင်နေတာ … ဘယ်လိုများဖြစ်သွားမလဲလို့ … ကြည့်ရတာ ဟိုကောင်က အထာနပ်ပုံမရဘူး … ။ အင်း …နပ်ပုံမရချင်ဟန်ဆောင်နေတာလည်း ဖြစ်မယ် … ။ သာမန်ယောကျာ်းဆို မသိတဲ့ မိန်းမတယောက်ပခုံးပေါ်လာအိပ်တာ … လန့်သွားမှာပါပဲ … အခုတော့ သူက သူ့အပေါ်အိပ်တာ မဟုတ်သလိုပဲ .. ဟိဟိ 🙄

      • weiwei

        September 5, 2011 at 3:51 pm

        ကြည့်ရတာတော့ ဒီယောက်ျားလဲ အကြံအဖန်ကို လက်ခံလိုက်ပြီထင်တယ် …. သူမကြိုက်ရင် ဆင်းသွားလို့ရတာပဲ … ဒါမှမဟုတ်လဲ ထပြီး မတ်တပ်ရပ်စီးလိုက်လဲဖြစ်တာပဲ …
        အ ချင်ယောင်ဆောင်နေတာပဲဖြစ်မယ် ….

        အီးတုံးက ကောင်မလေးရဲ့ခေါင်းတစ်ခုထဲကိုပဲ မြင်နေရတာ ဆိုးတယ်နော် … ရုပ်ရှင်ကြည့်တုန်းကလို ခုံပေါ်ကို ဆောင့်ကြောင့်ထိုင်ပြီး အကဲခတ်လိုက်သင့်တယ် … 🙂

        • etone

          September 5, 2011 at 4:05 pm

          ဟုတ်တော့ ဟုတ်မယ် မဝေရေ … စိတ်ထဲမှာ ကောင်မလေးက လက်ပါကိုင်ထားတယ် ထင်တယ် … ။ ဘာလို့လဲဆိုတော့ … အစက ကောင်မလေးလက်က အရှေ့က ခုံတန်းကို ကိုင်ထားတာ.. လက်နှစ်ဖက်စလုံးနဲ့ ကိုင်ထားတယ်လေ … လက်ပြတ်နဲ့ လက်နှစ်ဖက်တန်းကိုင်ထားတယ် …. ဘေးကလူက မြင်ရနိုးနိုး ရင် ခုန်စရာကြီး 😛 😛 ပြီးတော့ … သူ့လက်နှစ်ဖက် အောက်ကျသွားတာ မမြင်လိုက်မိဘူး … ။ ခေါင်းအရင်မှီတာလား လက်အရင်ကျသွားတာလား ကြည့်နေလျှက်နဲ့ မမြင်တာ နာတာပဲ 😛 😛 😛

  • နွယ်ပင်

    September 5, 2011 at 3:37 pm

    ဘာဆက်ဖြစ်မလဲလို့ သိချင်နေတာ ဘာဖြစ်သွားမှန်း မသိလိုက်ဘူးပေါ့
    etone ရယ်လမ်းအဆုံးထိသာ လိုက်သွားလိုက်သာ မဟုတ်ဘူး 🙂
    ဘယ်လိုပဲ ဖြစိဖြစိ မှတ်တမ်းပုံလေးတော့ ရအောင်ယူခဲ့သေးတာပဲ ……..

  • chitlay

    September 5, 2011 at 3:40 pm

    etone ကလဲ ဘာဆက်ဖြစ်မလဲလို့ သူတို့ဆင်းတဲ့အထိ လိုက်ကြည့်လိုက်တာ မဟုတ်ဘူး …

  • MaMa

    September 5, 2011 at 3:46 pm

    အီတုံး ပီသပါပေတယ်။ (ကိုရီးယားကား လေသံဖြင့်)
    ဓာတ်ပုံတော့ရအောင် ရိုက်လာသေးတယ်။ 🙂

  • weRone

    September 5, 2011 at 3:46 pm

    မမြင်ဖူး ၊ မကြုံ့ ဖူးပေမဲ့.. အခုတော့ သိလည်းသိ ယုံလည်း ယုံသွားပြီဗျို….:D

  • ရွှေဘိုသား

    September 5, 2011 at 4:05 pm

    မမအိတုံကလည်း ဆက်လိုက်ပြီး ဇာတ်သိမ်းပါ ထည်.ရေးပေးရမှာ
    နောက်တစ်ခါဆို ဂိတ်ဆုံးထိလိုက်နော် ကားခ ကျနော်စိုက်ပေးမယ်
    အဲလို ဇာတ်လမ်းမျိုးဆို စိတ်ဝင်စားလို.
    မိန်းမကောင်းတွေအတွက်တော. စိတ်ပျက်စရာပဲ

    • etone

      September 5, 2011 at 4:07 pm

      ဝါသနာအရဆို ဆက်လိုက်သွားချင်တာပေါ့ … သို့သော် …အလုပ်ကလည်းရှိသေးတာရယ် .. ဂိတ်ဆုံးဖို့လည်း လိုသေးတာရယ်ကြောင့် … မလိုက်သွားဖြစ်တော့တာ .. ဟိဟိ … ။ 😛

      • “ဘီလူးကြီး”ogre

        September 5, 2011 at 6:24 pm

        အိတုန်က ဝါသနာအရဆက်လိုက်သွားခြင်လား..ကျုပ်ကတော့
        ဘာဖြစ်မယ်ဆိုတာ မြန်မာဗွီဒီယိုကားလို အကုန်သိနှင့်ပြီးသားပဲ…:P

  • manawphyulay

    September 5, 2011 at 4:23 pm

    အယ် ဖတ်နေတာ ဆန့်တငံ့ငံ့နဲ့ ဒီကောင်မလေး ဆက်လိုက်ပြီး စီးတာမဟုတ်ဘူး။ သူတို့ဆင်းတော့ ကားပြောင်းပြန်စီးလာလို့ရတာပဲဟာ.. ဂယ်ပဲ… ဖတ်ရတာ ဇာတ်သိမ်းသိချင်နေပြီ။

    ဒါက မိန်းကလေးပဲမြင်လို့ ကျုပ်ကတော့ ယောက်ျားလေးတွေလည်း မြင်ဖူးတယ်ရှင့်… မလွယ်ဘူး။ ဘာတွေမှန်းကို မသိတာ…. ဘဝတွေများနော်…..

  • naywoonni

    September 5, 2011 at 4:24 pm

    အဲဒိလို လား…။ အပုတ်တဲ့လား…။ အဲဒါကို တစ်ခေတ်တစ်ခါက နတ်သမီးလို့ ခေါ်သကွဲ့…။ ခုအွန်လိုင်းပေါ်မှာ သူတို့ကိုသူတို့ angel လို့နာမယ်ပေးတဲ့သူလေးတွေတွေ့တော့ တစ်ခါတစ်ခါ ခေါင်းကြီးကြီး သွားတယ်..။ နတ်သမီးလေးက ကိုယ့်ကိုမှီ အိပ်နေမှတော့ ကိုယ့်ရဲ့ ဇနီး ချစ်သူ တစ်ယောက်ယောက်မှမပါရင် အတော်များများက မသိချင်ယောင်ဆောင်နေမှာပေါ့ကွယ်..။ ဒီလိုနတ်သမီးမျိုးက လိုက်တောင် ရှာရသေးတာ …။ ခုတော့ လိုက်မရှာရပဲတွေ့တာ…။ ဒါကရန်ကုန် ဘတ်စ်ကားနော်…။ နယ်ဘက်ပြေးတဲ့ အဝေးပြေးကားတွေပေါ်ဆိုရင် ဘယ်လောက်ဆိုးမလဲ…။ ညဘက်မောင်းတဲ့ကားတွေပေါ်မှာ အဲဒိလိုဇာတ်ကား တွေက ရိုးနေပါပြီ…။ အ, ရင်ခံပေါ့ကွယ်..။

  • မီးမီး သော်

    September 5, 2011 at 4:28 pm

    အယ်မမ အိတုံကဓါတ်ပုံပါရအောင်ရိုက်လိုက်တာလား မြန်တယ်နော်။

  • ရွှေဘိုသား

    September 5, 2011 at 4:31 pm

    နောက်က ခုံပေါ်ကနေ လူတွေမသိအောင်လည်း ရိုက်ပြိးတင်တဲ. မအိတုံကို ချီးကျူးပါတယ်ဗျာ

    • etone

      September 6, 2011 at 8:15 am

      ရွှေဘိုသားရေ .. အဲ့ဒီလို ရိုက်ဖို့အတွက် ဖုန်းကို ကင်မရာသံ “ချက် … ချက် ” မထွက်အောင် ဆိုင်မှာ သွားပြင်ထားရပါတယ် … မဟုတ်လျှင် ဒီဖုန်းနဲ့ တချက်ချက် ရိုက်လို့ အသံထွက်လာလို့ကတော့ … အတော်ရှင်းရမယ့် ကိန်းပါပဲ …. ။ ကိုယ်ကလည်း စပ်စုတတ်တယ် … တွေ့သမျှလေးလည်းရိုက်ချင်တယ်ဆိုတော့ … ဆိုင်မှာ အသံမထွက်အောင် သွားပြင်လိုက်တာ အကောင်းဆုံး နည်းလမ်းပဲလေ 😛 😛 😛

  • pan pan

    September 5, 2011 at 4:46 pm

    မetoneက မမီလိုက်ပေမယ့် ညီမအလှည့်တုန်းက မီလိုက်တယ်
    ဆူးလေမှာပေ့ါ
    ဂိတ်ဆုံးလို့ ဘဲကြီးဆင်းသွားတော့ ကောင်မလေးက အဲဒီဘဲကြီးနောက် အတင်းလိုက်တာ
    ကားပေါ်တုန်းကလည်း သူ့ဘာသာသူ ဘာတွေပြောပြီး သဘောကျနေလဲမသိပါဘူး
    အစက တူမနဲ့ ဦးလေးမှတ်တာ
    နောက်မှ အဲလိုမှန်းသိတယ်
    ကျွန်မကလည်း မျက်စိတဆုံး စပ်စုတာ
    သူတို့နဲ့ကလည်း သွားမယ့်လမ်းကြောမတူတော့ အဲလောက်ပဲမြင်ခဲ့တယ်
    အဲဒီကောင်မလေးက ၂ဝတောင်မပြည့်တတ်သေးဘူး
    ၁၇၊ ၁၈လောက်ရယ်
    မetoneတွေ့တဲ့ ကောင်မလေးလောက် အပြင်အဆင်မမြင့်ဘူး

  • cobra

    September 5, 2011 at 4:52 pm

    အော်….
    စီးပွားရေးမကောင်းကြလို့ပေါ့။

  • water-melon

    September 5, 2011 at 5:17 pm

    အော် ရှက်ရေးထက် ဝမ်းရေးက ရှိသေးတယ်လေ။ ဘယ်တတ်နိုင်မလဲ။ ခေတ်ကြီးက တစ်နေ့ကို လူများများရလေ ဝမ်းရေးကိုက်တာပေါ့။ ဘယ်မိန်းကလေးမှ ဒီလိုလုပ်ချင်မှာလဲ။ဝမ်းရေးကြောင့်ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 5, 2011 at 5:31 pm

    ဒီမှာဒေါက်တာအီးဒုုံး
    နောက်တစ်ခါ ဒီလိုကိစ္စကြုံလာရင်
    ကိစ္စပြီးတဲ့ထိ လိုက်လံစုံဇမ်းပြီးမှ
    အစီရင်ခံပါ
    ဒါဘဲ

  • lazytaurus

    September 5, 2011 at 5:48 pm

    ဖတ်ရတာတောင်ရင်ထဲထိတ်တယ်။ခုကတော့အဲဒါမျိုးတွေကအဆင့်မြင့်ဟိုတယ်တွေမှာတောင်ရှိတယ်လေ။
    ကြည့်လိုက်ရင်သိတောင်မသိသာဘူး။ဒါလေးတွေကနဲနဲဈေးပေါလို ့သိသာနေတာလေ။အဆင့်မြင့်တွေဆို
    ရင်ကြည့်လိုက်ရင်မော်ဒယ်ကျနေတာပဲ။ခေတ်ကြီးကလည်းကွယ်။

  • Aung Myat Way

    September 5, 2011 at 5:52 pm

    အပျိုးကြီးနော်မျက်စိမှိတ်ထားတော်တော်ကြာ
    ဈာန်ဝင်သွားရင်အခက် ဈာန်ဆိုတာ ကိုယ့်ရဲ့
    အနားကပ်ကြည့်တာမြင်တာ ကိုယ်ပါကွယ်
    ရာမှာမသိမသာတိတ်တိတ်ပုန်းလေးလည်း
    ဖြစ်နေမယ်နော် သိပ်မကြည့်နဲ

  • တာနော

    September 5, 2011 at 6:03 pm

    ရင်မောရပါလား..၊ ကျနော်တို့ ကျတော့ ဘယ်တော့မှ ဒါမျိူးမတွေ့ရဖူးဘူး၊ တစ်ခါတစ်လေတော့တွေ့ချင်
    စမ်းတယ်၊ ဗဟုသုတ ရမလားလို့ပါ၊ :mrgreen:

  • zaw min

    September 5, 2011 at 7:41 pm

    ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေး…
    ဇီးကွက်စီပွါးရေးကို ဖေါ်ဆောင်ရာမှ…ယခုအခါ ဒေးကွက်(နေ့ပိုင်း)စီပွါးရေးအဖြစ်သို့ တိုးတက်စွာပြောင်းလဲလာပြီဖြစ်ပါကြောင်း…
    အထူးသတိပြုရန်မှာ…ရွာထဲကမှ ရန်ကုန်သား ကာလသားများ၊ရန်ကုန်မြို့တွင်းလိုင်းကားစီးလျှင် အထူးသတိထားရန်လိုပါသည်။
    +++သတိထားရမှာ အပုတ်မမဟုတ်ပါ++အိတုံးကို သတိထားရှောင်ကြပေတော့ အစဉ်မသင့်ရင် သင်တို့ပုံတွေ နေ့မဆိုင်းပဲ အွန်လိုင်းပေါ်ရောက်သွားမယ်….

    • etone

      September 6, 2011 at 8:10 am

      ရှောင်ကြရှားကြနော် … ဟဲဟဲ :mrgreen:
      အနေထိုင်မတတ်လို့ကတော့ … ဂေဇက်ပေါ်ရောက်သွားမယ် မှတ် 🙄

  • windtalker

    September 5, 2011 at 8:19 pm

    ဒါမျိုးတွေ လည်း ရှိတာပေါ့နော်
    ကျွန်တော် က မန်းတလေး က ဆိုတော့
    မသိဘူးပေါ့ ဗျာ
    အခု မအီးတုံး စာဖတ်ပြီး မှ
    သိရပါတယ်

  • thit min

    September 5, 2011 at 8:26 pm

    စိတ်ညစ်တယ်။
    (ကားပေါ်ကဇတ်လမ်းနဲ့)…………………မအီးတုံကတမျိုးနှိပ်စက်
    (ကားပြပွဲနဲ့)………………………………မနွယ်ပင်ကတမျိုးနှိပ်စက်

  • zawmaung

    September 5, 2011 at 8:31 pm

    Possible 1. Gay
    Possible 2. Pick pocket .
    I have read somewhere that numbers of female pickpockets have increase.

  • surmi

    September 6, 2011 at 12:44 am

    သတင်းတခု ပေးလိုက် အုံး မယ် ။ ရန်ကုန် ပြည် လမ်း မပေါ် ခြောက်မိုင်ခွဲ ကနေ ကန် လမ်း မှတ် တိုင် အထိ နေ့ ခင်း ဘက် မှာ ကိုယ် ပိုင်ကား တွေကို ပဲ ရွေး ပြီး တား တဲ ့ အပုတ် မ တွေ အများ ကြီး ပဲ ။ မယုံ ရင် သွား ကြည့် ၊ မရှိ ရင် ကြိုက် တဲ ့ ဆိုင်မှာ တစ် ဝိုင်း လိုက် ကြွေး မယ် ။

  • nigimi77

    September 6, 2011 at 3:03 am

    တောက် !!! ခွေးစားသွားသကွာ…..

    အီးဒုံး …နောက်တခါ ကြုံရင် Information အပြည့်အစုံ ယူခဲ့ပါ။

    • etone

      September 6, 2011 at 8:08 am

      အဲ့ဒီ ကဏန်းကြီး 77 ကတော့လေ .. သူများတကာကို ပြောလိုက်လျှင် မှိုချိုးမျှစ်ချိုးနဲ့ … ။
      (((တောက် !!! ခွေးစားသွားသကွာ…..))) ဖြစ်လို့ပေ့ါ … မဟုတ်လျှင် သူစားခွက်ပျောက်နေဦးမယ် 😛

  • ရွှေဘိုသား

    September 6, 2011 at 9:15 am

    သည်းခံပါ မအိတုံ သီခံခြင်းသည် အောင်မြင်၏တဲ.
    ဝါသနာအရ မို.ထင်ပါတယ်

  • Shwe Tike Soe

    September 6, 2011 at 12:58 pm

    အော် ကိုယ်လည်း ဘက်စ်ကားစီးရင် အဲဒီလို ခေါင်းမှီအိပ်တဲ့ ဇာတ်လမ်းထွင်တဲ့ကောင်မလေးမျိုးကိုရှောင်ရသလို
    နောက်ကနေ ဓာတ်ပုံရိုက်တတ်တဲ့ သတင်းထောက် မမကြီး များကိုလဲ သတိထားရတော့မယ်..ဟဟဟဟဟဟဟ

  • R Ga

    September 6, 2011 at 3:43 pm

    ဒီ အသက်အရွယ်ရောက်တဲ့အထိ ဒါမျိုး ကြုံဖူးဖို့ မဆိုထားနဲ့ မြင်တောင်မမြင်ခဲ့ဖူးဘူး။ တကယ် ပြောမယုံ ကြုံမှသိမယ်အဖြစ်မျိုးပဲ..။

  • yetazar

    September 7, 2011 at 3:07 pm

    ကျွန်တော်တို့က နယ်ကဆိုတော့ အဲဒီလိုအဖြစ်တွေကို ကြားသာကြားဖူးတာ ၊ မမြင်ဖူးဘူးဗျို့ ။ ကြားရတာတွေကတော့ မလွယ်ဘူးပဲ ။ ခေတ်ကြီးက တိုးတက်လာတာလား ၊ တိုတက်လာတာလားတော့မသိဘူး ။ စိတ်ပျက်စရာကောင်းလာတာကတော့ အမှန်ပဲ ။

  • စုံ စုံ

    September 7, 2011 at 3:59 pm

    etone ကတော့နော် လက်စွမ်းထက်သလားမမေးနဲ့ 😛
    ဓါတ်ပုံပါရိုက်လာတယ်ဆိုတော့ တော်တော်ကိုစိတ်ဝင်စားလာတာဘဲ
    အခုတခါကနောက်ကနေရိုက်လာတာဆိုတော့ နောက်တခါဆို
    ရှေ့ကပါရိုက်နိုင်ရင်ပိုကောင်းမယ်နော်
    ( အဟီး ကာယကံရှင်တွေ နရင်းထရိုက်ချင်အောင်ပြောနေပြန်ပါပြီ) :):)

    • etone

      September 7, 2011 at 4:31 pm

      အဲ့ ဒီလို ပေါ်တင် အရိုက်ကောင်းလို့ ….. ဖုန်းမန်မိုကဒ် တခါ အသိမ်းခံရပြီး .. အဖမ်းခံရတော့မလို့လေ .. ဟိဟိ … 🙄

  • zawmaung

    September 7, 2011 at 5:53 pm

    I may be the man like what e-tone describe herself , ကိုယ်တိုင် ကြုံတွေ့မှသာ လက်ခံယုံတာမို့ … တစ်ခါတစ်ခါ ကျွန်မက အလွန် ကန့်လန့် တိုက်တဲ့ လူမျိုးလို့ ….. သတ်မှတ်ခံရပါတယ် … ။

    May be her သားကောင် is for pick pocket . Who’s know?

    As Surmi posted, ရန်ကုန် ပြည် လမ်း မပေါ် ခြောက်မိုင်ခွဲ ကနေ ကန် လမ်း မှတ် တိုင် အထိ နေ့ ခင်း ဘက် မှာ ကိုယ် ပိုင်ကား တွေကို ပဲ ရွေး ပြီး တား တဲ ့ အပုတ် မ တွေ အများ ကြီး ပဲ is true . Day and night.
    If she is one of အပုတ် မ , then why on bus . Will go there and look for the guy with own car.
    For me , she is pick pocket . Lets thinks it difference.
    Yes, she look for the သားကောင် .

  • taungpawthar

    September 16, 2011 at 1:20 pm

    အဲဒီအချိန်မှာ သူ ့မိန်းမကြီးကားပေါ် တက်လာပါလေရောဗျာ

  • mzm

    September 16, 2011 at 3:29 pm

    တော်တော် အကျည်းတန်တဲ့မြင်ကွင်းပဲနော် ကြိုက်မရှက်ငိုက်မရှက်ဆိုတာဒါမျိုးကိုပြောတာနေမှာပေါ့
    ဘယ်လိုမိဘတွေကမွေးလာလဲမသိဘူး မအေတူသမီးပဲနေမှာပေါ့ ဟိုခွေးသားကလဲ မှင်နဲ့ငြိမ်ခံနေလိုက်တာ
    ကျောက်ဖြစ်ရုပ်ကြွေးလားအောင့်မေ့ရတယ် (ကိုယ်သာဆိုရင်လဲဒီလိုပဲငြိမ်ခံမိမှာပဲဟဲ ဟဲဟဲ)
    မသာမ generationလိုက်တာ အမျိုးကောင်းသားတွေကိုလိုက်ဖျက်ဆီးနေတာဒင်း.နာမယ်နော်
    ကြုပ်ကြပ်လိ ဟီဟိ

Leave a Reply