ကံဆိုးမသွားရာ မိုးလိုက်လို ့ရွာ (၉)

etoneSeptember 7, 20111min2624

 

“ရက်လည်လည်း လုပ်ပြီး ပြီဆိုတော့ … ငါလည်း ပြန်ဦးမယ် စန္ဒာရေ … အငယ်နှစ်ယောက်ကို ငါခေါ်ပြီး ညည်းတို့ အဖွားအိမ်ပို့ပေးရလျှင် ကောင်းမလား .. ”

” အာ… နေပါစေ အန်တီဝေရယ် … မေမေတောင် ကိုယ့်မာနနဲ့ ကိုယ်မို့ … ကျွန်မကပဲ ကလေးတွေ အတွက် ရှာကျွေးဖို့ အလုပ်လုပ်မှာပါ … လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာပဲ နေဦးမယ် …. မေမေပြန်လာလျှင် အတူပြန်နေမဲ့ အိမ်လေးကိုလည်း ပြန်မသွားချင်သေးဘူး …အ ရာရာတိုင်း မေ့မေ့အရိပ်တွေပဲမို့ … ဒီမှာနေတာ အကောင်းဆုံးဖြစ်မယ် အန်တီဝေရယ်… ဒါနဲ့ … မေမေဆုံးပြီဆိုတော့ … မေမေအလုပ်လုပ်တဲ့ အိမ်က လူလိုမှာပေါ့ … တခြားလူတော့ မခန့်ပါနဲ့ … သမီးပဲ အောက်ခြေသိမ်း အကုန်လုပ်ပေးပါ့မယ်…. ”

“သမီးက ငယ်သေးတော့ ကြိုက်ပါ့မလားတောင် မသိဘူး … ”

“အန်တီဝေလည်း ကူပြောပေးပါ့မယ်… ”

(၁၉)

“မမစိုးရေ… ဒါက မိချိုရဲ့ သမီးအကြီးမပါ…သူ့အမေနေရာမှာ သူအလုပ်လုပ်ပါရစေဆိုလို့ ကျွန်မခေါ်လာတာပါ … မမစိုးတို့ မကြိုက်လည်း …ကျွန်မပြန်ပို့ပါ့မယ်… ။ ”

” မိချို ဆုံးတာ စိတ်မကောင်းပါဘူး သမီးရယ် … အန်တီစိုးတို့လည်း … လူလိုပါတယ် .. ဒါပေမဲ့သမီးက အသက်ငယ်သေးတော့ ပင်ပန်းတာ ခံနိုင်ပါ့မလား … ”

“ဟုတ်.. ရပါတယ် အန်တီ သမီး အလုပ်ကိုကြိုးကြိုးစားစား လုပ်မှာပါ …. အိမ်က ပစ္စည်းလည်း အပ်တိုတချောင်းတောင် မပျောက်စေရပါဘူး စိတ်ချပါ ။ ”

” ဟုတ်တယ် မမစိုးရဲ ့ … မိချိုက ဆင်းသာရဲတာ … သူ့ကလေးတွေကိုတော့ စာရိတ္တကောင်းအောင် သေချာ လေ့ကျင့်ပေးခဲ့တယ် … ကျွန်မတာဝန်ယူပါတယ် … သမီးလည်း လိမ္မာရမယ်နော် … ”

အန်တီဝေ အာမခံပေးမှူနဲ့ ကျွန်မအလုပ်တစ်ခု ရခဲ့ပါတယ် … ရွာမှာ ကျန်ခဲ့တဲ့ မောင်လေးနဲ့ ညီမလေးကို စိတ်မချပေမဲ့ … ကျွန်မကလေးတွေ အတွက် အလုပ်တစ်ခုရှိမှဖြစ်မယ် …။

%%%%%%%%%%%%%

ရက်အနည်းငယ်ခန့် ကြာသော် …

ပင်ပန်းလွန်းလို့ ထင်တယ်.. ကျွန်မအကြောချင်တွေ တောင့်တင်းနေပါတယ် … ညကလည်း စောင်မခြုံမိဘူး ထင်တယ် … အာ… ပါးစပ် .. င့ါပါးစပ် ဟလို့မရတော့ဘူး … သားရေတွေလည်း ထိန်းမနိုင်အောင် ကျနေပါလား … ။

တစ်ရေးနိုးဗိုက်ဆာသဖြင့် … ညလည်စာ စားရန် အန်တီစိုးနိုးလာသည်.. စန္ဒာအ ခန်းရှေ့မှ ဖြတ်အလျှောက် …….မိချို ကိစ္စဖြစ်ပြီးကတည်းက ဖြုတ်လိုက်သော အခန်းတံခါးသည် … ပြန်မပြုပြင်ရသေးသော်အခါ … အထဲကို ထင်သာ မြင်သာရှိသည်… ။

” ဟဲ့စန္ဒာ .. စန္ဒာ ဘာဖြစ်တာလဲ … ဦး ဇော် .. ဦးဇော ်… လာပါဦး… ” ဟုဆိုတာ ပွက်လောရိုက်သွားသည်… စန္ဒာလည်း သူ့အမေခေါင်းချသွားသော ဆေးရုံသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည် …

ရွာမှာရှိစဉ် အနာကို ဖုန်သိပ်ကာ လက်နှီးစုတ်စည်းခဲ့မိသဖြင့် မေးခိုင်ပိုးဝင်သွားကြောင်း တာဝန်ကျဆရာဝန်က ရှင်းပြသည် ….ရက်အတော်ကြာ ကုသမှူ အပြီး တွင်တော့ ….ပြန်လည်ကျန်းမာစွာ အိမ်သို့ ပြန်လာသည် … ။

(၂၀)

“အစိုးရေ… ငါ အ ကြံရတယ်ကွ .. စန္ဒာကိုကြည့်စမ်းပါဦး …အိမ်ဖော်အလုပ်ထက် ငါတို့ အလုပ်မှာ ထည့်သုံးလျှင် အဆင်ပြေမလားပဲ … သူလည်း ပိုပိုသာသာရတာပေါ့ … ”

“ကောင်းသားပဲ ဦးဇော်ရေ ကျွန်မလည်း … မျက်နှာလွှဲရမယ့်လူလိုနေတာလေ .. စန္ဒာကိုပဲ ဆိုင်မှာ ခိုင်းကြည့်တော့မယ် … ”

” စန္ဒာရေ … အန်တီစိုးတို့တော့ .. ဒီလိုစီစဉ်ထားတယ်ဟေ့… %&$#@!  သမီးဘယ်လို သဘောရလဲ … ”

“ဟုတ်.. ဟုတ်ကဲ့… သမီးလည်း ပိုက်ဆံပိုလည်းရမယ် … လူလည်း လှလှပပနေရမယ်ဆို လုပ်ချင်ပါတယ် အန်တီစိုးရယ် … ။ ”

” သမီးမနက်ကျလျှင် အန်တီစိုးနဲ့ လိုက်ပြီး ဆိုင်မှာ ကောင်မလေးတွေ ဘယ်လို နှိပ်လဲ လိုက်ကြည့် … ညနေဘက်မှာ ဦးဇော်နဲ့ လိုက်သွား … ဆိုင်မှုာ ဘယ်လို အခြေနေရှိသလဲ .. ဘယ်လိုသီချင်းတွေ ဆိုသလဲ ကြည့် … အိမ်သန့်ရှင်းရေးကတော့ သမီး မသွားခင်နဲ့ ပြန်လာလျှင် လုပ်လို့ရတာပဲ … ကဲဒီနေ့တော့ အစအနေနဲ့ ဆံပင်သွားညှပ်ကြရအောင် ….. အဝတ်စားတချို့လည်း အန်တီစိုးတို့က အရင် စိုက်ဝယ်ပေးမယ်… ပြီးမှ သမီးလုပ်အားခကနေ အရစ်ကျ ဖြတ်မယ် … ”

” ဟုတ်..ဟုတ်ကဲ့ အန်တီစိုး … သမီးကို အခုလိုကူညီတာ ကျေးဇူးတင်ပါတယ်နော် …..”

ထိုနေ့မှ စ၍ စန္ဒာကို ပြုပြင်ပြောင်းလဲပေးလိုက်သော အခါ … ရုပ်ရည်သွင်ပြင် ချောမောသော မြို့သူတစ်ဦးကဲ့သို့ လူတကာ နှစ်ကြိုက်ဖွယ် အသွင်ပြင်သို့ ပြောင်းသွားတော့သည်… ။ သူမဧ။် ကြိုးစား အားထုတ်မှူကြောင့် အန်တီစိုးဧ။် အနှိပ်ခန်း လုပ်ငန်းလည်း လာရောက်သူများပြားလာပြီး … တစ်ပုဒ်နှစ်ပုဒ်သာ တက်ဆိုရသော ဦးဇော်ဧ။် စားသောက်ဆိုင်နှင့် ကာရာအိုကေ ဇာတ်လမ်းမှာလည်း …အရင်က ဖောက်သည်များလာတော့သည်… ။ ယခုထိတိုင် စန္ဒာသည် ကာမဆက်ဆံမှူနဲ့ ပတ်သတ်သော ကိစ္စများကို ငွေကြေးနှင့်လဲလှယ်ခဲ့ခြင်း မပြုပေ… ။ ချောင်လည်လာသည်နှင့် အမျှ … ရွာမှ ကလေးနှစ်ယောက်ကိုလည်း ထောက်ပံ့ပေးနိုင်လာတော့သည် …. ။

နှစ် အတန်ကြာသော အခါ … ထိုလောကတွင် စန္ဒာတစ်ယောက် နာမည်ကြီးလာတော့သည်… စာရိတ္တပိုင်းကအစ မည်သူမှ မက်လုံးပေး စည်းရုံး၍ မရသော အညှီဟောက်လုပ်ငန်းများ မလုပ်ကိုင်ခဲ့သော စန္ဒာ….. ရွာမှ ညီမဖြစ်သူ အိမ်ဆိုင်လေး တစ်ခု ထူထောင်ချင်သူဟုဆိုကာ ….. လုပ်ငန်း ကျယ်ပြန့်စွာ လုပ်ဆောင် လာရတော့သည်… ။ ကိုယ်ပိုင် အိမ် ၊ ကားနှင့် နေနိုင်သည်အထိ ကြီးပွားလာသော်လည်း … ကလေး နှစ်ယောက်ကိုမူ .. ရွာ၌သာ မတောင့်မတောင့်နေစေခဲ့သည် …

ဘုန်းတော်ကြီးကျောင်းပညာရေးကနေ အလယ်တန်း … အထက်တန်းထိ အဆင့်ဆင့် ပညာသင်ပေးနိုင်ခဲ့သည် … ။ ယခုမူ လောဘဇောဖြင့် ကာမရောင်းဝယ်ရေး လုပ်ငန်းများပါ တစွန်းတစလုပ်လာတော့သည် …

ထိုသတင်းကို ကြားကြားချင်း အန်တီးစိုးက ခေါ်၍ ….

“သမီး စန္ဒာ … သမီးရဲ့ စာရိတ္တကြောင့် ဒီလောက်နာမည်ကြီးခဲ့တာ … အခုဘာလို့ ကာမ အရောင်းဝယ်ကိစ္စတွေထဲ ယှက်နွယ်ရတာလဲ အန်တီစိုးတို့ နားမလည်တော့ပါဘူး … ။ ဆိုင်က သမီးတွေကိုတော့ သေချာ သင်ပြထားပြီးပေမဲ့ … သမီးကိုတော့ မပြောပြရသေးလို့ … အန်တီစိုး ပြောပြရဦးမယ်… ။ သမီးက အရင်က ဒီလုပ်ငန်းထဲ အညီဟောက်တွေ မရောနောလို့ သတိမပေးခဲ့ပေမဲ့ … အခုတော့ လောဘကြီးလာတဲ့ သမီးအတွက် အန်တီစိုး သတိပေးချင်တာရှိတယ်… ။ ”

(၂၁)

” သမီး …လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ ဆိုပေမဲ့ … အသက်ရှင်စဉ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် သေတဲ့အခါ ကျန်ခဲ့တဲ့ က ိုယ်နာမည်အပေါ် ညစ်နွမ်းစေတာပဲ သမီး …

4 comments

  • windtalker

    September 7, 2011 at 11:58 pm

    သေတစ်နေ ့မွေးတစ်နေ ့
    အသက်ရှင်စဉ်အတွင်းမှာ
    ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့်
    သေတဲ့အခါ ကျန်ခဲ့တဲ့ ကိုယ့်နာမည် အပေါ် ညစ်နွမ်းစေတာပဲ သမီး….. တဲ့
    အဲဒီ နေရာ ကလေး ကို နဲနဲ ပြင်ချင်ပါတယ်
    အသက်ရှင်နေစဉ်ကာလတွင်းကိုပါ
    ကိုယ်လုပ်တဲ့ အပြုအမူ လုပ်ရပ် က ကိုယ့်ရဲ ့ပုံရိပ်နာမည် ကို
    ရောင်ပြန်ဟပ်တယ် မလား
    မအီးတုံး ရဲ ့
    သိသားနဲ ့
    ဟွန် ့

  • ရွှေဘိုသား

    September 8, 2011 at 9:11 am

    ကိုပေပြောတာလည်းမှန်တယ်
    မတုံပြောတာလည်း မှန်တယ်
    နှစ်ခုလုံးမှန်းပါတယ် တစ်ချို.လုပ်ရက်တွေက သေသွားပြီးမှ ပေါ်လာတာကိုးဗျ

  • etone

    September 8, 2011 at 1:01 pm

    တကယ်တော့လေ .. ကောင်းတာပဲ လုပ်လုပ် ဆိုးတာပဲ လုပ်လုပ် … လူတွေက ဆီလို အပေါက်ရှာ ကြံဖန် အတင်းပြောဖို့ ရှာနေတဲ့ အမျိုးပါ … ။ ဥပက္ခာပြုပြီး ကိုယ့်အလုပ်ကိုယ်လုပ်နိုင်တဲ့ စိတ်မျိုး ရှိမှ ဒီနိုင်ငံမှာ နေလို့ အဆင်ပြေမယ် … မဟုတ်လျှင် သူများ အတင်းတုပ်ထဲအထဲ ပက်လက်မျောသွားမယ် .. ။

  • နွယ်ပင်

    September 8, 2011 at 1:14 pm

    တစ်ခါတစ်လေမှာ ကောင်းတာလုပ်နေရင်တောင် လူတွေက အထင်နဲ့မှန်းပြီး အတင်းတုပ်ကြသေးတာပဲ
    ကိုယ့်အတွက်မှန်နေမယ်ဆိုရင်တော့ ဘယ်သူ့တွေဘာပြောပြော ဂရုမစိုက်ဘဲ လုပ်နေရတာပါပဲ …

Leave a Reply