Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကောင်မလေး ( ၂ )

တေစၧSeptember 7, 20111min3898

အားပေးကြတာကို ကျေးဇူးတင်ပါတယ် ခု နောက်ထပ်တစ်ပိုင်းပေါ့

 

ဒီလိုနဲ့ပဲ ကျွန်တော့်သူငယ်ချင်းကောင်မလေးနှစ်ယောက်ရှမ်း welcome မှာမော်ဒယ်ရှိုးလျှောက်တဲ့ ကောင်မလေးတွေရဲ့ စာရင်းကို ကျွန်တော့်ကိုရှာလာပေးပါတယ် စာရင်းအရ 17 ယောက်ရှိပါတယ် နီးတော့ နီးစပ်နေပါပြီ  အဲဒီ 17 ယောက်ထဲက တစ်ယောက်ဖြစ်မှာတော့ သေချာပါတယ်။ အင်္ဂလိပ်မေဂျာက သုံးယောက် သချာင်္က သုံးယောက် physics က ငါးယောက် chemistry က,လေးယောက် သမိုင်းက တစ်ယောက် ဖလော်က တစ်ယောက် ပြီးတော့ နှစ်တွေကလဲ မတူကြဘူး ကဲ ဘယ်လိုလုပ်မလဲ ကျောင်းမှာ အော်လံနဲ့ နာမည် နဲ့မေဂျာ တွဲပြီးအော်ရှာရမယ့် အပေါက်မျိုး နာမည်တွေကိုဖတ်ကြည့်လိုက်တော့ သိပ်မထူးခြားပါဘူး တစ်ယောက်ချင်းကို ဘယ်လိုလုပ်ပြီး လိုက်ရှာရမလဲ စဉ်းစားနေတုန်း ကယ်တင်ရှင် တစ်ယောက်ပေါ်လာပါတယ်။
သူကတော့ ကျွန်တော့်ရဲ့  အချစ်ဆုံးသူငယ်ချင်း ဝေယံ ပါ။ ” မင်းကတုံးရန်ကော မင်းလောက်အတဲ့သူ ကမ္ဘာမှာ ထမင်းထုပ်ထမ်းပြီးရှာရင် ထမင်းထုပ်သာ သိုးသွားမယ် တွေ့မှာမဟုတ်ဘူး ဆိုပြီး ရွတ်ဖတ်ပြီးမှ မင်း အရမ်းအ, တာကိုး အဲဒီနေ့က ရိုက်တဲ့ပုံတွေထဲမှာ ရှာလိုက် မင်းအပင်ပန်းခံစရာမလိုဘူး EC တွေကိုလိုက်မေးလိုက်” ဆိုမှ ကျွန်တော့် မှာ ကိုယ့်နဖူးကို ရိုက်ပြီး ကိုယ် အ, ကြောင်း သိပါတော့တယ် ဟုတ်ပါ့ ဒီလောက်လွယ်တာ ဓါတ်ပုံလေးတွေကြည့်ြ့ပီး တွေ့ရင် EC တွေကိုမေးလိုက်ရင် အလွယ်လေးကို ဘာကြောင့်များမစဉ်းစားမိတာလဲ မသိပါါဘူး မွှန်တယ်ဆိုတာမျိုးနေမှာပေါ့။ ဒီလိုနဲ့ ဓါတ်ပုံတွေကိုပြန်မွှေတော့ တွေ့ပါပြီ ဒါနဲ့ ပုံလေးကို တောင်းတောင်းပန်ပန်နဲ့ ဓါတ်ပုံဆရာဆီကနေ ပုံသစ်တစ်ပုံကူးခိုင်းပြီး ရှမ်းပွဲနေ့က EC တွေကို ရှာပုံတော် ဖွင့်ရပါတော့တယ်။
ဒီလိုနဲ့ EC အိမ်ကို ရောက်ခဲ့တာပေါ့။ တွေ့မယ့်တွေ့တော့လဲ ဆိုက်ဆိုက်မြိုက်မြိုက်ပါပဲ သူကလဲ EC နားကို ဘာလာလုပ်တယ်မသိပါဘူး သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော့်ကိုတော့ တစ်ချက်လေးကြည့်ပြီး ပြန်လှည့်သွားတယ် ဘယ်သူများလဲ လို့လှည့်ကြည့်တာထက်တော့မပိုပါဘူး အေးလေ သူနဲ့မှ မသိတာကိုး ကျွန်တော်လဲ သူတို့အပြန်ကိုစောင့်လိုက်တာ နာရီဝက်လောက်ကြာတယ် EC ကတော့ အထဲမှာထိုင်စောင့်ဖို့ပြောပေမယ့် ကျွန်တော်က သတ္တိခဲဆိုတော့ သူမကိုရင်မဆိုင်ရဲတာနဲ့ ရတယ် ခဏနေမှလာမယ် ဆိုပြီး နီးရာ လဘက်ရည်ဆိုင်မှာပဲ ထိုင်စောင့်နေတယ်။ ဟုတ်တယ်လေ သူ့ပုံကိုပြပြီးနာမည် ဘယ်လိုခေါ်လဲ ဘယ်အတန်းကလဲ မေးမယ့်ဟာကို သူ့ရှေ့မှာမေးလို့ဖြစ်မလား သူတို့ပြန်သွားတာတွေ့တော့မှ EC အိမ်ကိုပြန်သွားပြီး မေးရတော့တာပေါ့ ဒီတစ်ခါဓါတ်ပုံပြစရာမလိုတော့ဘူး လူကိုယ်တိုင် သူ့ဆီလာတာ သူကတော့ သိမှာပေါ့ မေးကြည့်လိုက်တော့မှ ကောင်မလေးနာမည်က နန်းခမ်းဦး တဲ့ နာမည်လေးကလှလိုက်တာ လူနဲ့တော့လိုက်ပါ့ မေဂျာကတော့ သချာင်္ ပထမနှစ်တဲ့ အမယ်လေးဗျာ ကျွန်တော့်မှာ သူ့ကိုအတွေ့ရနောက်ကျလေခြင်း ကျွန်တော့်အမေ ကျွန်တော့်ကို စောမွေးလို့ပဲ အပြစ်တင်ရမလား သူမကို နောက်ကျမွေးလို့ပဲ အပြစ်တင်ရမလား မသိတော့ဘူး ဟုတ်တယ်လေ ကြည့်ပါဦး ကျွန်တော် က နောက်ဆုံးနှစ် ဒီနှစ်အောင်ရင်ကျောင်းပြီးပြီ သူကခုမှ စတက်တာ ဘယ်လိုတွေ့တော့မလဲ ကျောင်းကိုခဏခဏလာကြည့်ဖို့ကလဲ ကျောင်းက အရင်လို ကျောင်းသားမဟုတ်ပဲနဲ့ ဝင်လို့ရတာမဟုတ် ဝင်လို့ရရင်တောင် အခန်းတွေကမလွယ်ဘူး ။
တစ်ခုတော့ဖြေသာတာက သူ့နာမည်နဲ့အတန်းကိုသိရတော့ သွားကြည့်လို့တော့ရပြီပေါ့ ကျွန်တော့် အတွက်တော့ ဒါက အမြတ်ပဲလို့ပြောရမလိုပါ။ ဒီလိုနဲ့နောက်နေ့တွေမှာ ကျွန်တော်ကတော့ သချာင်္ ပထမနှစ်ရဲ့ အချိန်ဇယား ကို ရှာကူးပြီး သူတို့ အတန်းနားကို မယောင်မလည်နဲ့ သွား လမ်းကြုံသလိုနဲ့ ခဏခဏ ဖြတ်ရတော့တာပေါ့ ဒါတွေကိုသူမ မမြင်ပါဘူး သူ့ဘာသာသူ သူငယ်ချင်းတွေနဲ့  တစ်ကိုယ်လုံးကို ခါပြီးစကားပြောနေလိုက်တာများ ပတ်ဝန်းကျင်မှာတောင် လေပွေတွေ ဖြစ်လို့ ။
ဒီလိုမျိုး လျှောက်ပြန်သံပေးလုပ်နေရင်း သတင်းတစ်ခုကြားပါတယ်။ ဒါကတော့ သူမရည်းစားရသွားပြီ ဆိုတာပါပဲ ဒီသတင်းကြားတော့ ကျွန်တော့်မှာ မဟုတ်ပါစေနဲ့ လို့ ဆုတောင်းလိုက်ရတာ အမော ဒါပေမယ့် ဒါကအမှန်ပါပဲ။ ကျွန်တော့်မှာတော့ မျှော်လင့်ချက်တွေထမ်းပိုးရင်း အိပ်မက် ကမ္ဘာထဲမှာ တစ်ယောက်တည်း ။
တကယ်တော့ပြန်စဉ်းစားရင် ကျွန်တော် ကလဲ သူမကို ပွင့်ပွင့်လင်းလင်းပြောဖို့နေနေသာသာ သူမက ကျွန်တော်ရှိမှန်းတောင် မသိပါဘူး
ဒီလိုနဲ့ ကျွန်တော်တို့ ပထမနှစ်ဝက်စာမေးပွဲတွေဖြေပြီး ကျောင်းတွေလဲ ပိတ်ရော သူမကို မမြင်ရတော့ ပိုပြီးလွမ်းတတ်လာတယ် နောက်ပြီး ပိုချစ်လာတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်သူမကို သတိမရချင်ဘူးဗျာ သူမကိုသတိရတိုင်း သူမရည်းစားနဲ့ လျှောက်လည်နေမှာ ပျော်နေမှာတွေတွေးမိပြီး ရင်ထဲမှာ မခံစားနိုင်လွန်းလို့ပါ ဒါပေမယ့် စိတ်ဆိုတာကလဲ တစ်မျိုးဗျာ သတိမရချင်ခါမှပဲ ပိုပိုပြီး သတိရမိနေတယ်
ဒုတိယနှစ်ဝက်လဲ ပြန်ဖွင့်ရော ကျွန်တော့မှာ နေမထိထိုင်မသာနဲ့ ပြန်တွေ့ရတော့မှာမို့ ဝမ်းသာတာကတစ်ပိုင်း သူ့ရည်းစားနဲ့တွေ့လိုက်ရင် ဆိုတဲ့ အတွေးတွေက နှိပ်စက်တာက တစ်ပိုင်းနဲ့ပေ့ါဗျာ။ ကျောင်းတွေလဲဖွင့်ရော သူမကတော့ အရင်အတိုင်း သူငယ်ချင်းတွေ နဲ့ပျော်ပါးလို့ ဒါပေမယ့် ကျောင်းမှာ သိပ်မတွေ့တော့ပါဘူး ကျောင်းကို မကြာခဏလစ်ပြီး သူငယ်ချင်းတစ်အုပ်နဲ့ ညောင်ရွေငါးကန်သွားလိုက် ဟိုပုံးဆည်သွားလိုက်နဲ့ လျှောက်လည် နေလိုက်တာပျော်လို့ ကျွန်တော်ကတော့ သူမအကြောင်းကို အမြဲ စုံစမ်းနေတာမို့ သူမ ကျောင်းမတက်တာ လျှောက်လည်နေတာကို သိနေတယ်။
မကြာခင်မှာပဲ သူမရည်းစားနဲ့ပြတ်သွားပြီလို့ သတင်းကြားပါတယ် ပျော်လိုက်တာများ ကျွန်တော့်မှာ ဂျွမ်းထိုးမတတ် ဒါပေမယ့် သူများ ရည်းစားပြတ်တာကို ဝမ်းသာတာကတော့ မကောင်းဘူးပေါ့ ဗျာ နော မတတ်နိုင်ဘူးလေ ကျွန်တော် ကချစ်မိပြီကိုး။ တကယ်တမ်းကျတော့ သူမ ကို ချစ်ရေးဆိုဖို့ ကျွန်တော်မရဲပါဘူး ဘာလို့လဲဆိုတော့ ကျွန်တော်က နောက်ဆုံးနှစ် သူက ပထမနှစ်ဆိုတော့ ကျွန်တော့်ကို ဝိုင်းဟားကြမှာစိုးလို့ပါ မင်းကွာ ကလေးကို ဘာညာနဲ့ ဝိုင်းဟားရင် ကျွန်တော် မဖြေရှင်းတတ်ဘူး တကယ်ဟားမဟားတော့မသိဘူးပေါ့ဗျာ ဒါပေမယ့် ကျွန်တော်ကတော့ မပြောရဲဘူးဗျ နောက်ဆုံးတော့ ကျောင်းလဲပြီးတော့မယ် ဘာဖြစ်ဖြစ် သူမကို ချစ်ရေးဆိုမယ်ပေါ့ မောင်းတင်လိုက်တယ် ……။

 

ဆက်မျှော်ပါဦးဗျာ

8 comments

  • yetazar

    September 7, 2011 at 2:54 pm

    နောက်တစ်ပိုင်းဆက်ဦးမှာလား ။ အခန်းဆက်ဝတ္တုရှည်ကြီးလိုပဲနော် ။ ဆက်လက်အားပေးပါ့မယ် ။ စိတ်ဝင်စားစရာကောင်းလာပြီ ။

    • phantom

      September 7, 2011 at 3:13 pm

      ကိုးရီးယားကားလောက်မရှည်ပါဘူး နည်းနည်းပေါ့ 🙂

      • မီးမီး သော်

        September 7, 2011 at 3:23 pm

        တော်ပါသေးတယ်ရှင်၊ကိုရီးယားဇာတ်ကားလိုတော့ မဟုတ်သေးဘူးဆိုလို ့။ကောင်မလေးက ပြောခံချင်နေတာသွားပြောလိုက်နော်။ဟိ ဟိ

  • koyinmaung

    September 7, 2011 at 3:14 pm

    ဘ တို့လဲအားပေးသွားပါတယ်
    အရေးအသားလေးကလဲကောင်းသကိုကွဲ့
    ဘ တို့ငယ်ဘဝ ကိုတောင်ပြန်သတိရမိပါရဲ့……

  • Shwe Ei

    September 7, 2011 at 3:33 pm

    ကြိုးစားထားဗျို့။ နောက်ဆုံးနှစ်လဲရောက်နေဘီ။ ဒုတိယနှစ်ဝက်ပီးလို့မှ အဆင်မပြေရင် ဆက်ရန်မရှိဖြစ်တော့မယ်။

  • နွယ်ပင်

    September 7, 2011 at 4:12 pm

    အားပေးသွားပါတယ်နော် ဆက်ရန်ကို ဆက်လက်စောင့်မျှော်နေပါတယ် ………

  • Shwe Tike Soe

    September 8, 2011 at 9:31 am

    အိုကေ သတ္တိမွေးသွား မကြောက်နဲ. ပွင့်ပွင့်လင်းလင်း နဲ.ပိုးစိုးပက်စက် လက်ညှိုးငေါက်ငေါက်ထိုးပြီး တစ်ခွန်းထဲပြောပလိုက်
    နင့်ငါချစ်တယ်လို. ဟေဟေ
    စတာနော် စောင့်နေမယ် ဆက်ရေးပါ…

  • chitsu

    September 19, 2011 at 3:12 pm

    ကောင်းပါတယ်ပြောသာေြ့ပာလိုက်

Leave a Reply