ဆရာဒေါက်တာသန်းထွန်း ပြောပြတဲ့ ဆရာဦးကျော်ရင်
ကိုကျော်ရင်ကို ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝက စပြီးသိတယ်။ဒါပေမယ့်ကျောင်းနေဖက်တော့ မဟုတ်ပါ။သူကကြီးတယ်။ဒုတိယကမ္ဘာစစ်အပြီး ကွန်မြူနစ်ပါတီမှာ သူ ့ကိုကျွန်တော် စတွေ ့တယ်။သူကအရာရောက်တဲ့သူတစ်ယောက်၊ကျွန်တော်က လူငယ်ပါ။နောက်နိုင်ငံရေးစွန် ့ပြီးတက္ကသိုလ်မှာ ဆရာလုပ်နေကြတဲ့အခါမှာလဲ သူကစောပါတယ်။ဒါပေမယ့် ဆရာလုပ်ကြရင်း ကိုယ်သန်ရာသန်ရာမဟာဝိဇ္ဇာတန်းတက်ကြတော့ အတန်းတူတယ်ဆိုကြပါစို ့။၁၉၅ဝ ပြည့်နှစ်မှာ သူကမြန်မာစာ မဟာဝိဇ္ဇာအောင်တယ်၊ကျွန်တော်ကသမိုင်းမဟာဝိဇ္ဇာအောင်တယ်။အင်္ဂလိပ်စာပေါမောက္ခဦးမျိုးမင်း၊ဒေါ်တင်စောမူနဲ ့မြန်မာစာ ကထိကဒေါ်သန်းဆွေတို ့လဲ ဒီနှစ်ဘဲ မဟာဝိဇ္ဇာအောင်ကြတယ်လို ့ထင်တယ်။ကျွန်တော်ဘဲ နည်းပြဆရာအဖြစ်နဲ ့ကျန်ရစ်တယ်။အဲဒီရက်က ဇာတာစန်းလက်တွက်ချက်ကြည့်ရင် သူတို ့ဟာအကြီးအကဲမစခံရသူတွေပေ့ါလို ့ကျွန်တော်ထင်လိုက်မိတယ်။
နောက်ကျွန်တော် ပင်းယဆောင် မှာ လက်ထောက်အဆောင်မှုူးဖြစ်တော့ ကိုကျော်ရင်က ပဲခူးကျောင်းဆောင်မှုူးဖြစ်နေပါပီ။တိုးတက်ကျောင်းသားတွေဆူရင် သူနဲ ့ကျွန်တော်နှစ်ယောက်က နောက်ဆွယ်က နည်းပေးတာလို ့အထင်ခံရတဲ့အခါဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော် ဘိလပ်သွားခါနီး (၁၉၅၂ခု အောက်တိုဘာ)နှုတ်ဆက်ပွဲမှာ ကိုကျော်ရင်က—
“ခါတိုင်းဆူဆူရှိရင် ဒီနှစ်ကောင်လက်ချက်ဘဲလို ့ပြောကြတယ်။အခုသူက အေးရာအေးကြောင်းထွက်သွားမှာမို ့ကျွန်တော်တစ်ယောက်ထဲအားငယ်လှတယ် တယ်တောင်မသွားစေချင်ဘူး”လို ့ရီစရာပြောပါသေးတယ်။
ကျွန်တော် နိုင်ငံခြားမှာလေးနှစ် နေပြီး ပြန်လာတော့လဲ ကိုကျော်ရင်ဟာ ပဲခူးဆောင်မှာဘဲရှိသေးတယ်။မြန်မာစာ ဌာနက ပျို ့ဟောင်းတွေတည်းဖြတ်ပြီးကမ္ဘာအေးမှာ ပုံနှိပ်တဲ့တာဝန် ကိုသူဘဲဆောင်ရွက်နေပုံရတယ်။ကျနော် ယူတဲ့“အင်္ဂလိပ်သံရောက်စာတန်း”ကိုပုံနှိပ်ရင် စီခ၊ရိုက်ခ၊စက္ကူဘိုး၊အဖုံးဘိုး၊ချုပ်ခ အစုစုပေါင်းဘယ်လောက်ကုန်မယ် လို ့သူ ့လက်ရေးလှလှကလေးနဲ ့သူတွက်ပေးတဲ့ စာရွက်ကလေးကျွန်တော့်မှာ သိမ်းထားတာရှိသေးတယ်။သူကတော့ “ရခိုင်မင်းသမီးဧချင်း”ကိုတည်းဖြတ်ပုံနှိပ်ပြီးတာတွေ ့ရတယ်။
အဲဒီဧချင်းနဲ ့ပတ်သက်ပြီးပြောစရာတကွက်ရှိတယ်။မြန်မာစာမဟာဝိဇ္ဇာဘွဲ ့အတွက်ကျောင်းသားတစ်ဦးက ဧချင်းအကြောင်းတွေ ကိုစုပြီးကျမ်းပြုတယ်။ကျမ်းကောင်းလို ့ဘွဲ ့ရသွားတယ်။သူတည်းဖြတ်ပုံနှိပ်တဲ့”ရခိုင်မင်းသမီးဧချင်း”နိဒါန်းမှာ ဧချင်းသမိုင်းကို ဆရာကျော်ရင် ရေးတယ်၊အဲဒါကို ခုနကဘွဲ ့ရသွားတဲ့လူကသူရှာရတာတော်တော်များများ ကိုကျော်ရင် နိဒါန်းမှာ ပါသလိုလို ကျွန်တော် အမှတ်ရတယ်။အတဲ့အတင်းပြောတာတော့မဟုတ်ပါဘူး။ဒီနေရာမှာ ပြောစရာမှတ်စရာကတော့–
၁။ကျမ်းပြုသူဟာ ကျမ်းကိုအမြန်ဆုံးပုံနှိပ်ရတယ်။
၂။ကိုယ်ရှာသလို သူများလဲရှာနိုင်တာဘဲ။
၃။အသစ်တွေ ့တာကိုအားပြ ုပြီးကိုယ်တွေးသလို သူများကလဲတွေးမှာဘဲ။
၄ ။ကိုယ့်စာအုပ်က အများဖတ်ဖို ့ထွက်မလာ၊သူများကရေးတော့ ငါ့ဟာယူရေးတယ်ဆိုလို ့တရားမဝင်ပါ။သုတေသီတွေ ဒါကိုသတိထားဖို ့လိုတယ်။ဆရာဟာ သူများစာကို ဝန်မခံဘဲ (Without acknowledgement) ယူသုံးမယ့်လူစားမဟုတ်ပါ။
ဆရာကျော်ရင်နဲ ့ကျွန်တော်ဟာ မိတ်ဆွေအဖြစ်နဲ ့တွဲပြီးသွားသွားလာလာ နေတယ်လို ့မရှိပါ။မခင်ပါဘူး။ဒါပေမယ့် တယောက်ပေါ်မှာ တယောက်က ရဲဘော်စိတ်ထားတယ်လို ့သိနေကြပါတယ်။တယောက်မှာ အကြောင်းကိစ္စ ရှိရင်သွားပြီး အကူအညီတောင်း ဘို ့မလိုဘဲ ကူညီတာတွေ ့ရတယ်။
ရုရှားကပြန်လာပြီး တက္ကသိုလ်များ အုပ်ချုပ်ရေးရုံးမှာ သူက အုပ်ချုပ်ရေးအရာရှိကြီးဖြစ်နေတုန်း ကျွန်တော်က သူ ့စားပွဲ ဝင်ထိုင်ပြီး……..
“ခင်ဗျားဗျာ…ကျောင်းဆရာ လုပ်နေအကောင်းသား”လို ့စလိုက်တယ်။သူက “ကိုယ့်လူ ကျရာတာဝန်လုပ်ရတာ ဆိုရှယ်လစ်နို်င်ငံရဲ ့ဓလေ့ဘဲ”လို ့တိုတို ဘဲဖြေတယ်။တိုပေမယ့်ပြည့်စုံတယ်။”မင်းအလှဲ ့လာအုံးမှာပါကွာ” လို ့မပြောဘဲသူ ့စကားမှာပါတယ်။
သူနဲ ့ကျွန်တော်တို ့ကို တနေ ့ထဲတရက်ထဲ (၃၀.၉.၁၉၆၅)မန္တလေးကိုလွှတ်လိုက်တယ်။လူကြီးတွေက ကိုကျော်ရင် ကိုကူလိုက်ပါလို ့မှာတယ်။သူကလဲ တော်တော်များများဘဲ တာဝန်တွေပေးပြီးခိုင်းပါတယ်။“”စကားပြောတဲ့အတိုင်းစာရေးရင်ကောင်းတယ်၊လူများများဝိုင်းလုပ်ရင်ဖြစ်မယ်၊ဆင်သွားရင်လမ်းဖြစ်တယ်”” လို ့သူပြောတာ(၂၈.၁၁.၁၉၆၅)ကိုကြားယောင်တယ်။ သူနေသွားတဲ့အိမ်ရှေ ့ကဖြတ်ပြီးနေ ့တိုင်းရှောက်ရတယ်၊ရှောက်တိုင်းကိုယ့်လူ မန္တလေး အရသာကို နှစ်ပတ်လည်အောင် မှခံစားမသွားရဘူးလို ့တွေးမိတယ်။သူဆုံးတဲ့နေ ့ဟာ ၁၉၆၆ခု မတ်လ ၃ဝ ဗုဒ္ဓဟူးနေ ့ညနေ ၅နာရီ မိနစ်၅ဝပါ။မန္တလေးမှာ ပါမေက္ခချုပ် အသုဘမကြုံဘူးသေးဘူး။သူသာ မန္တလေး မှာ ဆုံးရင် အသုဘစည်ကားမယ်လို ့တွေးမိရဲ ့။မန္တလေးသင်းချိုင်းစာတွေကို မူတည်ပြီးရေးမယ် စိတ်ကူးထားတဲ့“သင်းချိုင်းကပြောတဲ့သမိုင်း”မှာသူ ့သင်းချိုင်းစာကိုလဲ မထဲ့ရတော့ဘူး။သူသေခါနီးအနားမှာ စောင့်တဲ့ လူနာစောင့်က ဆရာယောင်ယမ်းပြောတဲ့အထဲမှာ “သန်းထွန်း မန္တလေး တက္ကသိုလ်မှာ ပီအိပ်ချ်ဒီ ဘွဲ ့သင်တန်း အောင်မြင်အောင် လုပ်”လို ့တတွတ်တွတ်ပြောသတဲ့။
(အကိုးအကား။။ အပေါင်းအသင်းရောင်းရင်းတို ့ဧ။် ကျော်ရင်)
+++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒေါက်တာသန်းထွန်းက ဦးကျော်ရင်အတွက်အမှတ်တရ ရေးပေးခဲ့တဲ့ ဆောင်းပါးလေးပါ။ဆရာသန်းထွန်းဧ။်မူရင်းအရေးအသားများတွင် စာလုံးပေါင်းသတ်ပုံများကိုပြန်လည်ပြင်ဆင်မထားသည်ကို နားလည်ပေးစေလိုပါသည်။
ဆရာဦးကျော်ရင်လို အနုပညာကို ဝါသနာပါသူ၊ပညာဂုဏ်မပလွှသူ၊အာဏာရှင်စနစ်ကိုရွံ ့ရှာသူ၊မဟုတ်မခံမှန်ရာကို ပြောဝံ့သူ၊တိုင်းပြည်လွတ်လပ်ရေးတွက် အားကြိ ုးမာန်တက်ထမ်းဆောင်ခဲ့သူမျိုးမို ့ဇာတိရပ်ခံ သံတွဲသားများ အတွက်ဂုဏ်ယူစရာပြယုဂ်တခုပါ။
ဒီပို ့စ်လေးကိုရေးရတာကလဲ ဒေါက်တာသန်းထွန်းနဲ ့ဦးကျော်ရင် ဆက်စပ်ပုံကိုပြောပြချင်တာရယ်၊ဦးကျော်ရင် တို ့လို လူသားတွေဆက်လက်ပေါ်ထွန်းစေလို တဲ့ရည်ရွယ်ချက်ပါ။
သူသွားလေရာအရပ်တွင်ကလေး၊လူကြီး၊အရက်သမား၊ဘိန်းစား၊ဖဲသမားကမကျန်ဝိုင်းအုံနေတတ်လေသည်။ ပကာသနနဲ ့ကြွားဝါးခြင်းကိုရွံရှာစက်ဆုတ်သူ၊ တာဝန်ဝတ္တရားကျေပွန်သူ၊အမှန်တရားကိုရဲရဲ ကြီးရင်ဆိုင်ပြောဝံ့ တဲ့ ဆရာဦးကျော်ရင်ကို ဗိုလ်ချုပ်နေဝင်းကဆေးထိုးသတ်ခဲ့တာပါ။တချိန်က သူ ့ကို ဖာကောင်းဆိုပြီး လူပုံအလယ်မှာ ပက်ပက်စက်စက်ပြောခဲ့တဲ့ဆရာကို လုပ်ရက်တယ်နော်။ရဲဘော်ရဲဘက်စိတ်အပြည့်ရှိတဲ့ ဆရာက ဆရာသန်းထွန်းကို သေခါနီးတောင် အားပေးစကားပြောသွားပါသေးတယ်။
ဆရာမှာချစ်စရာကောင်းတဲ့ စိတ်လေးရှိသေးတယ်။ဆရာက ကွန်မြ ူနစ်ဝါဒကို စာတွေ ့အဖြစ်နဲ ့တော်တော်လေးကြိ ုက်နှစ်သက်ခဲ့တယ်။ဒါပေမယ့်ရုရှားက ပြန်ရောက်လာတာနဲ ့လက်တွေ ့နဲ ့စာတွေ တခြားစီပါဘဲ ဆိုပြီး ကွန်မြ ူနစ်ဝါဒအပေါ် သူ ့အမြင်ကိုပွင့်လင်းစွာ ဝေဖန်ရင်ဖွင့်ခဲ့တယ်လေ။ဒါကိုကြည့်တော့ ဆရာက မိမိမှားခဲ့ရင် မှားနေတာကို ဝန်ခံရဲတယ်။ဒါပေမယ့် စစ်အာဏာရှင်တွေရော အာဏာရူးငမိုက်သားတွေရဲ ့လက်ဝေခံ တွေဖြစ်တဲ ့ဒီနေ ့နယ်ရုပ်အစိုးရလက်သစ်တွေဘာကိုကြောက်လို ့ဝန်မခံရဲ သလဲတော့ ကျွန်မဉာဏ်မီသေးပါ။ကျွန်တော်တို ့လဲ တိုင်းပြည်ကို ချစ်ပါတယ်ဗျာ ဆိုပြီး ငိုကြီးချက်မလုပ်ပြတဲ့ မယ်မင်းကြီးသားတွေက တော့ ပြောမဆုံးပေါင်တောသုံးတောင်ပေါ့နော့။
ခုတလောတွေ ့နေရတဲ့ဒေသခံတွေရဲ ့ပို ့စ်တွေတော်တော်များများကိုနားလည်ပေးလို ့ရပါတယ်။ ဖိနှိပ်ခံရတယ်၊အနိုင့်အထက်လုစားတယ်၊ မတရားအနိုင်ကျင့်စော်ကားတယ်။ ကွန်မန် ့ရေးတော့လဲ မေ့လောက်မှတခါဝင်ပြီး မိုက်မိုက်ရိုင်းရိုင်းဆဲဆိုသွားတဲ့ ပိုင်းလုံးတွေလဲတွေ ့နေရတော့ စိတ်မကောင်းပါဘူး။
အမှားကိုအမှားပါလို ့မြင်တတ်ဖို ့လိုပါတယ်။မှားသွားရင်ဝန်ခံဖို ့ဝန်လေးဖေးနွဲ ့နေလို ့မဖြစ်ပါဘူး။ချစ်စကိုရှည်စေ၊မုန်းစကိုတိုစေဆိုသလို လူသားကောင်းကြိ ုးအတွက်ဝိုင်းဝန်းကြိ ုးပမ်းဖို ့အချိန်တန်ပါပီ။
စိတ်တစ်ခု ရုပ်ကိုးဆယ်ဆိုလို ့အားလုံးက ဆုတ်တချီ တက်တလှည့် လှုပ်ရှားနေတယ်လို ့ပြောကြမယ်။
ဒါဆိုရင် ယနေ ့ကမ္ဘာကြီး ပူနွေးလာတာနဲ ့လူတွေရဲ ့လောဘ၊ဒေါသ၊မောဟတွေဆူပွက်လာတာဆက်စပ်မှုရှိလို ပေါ့။
ရှားပါးစာရင်းဝင်နေပီ ဖြစ်တဲ့ရိုးသားမှုဂုဏ်ဒြပ်လေးဘယ်မှာရှာဖွေတူးဆွရပေါ့မလဲ။ဆရာ အပါအဝင် အားလုံးသော ရှေ ့လူကြီးသူမ အားလုံးရဲ ့မေတ္တာရိပ်အောက် ၊ဘုရားရဲ ့အရိပ်အောက်မှာ မြိ ု့လေးရယ် ရိုးသားမှုဂုဏ်နံ ့လေး သင်းပျံ ့ပါစေကြောင်းတောင်းဆုပြ ုပါတယ်။ဒီပို ့စ်လေးနဲ ့တူ ဆရာအပါအဝင် သံတွဲမြိ ု့အပေါ်မေတ္တာလွှမ်းခြံ ုဂရုဏာရှေ ့ထားစဉ်းစားပေးသူအားလုံးကို ကန်တော့လိုက်ပါတယ်။
ဆရာဦးကျော်ရင် ပြောခဲ့တဲ့စကားလေးတစ်ခွန်းနဲ ့ဒီပို ့စ်လေးကို အဆုံးသတ်ပါရစေ။
“တိမ်တောက်ရင် တိုင်းပြည်ပျက်တယ်တဲ့၊ခုမြန်မာပြည်မှာ တိမ်တောက်နေလေရဲ ့”
11 comments
Nan Shin
September 9, 2011 at 6:02 pm
ကျေးဇူးပါမမီးမီးသော်ရေ……..ကျနော်လေးစားတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို ပိုမိုလေ့လာခွင့်ရလို့…….
မီးမီး သော်
September 9, 2011 at 6:18 pm
ဆရာရဲ ့မိတ်ဆွေ တွေက ဆရာ့အကြောင်းကို မှတ်မှတ်ရရ ရေးပေးခဲ့ကြတယ်လေ။အဲဒီ စာအုပ်နာမည်က. “အပေါင်းအသင်းရောင်းရင်းတို ့ဧ။်ကျော်ရင်ပါ”။နောက်ပိုင်း ဆရာတင်မိုးက ဦးကျော်ရင်တွက်ရေးစပ်ပေးတဲ့ ကဗျာလေးတင်ပေးပေါ့မယ်
yetazar
September 9, 2011 at 6:35 pm
ဦးကျော်ရင်ကို လေးစားပါတယ် ။ ကျေးဇူးပါ မမီးမီးရေ … ။ ဒေါက်တာသန်းထွန်းကတော့ သမိုင်းအထောက်အထားတွေကို ကိုးကားပြီး ရခိုင်ကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကြွခဲ့တယ်ဆိုတာ မဟုတ်ဘူး ။ ကျောက်တော်မဟာမုနိဘုရားကြီးဟာ ဘုရားရှင်ရင်ငွေ (၇) အုပ်နဲ့ သွန်းလုပ်ခဲ့တယ်ဆိုတာမမှန်ဘူး ။ သံတွဲက တန့်တော်မူတောင်ဆိုတာ ဘုရားရှင် မရောက်ရှိပဲ အစွဲရှိလို့ သတ်မှတ်ထားကြတဲ့နေရာလို့ အခိုင်အမာပြောခဲ့တဲ့သူနော် ။ ဒေါက်တာသန်းထွန်းရဲ့ သမိုးလေ့လာမှုပညာကိုတော့ အရမ်းလေးစားပါတယ် ။ ဆရာကြီးကောင်းရာဘုံမှာ ပျော်ရွှင်နိုင်ပါစေ … ။
မီးမီး သော်
September 9, 2011 at 9:26 pm
ရမ်းသန်းပြောခဲ့တာတော့မဟုတ်ပါဘူး။ပြန်ရှာပေးပေါ့မယ်။နော်ပြီးတော့ ဆရာ့စာအုပ်တွေထဲမှာ လူကျော် ၁၀ဝ စာအုပ်က နာမည်ကြီးပါသေးတယ်။
မီးမီး သော်
September 9, 2011 at 11:33 pm
ခုတလောတွေ ့နေရတဲ့ဒေသခံတွေရဲ ့ပို ့စ်တွေတော်တော်များများကိုနားလည်ပေးလို ့ရပါတယ်။ ဖိနှိပ်ခံရတယ်၊အနိုင့်အထက်လုစားတယ်၊ မတရားအနိုင်ကျင့်စော်ကားတယ်။ ကွန်မန် ့ရေးတော့လဲ မေ့လောက်မှတခါဝင်ပြီး မိုက်မိုက်ရိုင်းရိုင်းဆဲဆိုသွားတဲ့ ပိုင်းလုံးတွေလဲတွေ ့နေရတော့ စိတ်မကောင်းပါဘူး။
kai
September 10, 2011 at 12:09 am
ဦးသန်းထွန်း စာတွေကိုပြန်တင်ပေးနိုင်ရင်တော်တော်ကောင်းမယ်..။
အထူးသဖြင့်.. မြန်မာ့သမိုင်းနဲ့ ပါတ်သက်တာတွေပေါ့.. ဘာသာရေးနွယ်တဲ့ သမိုင်းတွေ..ဘုရားသမိုင်းတွေပေါ့.. ။
သမိုင်းပညာရှင်တယောက်အမြင်နဲ့.. သာမန်လူတွေအမြင် ခွဲခြား.. သိစေချင်လို့ပါ..။
ကြောင်ကြီး
September 10, 2011 at 12:38 pm
ကော်ပီပေ့စ်တွေ မတင်ရဘူးဆို။ သဂျီးက အခုတညိုး တော်ကြာညိုး အညှိုးညှိုးပဲ။
မမီးမီးရေ.. ဥပဒေနဲ့လွတ်အောင် ကိုယ်ပိုင်အမြင်အတွေး၊ ခံစားချက်၊ ကြားဖူးနားဝလေးတွေပါ ညှပ်ထည့်ပေးစေလိုပါတယ်။ ကိုယ်က စေတနာရှိပေမဲ့ အခြားသူတွေ အမြင်မှာ ဝေဒနာဖြစ်၊ မသိတတ်သူများကလည်း အလွယ်ကူးတင်မှာ စိုးလို့ပါ။ ဒီကိစ္စက ရွာမှာ ခဏခဏ ပူညံပူညံ ဖြစ်ရတဲ့အကြောင်းအရာဆိုတာလည်း မမီးမီး သိပြီးသားလို့ ယုံပါတယ်။ ဆက်လက် အားပေးလျက်ပါ။
မီးမီး သော်
September 10, 2011 at 12:48 pm
ဟုတ်ကဲ့ပါ ကိုကြောင်ကြီးရေ–ကျွန်မလဲ သူကြီးအာဏာစက်ကလွတ်အောင်ကြည့်ပြီး ပို ့စ်တင်ရတော့တာပေါ့။
မီးမီး သော်
September 10, 2011 at 12:18 am
ဟုတ်ကဲ့ပါ သူကြီးရေ ကြိ ုးစားပေးပေါ့မယ်။မအားမလပ်တဲ့ကြားက အဖေ့စာအုပ်စင်လေး ပြန်ဖွရမယ်လေ။
လောလောဆယ်တော့ စောင့်ပေးပါဦးလို ့မေတ္တာရပ်ခံရတော့မှာပေါ့။ဟ ိ ဟိ
Don Juan Ronald
September 10, 2011 at 1:42 am
ကျနော်တို ့မန ္တလေးမှာကျောင်းနေတုံးကကြားဘူးတာလေးတခုရှိတယ်။
ဗိုလ်ရှုမောင်တို ့စစ်အုပ်စုထဲက၊ဗိုလ်တယောက်သည်ဗိုလ် title ကိုစွန် ့၍စစ်ယူနီဖေါင်ကိုချွတ်ပြီးအရေခွံလှဲကာဒေါက်တာ tittle ကိုဆောင်လျက်အရပ်သားလိုလိုဟိုယောင်ယောင်ဒီယောင်ယောင်နဲ ့ ပညာရေးဝန်ကြီးရာထူးကိုဆက်လက်ဆုပ်ကိုင်ထားသည်။
တခါသူ့မန ္တလေးတက္ကသိုလ်မှာလာစစ်ဆေးတဲ့အခါသမိုင်းဌာနမှာ ဆရာကြီး ဒေါက်တာ သန်းထွန်းကိုဘာကိစ္စတခုလည်းမသိဘူးညွှန်ကြားလိုက်တာ၊ဆရာကြီးကစိတ်တိုပြီးပြန်ဟောက်လိုက်တာက“ ဒီမှာ ဟေ့လူ၊ခင်ဗျားဒေါက်တာနဲ ့ကျုပ်ရဲ ့ဒေါက်တာကတခြားဆီဘဲ၊မကျွမ်းကျင်တဲ့ဟာရှောက်မပြောနဲ ့”
အဲဒီခေတ်မှာဆရာကြီးကဲ့သို ့သောသတ္တိရှိပညာရှင်များများရှိခဲ့ရင် ဗိုလ်ရှုမောင်တို ့အဖွဲ ့ဟာဒီလောက်အသင့်မရဲတော့ဘူး။
ကျနော်မှတ်မိတာက၊အဲဒီလူရဲ ့ဒေါက်တာဘွဲ ့ကM.B.B.S နဲ ့တူတယ် Ph.D မဟုတ်ဘူး။အဲဒီလူကြီးသည်တခါ RASU သွားစစ်ဆေးတဲ့အချိန်ကျောင်းသားတွေက အတူတူထမင်းစားရအောင်ဟုဆွဲခေါ်တာကိုလန် ့ဖျန် ့ပြီးထွက်ပြေးသွားသည်။ ၎င်း၏လက်ထက်တွင်“ ပညာရေးစံနစ်သစ်ကလက်တွဲခေါ်ဆောင်သွားမည်” ဆိုသောဆောင်ပုဒ်နှင့်ေ ကျာင်းသားများကို“အ”အောင်လုပ်သွားခဲ့သည်။
နေမင်းကြီးသည်လူသားတွေအတွက်များစွာအရေးကြီးပြီး၊ အကျိုးပေ၊းမရှိမဖြစ်သောအရာဖြစ်သည်၊ ထို ့ကြောင်မျိုးချစ်လူငယ်ဗိုလ်ရှုမောင်သည်လည်း သူ ့ကိုသူဗိုလ်နေဝင်းဟုသွင်လိုက်သည်။
သူအာဏာလုယူပြီးသုံးလအကြာမှာေ ကျာင်းသားများကိုသားသမီးချင်းမစာနာဘဲရက်ဆက်စွာသေနတ်နှင့်ပြစ်သတ်ခဲ့သည် (ဤအကြောင်းကိုကျနော်များ၏ဆရာများကေြ ပာမိတိုင်းအလွန်ဝမ်းနည်းဒေါသထွက်သည၊်သေသည့်အထိမမေ့နိုင်ပါ ကျာင်းသူကျောင်းသားများကို အကြိမ်ကြိမ်သတ်ဖြတ်ခဲ့သည်၊ ၎င်းသည်ချမ်းသာကြွယ်ဝသောဗမာပြည်ကြီးကို လုံးဝဖျက်ဆီးလိုက်ပြီးပြည်သူများကိုလည်း လုံးဝအကျိုးမပေးခဲ့ပါ၊သူအုပ်ချုပ်စဉ်ကာလ ဗမာပြည်ကြီးသည်လုံးဝမှောင်မှိုက်ခဲ့သည်၊ ထို ့ကြောင့်၎င်းသည ်နေဝင်းဆိုတဲ့အမည်နှင့်မတန်ဘဲ ရှုမောင် ဘဲပြန်သွင်စေ။
ရန်ကုန်တက္ကသိုလ်နှစ်ငါးဆယ်စာစောင်မှာ ဗိုလ်ရှုမောင်နှင့်ပါတ်သက်သောဆောင်းပါးတပုဒ်ပါသည် ဒီဆောင်းပါးဖတ်မိတဲ့အချိန်မှာမှဗိုလ်နေဝင်း၏နာမည်ရင်းမှာ ရှုမောင်မှန်းကျနော်သိရသည်၊ ဒီနာမည်းကြီးက တရုတ်မဆန်လွန်းဘူးလား ??? ဘယ်ဗမာက ရှု ၊ ရှ ၊ ရှက် ရှုတ် ဆိုတာမည့်မှာလည်းဟု ကျနော်တွေးပြီးအရပ်မှာလည်းသူတရုတ်ဖြစ်ကြောင်းပြောနေတာကြာပြီ။ ဟုတ်ရင်ဟုတ်မှာ။
Wikipedia မှာရေးထားတာတော့သူ့ hakkas လူမျိုးဖြစ်သည်ဟုဆို၏၊ အကယ်၍မှန်ခဲ့ရင်သူလည်း ဒေါက်တာညီညီကဲ့သို ့သောအင်မတန်မှယုတ်မာတဲ့တရုတ်ကြီးပါလား။
ဗိုလ်ရှုမောင်ဟာမိန်းမလိုက်စားသည်ကို အရပ်မှာလူတိုင်းသိတယ်၊သူဒုတိယမယားရမိသွားတာကို အရပ်မှာ၎င်းကို “လည်လွန်းတဲ့ဘီးချီးတင့်သွားသည်” ဟုလည်းဆို၏။နောက်ပြီးသူမကြာခဏဘိလပ်မှာသွားကုရသည့်နှာခေါင်းရောဂါလည်း ဖာလိုက်စားတာများလွန်းလို ့ ဒီရောဂါရရှိခြင်းဖြစ်သည်ဟုအရပ်မှာအဆိုရှိ၏။
ဆရာကြီး ဦးကျော်ရင်ကအများတကာရဲ ့ ခံစားချက်ကိုပေါ်သင်ကြီးပြောလိုက်ချင်းဖြစ်သည်။
မီးမီး သော်
September 10, 2011 at 12:28 pm
Ronald ပြောပြပေးတော့ ကျေးဇူးပါနော်။ဗဟုသုတပေါ့နော့။ကျေးဇူးပါရှင်။