Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကောင်မလေး ( ၄ )

တေစၧSeptember 11, 20111min42210

သူမဒုတိယနှစ်တစ်နှစ်လုံး ရည်းစားမထားပဲနဲ့ ကျောင်းမှာပေသီးလုပ်နေတာတွေအကုန်လုံးကို ကျွန်တော် အကုန်သိနေတော့ နည်းနည်းတော့စိတ်အေးရတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ရည်းစားမရသေးတော့ ကျွန်တော့်မှာမျှော်လင့်ခွင့် ရှိနေသေးတယ်ပေါ့  သူမရဲ့ အမူအယာလေးတွေနဲ့ စကားပြောတတ်တဲ့ပုံစံကတော့ ကျွန်တော့်နှလုံးသားထဲမှာ စွဲထင်နေပါပြီ တစ်ခြားမိန်းကလေးတွေနဲ့ လုံးဝမတူတဲ့သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေ စကားပြောရင် လက်တွေခြေတွေနဲ့ ရှုပ်ရှက်ခတ်နေတာလေးတွေက ကျွန်တော့်ကို ဖမ်းစားနိုင်လွန်းတယ်ဗျာ။
ဒီလိုနဲ့ သူမလဲ တတိယနှစ်ကိုရောက်ရော ရည်းစားနောက်တစ်ယောက်ထပ်ရသွားပြန်ပါတယ် ကျွန်တော်လဲ ဒုတိယမ္ပိ အသည်းကွဲပြန်တာပေါ့ ခက်တယ်နော် ကိုယ်ကြိုက်နေတာလဲ သူမသိဘဲနဲ့ ကိုယ့်မှာ တစ်ယောက်တည်း အသည်းတွေလိုက်လိုက်ကွဲနေရတာ ခက်ရချည်ရဲ့  သူမကတော့ ဘာမှကိုမသိရှာပါဘူး ဒီလိုနဲ့ပဲ ကျွန်တော့်မှာ တစ်ယောက်တည်း အချစ်တွေကို မြိုသိပ်လို့ အသည်းတွေ ကွဲပြီးရင်း ကွဲနေတော့တာပါပဲ။
ကံကြမ္မာကလဲ ကျီစယ်တတ်ပြန်တော့ နှစ်လလောက်အကြာမှာပဲ သူမ ဒုတိယရည်းစားနဲ့ ပြတ်သွားပါတယ် ကျွန်တော်ကတော့ အဲဒီအချိန်မှာ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတာ တစ်နှစ်ရှိပါပြီ အဲဒီကုမ္ပဏီကလဲ အပြင်သိပ်မထွက်ရတော့ ကျွန်တော့်မှာ သူမကို သတိသာရနေရတယ် မတွေ့တော့ပါဘူး ကျွန်တော့်မှာ တွေ့ချင်လွန်းလို့ အလုပ်ကနေ ခဏလောက်လစ်လို့ရတဲ့အချိန်တိုင်းမှာ သူမ,ရှိတတ်မယ် ့နေရာတွေမှာ ရှာကြည့်ပေမယ့် တစ်ခါမှကို မတွေ့ခဲ့တာ လွန်လွန်းပါတယ်။ မကြာခင်မှာပဲ ကျွန်တော်လဲ အလုပ်ကို လုပ်ချင်စိတ်မရှိတော့တာနဲ့ အဲဒီကုမ္ပဏီကနေ ထွက်လိုက်ပါတော့တယ်။ ပြီးတော့ နောက်ထပ်အလုပ် တစ်ခုပြောင်းဖို့ လိုက်ရှာလိုက်တာ ကုမ္ပဏီအလုပ်ကြော်ငြာတစ်ခုတွေ့တာနဲ့စိတ်ဝင်စားပြီး လျှောက်လွှာ တင်ခဲ့လိုက်တော့တယ်။
မကြာခင်မှာပဲ အင်တာဗျူးခေါ်တော့ အင်တာဗျူးသွားဖြေတဲ့အချိန်မှာ သူမကလဲ အင်တာဗျူးလာဖြေ တယ်တဲ့ ပျော်လိုက်တာများဗျာ ပါးစပ်ကြီး ဟစိ ဟစိ ဖြစ်နေမှာစိုးလို့ မနည်းပိတ်ထားရတယ် သူမကတော့ သတိတောင်မထားမိဘူး ထင်ပါရဲ့  ခေါင်းကိုငုံ့လို့ ဘာတွေစဉ်းစားနေလဲမသိပါဘူး သူမတစ်ယောက်တည်း အဖေါ်တွေတော့ မတွေ့ပါဘူး တစ်ယောက်တည်းလာလျှောက်တယ်ထင်ပါရဲ့ ကျွန်တော်ကလဲ ခေါ်လိုက်ချင်ပေမယ့် သူကမှ ကျွန်တော့်ကိုမသိတာ ပြန်မပြောရင်အခက်ဆိုပြီး မခေါ်တော့ဘဲနဲ့ သူမကိုပဲ မသိမသာခိုးကြည့်ရင်း လှုပ်ရှားနေတဲ့စိတ်ကို အတင်းဖိထည့်နေရတယ်လေ။ အင်တာဗျူးဖြေတာက စိတ်မလှုပ်ရှားပဲနဲ့ သူမကိုတွေ့မှ လှုပ်ရှားနေလိုက်တာ။
အင်တာဗျူးဖြေပြီးတော့ သူမပြန်တဲ့အချိန်မှာ သူမကို ထပ်မှတွေ့ရပါဦးမလားလို့ စဉ်းစားမိတော့ ရင်ထဲမှာ နာကျင်သလိုပါပဲ။
”ကောင်မလေးရယ် နင့်အတွက်နဲ့ ငါ့မှာ အိပ်ပျက်ညတွေလည်းများလှပါပြီ။”
နောက်နေ့မနက်မှာပဲ ဖုန်းဝင်လာပါတယ် အလုပ်ရတယ်ဆိုတဲ့အကြောင်း အဲဒီအချိန်မှာ ကျွန်တော် ပထမဆုံးစဉ်းစားမိတာက သူမရော ရလား ဆိုတာပါပဲ။ ကျွန်တော် အလုပ်ရှိတဲ့နေရာကိုရောက်တော့ သူမရောက်နေပါပြီ ကျွန်တော့ ရင်တွေလဲ ထူးထူးဆန်းဆန်းခုန်နေလိုက်တာ ပတ်ဝန်းကျင်က လူတွေတောင် ကြားလောက်တယ်။ ဒီလိုနဲ့အလုပ်စလုပ်တဲ့နေ့မှာပဲ ကျွန်တော်တို့ကိုခန့်လိုက်တာ စုစုပေါင်း 10 ယောက် ရှိတယ်ဆိုတာ သိရပါတယ် အလုပ်ကို သူ့နေရာနဲ့သူ ခွဲလိုက်တော့ သူမနဲ့ ကျွန်တော်က ဌာနမတူပါဘူး သူမက admin နေရာကိုရပါတယ် ကျွန်တော်ကတော့ warehouse မှာရပါတယ်။
ဒီလိုအလုပ်အတူလုပ်မှပဲ သူမကို အနီးကပ်သေချာမြင်ရတော့တယ် ဒါပေမယ့် ကျွန်တော့်ရဲ့ သတ္တိတွေကတော့ ရေခဲမှတ်အောက် ရောက်နေတုန်းပါပဲ ကျွန်တော်ချစ်တဲ့ သူမက ဘေးနားကသွားနှစ်ချောင်းကျိုးနေပြီး ရှက်တဲ့အခါ ပါးလေးတွေနီရဲလာတတ်တာ အရမ်းချစ်ဖို့ကောင်းတဲ့ သူများနဲ့မတူတဲ့ ဆွဲဆောင်မှုလေးတွေလေ စကားပြောတဲ့အခါမှာလည်း လက်ဟန် ခြေဟန် တွေနဲ့ အားရပါးရ ပြောတတ်လွန်း တာလေးတွေက သူမကို တစ်မျိုးကြည့်လို့ကောင်း နေစေတာပေါ့။ ကလေးဆန်လွန်းတဲ့သူမက အလုပ်လုပ်ဖို့အတွက်ကတော့ ငယ်လွန်းနေပါတယ်။ သူမက ဒီအချိန်မှာ အသက် ၂ဝ လောက်ပဲရှိဦးမှာပါ သူမနဲ့ရွယ်တူ အခုမှ ကျောင်းပြီးခါစ ကောင်မလေးတွေက သင်တန်းတွေ မျိုးစုံ တက်နေတဲ့ အချိန်မှာ သူမက လုပ်ငန်းခွင်ထဲကိုရောက်နေပါပြီ။
အခုလိုပဲ အလုပ်အတူလုပ်နေရင်း သူမနဲ့ တွေ့ရတာ ပိုပိုများလာတဲ့အခါ ကျွန်တော့်ရဲ့ နှလုံးသားဟာ သူမကို ပိုပိုပြီး တောင့်တလာမိတော့တယ်လေ။ ဘာပဲဖြစ်ဖြစ် အလုပ်ထဲမှာ သူမနဲ့ခဏခဏဆုံရတာတွေ ပြီးတော့ မသိမသာလေး သူမကို သူများတွေထက် ပိုဂရုစိုက်မိတာလေးတွေတော့ ဖြစ်လာတာပေါ့ဗျာ။ သူမကတော့ သတိမထားမိလား ထားမိလားမသိနိုင်ပေမယ့် ဗြောင်းဆန်နေတဲ့ရင်ခုန်သံအတွက်တော့ သူမကို အားနာမိပါရဲ့ဗျာ။

ကောင်မလေးရေ………
နင့်ကိုချစ်မိတဲ့အချစ်တွေကို
စက္ကူလှေထဲထည့်လို့
ငါဟာ…….
ပင်လယ်ကြီးကို ဖြတ်ကူးနေသူပါ။

 

မရေးတတ်ရေးတတ်ရေးပြီး ပေါက်တတ်ကရဖြစ်နေတဲ့ ကျွန်တော့်ရဲ့ ဟိုမရောက်ဒီမရောက် စာတွေကိုအားပေးကြတာတဲ့အတွက် ကျေးဇူးတင်ပါတယ် နောက်ဆုံးပိုင်းလေးကို စောင့်မျှော်အားပေးကြပါဦးဗျာ

10 comments

  • koyinmaung

    September 11, 2011 at 10:36 pm

    အင်…မင်းကလဲခုခေတ် မြန်မာဇာတ်လမ်းတွေအတိုင်း
    ဇာတ်အိမ်ကျဉ်းလွန်းနေတယ်ထင်ပါတယ်
    တကယ်ဆို တက္ကသိုလ်ဘုန်းနိုင်တို့လို်
    မင်းကြိုက်တဲ့ကောင်မလေးအိမ်ထောင်တွေကျ
    သမီးမိန်းခလေးရ ဒီတော့မှပြန်တွေ့…
    မအေဖြစ်ဖြစ် သမီဖြစ်ဖြစ်
    ကြိုက်သလိုရေး..ဟေဟေ့
    ..နောက်တာနော်…

    • phantom

      September 12, 2011 at 7:53 pm

      ကျဉ်းမှရမယ်ဗျ သိပ်ကျယ်သွားရင် အသက်တွေကြီးလို့ မြေးအရွယ်ကို သားသမီးတော်နေရမယ် 😀

  • ဗမာပြည်သား

    September 11, 2011 at 10:57 pm

    ရီစရာပြောလိုက်မယ်…စိတ်တော့မဆိုးနဲ့ အဲ့ဒါမျိုးတယောက်ယောက်ကပြောလာရင်
    ရွာထဲမှာသူငယ်ချင်းအချင်းချင်းဘယ်လိုပြောလဲသိလား
    ” သားပေါက်ကြီးရာအလောင်းပိုက်ဆွေးမနေစမ်းပါနဲ့ “

    • phantom

      September 12, 2011 at 7:52 pm

      ဖွဟဲ့ လွဲပါစေ ဖယ်ပါစေဗျာ 😀

  • မီးမီး သော်

    September 11, 2011 at 11:17 pm

    ဟိ ဟိ။မလွယ်ဘူး ဒီမှာလဲ အချစ်တွေ တပွေ ့တပိုက်နဲ ့ခံစားနေသူတယောက်ပါလား။

  • weRone

    September 12, 2011 at 9:18 am

    ပြောစရာ ရှိတာ မြန်မြန် ပြောလိုက်တော့ phantom ရေ.. တော်ကြာ နောက်တစ်ယောက်ထပ်ရသွားလို့ ကျန်ရစ် ဖြစ်နေအုံမယ်…

  • phantom

    September 12, 2011 at 7:46 pm

    ပြောရတော့မှာပေါ့ဗျာ ဇာတ်လမ်းကလဲ ဆုံးနေပြီ 😀

  • chitsu

    September 19, 2011 at 3:21 pm

    ဟုတ်တော.ဟုတ်နေပြီ
    ချစ်သာချစ်နေတယ်ကောင်မလေးကမသိသေးဘူး
    တော်တော်ဆိုးနေတာပဲနော်
    ကောင်မလေးသာနောက်တစ်ယောက်ရရင်တော.လား

  • Shwe Ei

    September 19, 2011 at 3:35 pm

    ဇာတ်လမ်းကလဲ ပီးကိုပီးနိုင်ဘူး။ x(
    phantom တယောက်ငှက်ပျောတုံးဖက်ပီး ကျန်ခဲ့မှာမြင်ယောင်သေးတော့။

  • နီလေး

    September 19, 2011 at 4:08 pm

    မေ့မေ့တေ့တေ့ကိုဖြစ်နေပြီ ကောင်မလေး(၄)ကိုတွေ့မှ အော်ဇာတ်လမ်းကမပြီးသေးဘူးပဲလို့ မျော်ရလွန်းလို့ လည်ပင်းတောင်ရှည်နေပြီ

Leave a Reply