သရော်စာ နဲ ့ဘဲပြောပါမယ်
ဆရာဦးကျော်ရင် မကွယ်လွန်မီ အချိန်ထိ ပြဇာတ်လေးပုဒ်သားရေးနိုင်ခဲ့တာကိုတွေ ့ရတော့ ပို၍စိတ်ထဲမှာ ညစ်တစ်တစ်ဖြစ်ရတယ်။ပိုပြီးလဲ မကျေမချမ်းဖြစ်မိပါတယ်။ဆရာရေးခဲ့တဲ့ ပြဇာတ်လေးပုဒ်က…
(၁)မီးနေသည်ပြဇာတ်
(၂)ဝိဇ္ဇာဘဲဥပြဇာတ်
(၃)ဝိဿခါလော၊မယ်ခါလောပြဇာတ်နှင့်
(၄)မိဘဂုဏောအနန္တော တို ့ဖြစ်ပါတယ်။ဆရာပြဇာတ်များထဲက ခေတ်သရုပ်နဲ ့ဆီလျော်တဲ့ ပျက်စရာ၊သရော်စာလေးတွေကိုဝေမျှလိုက်ပါတယ်။ဆရာ့စာ၊ဆရာ့စကား၊ဆရာ့အသံနဲ ့အတူ ဆရာ့အတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
၁၉၅၄ ခုနှစ် စက်တာဘာလထုတ် ပြည်တော်သစ်ဂျာနယ် စာမျက်နှာ(၃)တွင် ဖော်ပြထားသော “ပညာရှိ”ပြဇာတ်ဧ။် နိဂုံးတွင် ….
မင်းမသိတတ်၊ဗြဟ္မဒတ်
ပြည်မသိသော် ဗါရာခေါ်
အလုပ်ကိုင်မဲ့ ကုန်သည်တဲ့
တိုထွာရွတ်ဘိပညာရှိ. ဟုရေးသားကာအလွတ်ကျက်စာများဖြင့် ပညာရှိလုပ်စားနေသူများကို ဆရာဦးကျော်ရင်က သရော်ထားသည်။ဆရာသည် စာအလွတ်ကျက် (by heart)သူများကိုအားမပေး။သဘောတရားမပါ၊တာရှည်မခံ၊အနက်ခေါက်တီး သိ စေရန်သာအားပေးလေ့ရှိသည်။
ထို ့ပြင် ဂျပန်စစ်လျော်ကြေးနှင့် ပတ်သက်၍ ညစ်ပတ်သည်။နည်းလွန်းသည်။များသည်။ခိုးစားထားသည်။စသည်ဖြင့် ၁၉၅၄-၅၅ ဝန်းကျင်ခန် ့ဝယ် မြန်မာတနိုင်ငံလုံး အမျိုးမျိုးဝေဖန်ပြစ်တင်နေကြချိန်တွင် ဆရာက အချိန်ကိုက်၍ တာဝန်ရှိသူဟုဆိုသော လူထူး၊လူညစ်များကို …
“စစ်လျော်ကြေး” ဟူသောပြဇာတ်ဖြင့် ၁၉၅၄ ခုဒီဇင်ဘာလထုတ် ပြည်တောသစ်ဂျာနယ်မှာ ဆရာကသူ ့ကလောင်ဖြင့် ထိုးနှက်လိုက်ပြန်ပါတယ်။တိုင်းသူပြည်သားများ မကျေနပ်ကြပုံ၊ပြောကြဆိုကြပုံ၊နှိပ်ကွပ်ခံရပုံတို ့ကိုသရုပ်ဖော်ထားသည်။ဆရာကပြဇာတ်ရဲ ့အဆုံးမှာ….
စစ်လျော်ကြေးရယ်တဲ့. မည်မွှေးသံသာ
ပေးပင်ပေးလဲ. လက်ကမပါ
ကုလားခြေဆေး ကုလားလေးခပ်တာ
ဗမာများလှည့်စားခံရရှာ။
ဟူ၍ စစ်လျော်ကြေးနှင့်ပတ်သက်၍ တနိုင်ငံနှင့်တနိုင်ငံ ညစ်ပတ်ကြပုံ၊မလိမ့်တပတ်လှည့်စားခံရပုံတို ့ကို မခံနိုင်လွန်း၍ တင်ပြထားသည်မှာ မှန်ရာတွင်သွေးထွက်အောင်မှန်ပေသည် ဟုခေါင်းညိတ်ခဲ့ရသောတင်ပြချက်ဖြစ်လေသည်။
ဆရာတို ့ခေတ်အချိန်က အဂတိတရားသည် လေးပါးသာမက မြင်းတစ်တခုသည်လည်း လာဘ်ထိုးနည်း တခုဖြစ်နေကြောင်းကို ဆရာကဖော်ထုတ်ထောက်ပြထားသည် မှာ ထိုအချိန်ကာလအတွင်း က စာရိတ္တပျက်ယွင်းမှု များကိုရပ်တန် ့ဖို ့ရာ သတိပေးခဲ့ခြင်းလို ့ယူဆလို ့ရပါတယ်။
ထိုအကြောင်းကို ၁၉၅၅ ခု နိုင်ဝင်ဘာလထုတ် ပြည်တော်သစ်ဂျာနယ် စာမျက်နှာ (၂)မှာ “အဿဂတိ”ပြဇာတ်ဖြင့် သရော်ထားသည်။ပြဇာတ်နိဂုံးတွင်…
ရှေးကလူများ ပညတ်ထား၊လေးပါး အဂတိ
ပြည်တော်သာခေတ်၊ငါးခုဖြစ်၊မြင်းတစ် တခုရှိ
အ-သုံးလုံးမှာ၊လုံးချာချာ၊ဘယ်ဟာမကိုင်မိ
ကိုင်လိုက်ပါသော်၊မျက်နှာတော်၊ပုံပေါ်ဘယ်သို ့သိ။(အ-သုံးလုံးဆိုတာ အရေး၊အဖတ်၊အတွက် ကိုဆိုလိုသည်မဟုတ်ပါ။စ-သုံးလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။
9 comments
မီးမီး သော်
September 11, 2011 at 7:15 pm
Dear Kai,please again give me a hand in editing my extra post.It is coz of bad connection here.thanks a lot for your help.
yetazar
September 11, 2011 at 7:27 pm
ကောင်းပါတယ် မမီးမီးရေ ။ သခင်ဗတင်တို့ ၊ သျှင်ကဝိသာရတို့ ၊ ရှင်အာဒိစ္စရံသီတို့ အကြောင်းတွေလဲ ဖတ်ချင်ပါသေးတယ် ။ အားပေးနေပါ့မယ် ။
မီးမီး သော်
September 11, 2011 at 9:32 pm
ဟုတ်ကဲ့ပါ ကြိုးစားပေါ့မယ်။ခုလိုအားပေးတော့ကျေးဇူးပါနော့။
padonmar
September 12, 2011 at 6:35 am
အရှည်ဖတ်ချင်တယ်၊ဘယ်မှာဖတ်လို့ရမလဲ၊ညွှန်းပေးပါအုံး။
ကြောင်ကြီး
September 12, 2011 at 9:26 am
အိမ်ကြီးရခိုင်ဆိုတဲ့ စကားသည် ရခိုင်လူမျိုး၊ ယဉ်ကျေးမှုတို့မှ ဆင်းသက်လာမလာ ရှင်းပြပေးနိုင်က သိလိုပါသည်။
မီးမီး သော်
September 12, 2011 at 1:27 pm
ဒီနေရာမှာ အိမ်ကြိီးရခိုင်အကြောင်းကို ကိုကြောင်ကြီးက မေးလာတော့ သိသလောက်တော့ဖြေပေါ့မယ်။မပြည့်စုံရင်လဲ ကိုရဲတေဇာတို ့ဖြေပေးပါဦး။အိမ်ကြီးရခိုင် ဆိုတာက သစ်ကောင်းဝါးကောင်းပေါတဲ့ ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း၊ပဲခူးတိုင်းတို ့လိုနေရာဒေသတွေမှာ အိမ်ကောင်းကောင်းတွေဆောက်လုပ်နေထိုင်ကြလို ့ခေါ်ဝေါ်ကြရုံသက်သက်ပါ။ယဉ်ကျေးမှုတစ်ခုရယ်လို ့တော့သတ်မှတ်လို ့မရပါဘူး။ဟိုအရင်ကတည်းက
ဒီဖက်နယ်တွေမှာ အိမ်ကိုကြီးကြီးဆောက်လေ့ရှိကြပါတယ်။လွယ်လင့်တကူပေါများလှတဲ့ သစ်တွေဝါးတွေကြောင့်ပါ။ယနေ ့ခေတ်မှာတော့ ရှားပါးလာတယ်၊သစ်တောတွေပြ ုန်းတီးလာတော့ RC နဲ ့ခေတ်ပေါ့။
ဒီလို အိမ်ကောင်းကြီးတွေဆောက်ကြတော့ နယ်ဝေးက လာတဲ့ဧည့်သည်တွေကို လက်ခံနိုင်သလို၊မိမိအိမ်မှာနေရသလို ပျော်ရွှင်မှုမျိုးနဲ ့ဧည့်ဝတ်ကျေပွန်ကြတဲ့ ဓလေ့ကောင်းလေးတွေကိုပါပူးတွဲမြင်ရတော့တာပေါ့။
ရခိုင်မှာရယ် လို ့တော့ မဟုတ်ပါဘူး၊ဒီကနေ ကူးပြောင်းသွားတဲ့အလေ့ကပြည်မကိုရောက်လာတော့ ဒီဖက်က အခေါ်အဝေါ်ကို ဆက်လက်ကျင့်သုံးသလိုပေါ့။
နောက်တစ်ခု ဆိုရင် အာလုပ်စကားလို လို ရွဲ ့သလို သုံးနှုံးကြတဲ့ “ရခိုင်နဲ ့မြွေပွေးတွေ ့ရင် ရခိုင်ကို အရင်သတ်”လို ့ပြောနေကြတော့။တခါတလေတော့ စိတ်ပျက်ပါတယ်။
ဒီမှာ ပြောတဲ ့ရခိုင်က ရခိုင်ငှက်ပျောသီးပင်ပါ။သူက အဆမတန်ပေါက်ရောက်လွယ်တော့ နိုင်အောင်သတ်ထားဖို ့ကိုပြောတာပါ။ခုတော့ အဲလိုမဟုတ်ပါဘဲ ရခိုင်လူမျိုးဆိုရင်ဘဲ သတ်တော့မယောင်ပြောခံရတော့ ခံရခက်ပြန်ပြောရခက်။မနည်းကိုပြန်ရှင်းပြရပါတယ် ကိုကြောင်ကြီးရေ
windtalker
September 12, 2011 at 1:42 pm
ဒီနေရာ မှ
ကျွန်တော် သိထားတာလေး
ပြောပြချင်တယ် ဗျာ
အဲဒီ
ရခိုင်နဲ ့မြွေပွေး အကြောင်းကို
အသိ မွတ်စလင် တစ်ယောက် မေးကြည့်တော့
ဟုတ်တယ် တဲ့
ရခိုင် ကို အရင်သတ်ခိုင်းရတယ် ဆိုတာ က
ရခိုင် ကုလား တွေ ကို ဆိုတာပါတဲ့
အရမ်းပွေ အရမ်းရှုပ်လို ့ပါတဲ့
ဘယ်လို လဲ ဆိုရင်
ရခိုင်ကုလားတွေ ဟာ
မြို ့တစ်မြို ့ကို ရောက်ပြီ ဆိုရင်
ရရာ အလုပ်ကို ကောက်လုပ်ပြီး
အခြေ စိုက်တယ်
ပြီးရင် အဲဒီ မြို ့က
ရရာ မိန်းမ တစ်ယောက် ကို မရမက ယူမယ်
မိန်းမ ရပြီး ရင်
နောက်တစ်မြို ့ကို ထပ်ကူးသွားပါလေရော တဲ့
ဒါကြောင့်မို ့ပါတဲ့
အဲဒါကတော့ ကြားဖူးတာပေါ့နော်
လောလောဆယ် ကို
ကျွန်တော်မျက်မြင် မှာတော့
ရခိုင်မွတ်စလင် ပိုက်ဆံ ရှိသူ တစ်ယောက်ပါ
ရန်ကုန် က နေ မန်းတလေး မှာ
စီးပွားရေး လာတိုးချဲ ့တယ်
လုပ်ငန်းက တော်တော်ကြီးပါတယ်
သိပ်မကြာဘူး
ရန်ကုန် က မိန်းမ တစ်ယောက် လိုက်လာတယ်
( ဘာလူမျိုးလဲ တော့ မပြောတော့ဘူး )
မောင်ရခိုင် က တရုတ်ပြည် အထ်ိ တက်ပြေးပုန်းပါတယ်
ဟိုမိန်းမ ကို ယူမယ် ဆိုပြီး
ဟိုတယ် ခေါ်အိပ်
ပြီးတော့ အဲဒီမိန်းမ ဆီကနေ ရွှေလက်ကောက်တွေ ယူပြီး
ပြီးတော့ ဟိုတယ် မှာ ပစ်ထားခဲ့လို ့တဲ့
အခုထိ ကို အဲဒီ ရခိုင်
ပြန်လာတာ မတွေ ့ရသေးဘူး
မြန်မာနိုင်ငံ ထဲ တော့ ပြန်ရောက်လောက်ပါပြီ
လူလုံးထွက်မပြသေးတာ ဖြစ်မယ်
သူ ့စီးပွားရေး က တော့
သူ ့လူယုံ တပည့်ရင်းတွေ နဲ ့
ဆက်လက် လည်ပတ်လျှက်… ။
( မှတ်ချက် ။ ။ အဲဒီ ရခိုင် ရဲ ့စီးပွားရေး လုပ်ငန်း ဘယ်မှာလဲ ဟု လာမေးလျှင် ၊ ပြောမည် မဟုတ်ပါ ။ သို ့သော် ၊ ကျွန်တော့် အလုပ်နားမှာ လာစုံစမ်းလျှင်တော့ အဖြစ်မှန် ကို ကိုယ်တိုင် သိနိုင်ပါမည် )
မီးမီး သော်
September 12, 2011 at 1:48 pm
ကိုပေ့ ရယ် ဟုတ်တော့ဟုတ်တာပေါ့။ဒါပေမယ့် လဲလေ နေရာတိုင်းမှာ အဆိုးအကောင်း၊အလင်းရှိရင် အမှောင်လာမယ်။
နောက်တော့ လူကောင်းမှန်းသိအောင် လူမိုက်လူယုတ်ကိုနှိုင်းပြမှပို ပေါ်လွင်တော့တာပေါ့။အရှိကိုလက်ခံပြီး မိမိကိုယ်သာကောင်းအောင်ကြိ ုးစားအားထုတ်သင့်တယ်မဟုတ်လား။
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
September 12, 2011 at 4:48 pm
ဘယ်ဆိုးလို ့တုန်းဗျ။ခုလိုမျိုးဆရာဦးကျော်ရင်အကြောင်းရေးသလို
လက်သီပုန်း ဗိုလ်ဗတင်တို ့ဦးဘရှင်တို ့အကြောင်းပါ ထည့်ရေးနိုင်ရင်ပိုကောင်းမယ်။ကျုပ်မရောက်တာကြာတော့သံတွဲသားတွေတော်တော်ရေးတတ်နေပီဘဲဗျို့။