ဘဝရဲ့ မြွေတွေ,ကင်းတွေနဲ့ “ပြာ”
အင်းလေဘယ်သူပဲဖြစ်ဖြစ်ပါတယောက်မကတော့…..
ခုလောလောဆယ်အနေအထားကလီယိုတော်လ်စတွိုင်းရဲ့ နဂါးခံတွင်းပုံပြင်နဲ့ကိုက်ညီနေမှာပါ..
ကြားဘူးကြမှာပါ…
လူတယောက်ဟာတဲ့ တွင်းနက်ကြီးထဲကျတော့မလိုလိုဖြစ်နေတုန်းနွယ်ကြိုးတပင်ကိုတွယ်ထာရ
ပါတယ်တဲ့တကယ်လိုနွယ်ကြိုးကိုလွှတ်ချလိုက်မယ် ဒါမှမဟုတ်လွတ်သွားမယ်ဆိုရင်အောက်မှာ
နဂါးကြီးတကောင်ကပါးစပ်ကြီးဟပြီးစားဖို့စောင့်နေတာတဲ့။အဲဒီအချိန်မှာပဲခိုထားရတဲ့နွယ်ကြိုး
ကြွက်ဖြူနဲ့ကြွက်မဲနှစ်ကောင်ကောင်ကတလှဲ့စီကိုက်နေပါတယ်တဲ့။အင်း..အဆိုးထဲကအကောင်းတ
ခုကတော့အဲဒီနွယ်ကြိုးရဲ့အပေါ်ဘက်နွယ်ကြိုးစထွက်ရာေ နရာလောက်မှာပျားအုံတခုရှိပြီးတခါ
တရံပျားရေလေးတစက်နှစ်စက် ကျလာတာမျိုးရှိတတ်လို့အောက်ကလူကပါးစပ်ခံပြီးစားရ
ရက်ရရှိတတ်ပါတယ်တဲ့။ပြန်ပြီးရှင်းပြတာကနဂါးကြီးက”သေချင်းတရား”ပါ။
နွယ်ကြိုးကိုကိုက်နေတဲ့ကြွက်ဖြူကြွက်မဲနှစ်ကောင်က”နေ့နဲ့ည”ကြိုးကိုခိုထားတဲ့လူက
“လူ့ဘဝတခု”။ပျားရည်စက်လေးတွေကတော့တခါတခါရတတ်တဲ့”စိတ်ချမ်းသာမှူ”ပါတဲ့။
သူကအဲဒီမှာပြီးပေမဲ့ကျနော်ဆက်စဉ်းစားမိတာက……………..
အဲဒီလူကနွယ်ကြိုးကိုကိုင်ပြီးငြိမ်နေရတာမဟုတ်ဘူးဆိုတာပါဘဲ။အဲဒီတွင်းကြီးရဲ့လေးဘက်
နံရံကအပေါက်တွေရှိပြီး အဲဒီအပေါက်တွေကနေ အဆိပ်ရှိမြွေတွေကင်းတွေထွက်ထွက်လာတတ်လို့ အသက်ရှင်ရေးအတွက်ကြိုးကိုခိုရင်းတွင်းကိုပတ်ပြေးနေရတယ်ဆိုတာပါဘဲ။မိုးဒဏ်လေဒဏ်ဆိုတာ
လဲရှိသေးနော်။ဘဝရပ်တည်ရေးပူရ..စားဝတ်နေရေးပူရ…လူတွေအတွက်ဟိုပူရဒီပူရ….
ခုဆိုဧရာဝတီအတွက်ပူရ…………………..စုံပါပေ့”အဆိပ်ရှိမြွေ”တွေ “ကင်း” တွေ
အင်း………နဂါးကလဲငြိမ်မနေဘူးဗျနော်အငွေတွေလွှတ်တာလွှတ်တာ ဝက်တုတ်ကွေးကြက်တုတ်ကွေး
တဲ့နာဂစ်တဲ့ဂီရိတဲ့။စဉ်းစားကြည့်နော်အများကြီး။ပတ်ပြေးနေရတယ်ဆိုတဲ့စကားလေးရေးရင်းနဲ့
နောက်တပုဒ်ဆက်စဉ်းစားမိပြန်ရော။လီယို်တော်လ်စတွိုင်းပါပဲ။ “၆-ပေ ၃-ပေတဲ့”
တခါကမြေတွေအများကြီးပိုင်တဲ့မြေပိုင်ရှင် တဦးကပြိုင်ပွဲတခုလုပ်တယ်တဲ့။သူပိုင်တဲ့
မြေပေါ်တွေမှာမနက်နေထွက်ကနေညနေနေဝင်တဲ့အထိပြေးရမယ်။နေဝင်ချိန်မှာပထမ
ကိုယ်”စ”ပြီးပြေးခဲ့တဲ့နေရာပြန်ရောက်”ရ”မယ်။အဲဒီလိုဆက်မိအောင်တပတ်ပတ်၊နိုင်ရင်အဲဒီ
ပတ်ထားတဲ့မြေကွက်အဝန်းအဝိုင်းအတိုင်း”အဲဒီပတ်ပြေးခဲ့တဲ့လူကို”အပိုင်ပေးမယ်လို့”ဆု”
ကိုသတ်မှတ်ပါတယ်။
လူတွေအများကြီးပြေးကြပေမဲ့”နေ”စထွက်ကထဲကပြေးကြတာဆိုတော့တဖြည်းဖြည်း
လူတွေလက်လျှော့ကုန်ကြလို့နောက်ဆုံးတယောက်ပဲကျန်ပါတော့တယ်တဲ့။ အဲဒီတယောက်ကလုံးဝအလျှော့မပေးပဲပြေးလိုက်တာ”နေ”ကလဲအဝင်၊သူလဲ..သူ”စ”ပြေးခဲ့တဲ့နေရာ
ရောက်ပါရောတဲ့။.။
အဲဒီလိုဩဘာပေးပြီးတဲ့နောက်မြေပိုင်ရှင်သူဌေးကြီးကကိုယ်တိုင်ပဲ
အဲဒီလူရှိရာသွားပြီး”ခင်ဗျားတော်ပါပေတယ်၊ဒီတပတ်ပတ်မိထားပြီဖြစ်တဲ့ဒီမြေကွက်ကြီး
ခင်ဗျားပိုင်ပါပြီ”…လို့ပြောလိုက်ပါတယ်။
အင်း…….. အဲဒီလိုပြောပေမဲ့၊လူတွေဆူညံနေပေမဲ့ဟိုလူကတော့တုတ်တုတ်မျှမလှုပ်လို့
သေသေချာချာလဲကြည့်လိုက်ရောအမောဆို့ပီး”သေ”နေပါပြီတဲ့။
ဒါနဲ့ဘဲသူပိုင်သွားပြီဖြစ်တဲ့အဲဒီမြေကွက်ပေါ်မှာပဲသူကိုမြေမြုပ် သင်္ဂြိုဟ်လိုက်ကြရပါတယ်တဲ့။
အဲဒီနောက် မြေပိုင်ရှင်ကြီးက”ဪ..တကယ်တော့လူတွေဟာ”သေ”အောင်
ကြိုးစားပြီးနောက်ဆုံးရတာကတော့”၆-ပေ ၃-ပေ”မြေကွက်လေးပါပဲလား”တဲ့။
ခုခတ်မှာတော့ မီး သင်္ဂြိုဟ် စက်ထဲ က”ပြာ”အဖြစ်ပဲ “ရ” ဖို့ကပိုများနေပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ်ဘဝတတည်ဆောက်နေတာဆိုရင်တော့ ရပ်လိုမှမရတာပြေးနေရအုန်းမှာပေါ့။
မြွေတွေ,ကင်းတွေသတိထားရင်း “ပြာ” မဖြစ်ခင် “ပျာယာခတ်”နေရအုန်းမှာပါဘဲ………….
2 comments
မီးမီး သော်
September 15, 2011 at 11:02 pm
“””ဪ..တကယ်တော့လူတွေဟာ”သေ”အောင်
ကြိုးစားပြီးနောက်ဆုံးရတာကတော့”၆-ပေ ၃-ပေ”မြေကွက်လေးပါပဲလား””” အများအတွက် မို ့ကြိုးစားထားခဲ့မယ် ဆိုရင်တော့ ဂုဏ်ပြုရမှာပါ။အများကောင်းကျိုးအတွက်ဘဝကို ပေးဆပ်ရဲသူများကို ဂုဏ်ယူတတ်လို ့ပါ ကိုသစ်မင်းရေ
thit min
November 2, 2011 at 8:44 am
မြန်မာပုံပြင် ၂ပုဒ်ကို လီယိုတော်လစတွိုင်း ၂ ပုဒ်နဲ့ပေါင်း ပြီး ခံစားကြည့်ချင်ရင်ပေါ့နော်။