ငွေမြင်လို ့
အစတုန်းက တော့ ကျွန်မ ထင်ခဲ့တာ တစ်မျိုးပေါ့ နော် ။
အခု တော့ ၊ ကျွန်မ မှားခဲ့ရပါပြီ လေ ”
ဒီလိုပါရှင်..
ဪဒါနဲ ့…
ကျွန်မ ၊ ကျွန်မ နဲ ့..ရှင်တို ့က ကျွန်မ ကို ဘယ်သူ များပါလိမ့် လို ့သိချင်နေမှာပဲ ။
ပြောပြရဦးမယ်တော်ရေ…
ကျွန်မ..ကျွန်မ ဆိုတာ…
သင်းမေမေတင် ပါတဲ့ ။
အသိတွေ က တော့ ကွယ်ရာမှာ “ သင်းမှေးမှေးxင် ” ဆိုလား ခေါ်ကြတယ် ။
ကျွန်မ ရှေ ့တော့ ဘယ်ခေါ်ရဲမလဲ နော…
ညှင်းညှင်း…ပွဲဆူသွားမှာပေါ့ ။
ကျွန်မ အရပ်က ၅ ပေ ပြည့်တယ်ဆိုရုံကလေး ၊
ကိုယ်လုံးကိုယ်ပေါက်ကတော့.. ( ယောက်ျားလေးတွေ က တော့ ဘော်ဒီလို ့ခေါ်တာပေါ့ နော် ) အမူးသမားတောင် မကြည့်ချင်တဲ့ အလှမျိုးပေါ့နော် ။
ဘာလဲ ရှင်တို ့ရှုပ်သွားပြီလား…ဒီလိုပါတဲ့ရှင် ၊ ဝါးထရံကပ် က ဝါးပြားလေး တွေ ကို မြင်ကြည့်စမ်းပါ ။ ဟုတ်တယ်…အဲဒါကမှ.. ကျွန်မ ကိုယ်လုံးထက်ပိုလှတယ် ။
ဪ…ရှင်တို ့က ပြုံးတယ်လား..နေဦး
ကျွန်မ ရူပါ ကို ပြောပြဦးမယ် ။
အရင်က တော့ ကျွန်မကို ရုပ်ဆိုးအောင် မွေးထားတဲ့ ၊ ကျွန်မ မိဘတွေ ကိုပဲ စိတ်ဆိုးရမလိုလိုပေါ့ ရှင်..
အခုတော့ အသက်လည်း ရလာပြီဆိုတော့ နေတတ်ပါပြီ ။ အတိတ်ဘဝ က ကျွန်မ ကံကြောင့်ဆိုတာကို သဘောပေါက်ခဲ့ပါပြီ ။
ရှင်တို ့တွေ တစ်ခါတစ်လေ ပြောတဲ့ .. “ နှာတစ်ဖျားသာတယ် ” လို ့ဆိုရင် ကျွန်မကိုသာ ပြေးပြီးမြင်လိုက်ပါရှင် ။ ကျွန်မ က နှာခေါင်းကြီးတယ်ရှင့် ။
အဲနှာခေါင်းကြီးလို ့တဏှာကြီးမယ် လို ့လဲ မမှတ်လိုက်ကြနဲ ့ဦးနော် ။ လူလစ်မှပါ ရှင် …အို ဘယ်နှယ့် မဆိုင်တာတွေ ပါကုန်တာပါလိမ့် ။
ဒီစကား ကို ထည့်မရေးလိုက်ပါနဲ ့နော်…။ နို ့..ကျွန်မ စိတ်ဆိုးမှာနော် ။
ကျွန်မ အသက် က ၃ဝ ကျော်ပါပြီ ။ အိမ်ထောင်တော့ မရှိသေးပါဘူး ။
ကျွန်မ ပုံစံ ကို ရှင်တို ့ဖတ်ပြီးလို ့ရည်းစားမရှိဘူး လို ့မထင်လိုက်နဲ ့နော် ။ ညှင်းညှင်း..ညှင်းညှင်း ( ကိုယ့်ဟာကိုယ် သဘောကျသံ )
ရည်းစားလေး တစ်ယောက် ရှိပါသတဲ့ ရှင် ။
အဲဒါနဲ ့ပတ်သက်ပြီး အခု ပြောမယ့် ဇါတ်လမ်း ကို ကျွန်မ ရတာပေါ့ ။
အစ က ကျွန်မ ပြောခဲ့တဲ့…“ ကျွန်မ ထင်ခဲ့တာ တစ်မျိုးပေါ့ နော် ၊ အခု တော့ ၊ ကျွန်မ မှားခဲ့ရပါပြီ လေ ” ဆိုတာကို ရှင်းပြတော့မယ်နော် ။
ကျွန်မ အသက် ၂၅ ကျော်တဲ့ အထိ ၊ ကံမကောင်းခဲ့ပါဘူး ရှင်… ။
အခု ကျွန်မ အသက် က ၃ဝ ကျော်ပြီပေါ့ ။
ဘယ်လောက် ကျော်တာလဲ လို ့ လာမမေးနဲ ့နော်..
လုံးဝ လုံးဝ ဖြေမှာ မဟုတ်ဘူး ၊ သိတယ်မလား…ညှင်းညှင်း..ညှင်းညှင်း ( ကိုယ့်ဟာကိုယ် သဘောကျ ပြီး ရယ်သံ )
ကျွန်မ ဘွဲ ့ရပညာတတ် တစ်ယောက်ပါ ။
ဒါပေမယ့် ..သိကြတဲ့ အတိုင်းပဲလေ..။
ဘွဲ ့ရ လည်း ဘာထူးလဲ ။
ဘွဲ ့မရသူတွေ နဲ ့ဘာမှ မကွာပါဘူး ။
ကျောင်းတက်တုန်းက ဘဲလေးများ ရလို ့ရငြား ၊ ဘောစိ ကောင်လေး တွေ နား ၊
ဘာလိုလို ညာလိုလို အကြောင်းမရှိ အကြောင်းရှာ ကပ်ခဲ့ပေမယ့်လဲ…
ကျွန်မ ပြောခဲ့သလို ၊ ကျွန်မ ရဲ ့ထူးခြားတဲ့ ရုပ်ရည် ၊ ကိုယ်လုံးကိုယ်ပေါက်ကြောင့်…
“ လမ်းဖင် ” တဲ့အစီအစဉ် က မအောင်မြင်ခဲ့ဘူးလေ ၊
လင်ဖမ်း တယ်လို ့ကျွန်မ ပြောလို ့၊ ကျွန်မ ကို ရိုင်းတယ် လို ့မထင်ကြနဲ ့ဦးနော်…
ဒီလိုပါပဲ…စိတ်ပေါက်မှ ပါ ၊ နို ့..ကျွန်မ အဖြစ်က ဒီလို သုံးမှ လည်း ရှင်တို ့တွေ ကွက်ကွက်ကွင်းကွင်း သိမှာမလား ။
ဒီလို နဲ ့ ပင်ပင်ပန်းပန်း နဲ ့ လုပ်ကိုင်စားသောက်ခဲ့ရတာပေါ့ ။
နောက်ကြ…ကျွန်မ ကံဇာတာ တက်လာချင်တော့ ၊ အင်တာနက် သုံးတတ်လာတယ်ရှင့် ။
အဲဒီမှာ….နိုင်ငံခြား က ဆက်စ် ကုမ်ပဏီ ကြီးတွေ နဲ ့ချိတ်ဆက်မိသွားပြီး ၊
ကျွန်မ တို ့ဆီက ၊ ကိုယ်လုံးဖော် အမျိုးသမီးလေးတွေ ရဲ ့ပုံတွေ ၊
ကျွန်မ တို ့ဆီ က ၊ ကဲချင်တိုင်း ကဲထားတဲ့ အတွဲတွေ ရဲ ့ဗီဒီယို ဖိုင်တွေ ကို ကျွန်မ ရောင်းစားခဲ့တာပေါ့ရှင် ။
ပိုက်ဆံ ရယ်လို ့အများကြီး မရခဲ့ပေမယ့် ။ ကျွန်မ မိသားစု ကို ပြန်ထောက်ပံ့ နိုင်လောက်အောင် တော့ ။
ကျွန်မ အဆင်ပြေခဲ့တာပေါ့ရှင် ။
အစ က ငွေရမှန်း သိလို ့၊ ကျွန်မ ကိုယ်တိုင် သရုပ်ဆောင်ရမလားလို ့ကမ်းလှမ်းသေးတယ် ။
ဟိုက..ကျွန်မ ဓါတ်ပုံ တွေ လဲ မြင်သွားရော….“ တစ်ခြားဟာပဲ ပို ့ပေးပါ ၊ ဈေးကောင်းကောင်းပေးဝယ်ပါ့မယ် ” ဖြစ်သွားတာရှင် ့ ။
လူတွေများပြောပါတယ် ၊ ကြောက်ကြတာ …..ညှင်းညှင်း..ညှင်းညှင်း ( ကိုယ့်ဟာကိုယ် သဘောကျ ရယ်သံ )
ရှင်တို ့ကတော့ ..သိချင်မှာပေါ့ ။
ကျွန်မ ရောင်းစားခဲ့တဲ့…ဓါတ်ပုံတွေ ၊ ဖိုင်တွေ ဘယ်ကနေ ကျွန်မ ရသလဲ ဆိုတာ ။
ဒီလို ပါရှင့်…
ကျွန်မ အင်တာနက် သုံးဖြစ်တဲ့ ဆိုင် က ဆိုင်သေးသေးလေးပါ ။
နေရာတော ့မပြောတော့ဘူး ။ ပိုင်ရှင် ပြောင်းသွားပေမယ့် ၊ ရှင်တို ့က သွား စပ်စုနေမှာစိုးလို ့ပါ ။
အဲဒီဆိုင် က အလုပ်သမား လေး က လည်း ဝါသနာအိုးလေး လေ ။
ကျွန်မ ဆိုင်မှာ သုံးနေတဲ့ အချိန် ၊ သူ နဲ ့ဆိုင်လာတဲ့ ဖောက်သည်တွေ နဲ ့ ပြောသံ ကို ကျွန်မ ကြားတာပေါ့ ။
“ အကိုကြီး..ဒီနေ ့တော့ ၊ဒါလေး တွေ ့ထားတယ် ၊ ဘာညာ အစရှိသဖြင့်ပေါ့ ”
ဒါနဲ ့…ဘယ်ရမလဲ ၊ ကျွန်မ လဲ သူ ့ကို ကပ်ရတော့တာပေါ့ ။
သူ ့နာမည် က “ ကိုကိုမောင် ” တဲ ့။
နာမည် ကို က ညွန် ့စီး ကြီး ။
လူကတော့ ဖြူဖြူသန် ့သန် ့ခပ်ဖြောင်ဖြောင့် လေး တော့ ။ ဟီဟိ ။
အခု ပြောနေရင်း ကို ကျွန်မ သူ ့ကို သတိရမိလာပြီကော ။
ကျွန်မ ပြောနေတဲ့ ဇါတ်လမ်း ဆိုတာ ၊ အဲဒီ ကိုကိုမောင် နဲ ့ကျွန်မ တို ့ဇါတ်လမ်းပါပဲ ရှင် ။
ကျွန်မ လေ ၊ ကိုကိုမောင် တို ့အင်တာနက် ဆိုင် ကို သွားသွားနေတာ အခေါက်ရေစိပ်လာတယ် ။
သွားတိုင်းလဲ…အကြောင်းတစ်မျိုးမျိုးပြ ပြီး ၊ ကိုကိုမောင့် အတွက် မုန် ့လေး ၊ အချို ရည်လေး ဝယ်ဝယ်သွားတာပေါ့ ။
နောက်ကြ ထပ်သိလာရတာ ၊ ကိုကိုမောင် က ညဆို ခွက်ပုန်းကစ်တယ် တဲ့ ။
ဒါနဲ ့…သွားတဲ့အခါ ၊ ဘီယာပုလင်း လေး ၊ အရက်ပုလင်းလေး ပါဆယ် ဆွဲ သွားတာပေါ့ ရှင် ။
နောက်ပြီး..သူ ့ဆီ သွားတိုင်း ၊ ကျွန်မ ဝတ်စားပုံ ကို နဲနဲ ပြင်ရတာပေါ့ ။
ဒါကတော့ အမျိုးသမီးတွေ အော်တို တတ်ပြီးသား မာယာ တစ်မျိုးပေါ့ ။
ကျွန်မ ကိုကိုမောင့်ဆီ သွားရင် ၊ အင်းကျီ ကို ရင်ဘတ် အရမ်းဟိုက်ထားတယ် ။
ညှင်းညှင်း…ကျွန်မ ရှက်လိုက်တာနော် ။
အို…အခုမှတော့ မထူးတော့ပါဘူးလေ ။
ပြောလက်စ နဲ ့ တစ်ဆက်ထဲ ဆုံးအောင် ပြောလိုက်ပါတော့မယ်လေ ။
ရှင်တို ့သာ…ဖတ်ပြီး ၊ ကျွန်မ ကို တစ်မျိုးမြင်မနေ နဲ ့ဦး ၊ ဟုတ်ပြီလား။
—————ဆက်ပါဦးမည်—————
18 comments
ပေါက်ဖော်
September 15, 2011 at 10:33 pm
အရပ်က ငါးပေ လောက်..
ဘောဒီက ဝါးခြမ်းပြားက အမေခေါ်ရလောက်တယ်..
ဒါနဲ ့များ….
ဘာဆက်ဖြစ်မှာရဲဟင်..
ဆက်ရန်လေးလုပ်ဦးနော်..မျှော်နေမှာ.သိရား..
ညှင်းညှင်း ညှင်း..ညှင်း..
မီးမီး သော်
September 15, 2011 at 10:48 pm
ကိုပေါက်ဖော်ရေ ကိုပေ့တော့ ဘာစိတ်ကူးတွေပေါက်နေပီလဲမသိပါဘူး။စက်ဆီ တွေအကြောင်းပြောနေပီ နော်။
mgmglusoe
September 15, 2011 at 11:20 pm
ညှင်းညှင်း…ညှင်း.. မလွယ်ပါလား….(၊ အင်းကျီ ကို ရင်ဘတ် အရမ်းဟိုက်ထားတယ် ) တဲ့…
hmee
September 15, 2011 at 11:59 pm
ဖတ်ပြီး နဲနဲတောင် လန့်လာပြီ။ 🙂
windtalker
September 16, 2011 at 12:01 am
မလန် ့ပါနဲ ့
မမမှီ
လမ်တမ်း ချရေးတဲ့ စာတို လေးပါ
ဘာရယ်ညာရယ် မဟုတ်ရပါ
“ဘီလူးကြီး”ogre
September 16, 2011 at 7:40 am
မောင်ပေ
ကျုပ်ကိုစိတ်တိုအောင်မလုပ်ပါနဲ
“““ကျွန်မ ကိုကိုမောင့်ဆီ သွားရင် ၊ အင်းကျီ ကို ရင်ဘတ် အရမ်းဟိုက်ထားတယ် ။
ညှင်းညှင်း…ကျွန်မ ရှက်လိုက်တာနော် ။
အို…အခုမှတော့ မထူးတော့ပါဘူးလေ ။””””
အဲဒီကနေစပြီ သေသေချာဆက်ရေးပါ စေ့စေ့စပ်စပ် ဖတ်မလို့ ဟာ တော်တော်အရှိန်ပျက်အောင်လုပ်တဲ့သူပဲ
pan pan
September 16, 2011 at 10:03 am
အဆုံးကို မြန်မြန်ရေးနော်
ဖတ်ရတာအားမရလို့ စိတ်တိုလာပြီ
အဲ….ဖတ်ရတာလည်း လန့်စရာကောင်းပ့ါ
ကြောက်စရာကောင်းတာကြီးက ညှင်း..ညှင်း….ညှင်းကြီး
နွယ်ပင်
September 16, 2011 at 10:14 am
မေပေါင်ရဲ့ ကျွမ်းကျင်မူကတော့ ဖတ်ကောင်းပြီဆို
ဇာတ်လမ်းကို ဖြတ်ချလိုက်တာပဲ ဖတ်ရတဲ့သူက
ဆန့်တငန်ငန့်ကိုဖြစ်ရောပဲ … မြန်မြန်ရေးပါဗျို့
နောက်ဆက်တွဲတွေကို စောင့်ဖတ်နေပါတယ် ……….
aungnng87
September 16, 2011 at 10:17 am
ကိုကိုမောင်ဆိုတာ windtalker များလားမသိ။
mr.lone
September 16, 2011 at 10:40 am
ဖြစ်နိုင်တယ်နော် … မင်္ဂလာဆောင်ရင်ဖိတ်စာဝေဦးနော်… gazette မှာ…..:P
Shwe Tike Soe
September 16, 2011 at 11:41 am
စာရေးသူ (ပို.စ်) တင်သူက မြန်မာနိုင်ငံသားပီသ လိုက်တာ… အရှိန်ကောင်းရင် ဖြတ်ပြီး…… ညှင်းညှင်းညှင်း…
ဆက်ရေးနော် …. တန်လန်းကြီးတော့မထားနဲ. အဟိ ညှင်းညှင်း
စုံ စုံ
September 16, 2011 at 11:56 am
မောင်ပေရဲ့ဒီပို့စ်မှာ အရမ်းပေါက်တဲ့စကားကတော့
ညှင်း ညှင်း ညှင်း ဘဲဖြစ်မယ်ထင်တယ် ဟဲဟဲ 😛 😛
မြန်မြန်လဲဆက်ရေးဦးနော် ကြာရင်မေ့သွားတတ်လို့
taungpawthar
September 16, 2011 at 12:28 pm
့ငွေလိုချင်နေတော့ ငွေမြင်လို ့ကိုတွေ ့ပြီးငွေရပေါက်လားလို ့ဖတ်လိုက်မိတာ စောင့်ရဦးမှာပေါ့လေ
inz@ghi
September 16, 2011 at 1:05 pm
အဲ့ငွေရပေါက်ကို နောက်လူတွေလိုက်လုပ်မှာစိုးလို့ မှားခဲ့ပြီလေ ဘာညာနဲ့ အစချီထားတာလား ဆြာ windtalker
ညှင်းညှင်းညှင်းညှင်း …အဲ့လေ … ခစ်ခစ်…
Shwe Ei
September 16, 2011 at 3:41 pm
သင်းမှေးမှေး ရောင်းစားတဲ့ ဗီဒီယိုဖိုင်တွေက ဈေးဘယ်လောက်ပေါက်လဲဟင်။ မသိလို့မေးတာနော် ညှင်းညှင်းညှင်း ;))
captainamerica
September 17, 2011 at 8:14 pm
တကယ်အဖြစ်လား ဇာတ်လမ်းဆင်ထားလားဗျ…..ကိုပေတို.ကတော့ဇာတ်လမ်းကစပြန်ဘီ
လွန်ခဲ့တဲ.2လ 3လတုန်းက မာဆတ်ဇာတ်လမ်းလေးလိုကဲစိတ်ဝင်စားစရာတော့ကောင်းသား
🙂 🙂 😛
etone
September 19, 2011 at 12:58 pm
နောက်ဆုံး ပိုင်းကိုတွေ့တော့မှ အရှေ့ပိုင်းတွေပါ ရှာဖတ်ဖြစ်တယ်… ။
အခုနောက်ပိုင်း ပို့စ်တွေက အများကြီး ဖောင်းပွနေတော့ .. ကိုယ်ပိုင်ရေး ပို့စ်တွေတောင် ရှာဖတ်ရင်း … လွတ်ရင်းမို့ မနည်းအမှီလိုက်နေရတယ် … ။ 😛
windtalker
September 19, 2011 at 2:30 pm
ဟုတ်ပ မအီးတုံးရေ
အလုပ်တွေ က လဲ
များကြတာကလား
တစ်ရက် တစ်ပို ့စ် နဲ ့၃ ပို ့စ် ခွဲတင်ဖို ့ဟာ
ကြားမှာ အလုပ်ပိ လာလို ့
နောက်ဆုံး ပို ့စ် က နောက်ကြသွားတယ်ဗျာ
မိန်းမ တစ်ယောက် ဘယ်လောက် ရုပ်ဆိုးဆိုး
ဘော်ဒီ မလှလှ
ကေ ပေါရင်
ဘဲတစ်ယောက် တော့ ရတာပါပဲ
ဟီဟိ