ခင်သာဇာတိ မောင်သာဂိ(၇)

Nan ShinSeptember 19, 20111min2215

အခန်း(၇)ကပ္ပိယ သာဂိ

              အရှေ့ အရပ်မှ  ထွက်ပေါ်လာသော   နေမင်းကြီးသည်   တနေ့တာ    မိမိ၏         တာဝန်များကို    ထမ်းဆောင်ပြီးပြီ   ဖြစ်၍   အနားယူ   အိပ်စက်တော့မည်    ဖြစ်၏။      ခင်သာရွာလေး၏      ဆည်းဆာချိန်အလှ      သည်     အရှေ့ဘက်  တွင်   လယ်ကွင်းကျယ်ကြီးများ     နှင့်         အနောက်ဘက်တွင်ပုကွကွ      အပင်ငယ်များ     ဟိုတအုပ်        ဒီတအုပ်       ပေါက်ရောက်   နေကြပြီး     တောင်ဘက်တွင်တော့    အလွန်တရာ     လှပသည့်      သဲချောင်းကြီး   တခုက      ကာရံထားသည်။          မြောက်ဘက်ခပ်လှမ်းလှမ်းတွင်    ဟိုတစု           ဒီတစု           တဲငယ်လေးများ   ရှိသည်။   ဆည်းဆာချိန်   လည်းဖြစ်နွားများကို       ချည်တိုင်   ပို့သည့်အချိန်     လည်း     ဖြစ်ခြင်းကြောင့်    နွားကျောင်းသား    တို့၏ အော်ဟစ်သံများ       ကြိမ်းမောင်းသံများ     အပြင်နွား    တို့၏    တွန်ကြူးသံ     ကိုလည်း       ကြားနေရမည်
ဖြစ်သည်။      နွားအုပ်များ၏     ပြေလွှား   ဆော့ကစားမှုနဲ့     အတူ   နွားကျောင်းသား  တို့၏   လိုက်လံထိမ်းကျောင်းမှု        များကြောင့်          ဖုံလုံးကြီး    များလည်း    တလိမ့်လိမ့်       တက်နေမည်ဖြစ်သည်။
                    ၎င်းသည်ပင်       ခင်သာရွာလေး ၏     ဆည်းဆာ   အလှတပါး         ဖြစ်ပေသည်။           ဒိအပြင်တော့ညို့ညို့   မှိုုင်းမှိုင်း   ရေးတေးတေးသာ    မြင်ရသော      အရှေ့တောင်ကြီးနှင့်              သစ်ပင်ငယ်အချို့ကိုပင်     ထင်ထင်ရှားရှား     မြင်နေရသော      ပဲခူးရိုးမကြီး။     ၎င်းအား    ကျော်ခွလုဆဲဆဲ        ဖြစ်နေ
သော    ဝိုင်းစက်စက်      နီမြန်းမြန်းနှင့်     နေမင်းကြီး။     မိမိအတွက်      အလွန်တရာ    တန်ဖိုးကြီးမားလှသည့်      အဘချို     ဟူသော       နေမင်းကြီး တဆူ    ပျောက်ကွယ်သွားပြီး       ဖြစ်၍    နှမျောတသဖြစ်ခဲ့ ရသော    သာဂိ   အဖို့    နေ့စဉ်    ဝင်ထွက်    သွားလာ   နေသော     နေမင်း     တဆူ        ပြန်
ဝင်သွားခြင်း                 အတွက်  ဘာမှ    မထူးဆန်းတော့။          ထူဆန်းနေသည် က    တခါမှမဖြစ်ဖူးသော   တုန်လှုပ်စိတ်။       မှန်သည်။        သာဂိတယောက်        အလွန်ပင်    တုန်လှုပ်     ခြောက်ခြားမှုတခုကို      ခံစားနေရသည်။         တကယ်တော့လည်း      ဒီကိစ္စ   အတွက်     နဲ့တော့    တုန်လှုပ်နေစ
ရာမလို    ဟု နားလည်ခဲ့သည်။     သို့သော်   မျက်နှာပူသည်။     ဘယ်လို    လုပ်ရပါ့မလဲ။       အမျိူးမျိူးစဉ်းစားသည်။    လူတယောက်သည်              မိမိ   ကိုယ်တိုင်   အပြစ်  တခုုကို    ကျူးလွန်     ထားပါက၎င်းအပြစ်      အတွက်     တုန်လှုပ်နေမည်   မှာ    ဓမ္မတာ   ပင်        မဟုတ်ပါလော။      မျက်နှာပူမည်။
ပြီးတော့    ငါ့ရဲ့        အမှား  အတွက်    သက်ဆိုင်သူ    တွေက    ဘယ်လို   တုန့်ပြန်ကြမှာလဲ    စသည်ဖြင့်   တွေးတော  နေမည်လဲ    မလွဲပေ။    သာဂိလည်း    ၎င်း  သဘောတရား   ကို မလွန်ဆန်      နိုင်သဖြင့်    ခေါင်းခဲနေပြီ     မဟုတ်ပါလော။        ဘာပဲဖြစ်ဖြစ်   လာမဲ့ဘေး     ပြေးတွေ့တာပဲ       ကောင်းပါ
တယ်…   မှိုင်တွေနေလို့    ဘာအကျိုး    ရှိမှာလဲ       ဖြစ်ချင်ရာဖြစ်ပါစေတော့…     ဟုတွေး၍     ဦးထွေးနဲ့ ဒေါ်အေးပုံ   တို့၏အိမ်   တည့်တည့်သို့   ခေါင်းငိုက်စိုက် ကျလျှက်   လျှောက်လာခဲ့သည်။        ဦးထွေးနှင့်   ဒေါ်အေးပုံမှာ             ၎င်းကျောင်းနေသော  နွားများ၏   ပိုင်ရှင်များ   ဖြစ်ကြ၍    အလုပ်ရှင်  ဟုဆို
လျှင်လည်း   မမှားပေ။       သို့သော်     သာဂိ၏    ချစ်ခင်  နှစ်လိုဖွယ်     စိတ်ထားလေး   ကြောင့်လည်းကောင်း၊    ၎င်းတို့၏    တဦးတည်းသော   သမီးဖြစ်သူ ရွှေရီ ကလည်း အကိုအရင်းတယောက်လို  ချစ်ခင်ပြီး နွဲ့ဆိုးလေးဖြင့် ဆိုးသမျှကို သည်းခံအလိုလိုက်ပေးတတ်သောကြောင့်လည်းကောင်း သာဂိကို သားအရင်းတယောက်လိုပင်ချစ်ခင်ကြသည်။
သာဂိနှင့်ရွှေရီမှာ အသက်ချင်းသိပ်မကွာလှသော်လည်း သာဂိ၏ အနေအထိုင် တည်ကြည်ခြင်း လူကြီးလူကောင်းတယောက်လိုပြောဆိုဆက်ဆံတတ်ခြင်း စသည်တို့ကြောင့်လည်းကောင်း၊ ရွှေရီ ၏နေရာတကာတွင်ကလေးဆန်မှုများကြောင့်လည်းကောင်း၊ အကိုကြီးနှင့်ညီမလေး ဟုသတ်မှတ် ခေါ်ဝေါ် နေကြခြင်းဖြစ်သည်။ တခါတုန်းကလည်း ဆရာမတဦးက ကျောင်းသို့မျှစ်ချဉ်ဟင်းကို ထည့်လာ၏။ ၎င်းဟင်းကိုမြင်သွားသော ရွှေရီ က စားချင်တယ် ဆရာမဆီကတောင်းကြွေး ဟု သာဂိအားဂျီတိုက် ၍ပူဆာ၏။ သာဂိကလည်း မိမိပါလာသည့်ထမင်းနှင့်ဟင်းအားလုံးကိုစားလိုက်ပါ၊ မုန်ဈေးတန်း ကမုန့် တွေ ကို လည်းကြိုက်တာပြောပါ၊ ဝယ်ကြွေးပါ့မယ် ဆရာမဆီကတော့မတောင်းပေးပါရစေနဲ့ ဟုတောင်းပန်သည်။  မရ။ မတောင်းပေးလျှင်ငိုမည် ဟုပြော၍ အခင်းမရှိသော မြေကြီးပေါ်တွင် ချက်ချင်း ထိုင်ချပြစ်လိုက်သည်။ သာဂိက အမျိုးမျိုး ချော့ကြည့်သော်လည်း မထူးပြီဖြစ်၍ ဆရာမထံသို့ သွား၍ ဟင်းတောင်းသည်။ ဆရာမကစိုးရိမ်လှ၍ သားတို့ထမင်းမထည့်ခဲ့ကြဘူးလား ဟုမေသည်။ သာဂိက ထည့်ခဲ့ပါတယ်ဆရာမ… ဆရာမရဲ့…..ဟင်းကအနံ့လေးမွှေးနေလို့အဲ့ဒါလေ………ဟို……ကျနော်နဲ့ ကျနော့်ညီမလေးက စားချင်လို့….ဟု မျက်နှာကို အောက်ငုံလိုက်ဘေးကိုကြည့်လိုက်ဖြင့် ရှက်သွမ်းသောအမူအရာနှင့်ပြောလိုက်ပါသည်။ ဆရာမက….သာဂိပြောဆိုလိုက်သော ဟန်အမူအရာကို သဘောကျသည်ကတကြောင်း၊ ပွင့်လင်းမှုကိုုုအားရသည်ကတကြောင်း ပင်ကိုယ်ကလည်း သဘောကောင်း လှသည်ဖြစ်၍ ပါလာသော ဟင်းကိုတဝက်ခွဲပေး၍ နောက်စားချင်ရင်လည်းလာပြောနော် သား ဟုပြောပြီး ပေးလိုက်ပါသည်။ ရွှေရီ က ဟေ့ ဒါမှ ဒို့ကိုကြီးသာဂိကွ ဟု အားပါးတရချီးမွမ်းပါသည်။ ရွှေရီ ကလို ချင်တာ ကိုပြောမည် ရလျှင် ဒါမှဒို့ကိုကြီးကွ ဟုဖက်လှဲတကင်းအော်မည်။ ထိုနေ့မှစ၍သာဂိအပေါ်တွင် ဆိုးချင်တိုင်းဆိုး၍နေခဲ့သော ရွှေရီ မဟုတ်ပါလော။ ၎င်းတို့နှစ်ဦးမှာ သူငယ်တန်းမှစ၍ လေးတန်း အထိ အတန်းအတူတူတက်ခဲ့ကြပြီး ရွှေရီ မှာကိုးတန်းသို့ပင်ရောက်နေပြီဖြစ်၏။
            ဦးထွေးတို့ တဦးတယောက် ကိုမျှမတွေ့။ ထို့ကြောင့် အော်ခေါ်ကြည့်သည်။နောက်ဖေး ရေချိုးခန်းလေးထဲမှ အကိုကြီးရေ အိမ်ရှေ့မှာ ထိုင်ဦး အဖေနဲ့အမေတို့ဟိုဘက်ရွာကို ကိစ္စတခုအရေးကြီးလို့ဆိုပြီး ထွက်သွားကြတယ်။ ချက်ချင်းပြန်လာမယ်လို့ပြောသွားတယ် ဟုလှမ်းအော် ပြောသော ရွှေရီ၏အသံကိုကြားလိုက်သည်။ရွှေရီ ရေချိုးနေခြင်းဖြစ်မည် ဟုတွေးမိလိုက် ၍အိမ်ရှေ့ခန်းရှိ ခုန်များတွင်ဝင်ထိုင်နေလိုက်သည်။ ဦးထွေးတို့ကိုတွေ့ရင်ဘယ်ကစပြောရပါ့ ဟုလည်းတွေးနေသည်။ အချိန်ကတနာရီနီးပါးကြာသွားပေပြီ။ ဦးထွေးတို့လည်းပြန်မလာ။ ရေးချိုးခန်းထဲမှ ရွှေရီ ၏အသံကို လည်းထပ်မကြားရတော့၍ ပြန်လျှင်ကောင်းမလား ဟု စဉ်းစားလိုက်သည်။ ပြီးတော့မှမဟုတ်သေးပါဘူး ရေချိုးတာဒီလောက်မကြာနိုင်ဘူး ဘာဖြစ်နေတာပါ့လိမ့် ဟု တွေးမိ၍ ရွှေရီရေ ဘာလုပ်နေတာလဲ ရေချိုးတာကြာလှချည်လား ဟုလှမ်းအော်မေးလိုက်သည်။ မည်သည့်အသံကိုမျှမကြားရ။ နောက်တခါ ရွှေရီရေ ဟုခေါ်ကြည့်လိုက်ပြန်သည်။ မထူး။ ထို့ကြောင့်ရေချိုးခန်းရှိရာဘက်သို့ ဝင်လာခဲ့လိုက်သည်။ တောသဘာဝအရ ရေချိုးခန်း မှာ မိန်းကလေးများရှိသောအိမ်၌အရှက်တရားကို ကာကွယ်ရန်အတွက်သာ သက်ကယ် တောင်ထန်း ဓနိစသည်တို ့ဖြင့် ကာရံ၍အခန်းဖွဲထားကြသည်။ သော့ခတ်ခြင်း အလုံပိတ်ခြင်းစသည် လုံးဝမရှိကြပေ။ ရေးချိုးခန်းအနီးသို့ရောက်သောအခါတွင်ထပ်ခေါ်ကြည့်ပြန်သည်။ လုံးဝတိတ်ဆိတ်လျှက် မည်သည့်အသံကိုမျှမကြားရ။ ထို့ကြောင့်ရေချိုးခန်းထဲသို့ အရဲစွန့်ပြီး ဝင်ကြည့် လိုက်သည်။ ပါးစပ်က ဟိုက် ဟုတချက်သာအော်နိုင်ပြီး စိတ်တွေကတော့ တလောကလုံးက ဖောက်ထွက်ပြီး စကြာဝဠာအနှံ့သို့အပတ်ပေါင်းများစွား ပြေလွှားနေမိရင်း မှင်သက်သွားသည်။ ထို့သို့သော စိုးရိမ်စိတ်နှင့် သာဂိအဖို့မည်သို့မည်ပုံ အမည်တပ်ရမည်မှန်းမသိသောစိတ်တခုကြောင့်တုန်လှုပ်နေသောစိတ်သည် ပို၍ပို၍တုန်လှုပ်မိတော့၏။ သို့သော်တုန်လှုပ်နေဖို့အချိန်မရှိ။ ထို့ကြောင့် ရေစိုနေသော ပုဆိုးပိုင်းက ဘေးတွင်ပုံကျလျှက် လဲနေသောရွှေရီကို ကဗျာကယာ ကောက်ပွေ့လိုက်သည်။ အဝတ်အစားများ လဲပေးသည်။ စောင်ချုံပေးသည်။ပြီးတော့ အိမ်နီးနားချင်းအားလုံးကို အသိပေးလိုက်သည်။ ရွာတောင်ပိုင်းမှ ဗိန်းနှောဆရာဦးဂွစာ ဆိုသူလည်းရောက်လာသည်။ ဦးထွေးတို့လင်မယားကတော့ ပြန်ရောက်မလာ ကြသေး ပေ။ ဦးဂွစာက ရင်ဘတ်နှင့် ခြေဖျား လက်ဖျားများကို ဆေးလူးပေးပြီးနိုးလာလျှင် တိုက်ဖြစ်အောင်တိုက်လိုက်ဖို့ဆေးအနည်းငယ်ပေးပြီးပြန်သွားသည်။ အိမ်နီးနားချင်းများက လည်း အားလုံးပြီးစီးအောင်စီမံပေးကြပြီးပြီဖြစ်၍ ပြန်သွားကြသည်။ရွှေရီ၏မိဘများပြန်ရောက်မလာ မခြင်း စောင့်ကြည့်ပေးဖို့  သာဂိမှာတာဝန်ရှိသည်။  အရင်လည်း ကြုံရင်ကြုံသလိုအိပ်နေကျမို့မထူးဆန်းတော့ပေ။
လောကကြီးထဲတွင် သာဂိတယောက်ဘာတွေဖြစ်နေသည်ကိုလဲလုံးဝမသိ၊ မိမိကိုယ် တိုင်လဲဘာ တွေဖြစ်နေ သည်ကို  လုံးဝမသိရှာသော ရွှေရီနှင့် မိမိ၏တုန်လှုပ်ခြောက်ခြားမှုများကုစားနေရင်းနှင့်ပင် ပို၍ တုန်လှုပ်စရာများကိုတွေ့ကြုံနေရသောသာဂိတို့နှစ်ယောက်ဖယောင်းတိုင်း ငယ်လေး၏မှိတ်တုတ်မှိတ်တုတ် အရောင်အောက်တွင် တဦးကငြိမ်သက်မှုအပြည့် တဦးက ဆောက်တည်ရာမရ။ စိုးရိမ်မှုများရော အိုး ဘာမှမသိ ဘာမှလဲ မသိချင်ဘူး။ အတွေးအားလုံးကိုလွှင့်ထုတ်ပြစ်ရင်း ဘုရားစာများရွတ်ဖတ်လိုက်မည် ဟုတွေးလိုက်စဉ်မှာတော့ တဟင်းဟင်း နှင့်အသံထွက်စပြုလာ၍ ရွှေရီကိုလှည့်ကြည့်မိလိုက်သည်။ မျက်နှာလေးက အနည်းငယ်ရှုံ့မဲ့လျှက်…ချွေးသီးချွေးပေါက်ကလေးများကလည်းထွက်နေသည်။ မီးရောင်သည်ရွှေရီ၏မျက်နှာပြင်လေးပေါ်သို့ဝိုးတဝါးသက်ရောက်နေသည်။ အမြဲတန်းစိတ်ကောက်တတ်တဲ့ မျက်နှာနှင့်လိုတာရ၍ရွှင်လန်းသောမျက်နှာ ဒီနှစ်မျိုးကိုသာ သာဂိအလွတ်ရခဲ့သည်။ သာဂိနှင့် တွေ့လိုက်သည့်အချိန်တိုင်းတွင် ရွှေရီသည် မဲ့လျှင်မဲ့နေမည် မြူးလျှင်မြူးနေမည်။ အခုတော့ ဘာရယ် မဟုတ်ကြည်၍ကောင်းလှသည်။ ထို့ကြောင့် မည်မျှကြာသွားသည်မသိလိုက် အတော်လေးကြာ အောင်တော့စိုက်ကြည့်ပြစ်လိုက်သည်။ ရွှေရီ၏ ငြီးငြူသံလေးများထပ်ထွက်လာပြန်သည်။ ၎င်းငြီးသံလေးများ ထွက်လာချိန်တွင် ရွှေရီ၏မျက်နှာမှာ ပို၍ကြည့်ကောင်းနေသည ်ဟု ထင်သည်။ သာဂိ၏စိတ်ထဲတွင်ရွှေရီရဲ ့မျက်နှာလေးကိုကြည့်နေရခြင်းသည်ရွှေရုပ်လွှာနတ်မိမယ်တပါးကို ကြည့်နေရသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် ဘုရားစာရွတ်ဖတ်ရန်မေ့လျှော့ပြီ အလှကသိုဏ်းရှုနေမိသည်။ မသိစိတ်ထဲမှာလည်း အော် ရွှေရီဟာ ကလေးလေးတယောက်မဟုတ်တော့ ပါလားဆိုသည့်အချက်က မသိမသာဖြတ်ပြေးသွားခဲ့သည်။ အမှန်တကယ်တော့ ၎င်းမသိစိတ်တချက်သည်ပင် ရင်ခုန်သံတခုဖြစ်နေမှန်းကို သာဂိ ကိုယ်တိုင် လည်းမသိလိုက်။ ရွှေရီလေးက အတော့်ကိုချစ်စရာကောင်းပါလားလို့လဲတွေးပြီး ပြုံးမိလိုက်သည်။ ထိုစဉ်ရွှေရီသတိရလာသည်။ သူ့ကိုစိုက်ကြည့်နေသောသာဂိကိုတွေ့သွား၍လန့်ပြီး ကုန်းထ မည်ပြုလိုက ်သည်။  သို့သော်မရ။ သာဂိကဘာလိုချင်လို့လဲ ညီမလေး အကိုကြီး ရှိတယ်လေ ဘာလုပ်ပေးရမလဲပြော ဟု အကြင်နာကရုဏာ အပြည့်ဖြင့်ပြောလိုက်သည်။ ရွှေရီက အမေတို့ရော ဟု နီးမြန်းပါးလျှသော နှုတ်ခမ်းပါလေးကို မဟပဲ ညင်ညင်သာသာ တိုးတိုးလေးမေးသည်။ ဒေါ်အေးပုံတို့ပြန်မလာကြသေးဘူး ဟု တိုတိုတောင်းတောင်းပင်ပြန်ဖြေလိုက်သည်။ ရွှေရီသတိရလာပြီဖြစ်၍ စိုးရိမ်စိတ်များရော တုန်လှုပ်မှုများပါ အနည်းငယ် အနယ်ထိုင်သွားသည်။ သို့သော်ရွှေရီက ညီမလေးကြောက်တယ် အနားမှာလာထိုင်ပေးပါလား ဟုပြောလိုက်သဖြင့် မိမိထိုင်နေသော ကုလားထိုင်ပေါ်မှဆင်း၍ ရွှေရီအနားတွင်သွားထိုင်နေလိုက်သည်။ သာဂိခံစားမှုစိတ်ဝိညာဏ်များနှင့် ခန္ဓာကိုယ်တခုလုံး ဘာရယ်ကြောင့်မသိ တုန်လှုပ်မောဟိုက်နေ၏။ ၎င်းအခြင်းအရာကို တော့ သာဂိ ကိုယ်တိုင်ကမသိကျေးကျွန်ပြုထားသလို ရွှေရီကလည်းရိပ်မိမည်ပုံမပေါ်။ မည်သို့ပင်ဆိုစေ ထိုသို့အမည်မတပ်နိုင်သည့် စိတ်ကလေးတခုဖြစ်မိနေခြင်းသည်ပင်လျှင် သာဂိအဖို့ နေရထိုင်ရတာ အရသာတမျိုးလိုလို။ ရွှေရီက တင်ပလင်ခွေလျှက်ထိုင်နေသော သာဂိ၏ပေါင်ကို ခေါင်းအုံးအဖြစ်ပြောင်းလဲလိုက်သည်။ ပြီးတော့ မျက်စိကို စုံမှိတ်ပြီး သာဂိရဲ့လက်ကို ကျစ်ကျစ် ပါ အောင် ဆုပ်ကိုင်ထားလိုက်သည်။ ကြည်နူးမှုတစုံတရာသည်သာဂိ၏ခန္ဓာကိုယ်အနှံ့အပြားသို့ လှည့်လည် ပြေးလွှား နေခဲ့သည်။ ၎င်းကြည်နူးမှုကိုတသက်လုံးပိုင်ဆိုင်ထားလိုက်ချင်သည်။ တသက်စာ ပြုစုပြိုးထောင် ထိမ်းသိမ်းစောင့်လျှောက်ခဲ့သော မိမိ၏ သိက္ခာတရားကို အစိမ်းလိုက်ဝါးမျိုပြစ်မည့် ကြည်နူးမှုပါလား လို့တော့ နားမလည်ခဲ့။ ထို့ကြောင့်ရွှေရီ၏မျက်နှာတွင် တင်ကျန်နေသော ချွေးစလေးများကို သုတ်ပေးရင်း ဆံဖျားလေးများကို ပွတ်သပ်ပေးနေလိုက်သည်။ ရွှေရီကလည်းမှိန်းပြီး ငြိမ်နေသည်။ထိုစဉ် ဦးထွေးနှင့် ဒေါ်အေးပုံတို့ပြန်လာပြီး သာဂိနှင့်ရွှေရီ တို ့၏အနေအထားများကို မြင်သွားသော ဦးထွေးမှာ အလွန်ဒေါသထွက်သွားသည်။ ထို့ကြောင့် နံရံတွင်ချိတ်ဆွဲထားသောငှက်ကြီးတောင် ဓါးကိုပြေးဆွဲသည်။ ဒေါ်အေးပုံက အတင်းဆွဲထား၍ သာဂိအားထွက်ပြေးရန်ပြောသည်။ သို့သော် သာဂိက မပြေးဘဲ မိမိဘာမှ မမှားကြောင်း ရှင်းပြရန်  ကြိုးစားသည်။   ရွှေရီ ကလည်း   သူ့အဖေရဲ့  အတွေးကို   ရိပ်မိပြီး   ရှက်ရှက်နှင့်
ငိုယိုလျှက်မျက်နှာကိုအုပ်ပြီးအခန်းထဲသို့ပြေးဝင်သွားသည်။ ဒေါ်အေးပုံကတော့ ဦးထွေးကိုလဲ ဘာမှဆက်မလုပ်ဖြစ်ဖို့တောင်းပန်သလို သာဂိအားလည်း ဘာမှဆက်မပြောဘဲ ပြန်သွားရန်နှင့် ရှင်းပြလိုကလည်းနက်ဖြန်မိုးလင်းမှလူစုံတက်စုံရှိမှာသာလျှင် လာရောက်ရှင်းပြရန်တောင်းပန်ပြီး ပြန်ခိုင်း လိုက် သည်။     အနည်းငယ်  ဆူညံသွား၍  အိမ်နီးနားချင်း များလည်း  ရောက်လာကြသည်။      ဖြစ်စဉ်ကို
မေးမြန်းကြသည်။ သို့သော် သာဂိကတော့ ရှက်လည်းရှက် မိမိအားလည်းထိုသို့မြင်ရပါမည်လော ဟုတွေးပြီး စိတ်ကလည်းတို နှင့် ဘာမှဆက်မပြောဘဲ ခေါင်းငိုက်စိုက်လျှက်ပင်ပြန်လာခဲ့သည်။ အိမ်သို့ပြန်မရောက်မှီ လူအနည်းငယ်ပြတ်သော တောအုပ်ကလေးတနေရာသို့အရောက်တွင် သူခိုး….သူခိုး…..သူခိုး အော်ဟစ်သံများကိုကြားလိုက်၍ချက်ချင်းစိတ်ပြောင်းသွားပြီးသူခိုးနောက်မည် ဟုပြင်လိုက်သည်။ ထိုစဉ် အသံများမှာ နီးသည်ထက်နီးလာပြီးလျှင် မီးတုတ်များဖြင့် မိမိအားဝိုင်းထားလိုက်ကြလေသည်။
         အော် သာဂိ သာဂိ ပြောတော့ ဘုရားဘုရားနဲ့အခုတော့လဲနွားသူခိုးလေးဖြစ်နေပါလားဟူသော ဦးမြင့်အောင်၏အသံကိုကြားလိုက်ရသည်။ အားလုံးကမီးတုတ်များကိုင်ထားကြ၍ဘယ်သူဘယ်ဝါ ဟု တပ်အပ်မသိသော်လည်း ကြားဖူနေသောအသံများပင် ဟုတော့သိလိုက်၏။ တချို့က လည်း ရုပ်ကလေးသနားကမားနဲ့ကွာ ဟုပြောသလို တချို့ကလည်း ဟင်း သူခိုးကလည်းငယ်ငယ်လေးပါလား ဟုပြောကြသည်။ သူ့မိဘတွေမှာ ပိုက်ဆံရှိရဲ့သားနဲ့ကွာ ဘာဖြစ်လို့များဒီလိုလုပ်ရတာလဲမသိဘူး ဟုပြောသူကပြောကြသည်။ ဘာတွေကိုဆိုလိုနေမှန်းလဲမသိ ဘာတွေဖြစ်နေမှန်းလဲမသိ၍ မေးမည်အပြုတွင် ….ဦးမြင့်အောင်၏ အသက်ငယ်တာ မိဘချမ်းသာတာတွေပြောမနေနဲ့ဟေ့ သူခိုးကသူခိုးပဲ ချကွာ ဟူသောအသံနှင့်  မျက်စိထဲတွင် ဝင်းကနဲ လက်ကနဲဖြစ်ပြီး   ပူထူလဲကျသွားသည် မှတပါး ဘာမျှမသိတော့။
သတိရတဲ့အချိန်မှာတော့ ဘေးပတ်ပတ်လည်တွင် ဆရာတော်နှင့်သံဃာတော်များ ပြီးတော့ ဦးသာလှနှင့် ဒေါ်ရင်မှုန်။ ဒေါ်ရင်မှုန်ကတော့ ရှိုက်ကြီးတငင်ငိုယိုနေသည်။ ဆရာတော် နှင့် သံဃာများကလည်း စိတ်မကောင်းခြင်းများစွာနှင့် ကရုဏာသက်ကြည့်ရှုနေကြသည်။ ဗိန်းနှောဆရာ ကိုဂွစာကတော့ ကိစ္စပြီး၍ပြန်တော့မည့်ဟန်ဖြင့် ကွမ်းအစ်ကြီးထဲမှ ကွမ်းများကို ထုတ်ယာနေသည်။ ဦးမြင့်အောင် ခေါ်ယောက်မကြီးကတော့ မိမိနွားကိုခိုးသော နွားသူခိုးအား မိမိကိုယ်တိုင်ဖမ်းလိုက်နိုင်ပြီ ဟူသော အမူအရာနှင့် ရှားလော့ဟုမ်း ဂိုက်ဖန်းပြီးဆေးတံကိုဖွာနေသည်။ ဦးသာလှနှင့် ဒေါ်ရင်မှုန်တို့အားလည်း ကဲ နင့်သား  ဗြဟ္မစိုရ်သာဂိ ကနေ သူခိုးသာဂိဖြစ်သွားပြီ ဘာတတ်နိုင်သေးလဲ ဟူသောအကြည့်မျိုးနှင့်မကြာမကြာလှမ်းလှမ်းကြည့်သည်။ ထိုစဉ်ဦးမြင့်အောင်၏သမီး ဘုတ်ဆုံမနှင့် ခင်သာရွာနှင့်လေးမိုင်ခန့်ဝေးသော ခင်တိုရွာမှ မောင်အောင်ပု ဆိုသူတို့ လက်ချင်းချိတ်လျှက် ကျောင်းပေါ်သို့တက်လာကြ၏။ ဦးမြင်အောင်မျက်လုံးများပြူးသွားသည်။ ထို့နောက် မင်းတို့ ဒါဘာလုပ်ကြတာလဲ ဟုသောအကြည့်မျိုးနှင့်ကြည့်ပြီး မကြေမချမ်းဖြစ်ကာ ရိုက်မည်ပြုသည်။ ဆရာတော် က အဟန့် ဟုချောင်းသံပေးလိုက်၍ ပြန်ငြိမ်သွားသည်။ ထို့နောက် အောင်ပုက ဆရာတော်အား ဦးခိုက်ရှိခိုးလျှက်ဆရာတော်အားဦးမြင်အောင်ရဲ့နွားကိုခိုးတာ သာဂိမဟုတ်ပါဘူးဘုရား ဟုလျှောက်သည်။ ဦးမြင့်အောင်က လက်ပူး  လက်ကြပ်မိတာတောင် …  ဟုပြောပြီး  ဆက်ပြောမည်  အပြုတွင် ဆရာတော်က
ဦးမြင့်အောင်ကို လက်ကာပြလိုက်၍ပြန်ငြိမ်သွားသည်။ ဆရာတော်က ကဲဒကာလေးအောင်ပုဆက်ပါဦး ဟုမိန့်လိုက်၍ အောင်ပုက မှန်လှပါဘုရား…တပည့်တော်နဲ့ဦးမြင့်အောင်ရဲ့သမီး ဘုတ်ဆုံမတို့ကလွန်ခဲ့တဲ့ လေးနှစ်ကတည်းကတယောက်ကိုတအပြန်အလှန်ချစ်ကျွမ်းဝင်ခဲ့ပါတယ်ဘုရား…ဒါကြောင့်တပည့်တော်တို့ကတအိုးတ
အိမ်ရာထူထောင်ဖို့စီစဉ်ပါတယ်ဘုရား…ဒါကို ဦးမြင့်အောင်က မင်းလိုခြောက်တန်းတောင် မအောင် တဲ့ သူနဲ့ ငါ့သမီးကိုလုံးဝမပေးစားနိုင်ဘူးကွ…ငါ့သမီးကဘွဲ့ရပြီးသားဖြစ်တယ်အဲ့ဒိအတွက် ငါ့သမီးကို ဘွဲ့ရပညာတတ်နဲ့ပဲပေးစားနိုင်မယ်.ပြီးတော့ မင်းလိုတောသူတောင်သား ခပ်တုံးတုံးးခပ်အအ တွေနဲ့ ငါ့သမီးကမတန်ဘူး…စသည်ဖြင့်တပည့်တော်ကိုပြောပါတယ်ဘုရား…..တပည့်တော်လည်း ဘုတ်ဆုံမ အတွက်မျက်နှာမငယ်ရအောင်ကြိုးစားခဲ့တာ အခုဆိုရင် လယ်နဲ့နွားနဲ့ကိုယ်ပိုင်အိ်မ်ခြံနဲ့ဖြစ်နေပါပြီဘုရား…
ဒါပေမဲ့..ဦးမြင့်အောင်က ဒီနှစ်မှာပဲ သူ့သမီးကို မြို့က ပွဲစားတယောက်နဲ့ပေးစားမလို့စီစဉ်နေတာ
ကိုသိရတာနဲ့မိသားဘသားပီပီတောင်းမရရင်တော့ ခိုးယူရမှာပဲလို့ ဆုံးဖြတ်လိုက်ပါ တယ်ဘုရား ….ဒါပေမဲ့ ဦးမြင့်အောင်အိမ်ကလူအဝင်အထွက်များတဲ့အတွက် ခိုးဖို့ရာမလွယ်ကူခဲ့ဘူး ဒါကြောင့် ဦးမြင့်အောင် ရဲ့နွားတွေကို တပည့်တော်ကိုယ်တိုင်ခိုးပြီးလူရှင်းတဲ့တောအုပ်ထဲမှာသွားချည်ထားခဲ့တာပါ….ပြီးတော့မှ တပည့်တော်ကိုယ်တိုင်ပဲသူခိုး သူခိုးလို့အော်ပြီလူအုပ်ကြီးကို အဲ့ဒိနွား ရှိတဲ့ဘက် ကိုလွှတ် လိုက်ပြီး တပည့်တော်ကဦးမြင့်အောင်အိမ်ကိုပြန်လာပြီး ဘုတ်ဆုံမကိုခိုးပြေးတာပါဘုရား…ဖြစ်ချင်တော့ သူခိုးဖမ်းတဲ့ လူအုပ်ကြီးက နွားချည်ထားတဲ့နေရာ အရောက် သာဂိကလည်း အဲ့ဒိနားအရောက်မို့ မမျှော်လင့်ဘဲအခု လိုဖြစ်သွားတာပါဘုရား….ဒါကိုတပည့်တော်က သိလည်းသိ ကိုယ်တိုင်လည်း ဝင်ဖြေရှင်းဖို့အချိန်မရတာနဲ့ မိုးဒီတို့ အရက်ဆိုင်ကို ဝင်ပြီး သူခိုးမဟုတ်တဲ့ သူတယောက်တော့ သူခိုးအစွတ်စွဲခံရတော့မယ်…ဆရာတော်
ကိုယ်တိုင်ထွက်ကယ်မှရမယ် ဘာညာနဲ့တပည့်တော်ကဝင်ပြောခဲ့တာပါဘုရား ဟုလိပ်ပတ် လည် အောင်ရှင်းပြလိုက်လေ၏။   ဦးမြင့်အောင်လဲ   ဘာမှ   ဆက်မပြောနိုင်တော့ဘဲ   ရှက်ရှက်နှင့်  ကျောင်းပေါ်
မှ စောင့်အောင့်လျှက်ဆင်းသွားပါလေတော့သည် ။ဆရာတော်ကလည်း အေးကွဲ ညက ဘုန်းဘုန်းရောက်တာမြန်ပေလို့ပေါ့ နောက်သာကျသွားလို့ကတော့သာဂိအတွက်ကတော့မတွေးဝံ့စရာပဲ ဟုမိန့်ပြီး ဒကာမြင့်အောင်…. ဒကာမြင့်အောင်….နှုတ်ဖျားမှ တဖွဖွ ရွတ်ရင်း ခေါင်းတ ဆတ်ဆတ် ညှိမ့်နေစဉ် ဦးထွေးနှင့်ဒေါ်အေးပုံတို့လည်းတက်လာကြပါသည်။ ထိုစဉ် ကွမ်းတမြုံ့မြုံ့နှင့် မပြန်သေးပဲ သာဂိအကြောင်းကိုစိတ်ဝင်တစားနားထောင်နေသော ဗိန်းနှောဆရာ ကိုဂွစာက ဟေ့ ဟေ့ ကိုထွေးညကခင်ဗျားသမီးရေချိုးရင်းမူးလဲကျသွားတယ်ဆိုတာ အခုသက်သာပြီလားဟု လှမ်းမေးလိုက်သည်။ ထိုအခါ ဒေါ်အေးပုံ အေး အခု အဲ့ဒိကိစ္စနဲ့လာတာတော်ရေ ဒီမှာလူမိုက်ကြီးက ကျေးဇူးရှင်ကိုကျေးစွတ်မိလို့လာပြီးတောင်းပန်ရတာ ဟု ပြောလိုက်စဉ် သာဂိက ရေသောက်ချင်တယ် ရေပေးကြပါ ဟုပြော၍ဒေါ်ရင်မှုန်က ပြာပြာသလဲဖြင့်ရေတခွက်ထခပ်ပေးလိုက်သည်။ ရေတခွက်ကို အားရအောင်သောက်လိုက်ပြီး ဒေါ်အေးပုံပြောလာမည့်စကားများကို နားစွင့်နေလိုက်သည်။ ဆရာတော်က ကဲဘာတွေထပ်ဖြစ်လာကြပြန်ပြီလဲပြောကြပါဦး ဟု မိန့်လိုက်သဖြင့် ဦးထွေးထက် စကားပြော ချက်ချာ လှ သော  ဒေါ်အေးပုံက မနေ့က  တပည့်တော်တို့ ကိစ္စတခုနဲ့   ဟိုဘက်   ကြို့ပင်ကောက်ရွာကို သွားခဲ့ကြပါ
တယ်….ကိစ္စက တော်တော်နဲ့ မပြီးပြတ်သေးတာနဲ့ အနည်းငယ် ညဥ့်နက်သွားပါတယ်..   အိမ်မှာ ဘာတွေ
ဖြစ်နေတယ်ဆိုတာကိုလုံးဝမသိခဲ့ပါဘူး…ပြန်လာတဲ့အချိန်မှာတော့..ဟုပြောလိုက်စဉ်သာဂိက မဟုတ်ဘူး မဟုတ်ဘူး…အဒေါ်တို့ထင်သလိုလုံးဝမဟုတ်ဘူးဟုဝင်ပြောလိုက်၍ ဆရာတော်က ဘာမဟုတ် တာလဲ သာဂိရဲ့ လှမ်းမေး၏။ အားလုံးကသာဂိဆီသို့အာရုံစိုက်သွားကြ၍သာဂိက တပည့်တော်က အဘချိုကိစ္စနဲ့ရှုပ်နေလို့ဦးထွေးတို့ရဲ့နွားတွေကို ဂရုတစိုက်မကျောင်းပေးနိုင်ခဲ့ဘူး..နှစ်ပတ်လောက်တာဝန် လစ်ဟင်းခဲ့တယ်..အဲ့ဒိအတွက်တောင်းပန်ဖို့ရယ်…ဒီတလခကိုလည်း တာဝန်လစ်ဟင်းခဲ့တဲ့အတွက်မပေး တော့ရန်ပြောပြီး နွားတွေကိုပြန်အပ်မလို့ ဦးထွေးတို့အိမ်ကို သွားခဲ့တယ်ဘုရား..ဒါပေမဲ့ ဟိုရောက်တော့ …ဟုပြောပြီး ဒဏ်ရာကြောင့်မူးသွား၍ဆက်မပြောနိုင်ပဲရှိနေစဉ်..ဆရာတော်က ဒါဆိုသာဂိ ခဏအနားယူလိုက်ဦး..ကဲဒကာမအေးပုံဆက်ပြောပါဦး ဟုမိန့်လိုက်သည်။ အဲ့ဒိလိုပြန်လာတဲ့အချိန်မှာ သာဂိပေါင်ပေါ်မှာခေါင်းတင်ပြီးအိပ်နေတဲ့ သမီးရွှေရီ ကိုတွေ့ပြီး ကိုထွေးက ဓါးနဲ့ခုတ်မယ်လုပ်ခဲ့ပါတယ်…
ဒါကြောင့်သူ့ကိုလည်းတားရင်း သာဂိကိုလည်းအတင်းပြန်လွှတ်လိုက်တယ်…အဲ့ဒိလိုပြန်ခိုင်းလိုက်လို့လဲ သာဂိလေး အခုလိုဖြစ်ရတာပါ….တပည့်တော်တို့ကြောင့် သာဂိ ဒီလိုဖြစ်ရတာပါ စိတ်မ ကောင်း ပါဘူး သာဂိ ပြန်သွားတော့မှ လူစုံတက်စုံရောက်လာကြပြီး သာဂိက သမီးလေးက ကယ်ဆယ် ပေးခဲ့ခြင်းဖြစ်ကြောင်းသိလိုက်ရပါတယ်.. ဒီအတွက်သာဂိကိုတောင်းပန်ချင်လို့လာခဲ့တာပါ….ဟုပြောလိုက် ပါသည်။ ထိုအခါ ဗိန်းနှောဆရာ ကိုဂွစာကလည်း ဟုတ်တယ်လေ မနေ့ကည (၇)နာရီလောက်ကြီး ငါ့တဲကို သာဂိအပြေးအလွှားရောက်လာတယ်လေ…ငါပဲလိုက်ပြီးကုပေးလိုက်သေးတယ်…ငါ့အိမ်ရောက်တော့တောင် ငါ့ကိုစောင့်နေရင်းနဲ့သောက်ရေအိုးကုန်နေလို့ရေတအိုးဖြည့်ပေးခဲ့သေးတယ်…ဟုဝင်ပြောပါသည်။ ထိုအခါ သာဂိက အမေတို့က ဒီနှစ်သင်္ကြန်မှာ ရှင်ပြုပေးမယ်လို့ပြောထားတယ် ..သင်္ကြန်ကလည်းတလနီးပါးပဲ လိုတော့တာမို့နွားတွေကိုပြန်အပ်မယ် …ပြီးရင်..ဆရာတော်ကိုလျှောက်ထားပြီး ကပ္ပိယအဖြစ်နဲ့ ကိုရင်မဝတ်ခင်ကျောင်းမှာနေမယ်ဆိုတဲ့စိတ်ကူးနဲ့ခွင့်ပြုချက်တောင်းဖို့လာခဲ့တာပါ။ ကျနော့်ရဲ့တာဝန် လင့်ဟင်းမှုကိုတောင်းပန်ပါတယ် ဟုပြောရင်း ကျန်ရှိနေသေးသောရေခွက်ကို မော့သောက်လိုက်သည်။ ဆရာတော်က သာဂိကို ကပ္ပိယအဖြစ်နဲ့ကျောင်းအိပ်ကျောင်းစားနေစေချင်သည် မှာကြာပြီဖြစ်သော်လည်း သူ့အလိုလိုသာရောက်လာခြင်းသည်ပို၍ကောင်းသလို တနေ့နေ့တချိန်ချိန်မှာလည်း ရောက်လာလိမ့်မည် ဟုတွက်ထားသည့်အတိုင်းရောက်လာခဲ့ပြီဖြစ်၍ အားရကျေနပ်မှုများဖြစ်ခဲ့ရသည်။ထိုအခါဆရာတော်က အားလုံးရှင်းလင်းသွားပြီမို့ ကဲကဲ….သာဂိရဲ့ တာဝန်လစ်ဟင်းမှုကိုလည်း ဒကာထွေးနဲ့ဒကာမအေးပုံတို့က ခွင်လွှတ်လိုက်ကြ…ဒကာသာလှနဲ့ဒကာမရင်မှုန်တို့ ကလည်းသာဂိကို စိတ်ချလက်ချ ထားခဲ့ လိုက်ကြ…သာဂိကို ကပ္ပိယအဖြစ်နဲ့ကျောင်းမှာနေဖို့ခွင့်ပြုလိုက်ပြီး…အားလုံးပြန်နိုင်ပြီ ဟုမိန့်ပြီး တခုခုကို သတိရသွားဟန်ဖြင့် အော် ..ဒကာမြင့်အောင် ဘယ်ရောက် သွားပြီလဲ ဒီတခါတော့အပြစ်ကြီးတဲ့အတွက် ပေါက်တူ သံတူးရင်း နဲ့အမှိုက်ကြုံးတဲ့တောင်း ပြီးတော့ ဆယ်စောင်တွဲပါယူပြီး  နေ့လည်တနာရီ  ကျောင်း ကို  အရောက်လာခဲ့ပေတော့ ဟု မိန့်ပြီး အခန်းထဲသို့ကြွသွားပါလေ တော့သတည်း။
ဆက်လက်ရေးသားပါဦးမည်။…………………………………..ရေးသားသူ။ ။နန်းရှင်

5 comments

  • ကြောင်ကြီး

    September 19, 2011 at 10:58 am

    အာမသိ
    လျှာမထိ
    မောင်သာဂိ၊
    မကြာပါဘိ
    ဇာတိရှိ
    တဏှာမှာငြိ။
    ဆာလာ၏
    အခါခါပိ
    ညှာပါအမိ။

  • ပေါက်ဖော်

    September 19, 2011 at 11:44 am

    အား…ပါး..
    ဖတ်ရတာ တစ်မုန်းပဲ….
    ဝါး..
    ဆက်ဦးနော့

  • မီးမီး သော်

    September 19, 2011 at 12:14 pm

    ဗိန်းတောဆရာ နာမည်မိုက်တယ်၏။ဦးဂွစာဆိုပါလား နန်ရှင်ရယ်။ကျေးဇူး နော် ဆက်ဖတ်ပါမယ်။

  • nature

    September 20, 2011 at 8:20 pm

    မိန်းမခိုးဖို့ လူ ပ ထုတ်တဲ့နည်းလေးကတော့ မိုက်တယ်။ အားပေးနေပါတယ် Nan Shin ရေ။

  • Shwe Ei

    September 21, 2011 at 3:18 pm

    ဒီတခန်းမှာတော့ သဂျီးဗီလိန်လုပ်လိုက်တာ သာဂိတို့ မျက်နှာပိုပွင့်သွားဘီ။ ကောင်းတယ်ဗျို့။ ပို့စ်တိုင်းကို မလွတ်တမ်းအားပေးနေတယ်နော။

Leave a Reply