မောင်ပေတို ့အရပ်
“ မုန် ့ဆီကြော်ဒွေ ( ကိုအောင်ပု လေသံ ကို ဇွတ်အတင်း ယူသုံးပါသည် )
ဟောဒီ့က….မုန် ့ဆီကြော်ဒွေ ရမယ်နော့ ”
သီရိမဟာထူးအာပလာ ရပ်ကွက်ထဲ တွင် ဖြစ်သည် ။
အခြေခံ လူတန်းစား များ နေထိုင်သော ရပ်ကွက်လေးဖြစ်သည် ။
“ ဟိတ် ဖိုးအေး တို ့ ဖိုးခွေးတို ့ရေ….
မျောက်လောင်းလေးတွေ ၊ ဘယ်သွားသေနေကြတုန်း
သေနာကြလေး တွေရဲ ့ ”
အဘွားမြိုင် တစ်ယောက် သူ ့မြေးတွေ ကို အပူတပြင်း အော်ခေါ်နေသည် ။
အဘွားမြိုင် တစ်ယောက် ၊ အသက်က ၇ဝ ကျော် ၊ ဒီရပ်ကွက် မှာတော့ သူ က အသက်အကြီးဆုံး ။
ဒါတောင် ၊ သူ ့သားမက် က ပိုက်ဆံ နဲနဲတတ်နိုင်လို ့။
သူနဲ ့လယ်ဗယ်တန်း အဘိုးကြီးတွေ ၊ အဖွားကြီး တွေ ခဗျာ…
ဆင်းရဲ ချို ့တဲ့ မှုကြောင့် ၊ ဆေးဝါးမတတ်နိုင်ကြလို ့ရှောကုန်ကြရှာပြီ ။
အင်း..ပိုက်ဆံ တတ်နိုင်တယ် ဆိုတာကလဲ ၊ ဘွားမြိုင် သားမက် က ၊ “ဝဥ” ဆိုလား ၊ ဘာလား အဝယ်တော်လေ..
တရုတ်သူဌေး က သူ ့ကို အဝယ်တော် ခန် ့ထားတယ် ။ တစ်ပိဿာ ကို ဝယ်ခ ၅ဝကျပ် ဆိုကလား ပဲ ။
နယ်ထွက်ပြီး တစ်ရွာဝင် တစ်ရွာထွက် …
တစ်နေကုန် နဖူးက ချွေး ခြေမ ကျ အောင် လုပ်ရတာ မလား ။
သူက ရှာနိုင်လို ့သာ ပေါ့ ။
ဖွားမြိုင် တို ့တစ်အိမ်လုံး မကြောင့်မကြ လေး နေနိုင်တာ
နောက်ပြီး ဖွားမြိုင် နဲ ့သမီး “မယ်ခ” တို ့က
၂ လုံးကို အပတ်စဉ် မှန်မှန်ကိုင်ကြတယ်လေ…( နှစ်လုံးထီ ကို ပြောတာနော် )
သားမက်လုပ်သူ “အေးမောင်” က လိမ္မာရှာတယ် ၊ ရသမျှငွေ သူ ့မယား အကုန်အပ်တော့
ဖွားမြိုင်တို ့သားအမိ က ၊ မှန်မှန် သချင်္ာတွက်နိုင်တာပေါ့ ။
အဲဒါတွေ မို ့ထင်တယ်
ဖွားမြိုင် ခဗျာ ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နေရဲ ့
ထား…
ဖိုးအေး နဲ ့ ဖိုးခွေး ဆိုတာ ၊ ဖွားမြိုင် ထိန်းကျောင်းပေးနေရတဲ့ ၊ မြေး၂ကောင် ။
ဖိုးအေး က ၃ တန်း တက်နေပြီ ၊ ဖိုးခွေး က ၁ တန်း ။
ဒီနေ ့ကျောင်းပိတ်တော့ ၊ ဖွားမြိုင်တစ်ယောက် ခြေတိုအောင် ထိန်းရတော့တယ် ။
အဲဒီ နှစ်ယောက် ၊ မျောက်ရှုံးအောင် ဆော့လိုက်တာမှ ၊ သူတို ့နှစ်ယောက် ၊ အိမ်ကထွက်ပြီ ဆိုရင်ကို
အရပ်ထဲက ခွေးတွေ ဟိုဘက် လမ်းဘက် ကို အကုန်ပြေးကုန်တယ် ။
သူတို ့နှစ်ယောက်ရှိရင် ၊ ဘာမုန် ့သည် မှ မလာဘူး ။ ဘယ်ပလက်စတစ်ကောင်သမားမှ ကို မလာရဲ ဘူး ။
သူတို ့ချမ်းသာပေးတာ ဆိုလို ့၊ တိုးတိုးတိတ်တိတ်လာတဲ ့အလှူခံတွေ လောက် ရှိတာ ။
ရပ်ကွက်ထဲ က ကလေးတွေ က လဲ ၊ သူတို ့နှစ်ယောက် ကို ဆရာတင်ထားကြတယ် ။
မနက် ဘုန်းဘုန်းတွေ ရယ် ၊ အဝေးဖိတ် ၊ အနီးဖိတ် မှ ကြွတဲ့ သီလရှင် လေး တွေ ကို တော့ သူတို ့ကြည်ညိုကြပါတယ် ။
အဲဒါလေးတွေကြောင့် သူတို ့ကို ချစ်ကြတာနေမှာ လို ့ဖွားမြိုင် တွေးမိတယ် ။
ဆိုက်ကားတွေ နဲ ့ ဆောင်းဘောက်စ်တွေ တင်ပြီး သီချင်းဆို ၊ အလှူလိုက်ခံ တဲ့ အဖွဲ ့တွေ ဆို သူတို ့နှစ်ယောက် ကို အသားကုန်ကြောက်တာကလား ။
ဟိုတစ်ခါ တုန်းကပေါ့….ဆိုက်ကား သုံးစီး နဲ ့ သီချင်းတွေ အကျယ်ကြီး ဆိုတဲ့ အလှူခံ အဖွဲ ့ လာတယ် ။
ညီအစ်ကို နှစ်ကောင် ၊ ဖွားမြိုင် ဆီကနေ
မုန် ့ဖိုး တစ်ယောက် တစ်ထောင်ဆီ လာတောင်းသွားပြီး ၊
အဲဒီ သီချင်းဆို အလှူခံ အဖွဲ ့ဆီ ကို ပြေးသွားပြီး..
တစ်ယောက် တစ်လှည့် တစ်ရာလှူ လိုက် ၊ သီချင်းတစ်ပုဒ် ဆိုခိုင်းလိုက်နဲ ့…
အစကတော့..အလှူခံ အဖွဲ ့ခဗျာလည်း ၊ ဒါနတရားကြွယ်တဲ့ ချာတိတ်တွေ ပေါ့ လေ ၊ ပျော်ပျော်ကြီး ဆိုကြတာပေါ့လေ..
သီချင်း ၁ဝ ပုဒ်လောက် ဆိုပြပြီး ၊ နားမယ် အလုပ်
ဘယ်…ဟို မျောက်ရှုံးလေး နှစ်ကောင် က ၊ အဆက်မပြတ် ဆက်တိုက် ဇွတ်ဆိုခိုင်းတော့…
ထပ်မလာရဲ ကြတော့ဘူး …ဆိုပဲ ။
အဲဒါနဲ ့တော့ ၊ ရပ်ကွက် က ကျေးဇူးတင်ကြရှာတယ် တဲ့ ၊ အဲ့နှစ်ကောင် ကို ။
နို ့…ဆိုချင်ရာဆို ၊ ကီးကြောင်ကြီးတွေ နဲ ့တဲ့ ဆိုလား…။
ဘွားမြိုင် ကတော့ အဲဒါတွေ သိတာမဟုတ်ပါဘူး ၊
ထား…
အခု မုန် ့ဆီကြော် သည် တဲ့ ၊ ဖွားမြိုင် ကြားလိုက်ရလို ့။
သည်..ဈေးသည် က အသစ်နေမှာ..
သူ ့မြေးနှစ်ကောင် ရဲ ့ဒဏ်သင့်နေမှာစိုးလို ့
မြေးနှစ်ကောင် ကို အမြန်ခေါ်လိုက်ရတယ်..
“ ဘာလဲ ဟင်…ဖွား ၊ ဘာကျွေးမလို ့လဲ ဗျို ့”
“ ဟုတ်တယ် ၊ ဗိုက်ချာနေပြီ ဗျို ့၊ မုန် ့ဖိုးပေးပါဗျို ့ ”
“ တယ်..ဒီသေနာကျလေးတွေ ၊ စောနကတင် ၊ ဟိုဘက်အိမ်က ဆီထမင်းဆွမ်းကပ်လို ့၊ နင် တို ့တတွေ အဝအပြဲ စားထားပြီးသားဟာ ”
“ ဒါဆိုလဲ..ဘာလို ့သားတို ့ကို ခေါ်တာလဲ ဂျာ ”
“ ဟုတ်တယ်…ဒီမှာ..သားတို ့ညီအစ်ကို တွေ ဆွေးနွေးနေတာ ၊ အိုင်ဒီယာ ပျောက်ကုန်ပြီ ”
“ အောင်မယ်..လာချည်သေး ၊ နင်တို ့ကများ အိုင်ဒီယာ ပျောက်တယ် ဟုတ်လား ၊ ဟို မုန် ့ဆီကြော်သည် လေး ကို နင်တို ့နှစ်ကောင် ၊ သွား ဒုက္ခပေးနေမှာစိုးလို ့ဟေ့ ”
“ ဟင်..မလုပ်ပါဘူး ၊ နော ဖိုးခွေးရာ ”
“ ဟုတ်ပ ၊ သားတို ့က ဖွားမြိုင်မြေး အကောင်းစားလေး တွေ ဆိုတာ လူတိုင်းသိပြီးသားပါ ဂျာ ”
“ ပြောပြလိုက်စမ်းဘာ ၊ ညီလေး ရာ ”
“ ဟုတ်တယ် ကိုကြီးရာ ၊ ပြောပြလိုက်စမ်းဘာ ၊ မုန် ့ဆီကြော်ကဖြင့် ဘယ်ဆီနေမှန်းမသိ ၊ ပါးစပ်က အနာနဲ ့တည့်ပါ့မလား ဆိုသလို ဖြစ်နေပြီ အဘွားရဲ ့ ”
“ အလို ၊ နင် တို ့က များ ပြောရတယ် ရှိသေး ၊ တယ်..ငါတုတ်မိတော့မယ် ၊ သွားသွား ဆော့ချေတော့ ၊ အခုလောက်ဆို ၊ ဟိုမုန် ့ဆီကြော်သည် လဲ ဟိုဘက်လမ်းထဲ ရောက်သွားလောက်ပြီ ၊ ငါလဲ နောက်တစ်ပါတ်အတွက် ဂဏန်းတွက်ရဦးမယ် ”
ဖိုးအေး နှင့် ဖိုးခွေး တို ့မကျေမနပ် ဖြင့် အရပ်ထဲ က ကလေးကစားဝိုင်းဆီ ပြန်လာကြတယ် ။
“ ဘာမှ လဲ မဟုတ်ဘူး ၊ ဖွားက သပ်သပ် ဦးစား ( အုန်းစား ) တာပဲ ကွာ ”
“ ဟုတ်ပ ၊ အချိန်ပုပ်တာကိုး ”
သူတို ့ကို မြင်တော့ အရပ်ထဲက ကလေးများ ပျော်သွားကြသည် ။
“ ဟေး..ဖိုးအေးတို ့ညီအစ်ကို ပြန်လာပြီဟေ့ ။ လာ..ဒီမှာ..ဘကြီးခိုင် အိမ်က ကြောင်ကြီး ကို ငါတို ့ဖမ်းထားတယ် ။ အဲဒါ ဘယ်လို လုပ်ကြမလဲ ”
( ကြောင်သတ္တဝါ ကို ဆိုလိုခြင်း ဖြစ်ပါသည် ။ အမည်နာမ တိုက်ဆိုင်မှု များ ရှိခဲ့ပါက ဟီဟိပါပဲ ၊ ဟီဟိ )
“ အဲဒါ..ညတိုင်း တို ့အရပ်ထဲ အသားကုန် လိုက်အော်နေတဲ့ ကြောင်ကြီး မလား ”
“ ဟုတ်ပ..သူများကြောင်တွေ ဖြင့် ပြာသို မှ ၊ သူက ၁၂ ရာသီ အော်တဲ့ကြောင် ” ( အော်တာ လို ့ရေးထားတာနော် )
“ ငါတို ့တွေ ၊ ဒီ ကြောင်ကြီး ကို ဘယ်လို လုပ်ကြမလဲ ”
တစ်ယောက်တစ်ပေါက် ဝိုင်းအော်ကုန်ကြသည် ။ သူတို ့ထဲ မှ အသက်ကြီးသော ချာတိတ် တစ်ယောက် က သင်းကွပ်မည် ဟု ဆိုလာသည် ။ တစ်ယောက် က တော့ နောက်မအော်တော့အောင် ပါးစပ်ထဲ ပီကေတွေ ခွံ ့မည် ဟု ဆိုသည် ။ တစ်ယောက်ကမူ အမြီးဖြတ်မည် တဲ့ ။
ဖိုးအေး က ငြိမ်သက်စွာစဉ်းစားနေပြီး ၊ အေးဆေး ထပြောလိုက်သည် ။
“ နေဦးကွ..ဇွတ်မလုပ်ကြနဲ ့၊ ဒီကြောင်ကြီး က ဘကြီးခိုင် ရဲ ့အချစ်တော်ကြီး ဟ ”
“ အေး..အဲဒါလည်း ဟုတ်တာပဲ ၊ ဘယ်လိုလုပ်ကြမလဲ ”
“ သူ က အော်သာ အော်တာ ၊ ကြွက်ဖမ်းတာကြ အရမ်းတော်တာဟ ၊ မင်းတို ့အိမ်တွေ ကို လည်း ဝင်ဖမ်းပေးတယ် မလား ”
“ အေးဟုတ်တယ် ၊ သူက နယ်မရွေး ကြွက်ဖမ်းတဲ့ ကြောင် ဟ ၊ ဖိုးအေး ပြောတာလဲ မှန်တယ် ”
ဖိုးခွေး က
“ ငါ အကြံ ရပြီဟေ့ ”
“ ဘယ်လို လုပ်မလဲ မောင် ”
ဖိုးခွေးနား သို ့ကလေးများ ဝိုင်းစုပြုံ သွားသည် ။
x%@#%$^$&%&*#*
သို ့နှင့်
“ မြီးညောင်…. ”
“ ဟေ့….ဘယ် မျောက်လောင်းတွေ လဲ ကွ ၊ ငါ့ ကြောင် ကို ဆေးရောင်စုံ သုတ်ပေးလိုက်တာ ၊ ဟင်…ငါ အော်ဆဲရ မကောင်းနေတော့မယ် ”
ကွိစိ ကွစ ကွိစိ ကွစ ကွိစိ ကွစ ( ဘကြီးခိုင် ၏ တိုးတိတ် ရေရွတ်သံ များ )
ဘကြီးခိုင် တစ်ယောက် သူ ့ကြောင်ကြီး ကို ငြင်သာစွာ ထွေးပွေ ့ထားရင်း ဒေါသ တကြီး အော်နေသည် ။
ကြောင်ကြီး က တော့ တစ်ကိုယ်လုံး အနီတစ်ကွက် ၊ အဖြူတစ်ကွက် ၊ အဝါ တစ်ကွက် ဖြင့် မော်ဒန်ကြောင် ဖြစ်သွားရှာသည် ။
“ မြီးးးးးညောင်ဝေါင် ”
( စာကြွင်း ။ ။ ထို ့နေ ့က ကင်မရာ မပါသွားသဖြင့် ၊ ဓါတ်ပုံရိုက် မှတ်တမ်း မတင်ခဲ့ရသည် ကို ဝမ်းနည်းမိပါသည် ။ နမူနာ ကြည့်လို သူများ အနေဖြင့် ၊ ဂေဇက် ထဲ ရှိ အချို ့ပို ့စ်များ တွင် သေချာ ဝင်ဖတ်ကြည့်ပါက တွေ ့ကောင်း တွေ ့နိုင်ပါသည် )
——————-ပြီးပါပြီ——————-
xxxxxxxxx အားလုံးကို ကျေးဇူးတင်ပါသည် xxxxxxxxx
7 comments
“ဘီလူးကြီး”ogre
September 26, 2011 at 7:27 am
အစကတော့ တည့်တည့် သွားနေတာပါပဲ
ဆုံးခါနီးကျမှ စောင်းငန်းစောင်ငန်း နဲ့ မျက်စေ့ လည်အောင် စောင်းပြော
သွားလားမသိဘူး
ကြောင်ကြီး
September 26, 2011 at 8:15 am
မော်ဒန်ကြောင်
စော်မဖန်ပေါင်
မတော်လှန်အောင်
ကျနော်ကြံဆောင်၊
ဂျော်အောင်ပု
ဖေါ်ဆောင်ပြု
ကတော်ယောင်ညု
အော်..အမှောင်ထု..။ 😐
ရွှေဘိုသား
September 26, 2011 at 9:56 am
ကိုပေကတော. တည်.တည်.ဆွဲပြီးမှ စောင်.ချလိုက်တာ
ကိုေြ ကာင်ကြီး ပွနေလောက်ပြီ ဟုတ်လားကိုကြောင်
ပေါက်ဖော်
September 26, 2011 at 12:57 pm
တော်သေး….
ကြောင်ကုန်းကုန်း ဖြစ်တော့မလို ့..
😀
နွယ်ပင်
September 26, 2011 at 1:16 pm
မေပေါင် တစ်ယောက်ရေးတုန်းကတော့ တည့်တည့်ပဲ
နောက်စာကြောင်းရေများလာတော့ မျက်စီညောင်းလာတယ်ထင်ပ
စောင်းသွားရှာတယ် … 😀
pan pan
September 26, 2011 at 3:09 pm
ရုတ်တရက် ကြောင်စခန်းရောက်ပြီး ဇာတ်သိမ်းသွားတယ်
ကြောင်ဘဝမပျက်လို့ တော်သေးတယ်
အရောင်ခြယ်ရုံမို့
အစက စိတ်ထဲထင်မိတာ ဒီကြောင်တော့ နာပြီမှတ်တာ
ဒီလောက်နဲ့ ကျေနပ်လိုက်ကြတာ ကလေးလူလည်တွေမို့ပဲ 😀
forever
September 26, 2011 at 3:42 pm
မောင်ပေ တို.အရပ် ဆိုလို.
ငါးပေခြောက်လက်မ တို.ခြောက်ပေတို.
ကို.အရပ်ဘယ်လောက်ရှည်လဲ ပြောတော.မယ်ထင်တာ
ခုတော. ….. ကြောင်သက်တန်. အကြောင်းဖြစ်နေတာကိုး