ညီမလေး ရေးတဲ့ အမေ့အကြောင်း…..
ဒီကဗျာလေးက lone ညီမလေး ၈ တန်းကျောင်းသူအရွယ်တုန်းက ရေးထား
တဲ့ကဗျာလေးပါ။ ဒီကဗျာလေးကို စာရေးဆရာကြီးဦးစိမ်းနီက ကြိုက်လို့ဆိုပြီး…
အင်္လကာဝတ်ရည် MAGAZINE မှာ ထည့်ပေးခဲ့ပါတယ်… ညီမလေးက အခု
၁ဝ တန်းဆိုတော့ … သူ ၁ဝ တန်းဖြေပြီးမှ Mandalay Gazette မှာ စာလာရေး
ဖို့ပြောရဦးမယ်……. ရွာသူရွာသားအပေါင်းတို့လည်း အားပေးကြပါဦးနော်…..
ညီမလေးရေးတဲ့ အမေ့အကြောင်းကဒီလိုပါ။….
xxxxx
အမေ့အတွက်
ကောင်းကင်မှာ တိမ်တွေရှိရင်လှပခဲ့သလို
တို့တစ်တွေမှာ အမေရှိလို့ပြည့်စုံခဲ့ရတယ်…
ငါမျှော်မှန်းခဲ့တဲ့ရည်မှန်းချက်ပန်းတိုင်ကို
အမေရောက်စေချင်ခဲ့တယ်..
သိပ်မကွာဝေးတဲ့ ကန္တာရခရီးကြမ်းကို
အမေလျှောက်လှမ်းခဲ့ရတယ်..
“ သူတို့တွေ အရွယ်ရောက်လာရင်” ဆိုတဲ့ စိတ်ကူးတွေ
အမေ့မှာအများကြီးရှိတယ်…
ငယ်ရွယ်စဉ်မှာ အမေဟာ ငါတို့ကို
ရင်ခွင်ထဲထည့်လို့သိပ်ချစ်ခဲ့တယ်….
တစ်ယောက်တစ်နယ်ဆီ ဝေးလို့သွားရင်
အမေတစ်ယောက်တည်းကျန်ခဲ့လိမ့်မယ်…
အမေဆိုတာ ဆိုးတဲ့သားသမီးကို
ဆိုးလို့ဆိုပြီး ချစ်တတ်ခဲ့ကြတယ်…
အမေဆိုတာ လိမ်မာတဲ့သားသမီးကို
လိမ်မာလို့ဆိုပြီး ချစ်တတ်ခဲ့ကြတယ်…
“ ငါ့သားသမီးတွေ ကြီးလာရင်ငါ့ကို
ဘယ်လိုစောင့်ရှောက်မှာ” ဆိုတဲ့ အတွေးနဲ့ပဲ
အရာရာကိုကျော်ဖြတ်ခဲ့တယ်…
မိဘကျေးဇူးကန်းတဲ့ သားသမီးအတွက်
အမေဘယ်လောက် ရင်နာခဲ့ရမလဲ…
သားသမီးအတွက်ဆို ဘယ်အရာပဲဖြစ်ဖြစ်
အမေရင်ဆိုင်ရဲခဲ့တယ်။
အဲဒါကြောင့် ငါတို့အမေကို ငါတို့အရမ်းချစ်ရမယ်….
xxxxxx
မဂျူနီယာမြတ်နိုး…..(၈ တန်းကျောင်းသူ)
10 comments
ကြောင်ကြီး
September 26, 2011 at 9:35 am
သမီးလေး လုံး၊ ဦးကြောင် ဒီပို့စ်လေးကိုဖတ်ပြီး လွန်စွာခံစား ရပါတယ်ကွယ်။ ဦးဦးမှာလည်း အရင်က သမီးအရွယ် ညီမလေးတွေ ရှိခဲ့လို့ ပိုပြီးလွမ်းဆွတ်တသ ဖြစ်မိတယ်။ ဦးကြောင်က clean single ဆိုတော့ (သန့်ရှင်းတဲ့စင်ဂယ်လ်ဆိုတာ လုံးဝလူပျိုလူလွတ်၊ ရည်းစားသနာ အိမ်ထောင်မရှိ၊ ရည်းစားထားခွင့် အိမ်ထောင်ပြုခွင့်ရှိသူ၊ လွတ်လပ်စွာချစ်ခွင့်ရှိသူ၊ ရှာလည်းရှာနေသူ) သမီးလေးတို့လို နုပျိုလွတ်လပ်သူတွေနဲ့ ခံစားချက်ခြင်း ပိုတူတာပေါ့ကွယ်။ ကြင်ဖော်ကလည်းမဲ့၊ ပစ္စည်းဥစ္စာဓနကလည်းများတော့ ပိုင်ဆိုင်သမျှတွေကို လှူတန်းပေးကမ်းခြင်းဒါနအမှုနဲ့ပဲ ကုန်လွန်စေရတာပေါ့။ မနေ့ကတောင် သဂျီးတောင်းလို့ ရွာအလှူအတွက် ဒေါ်လာတသိန်းထည့်လိုက်ရသေးတယ်။ ပျင်းလို့ ဟောလိဝုဒ်မှာ ရုပ်ရှင်ရိုက်ရအောင်ကလည်း ရုပ်ရည်ရူပကာ ပြစားတယ်လို့ အပြောမခံနိုင်ပြန်ဘူး။ ဒီတော့ လုံးလေးရယ် ဦးကြောင်မပြောရဲတဲ့ စကားကို ပြောတယ်လို့ နားလည်ပြီး မြန်မြန်အဖြေပေးပါတော့။ ရင်ခုန်စွာဖြင့်…
ဒိန်းတပ်တပ် ပိစိညက် ဦးကြောင်ပက်လက် နတ်ပြည်တက် နတ်သမီးများနဲ့နှပ်။။
thit min
September 26, 2011 at 9:55 am
ကြောင်မယ်ဟေ
ကြောင်ကြမယ်လေ
ရေမြေတောအနှံ့က
အလှပျိုကညာတွေ
ရပ်ဝေးကမေ
ရပ်နီးကမေ
အကုန်လုံးကြောင်မယ်လေ
ဝေလေလေ၊ဝေလေလေ
ကြေမယ်ဟောင်…..ကြောင်မယ်ဟေ
(ခင်လို့စတာပါ၏နော်)
Shwe Ei
September 26, 2011 at 10:21 am
အောင်ကြူး ကတော့ ခက်ကပြီ။ သူများကဗျာ သန့်သန့်လေးကို ခံစားချက်တွေလျောက်ရောတယ်။ ၈တန်းကျောင်းသူလေးတောင် အမေကျေးဇူးကို ဒီလောက်သိတတ်နေရင် သူ့ထက်အသက်ကြီးသူတွေအားလုံး မိဘကျေးဇူးဆပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသင့်တယ်လို့ ခံစားမိပါတယ်။
ကြောင်ကြီး
September 26, 2011 at 10:52 am
ဒေါ်ရွှေအိရယ်.. အမေကပြောတယ် ဟဲ့ကောင် ကြောင်ကြီး နင့်ကို လောကအလယ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ မထားခဲ့ချင်ဘူးတဲ့။ ပြီးတော့ ငါလည်း မသေခင် မြေးချီသွားချင်ပြီတဲ့။ ကျုပ်အတွက် မပူပေါင်ဗျာ၊ အမေ့အတွက် အမေ့ကို ကျေးဇူးဆပ်ချင်လို့ပါ။ ဒေါ်ရွှေအိလည်း သူများကို လျောက်ဝေဖန်တာထက် မိဘကျေးဇူးဆပ်ဖို့ ကြိုးစားစေချင်ပါတယ်။ 😐
Shwe Ei
September 26, 2011 at 12:29 pm
အောင်ကြူးပြောတဲ့ နည်းတော့ လက်တည့်မစမ်းရဲပေါင်တော်။ ကိုယ့်လစာထဲက နည်းနည်း များများ တတ်နိုင်သလောက်ပဲထောက်ပံ့ပီး ကုသိုလ်ယူပါတော့မယ်။
koyinmaung
September 26, 2011 at 12:57 pm
ဒီလို…ရွာသူအသစ်လေးမို့တက်လာယင်
ရှေ့ဆုံးကရောက်နေပြီ
ကြောင်ကြီးကတော့လွန်လွန်းပါ့….
ခလေးမလေးရေ…ဒါအစဘဲရှိသေးတယ်နော်…
ရွာထဲမှာလဲ သူရှိလို့အပျင်းပြေနေတာ…
ရွာဦးကနေကင်းစောင့်နေတာလဲသူဘဲ
လက်နက်မျိုးစုံရှိတယ်နော့
မစ္စတာပုတယောက်တော့အိပ်ပျော်နေတယ်ထင်တယ်…..
windtalker
September 28, 2011 at 11:46 am
ကဗျာချိုချို သူရေး
ဂျူနီယာ ဆိုတဲ့ကလေး
မင်းလေးရဲ ့
အနုပညာဉာဏ်
ရွှေအဆင်းလိုလေး
ကြောင်ကြီး
September 28, 2011 at 11:51 am
အေးအေး မောင်လေပွေရေ အဲလောက်နဲ့ ရပ်လိုက်တော့..။
windtalker
September 28, 2011 at 12:00 pm
ဘာလို ့လဲဟင်..
လင်းပါဦး..
ကောင်ကြိုရဲ ့..
အမှောင်ညို မဲ
မောင် ပြို ဆဲ ( လေ )
GreeNSheeP
September 28, 2011 at 2:50 pm
မင်းရဲ ့နောက်က တစ်ကောက်ကောက်လိုက်ရင်
ခြေလှမ်းလေး ရပ်လို ့
မင်းလှည့်ကြည့်တယ်
ကိုယ့်ကို
ညီမလေး ခွင့်မလွှတ်ပါနဲ ့