မန်းဂေဇက် မိုနိုဒိုင်ယာလော့ခ်

မောင် ပေOctober 2, 20111min34214

အဟမ်း..အဟမ်း..အဟမ်း ၊ မင်္ဂလာပါ စာဖတ်သူများ ခင်ဗျား

(သည်းခံကြပါ ချစ်လှစွာ ၊ စာဖတ်သူ အပေါင်းတို ့ခင်ဗျား ၊ ဒီရက်ပိုင်းအတွင်း ရွာလိုက်တဲ့ မိုးနှယ် ၊ မစို ့မပို ့လေး ဆိုတော့ နှာစေး ချောင်းဆိုး ဖြစ်နေလို ့ပါ )

ကျန်းမာရေး က သိပ်အလန်းကြီး မဟုတ်ပေမယ့် လည်း ၊ ရေးစရာလေး နဲနဲ ရလာလို ့ ရောက်အောင် လာရေးရပါတယ် ။

ဂေဇက်ဝင် တွေ အတွက် ပြန်ဖောက်သည်ချ ချင်ဇောအားကြီးစွာနဲ ့ လာခဲ့ရပါတယ် ။

ပထမဦးစွာ မန်းဂေဇက် မိုနိုဒိုင်ယာလော့ခ် လို ့ခေါင်းစဉ်တပ်ရခြင်း ကတော့ ၊ ဆရာ ဂျက်ကွမ်းခြံကုန်း ကို သဘောကျ လို ့အတုယူ၊အတုခိုးထားခြင်းပါ ။

ရေးပေါက်လေးတွေ ပါ အတုခိုးထားပါတယ် ။

ဂေဇက် က မိတ်ဆွေ တစ်ဦးက ဘာသာထပ်ပြန်ပေးတာကတော့ အသေးစား အတွေးအမျှင်တန်းများ လို ့သိရပါတယ် ။ ကဲရေးချလိုက်ပြီဗျို  ့ ။

ကမ္ဘာ ့စီးပွားပျက် ကပ် ၊ မြန်မာ့ စီးပွားပျက် ကပ် စသဖြင့် ဂျာနယ် တွေ ထဲ မှာ စုံနေအောင် ဖတ်ရပါတယ် ။

ဪ..မောင်ပေ တို  ့ဈေးတန်း ထဲ က လူတွေ လည်း ညည်းကြတာ ကို ကြားရလို ့၊ စိတ်မကောင်း ဖြစ်ရတယ် ။

မောင်ပေ တို ့ဈေးတန်းဆိုတာက ဈေးဆိုင်တွေ တန်းစီဖွင့်ကြတာပေါ့ဗျာ ။

ထို  စီးပွားပျက် ကပ် တွေ နဲ ့အတူ ၊ ပေါ်ထွန်းလာတဲ့ စီးပွားအသစ် တစ်ခု ကို လေ့လာ တွေ ့ရှိမိတယ် ဗျ ။

သူများတွေ စီးပွားပျက်လို ့ထိုင်မှိုင်နေချိန် ၊ သူတို ့တတွေ က တော့ ပျော်ပျော်ပါးပါး ကြီး ပဲ ။

ဆုကြေးတွေ ထောင်နေကြတာ ဗျို  ့၊ အားရစရာကြီးပဲ ။

တစ်ရက် တစ်ထောင် ကျပ် ဆုကြေး မှ သည် ၊ တစ်သောင်း တစ်သိန်း အစရှိသဖြင့် ၊ အစားစား ဆုနိုင်ပါတယ် ဆိုကလား

ဆုတဲ့ ပိုက်ဆံ ကို ဘယ်လို ပြန်ထုတ်ပေးသလဲ ဆိုရင်..

စဆုတဲ့ နေ ့က စလို ့ခုနှစ်ရက် ပြည့်တဲ့နေ ့မှာ ၊ ဆုတဲ့သူတွေ အားလုံး လူစုပြီး ဂဏန်းစဉ်လိုက် မဲနှိုက်ကြမယ် တဲ့ ။

ဥပမာ ။ ။ မောင်ပေ က ဝင်ဆုထားရင် ၊ မဲသွားနှိုက်လို ့ နံပတ်၁ ရရင် ၊ ဆုကြေး ပိုက်ဆံ ကို ပထမ ဆုံးရမယ်ပေါ့ ။

အဲ..နေဦးဗျ ၊ ပထမ ဆုံး မဟုတ်ပါဘူး တဲ့ ၊ ဆုကြေးလိုက်ကောက်ပေးတဲ့သူ က ယူပါတယ် တဲ့ ။

ဒီတော့က…လူအယောက် နှစ်ဆယ် ၊ တစ်ရက် ကို တစ်ထောင်ကျပ် ဆုတယ်ဆိုရင် ၊

တစ်လ တစ်ခါ ဆုတဲ့ပိုက်ဆံ ကို ပေးတာဆိုတော့  ကိုယ့် အလှည့်ရောက်လို ့ရှိရင် ၊ ခြောက်သိန်းကျပ် ရမယ်ပေါ့ ဗျာ ။

ဒါပေမယ့် ပထမ ဆုံး လ ကို တော့ ၊ ဆုကြေးကောက်ပေးတဲ့သူ က ယူမှာဆိုတော့ ဒုတိယ လ မှ စပေးမှာပေါ့ ။

ပေးမယ့်ပုံစံ က ကိုယ်နှိုက်လို ့ရတဲ့ နံပါတ်စဉ်အတိုင်း ပေါ့ ။

ဒါနဲ ့မောင်ပေ လည်း စိတ်ဝင်စားသွားပြီး ၊ ပါဝင်စု ဖြစ်တာပေါ့လေ ။

ကံကောင်းသူ မောင်ပေ က တော့ ၊ ဆုကြေးထုတ်ဖို ့မဲနံပါတ် နှစ် ကို ရတဲ့ အတွက် ၊ သိပ်မစောင့်လိုက်ရပါဘူး ။

သို ့ပေသည့် မောင်ပေ တစ်ယောက် လည်း ရထားတဲ့ ဆုကြေး ပိုက်ဆံလေး ကို သုံးလို ့မကုန်ခင်မှာ ပဲ ။

ဆုကြေး လိုက်ကောက်တဲ့ သူ က ၊ မောင်ပေတို ့ဈေးတန်းထဲ က လူအများကြီး ဝိုင်းထည့်ဝင် စုထားတဲ့ ပိုက်ဆံထုပ်ကြီး မပြီး ပြေးပြီတဲ့ဗျာ ။

တစ်ရက် တစ်ထောင်စု သူတွေ ၊ တစ်ရက် တစ်သောင်း စု သူတွေ ၊ တစ်ရက် တစ်သိန်း စု သူတွေ အများကြီးပါပဲ ။

လိုက်ကြပေဦးတော့…

မောင်ပေ တစ်ယောက် က တော့ ၊ ဘုရားဘုရားဘုရား…ငါ ကံကောင်းပေစွ ၊ ငါ သာ မဲနံပါတ် အနောက်မှာ ရောက်ခဲ့ရင် ၊ ငါလဲ ပါမှာပါလား ပေါ့ ။

ဒါနဲ ့စိတ်ဝင်တစား နဲ ့လိုက်မေးမိတယ် ။ မောင်ပေ တို ့က အထက်ပိုင်း က လူတွေ ဆိုတော့ ၊ အောက်အကြေ ဘက်ကို ပြေးတာတဲ့ ဗျာ ။

သူ  ့မိသားစု တွေ က လည်း သိပ်မလည်ရှာပါဘူး ။

သူ ငွေထုပ်ပိုက်ပြေးတဲ့ နေကတည်းက အမွေပြတ် စွန် ့လွှတ်ကြောင်း ၊ သတင်းစာမှာ တန်းကြေငြာထည့်တာ ကလား ။

“ သူနဲ ့ပတ်သက်သမျှ ၊ ဘာတစ်ခု မှ တာဝန်မယူဘူး ” တဲ့

အားပါးပါး…နောက်နှစ်လ လောက် နေတော့ ပြန်မိတယ်ဗျာ ။ သို ့သော် ပိုက်ဆံများ ကတော့ ဖြင့် တစ်ပြားမှ ပါမလာတော့ဘူး ။

မျက်နှာ ပြောင်ပြောင် နဲ ့လုပ်ချင်ရာလုပ် ဆိုတဲ့ သဘောနဲ ့ဈေးတန်းထဲ ကို ပြန်လာတယ် ။

ပိုက်ဆံ ပြန်မရနိုင်မှန်း သိတော့ ၊ ဘယ်သူ မှ လည်း ၊ ငွေကုန်ခံ တရားမစွဲကြဘူး တဲ့ ။

သဘောထား ပြည့်ဝ ကြ တာလား ၊ အမှုအခင်း ဆိုင်ရမှာ ကြောက်ကြတာပဲလား တော့မသိ ။

ဒါနဲ ့ အဲဒီကောင် ကို သွားဗျူးကြည့်တော့

“ မင်း..ဘယ်လို မျက်နှာနဲ ့လုပ်တာလဲ ကွာ ” လို ့ဝိုင်းမေးကြတော့

“ ခင်ဗျား လုပ်ရဲရင် စံရမှာပဲ ” တဲ့

“ မင်း ဘာကောင်လဲ ၊ သံသရာ ဆိုတာ ၊ နောက်ဘဝ ဆိုတာ ကို မကြောက်ဘူးလား ၊ ငရဲ ဆိုတာ ၊ ဝဋ် လည်တယ် ဆိုတာကော မသိဘူးလား ” လို ့ပြန်မေးလိုက်တော့

မိုက်ကြည့် ကြည့်ခံ လိုက်ရတယ်..

သူ ့အဖြေတွေ ကို ကြားရရုံနဲ ့တင် ၊မောင်ပေ တစ်ယောက် မိုးကောင်းကင် ကို မော့ကြည့်မိတယ် ။

စုတဲ့သူတွေ ထဲ မှာ အလှူလုပ်ဖို ့ရည်စူးပြီး စုတဲ့သူ ၊ ဘုရားပြင်ဖို ့စုတဲ့သူတွေ လည်း ပါတယ်ဗျ ။

မိုးတွေများ အုံ  ့လာလေသလား ပေါ့ ။ မိုးကြိုးပစ်ချ လာမှ ကို ကြောက်သွားတာပေါ့ဗျာ ။

ဒါနဲ ့မြန်မြန်မေးမြန်း ပြောဆိုပြီး လစ်ခဲ့ရတာပ ။

ထား.. ။

စကားမစပ် ။ ။ ဒီပို ့စ်ရဲ  ့အရှေ  ့မှာ ကိုဘီလူး ရဲ  ့“ ကိုယ်တိုင်ဗျူးသည်…အဆိပ်သီး။။။ ” ဆိုတဲ့ ပို ့စ် ကို ဖတ်ပြီးတော့ အိုင်ဒီယာ ရတာလည်း ပါပါတယ် ဗျာ

မောင်ပေ့ အလုပ် ကို မန်းတလေးမြို  ့အရှေ  ့ဘက် ရန်ကင်းတောင်အရှေ  ့ဘက်မှာ  ရှိတဲ့ MID အရှေ  ့ဘက် က ရွာ က ဘွားဒေါ်တစ်ယောက် ရောက်လာတယ် ။

MID ဆိုတာ ရှေးတုန်း က ခေါ်တဲ့ နာမည်ပေါ့ ၊ နည်းပညာတက္ကသိုလ်ပေါ့ ဗျာ ။ BE ဘွဲ  ့တွေ ထွက်ရာကျောင်းကြီးပါ ။

ဘွားဒေါ်က သူ ့အလှူအတွက်  ၊  အလှူထမင်း၊ဟင်း ချက်စရာ လိုအပ်တာလေး တွေ လာဝယ်တာပေါ့ ။

မောင်ပေ လဲ ဈေးကို အဖော်လိုက်ပေးရတယ် ။ လိုတာတွေ ( ငါးခြောက် ၊ ကြက်သွန် ၊ ခရမ်းချဉ် အစရှိသဖြင့် )  လိုက်ဝယ်ရင်း  ၊ နောက်ဆုံးဝင်ဖြစ်တဲ့ ဆိုင်က “ မုတ်သုံမ ” အရောင်တင်မှုန် ့ဆိုင် ကို ရောက်ခဲ့တယ် ။

“ သန် ့လည်း သန် ့တယ်  ၊ တန်လည်း တန်တယ် ” ဆိုပြီး ဘွားဒေါ် ခဗျာ ဝယ်တော့တာပေါ့ ။

သူ ဝယ်ဖို ့ပစ္စည်းများ စုံတာနဲ ့၊ ရန်ကင်းတောင် ဘက် သွားတဲ့ လိုင်းကားပေါ် လိုက်တင်ပေးလိုက်တယ် ။

ဟူး..မောလိုက်တာ ၊ သူများ အလှူအတွက် အပင်ပန်းခံ လိုက်ကူညီပေးတာပဲ ၊ ကုသိုလ် ရမှာပါလေ လို ့စိတ်နှလုံးသွင်းပြီး အလုပ်ကို ပြန်ခဲ့တဲ့ ။

နောက်ရက်ကြ..ဖုန်းဆက်လာတယ် ။

မနေ ့က ဈေးဝယ်သွားတဲ့ ဘွားဒေါ် ။ ဘာများ ကျန်နေပါလိမ့် ဆိုပြီး စကားပြောတော့

သူဝယ်သွားတဲ့ ငရုတ်သီးမှုန် ့၊ အရောင်တင်မှုန် ့တွေထဲမှာ  ဖွဲမှုန် ့တွေ ကို ကြိတ်ပြီး ရောထည့်ထားတယ် တဲ့ ။

ဟောဗျာ..ဒါဆို အဲဒီဟာတွေ အားလုံး ပြန်ယူခဲ့ဗျာ လို ့၊ ကျွန်တော် သွားရှင်းပေးမယ် ။ လူသိရှင်ကြား ဖြစ်အောင် လုပ်ရမယ် လို ့ဆိုတော့

နေပါစေတော့..တဲ့ ။ သူ  ့လုပ်ရပ် အတွက် သူ အကျိုးပေးပါလိမ့်မယ် တဲ့ ။  ဆိုင်ကို သွားပြဿနာ မလုပ်တော့ပါဘူး တဲ့ ။

သူတို ့ဒီလိုလုပ်တယ် ဆိုတာကိုတော့ မင်းတို ့သိထားဖို ့လှမ်းပြောပေးတာပါတဲ့ ။

ဒါနဲ ့..ကိုယ့်အသိတစ်ယောက် ခံ လိုက်ရတယ် ၊ နောက်ထပ်လည်း စားသုံးသူတွေ လည်း ဘယ်လောက်တောင် ခံကြရမလဲ ပေါ့ ။ မဖြစ်ပါစေနဲ ့ဆိုပြီး ..

ဒေါသဖြစ်ဖြစ်နဲ ့ ၊ နီးစပ်ရာ ခင်မင်တဲ့ သူတွေ ကို ဒီအကြောင်းလိုက်ပြောတော့ ၊ ဟုတ်တယ် တဲ့ ။ သူတို ့လဲ ကြုံဖူးလို ့၊ အဲဒီမှာ ထပ်မဝယ်ဖြစ်ဘူး တဲ့ ။

“ ခင်ဗျား တို ့ဘာလို ့တရားမစွဲကြတာလဲ ၊ ဒီကိစ္စ က အစားအသောက်စစ်ဆေးရေး ဌာန ကို သွားပြ ပြီး နစ်နာကြေး တောင်းပစ်ရမှာ ” လို ့ပြောတော့

“ နစ်နာကြေး က ရမှာ က ဘယ်လောက် မှန်းမသိ ၊ ရုံးရောက် ဂါတ်ရောက် ၊ ရှေ  ့နေတွေ တရားသူကြီးတွေ နဲ ့အရင်စကား ပြောရမယ် ။ အချိန်ကုန် မခံနိုင်ပါဘူး ” တဲ့

“ ဒါဖြင့်..အဲဒါပါတဲ့ ဟင်းများ စားမိရင် လည်ချောင်းထဲ တစ်ဆို ့ကြီးဖြစ်နေမှာပေါ့ ” လို ့ဆိုတော့

“ ဒါများ ချဉ်ရည်ဟင်းလေး ရှူးခနဲ ခပ်သောက် ၊ ဂေါက်ဂက် နဲ ့ဆင်းသွားတာပေါ့ ကွာ ” တဲ့

ဒီလိုနဲ ့၊ အဲဒီ ဆိုင် ကို ပဲ ရှောင်ဝယ်တော့တယ် တဲ့ ။ ကောင်းရောဗျာ လို ့ပြောရုံမှ လွဲပြီး ဘာတတ်နိုင်မလဲ ။

မောင်ပေ့ ထက် ပိုပေသော စားသုံးသူများ ပါတကား ..

ထား..။

ကျုပ်တို ့လူမျိုးတွေ က ဒီလို သည်းခံတတ် လို ့၊ အမှုဆိုင်ရမှာ ကို ကြောက်ကြလို ့လဲ ၊ ဒီလူတွေ လုပ်ကိုင်စား၊ ကြီးပွားချမ်းသာနေကြတာပဲ လို ့ …။

ကောက်ချက်ချမိတယ် ဗျာ ။

အဲဒီနေ ့က စပြီး ၊ အပြင်မှာ ထမင်းစားလို ့၊ မှာလိုက်တဲ့ဟင်း က အရောင်လေးတွေ များ ရဲရဲတောက်နေတာများ မြင်ရရင်  …

“ ဟဲ့..နင်တို ့ဆိုင် က ဘာအရောင်တင်မှုန် ့သုံးတာလဲ ” လို ့မေးမိတယ် ။

ကိုယ် သိထားတဲ့ ဟာ မဟုတ်မှပဲ ၊ စိတ်ချ လက်ချ စားရဲတော့တယ် ဗျာ ၊ မြိုကျ တယ် ။

နို ့မဟုတ်ရင်..မှာထားတဲ့ ဟင်းဖိုးထမင်းဖိုး ချက်ချင်း ပိုက်ဆံရှင်းပေးပြီး ၊ အားမနာတမ်း ဆိုင်ပြောင်းရတာပေါ့ ။

ကိုယ့်လည်ချောင်း ၊ ကိုယ့်အစာအိမ် ၊ ကိုယ့်ကိုကိုယ် တော့ ကိုယ်သနားရမှာ မဟုတ်ပါပေလော …ချစ်မိတ်ဆွေ

xxxxxxxxxxxxxx ပြီးပါပြီ xxxxxxxxxxxxxx

————————– အားလုံးကို ကျေးဇူးတင်ပါသည် ————————–

 

 

 

 

14 comments

  • ကြောင်ကြီး

    October 2, 2011 at 10:19 pm

    သဂျီးလည်း အဲဒီလိုပဲ ဝဋ်တို့ ငရဲတို့ မကြောက်ဘူးတဲ့………

  • surmi

    October 2, 2011 at 10:41 pm

    ဒီလို ကိ စ္စ မျိုး ဘုရင့်နောင်ကားပစ္စည်းတန်းမှာမကြာခဏဖြစ်တယ်။
    သူတို့ကတော ့မပြေးဘူး၊ခတ်ပြောင်ပြောင်ပဲ ။အဲဒီစုမဲက ရပ်ကွက်ကျေးရွာအထိခေတ်စားနေတာ၊
    မဲဘိုးပေးစရာမရှိလို ့အပေါင်ဆိုင်မှာထမီတထည် ၅၀ဝ ကျပ်နဲ ့ပေါင်ပြီး ပေးတယ်ဆိုပဲ။။
    နေ ့စဉ်မဲကြေးက ၁၀ဝကျပ်အထိ ရတယ်။ ဆုမဲအရောင်းအဝယ်လဲလုပ်ကြတယ် ။
    လောင်းကစားနည်းတမျိုးလိုပါပဲ ။

  • comegyi

    October 2, 2011 at 10:53 pm

    ပြောင်တဲ့နေရာမှာ ဒို့မြန်မာတွေက ချန်ပီယံပဲဟာကို နော့ ……
    ကိုရင်မီးရထား ကက်ပတိန်ကြီး သိပါလေစ ……

    • windtalker

      October 3, 2011 at 11:24 am

      မင်္ဂလာပါ ကမ်းကြီး ရေ
      ခင်ဗျား
      မန်းဂေဇက် ကို ရောက်လာတာ ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ဗျာ

  • မောင်ပေ
    ငါတို့ နိုင်ငံကလူတွေက မတိုင်တတ်တော့ဘူး ကျေအေးလို့ရတယ်ဆိုရင်ကို ကျေနပ်လှပြီလေ။

    • TTNU

      October 2, 2011 at 11:17 pm

      ဟုတ်တယ် ဦးပေါက်ရေ ကျေအေးလို့ရတယ်၊ ရုံးပြင်ကနား မသွားရဘူးဆိုရင် ကျေနပ်ကြတာနော်။

  • TTNU

    October 2, 2011 at 11:14 pm

    ဆရာWind ရေ
    ဒီလို ဖြစ်စဉ်မျိုးလေးတွေ ဖတ်ချင်စဖွယ်ဖြစ်အောင်ရေးထားတာ ကောင်းတယ်။
    စုကြေးကိစ္စ ခဏခဏ ကြားဘူးတယ်။ ဟုတ်ပါ့နော်။ ဘယ်သူမှ တရားမစွဲကြဘူး။
    အရောင်တင်မှုန့် အတု ဆို ကျမလည်းခဏခဏ မိပါ့။ ရောင်းသူခလေးမ ကို စစ်ရဲ ့လား
    မေးရင် စိတ်ချ ကျမတို့ မဟုတ်တာ မလုပ်ဘူးတဲ့။ ချက်ရင်းနဲ့ မစစ်မှန်းသိပေမဲ့ နောက်နေ့
    သူ့ဆိုင်ရှေ ့ ရောက်ပေမဲ့ မပြောတော့ပါဘူး။ နောက်တစ်ဆိုင်ကဝယ်ပြန်ရော။ မစစ်ရင် နောက်တစ်ဆိုင်
    ပြောင်းပြန်ရော။ ပြီး တော့ အရောင်တင်မှုန့် ဆိုတာကလည်း နေ့တိုင်းဝယ်စရာ မလိုတော့ အဲဒီ
    ရောင်းသူနဲ့ မတွေ့ဖြစ်ရင် မပြောဖြစ်တော့ပြန်ဘူးလေ။ စကားမများရဲ တာလည်းပါမယ်တင်ပါတယ်။

  • “ဘီလူးကြီး”ogre

    October 3, 2011 at 8:32 am

    ဝဋ်မှာအမြဲ ငရဲမှာအပတဲ့
    လူတွေပြောပြောနေတဲ့ “ဝဋ်ရှိသရွေ့တော့ ခံရမှာပေါ့”ဆိုတဲ့စကားအတိုင်း
    ဝဋ်ဆိုတာ ခံစရာလို့ထင်လာကြတယ်ဗျ ဝဋ်မဖြစ်အောင် ဘာလုပ်ရမယ်ဆိုတာသာ မသိကြတာဗျ
    ကိုပေ ..လဲ သူများမကောင်းကြောင်းတွေရေးတယ် …..ဝဋ်လိုက်မယ်နော်.. 🙂

  • pan pan

    October 3, 2011 at 9:42 am

    မြန်မာတွေ တရားဆိုင်ရမှာ၊ တိုင်ရတောရမှာ ဘာလုပ်ကြောက်တာလဲဆိုတာ…
    ကျွန်မအထင်လေး ပြောပါရစေ
    ဒီမှာက အမှုတစ်ခုလုပ်တော့မယ်ဆိုရင် တရားရုံးမှာ တရားသူကြီးကစလို့ စာရေးအထိ ငွေခင်းရတာ
    ပြီးတော့ ရှေ့နေငှားရင် ရှေ့နေကြေး
    တစ်လ၊ နှစ်လပြီးတဲ့အမှုကို အနည်းဆုံးခြောက်လမှ တစ်နှစ်လောက်အထိ
    နှစ်နှစ်လောက်လည်း ကြာတဲ့အမှုတွေလည်းရှိရဲ့ (လူမှုရေးအမှုဆို ပိုကြာတတ်ဆိုတော့)
    စီမံချက်ကြောင့်ဆိုတာမျိုးအမှုမဟုတ်ရင် ချက်ချင်းအမိန့်ချတာမဟုတ်ဘူးထင်ပ
    ပြီးတော့ အဲဒီလိုရုံးချိန်းခေါ်ရင် အလုပ်ပျက် အကိုင်ပျက်သွားရမှာတွေရှိသေးဆိုတော့
    ဝမ်းရေးအတွက်လည်း ရုန်းကန်နေရသေးတယ်လေ
    ———————————
    မျက်နှာ ပြောင်ပြောင် နဲ ့လုပ်ချင်ရာလုပ် ဆိုတဲ့ သဘောနဲ ့ဈေးတန်းထဲ ကို ပြန်လာတယ် ။

    ပိုက်ဆံ ပြန်မရနိုင်မှန်း သိတော့ ၊ ဘယ်သူ မှ လည်း ၊ ငွေကုန်ခံ တရားမစွဲကြဘူး တဲ့ ။

    သဘောထား ပြည့်ဝ ကြ တာလား ၊ အမှုအခင်း ဆိုင်ရမှာ ကြောက်ကြတာပဲလား တော့မသိ ။
    — — —
    “ ခင်ဗျား တို ့ဘာလို ့တရားမစွဲကြတာလဲ ၊ ဒီကိစ္စ က အစားအသောက်စစ်ဆေးရေး ဌာန ကို သွားပြ ပြီး နစ်နာကြေး တောင်းပစ်ရမှာ ” လို ့ပြောတော့

    “ နစ်နာကြေး က ရမှာ က ဘယ်လောက် မှန်းမသိ ၊ ရုံးရောက် ဂါတ်ရောက် ၊ ရှေ ့နေတွေ တရားသူကြီးတွေ နဲ ့အရင်စကား ပြောရမယ် ။ အချိန်ကုန် မခံနိုင်ပါဘူး ” တဲ့
    ——————————————————-
    ငွေလိမ်ခံရလို့ တိုင်မယ်ဆိုရင်လည်း ငွေကထပ်ကုန်မယ့်အပြင် အလုပ်လည်းပျက်ဦးမယ်
    ပြီးတော့ အလိမ်ခံရတဲ့ငွေက ပြန်ရမှာလည်းမဟုတ်ဘူးဆိုတော့
    အချိန်လည်း အကုန်မခံနိုင်ကြဘူးလေ..
    ဗုဒ္ဓဘာသာထုံးစံအတိုင်း ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုပြီး မှတ်လိုက်ကြတာလည်း ပါတာပေ့ါ
    ဒီလိုကိစ္စနဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေတယ်၊ ဘာတွေတော့ ဆက်ဖြစ်မှာပဲဆိုတာမျိုး ပိုစ့်တောင်ရေးချင်တယ်ကိုပေရယ်
    ကျွန်မဘက်က ထင်မြင်ချက်ပဲရေးမယ်ပေ့ါ
    တဖက်ကလည်း ကိုယ်ထင်တာ တလွဲဖြစ်နေမှာလဲစိုးတော့
    စဉ်းစားရသေးတာပ
    (အတွေ့အကြုံက နည်းသေးတယ်မလား) 🙂

  • manawphyulay

    October 3, 2011 at 9:58 am

    ဝဋ်လည်တယ်ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်ဆိုပြီး
    စမ်းသပ်ကြည့်ချင်ကြတဲ့သူတွေလည်း များသကိုး။
    ဒီတော့ နောက်ခါလာ နောင်ခါဈေးပေါ့…..

  • ပေါက်ဖော်

    October 3, 2011 at 10:36 am

    မစ်ချတာပေ….စောစောမဲပေါက်သွားတာကံတောင်းတာပေါ့…နို ့မို ့ဆို…. 😀

    “ဈေးတွေမှာ ငွေစုကြတာများတယ်ဗျ
    အဲလို စုကြတဲ့အခါ ပထမဆုံးမဲကို ဒိုင်လုပ်တဲ့လူက ယူတယ်..ကျန်တာ.နံပတ်စဉ် မဲနှိုက်ကြတာ…
    ဒိုင်လုပ်တဲ့လူကလဲ..ယုံကြည်ရလောက်တဲ့အနေအထားရှိရတယ်….ဥပမာ.ကိုယ်ပိုင်စီးပွါးရေးတစ်ခုခု…
    အိမ်.ခြံ.ဆိုင်.တစ်ခုခု ရှိမှ..ဒိုင်ပေးလုပ်ကြတာများတယ်
    ဒါပေမဲ့..
    ဒိုင်..ပြေးပြီဆိုရင်လဲ…ဈေးထဲက ဆိုင်တွေဘာတွေ ပစ္စည်းတွေ အကုန်ထားပြီးပြေးတာပဲ..
    စုငွေတော်တော်များလို ့..သူ ့စီးပွားရေးတောင် ပစ်ပြီးပြေးတာဗျ..”
    ဟု…လျှောက်သီးဆေးပြား ကုန်သည်တစ်ဦးမှ မစ်စတာပေသို ့ အတည်ပြုပြောကြားလေ၏.
    😀

    “အစားအသောက်ကတော့.လကုန်ရက်ဖြစ်လင့်ကစား…ကြေးအိုးထဲ တီကောင်ပါတယ်..
    အသားလုံးတွေက
    စိတ်မချရဘူးဘာဝူး..ညာဝူးဆိုပီး..သဂျီးနှင့်ရွာကျော်များ ပြောတာ တွေ ့မိကတည်းက..ဘာမှစားတော့ဝူး
    ခုလဲ ကာလာပါတဲ့ ဝါးတီးတွေပေါ်နေလေတော့….မစားဖြစ်တာကြာပါဘီ…
    ဒါကြောင့် အရည်ပဲသောက်ဖြစ်နေတာ များပါတယ်”
    ဟု…..ကွိ.စိ..ကွိစိ..ကွိကျိ..ကွိကျိ..ကျလိကျလိ..ခွေထစ်သွားလေ၏..

  • water-melon

    June 4, 2012 at 10:13 am

    အနော်တို့ဗိုက်ထဲ ဘာတွေရောက်ကုန်ပြီလဲ
    အနော်တို့ လူမျိုးတွေက ရုံးရောက်ဂိတ်ရောက်တာကို အရမ်းကြောက် သွားလည်းမသွားချင်ဘူး
    ဘာလို့လဲဆိုတော့ ရုံးဆိုတဲ့အမျိုးက ရုန်းရလွန်းလို့

  • Shwe Ei

    June 4, 2012 at 1:38 pm

    အစားအသောက်ကိတ်စကတော့ အတုတွေများလွန်းလို့ တရားစွဲချင်ရင်တောင် စွဲချက်တင်ခံရမဲ့ဈေးသည်နဲ့တင် တရားရုံးဆံ့မှာမဟုတ်ဖူး ဆရာပေရဲ့။ ဆုကြေးကိတ်စကတော့ သူများကိုမယုံတာရော စုဖို့ပိုက်ဆံမရှိတာရောနဲ့ တခါမှမစုဖြစ်ပါကြောင်း 😀

Leave a Reply