မြားတစ်စင်း ရဲ ့ဒဏ္ဍာရီ
ကိုရှီနို တစ်ယောက် လဘက်ရည်ဆိုင်၏ ထောင့်စားပွဲတွင် ခြေပစ်လက်ပစ် ထိုင်နေရင်း ၊ အလကားပေးသော ရေနွေး ကို ဘယ်နှစ်အိုးမြောက်မှန်းမသိ ထပ်တောင်းလိုက်သည် ။
စားပွဲထိုးကောင်လေး က မကြည်မသာဖြင့် ရေနွေးအိုး ကို ဆောင့်ချသွားသည် ကို သတိမပြုအား ။
ကိုယ့်စိတ်ထဲမှာ ပူနေသော ဖြစ်နေသော အလိုမကျခြင်းတွေ ထက် အရေးမကြီး ဟု ကိုရှီနို ယူဆထားသည် ။
လက်ထဲမှာ ကိုယ်လိုချင်တဲ့ ပိုက်ဆံပမာဏ မရှိ ။
လက်ရှိ ကိုယ်ရှင်သန်နေတဲ့ ဘဝမှာ ကိုယ့် ဆန္ဒတွေ မပြည့်စုံ ။
စိတ်ညစ်စရာ ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေက ၊ နေ ့စဉ် ကိုယ့်ဘေးနားမှာ…ပုံ ။
အရေးထဲ တွဲနေတဲ့ ရည်းစား သုံးယောက် က လာတွေ ့ဖို ့ တစ်ပူပူ ။
မော်လမြိုင် ၊ ရန်ကုန် ၊ မြစ်ကြီးနား တစ်မြို ့ဆီမှ ဖြစ်သဖြင့် လက်တလော သွားတွေ ့ဖို ့လုံးဝမေ့ထားလိုက်သည် ။
ဒီအခြေအနေတွေကနေ အမြန်ဆုံးလွတ်မြောက်အောင် ဘယ်လို လုပ်ရမလဲ ၊ ကိုရှီနို စဉ်းစားနေသည် ။
( ကိုရှီနို ဆိုတာ အသက် ၂၅ နှစ် ၊ မြစ်ကြီးနားဇာတိ ၊ မန်းတလေးရတနာပုံ တက္ကသိုလ်က ဘွဲ ့ရအပြီး ရောင်းဝယ်ရေး တစ်ခု တွင် ဝန်ထမ်းလုပ်နေသူ ။ )
အခွက်နံပါတ် ၁၀ဝ ကျော်လောက်ပြီ ဖြစ်သော ရေနွေးကို ကောက်မော့လိုက်ပြီး….ရင်ဘက်ကို ကော့လိုက်သည် ။
လဘက်ရည်ဆိုင်အတွင်းထဲက ရနံ ့ပေါင်းစုံ ရောထွေးနေတဲ့ လေကို တစ်ဝကြီး ရှူသွင်းလိုက်သည် ။
ကိုရှီနို ၊ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိသည် ။
ဆံပင်တိုတို ညှပ်ထားမိသည် မှာ မှန်သွားပြီလို ့ပြုံးမိသည် ။ ဒီပုံက ဘယ်သွားသွား ရေလေးကောက်စွတ်ပြီး သပ်လိုက်ရုံပဲ ။
ဝတ်ထားတဲ့ တီရှပ် က မတွန် ့ကြေသေးဘူး ။ အောက်ကဘောင်းဘီက ဂျင်းဆိုတော့ လူမြင်မဆိုး ။
စီးလာတဲ့ ဖိနပ်ကို ကြည့်တော့ ၊ ရိုသေလိုက်ရင် နှစ်လလောက် စီးလို ့ရဦးမည် ။
ဗိုက်ဆာနေလား…။ ဟင့်အင်း…သောက်နေတဲ့ ရေနွေးတွေကြောင့် ဗိုက်လေးနေပြီ ဖြစ်သည် ။ အိုကေဖြစ်ပြီ ။
စားပွဲထိုးကောင်လေး ကို လှမ်းခေါ် ၊ သောက်ထားတဲ့ လဘက်ရည် တစ်ခွက်ဖိုး ရှင်းပေးလိုက်ပြီး ။
လဘက်ရည်ဆိုင် မျက်နှာချင်းဆိုင် လမ်းဘေးရှိ အုတ်ခုံလေး ပေါ် နေရာပြောင်းထိုင်လိုက်သည် ။
ညနေစောင်းပြီ မို ့အလုပ်ပြန်သူများ ဖြင့် လမ်းလေး က အသက်ဝင်လှုပ်ရှားနေသည် ။
ထိုင်ရင်း လမ်းသွားလမ်းလာ များကို တစ်ချက်သတိထားကြည့်မိသည် ။
ကိုယ့်များ တစ်မျိုးတစ်ဖုံ ထင်သွားကြမလားပဲ ၊ ပြီးမှ..ပြုံးဖြစ်သည် ။ ကိုယ်က ဘာကောင်မို ့သူတို ့တွေ သတိထားကြမည်နည်း ။
ကိုရှီနိုတစ်ယောက် စဉ်းစားခန်းဖွင့်တော့သည် ။
ကိုယ့်ခေါင်းထဲမှာ ဘာရှိသလဲ….ဦးဏှောက်တော့ ရှိမှာ သေချာသည် ။
ကိုယ်သင်ခဲ့တဲ့ အတန်းပညာ ၊ တက္ကသိုလ် ပညာ တွေကို ဘယ်လို သုံးရမလဲ ၊ ငွေဖြစ်အောင် ပြောင်းလဲလို ့ရလျှင် သိပ်ကောင်းမည် ဟု တွေးသည် ။
မဖြစ်နိုင်..။ ဒီပညာတွေနဲ ့ ကောင်းဆိုးဝေဖန်ပိုင်းခြား လို ပဲ ရမည် ။
ကိုရှီနို စိတ်သည် ငြိမ်သက်လာပြီး ၊ အာရုံစိုက်စရာ ရှာမိလာသည် ။
ပထမဆုံး စိတ်ကူးထဲကို ဝင်လာသူမှာ ၊ ကိုရှီနို သတိထားမိနေသည့် အရမ်းချမ်းသာသော သူဌေးကြီး ဦးမောင်ပေ ။
သူဘယ်လောက် ချမ်းသာသလဲ ဆိုတာကို ဘယ်သူမှ မခန် ့မှန်းနိုင်ကြဘူး ။
သူ ့လက်ထဲမှာ နောက်ထပ်နှစ်ပေါင်းများစွာ သုံးစားလို ့ရဦးမယ့် လုပ်ကွက်တွေ က အများကြီး ။
သူ က ဒီနိုင်ငံမှာ နံပါတ် ၁ လို ့ပြောလို ့ရသည် ။
သူ ဒီလို ချမ်းသာလာအောင် ဘယ်လို လုပ်ခဲ့တာပါလိမ့် ၊ ဘယ်လို ကြိုးစားခဲ့ပါလိမ့် ။
မွေးကတဲက ချမ်းသာလာတာ မဟုတ်ဘူး ဆိုတာ ကို ကိုရှီနို သိသည် ။
သူလဲ အခက်အခဲပေါင်းများစွာ နဲ ့ရုန်းကန် လှုပ်ရှားကြိုးစားပြီး ဖြစ်လာသူ ။
ကိုယ်ကော သူ ့လို ချမ်းသာအောင်မြင် လာအောင် မလုပ်နိုင်ဘူးတဲ့လား ၊ ကိုရှီနို ထပ်စဉ်းစားသည် ။
တချို ့ကပြောတယ်..သူက လူကြီးတွေ နဲ ့ပီတယ်တဲ့ ။
လူကြီးတွေ နဲ ့ပီတယ် ဆိုတာ ဘယ်လို မျိုးပါလိမ့် ၊ ဒါကို ကိုရှီနို အတိအကျမသိခဲ့ ။
လူကြီးတွေ နဲ ့ပီဖို ့…ဘယ်လို ပီအောင်လုပ်တာလည်း ကို စဉ်းစားသည် ။ လူကြီးတွေ နဲ ့ပီလျှင် သူဌေးဖြစ်ရောလား စဉ်းစားသည် ။
ဘာပဲဖြစ်ဖြစ် လူကြီးတွေ ရဲ ့မစမှု ခံရလျှင်တော့ ၊ အာကေပွိုင့်ကောင်းသော လုပ်ကွက် ရနိုင်တာ ကို မြင်သည်။
လူကြီးဆိုတာမျိုးက ဝင်တွေ ့ချင်တိုင်း တွေ ့ခွင့်ရတာ မဟုတ်ဘူး ။
ဝင်တွေ ့ခွင့် ရအောင် ဆိုရင် လက်အောက် က လူတွေကို အရင်တွေ ့ရမယ် ။
တွေ ့ဖို ့ဆိုတာ ဒီအတိုင်း လက်ချည်း ကပ်လို ့မရတာ သေချာသည် ။
လမ်းကြောင်းတစ်ခု တော့ ရှိမှာ ။ အာကေ ခင်းရမည် ။
အာကေ ကို ဘယ်လို ရှာမလဲ ။
ကိုရှီနို လက်ရှိ လုပ်နေတာ သူများလက်အောက်က ဝန်ထမ်း ။
တစ်လ ကို အပိုဘောနက်စ် ရယ်နဲ ့မှ ရှစ်သောင်းကျော်ကျော် ရယ် ။
အဲဒါကို ထမင်းစရိတ် ၊ လမ်းစရိတ် ၊ လဘက်ရည်ဖိုး ဘာညာနုတ် မှ နှစ်သောင်းကျပ် ကျော်ကျော် ကျန်သည် ။
ဒါတောင် နေတာက ဆွေမျိုးရင်းတစ်ယောက်ရဲ ့အိမ်အဖီလေးမှာ အခမဲ့ ကပ်နေခွင့်ရလို ့၊ နေစရိတ် ဖရီးတာ ။
တစ်လ နှစ်သောင်းကျော်နဲ ့ဆို တစ်နှစ်စုခဲ့တာ လက်ထဲမှာ နှစ်သိန်းနှစ်သောင်းကျော် ပဲ ရှိတယ် ။
ရွှေတစ်ကျပ်သား ခြောက်သိန်းနားကပ်နေတဲ့ ခေတ်ကြီးမှာ တစ်နှစ်လုံး စု မှ နှစ်သိန်းကျော် ရတဲ့ အလုပ် နဲ ့..(၂၀၁ဝခုနှစ်)
လူမွှေးလူရောင် တောင် ပြောင်မည် မဟုတ် ။ သူဌေးဖြစ်ဖို ့ဆိုတာ..ဝေလာဝေး ။
ဒီနှစ်သိန်းကျော် နဲ ့ဘာ လုပ်ရင် ကောင်းမလဲ ၊ ဘယ်အလုပ်မှာ ရင်းနှီးလို ့ရမလဲ ။
အိမ်နား က ပေါက်ဖော် ဆိုတဲ့ တရုတ်ကြီးကတော့ ပြောပါတယ် ။ သူ က ကျောက်ကုန်သည်ပွဲစား ၊
သူနဲ ့အတူ တရုတ်ပြည် လိုက်ခဲ့ဖို ့ခေါ်နေတယ် ။
ရပ်ကွက်ထဲ က ပဲ ၊ ဆမူး ဆိုတဲ့ တရုတ်ကပြားမလေး က လည်း ပြောပေးရှာပါတယ် ။
အထည်နှစ်သိန်းဖိုး ဝယ်ပြီး ရပ်ကွက် ထဲမှာ လပေးပြန်ရောင်းစားဖို ့ ။
ရပ်ကွက်ထိပ်က အဖြူဆိုင် ပိုင်ရှင် ကိုဘဲလူး ကတော့ သူ ့ဆိုင်မှာ ဘီယာ တို ့ဝီစကီ တို ့တင်ရောင်းပေးဖို ့အကြံပြုလာတယ် ။
သူတို ့သုံးယောက်လမ်းစဉ် မှာ ၊ ပေါက်ဖော် လမ်းစဉ်က ငွေမြိုးမြိုးမြက်မြက် ရဖို ့သေချာနိုင်တယ် ။ ဒါပေမယ့် စွန် ့စားရမယ် ။
ဆမူး လမ်းစဉ်ကတော့ ကျိန်းသေပေါက် အမြတ်ရမှာ ဖြစ်ပေမယ့် အမြတ်နဲတယ် ။ တစ်လကြာ ရင်းနှီးမြုပ်နှံ ရမယ် ။
ကိုဘဲလူး အစီအစဉ်ကြတော့ လည်း ကောင်းပေမယ့် ၊ အဲဒီလိုမျိုး သူလုပ်ဖို ့စိတ်မဝင်စား ။
အဲဒီမှာ ပေါက်ဖော် ရဲ ့အကြံကို သူ ရွေးခြယ်လိုက်တယ် ။
ဒီလိုနဲ ့ကိုရှီနို တစ်နှစ်ထပ်ပြီး သူ ့အလုပ်မှာ ပဲ စိတ်နှစ် ကြိုးစား အလုပ်ဆက်လုပ်လိုက်တယ် ။
နောက်တစ်နှစ်ကျော်လွန်ပြီးတဲ့အခါ မှာ ကိုရှီနို လက်ထဲ လေးသိန်းကျော် စုမိနေပြီ ။
သူ အလုပ်ကနေ ထွက်လာခဲ့ပြီး ပေါက်ဖော် ဆီ မှာ ကျောက်ပညာ လိုက်လေ့လာတယ် ။
ကျောက်ဝိုင်းထဲ ကို အဆက်မပြတ်သွားတယ် ။ ကျောက်ဈေးကွက် ကို မျက်ခြေအပြတ် မခံဘူး ။
ဒီလိုနဲ ့တရုတ်ပြည်ဘက်က ဘာကြိုက်လဲ ၊ ဘယ်လိုဟာ ဈေးပိုပေးလဲ သိလာရတယ် ။
မကြာဘူး ။ အဲဒီနောက် ကိုရှီနို တစ်ယောက် ကျောက်စိမ်းပန်းပုလေး တွေ စဝယ်တယ်။
ကျောက်သားကောင်းကောင်း ၊ အနာရှင်းတာလေး တွေ ကို တစ်ခု နှစ်ထောင်ကျပ် ၊ သုံးထောင်ကျပ် နဲ ့ဝယ်စုထားလိုက်တယ် ။
နှစ်လလောက်အကြာမှာ သုံးသိန်းကျပ်ကျော်ဖိုး လောက် ဝယ်ပြီးသွားပြီ ။
တစ်သိန်းကျော် ကို တရုတ်ပြည် သွားဖို ့လမ်းစရိတ် ချန်ထားပေမယ့် ၊ ပေါက်ဖော် က အဲဒါကိုပါ ထပ်ဝယ်လိုက်ဖို ့ပြောလာတယ် ။
လမ်းစရိတ် သူ ဒကာခံ မယ် တဲ့ ။ ကိုရှီနို တစ်ယောက် အတိုင်းအထက် အလွန်ပဲပေါ့ ။
နောက်တစ်ပါတ်ကျော်တော့ ၊ မူဆယ်ကားပေါ်မှာ ပေါက်ဖော်နဲ ့ကိုရှီနို နှစ်ယောက် ။
တစ်လမ်းလုံးတော့ အေးဆေးပဲ ၊ မူဆယ်နား မဝင်ခင် ဂိတ်တစ်ခု ဖြတ်ရမယ် တဲ့ ။
ပေါက်ဖော်မျက်နှာကို ကြည့်လိုက်တော့ ချွေးပြန်နေတယ် ။ ဘာဖြစ်လို ့လဲ မေးလိုက်တော့ ။
ဒီဂိတ်က နဲနဲကြပ်တယ် တဲ့ ။ ကိုရှီနို ပါ ရောယောင် စိတ်ပူလာတယ် ။
သူ နှစ်နှစ်စာ အပင်ပန်းခံ အလုပ်လုပ် စုဆောင်းလာသမျှ ၊ ကျောပိုးအိတ် တစ်လုံးစာ ကျောက်စိမ်းပန်းပုရုပ်လေးတွေပဲ ရှိတာကိုး ။
ကိုရှီနို တစ်ယောက် သတိမရတာ ကြာပြီ ဖြစ်တဲ့ ဘုရားစာ တွေ ရွတ်နေမိတယ် ။
သူတို ့ကံကောင်းသွားခဲ့တယ် ။ သူတို ့ကား ဖြတ်တဲ့အချိန်မှာ ၊ ကြိုတင်သတင်းရလို ့ကားတစ်စီးမှာ မူးယစ်တွေ ဝိုင်းဖမ်းနေကြတာနဲ ့ ..
သူတို ့ကားလေး က လွတ်လာတယ် ။
အဲဒီနောက် ကြယ်ခေါင် ရွှေလီ ၊ ပေါက်ဖော် နဲ ့ကိုရှီနို ကျောက်လိုက်ရောင်းကြတယ် ။
ပေါက်ဖော် သယ်လာတာ က သိန်းတစ်ရာကျော်တန်တဲ့ ကျောက်စိမ်းတုန်းသေးသေးလေး နှစ်တုံး ။
တစ်ခု ကို သိန်းထောင်ချီ ရလိုက်တယ် ။
ကိုရှီနို ရဲ ့ကျောက်စိမ်းပန်းပုလေးတွေ အားလုံး ကို တစ်ခု ကို နှစ်သောင်းကျပ် နီးပါးဈေးရလိုက်တယ်
နှစ်ယောက်စလုံး အောင်မြင်ခဲ့ကြတယ် ။ မူဆယ် ဘီဘဲဟော်တယ် မှာ တစ်ရက်ကောင်းကောင်းကြီး တည်းလိုက်တယ် ။
ကြယ်ခေါင် အနှံ ့ပတ်ကြည့်တော့ ဝယ်စရာတွေ အများကြီး ပဲ ။ ဆိုင်ကယ် အသစ်တွေ လဲ တွေ ့ရတယ် ။
ကိုရှီနို ဈေးသွားမေးကြည့်တော့ တစ်စီးမှ ၅သိန်းတောင် မပြည့်ဘူး ၊ အံ့ဩသွားတယ် ။
မန်းတလေး မှာဆိုရင် တစ်စီးကို ၆သိန်းခွဲ ပြေးမလွတ်ဘူး ။ ဒါနဲ ့ဘယ်လို သယ်ရမလဲ ပေါက်ဖော်ကို မေးလိုက်တယ် ။
သူ ့လက်ထဲ မှာ သိန်း၃ဝကျော် ပိုက်ထားတာကိုး ။
စားစရိတ် ၊ သွားစရိတ် မှန်သမျှ က လောပန်ပေါက်ဖော် ဒကာခံထားတယ် ဆိုတော့ ကိုရှီနို တစ်ယောက် အလုပ်လုပ်ဖို ့ပဲ တွေးနေမိတယ် ။
ပေါက်ဖော် က သူ စိတ်အားထက်သန်နေတာ မြင်တော့ ၊ မူဆယ်က သူ ့မိတ်ဆွေတွေ ဆီ လိုက်စုံစမ်းပေးတယ် ။
အဲဒီမှာ ကယ်ရီသမား ရွှေဘိုသား တို ့အဖွဲ ့ကို သွားတွေ ့ရတယ် ။
ကိုရှီနို က ဆိုင်ကယ် ၅ စီး သယ်ချင်တာ ၊ ရွှေဘိုသား က တစ်စီး ကို သယ်ခ နှစ်သောင်းကျပ် တောင်းနေတယ် ။
ဈေးကပ်ဆစ်တာ ဘယ်လို မှ ဆစ်မရ ၊ ပေါက်ဖော် က ပေးလိုက်ပါ ၊ တန်ပါတယ် လို ့ဆိုလာတယ် ။
ဈေးစကား ပြောကြရင်းနဲ ့..နောက်ဆုံး တစ်စီး တစ်သောင်းခွဲ နဲ ့တည့်သွားကြတယ် ။
ဒါတောင် ရွှေဘိုသား က အလုပ်ပါးလို ့ဈေးလျှော့ပေးလိုက်တာ ဖြစ်ကြောင်း ငိုပြနေလို ့ သူ ့ကို ၃၀၀ဝ မုန် ့ဖိုး ကပ်တိုးလေး ပေးလိုက်ရတယ် ။
xxxxxxxxxxxxxx ( ဆက်လက် ရေးသားပါဦးမည် ) xxxxxxxxxxxxxx
———————— အားလုံးကို ကျေးဇူးတင်ပါသည် ————————
( မှတ်ချက် ။ ။ ယခုစာပါ ဇါတ်ကောင်မှာ မောင်ပေ မဟုတ်ပါ ။ လူငယ်တစ်ယောက်ရဲ ့သူ ့ဘဝ ကို လှုပ်ရှားပုံ ကို အငှားခံစား ရေးထားခြင်း ဖြစ်ပါသည် )
5 comments
ပေါက်ဖော်
October 6, 2011 at 10:31 pm
လွန်ခဲ့တဲ့ ၄ နှစ်လောက်က မန်းလေး တစ်ခေါက်ရောက်ဖူးတယ်..
သွားလည်တဲ့ အိမ်ရှင်က အဲလိုပဲ.ဆိုင်ကယ်တွေ.သယ်ပြီးပြန်ရောင်းတာ
တော်တော်မြတ်တယ်..
သူတို ့က အိန္ဒိယဘက်ဆိုလားပဲ.အဲကသယ်တာ..
ဆိုင်ကယ်လဲများကြီးပဲ..တစ်စီးပြီးတစ်စီး..မရိုးအောင် လိုက်စီးရတယ်.ပျော်စရာကြီး ဗျာ.မစီးတတ်တော့ သူတို ့နောက်က ထိုင်စီးရတာ..ဟီး.ဟီး
နောက်မှ သင်ပြီး နဲနဲ စီးတတ်တာ..
ကျနော်သာ..မောင်ပေပြောတဲ့အတိုင်း လော်ပန်တစ်ကယ်ဖြစ်ရင်တော့..ဗျာ..
ဖောကြီးလိုပဲ…ရွာသူားတွေကိုစပွန်စာ ပေးပါ့မယ်..ဂယ်ပြောတာ..
ခုတော့
အချိန်တန်ပြီမို ့….ဂလု..ဂလု..
အပြင်မှာတော့ ကိုဘီလူး ပုလင်း ပြေးမလုလောက်ပါဘူး.နော့ 😛
windtalker
October 7, 2011 at 1:46 pm
ဟိတ်လူ
ရွာသူား လို ့ရေးထားတော့
ရွာသူ က အရင်လာတာလား ရွာသား က အရင်လာတာလား ဗျ
နောက်ပြီး
စပွန်စာ ပေးမယ်ဆိုတော့
ဘာတွေ ပေးမှာလဲ လို ့အရမ်းစိတ်ဝင်စားနေပြီ နော်
ဟီဟိ
ပေါက်ဖော်
October 7, 2011 at 2:09 pm
ဒီလိုရှိတယ်လေ..တိုင်းသူ.ပြည်သား..ကျောင်းသူ..ကျောင်းသား..တောင်သူ.တောင်သား.ဆိုတော့ကား..
ရွာသူတွေကို အရင်ဦးစားပေးရမှာပေါ့.. 😀
ရွာသူတွေပြီးရင်..
ရွာသားတွေ..ပေါ..
စပွန်ဆာဆိုတာက.ဖောကြီးလိုပဲ ပေးမယ်လေဂျာ
မကြာ..မကြာ..တစ်တိန်း..တစ်တိန်း..သဂျီးကို ပေးမှာပေါ့..လို ့..
အဲတာအရေးမကြီးဘူး..
ပုလင်းထဲရေရောထားတာ..သိကုန်ဘီ
မိန်းမကြောက်တာလဲ သိကုန်ဘီ..ဘီရိုလုပ်မရဲ…..ဟင်
😮
“ဘီလူးကြီး”ogre
October 7, 2011 at 2:08 pm
မလုတော့ပါဘူးဗျာ အကိုပေါက်ဟာက ရေတွေဗျ
ကျွန်တော် အပင်ပန်းမခံတော့ဘူး
မောင်ပေ ဆီမှာပဲ အရက်ကပ်သောက်တော့မယ်…. 🙂
ဆူး
October 6, 2011 at 10:46 pm
ဖြစ်ပုံက ဒီလိုပေါ့…
ဆမူး အကြံနဲ့ အထည် လပေး ရောင်းပြီး ရင်းလိုက်တာ အကြွေးမရတာနဲ့ ဆုံးသွားပါသတဲ့..
ပေါက်ဖော်ကြီးနဲ့ လိုက်သွားတဲ့ ကိုရှိနို တယောက် ကျောက်ပညာ သင်လိုက်တာ.. မိန်းမပါ ကြောက်တတ်သွားပုံများ.. ကိုဘဲလူး အိမ်မှာ စိတ်ညစ်ညစ်နဲ့ ဘီယာ သွားခိုးသောက်ရတဲ့ အဆင့်ပါပဲကွယ်…