Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်္ဂလိ်ပ်အသံထွက်မှားပြီး ရေးကြပြောကြသော..

moonpoemOctober 8, 20111min75823

မြန်မာလူမျိုးများသည် မူကြိုကတည်းက အေ၊ဘီ၊စီ နှင့် စတင်ထိတွေ ့ခွင့် ရှိကြသည်။
ဂျပန်လူမျိုးများဆိုလျှင် အလယ်တန်းရောက်မှ အင်္ဂလိပ်စာကို စတင်သင်ကြားခွင့်ရှိသည်။
ဒီ့အတွက်ကြောင့် မြန်မာလူမျိုးတော်တော်များများသည် အင်္ဂလိပ်စာကို ထမင်းစားရေသောက်လောက်တော့
ပြောတတ်ကြသည်က များလေသည်။ ပြီးတော့ရှိသေးသည်။ တခြားလူမျိုးများသည် အင်္ဂလိပ်အသံထွက်
မပီသကြသလောက် မြန်မာလူမျိုးများသည် သရသံများသည့်အတွက် အသံထွက်လည်း အလွယ်တကူနှင့်နားလည်နိုင်လေသည်။
သို့သော် စိတ်မကောင်းစရာကောင်းသည်က မြန်မာလူမျိုးများ ရိုက်ကူးသော ဇာတ်လမ်းများတွင် အသံထွက်မှားခြင်း၊ စာမှားရေးခြင်းများကို ဆိုးဆိုးရွားရွားတွေ ့မြင်နေရသည်။ မတော်တဆအမှားကို ခွင့်လွှတ်နိုင်သော်လည်း မကြာခဏမှားနေခြင်းများကတော့ ပြုပြင်သင့်ပေသည်။
ထို ့ကြောင့် ဒီလို တင်ပြချင်ပါသည်။ အောင်သီရိရုပ်ရှင်နှင့် ဗွီဒီယိုထုတ်လုပ်ရေး၏ ဇာတ်ကားတော်တော်များများတွင် နမူနာဇာတ်လမ်းများကို ပြသပြီးသောအခါ Comming Soonဟု ရေးသားသည်။ Comming သည် မှားယွင်းနေသည်။ ဒါက အကြောင်းမဟုတ်သေး ဗွီဒီယိုဆိုတာ မြန်မာလူမျိုးကလွဲပြီး ဘယ်သူကမှကြည့်မည်မဟုတ်။ စိတ်ညစ်ဖို ့ကောင်းသည်က နိုင်ငံခြားရုပ်ရှင်ကားများပြသလေ့ရှိသော နေပြည်တော်နှင့်ရှေ့ဆောင်တွင် မကြာခဏဆိုသလို နိုင်ငံခြားသားများ
လာရောက်ကြည့်ရှူလေ့ရှိသည်။ ထိုအခါရုံထဲမဝင်ခင် စောင့်ဆိုင်းနေချိန်တွင် အပြင်တွင် မြန်မာရုပ်ရှင်ကားများကို နမူနာပြသပြီး ခုနကလို လာပြန်ပါသည်။ Comming Soonတဲ့။ မြန်မာကားပဲရှင် မကြာမီလာမည်မျှော် ဆိုလည်းရတာပဲ မဟုတ်လား။ ဘယ်နှယ့် အခုတော့ရှက်စရာ။
ရှိပါသေးသည် အင်တာဗျူးများတွင် မင်းသားမင်းသမီးများကို မေးသောအခါ သမီးတို့ကတော့ ဒရမ်မာကားလေး
တွေရိုက်ရတာ ပိုအားရတာဘာညာနဲ့။ Drama (ဒရာမာ) ဟုပြောမှ အချစ်ကားဖြစ်ပေမည်။ ရေးသူကပဲ စာရိုက်မှားသလား ဖြေကြားသူတွေကပဲ အသံထွက်မှားလား မသိ ။Drummer(ဒရမ်မာ)ဆိုတော့ သူတို ့က
ဗုံတီးကားတွေရိုက်ရတာ အားရတဲ့သဘောဖြစ်နေသည်။ နေတိုးနှင့်မိုးဟေကို ကားတွင်လည်း နေတိုးကမိုးဟေကို ကျောင်းဆင်းချိန်ကို လာကြိုပြီး မေးသည်။ ကလပ်(ပ်)ပြီ းပြီလားဆိုတော့ ကလပ်(စ်)အတန်း
မေးခြင်း မဟုတ်ဘဲ ဘာကို မေးလို ့မေးမှန်းမသိ။ဟိုကလည်း ပြန်ဖြေသည် ဖီလိုဖီဆိုအချိန်တော့ကျန်သေးတယ်တဲ့လေ။ ဘာသာရပ်အသစ်တွေမြန်မာနိုင်ငံမှာ သင်ကြားပေးနေပုံရသည်။

ဒီတော့ မြန်မာရုပ်ရှင်တိုးတက်ရေးကိုလုပ်ရမည်ဆိုလျှင် အင်္ဂလိပ်ကိုပါသင်ကြားပေးခြင်း ဘာသာရပ်ကိုပါ
ထည့်ရမည်ထင်သည်။

23 comments

  • thit min

    October 8, 2011 at 12:05 pm

    ဒို့ကလေးအရွယ်ကဂျိမ်း(စ)ဘွန်းကား (The spy who loved me)
    ကို “သံဆိုင်ဦးလှမြင့်” ကြည့်မယ်။ သံဆိုင်ဦးလှမြင့်ကြည့်မယ်၊ဆိုပြီး၊ ပြောင်ပြီးအော်ဖူးတာသတိရတယ်။

  • windtalker

    October 8, 2011 at 1:17 pm

    မင်းသမီးလေးတွေက drummer နဲ ့တွေ ့မှ ပိုအားရမှာ မွန်းလေးရဲ ့
    drummer ဆိုတာ သိတယ်မလား ။ ဟီဟိ
    နေတိုးအမေးကတော့ ရှင်းပါတယ်
    အဲဒီမေးခွန်းက စစ်တုရင်စကားနဲ ့ဆိုရင် “ ခွချက် ” ပဲ
    ကလပ် ဆိုတာ သိဒယ် မို ့လား ဟဲဟဲ
    ဟိုက ပြန်အဖြေကလဲ ခွချက် ပဲ ။ တစ်နည်းဆိုရရင် ဝင်္ကဝုတ္တိ အလင်္ကာ ပေါ့
    အိုဘာတဲ့ …“ ဖီလို ဖီဆို ” တဲ့ ဟုတ်လား ၊
    သေချာသာ ခွဲခြမ်းစိတ်ကြည့်လိုက်ပေါ့ကွယ်

  • MaMa

    October 8, 2011 at 2:04 pm

    သတိထားမိသလောက်ဆိုရင် ကိုရီးယားတွေလည်း အင်္ဂလိပ်စာ သိပ်မရကြသလိုပဲ။ ဒါပေမယ့် ခုနောင်ပိုင်းတော့ ကိုရီးယား မင်းသားမင်းသမီးတွေ အင်္ဂလိပ်လို ပြောနိုင်အောင် ကြိုးစားလာကြတာ တွေ့ရတယ်။

  • padonmar

    October 8, 2011 at 7:05 pm

    လကဗျာရေ၊ဒေသသံ မပျောက်ပေမယ့် တတ်နိုင်သမျှတော့ အသံထွက်မှန်အောင် ကြိုးစားသင့်ကြောင်းထောက်ခံပါတယ်၊
    အထူးသဖြင့် public figure တွေပေါ့၊နောက်ပြီး အသံလွှင့်ဌာနတွေလည်း အသံထွက်မှန်ဘို့ကြိုးစားသင့်ပါတယ်၊
    တစ်ခါက မြန်မာ့အသံကဖတ်တဲ့ သတင်းတစ်ခုမှာ purpose ကို ပါးပို့စ် လို့အသံထွက်သွားပါသေးတယ်၊
    မြန်မာလိုတွေလည်းမှားတာပါဘဲ၊ဆွမ်းဆန်တော်ကို ဆွမ်း(မ)ဆန်(San အသံအတိုင်း)တော် လို့ထွက်သွားပါသေးတယ်၊
    အဓိက ကတော့ သင်ပေးတဲ့ ဆရာဆရာမတွေအပေါ် တည်တယ်လို့ထင်ပါတယ်၊

  • akswe

    October 8, 2011 at 11:11 pm

    မပဒုမ္မာရေ.. ခုထက်ထိလူသိရှင်ကြား မြန်မာ့ အသံက Sheffield Wednesday အသင်းကို ရှဖီး ဝပ်နက်စ်ဒေး ဆိုပြီးထွက်နေသေးတာ …
    ငယ်ငယ် က နောက်ပြောင်ခဲ့တာသတိရတယ်….
    continue ( စီအိုအန်တီအိုင်အန်ယူအီး = ကိုတင်နု)
    consonent (စီအိုအန်အက်စ်အိုအန်အီးအန်တီ =ကိုစိုးညွန့်)
    menu (အမ်အီးအန်ယူ = မယ်နု)
    pepsi (ပီအီးပီအက်စ်အိုင် = ပေစိ)
    torque (တီအိုအာကျူယူအီး =တုပ်ကွေး)
    hall ဟောလ် =ခန်းမ ၊ shall ရှော = သေသည်

  • padonmar

    October 9, 2011 at 12:16 am

    အဘဆွေ ပျောက်နေတော့ မြန်မာပြည်ကို သီးလေးသီးနဲ့ တူတူ ပြန်လာနေလို့များလားလို့၊:D 😀
    စပယ်ရိုး စာကလေး အောက်ဆင်းနွားများ အပေါ်တက် အရေးကြီး 😀 😀

  • mgmglusoe

    October 9, 2011 at 12:47 am

    မိုးဟေကို ပြောတာကို တတ်သလောက် မှတ်သလောက်
    ဘာသာပြန်ကြည့်တော့ ဖီလိုဖီဆို ဆိုတာ…
    ဟိုလိုဒီလို …တဲ့….။

  • moethidasoe

    October 9, 2011 at 10:30 am

    public figure တွေက ပြောချလိုက်ရင် လိုက်ပြောကြတဲ့အထဲမှာ အဆိုးဆုံးက
    “အရမ်း အရမ်း” ဆိုတဲ့ ပြဿနာ တော်တော် ကြီးပါတယ် .. ခင်သန်းနု သုံးခဲ့တဲ့ စကားလုံးပေါ့

    ရမ်း ဆိုတာ မကောင်းတဲ့ဖက်မှာ သုံးတဲ့စကားလုံးပဲ ဖြစ်ပါတယ်
    ရမ်းကားတယ် .. အရမ်းကာရော ..
    အခုတော့ အလွန်ကောင်း ဆိုတာ ပြောရမှာ သိပ်ကြိုက်တာပဲ လို့ ပြောရမှာ အစာ
    အရမ်းကောင်း .. အရမ်းကြိုက် တဲ့

  • မောင်ရေချမ်း

    October 9, 2011 at 11:54 am

    မောင်ရေချမ်း ဖတ်ကြည့်… ဟုတ်တော့လည်း အဟုတ်သားဗျ… ဒါပေမယ့် ပြန်တွေးပြန်တော့လည်း အပြစ် ပြောရမှာာ အခက်ဗျ… အဘယ့်ဆိုသော် အင်္ဂလိပ် လက်ထက် တုန်းက မြန်မာတွေလည်း အင်္ဂလိပ်စာကို ရေလည် စွာ ပြောတတ်ကြတယ်ဗျ.. နောက်ပြီး မွေးစားလိုက်တဲ့အဆင့်ပေါ့… ဥပမာ… ဘက်ထရီ၊ ကား ၊ ကလပ် ၊ ကွန်ပျူတာ စသဖြင့်ပေါ့… အင်္ဂလိပ် အသံထွက်ပဲ.. နောက်ပြီး မြန်မာလိုလဲ ဒါပဲ ပြောနေကြတာ… အရပ်ထဲသုံးတယ်ဆို… ကမ်းမင်းဆွန်းပေါ့ကွာ…စောင့်ကြည့်ပေါ့… စသဖြင့်ပေါ့ မြန်မာတွေရဲ့ နေ့စဉ်သုံးစကားတွေထဲမှာ မွေးစားထားတဲ့ အင်္ဂလိပ်စာ က အမြဲလိုလို ပါနေတတ်တယ်ဗျ… ဥပမာ အရင် ခေတ် က စာရေးသူကြီးများရဲ့ စာထဲမှာ ဆိုရင် အင်္ဂလိပ်လို ထည့်ထည့်ရေးကြတယ်.. နောက်ပြီး ဟော ပြောပွဲဆို ရင် ကြားညှပ်ပြောတတ်ကြတယ်…. ဆရာပီမုးိနင်းပြောသလိုဆို သူတို့ကို လည်းအပြစ်မတင်ပါနဲ့တဲ့ အမှန်က တချို့စာလုံးတွေက ဘာသာပြန်ခက်လို့ ဒီတိုင်းပြောတာပါတဲ့… အဲ.. ရေချမ်းဆက်ရေးရင်တော့ ရှည်မယ်ထင်ပါ့.. ဆောင်းပါးတစ်ပုဒ်တောင်ဖြစ် လောက်ရဲ့… ဒီလိုနဲ့ ပဲ ရေချမ်းလည်း…. ဪ. ငါတို့မွေးစားသားတွေလည်း အခု ထိ ရှိပါသေးလား ဆိုသော အတွေးဖြင့်………….

  • Mariposa

    October 9, 2011 at 4:44 pm

    “to take care”
    သူ သိပ် ကဲ တာပဲ။

    • windtalker

      October 11, 2011 at 2:12 pm

      အိုဘဲ့ မာရီပိုဆာ
      ကိုယ် အဲ့ လို မညှာမတာ
      မလုပ်ရက်ပါဘူးလေ
      ဟီဟိ

  • moonpoem

    October 10, 2011 at 2:29 pm

    ဘာသာစကားဆိုတာ ပင်ကိုယ်နိုင်ငံသားကတွေကလွဲရင် တခြားလူတွေကပြောရင် အနည်းနဲ ့အများအမှားပါတာ အသံမပီတာ
    ခွင့်လွှတ်နိုင်ပေမယ့် ပြင်သင့်တာတွေကလည်းပြင်ဦးမှ ကောင်းမယ်ထင်ပါတယ်နော်

  • စုံ စုံ

    October 10, 2011 at 2:56 pm

    ဟိုတနေ့ကလဲ မိုးဟေကိုကားကြည့်ဖြစ်တယ် ကားနာမည်တော့မမှတ်မိတော့ပါဘူး
    အဲ့ဒိထဲမှာလဲ မိုးဟေကိုကနိုင်ငံခြားကအဖေသေလို့မြန်မာပြည်ပြန်လာတယ်ထင်တယ်
    အဖေ့အုတ်ဂူရှေ့ရောက်တော့ အင်္ဂလိပ်လို့ပြောပြီး ငိုချင်းချတာပေါ့
    သူပြောတာ စကားပြောတာနဲ့မတူဘဲနဲ့ ဆရာမရှေ့မှာစာပြန်နေတဲ့ကလေးလိုဘဲ
    တကယ်ဆို ဒီလိုစကားတွေထည့်ပြောမယ်ဆိုရင် သေချာလေ့လာလေ့ကျင့်သင့်ပါတယ်
    သေချာမလေ့လာဘဲပြောမယ်ဆိုရင်တော့ လူရယ်စရာကြီးပေါ့

  • etone

    October 10, 2011 at 4:46 pm

    နောက်ပြီး ရှိသေးတယ် …. ရုပ်ရှင်ထဲမှာ မင်းသမီးတို့ မင်းသားတို့က အလုပ်လုပ်ရင်း နိုင်ငံခြား သားနဲ့ ပြောရတဲ့ အခန်းတို့ … ဖုန်းပြောတဲ့ အခန်းတို့ဆိုလျှင် .. ကျက်ပြီးပြောတာမှန်း အရမ်းကို သိသာနေတာ အတော်ဆိုးတယ် … ။ အဖြတ်တောက်က အစ … စာအုပ်ထဲက အတိုင်းဖြစ်နေတတ်တယ် … ။

    မြန်မာတွေရဲ့ အသံထွက်က တခြားလူမျိုးတွေထက် ပိုတောင် ကောင်းပါသေးတယ် .. တခြား လူမျိုးတွေ အသံ မထွက်နိုင်ကြဘူး … သတိထားမိတာ .. ရုံးက ကိုရီးယား ဂျီအမ်ဆိုလျှင် … မက်ဆေ့ချ်ဆိုလျှင် … မက်ဂျော့ချ်တဲ့ .. ဟီး … 😛 တစ်ချို့ စာလုံးတွေ မနည်းကို လိုက်ဖမ်းနားထောင်နေရတယ် 🙂

  • Shwe Ei

    October 10, 2011 at 5:16 pm

    ကျမတို့ရုံးက ပြင်သစ်တွေ wifi(ဝိုုင်ဖိုင်)ကို (ဝီဖီ)ထွက်တာထက် ဆိုးနေဘီ။ data (ဒေတာ) ကိုလည်း (ဒါတာ) လုပ်သေးတာ။ သူတို့က မသိတာထက် စတိုင်လုပ်တာဖြစ်ဖို့များတယ်။ ဒီက လူတွေကတော့ မသိဘူးပြောလည်းမကြိုက် သိအောင်လည်းမလုပ်တာပိုများတယ်။ ကိုကသိလို့ပြင်ပေးရင်တောင် ဆရာလုပ်တယ်ဆိုတဲ့ အထာနဲ့ ပြန်ကြည့်တာခံရဘူးတယ်။

    • Foreign Resident

      October 11, 2011 at 3:16 am

      ” သူတို့က မသိတာထက် စတိုင်လုပ်တာဖြစ်ဖို့များတယ် ”
      ” ပြင်သစ်တွေ wifi (ဝိုုင်ဖိုင်) ကို (ဝီဖီ)ထွက်တာ / data (ဒေတာ) ကိုလည်း (ဒါတာ) လုပ်သေးတာ။ ”
      စကားဝဲတာပါ
      မြန်မာတွေလဲတော်တော် ဝဲ/မှား ပါတယ်
      ကိုယ်လူမျိုးသာ ကိုယ်ဖာသာ အထင်ကြီးနေတာပါ
      လူတွေက အသက်ကြီးလာရင် သူတို့ရဲ့ Native/Mother Tongue ( accent ) ကိုပြင်ဘို့မလွယ်ပါဘူး နိုင်ငံတကာမှာလဲ အဲဒါကို အားနည်းချက် လို့မယူဆပါဘူး

  • kai

    October 11, 2011 at 3:29 am

    Jpn: mamonaku sanbansen ni densha ga mairimasu.Abunai desu kara,kiiroi sen no uchigawa e o-sagari kudasai
    Eng: The train will be here in a moment and it’s dangerous, so please stand behind the yellow line.

    ဂျပန်ရောက်စက..တိုကျိုရထားတွေစီးရင်..ရထားလာခါနီး..အပေါ်ဆုံးက စာကိုစပီကာနဲ့အော်သံကြားရတယ်..။
    အဲဒါ.မြန်မာတွေဘယ်လိုမှတ်ကြသလည်း..ဆိုတော့..
    “ပါမုန့်၂ခု” အသံကြားရင်..ရထားလာတော့မယ်တဲ့..။ 😀
    တကယ်အသံထွက်က…. “မာမို့နကု” ပါ..။

    နောက်ပြီး.. ထမင်းစားပြီး..တခုခုသုံးဆောင်ပြီးရင် ပြောရတဲ့.. စကားရှိသေးတယ်..။ “ဂိုချိစိုးဆမ ဒက်ရျိတ” ‘Gochisosama deshita’ တဲ့.. မြန်မာတွေက..”ကိုကြည်စိုးဆမ လက်မှတ်”နဲ့ မှတ်ထားကြတယ်..။

    ပြောရရင်.. မြန်မာတွေ.. ဂျပန်အသံထွက်အမှန်တွေမသိပဲ… စာအုပ်တွေ.. သတင်းစာတွေမှာ.ရမ်းကြိတ်ကြတာတွေ တော်တော်များတာ..သတိထားမိတယ်..။ လူနာမယ်တွေကအစပေါ့.. သိသူတွေနည်းနည်းခြင်းပြင်သွားဖို့တော့လိုမယ်ထင်မိတာပဲ..

    • inz@ghi

      October 11, 2011 at 1:36 pm

      သူကြီး က လက်ရှိ ဂငယ်မှာပဲလားဗျ …?

      • kai

        October 11, 2011 at 1:44 pm

        အခုက.. လော့ကျနေတဲ့ ဂျလိ ဂျလိအိမ်.. လော့စ်အိမ်ဂျလိစ်မှာပါခင်ဗျ…

        • inz@ghi

          October 11, 2011 at 3:03 pm

          ဟာဂျာ …နိဟွန်းမှာဆို ..ရထားတဲ့ ပွိုင့်လေးဒွေကို အဲဘိစု နဲ့ရှင်းခိုင်းမလို့ဟာ….
          ခုက သူက လော့ကျနေတယ်တဲ့ ….ဟင့် ….
          တနေ့နေ့တော့ ….ပိုက်ပိုက်စုပြီး ဒါ့ပုံလာရိုက်မယ်ဗျာ ..အဲ့မှာ သိပ်လှ ဆိုပဲ …

      • thit min

        October 11, 2011 at 1:54 pm

        သဂျီးဆိုတဲ့နောက်အဓိပ္ပါယ်တခုကသင်ပုန်းဂျီးတအုပ်လုံးကုန်အောင်နေပြီးလို့ လို့ဖြစ်ပါတယ်။
        က ဂျီး ကနေ အ ထိကိုရောက်နိုင် ရှိနေနိုင်တဲ့ သဘောကိုဆောင်တယ်ပေါ့ဗျာ။
        ဪ… သဂျီး သဂျီး နုစဉ်တုန်က ခရေပင်အောက်ကပိတောက်ချစ်သူအကြောင်းခဏ ခဏပြောလို့ထင်ပါရဲ့။
        မေးကုန်ကြပြီခင်ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 11, 2011 at 10:11 am

    ဘယ်သူနဲ့မှ မတူအောင်ပြောပါဦးမယ် ဂွကျတယ်တော့မထင်စေလိုပါ
    မူရင်းအကြောင်းပျောက်သွားမှာဆိုးလို့ပါ
    ( ဒီ့အတွက်ကြောင့် မြန်မာလူမျိုးတော်တော်များများသည် အင်္ဂလိပ်စာကို ထမင်းစားရေသောက်လောက်တော့
    ပြောတတ်ကြသည်က များလေသည်။ )
    သတိထားဘို့က အဲ့သည် ထမင်းစားရေသောက်တဲ့အဆင့်ကနေမကျော်တာကိုပါ
    နောက်ပြီး မြန်မာနိုင်ငံသားတွဟာ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ဘိ်ု့
    ဒီစကားကို ထမင်းစားရေသောက်တော့ အသည်းအသန်သင်ကြရပါတယ်
    သူတို့တတ်တဲ့စကားဟာလဲ ထမင်းစားရေသောက်ကလွဲရင်
    လုပ်ငန်းဆောင်တာတစ်ခုကို ရပ်တည်နိုင်တဲ့အဆင့်မှီအနေထားမှာမရှိပါဘူး
    မြန်မာနိုင်ငံသားတွေ အင်္ဂစကားတော်တော်ပြောတတ်ကြတယ်လို့
    လူတွေမှတ်ချက်ချတာကြားခဲ့မိဘူးပါတယ်
    မိမိအနေနှင့် သုံးသပ်မိသည်ကတော့
    မေးရင်ဖြေ ခိုင်းရင်လုပ်တတ်တဲ့အဆင့်ကနေကျော်နေမကျော်ဘဲ
    ဂွတီးဂွကျ လောက်သာရှိတယ်လို့ထင်ပါတယ်
    ထင်ဆို အောင်ပုတို့ တစ်အိမ်လုံးပေါင်းမှ ဆယ်တန်းကျော်ရုံဆိုလေး
    ဒါတောင် ကိုယ်က ခုနစ်တန်းကို သုံးလလောက်နေခဲ့ဘူးလို့

  • ကြောင်ကြီး

    October 11, 2011 at 11:07 am

    တခုတော့ရှိတယ်ဗျ၊ ဘာသာစကားတခုရဲ့ အသံထွက်ဆိုတာ နေရာတခုထက်ပိုသုံးနေရင် ကျယ်ပြန့်သွားပြီ။ အထင်ရှားဆုံးက အင်္ဂုလိစာဗျာ။ အသံထွက်မှာ ပြောကြေးဆို တရားဝင်ကို လူတွေလိုက်တုနေတာ အင်္ဂလိပ်အသံထွက်၊ အမေရိကန်အသံထွက် ရှိတယ်။ နောက်ပြီး ဩစတေးလျ၊ နယူးဇီလန် (သူတို့က အင်္ဂလိပ် ဓနသဟာယအဖွဲ့ထဲမှာ ရှိနေသေးလို့ အင်္ဂလိပ်နဲ့ပိုနီးမယ်)၊ ကနေဒါ (အမေရိကန်နဲ့ နယ်နမိတ်ခြင်းဆက်နေလို့ အမေရိကန်နဲ့ပိုနီးမယ်) တို့လို အင်္ဂလိပ်စကားပြော လူဖြူ ရီဂျင်နယ်ပါဝါနိုင်ငံတွေလည်း ရှိတယ်။ ဘယ်လောက်နီးနီး အသံထွက် လေယူလေသိမ်း မတူကြဘူး။ တလောကတောင် သတင်းမှာ စင်္ကာပူဝန်ကြီးချုပ်က သူ့နိုင်ငံသားတွေကို အမေရိကန်အင်္ဂလိပ်စာ ပိုမိုသင်ကြားကြဖို့ တိုက်တွန်းကြောင်း ဖတ်လိုက်ရတယ်။ အသုံးအနှုန်းခြင်းကွဲတာ ဥပမာ ဓာတ်လှေကားကို အင်္ဂလိပ်လို lift၊ အမေရိကန်လို elevator၊ အိမ်သာဆို အင်္ဂလိပ်လို toilet၊ အမေရိကန်မှာဆို bathroom၊ ladies’ or men’s room သိနိုင်ပေမဲ့ အသံထွက် မတူတာကြတော့ ဘယ်ဟာ အမှန်လို့ ပြောရန်ခက်တယ်။ ဥပမာ – အစီအစဉ်ဇယား schedule ကို အင်္ဂလိပ်က ရှက်ဒြူးလ်၊ အမေရိကန်က စကက်ဒြူးလ်၊ lieutenant ကို အင်္ဂလိပ်လို လက်ဖ်တင်နင်၊ အမေရိကန်လို လူတင်နန့်၊ အက္ခရာ Z ကို အင်္ဂလိပ်လိုဇက်၊ အမေရိကန်လို ဇီးလို့ အသံထွက်တယ်။ သူတို့နိုင်ငံအတွင်းမှာကို အင်္ဂလန်မှာ အင်္ဂလိပ်၊ ဝေးလ်း၊ အိုင်းရစ်၊ စကော့တလန်နယ် အသံထွက် ရှိမယ်။ အမေရိကန်မှာဆို သူ့ဒေသအလိုက် အရှေ့ဖက်၊ အနောက်ဖက်၊ အလယ်ပိုင်း၊ ကယ်လီဖိုးနီးယား၊ တက်ဆက်၊ နယူးယောက် အမျိုးမျိုးရှိတယ်။ (နယူးယောက်မြို့အသံထွက်ကို အင်္ဂလိပ်မဆန်ဆုံး၊ အပျက်ဆုံးလို့ ကြားဖူးတယ် :P)။ သတိပြုမိတာ အမေရိကန်က အသံထွက်ကို စာလုံးပေါင်းအတိုင်း အလွယ်တကူ သုံးတယ်။ အင်္ဂလိပ်ကတော့ ကိန်းကြီးခန်းကြီး ရှေးမူအတိုင်း ကြိုးစားထွက်တယ်။ ဒီတော့ အချို့အင်္ဂလိပ်စာလုံးတွေဆိုရင် စာလုံးပေါင်းနဲ့ အသံထွက် မကိုင်ချင်ဘူး။ သက်ဆိုင်ရာဒေသအလိုက် လူမျိုး ယဉ်ကျေးမှု ဓလေ့ထုံးစံ ပေါင်းစည်းမှု အပေါ်မူတည်ပြီး စာလုံးအသစ်၊ စကားသံအသစ်တွေပေါ်လာပါလိမ့်မယ်။ ဥပမာ – စပန်းနစ်ရှ်စကားပြော နိုင်ငံက ရွှေ့ပြောင်းသူတွေများ၊ မက္ကဆီကိုလို နိုင်ငံမျိုးနဲ့ နယ်ခြင်းထိစပ်နေတဲ့ အမေရိကန်မှာ စစ်အာဏာသိမ်းအဖွဲ့ကို Junta လို့ရေးပေမဲ့ ဟွန်တာလို့ မူရင်းစပန်းနစ်ရှ် (ထင်တာပဲ) အတိုင်း အသံထွက်တယ်။ ဒါကိုမသိတဲ့ အခြားအင်္ဂလိပ်စကားပြောသူတွေ၊ အင်္ဂလိပ်တွေတောင်ပါသေး စာလုံးပေါင်းအတိုင်း ဂျန်တာလို့ သုံးတယ်။ တခါ မြန်မာပြည်မှာရှိတုန်း နိုင်ငံခြားပြန်ပညာရှိတဦးက ယူအက်စ်ခရီးသွားဆောင်းပါးအတွေ့အကြုံမှာ ကယ်လီဖိုးနီးယားက San Jose မြို့ကို စာထဲမှာ ဆန်ဂျို့စ်လို့ ရေးလိုက်တယ်။ အမှတ်တမဲ့လား တကယ်မသိလိုက်တာလား မသိဘူး၊ ဒါပေမဲ့ သူ့နဲ့မတဲ့တဲ့လူတဦးက နောက်လထုတ်ဝေဖန်ရေးဆောင်းပါးမှာ အမေရိကားမှာနေလာပြီးတော့ ဆန်ဟိုဆေးမြို့လို့ခေါ်ရတာ မသိဘူးလားလို့ လှောင်ပြောင်တာ ဖတ်ဖူးတယ်။
    ရွာထဲက ကျွန်နော်တို့ အင်္ဂလိပ်ဆရာမကြီး ဒေါ်TTNU ဆီက ပိုခိုင်လုံတဲ့ မှတ်ချက်ကို စောင်ကြည့်ရမှာပဲ။

Leave a Reply