ဗလာကောင်ရေးတဲ့ ဘလာအတွေး
နောက်ဆုံးတစ်ဖွာကို ရှူရိုက်လိုက်ပြီး ဖင်စီခံနားကို မီးရောက်လာသည့်အတွက် ကျွန်တော်က စီးကရက်ကို လက်ခလယ်ဖြင့် ကော်ထုတ်ပစ်လိုက်သည်။
သဘာဝတရားသည် တစ်ခါတစ်ရံတွင် အချက်အလက် မခိုင်လုံ မပြည့်စုံပဲနှင့် သွေဖည်တတ်သည်ကို
ကျွန်တော် တွေးနေမိသည်။ တစ်ခါတစ်လေတော့လည်း မသိသေး မတတ်သေးသော ကိစ္စများကို
ဘာအားထုတ်မှုမှ မရှိဘဲ သိချင် တတ်ချင်လာပြန်သည်။ စိတ်ကူးတည့်သလို အကြောင်းအရာတွေ၊
အဖြစ်သနစ်တွေကို လွမ်းနေတတ်တဲ့ ကျွန်တော့် အနာဂတ်ကို ကျွန်တော်ရေးပြီး အားလုံးဟာ
လိုအပ်ချက်တွေ၊ အားနည်မှုတွေ အပြည့်နှင့်။ ရက်ရက်ရောရောနှင့် ပျော်ရွှင်ခြင်းတွေ ဘဝမှာ ရှားပါးလွန်ခဲ့သည်။ တစ်ခါတစ်ရံတော့ ပါရာဒိုကားကောင်းတစ်းစီးလောက်စီးပြီး ဟန်းဖုန်းကို ခါးမှာချိတ်လို့ စတိုင်ခပ်ထွားထွားဖြင့်
မောက်မာခွင့် ရမယ်ဆိုရင် မကောင်းဘူးလား။ ဟုတ်တိပတ်တိနဲ့ ဟန်ရေးပြပြီး
ပယ်နယ်တီလွဲချော်ခဲ့တဲ့ ဘောလုံးသမားပုံစံကို စိတ်ထဲမှ ကျိတ်ပြီး သဘောကျနေမိသည်။
အရေထူသော ဦးနှောက်တွေအတွက် ကမာ္ဘကြီးတွင် နေရာအများအပြား ရှိလာသော်လည်း အရေးပါးပါးရှိတဲ့
ဦးနှောက်တွေခမျာတော့ နေရာပျောက်ရရှာပြီ။ ဒီလိုဆိုတော့ ကျွန်တော်လည်း လောကကြီးမှာ ထူတူတူနေတတ်ဖို့ လိုအပ်လာပြန်လေသည်။
လူတိုင်းမှာ ဥယျာဉ်ကိုယ်စီ ရှိကြလေသည်။ မိမိဥယျာဉ်ရဲ့ သစ်ပင်၊ ပန်းမန်များ
ရှင်သန်လန်းဆန်လာခွင့် မိမိတို့တွင် တာဝန်ရှိပါသည်ဟု မိတ်ဆွေတို့ လက်ခံပါသလား။
ယခုအချိန်တွင် ကျွန်တော် ဝင်ငွေနဲ့ပတ်သက်ပြီး ဘာကို တွက်ချက်နေသည်ဟု ထင်ပါသလဲ
မိတ်ဆွေတို့….??? အမေရိကန်နိုင်ငံရှိ လေဘာတီအရုပ်ကြီးအောက်တွင် ထောပတ်ဘိန်းမုန့် သွားရောင်းလျှင်
တစ်နေ့ကို ဘယ်လောက်ဝင်ငွေရှိမည်ကို ကျွန်တော် စဉ်းစားလျက်ရှိပါသည်။ သေချာတာကတော့
ကျွန်တော်ဟာ အောင်မြင်မှုနှင့် ငွေကြေးနောက်ကို သွေးရူးသွေးတန်းလိုက်နေသော
ရုပ်ဝါဒီသမားတစ်ယောက် မဟုတ်ဘူးဆိုတာပါ။ လူအခွင့်အရေးဆိုသော အရာတွင် ကျွန်တော်က
လူတစ်ယောက်၏ အနည်းဆုံးအခွင့်အရေးမှာ အသက်ရှူခွင့်ပုံမှန်ရရှိစေဖို့ဟု ပြောလျှင်
မိတ်ဆွေတို့ ကန့်ကွက်လိမ့်မည် မထင်ပါ။ ကျွန်တော်တို့ဟာ ဘဝတွင် အမြဲလိုလို
ဟန်ကျပန်ကျမရှိခဲ့ပါ။ မဟာပထဝီမြေကြီးတွင် ကျွန်တော်တို့ တတ်နိုင်သော ကိစ္စဆိုတာ
ခပ်နည်းနည်းပဲရှိတာ မဟုတ်လား။
ကျွန်တော့်သမိုင်းစာမျက်နှာတွေမှာ နာကျင်မှုတွေရှိဖို့လိုအပ်တယ်။ ဇာတ်နာဖို့လည်း လိုတယ်။ တစ်ကိုယ်တော်
ထွက်ပြေးချင်းဝါဒ၊ ပြီးတော့ စာနာမှုနှင့် မေတ္တာတရားတွေ၊…. အရှေ့အရပ်၊ အနောက်အရပ်၊
တောင်အရပ်၊ မြောက်အရပ် အားလုံးကတော့ သိကြပြီးပြီ။ ကျွန်တော်ဟာ တစ်ခါတစ်လေမှ
ဖြူစင်တတ်တဲ့ လူတစ်ယောက်ဆိုတာ….
(ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့ အတွေးနဲ့ ခံယူချက်ကို လွတ်လပ်စွာရေးသားထားခြင်း ဖြစ်ပါသည်..။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်။)
——————————————– ကိုရင်စည်သူ———————————————-
4 comments
min min san
October 10, 2011 at 8:39 am
May be this is part of your life philosophy which is not direct thinking ,,,indirect way mix with your ego.
nikita
October 10, 2011 at 9:15 am
အမေရိကန်နိုင်ငံရှိ လေဘာတီအရုပ်ကြီးအောက်တွင် ထောပတ်ဘိန်းမုန့် သွားရောင်းလျှင်
တစ်နေ့ကို ဘယ်လောက်ဝင်ငွေရှိမည်ကို ကျွန်တော် စဉ်းစားလျက်ရှိပါသည်။
>> မစဉ်းစားကြည့်နဲ့ သွားရောင်းကြည့် ဘယ်လောက်ရမလဲ သေချာသိရအောင်…:P
windtalker
October 10, 2011 at 12:33 pm
ကိုရင့် ဖီလိုဆိုဖီ တွေ ဖတ်ပြီးသကာလ
မောင်ပေ တစ်ယောက်
ဂျပန်ရှိ ရလွှာအကရုံနားတွင် သွားပြီး
ကျောက်ကြည့် ဓါတ်မီး ရောင်းစားချင်စိတ်
ဖြစ်သွားပါသည်
ဟီဟိ
ပေါက်ဖော်
October 10, 2011 at 12:47 pm
သဂျီးတို ့အိမ်ဘေးသွားပြီး ချဉ်ပေါင်ရွက် ရောင်းစားလျင်တောင် သေချာပေါက် မြတ်ဦးမယ်..