နဂါးလေးတို့ပြည် သို့ ( ၁)

မောင်ဆန်းOctober 19, 20115min19216

မနေ့က Eleven မှာ ဘူတန်ဘုရင်ရဲ့ မင်္ဂလာပွဲ သတင်းလေး ဖတ်ရပါတယ် ဖော်ပြထားတာက… “ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuk နှင့် အသက် ၂၁ နှစ်အရွယ် ကျောင်းသူတို့၏ ထိမ်းမြားလက်ထပ်ပွဲကို ဗုဒ္ဓယဉ်ကျေးမှု အစဉ်အလာများဖြင့် အောက်တိုဘာ ၁၃ ရက်နေ့က ကျင်းပခဲ့သည်။မြို့တော်ဟောင်း ပူနာခါရှိ ခမ်းနားထည်ဝါလှသည့် ၁ရ ရာစုကတည်းက အခိုင်အမာတည်ဆောက်ထားသည့် ဘုန်းတော်ကြီးကျောင်းတွင် မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပြီး ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuk သည်  မိဖုရားဖြစ်လာသည့် အရပ်သူကို သရဖူ နှင်းအပ်ခဲ့သည်။အောက်စဖို့ဒ်တက္ကသိုလ်ဆင်း အသက် ၃၁ နှစ်အရွယ်ရှိ နဂါးဘုရင် Jigme Khesar Namgyel  Wangchuk နန်းတက်သည့် ၂၀၀၈ ခုနှစ်တွင် ဘူတန်၌ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို စတင်ခဲ့သည်။ သာမန်အရပ်သူကျောင်းသူ တစ်ဦးဖြစ်ပြီး လေယာဉ်မှူးတစ်ဦး ၏သမီးဖြစ်သူ Jetsun Pema ၏ အလှအပနှင့် သူမကိုချစ်ခင်နှစ်သက် မှုများကြောင့် နှစ် ၁၀ဝ အတွင်း ငါးဆက်မြောက် ထီးနန်းဆက်ခံသည့် ဘူတန်ဘုရင် Jigme Khesar Nam-gyel Wangchuk က လက်ထပ်ထိမ်း မြားခဲ့ခြင်းဖြစ်သည်။ ဘူတန်ဘုရင်၏ မင်္ဂလာပွဲကို နိုင်ငံတစ်ဝန်းရှိ လူခုနစ်သိန်း ကြည့်ရှုနိုင်ရန်အတွက် တိုက်ရိုက်ထုတ်လွှင့် ပြသမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံအတွင်းရှိမြို့များနှင့် ကျေးလက်များတွင် ကခုန်သီဆိုခြင်းနှင့် သောက်စားမှုများပါဝင်သည့် ပျော်ပွဲရွှင်ပွဲ များကို သုံးရက်ကြာကျင်းပခဲ့သည်။စီးပွားရေးတိုးတက်မှု ကိန်းညွှန်းအစား အမျိုးသားပျော်ရွှင်မှုကိန်းညွှန်းကို ဦးစားပေးသည့် ကမ္ဘာ့တစ်ခုတည်းသော နိုင်ငံဖြစ်သည့် ဘူတန်နိုင်ငံတွင် နိုင်ငံခြားရုပ်သံထုတ်လွှင့်မှုများကို ၁၉၉၉ ခုနှစ်မတိုင်ခင်အထိ တားမြစ်ပိတ်ပင်ထားခဲ့သည်။
တော်ဝင်မင်္ဂလာပွဲကျင်းပမည့် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်ရှိ ဒေသများတွင် လုံခြုံရေးများ တင်းကျပ်စွာချထားခြင်း၊ဖုန်းကွန်ရက်များ ဖျက်ထားခြင်းများ ပြုလုပ်ခဲ့သည်။ဘူတန်ဘုရင်သည် ၎င်း၏ မင်္ဂလာပွဲကို ရိုးရှင်းသည့် ရိုးရာဓလေ့ အခမ်းအနားဖြင့်သာ ကျင်းပမည်ဟု တောင်းဆိုခဲ့သည်။ သူ၏မင်္ဂလာပွဲသို့ မည်သည့်နိုင်ငံခြားသားအရေးကြီးပုဂ္ဂိုလ်များ (သို့မဟုတ်) တော်ဝင်မိတ်ဆွေများကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ပေ။ ဘူတန်တော်ဝင်မိသားစုများသည် ယခင်က စစ်ဒဏ်ကြုံတွေ့ခဲ့ရသည့်နိုင်ငံကို ငြိမ်းချမ်းမှုရှိသည့်နိုင်ငံအဖြစ် ဖော်ဆောင်နိုင်သူများ အဖြစ်ချီးကျူးခံခဲ့ရသည်။ တစ်ကြိမ်တစ်ခါမျှ ကိုလိုနီအဖြစ်သိမ်းပိုက်ခံရခြင်းမရှိသည့် ဘူတန်နိုင်ငံသည် ရာစုနှစ်များစွာ တစ်သီးတခြားနေထိုင်ခဲ့ပြီး  ဩဇာလွှမ်းမိုးမှုများ၏ အပြင်ဘက်တွင် ရှိနေဆဲဖြစ်သည်။၁၉၆ဝ မတိုင်ခင်အထိ မော်တော်ကားလမ်းများနှင့် ငွေကြေးစနစ်မရှိခဲ့သလို ယခုချိန်အထိ ခရီးသွားအများအပြား လာရောက်မှုကို ဆန့်ကျင်နေဆဲဖြစ်သည်။” ဒါက သူတို့ဆိုဒ် မှာဖော်ပြထားတာ

ဘူတန် ဘုရင်နဲ့ သူ့ရဲ့ သတို့သမီးလေး

 

စိတ်ဝင်စားတာနဲ့ တခြားသတင်းဆိုဒ်တွေမှာလဲ ထပ်ရှာကြည့်ဖြစ်တယ် သူတို့ဓါတ်ပုံလေးတွေ ကြည့်ရင်းနဲ့မှ ဘူတန်ကိုသွားခဲ့တာလေး သတိယပြီး ရိုက်ခဲ့တဲ့ဓါတ်ပုံလေးတွေ ပြန်ကြည့်ရင်းနဲ့ ရွာသားတွေကို ပြန်မျှဝေချင်စိတ်လေးပေါ်လာရော ဒါပေမဲ့ သွားခဲ့တာက ၂၀၀၆ ဇွန် လမှာဆိုတော့ (၅)နှစ်ကျော်ပြီ သူတို့နိုင်ငံရဲ့ ဓလေ့စရိုက်တွေအရ အများကြီးတော့ မပြောင်းလဲသေးလောက်ဘူး လက်ရှိအချိန်မဟုတ်ပေမဲ့ ဘူတန်အကြောင်းတော့ တစွန်းတစ တို့ထိမိလဲ အကျိုးမယုတ်တန်ပါဘူးလို့ စဉ်းစားမိတာနဲ့ ရေးဖြစ်လိုက်တာပါ လွန်ခဲ့တဲ့ ၅ နှစ်က အကြောင်းအရာတွေမို့ မပြည့်မစုံ ဖြစ်တာရှိရင်လဲ နားလည်ပေးစေချင်ပါတယ်….

 

ဘူတန်ကို သွားရမယ်ဆိုတော့ တစ်ခါမှ မကြားဘူးတဲ့ နိုင်ငံဖြစ်နေတယ် ဘယ်မှာရှိမှန်းကိုမသိတာ လိုက်ရှာကြည့်တော့မှ ဟိမဝန္တာတောင်တန်းကြီးတွေရဲ့အဆုံး တရုတ်နဲ့အိန္ဒိယနိုင်ငံနှစ်ခုကြားက နိုင်ငံငယ်လေးပါ အကျယ်အဝန်းက ကျွန်တော်တို့နိုင်ငံရဲ့ တဝက်ကျော်ကျော်လောက်( ၁၄၈၂၄ စတုန်းရန်းမိုင်) ပဲရှိပြီး  လူဦးရေကျ အခု ၂၀၁၁ စာရင်းအရတောင်မှ ရ သိန်းကျော်လေးပဲရှိပါတယ်၊ ၂၀၀၆ မတိုင်ခင်က ရန်ကုန် နဲ့ ဘူတန် တိုက်ရိုက်လေကြောင်းလိုင်းရှိခဲ့ဘူးပေမဲ့ ကျွန်တော်သွားမဲ့ အချိန်ကမရှိလို့ ဘန်ကောက်က တဆင့်သွားခဲ့ရတယ် ၊ မြန်မာပြည်ကိုပျံခဲ့ဘူးတာလဲ ဘူတန်ပိုင်လေကြောင်းလိုင်း Druk air (ဒရုအဲ) ၊အခု ဘန်ကောက်က တဆင့်သွားတော့လဲ Druk air ပဲ မှတ်မိနေတာက ဘန်ကောက်ကို ညနေပိုင်းသွား လေဆိပ်မှာပဲအိပ် မနက်စောစော ဟိုဘက်ကို ဆက်စီးရတယ် အခုချိန်ထိ စီးခဲ့ဘူးတဲ့ လေယာဉ်တွေ ဆင်းခါနီး ၁ဝ မိုင်လောက်ကနေ လမ်းကြောင်းတစ်ခုထဲ ငြိမ်ပြီးဆင်းကျတာချည်းပဲ ဘူတန်ကျမှပဲ လေယာဉ်ကွင်းက တောင်တွေကြားမှာမို့ ဟိုကွေ့ဒီကွေ့လုပ်ရင်းနဲ့ ဆင်းသွားတယ် ဘူတန်ရဲ့ မြို့တော်က သင်ဖူး (Thimphu)  ဒါပေမဲ့ လေယာဉ်ကွင်းမရှိဘူး  လေယာဉ်ကွင်း ရှိတာက ဒုတိယမြို့တော်ဖြစ်တဲ့ ပါရို(Paro) မှာ၊ အဲဒီ ပါရိုမှာ ရှိတဲ့ နိုင်ငံတကာလေယာဉ်ကွင်းက ဘူတန်တနိုင်ငံလုံးမှာ ရှိတဲ့ တစ်ခုတည်းသောလေယာဉ်ကွင်းပဲ ( ဒီနေ့ အင်တာနက်မှာ ဝင်ကြည့်တော့မှ ပြည်တွင်းသုံးလေယာဉ်ကွင်း တစ်ခု တခြားမြို့တစ်ခုမှာ ဆောက်လုပ်ဆဲ ဆိုတာတွေ့ရတယ်) ဘူတန်က ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အတွက် ရေလမ်းမရှိဘူး တောင်တန်းတွေပဲ ဝန်းရံနေလို့ ခရီးသွားရင် တမြို့ နဲ့တမြို့ ကြားကတော့ ကားပဲ အားကိုးရတယ် …

 

အဲဒီမှာ ၃၊၄ ရက်လောက်ပဲ နေခွင့်ရပေမဲ့ တွေ့ခဲ့ရတဲ့ အခမ်းအနားတွေ ညစာစားပွဲတွေ လည်ပတ်ခဲ့တဲ့ နေရာတွေကနေ သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မြင်တွေ့ခွင့်ရခဲ့တယ် ဘူတန်လူမျိုးတွေဟာ အေးအေးဆေးဆေးနေတတ်ပြီး သူတပါးကို ခင်မင်တတ် ကူညီတတ်တဲ့ လူမျိုးတွေပါ ကျွန်တော်သွားတုန်းက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဘူတန် ဘုရင် က အခုမင်္ဂလာဆောင်တဲ့ လက်ရှိဘုရင် Jigme Khesar Namgyel Wangchuk ရဲ့ အဖေ Jigme Singye Wangchuck ဆိုတဲ့ ဘုရင်၊ သူတို့ နှစ်ယောက်ကြားမှာ Khesar Namgyel နဲ့ Singye ပဲ ကွဲတာမို့ Singye ဘုရင်လို့ပြောရင် ပိုလွယ်မယ်ထင်တယ် ၊ တိုင်းပြည်တစ်ခုရဲ့  GDP အကြောင်းပြောကြရင်  GNH ဆိုတဲ့  Gross National Happiness အကြောင်းလဲ တခုတ်တရ ပြောဖြစ်ကြပါတယ် အဲဒီ GNH  ကို စသုံးခဲ့တာ Singye ဘုရင်ပါ ၊ ၁၉၇၂ မှာ စသုံးခဲ့တာမို့ တော်တော်ကြာပြီ ပြောရပါမယ် ။ GDP နဲ့ ဖော်ပြတာမှာ အားနည်းချက်တွေရှိတာမို့  ဘဝ ရဲ့တန်ဘိုး ကို အလေးပေး ဖော်ပြတဲ့ GNH ကို သဘောကျ ရည်ညွှန်းပြုသူ တိုင်းပြည်ခေါင်းဆောင်တွေလဲ တော်တော်များပါတယ် …

 

ကျွန်တော်တည်းဖြစ်တာက Zhiwaling ဆိုတဲ့ ဟိုတယ်မှာ သူတို့ရဲ့ အနုပညာအရည်အသွေးနဲ့လက်ရာတွေကိုလည်း ဟိုတယ်မှာတင်တော်တော်တွေ့ရပါတယ် သွားခဲ့တဲ့အချိန်  ဇွန်လတောင် ဘူတန်မှာ တော်တော်အေးနေပါပြီ ညနေဘက်ဆို အခန်းထဲကနေ အပြင်ထွက်ထိုင်ဘို့ မလွယ်တော့ဘူး ပတ်ဝန်းကျင် က တောင်စဉ်တောင်တန်းတွေ ချည်းပါပဲ ကျွန်တော်တည်းတဲ့ ဟိုတယ်မှာ အခမ်းအနားတစ်ခုလုပ်ပါတယ် အဲဒီပွဲကို သူတို့ရဲ့ဝန်ကြီးတက်တယ် အဲဒီဝန်ကြီးရောက်လာပုံက စိတ်ဝင်စားစရာပါ အလံတွေကိုင်ထားတဲ့ လူတန်းရှည်ကြီး လမ်းလျှောက်လာတယ် အတီးအမှုတ် အကအခုံတွေလဲပါတယ် အဲဒီနောက်ဆုံးမှာမှ ဝန်ကြီးလဲ လမ်းလျှောက်လိုက်လာတယ် သူတို့ဆီမှာ ဘူတန်တွေ အားလုံး ရိုးရာဝတ်စုံပဲ ဝတ်ကြတာတွေ့တယ် ဘောင်းဘီ စကတ်ဝတ်တဲ့သူ တစ်ယောက်မှ မတွေ့ခဲ့ဘူး…

ဘူတန်ရဲ့လေကြောင်းလိုင်း Druk Air
ဘူတန်ရဲ့ တစ်ခုတည်းသော ပါရို နိုင်ငံတကာလေဆိပ် (အပေါ်စီးကမြင်ရတာ)
ဘူတန်ရဲ့ တစ်ခုတည်းသော ပါရို နိုင်ငံတကာလေဆိပ် (ဘေးဘက်ကမြင်ရတာ)
Zhiwaling Hotel
ဧည့်ကြိုကောင်တာ (သူတို့ရဲ့ ဘုရင်ပုံ ချိတ်ထားတယ်)
ဟိုတယ် ထဲက လက်ရာ
သူတို့ရဲ့ ဘုရင်တွေ ဘယ်ဘက်အစွန်ဆုံးက ၄ ယောက်မြောက်ဘုရင် (လက်ရှိဘုရင်ရဲ့အဖေ)
ဟိုတယ် ဧည့်ခန်းက ပန်းချီကား
တစ်ခုခုတော့ တီးနေတာ သေချာတယ်
ဟိုတယ် အပြင်က အလှ
ဝန်ကြီးကြွလာပြီ (လက်အုပ်ချီရန် မလိုပါ)
သူတို့လေးတွေက ကရင်း လိုက်လာတယ်
ဝါဝါနဲ့က ဝန်ကြီးတဲ့
ညစာစားပွဲ မှာ ဧည့်ခံတဲ့ အက
ဒီလိုလဲ က ကြတယ်
ဘူတန် အလံ

ဘူတန်ဆိုတာ  Land of Druk  (The Druk  is the “Thunder Dragon” လို့ဆိုတာမို့ ) နဂါးတို့တိုင်းပြည်လို့ ပြောရမယ်ထင်ပါတယ် ဘူတန်ခေါင်းဆောင်တွေကို Dragon Kings လို့လဲ ခေါ်ကြပါတယ် နဂါးကြီးဆို တရုတ်ကြီးနဲ့ ရောမှာစိုးလို့  နဂါးလေး တို့ ပြည်လို့ ခေါင်းစဉ်တပ်လိုက်တာပါ  ။

16 comments

  • windtalker

    October 19, 2011 at 6:39 pm

    ကိုနိုဇိုမိ ရဲ ့ပို ့စ်ကိုဖတ်အပြီး မသိရတာတွေ သိရတယ်ဗျို ့
    ကြိုက်မိတဲ့အချက်တစ်ချက်ကတော့
    ရိုးရာယဉ်ကျေးမှုဝတ်စားပုံ ကို ပါပဲ

    • nozomi

      October 19, 2011 at 6:56 pm

      ဟုတ်တယ် ကိုပေ ရေ့ ကျွန်တော်လဲ သဘောကျမိတယ်
      သူတို့ဝတ်တဲ့ အသားက ချည်သား အညာဖျင်လို့ပဲ ရာသီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်တာပေါ့
      ပိုကောင်းကောင်းဝတ်ချင်တဲ့ သူကတော့ ပိုး လိုဟာမျိုးဝတ်တယ်

  • thit min

    October 19, 2011 at 7:11 pm

    ကိုနိုဇိုမိရေ
    ဘူတန်မှာသာမန်အရပ်သားမိန်းမပိုးတဲ့၊ ချစ်ရေးဆိုတဲ့အကြောင်းများသိလားဗျ။
    ကျနော် သိထားတာလေးတွေလဲရှိလို့ပါ။စိတ်ဝင်စားစရာ၊ ကောင်းတယ်ဗျို့။

    • nozomi

      October 19, 2011 at 7:14 pm

      အဲဒါတော့ မသိဘူးဗျ လုပ်ပါဦး
      ရွာထဲက လူပျိုကြီးတွေအတွက်လဲ အသုံးတည့်နိုင်ပါတယ်
      (ကျွန်တော့်လဲ လူပြိုကြီး ဆိုတော့ စိတ်ဝင်စားတာပေါ့)

      • thit min

        October 19, 2011 at 7:30 pm

        ဟေ့ ဟေ့ ရရစ် ကြီး နဲ့။ သတ်ပုံမှားတဲ့ ည ဖြစ်နေအုန်းမယ်။
        ဂယ်ဂျီး ရရစ် ဆိုရင်တော့လဲ ပြောတော့ဘူး။
        ~~~~~~~~~~~~~~
        ဟုတ်တယ်ဗျ။ မြန်မာပြည်မှာဆို ဖြစ်လောက်တယ်။
        နောက် ရေးပေးမယ်လို့။

  • kocho

    October 19, 2011 at 7:21 pm

    ဓတ်ပုံနှင့် post အတွက် မျှဝေခံစားမှုအား ကျေးဇူးတင်လျှက်

  • blackchaw

    October 19, 2011 at 8:48 pm

    nozomi ရေ။
    ဘူတန် သတို့သမီးလေးကို ကြည့်ပြီး
    စိတ်ထဲ မကောင်းဘူး။သ နား နေ မိ တယ် ဗျာ။ ဟားဟား။
    ကိုသစ်မင်းကလည်း တစ်ခါတည်းရေးလိုက်ပြီးတာကို။

  • hmee

    October 19, 2011 at 11:28 pm

    ဝန်ကြီးခမျာ သနားစရာ။ သူ့ခမျာ အင်္ဂလိပ်ဘောင်းဘီတောင် မဝတ်ရရှာဘူး။ 🙂 ဟုတ်ပါ့ ကိုဘလက်ချော ပြောသလိုပဲ သတို့သမီးလေးကို သနားနေတာ သူ့မှာ မဝံမရဲပုံလေး။

  • pooch

    October 19, 2011 at 11:34 pm

    ကျမလည်း ဘူတန် တိုင်းပြည်အကြောင်း ဟိုးအရင်ဖတ်ပြီးကထဲက စိတ်ဝင်စားနေတာ ..ဂျာနယ်မှာလည်း ဖတ်လိုက်ရတယ်.. အခုလို ပြောပြတော့ ပိုတောင်မှ ကျေးဇူးတင်မိတယ်..
    သူတို့ ရိုးရာ ဝတ်စုံတွေ အဆောက်အဦးတွေကို မြင်ရတွေ့ရတာ ရှေးခေတ်အငွေ့ အသက်လေးတွေကို မြင်ရသလိုပဲ .. .. အဆောက်အဦးတွေရယ်

    ..ရေမြေတောတောင်တွေရယ်ကို မြင်ရတာစိတ်ထဲ တမျိုးပဲခံစားရတယ် … သွားချင်စိတ်တောင်ပေါက်သွားတယ်… နောက် သွားလည်ရတာရော အဆင်ပြေပါ့မလားမသိဘူးနော်….
    အပိုင်း ၁ ဆိုတော့ ဆက်ရန်တွေကို မျှော်နေပါ့မယ်..

    နောက်ပြီး ပြောပြချင်တာလေးတခုက အခု ဘူတန်မှာ ဆောက်ထားတဲ့ ကျောက်တွေနဲ့ဟိုတယ်လိုမျိုး ကျောက်က အခု ကျမတို့ မန်းလေးတိုင်း ငန်းဇွန်မြို့နယ်ဘက် ရွာတွေက ထွက်တဲ့ ကျောက်နဲ့ တူသလားလို့ပါ .. အဲ့ဒီကျောက်က မြေကြီးထဲက နှစ်ပေါင်းများစွာတည်ရှိလာတာကို တူးပြီး မြေပြင်ပေါ်ရောက်တော့ အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး လေတိုက်တာ ခံရလေ ပိုမာပြီး သိပ်သည်းမှုအား ပိုပြီး ကောင်းလေပါ.. ကြာကြာထားလေ ပိုခိုင်ခံ့လေ ဆိုတာမျိုးပါ..

    အဲ့ဒီကျောက်နဲ့ ဆောက်ထားတဲ့ ရွာဘုန်းကြီးကျောင်းကို စစ်ဖြစ်တုန်းက ဗုံးဒဏ်ခံရတာ အဆောက်အဦးက မပြိုပဲ ဒီအတိုင်း အမိုးပွင့်တာကလွဲလို့ ဘာမှ မဖြစ်ပါဘူးတဲ့ ..အပူအအေး ရာသီဥတုနဲ့ လည်း ကိုက်ညီတယ်လို့ ပြောပါတယ်…ကျမတို့ အဲ့ဒီရွာကို အလှူတခု သွားရင်း ဦးလေးမိတ်ဆွေက ပြောလို့ သိခဲ့တာပါ.. အဲ့ဒီကျောက်နဲ့ ဆောက်တဲ့ ဘုန်းကြီးကျောင်းအဆောက်အဦးအသစ် ကိုလည်း တွေ့ခဲ့ပါတယ်..

    ပုံမှန် အုတ်ခဲထက် ၂ ဆလောက်ပိုကြီးပါတယ်….လက်ဆစ်က ပိုလှပါတယ်.. hand made ကျောက်လိုမျိုးပေါ့.. ကျောက်သွေးစက်နဲ့ ဖြတ်ရင် လည်း တမျိုးလှပါတယ်.. ဦးလေး မိတ်ဆွေက အခု အုတ်တံတိုင်းခတ်ထားတာ တွေ့ပါတယ်.. အတော်လေးလှပါတယ်..စိတ်အထင်တော့ အင်ကြင်း ကျောက်တမျိုးလို့ ထင်တာပါပဲ…

    တဆက်ထဲ တွေးမိတာက သဘာဝတရားက အရမ်းလှပပြီး ဆန်းကြယ်တယ်ဆိုတာမျိုးပါ…

    • nozomi

      October 20, 2011 at 5:43 pm

      အဲဒီကျောက်တုံးမျိုးလေးတွေနဲ့ ဆောက်တာ အခုနောက်ပိုင်း အတွေ့များလာတယ် နိုင်ငံခြားကသွင်းလာတယ်ထင်နေတာ ဆိုနီပြခန်းမှာ အိမ်ဆောက်ပစ္စည်းတွေရောင်းတဲ့ နေရာ ဆောက်ထားတာ အဲဒီကျောက်မျိုးတွေလားလို့၊ ၊ ဈေးကြီးမယ်ဆိုတာလောက်ပဲ တွေးမိတာ ဒီကထွက်တယ်တို့ ကျောက်ရဲ့ အသုံးဝင်ပုံတို့ သိဘူးဗျ ကျေးဇူးတင်ပါတယ်ဗျာ ထီပေါက်ရင် အဲဒီကျောက်တုံးမျိုးတွေနဲ့ အိမ်ဆောက်လိုက်ဦးမယ်

  • Diamond Key

    October 20, 2011 at 2:27 pm

    ကိုနိုရေ၊
    သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။
    ကျွန်တော်စိတ်ထဲမှာ မြန်မာပြည်က ချင်းတောင်ရယ်၊
    ချင်းမလေးတွေရဲ့ ဝတ်စားမှုလေးတွေနဲ့ တူသလိုလို၊
    ရောက်ဖူးချင်လိုက်တာဗျာ။

    • nozomi

      October 20, 2011 at 2:40 pm

      အား ဟုတ်တယ်ဗျ
      တွေ့တုန်းကရော ၊ အခုပြန်ကြည့်တော့ရော ဒီအဝတ်အစားမျိုး မြင်ဘူးပါတယ် စဉ်းစားနေတာ
      ချင်းတွေရဲ့ အဝတ်အစားနဲ့ သွားတူတာကို ဒါပေမဲ့ ချင်းမလေးတွေက ပိုချောမယ်ထင်ရဲ့

  • manawphyulay

    October 20, 2011 at 2:37 pm

    သူတို့ရဲ့ဝတ်စုံက တရုတ်ဘုန်းကြီးတွေပုံစံနဲ့တူတယ်နော်။ သူတို့မှာလည်း သူတို့ယဉ်ကျေးမှုအလိုက် ရှိနေတာပဲနော်။ မသိတာတွေ မမြင်ဖူးတာတွေ မြင်ဖူးသွားတယ်။ ဘုရင်လျှောက်သွားရောက်ရင်လည်း အများကြီးပဲ လူတွေအဝန်းအဝိုင်းတွေပါတယ်နော် ဒီမှာလိုတော့မဟုတ်ဘူး။ လမ်းတစ်လျှောက် လမ်းလျှောက်လိုက်ရတာလား…

  • etone

    October 20, 2011 at 2:38 pm

    ကိုအဖြောင်ယူပြောပြတော့မှ ဘူတန်အကြောင်း ဗဟုသုတလေးဖတ်ရတော့တယ် … ။ သူတို့တွေ ယဉ်ကျေးမှူကိုထိန်းသိမ်းထားတာတော့ တကယ့်ကို အားကျစရာပါပဲ … ။

  • MaMa

    October 20, 2011 at 8:54 pm

    Nozomi ရဲ့ ခရီးသွားဆောင်းပါးလေးတွေ တော်တော်ကောင်းတယ်။ ဗဟုသုတရလို့ သဘောကျတယ်။ ရိုးရာကို ထိန်းသိမ်းတာနဲ့ ခေတ်နောက်ပြန်ဆွဲတာ၊ ခေတ်နဲ့အညီ ပြောင်းလဲတာနဲ့ တိုးတက်တာ တွေကို ဘယ်လိုချိန်ညှိရမလဲ ဝိုင်းဝန်းဆွေးနွေးကြရင် ကောင်းမယ်ထင်တယ်။

  • padonmar

    October 20, 2011 at 10:17 pm

    FB မှာ ဘူတန်အလုပ်သွားလုပ်တဲ့ သူငယ်ချင်းရဲ့ ဘူတန်ဝတ်စုံနဲ့ပုံတွေတော့ထူးဆန်းလို့ ဘယ်ရောက်နေတာလဲလို့မေးရသေးတယ်။
    ဘူတန်မှာ မြန်မာဆရာဝန်တွေ G to G နဲ့ အလုပ်သွားလုပ်နေကြပါတယ်။
    FB မှာစာအရေးကောင်းတဲ့ DR စိုးမင်းလည်း ဘူတန်ရောက်နေတယ်လို့ ဖတ်မိပါတယ်။
    ဘူတန်ဘုရင်က လေးစားစရာပါ၊
    သူ တစ်အာဏာရှင်အဖြစ်အုပ်ချုပ်နေလည်း တော်လှန်ကြမယ်မထင်ရတဲ့ တိုင်းပြည်မှာတောင် ဒီမိုကရေစီစနစ်ဖော်ဆောင်ပေးတယ်လေ။
    နိုင်ငံလေးက အေးအေးချမ်းချမ်းရှိပြီး ရောင့်ရဲတတ်တဲ့သူတွေ နေနေကြသလိုဘဲ။
    ပုံလေးတွေကြည့်ရတာ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာဆိုတဲ့ ဝတ္ထုကို သတိရတယ်။
    တိဗက်တောင်ကြားမှာ အသက်ရာကျော်ရှည်အောင် လုပ်ပြီးနေကြတဲ့သူတွေအကြောင်းလေ။

Leave a Reply