Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆီနှိပ် မာဆတ်

Foreign ResidentOctober 19, 20114min123830

 

” ဂရန်း မီးရထား ဟော်တယ်ကြီး

မာဆက်တွေဘာတွေ ကောင်းတယ်လို့

ပေါက်ဖေါ်ကတော့ ပြောတာပဲ “

 

အစကတော့ Black Chaw ရဲ့

” အမြင့်ပျံ ရိုက်ချက်များ ” Post မှာ

ဂရန်း မီးရထား ဟော်တယ် မာဆတ်

အကြောင်းတွေ့လို့

Comment ဝင်ရေးတာ ။

 

ထုံးစံအတိုင်း ဗဟုသုတတွေက

မဆံ့မပြဲဖြစ်နေတာနှင့်

Post အသစ်ကိုတင်လိုက်ရတာပဲ ။

ခွင့်လွှတ်ကြပါဗျို့ ။

 

Black Chaw ရေးထားတာက

 

” ဂရန်း မီးရထား ဟော်တယ်ကြီး

မာဆက်တွေဘာတွေ ကောင်းတယ်လို့

ပေါက်ဖေါ်ကတော့ ပြောတာပဲ “

 

အင်းးးးးးးး

ဆိုရေးရှိက ဆိုအပ်လှ

ဆိုသလိုပေါ့လေ ။

ကြုံ ကြိုက်လာတော့လည်း

ရွာသူ ရွာသား တွေ

ဗဟုသုတ ရရေးအတွက် ၊

အဘရဲ့ ဂုဏ်သိက္ခာကို မငဲ့ပဲ

အတွေ့အကြုံ လေးတွေ

ပြောပြရတာပေါ့ ။

 

အရင် အဘ ငယ်ရွယ်စဉ်

မိုက်မဲစဉ် အခါကပေါ့

( အခု မဟုတ်ဘူးနော် ၊

အခု အရမ်း အရမ်း ကို လိမ္မာ သွားပြီ )

 

ဆီနှိပ် မာဆတ် အကြောင်း ရှင်းပြချင်လို့ပါ ။

 

ဘယ် ” ဂရန်း မီးရထား ဟော်တယ် ”

မာဆတ် ကောင်းတယ် ဆိုတာ

” Kan Daw Gyi Palace Hotel ”

အိပ်နေသလောက်ပဲ ရှိတာ ။

 

ဆီနှိပ် မာဆတ် အစဉ်အတိုင်း ပြောရရင်

” Kan Daw Gyi Palace Hotel “

” Chatrium Hotel “

” Hotel Shwe Gone Dine “

ပြီးတော့မှ ” Grand Mee Ya Htar Hotel ”

ကလာတာ သူ့နောက်မှာမှ

” Grand Plaza Park Royal ” ကတော့

ကလေးမလေးတွေ ဆက်ဆံရေး ညံ့တယ် ။

” Yangon City Hotel ” ( ၈ မိုင် )

” Imperial Jade Dragon Hotel ” ( ၉ မိုင် အခုဖျက်လိုက်ပြီ )

 

” Kan Daw Gyi Palace Hotel “

အရင်က Kan Daw Gyi Palace

မြန်မာ စားသောက်ဆိုင် ရဲ့

အပေါ်ထပ်မှာ ဖွင့်ခဲ့တာ ။

 

ဒေါ်လာ နှင့်ပဲ လက်ခံခဲ့တော့

ဘယ်လိုပြောရမလဲ လူသန့်တယ် ။

 

ဆီနှိပ် တစ် session ကို 25 $ ပေးရတယ် ။

ဒါပေမယ့် ပုံမှန်လာနေကြ

customer တွေကိုတော့

ဒေါ်လာ 100 တန် ဘောက်ချာစာအုပ်လေးတွေ

ရောင်း ပေးထားတယ် ။

အဲဒီထဲမှာ 5$, 10$, 20$ ဘောက်ချာ လေးတွေနှင့်ပေါ့ ။

 

အဲဒီ ဘောက်ချာစာအုပ် နှင့်ဆိုရင်

ပုံမှန်လာနေကြ customer ပေါ့

အဲဒါဆိုရင် တစ် session ကို 20 $ ပဲပေးရတယ် ။

 

အဲဒီတုန်းကများ သူသူ ကိုယ်ကိုယ်

ဘောက်ချာစာအုပ် လေးတွေ တကိုင်ကိုင် နှင့်

ဟိုသူငယ်ချင်း ပြန်လာလိုက် သွားလိုက် ၊

ဒီအထိမ်းအမှတ်ပွဲ ရှိလိုက် သွားလိုက် နှင့်ပေါ့ ။

 

သူ့အခန်း Decoration က

” ဂရန်း မီးရထား ” ထက် အများကြီး သာတာပေါ့ ၊

အခန်း ပြင်ဆင်ပုံက ဟော်တယ်ကြီး အဆင့် ပြင်ထားတာ ။

အနံ့အသက်ကအစ အများကြီး သာတယ် ။

 

သူ့ အခန်း ထဲမှာ

ရေချိုးတဲ့ Bath Tub ထင်မကဘူး ၊

ရေနွေးနှင့် ချွေးထုတ်တဲ့ ၊

ကျောက်မီးသွေး မီးဖိုနှင့် ၊

Sauna အခန်းသီးသန့်ပါ

attached တွဲရက်ပါတယ် ။

 

အခန်းကို မီးမှိန်မှိန်လေးထွန်း ပေးထားတာကအစ

လုံခြုံ နွေးထွေး စေတယ် ။ Cozy လို့ပြောရမလား ။

 

” Chatrium Hotel ” မာဆတ်ခန်း ဆိုတာက ၊

တကယ့် Hotel ခန်းကြီးကို ဘာမှမပြောင်းလဲပဲ ၊

မာဆတ်ခန်း လုပ်ထားတာ ဆိုတော့ ။

အခန်းက ပေ ၄ဝ ပတ်လည်လောက်ကျယ်ပြီး ၊

မျက်နှာကျက်ကလည်း အမြင့်ကြီးနှင့် ၊

မီးတွေလင်းထိန်နေတာ ။

 

ဈေးကလည်းကြီးသေး 45$ လောက်ရှိတယ် ၊

Tip နှင့် ဘာနှင့်ဆို တစ်ခါသွား တစ်သိန်းနီးနီး ကျမယ် ။

( အဲဒီတုန်းက ဒေါ်လာဈေး 1200 လောက် ဆိုတော့ )

ပြောစရာဆိုလို့ ယိုးဒယားမလေးတွေ ၊

ဗမာ စကား မပီ့တပီ နှင့် နှိပ်နယ်ပေးတာပဲ ရှိတယ် ။

 

” ဂရန်း မီးရထား ဟော်တယ် ” မာဆတ်ခန်းကတော့ ၊

ကျောင်းသား ဘော်ဒါဆောင် အခန်း သာသာပဲ ရှိတယ် ။

 

တံခါးပေါ်က မှန်ပေါက်ကလည်း

ခုတင် တည့်တည့်လောက်မှာ ၊

ဖေါက်ထားလိုက်သေး ။

 

” Hotel Shwe Gone Dine ” ကမှ ခုတင် နှင့်

မှန်ပေါက် လွှဲထား သေးတယ် ။

 

ပြီးတော့ သူ့ရေချိုးခန်းက

” Kan Daw Gyi Palace Hotel “လို

Bath Tub မပါတော့ ၊

ရေချိုး ခံရတဲ့လူကော ၊

ရေချိုး ပေးတဲ့လူကော ၊

အဆင်ကို မပြေဘူး ။

 

နောက်ပြီး သူ့ နှိပ်တဲ့ဆီက

Kan Daw Gyi Palace ကဆီလို

Odourless မဟုတ်ဘူး ။

အနံ့ကျန်ခဲ့တယ် ။

 

သှုငယ်ချင်း တယောက်ဆို ၊

အဲဒီ အနံ့ ပြန်ပျောက်အောင် ဆိုပြီး ၊

ရေ သုံးခါတိတိ ပြန်ချိုးရတာ ၊

နှာကိုစေးသွားတယ် ။

 

သမီးလေးတွေ ပြောသလို ပြောရရင် ၊

အိမ်မပိုင်ပဲ ဂေါ်လီလာလုပ်တာကိုး ။

 

သူ့မှာကောင်းတာ ဆိုလို့ တစ်ခုပဲရှိတယ် ၊

Body Scrub ပဲ ။

 

မျက်နှာသစ်တဲ့ ဇီးမှုန်လေးတွေပါတဲ့ ၊

Scrub Foam နှင့် ၊

တကိုယ်လုံး နေရာအနှံ့ ချေးချွတ်ပေးတာ ။

၁၇၀၀ဝ ကျပ်ပဲလား ပေးရတယ် ။

 

အဘတို့လို နောက်ကျောကို

ချေးမတွန်းဖြစ်တဲ့သူတွေက

သူ့ဆီပဲသွားသွား နေရတယ်လေ ။

 

” Chatrium ” မှာလည်း သူနှင့် ခပ်ဆင်ဆင်

Sea Salt Scrub ဆိုတာ ခံဖူးပေမယ့် ၊

ဈေးကြီးတယ် 50$ လောက်ပေးခဲ့ရတယ် ။

 

လိုရင်း ပြန်ချုပ်ရရင်

” ဂရန်း မီးရထား ဟော်တယ် ” မာဆတ် ကောင်းတယ် ဆိုတာ

” Kan Daw Gyi Palace Hotel ” အိပ်နေသလောက်ပဲ ရှိတာ ။

ဆိုတာပါပဲ ။

 

ကံဆိုးချက်ကတော့

စီးပွားရေး ဘီလူးကြီး ဦးတေဇ က

” Kan Daw Gyi Palace Hotel ” ကို

လက်လွှဲယူလိုက်ပြီးတဲ့နောက်

Renovation လုပ်မယ်ဆိုပြီး

အဲဒီ မာဆတ် နှင့်

ညှိုးငယ်စွာ ဝမ်းစာရှာဖွေနေရတဲ့

သမီးငယ်လေး တွေရဲ့ ဘဝကို

ညှာတာသနားချင်း ကင်းမဲ့စွာနှင့်

ပိတ်ပစ်လိုက်တာပါပဲ ။

 

အဘမှာ ဂရုဏာတရားကြီးမားစွာနှင့်

နောက်ဆုံးနေ့အထိ ဘယ်မှာပြန်ဖွင့်မလဲလို့

သမီးငယ်လေး တွေကို သွားမေးခဲ့ပါသေးတယ် ။

မဖွင့်တော့ဘူးပါတဲ့ ။

 

အခု ” Kan Daw Gyi Palace Hotel ” ထဲမှာ

ဖွင့်ထားတဲ့ အဖွဲ့က သူတို့ အဖွဲ့

မဟုတ်တော့ပါဘူး ။

 

အခုပြန်တွေး အခုပြန်ဝမ်းနည်းတယ် ။

အဘ တို့က အသည်းအရမ်းနုတာလေ ။

သနားတတ်တယ် ( သမီးငယ်လေး တွေကို ) ။

 

လျှောက်ရေးနေတာ တဖြေးဖြေးနှင့်

ရတနာဝင်းထိန် ရဲ့ ရသစာပေလို ဖြစ်တော့မှာပဲ ။

 

ဒါနှင့် စကားမစပ် E Tone ရေ

” Trader Hotel ” က

ရိုးရိုးခန်း 45$ ၊ Suite ခန်း 85$ လို့ ပြောခဲ့တာ

အဘ မမှား ပါဘူး ဗျာ ။

မိန်းမကို ပြန် confirm လုပ်ပြီးပြီ ။

နာဂစ်တုန်းက တည်းခဲ့တာ ။

ဒီအတိုင်းဆို ဈေးတွေ တော်တော်တက်သွားတာပဲ ။

 

ပိုက်ဆံရှိလှလို့ ဟုတ်ပေါင်ဗျာ ၊

နာဂစ် ဖြစ်တော့ ရေမလာ မီးမလာ မှာ ၊

Australia သူ မိန်းမက မနေတတ်ဘူး ၊

လုပ်တော်မူလို့ဗျို့ ။

 

တော်သေးဘီ ။

 

 

အင်း

ရွာသားတွေတတော့

မတော် မတည့်တွေ

တင်လို့ဆိုပြီး

အဘကို စိတ်ဆိုးတော့မှာပဲ ။

 

ခွင့်လွှတ်ကြပါဗျို့ ။

 

 

 

 

 

 

 

30 comments

  • windtalker

    October 19, 2011 at 6:32 pm

    စိတ်မဆိုးလို ့ခွင့်မလွှတ်တော့ပါဘူး ဘရယ်
    ဘက ဩဇီကို ရောက်နေတာ အတော်ကြာပြီ ထင်ပ
    ဘပို ့စ်ကို ဖတ်ပြီးသကာလ မှာ
    ရန်ကုန်မှာ အရမ်းနာမည်ကျော်ကြားနေတဲ့
    မာစွတ် ဆိုကလား
    အဲဒါအကြောင်းပါ သိချင်လာပြန်ရော
    ဗဟုသုတ အလို ့ငှာပေါ့ ဘရယ်
    ဒီတော့က
    ဘ ပဲ ရေးရေး
    ဘယ်သူပဲရေးရေး
    အနော်တို ့က စောင့်မျှော်ဖတ်ရှုမှာ ဖြစ်တဲ့အကြောင်းပေါ့ ဘရယ်
    နော်

    • Foreign Resident

      October 19, 2011 at 6:46 pm

      windtalker ရယ်
      မာစွတ် တော့ အဘ မရေးရဲပါဘူးကွယ် ။

  • ပေါက်ဖော်

    October 19, 2011 at 6:37 pm

    တွေ ့လား..တွေ ့လား..
    တစ်ကယ့် ကစတန်မာတွေခုမှပေါ်လာတယ်..
    တို ့က နာမည်ကြီး.ထမင်းငတ်.. 🙁

    မေရယ်..မေရယ်..
    ကျော်တော့လှေသဂျီးပါကွယ်..ညားတော့လဲကွယ်..လှေထိုးတားနဲ ့ရယ်..
    😯

  • ဟိုက် ကိုFR ကြီးငယ်စဉ် နုစဉ်အခါက တယ်မလွယ်ပါလား။ဟီးးးးကုန်လိုက်မယ့် ပိုက်ဆံတွေ နှမျောစရာကြီးနော်။ဗမာ လက်သယ်ခေါ်နှိပ် ၁၅၀ဝ ဆိုတနေကုန်နှိပ်ခိုင်းထားလို ့ရပါတယ်။ဟီးးး အမှားပါရင် တောင်းပန်ပါတယ်

    • Foreign Resident

      October 19, 2011 at 6:44 pm

      ေအောင်မလေး မောင်သန်းထွဋ်ဦး ရယ် ၊
      အဘကိုသတ်နေတာလား ။

      ဗမာ လက်သယ်ခေါ်နှိပ် လို့ဘယ်ဖြစ်ပါ့မလဲ ၊
      သူတို့လက်တွေက ကြမ်းကကြမ်းနှင့် ။

      သမီးလေးတွေလက်မှ အတော်လောက် ရှိတာပါကွယ် ။

      • windtalker

        October 19, 2011 at 6:52 pm

        ဘရေ
        အဲဒီမှာ သွားတုန်းက
        ဟိုလေ..ထူးရှယ် အကြောလျှော့ ဆိုကလားပဲ
        မွှားရင် ခွင့်လွှတ်နော်
        သားကကြားဖူးနားဝ နဲ ့မေးရတာမို ့ပါ
        ဘ အဲဒါတွေ ကို လုပ်ခဲ့မှာပေါ့နော်
        ဟို ပေါက်ဖော် ဆိုတဲ့ တစ်ယောက်ဆိုရင်
        အိတ်စပတ် တောင် ဖြစ်နေဘီတဲ့
        ဘရဲ ့

  • nozomi

    October 19, 2011 at 6:46 pm

    ဦးဖောရေးတာ မြန်မာလိုဆိုတော့ စီးစီးပိုင်ပိုင် နဲ့ ဖတ်လို့ပိုကောင်းတယ် မျက်နှာဖြူစာဆို စာအုပ်ထူထူကြီးပြေးလှန်နေရတယ်

    ဦးဖောပြောတဲ့ထဲက ရွှေဂုံတိုင်တော့ ရောက်ဖူးတယ် ဆီနှိပ်ဆိုတာ ဘာလဲလို့ သိချင်လို့သွားတာ
    မဆိုးဘူးပေါ့ ဒါပေမဲ့ ပြီးခါနီးမှ အဆစ်ထပ်ယူဦးမလား လိုချင်ရင် ပိုက်ဆံပေးရမယ်ဆိုလို့ ဒို့ကတော့ အနှိပ်သီးသန့်သမား ဟိုဟာ ဒီဟာ မလိုဘူးလို့ ငြင်းလိုက်မိတယ်

    အခု ပို့စ် ဖတ်ကြည့်မှ ရေးချိုးပေးတယ်ဆိုတာ သိရတယ် ၊အဲဒီတုန်းက ငြင်းလိုက်မိလို့လား မသိဘူး ကိုယ်ချေးကိုယ်တွန်း ကိုယ့်ရေကိုယ်ချိုး ပြန်လာရတာပဲ

    • Foreign Resident

      October 19, 2011 at 6:56 pm

      ဟား ဟား ဟား ဟား
      ကို nozomi
      ရွှေဂုံတိုင် ဟော်တယ် ရဲ့ အနှိပ်ခန်းပဲ ရောက်ခဲ့တာလား
      ရွှေဂုံတိုင် ဟော်တယ် ရဲ့ ရန်ကုန်မှာ နာမည် အကြီးဆုံး ( most notorious )
      Under Cover Garage ကားပျောက် အခန်း တွေကော
      မရောက်ခဲ့ဘူးလား ။

  • water-melon

    October 19, 2011 at 7:00 pm

    အဘ က ချေးချွတ်တာတော်တော် ဇိမ်ခံနေတာမလား။ အဘက သင်္ဘောသားဆိုတော့ ဇိမ်ခံတတ်မှာပေါ့။ သာမန်လူကတော့ မသွားနိုင်ပါဘူး။ ပြီးတော့ အဘက ပြောသေးတယ် မိန်းကလေးတွေကို သနားတတ်တယ်တဲ့။ အဘလည်း ငယ်ငယ်တုန်းက မလွယ်လောက်ဘူးထင်တယ်။ 🙂

    • Foreign Resident

      October 19, 2011 at 7:17 pm

      အော် သမီးရယ် ငယ်ရွယ်စဉ် မိုက်မဲစဉ် အခါကပါကွယ် ။

      အဘ ဘဝကလည်း ကြမ်းတမ်းခဲ့တာလေ ။
      ကမ်းကုန်လို့ ရေထဲရောက်ရတဲ့ သင်္ဘောသား ဘဝ ၊
      ကမ်းကုန်တဲ့ထဲကမှ သင်္ဘောသား အားလုံးထက် ပိုကြမ်းပြရတဲ့ ကပ္ပတိန် ဘဝ ။

      အခုတော့လည်း ကမ်းကုန်ယုံတင်မကပဲ ရေပါထပ်ကုန်သွားလို့ ကျွန်းပေါ်ရောက်ပြီး ၊
      မိန်းမရဲ့ ကွပ်ကဲမှု အောက်မှာ အရမ်း အရမ်း ကို လိမ္မာ သွားပါပြီကွယ် ။

      • windtalker

        October 19, 2011 at 7:31 pm

        ဘရေ
        မွှားမယ်..မွှားမယ်
        အဲဒီ ဝါးတားတားမယ်လွန်ဆိုတာ
        ယောက်ျားဗျ
        ကျုပ်တို ့မန်းတလေးမြို ့ကတဲ့

        • ပေါက်ဖော်

          October 19, 2011 at 7:34 pm

          ဆောဒီးကွယ်
          အဘ အရှိန်လွန်သွားလို ့.ဘရိတ်ပေါက်သွားဒယ်..
          😀

        • kocho

          October 19, 2011 at 7:40 pm

          ဟေ့ ကိုရင်ဖော ဗန်ဒူး ကုန်တော့မှာပဲ ကိုပေကယ်ပေလို့ 😀

  • Don Juan Ronald

    October 19, 2011 at 8:01 pm

    အော်းးးးး ဗမာပြည်မှာလည်းတာမျိုးတွေရှိနေပြီကိုး။

  • blackchaw

    October 19, 2011 at 8:06 pm

    FR ကြီးရေးပြမှပဲ ဆီနှိပ်မာဆတ် ဆိုတာ သဘောပေါက်တော့တယ်။
    ပေါက်ဖေါ်ကြီးကတော့ သူမရောက်ဖူးဘူးဆိုပြီး ငြင်းနေတာပါပဲဗျာ။
    ဒါလည်း ဗဟုသုတ တစ်မျိုးပဲဗျ။ အသေးစိတ်ရေးပြရင်ဖြင့်
    သင့်တော်မယ်ထင်ကြောင်းပါ။ ဟားဟား။

  • youngcat

    October 19, 2011 at 8:58 pm

    ဗဟုသုတက လိုရင်းမရောက်သေးဘူးဗျ။တည်နေရာနဲ့ အကျယ်အဝန်းပဲရှိသေးတယ်။
    မည်သို့မည်ပုံဆိုတာလေးလိုသေးတယ်၊
    ကျွန်တော်တို့ တောသားတွေ ကြားပဲကြားဖူးတယ်၊အနားတောင် မသီဖူးဘူး၊
    နဲနဲပါးပါးကြွားလို့ရအောင် ဗဟုသုတအပြည့်အစုံလေး ပြောပြပါလား။

  • hmee

    October 19, 2011 at 11:17 pm

    အော်…..လေးဖောကြီးလည်း ခေသူမဟုတ်ပါလားကွယ်။ 🙂

  • pooch

    October 19, 2011 at 11:44 pm

    ဪ.. မာဆတ်ဆိုတော့လည်း တို့ ရွာသားတွေ တန်းကို စီလို့ ဝင်မန်းထားကြတာ .. ဟီး.. 🙂
    အဘဖောကြီးကိုလည်း … မဒမ်ဖောနဲ့.. နည်းနည်းလောက်တော့ တိုင်ပြောလိုက်မှထင်တယ်…..
    ရွာထဲက အကို အမောင် ကာလသားများကို နည်းပေးလမ်းပြတွေ လုပ်နေပါတယ်လို့….. 😛 😛

  • lwinmg

    October 20, 2011 at 12:44 am

    လိပ်စာ ငါးစာလေးတော့ယူထား လိုက်ပြီ ၊ သွားဖူးတယ်ရှိအောင် စီစဉ်ပါမှ ၊
    ရတဲ့ လစာ နှစ်လစာ စုပြီးမှ တော်ကာကျမယ်ထင်တယ် ။

  • Foreign Resident

    October 20, 2011 at 4:29 am

    ” အဘဖောကြီးကိုလည်း … မဒမ်ဖောနဲ့..
    နည်းနည်းလောက်တော့ တိုင်ပြောလိုက်မှထင်တယ် ”

    အော် သမီး pooch ရယ်

    အဘဖောက သူတို့ပြောပြောနေတဲ့ ” ဂရန်း မီးရထား ဟော်တယ် ” မာဆတ် ကို
    မဒမ်ဖောနဲ့ကို သွားတာပါကွယ် ။
    သူတစ်ခန်း ကိုယ်တစ်ခန်း ဘေးချင်းကပ် ပေါ့ ။

    အဘတို့က ကျန်းမာရေးသက်သက် အတွက် အနှိပ်ခံ ဘို့သွားတာလေ
    ( အဘက ညောင်းတတ်တယ်လေ ) ။
    ဟိုစိတ် ဒီစိတ် တွေမရှိရပါဘူးကွယ်
    ( အခုရေး နေတဲ့ အချိန် ကို ပြောတာ ) ။

    မိန်းမ တွေများ တော်တော်ခက်တယ် ။

    အဘခမျာ သူသံသယ မဖြစ်အောင်
    တချိန်လုံး နှိပ်ပေးတဲ့ သမီးလေး နှင့်
    စကားမရှိ စကားရှာပြောပေး နေရတာ အာကိုပေါက်လို့ ။

    အဲဒါ အပြင်ပြန်ရောက်တော့
    ရှင်က အဲဒီ ကောင်မလေး နှင့် ဘယ်တုန်းက အမျိုးတော်နေလို့
    ဒီလောက် မပြီးနိုင် မစီးနိုင် ပြောနေရတာလဲတဲ့ ။

    ဟင်း နောက်တခါကြ
    နာရီဝက်လောက် အသံတိတ် နေပြစ်လိုက်မယ် ဟီဟိ ။
    အဲဒီတော့မှသာ အခန်းထဲထိ လိုက်မလာနဲ့ ။

    အပြစ်ရှာဘို့ချည်းပဲ ( အဘကလည်း ယုံလောက်စရာလေ ဟီဟိ ) ။

    ” အဘက သင်္ဘောသားဆိုတော့ ဇိမ်ခံတတ်မှာပေါ့ ”

    မန္တလေးက Water Melon ရယ်

    အဘက သင်္ဘောသား မို့လို့ ဇိမ်ခံတတ်တာ မဟုတ်ရပါဘူးကွယ် ။
    အဘ တက်ခဲ့တဲ့ သင်္ဘောသား သင်တန်းပေါင်း မြောက်များစွာ အထဲမှာလည်း
    အဲဒီ ဇိမ်ခံနည်း သင်တန်း မပါရပါဘူး ကွယ် ။

    အဘ အမြင်ပေါ့နော်
    လူကို အဓိကထားပါတယ် ။ အရေးအကြီးဆုံးလို့ ခံယူထား ပါတယ် ။

    ပိုက်ဆံဆိုတာ ကျားကုတ်ကျားခဲ ရှာသင့် ပေမယ့် ၊
    ပိုက်ဆံရှာရခြင်းရဲ့ အဓိကအကြောင်းရင်းက
    ပိုက်ဆံတွေ တစ်ဦးတစ်ယောက် ဆီမှာ စုပုံမိလာဖို့ အဓိက မဟုတ်ပဲ
    “လူ” အတွက် အသုံးချဖို့ ဖြစ်ပါတယ် ။

    “လူ” ရဲ့
    – အခြေခံ စားဝတ်နေရေး အတွက် သုံးမယ် ၊
    – ကျန်းမာရေး အတွက် စုဆောင်းထားမယ် ၊
    – သက်တောင့်သက်သာ ဖြစ်ဖို့ အတွက် ဇိမ်ခံမယ် ၊
    – နောက် ဘဝ သံသရာ အတွက် လှူဒါန်းမယ် ။

    ( ဘာသာရေး အမြင်ကြီးနှင့်တာ့ မကြည့်လိုက်ပါနှင့်
    ဆရာ့ ဆရာကြီး တို့ရယ် ။
    ပေါ့ပေါ့လေး ပြောကြည့်တာပါ )

    ပိုက်ဆံ ဆိုတာ လူ အသုံးပြုဖို့ အတွက် တီထွင်ထားတဲ့
    ပစ္စည်းကိရိယာ ( tool ) တစ်ခုသာ ဖြစ်ပါတယ် ( ခဲတံ တစ်ချောင်း လိုပေါ့ ) ။
    အထူး အရေးပါတာ မှန်ပေမယ့် ၊ သေချာတာက ကိုးကွယ်ဖို့တော့ မဟုတ်ပါဘူး ။

    ဒါကြောင့် အဘ ပိုက်ဆံ ရှာပါတယ် ၊ သင့်တင့် လျှောက်ပတ်အောင်လည်း သုံးပါတယ် ။
    အဘ ဝန်ခံပါတယ် အဘ ဇိမ်ခံ ရတာ ၊ လှူဒါန်း ရတာ ကိုလည်း ကြိုက်ပါတယ် ၊
    ဒါကြောင့် ပိုက်ဆံများများ ရအောင်လည်း ကြိုးစား ရှာပါတယ် ။

    ” ဒါလည်း ဗဟုသုတ တစ်မျိုးပဲဗျ။ အသေးစိတ် ရေးပြရင်ဖြင့် သင့်တော်မယ် ထင်ကြောင်းပါ ”
    ” နဲနဲပါးပါး ကြွားလို့ရအောင် ဗဟုသုတ အပြည့်အစုံလေး ပြောပြပါလား “

  • Foreign Resident

    October 20, 2011 at 4:30 am

    Dear blackchaw နှင့် youngcat ရေ

    အဘ အသေးစိတ် ရေးပြချင်ပါတယ် ။
    MG မှာတော့ မဟုတ်ဘူးပေါ့ ။
    Play Boy Web Site မှာတော့ ဖြစ်နိုင်မယ်ထင်တယ် ။

    ” အဲဒီတုန်းက ငြင်းလိုက်မိလို့လား မသိဘူး
    ကိုယ်ချေးကိုယ်တွန်း ကိုယ့်ရေကိုယ်ချိုး ပြန်လာရတာပဲ ”

    Dear Nozomi ရေ

    အဘ ” Kan Daw Gyi Palace Hotel ” ကိုညွှန်းရတဲ့ အကြောင်းထဲမှာ
    အဲဒီ Hotel တစ်ခုပဲ ဘာတစ်ခွန်းမှ ထပ်ပြောစရာ ထပ်ပေးစရာ မလိုပဲ
    ရေချိုးပေးတဲ့ Service ပါလို့ပါ ။
    သူ့ သူဌေးက ပြောထားတယ် ဆိုပဲ
    Customer ကို မွေးကင်းစ ကလေးတစ်ယောက်လို သဘောထားပြီး
    အကုန်ပြုစုပေးရမယ် တဲ့ ။
    တခြား Hotel တွေက Tip လဲပေး ပြောလဲပြောမှ လုပ်ပေးတာပါ ။

    တခြား Hotel တွေလဲ
    သိပ်ခက်လှတယ်ရယ်တော့ မဟုတ်ပါဘူး
    ကိုယ် Tip ပေးမယ်လို့ ရည်စူးထားတဲ့ ( သူတို့ မက်လောက်တဲ့ ) ငွေ ပမာဏကို
    ခေါင်းအုံးဘေးမှာ ချပြထားလိုက်ယုံနှင့် သူတို့လဲ သဘောပေါက်ပြီး
    အလိုလို သူတို့ ပေးနိုင်တဲ့ Service အမျိုးမျိုးကို ကမ်းလှမ်းလာပါလိမ့်မယ် ။
    အများစုက ငွေကို သိပ်မလွန်ဆန်နိုင်ကြပါဘူး ။ သနားစရာ ကောင်းပါတယ် ။

    အဘတို့လည်း ဓါတ်ရှင်တွေထဲကလို လူယုတ်မာကြီး မဖြစ်တော့ဘူးလေ ။
    နည်းသိတော့လည်း အာပါတ် လွတ်တာပေါ့ကွယ် ။

  • small cat

    October 20, 2011 at 6:53 am

    “””ပိုက်ဆံဆိုတာ ကျားကုတ်ကျားခဲ ရှာသင့် ပေမယ့် ၊
    ပိုက်ဆံရှာရခြင်းရဲ့ အဓိကအကြောင်းရင်းက
    ပိုက်ဆံတွေ တစ်ဦးတစ်ယောက် ဆီမှာ စုပုံမိလာဖို့ အဓိက မဟုတ်ပဲ
    “လူ” အတွက် အသုံးချဖို့ ဖြစ်ပါတယ် ။”””

    ဒီအယူအဆလေးကိုလက်ခံပါတယ်။
    ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေ
    အသုံးနဲ့အဖြုန်း ကို ချင့်ချိန်နိုင်ဖို့ပဲလိုပါတယ်။

  • etone

    October 20, 2011 at 9:32 am

    အဘကတော့ လုပ်ပြီ နာဂစ်ဖြစ်တာ ဘယ်နှစ်ခုနှစ်ကတုန်း …. ။ လွန်ခဲ့တဲ့ 3နှစ်ကလေ … ။
    အဲ့တုန်းက အဲ့ဈေး … အခုတော့ ဒီဈေးလို့ မှတ်ပါနော် … ။
    ဘူဖေးတောင် ယခင်လနဲ့ ယခုလမတူတော့ဘူး …. တလကျော်ပဲကြာတယ် … 16$ကနေ 22$ထိခုန်တက်ပစ်လိုက်တော့တာပါပဲ 🙄

    မာဆတ်အကြောင်း အတော်သိထားတာပဲ အဘတို့ကတော့ 😀
    etone ကတော့ foot မာဆတ်ပဲသွားဖူးတယ် … ခြေထောက်တော့ အနှိပ်ခံနိုင်တယ် …တခြားနေရာတွေဆို ယားတတ်တယ် :mrgreen:

    • Foreign Resident

      October 20, 2011 at 11:07 am

      ဒီဟော်တယ် ဒီအခန်း ဒီဝန်ဆောင်မှု ကိုပဲ သုံး နှစ်အတွင်းမှာ ၊
      ယူအက်စ် ဒေါ်လာ from 85 to 145 = 70 % soar price ဆိုတော့ ၊
      မြန်မာပြည်ကြီးမှာ နိုင်ငံခြား ခရီးသွား တွေ အရမ်းဝင်လာလို့ ၊
      အခန်းတွေ ရှားနေပြီ ထင်တယ် ။

      • etone

        October 20, 2011 at 1:13 pm

        ခရီးသွားတွေက ဝင်သလားတော့မမေးနဲ့ ပွင့်လင်းရာသီမဟုတ်တာတောင် တစ်ခါတစ်လေ အခန်းအကုန်ပြည့်လို့ နာမည်မရှိတဲ့ ဟိုတယ်လေးတွေမှာ ထားပေးရတဲ့ အထိပါပဲ … ။
        ကျွန်မထင်တာ ပြည်ပဧည့်သည်တင်မဟုတ်ပဲ တချို့ ပြည်တွင်းဧည့်သည်တွေပါ တည်းလို့ဖြစ်မယ် … ။ အထူးသဖြင့် အဖွဲ့လိုက် သူငယ်ချင်းတွေ ဟိုတယ် ခန်းတစ်ခန်းငှားပြီး နောက်မှ တခြားလူတွေဝင်လာ … ပျော်ပွဲ ရွှင်ပွဲ တွေ လုပ်စားသောက် တာမျိုးဖြစ်လောက်တယ် … ။ (မြင်ဖူးသလို ၊ ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးတယ် )

        ဟိုတယ်ကနေ အခန်းတခန်းယူတုန်းက etone တို့ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖူးတယ် … အော်ကြီးဟစ်ကျယ်တော့မလုပ်ဘူးပေါ့ … အေးဆေးစားသောက်ကြတယ် … ။ breakfast ဘူဖေး ပါနှစ်ယောက်စာရတော့… ကျန်တဲ့လူဦးရေစာလောက်ပဲ ရှင်းရတယ် … ။ အရမ်းစိတ်ဖိစီးမှုများနေတဲ့ အချိန်ဆိုရင် အတော်ပျော်စရာကောင်းတယ် … 🙂

        ရွှေဂုံတိုင်ဟိုတယ် ရောက်ခဲ့ဖူးတယ် သူငယ်ချင်း သဘောင်္သီးတွေနဲ့ KTV ကိုသွားတာပါ … အောကြဟစ်ကြ ဆိုကြ ခုန်ကြပေါ့ …။ ဟို ကောင်မလေးတွေက စကတ်တိုတွေ ၊ ဖိနပ်ဒေါက်ချွန်ချွန်တွေ ၊ အကျီ င်္ အနက်တွေနဲ့ …. ယောကျာ်းလေးမပြောနဲ့ ကိုယ်တွေတောင် ပါးစပ်အဟောင်းသားနဲ့ကြည့်ကောင်းသလိုလိုတောင် ဖြစ်သွားတယ် 🙁
        ရယ်တော့ရယ်ရတယ် အဲ့ဒီကိုရောက်တုန်းက …. ကျွန်မတို့တွေက မြန်မာဝတ်စုံတွေ ၊ပိုးထည်တွေနဲ့ 😀 (မရည်ရွယ်ပဲ ရောက်ဖြစ်တာဆိုတော့ … ) နေရာနဲ့ ဝတ်စုံမအပ်စပ်လို့ …အဲ့ဒီကပြန်တော့ … ပါလာတဲ့ သဘက်ကြီး ခြုံထားရတယ် … ။ 😛

  • intro

    October 20, 2011 at 12:44 pm

    တော်တော့ကို စာရေးကောင်းတဲ့ ဦး Fore ရေ….
    မျှဝေတဲ့အတွက် ကျေးဇူးလဲ တင်ပါတယ်….
    နောင်များမှာလဲ ပိုမို ရေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်….

    မှတ်သားသင့်သည်များကိုလဲ ဝင်ရောက် မှတ်သားသွားပါတယ်…. 🙂

  • pasi

    October 21, 2011 at 12:20 pm

    အတွေ့အကြုံလေးတွေဖလှယ်ကြတော့ ပေစိလည်း မနေနိုင်တော့ဘူး ဝင်ပါပါရစေဦး
    မာဆတ်ထဲက ကောင်းတာလေး ညွှန်းချင်လို့ပါ open air မာဆတ်လေး သိပ်ကောင်းတယ် နေရာလည်း ကျယ်ဝန်းတယ် ဝန်ဆောင်မှုလည်းကောင်းတယ် အနံ့အသက်လည်းကောင်းတယ် သိချင်တဲ့လူများရှိရင် ——————————————————————————————————-
    ရန်ကုန်မြို့ထဲမှာပဲနော် ဟဲဟဲ

    • Foreign Resident

      October 21, 2011 at 4:21 pm

      pasi ရေ
      open air မာဆတ် ဆိုတာ ဘယ်လိုမျိုးလည်းဟင် ။
      ရှင်းပြပါအုံးကွယ် ။
      အဘက အသစ်အဆန်းလေးတွေဆို စိတ်ဝင်စားလို့ပါကွယ် ။
      သက်ငယ်စကား သက်ကြီးကြား ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ ။

  • nayminn

    October 21, 2011 at 2:41 pm

    ကာတွန်းတစ်ခုဖတ်ရတယ်…။

    ” မိန်းမ နင်ဘာတွေလုပ်နေတာလဲ ”…လို့… အလုပ်မှ အိပ်မေ့ကျန်လို့ပြန်လာယူတဲံ့ ယောက်ျားကမေး..ရာ။…တစိမ်းယောက်ျားနဲ့အနှိပ်ခံရင်း မိန်းမဖြစ်သူပြောလိုက်ပုံက.. ” ရှင်တို့လို မြို့ထဲက အနှိပ်ခန်းတွေ မသွားနိုင်လို့ အိမ်မှာပဲ မိုဘိုင်းမာဆတ် ခေါ်ပြီး အနှိပ်ခံရတာတော်ရေ….မောင်လေးရေနောက်ထက် တစ်ဆက်ရှင်လောက်…တဲ.”

    အဘလည်း အိမ်ကို ချက်ကင် လုပ်ဦးနော်…။

  • oakermg

    October 21, 2011 at 6:12 pm

    open air မာဆတ် ဘယ်နေရာမှာလဲ … ၊
    ဈေးနှုန်းရော သက်သာပါရဲ့လား…၊
    နေရာလည်း ကျယ်ဝန်းတယ် ဝန်ဆောင်မှုလည်းကောင်းတယ် အနံ့အသက်လည်းကောင်းတယ်
    ဆိုထားသမို့ သိချင်နေပါတယ်…။

Leave a Reply