ဂျဒ်စင်ထိပ်က ရိုက်ချက်များ
မနေ့က နေ့လယ်ပိုင်းကပေါ့။ ကျွန်တော် ရွာသူရွာသားတွေ အတွက် ထူးထူးဆန်းဆန်းလေး
ပေးချင်တဲ့ ဖီလင် အကြီးကြီး ဝင်နေမိတယ်။ ဒီရက်ပိုင်း ရန်ကုန်တက္ကသိုလ်ကြီးမှာ
ကျောင်းသူကျောင်းသားတွေ ကျောင်းတက်နေတာကို မြင်ချင်တဲ့ ဖီလင်ကလည်း တော်တော်
ကြီးနေမိတယ်။ ဒါနဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို အပေါ်စီးကကြည့်ရင်ဘယ်လိုနေမလဲ ဆိုတဲ့
အတွေး ဝင်လာတယ်။ ဘယ်ကကြည့်လို့ရမလဲဆိုပြီး စဉ်းစားနေတုန်း သီချင်းတစ်ပုဒ်သွား သတိရ
မိတယ်။ ကိုငှက် ရေးဆိုခဲ့ တဲ့ ဂျဒ်စင်ထိတ်က လရိပ်ပြာ။ ဟုတ်တယ် ဂျဒ်စင်ထိတ်က ကြည့်ရင် ရန်ကုန်
တက္ကသိုလ်ကြီးကို အပေါ်စီးက မြင်ရမှာပဲ။ ရွှေဘိုဆောင်ဘက်ကနေ ဂျဒ်စင် အနောက်ဘက်ပေါက် ကို ဝင်လာခဲ့တယ်။
သံပန်းတံခါးကို သော့ခတ်ထားတာ တွေ့တယ်။ ဟဲလို အထဲမှာ လူရှိပါသလား ခင်ဗျာ ဘာညာ အော်လိုက်တော့ အသက် ၂၀
လောက် ကောင်လေးတစ်ယောက်ထွက်လာပါတယ်။ ဘာကိစ္စ ရှိလို့လဲတဲ့။
“ညီလေး အစ်ကို ဂျဒ်စင် အပေါ်ထိတ်ကနေ ဓါတ်ပုံလေးသုံးလေးပုံလောက် ရိုက်ချင်လို့ပါကွာ”
ကောင်လေးက “မရဘူးထင်တယ်ဗျ၊ ကျွန်တော် တံခါးဖွင့်ပေးလို့ မရဘူး”
ကျွန်တော်က ” လုပ်ပါညီလေးရာ၊ အစ်ကို့သူငယ်ချင်းတစ်ယောက်က အမေရိကားမှာလေ၊
သူက ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းကြီးဆိုတော့ ကျောင်းကိုလွမ်းလို့ ဓါတ်ပုံရိုက်ပို့ပေးပါလို့
ပြောလို့ လာရိုက်တာပါကွာ”
ကောင်လေးကလည်း မရဘူးပဲ တွင်တွင်ပြောနေတယ်၊ ကျွန်တော်ကလည်း လုပ်ပါညီလေးရာလို့
ရီးဇားဆီက အဖြေတောင်းသလို အတင်းဇွတ် နားပူနားဆာလုပ်နေတုန်း အထဲက လူကြီးတစ်ယောက်
အသံကြားလိုက်ရတယ်။
“တံခါးဖွင့်ပေးလိုက်စမ်းကွာ” တဲ့။
ကောင်လေးက မရဘူးသာ ပြောနေတာ။ အားနာနေတာလည်း သိသာပါတယ်။
အထဲကလူကြီးက ဖွင့်ခွင့်ပေးလိုက်တော့ ချက်ခြင်းတံခါးဖွင့်ပေးပါတယ်။
“ကျေးဇူးပါကွာ။ မင်းကျေးဇူးဘယ်တော့မှ မမေ့ပါဘူး” လို့ပြောတော့
“ရပါတယ်” တဲ့။ ပြီးတော့ သူကိုယ်တိုင် ကျွန်တော့်ကို ဦးဆောင်ပြီးခေါ်သွားတယ်။
ဘုရားကျောင်းခမ်းမကြီးကို ဓါတ်ပုံတစ်ပုံ ရိုက်လိုက်တယ်။ ဟာ အခုမှ သတိပြုမိတယ်။
ကင်မရာက ဓါတ်ခဲ တစ်ဝက်လောက်ပဲရှိတော့တယ်။ မတတ်နိုင်ဘူး။ ရှိတာလေးနဲ့ အလုပ်ဖြစ်အောင်
လုပ်မှ ဖြစ်တော့မယ်လို့တွေးပြီး ဒီပုံလေးတစ်ပုံကို အရင်ရိုက်ဖြစ်တယ်။

ဘုရားကျောင်းကြီးထဲ ကျွန်တော် တစ်ခါမှ မရောက်ဘူးပါဘူး။ ဘုရားကျောင်းက အမျိုးသားဇာတ်ရုံကြီးလိုပဲ အပေါ်ထပ်မှာပါ ထိုင်ခုံတွေရှိနေပါတယ်။ ဓါတ်ပုံ
ရိုက်ချင်ပေမယ့် ဓါတ်ခဲကိုငဲ့ပြီး မရိုက်ဖြစ်ပါဘူး။ အပေါ်ထပ်ကိုရောက်တော့ ကောင်လေးက တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး ဒီကိုလိုက်ခဲ့ပါတဲ့။
ကောင်လေးရဲ့ပုံက တိုင်းရင်းသားပုံစံလေးဆိုတော့ ညီလေး မင်းဘာလူမျိုးလဲ လို့မေးလိုက်ပါတယ်။ ကချင်လူမျိုးပါတဲ့။
ဒါနဲ့ ကျွန်တော်လည်း ကောင်လေးကို သိထားတဲ့ ကချင်စကားလေးတွေ ပြောပြဖြစ်တယ်။ ကဂျာအီး တို့ ၊ ကဒယ်စာနာအီး တို့၊ ဝါဆာနာယောတို့
သူငယ်ချင်းတွေဆီက သင်ထားတာလေးတွေနဲ့ ကောင်လေး လိုက်ပို့ချင်စိတ်ပေါက်အောင် စကားရောဖေါရောလုပ်နေရပါသေးတယ်။
အားပါး ဂျဒ်စင် ဆိုတာ အမြင့်ကြီးပါလား။ သံပန်းလှေကားလေးတွေကို နံရံမှာကပ်ထားပြီး အပေါ်ကို တစ်ထစ်ချင်းတက်သွားရပါတယ်။
အမြင့်ကြောက်တတ်ရင် မတက်သင့်ပါဘူး။ ကျွန်တော်တောင် ဒူးတွေဘာတွေ တုန်နေပါတယ်။ ဒါပေမယ့် ငါရောက်အောင်တက်မယ်ဆိုပြီး တက်တာ
အပေါ်ကိုရောက်သွားပါတယ်။ အပေါ်ရောက်တော့ ကောင်လေးက တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်ပါတယ်။
အားပါး နောက်တစ်ခါ အမြင့်ကြီးကို ထပ်တက်ရဦးမှာပါလား၊ ဘလက်ချော ချွေးပြန်စပြုပါပြီ။
ဒူးတုန်တုန် နဲ့ပဲ ဆက်တက်ပါတယ်။ အပေါ်ရောက်ပြန်ပါပြီ။ ကောင်လေးက တံခါးပုပုလေးကို တွန်းဖွင့်ပြီး ခါးကိုတော်တော်ကုန်းပြီးမှ
အပြင်ထွက်သွားပါတယ်။ ကျွန်တော့်လည်း ဒူးတုန်တုန်နဲ့ ဂျဒ်စင်ထိတ်ကို တက်ခဲ့ပါတော့တယ်။ အပေါ်ရောက်တော့
အမောပြေ သွားပါတယ်ဗျာ။ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်ဗျာ။ ပုံတွေက ကောင်းချင်မှ ကောင်းပါမယ်။
အကြောင်းအရာကတော့ သိတ်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ စေတနာလေးပါရောထားတော့
ရန်ကုန်တက္ကသိုလ်ကို အပေါ်စီးက မမြင်ဘူးသူတွေအတွက် အင်မတန် တန်ဘိုးရှိမယ်လို့ ပြောပါရစေ။
ပို့စ်ကိုခေါင်းစဉ်တတ်ဘို့ စဉ်းစားတော့ ကိုငှက်ကို သတိရပါတယ်။
ဒါကြောင့် ဂျဒ်စင်ထိတ်က ရိုက်ချက်များ လို့ အမည်ပေးလိုက်ပါတယ်။ ခံစားကြည့်ကြပါဗျာ။















နောက်ဆက်တွဲပြောစရာရှိလို့ ဆက်ဖတ်ပေးကြပါဦးဗျာ။
ကိုသစ်မင်းရေ။
ကိုသစ်မင်းရေးတဲ့ သည်အလှူ ပို့စ်မှာ မန်းထားတဲ့
nozomi ပြောတာလေးကို ကျွန်တော် သဘောကျတယ်။
၁၀$ မျိုး၊ ၂၀$ မျိုး ဆို သိတ်အပန်းကြီးလှမှာ မဟုတ်ဘူးလေ။
ပြီးတော့ မန်းဂဇက် က ကျွန်တော့်အတွက်တော့ ကျွန်လေးတစ်ကျွန်းပါဗျာ။
နေ့တစ်ဓူဝ ရင်ဆိုင်နေရတဲ့ ဘဝအမောတွေက ပင်လယ်ကြီးလို
မဆုံးနိုင်ဘူးဗျာ။ ရုန်းကန်ကူးခတ်နေမှ အသက်ဆက်ခွင့်ရမယ့်
ကျွန်တော်တို့ရဲ့ အမောတွေကို မန်းဂဇက်ကျွန်းလေးမှာ
အမောဖြေလို့ ရနေတယ်ဗျာ။ ကြုံတွေ့လာရတဲ့ မကျေနပ်ချက်တွေကို
မန်းဂဇက်မှာ ရင်ဖွင့်လိုက်ရင် ရင်ထဲပေါ့သွားမယ်ဗျာ။ သူ့အတွေ့အကြုံ
ကိုယ့်အတွေ့အကြုံ၊ သူ့အမြင်၊ ကိုယ့်အမြင် ဖလှယ်နိုင်ကြမယ်ဗျာ။
အဲဒါကြောင့် မန်းဂဇက် ဟာ ကျွန်တော်တို့အတွက် ကျွန်းလေးတစ်ကျွန်းပါ။
ရေရှည်တည်တံ့အောင် ထိန်းသိမ်းဘို့ ကျွန်းသူကျွန်းသားတွေမှာ
ဝတ္တရား ရှိပါတယ်ဗျာ။
ကိုသစ်မင်းရေ။
တာဝန်နဲ့ ဝတ္တရား မတူဘူးဆိုတာ ကိုသစ်မင်း သိမှာပါ။`
တာဝန်ဆိုတာ မလုပ်မဖြစ် လုပ်ကိုလုပ်ရမယ့်အလုပ်ပါ။ မလုပ်လို့ကို မဖြစ်ပါ။
ဝတ္တရားဆိုတာကတော့ လုပ်သင့်လုပ်ထိုက်လို့ လုပ်ရမယ့်အလုပ်မျိုးပါ။
မလုပ်ရင်လည်း ဘာမှ မဖြစ်တာမျိုးကို ခေါ်တာပါ။
မန်းဂဇက် ရည်ရှည် ရပ်တည်နိုင်ဘို့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး။
ဒါပေမယ့် နိုင်တဲ့ လူတွေမှာ ဝတ္တရား ရှိပါတယ်။
ကျွန်တော်တို့ အဲဒီ ဝတ္တရားကို ထမ်းဆောင်ချင်ပါတယ်ဗျာ။
nozomi ပြောတာလေးက သူ ထမ်းဆောင်ချင်တဲ့ ဝတ္တရားလေးမို့ ကျွန်တော်က လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း
ပြောချင်ပါတယ်ဗျာ။ ကျွန်တော့်မှာ ဒီနေ့ ပို့စ်နှစ်ခု ခွဲတမ်းပြည့်သွားပြီ ဖြစ်ပါသဖြင့်
ဒီပို့စ်မှာပဲ ဆက်ရေးလိုက်ပါတယ်ဗျာ။
42 comments
blackchaw
October 20, 2011 at 5:56 pm
ဒီပို့စ် ကို ဖတ်ပြီးသွားသူများ မနက်ဖြန်
ဘလက်ချော အသက် ၄၁ နှစ် ပြည့် မွေးနေ့ပါခင်ဗျာ။
ခင်ဗျားတို့ကို ကျွန်တော် ဒီပို့စ်ကို မွေးနေ့မှာ ဧည့်ခံတယ်လို့
သဘောထားပေးကြပါ။
ကျွန်တော့်ကိုလည်း မွေးနေ့ဆုတောင်းလေးများ မစ ကြပါလို့။
ပုံတွေက လှချင်မှ လှပါမယ်။
တန်ဘိုးရှိသော ပုံများလို့ ဆိုချင်ပါတယ်ဗျာ။
thit min
October 20, 2011 at 6:13 pm
Happy Birthday!!! ပါ။
၄၁ နှစ် ရဲ့ နေ့သစ်မှ စိတ်သစ်လူသစ်ခွန်အားသစ်များက ကိုဘလက်ချောကိုပိုပြီး အောင်မြင်သစ်လွင်ပါစေလို့ သစ်မင်းကဆုတောင်းပါတယ်ဗျာ။
kocho
October 20, 2011 at 6:15 pm
ရည်ရွယ်ချက်ပေါက်မြောက်ပါတယ်ဗျာ စာရေးကလည်းကောင်း ဓပ်ပုံကလည်းကောင်းဆိုတော့ ကျေးဇူးအထူးပါဗျာ
koyinmaung
October 20, 2011 at 6:17 pm
အို…လှမှလှပေါ့ဗျာ…..
ကိုယ်တွေမနေခဲ့ဘူးပေမဲ့
ကြည့်ရတာတင်ဘဲကြည်နူးလွမ်းမေားစရာပါဘဲ
နေခဲ့ဘူးသူတွေကတော့ဆိုဖွယ်ရာမရှိပါဘဲလေ..
မနက်ဖန် ဖလက်ချေားရဲ့၄၁မွေးနေ့ဆိုတော့
၄၁နှစ်မှနှစ်၁၂ဝတိုင်မိသားစုနှင့်အတူရာသက်ပန်
ကျန်းကျန်းမာမာပျော်ပျော်ရွင်ရွင်နေနိုင်ကြပါစေလို့
ဆုမွန်ပို့သလိုက်ပါတယ်…..
lwinmg
October 20, 2011 at 6:21 pm
ကျနော့်ထက် နဲနဲ ပိုကြီးတော့ အကိုလေး ပေါ့နော်..
နက်ဖန်ကျရောက်မဲ့ မွေးနေ့မှ စ၍ ဘဝ သက်ထက်ဆုံး ကျန်းမာပျော်ရွှင်ခြင်း
အပြည့်အဝ နဲ့ လျောက်လှမ်းနိုင်ပါစေဗျား ။
oakermg
October 20, 2011 at 6:35 pm
ကိုဘလက်ချော ရေ .. မွေးနေ့ အကြို ယနေ့မှစ မွေးနေ့ပေါင်းများစွာတို့ကို
ကျန်းမာလန်းဖြာစွာ နဲ့ အကျိုးပြုစာပေ များရေးသားရင်း ဖြတ်သန်းနိုင်ပါစေ…။
captainamerica
October 20, 2011 at 7:00 pm
လှလိုက်တဲ့ရှုခင်းတွေဗျာ တစ်ကယ်လှိုက်လှိုက်လှဲလှဲကိုလေးစား
ပြီးချီုးကျုးပါတယ်။
zaymdy
October 20, 2011 at 7:14 pm
ကျေးဇူးအထူးတင်ပါတယ်ဗျာ…အခုမှပဲဂျဒ်စင်ထိပ်ကိုကောင်းကောင်းသိတော.တယ်ဗျို. .ကိုဘလက်ချောအခုလို. ကြိုးစားပမ်းစားရိုက်ပြလို.ပဲနို.မိုဆို အခုလို.မြင်ကွင်းမျိုးမြင်ရမှာမဟုတ်ဘူး မြင်တာတော.တော်တော်မြင်တယ်ဗျ မြင်ကွင်းတွေ..ကြည်နေရင်းနဲ. ဂျဒ်စင်ထိပ်ကတော်၂မြင်.တာပဲဆိုတာယုံတယ်ဗျာ. .အကိုဒူးတုန်. လည်းတုန်.လောက်ပါပေတယ်အခုလို. ခက်၂ခဲ၂ရိုက်ပြလို. အထူးကျေးဇူးတင်ပါတယ်ဗျာ. .မွေးနေမှသည်.နောက်နှစ်ပေါင်း 100တိုင်ပျော်ရွှင်ပါစေဗျာ..
weiwei
October 20, 2011 at 7:22 pm
ရန်ကုန်တက္ကသိုလ်မှာ မတက်ခဲ့ဖူးပေမယ့် ညီမလေးက သီရိဆောင်မှာနေခဲ့တာဆိုတော့ ဂျက်ဆင်နဲ့ သီရိဆောင်ကိုတော့ အမြဲသွားဖြစ်ခဲ့တယ် …
ရိုက်ချက်တွေ အရမ်းကောင်းပါတယ် …
မွေးနေ့မှာ ပျော်ရွှင်ပါစေ …
hmee
October 20, 2011 at 7:29 pm
အိုး….ပုံတွေ မြင်တာနဲ့ စာရေးသူရဲ့ စေတနာကို မြင်နိုင်ပါတယ်။ တကယ့်ကို စေတနာ အပြည့်နဲ့ကို တင်ပေးထားတာ။ ဒီလို အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းမျိုး မမြင်ခဲ့ဘူးပါ။ ကျေးဇူးတကယ်တင်ပါတယ်။ အသက် (၄၁)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ စာတွေရေးနိုင်၊ ပုံတွေတင်နိုင်ပါစေ။
naymin
October 20, 2011 at 7:58 pm
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ တစ်လုံးတစ်ခဲ တစ်ပွေ့တစ်ပိုုက်ကြီး
ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ ။
ပေါက်ဖော်
October 20, 2011 at 8:02 pm
အာကိုလေးပြောတော့ သုံးလေးပုံ ဆိုပြီး..
ခုကျတော့ အာကိုလေးက ဆယ့်ခြောက်ပုံတောင်ရိုက်လာတယ်.. 😯
Happy Birthday ဦးချောကြီး !
မွေးနေ ့မှာ စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ..သက်ကျော်ရာကျော် ရှည်ပါစေဗျား..
သဂျီးကတော့ မွေးနေ ့ကိတ် လာပို ့သွားတာတွေ ့တာဘဲ
😆
MaMa
October 20, 2011 at 8:11 pm
ဒူးတုန်တုန်နဲ့ ရိုက်ပြီးတင်ထားလို့လား မသိဘူး။ ကြည့်ရတာ ရင်တောင်တုန်တယ်။
၄၁ နှစ် ပြည့် မွေးနေ့မှသည်
ဘဝအမောတွေ ပြေပြီး
တစ်သက်ထောတဲ့ ဘလက်ချော
ဖြစ်ပါစေလို့ ….
ဝမ်းသာအားရ ဆုတောင်းပေးလိုက်ပါတယ် နော့။
kocho
October 21, 2011 at 3:13 am
မမ ပြောချက်ကတော့ တကယ်ထိမိတယ် မမရေးတာကြည့်ပြီ(လှတောသားနဲ့စကားဥပမာကို သွားသတိရမိပါ၏)ရီရတယ် 😀
blackchaw
October 20, 2011 at 8:25 pm
ကိုသစ်မင်း၊ ကိုချို၊ ကိုရင်မောင်၊ lwinmg ၊ oakermg ၊
captainamerica ၊ zaymdy ၊
weiwei ၊ hmee ၊ naymin ၊ ပေါက်ဖေါ်ကြီး၊
MaMa
တို့အားလုံး ကျေးဇူးတင်ပါတယ်ဗျာ။
တကယ်ပဲ ဒူးတုန်တုန် နဲ့ တက်ရိုက်ခဲ့ရသော ဓါတ်ပုံများပါ။
darlay
October 20, 2011 at 8:29 pm
Happy Birthday Ko BlackChaw!!! ၄၁နှစ်မှစရျ်ပျော်ရွှင်မှုအပေါင်းနှင့်ပြည့်စုံပါစေ!:)
pooch
October 20, 2011 at 9:07 pm
“ကိုဘလက်ချော ၄၁ မြောက်မွေးနေ့မှသည် အသက် ၁၂ဝ တိုင် ချစ်သောမိသားစုနဲ့ အတူ ပျော်ရွှင်သောမွေးနေ့တိုင်းကို ကျော်ဖြတ်နို်င်ပါစေ…..”
to read
October 20, 2011 at 9:27 pm
H@ppy Birthd@y …..par…..:)
padonmar
October 20, 2011 at 9:50 pm
ံHappy Birthday Blackchaw!!!!!!!!
Oct 21 နေ့မွေးတယ်ဆိုတော့ scorpion ပေါ့နော။
စိတ်တိုစိတ်ဆတ်တတ်ကြပြီးဒေါသထွက်လွယ်ပေမယ့် သဘောကောင်းနားလည်တတ်တဲ့ နက္ခတ်ပိုင်ရှင်တွေလို့ကြားဖူးပါတယ်။
Judson Hall ကြီးရဲ့ သံပန်းလှေခါးတွေက မစုံတော့ဘူးလို့ ကြားဖူးတယ်၊ဟုတ်မဟုတ်တော့မသိဘူးပေါ့။
ဘွဲ့ယူတုံးကတော့ ဂျပ်ဆင်ကြီးပါအောင် အပြေးအလွှားသွားရိုက်ရသေးတယ်။
ရင်တုန်ဒူးတုန်ပေမယ့် လက်မတုန်တဲ့ ရှားပါးပုံတွေအတွက်ကျေးဇူးပါ။
ကြောင်လတ်
October 20, 2011 at 9:52 pm
အသက်တစ်နှစ် ကြီးသွားပြီးဖြစ်တဲ့အတွက်
ရင့်ကျက်တဲ့အတွေးတွေနဲ့ဘဝလမ်းကို
အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေဗျာ။
windtalker
October 20, 2011 at 10:00 pm
ကိုဘလက်ကြီး ရဲ ့ပုံတွေ ထဲ မှာ
“ ထူးအိမ်သင် ” ရဲ ့ “ဂျက်စင်ထိပ်က လရိပ်လေး” ဟာ
ဘယ်နားလေးမှာ နေခဲ့တာပါလိမ့် လို ့ လိုက်ရှာနေကြည့်မိတယ် ဗျာ
ဒီမွေးနေ ့ကစလို ့ဘဝတစ်သက်တာမှာ
ယခင်က ပျော်ခဲ့ဖူးတဲ့ အောင်မြင်ခဲ့ဖူးတဲ့ အရာအားလုံးထက်
၂ ဆ တိုး ပျော်ရွှင်ကျန်းမာအောင်မြင် ပါစေ လို ့
ဆုတောင်းပေးခဲ့ပါတယ် ဗျာ
unclegyi1974
October 20, 2011 at 10:10 pm
တူမောင်မောင်မဲ
အသက်၁၀ဝတိုင်
ဓာတ်ပုံရိုက်စိတ်ကူးကောင်းသလို
အိတ်ကြီးဖောင်းပြီး
ကိုယ်စိတ်နှစ်ဖြာကျမ္မာပါစေလို့
naywoonni
October 20, 2011 at 10:53 pm
ဂျဒ်ဆင်ဆိုလို့ လရိပ်များပါမလားလို့…။ ကိုငှက်ကြီးသီချင်းလေ…။ အဲဒိလိုသီချင်းတွေနဲ့ ကြီးပြင်းခဲ့ရတာဆိုတော့ ဘာလေးပဲဖြစ်ဖြစ် သီချင်းတွေကိုပဲ သတိရနေတယ်…။ ခိုင်ထူးရဲ့ စစ်ကိုင်းလမ်းသီချင်းကို ကြားကာစက စစ်ကိုင်းလမ်းက စောင့်မယ်သူမှာလို့ ဆိုတော့ မန္တလေး-စစ်ကိုင်းလမ်းမှတ်နေတာ…။ ဟားဟား… ရန်ကုန်တက္ကသိုလ်က စစ်ကိုင်းလမ်းဖြစ်နေတာကိုး…။ အဲဒိတုန်းက ငယ်သေးတော့ သီချင်းပဲအော်ဆိုတတ်တာ…။ စစ်ကိုင်းလမ်းဆိုတာလဲ ဒီစစ်ကိုင်းလမ်းပဲရှိတယ်မှတ်တာကိုးဗျ…။ ရန်ကုန်တက္ကသိုလ်ကို အဖွဲ့ကောင်းတဲ့ စာရေးဆရာတွေက ဆရာငြိမ်းကျော်နဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့ပါပဲ…။ တက္ကသိုလ်တက်ချင်လာအောင်ကို ရေးတတ်လွန်းတယ်…။
ကိုပေါက်(မန္တလေး)
October 20, 2011 at 11:03 pm
ဘလက်ချော တသက်မမောရအောင်
အဆောင်ပေးမကွဲ့။
အခုလေးဆယ့်တစ်
နောင်လာမယ့် မွေးနေ့အသစ်များအတွက်ပါ
ဆုတော့ မပေးတော့ဘူး။
(သူကြီးစိတ်လေးနေမှာစိုးလို့)
စကားလက်ဆောင်ပါးလို်က်ချင်ပါရဲ့၊
ဘဝမှာ မသေခင် နေ့စဉ် ပျော်ရွှင်စွာနေနို်င်ဘို့အတွက်
ညတိုင်းညတိုင်း ကောင်းသောအိပ်မက်နဲ့ အိပ်စက်ဘို့တော့ လိုမယ်နော်။
ကောင်းသောအိပ်မက်နဲ့အိပ်စက်ချင်သပဆိုရင်တော့
နိုးထတဲ့ နေ့ခင်းတွေမှာ ကောင်းခြင်းတွေနဲ့ပြည့်စုံတဲ့ အလုပ်
အတိအကျလုပ်ထားဘို့လိုမှာကတော့ အမှန်ပါဘဲကွယ်။
ခင်သော
ကိုပေါက်
ကိုပေါက်(မန္တလေး)
October 20, 2011 at 11:09 pm
ကဲ မမရေ ဒီတစ်ခါ ခင်ဗျားက မပြင်တော့ ကျနော်ပြင်ပေးလိုက်ပါပြီ။
ဂျဒ်ဆင်ထိပ်က လရိပ်ပြာ
ဂျဒ်ဆင်ထိပ်က ရိုက်ချက်များ။
ထိတ်= ကြောက်လန့်ခြင်း ( ၊စိုးရိမ်ထိတ်လန့်သည်၊ လက်ထိတ် )
ထိပ်=အခေါင်အဖျား (ထိပ်ပြောင်သည်၊ ငယ်ထိပ်)
TTNU
October 21, 2011 at 12:53 am
Blackchaw ရေ
Sorry for belated wish နော်။ Connectionတွေ စုတ်ပြတ်နေလို့ ဘာမှ မဖတ်ရဘူး။
ဒီနေ့တောင် ညနက်နေပြီး ဖတ်ယူရတယ်။ မောင်ရင် ပုံတွေ အရင်ကြည့်ဖြစ်တယ်။
ပုံ(၁)ကို ကြည့်ရင်း ခရစ်ယန်သူငယ်ချင်းတွေနဲ့ ဂျပ်ဆင်ထဲမှာ ဝတ်ပြုတာ လိုက်သွားခဲ့ဖူးတာ
သတိရစေတယ်။
မိတ်ဆွေတွေ အလွမ်းပြေကြည့်ရအောင် အားထုတ်ပေးတဲ့ မောင်ရင့် စိတ်ဓာတ်ကို ချီးမွမ်းပါရစေ။
(၄၁) မှသည် နှစ်ပေါင်းကြာရှည် ရယ်မောပျော်ရွှင်နှိုင်ပါစေသတည်း။
မေတ္တာဖြင့်
တီချာ။
htoosan
October 21, 2011 at 7:02 am
ှုဦးဘလက်ချော ကြည်သာရွှင်ပြရှိသော မွေးနေ့ပေါင်းများစွာကို ကြံတိုင်းအောင်ရျ် ဆောင်တိုင်းမြောက်သော နေ့ရက် များကိုဖြတ်သန်းရင်း ရရှိနိင်ပါစေဗျာ။
inz@ghi
October 21, 2011 at 8:53 am
happy buzzday ပါဆြာ ဘလက်..
ကြိတ်ကြိတ်ပြီးတောင်းတဲ့ဆုတွေ ပြည့်ပါစေဗျား…
ကိုငှက် ပြောဖူးတာလေး ပြန်ဖောက်သည်ချဦးမယ် …ဂျက်ဆင်ထိပ်က လရိပ်ပြာ နဲ့ ပါတ်သတ်ပြီးတော့ပါ ….
သူ့ကို နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ ဘာလို့ ပြန်မလာနိုင်တော့တာလဲ မေးတော့ ….
ဒီမိုကရေစီ မရမချင်း မြန်မာ့အသံမှာ သီချင်းမဆိုဘူး လို့ ကြွေးကျော်ထားတဲ့ ကိုငှက်က တိုတိုတုတ်တုတ်ပဲ
တော ခိုသွားလို့ လို့ ဖြေပါသတဲ့ ……
ခင်တဲ့..
Guy Inz@ghi
manawphyulay
October 21, 2011 at 10:01 am
အမြဲအမှတ်ရစေမယ့် ရိုက်ချက်တွေပါပဲ။ ဘယ်ချိန်ဘယ်ခါကြည့်ကြည့် လွမ်းမိတဲ့နေရာလေးတွေပါပဲ။ ဦးဦးဘလက်ကြီးလည်း ခုမွေးနေ့မှစပြီး ၁၂ဝ တိုင် အသက်ထက်ဆုံး ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအတွက် အရာရာ ပေးစွမ်းနိုင်တဲ့သူ ဖြစ်ပါစေလို့ မေတ္တာပို့လိုက်ပါတယ်ရှင်။
အောင်မြင်မှုများစွာနဲ့ ပျော်ရွှင်ခြင်းပန်းတိုင်ဆီသို့ တက်လှမ်းနိုင်ပါစေလို့ မနော ဒီနေရာကနေ ဂါရဝပြုလိုက်ပါရစေ….
ခင်မင်လေးစားခြင်းများစွာဖြင့်
မနောဖြူလေး
sukoko
October 21, 2011 at 10:20 am
ဓာတ်ပုံလေးတွေကအရမ်းလှတာပဲနော်………….. ဓာတ်ပုံတွေမြင်ပြီးတော့မိန်းထဲကု်ိတောင်ရောက်သွားသလိုပဲ…. …..ဓာတ်ပုံဆရာတော်တယ်နော်… ………….၄၁နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာထိပျော်နိုင်ပါစေ
ဂေဇတ်မှာလည်းများများတင်များများရေးနိုင်ပါစေလို့ဆုကိုကိုကဆုတောင်းပေးပါတယ်
ရန်ကုန်တက္ကသိုလ်ထဲကိုငယ်ငယ်လေးတုန်းက(၃နှစ်ကျော်ကျော်တုန်းကပေါ့)
အဖေဘွဲ့ယူတဲ့အချိန်တုန်းကတစ်ခေါက်။အဒေါ်ငယ်ဘွဲ့ယူတုန်းကတစ်ခေါက်
နှစ်ခါပဲရောက်ဖူးပါတယ်
ကိုယ်တိုင်ဘွဲ့ယူမှပဲသေချာလိုက်ကြည့်တော့ဦးမယ်
meelay
October 21, 2011 at 11:22 am
မီးတို့လို တက္ကသိုလ်မရောက်ဖြစ်တဲ့သူအတွက်ကတော့ တက္ကသိုလ်ဆိုတာကို ဦးချောရဲ့ပုံတွေကြည့်ပြီးတော့ ခံစားလိုက်ရပါတယ် ….. ဦးချော မွေးနေ့မှသည် နှစ်ပေါင်းများစွာ မိသားစုနဲ့ ပျော်ရွှင်စွာနေသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ……
♫ ♫ ♫ ♪ ♪ ♪ HaPpY BiRtHdAy ♪ ♪ ♪ ♫ ♫ ♫
ရွှေဘိုသား
October 21, 2011 at 11:23 am
ကောင်းလိုက်တဲ့ ရိုက်ချက်တွေ MG က ကင်မရာ မန်းတွေလို့ မပြောရဘူး
blackchaw
October 21, 2011 at 11:58 am
ရွှေဘိုသား၊ meelay ၊ sukoko ၊ manawphyulay
htoosan ၊ unclegyi1974 ၊ windtalker ၊ ကြောင်လတ်
padonmar ၊ to read ၊ pooch ၊ darlay
တို့ ကို ကျေးဇူးအထူးတင်ပါတယ်။
ဒီထဲမှာ လူသစ်တွေလို့ ယူဆရမယ့် သူတွေလည်းပါနေတာ
တွေ့တဲ့အတွက် ဝမ်းသာပါတယ်ဗျာ။
inz@ghi ရေ။
ကိုငှက်ပြောသွားတာလေးကို ပြန်ပြောပြတာ ကျေးဇူးပါဗျာ။
လရိပ်ပြာလေး တောထဲမှာ များ ကျဆုံးသွားပြီလား……….။
ခေါင်းစဉ်မှာမှ သတ်ပုံမှားတဲ့အတွက် ခွင့်လွှတ်ဘို့မကောင်းတဲ့ ဘလက်ပါ ကိုပေါက်ရေ။
ကိုပေါက်ပေးတဲ့ အဆောင်ကို ကျွန်တော် ကျေးဇူးတင်စွာလက်ခံပါတယ်ဗျာ။
naywoonni ရေ။ ကျေးဇူးပါဗျာ။
ဆရာမကြီး TTNU ခင်ဗျား။
ဘုရားကျောင်းထဲက ပုံက ဆရာမကြီးအတွက် ရည်ရွယ်ပြီး
ရိုက်ခဲ့တယ်ဆိုတာ ယုံပါဗျာ။
aungnng87
October 21, 2011 at 12:04 pm
Happy birthday ပါ Blackchaw. Blackchaw က ရန်ကုန်တက္ကသိုလ်ကြီးလှပါတယ်ဆိုတာကို ထပ်ဆင့်ထောက်ခံပေးနေပါလား။
Foreign Resident
October 21, 2011 at 12:37 pm
ကို blackchaw ရေ
ဒီ Post ကို အခုမှဖတ်ဖြစ်လို့ပါ ၊
တော်သေးတာပေါ့ မှီသေးတယ် ၊
Happy Birthday ပါဗျာ ။
nozomi
October 21, 2011 at 1:37 pm
ဦးဖောလိုပဲ အချိန်မီလေးမို့ တော်သေးရဲ့
ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာကို ဆုံတွေ့နိုင်ပါစေ
နောက် ကိုချော ကြည့်ရတာ ဓါတ်ပုံဝါသနာအိုးဖြစ်မှာမို့ ၊ လူဆိုတာ ကိုယ်ဝါသနာပါတာများ လုပ်နေရရင် စိတ်ချမ်းသာမှုအပြည့် ရတတ်တာမို့ ၊ ကိုချော ရဲ့ နောက်ဆုံး အချိန်ထိ အခုလိုပုံကောင်းများစွာကို ရိုက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
မွေးနေ့နဲ့ ပတ်သက်လို့ ကျွန်တော် ပို့စ် တစ်ခု တင်ဘူးတယ်ဗျ ၊ Happy birthday သီချင်းလေး ပေါ်လာပုံလေး ရေးထားတာ ၊ အဲဒီမှာ ဆန္ဒလေး တစ်ခု ပြုဘူးတယ် ကိုယ့်မွေးနေ့မှာများ ကိုယ်ချစ်တဲ့ ရွာသူ/သားတွေရဲ့ မွေးနေ့ဆုတောင်းလေးများ ဖတ်ခွင့်ရရင် ရင်ထဲမှာ ဝမ်းသာပီတိ အတိုင်းမသိ ဖြစ်ကျမှာပဲ ၊ အဲဒါကြောင့် သူကြီးက မွေးနေ့လေးတွေ ကို မှတ်တမ်းတင်ထား အဲဒီနေ့ကျရင် ကဏ္ဍလေး တစ်ခုကနေ အားလုံးဝိုင်းစုတောင်း ဘယ်လောက်တောင် ပျော်ဖို့ကောင်းမလဲ နော
ဒါပေမဲ့ တုံ့ပြန်မှုက သိပ်မရှိခဲ့ ဘူး၊အခုလဲ အဲဒါမျိုးလေး ထပ်တောင်းဆိုပါတယ်ဗျာ ၊ လာမဲ့ နိုဝင်ဘာ ဆန်း ဆို ကျွန်တော့်မွေးနေ့ ဗျ ၊ သူကြီးကို အဲဒီမတိုင်ခင် ရွာအတွက် လှူလို့ရရင်ကောင်းမယ်
Diamond Key
October 21, 2011 at 4:07 pm
နောက်ဆုံးမှ ရောက်လို့ အောင်ဆုံးက နေ ဆုတောင်းပေးလိုက်ပါတယ်။ တို့ blackchaw တစ်ယောက် မနေ့က ဂျဒ်စင်ထိပ်ရောက်ခဲ့သလို ဒီနေ့ကနေစပြီး ဘဝရဲ့ အရာရာမှာ ထိပ်ဆုံးရောက်နေပါစေဗျာ။
HAPPY BIRTHDAY BLACKCHAW!
etone
October 21, 2011 at 4:14 pm
အမြင့်ကြီးကို ခက်ခက်ခဲခဲ တက်ရိုက်ရဲတဲ့ သတိ္တကိုလည်း ချီးကျူးပါတယ် … ကျွန်မဆို … တိုက် 8လွှာလောက်ကနေတောင် အောက်ငုံ့မကြည့်ရဲတော့ဘူးလေ 😀 ဗန္ဓုလသွေးပါတာ အဲ့လို
ကိုချောကလက်ရေ …. Happy Birthday ပါနော် 🙂
On ur birthday , I wish you only smile and joy 😆
I want all of your wishes to come true လို့ ဆုတောင်းပေးပါတယ်နော် ။
kai
October 21, 2011 at 4:16 pm
တခါမှ စိတ်ကူးထဲတောင်မထည့်ဖူးတဲ့.. ရိုက်ချက်တွေဗျာ..
လှတယ်ဆိုတာထက်.. အမြင်ဆန်းလွန်းတယ်..။
ယူအက်စ်မှတော့ ..အခုမှ ၂၁ ရက်စဝင်သွားတာလေ..။
ဘလက်ချောတယောက်.. မွေးနေ့ရှင်ကြီးဖြစ်လို့နေတာပေါ့..
အဲဒီဂျဒ်ဆင်ထိပ်ထောင့်နားလေးက… လရိပ်ပြာကလေး.. ရင်ခွင်ထဲရောက်နေပါစေဗျာ..
ဆုမွန်ပြုလိုက်ပါတယ်..။ 😆
လင်းဝေကျော်
October 21, 2011 at 4:23 pm
ကိုမဲရေ ဘလက်ချောဆိုပြီး သတ်ပုံတွေလည်းမှားနေလို့ ချာတိတ်မှတ်နေတာ။
ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဗျာ။
ပုံတွေသိပ်ကောင်း။
ကျနော့် ရုံးခန်းပြတင်းပေါက်ကနေဆိုရင် ဂျဒ်ဆင်ထိပ် ကို လှမ်းမြင်နေရတာ။
အဲဒီလက်ဝါးကပ်တိုင်ကြီးကို တောင်မှုန်ပျပျ မြင်ရသေးတယ်။
ကိုမဲ ဓါတ်ပုံထဲမှာလည်း ကျနော့် ရုံးရှိတဲ့ အဆောက်အဦးနဲ့ ကျနော့်ပြတင်းပေါက်ကို ရိုက်ထားသေးတယ်။
ကျောင်းထဲမှာ တော်တော်စုံပေမယ့် အဲဒီအပေါ်ကိုတော့ တစ်ခါမှ မတက်ဖြစ်ခဲ့ဘူး။ ဘုရားကျောင်းထဲတော့ ရောက်ဖူးတယ်။ မောင်ဝဏ္ဏလားမသိဘူး စာထဲမှာ သံလှေကားတွေက ကျဉ်းပြီး ဆွေးနေပြီရေးဖူးလို့ တက်ဖို့ ကို မစဉ်းစားဖြစ်တော့ဘူး။
blackchaw
October 21, 2011 at 4:32 pm
ကျေးဇူးပါ kai
ဒီအချိန်မှာ ခင်ဗျားဟာ သူကြီးမဟုတ်တော့ပါဘူး။
ကျွန်တော် ဖြတ်သန်းလာခဲ့သော မွေးနေ့တွေထဲမှာ
ဒီမွေးနေ့လေးက တော်တော် ပြည့်စုံပြီး လှပနေတယ်လို့ ခံစားရပါတယ်ဗျာ။
FR ကြီးရေ။
ဝန်ခံရရင် ခင်ဗျား wish လုပ်တာကို မျှော်နေမိတယ်ဗျာ။
ခင်ဗျားသာ ဒီနေ့ wish မလုပ်ရင် ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိမှာဗျ။
ကျေးဇူးပါဗျာ။
နိုဇိုမီရေ။
ကိုသစ်မင်းပို့စ်မှာ ခင်ဗျားမန်းခဲ့တာလေးက
အခုအကောင်အထည်ပေါ်တော့မယ်ဗျာ။ ဝမ်းသာစရာပါ။
အခုဒီမှာ မန်းထားတာလေးလည်း စိတ်ကူးလေးလှတယ်ဗျာ။
တစ်ခုပဲဗျ။ ရွာသူားတွေက သူတို့မွေးနေ့တွေကို ပြောပြမှ ဖြစ်မှာဗျ။
ကျေးဇူးပါဗျာ။
ကိုစိန်သော့ကြီး။ ဒီတစ်ခါ မန်းလေးရောက်ရင်
ခင်ဗျားဆီကို လာဖြစ်အောင်လာခဲ့ဦးမယ်။
ကျေးဇူးပါဗျာ။
etone မ နောက်ကျတယ်။
ပို့စ်တွေ တစ်ခုပြီးတစ်ခု တင်ပြီးမှ
wish လာလုပ်တယ်။
ကျေးဇူးတင်ပါတယ်။
aungnng87 ရေ။
ကျေးဇူးပါဗျာ။
blackchaw
October 21, 2011 at 4:38 pm
ကိုလင်းဝေကျော်ရေ။
ဟုတ်တယ်ဗျ။
သံလှေကားလေးက ကျဉ်းကျဉ်းလေးဗျ။
ကြောက်ကြောက်နဲ့ တက်ရိုက်ခဲ့တာပါ။
သတ်ပုံမှားတာကတော့ တကယ်ကို ကျွန်တော်က
စိတ်မြန်လက်မြန်ရှိတော့ သတ်ပုံကို မစစ်ချင်တော့တာပါ။
တဖြေးဖြေးတော့ မမှားအောင်ရေးပါ့မယ်ဗျာ။
ကျေးဇူးပါ။