Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုးစက်ရဲ့ကြောင်ကလေးများ

Moe ZOctober 24, 20111min33816

မိုးစက်ကရင်ရွာလေးမှာလုပ်အားပေးဆရာမလုပ်နေတုန်းက  ကျောင်းသားမိဘတစ်ယောက်က တောထဲက ကြောင်ပေါက်စလေးတစ်ကောင်ယူလာပေးတယ်။ အမှန်ကသူတို့ကကြောင်အမေကြီးကို သတ်စားပြီးမှ ကြောင်သားလေးကိုမိုးစက်ကိုလာပေးတာ။ တောကြောင်သားကဆေးဘက်ဝင်တယ်တဲ့လေ။ သူ့ပုံစံက အိမ်မွေးကြောင်တွေနဲ့မတူပဲ မျက်နှာရှည်ပြီး ခြေတံလက်တံတွေ လည်းရှည်တယ်၊ အရောင်ကမီးခိုးရောင်။ သေးသေးလေးပေမယ့် အရမ်းရိုင်းတယ်၊ တစ်ချိန်လုံးမာန်ဖီနေပြီး ဘယ်သူမှအနားကပ်မခံဘူး။ လက်သည်းတွေကချွန်ထက် နေတာပဲ။ မိုးစက်တပည့်လေးတစ်ယောက်က သူ့ကိုအတင်းယူချီလို့ ကုတ်ထည့်လိုက်တာ သွေးတွေရဲခနဲထွက်လာတယ်။ ဒဏ်ရာတော်တော်နက်လို့ မိုးစက်တို့အားလုံးစိတ်ပူခဲ့ရသေးတယ်။

တော်တော်ကိုစိတ်ရှည်လက်ရှည်နဲ့ ချော့မော့ပြီးတိုက်မှနွားနို့ကိုသောက်တယ်။ တစ်လလောက်နေတော့ မိုးစက်နဲ့အိုကေသွားတယ်။ တခြားတော့ဘယ်သူမှခေါ်လို့မရဘူး။ သုံးလလောက်အတွင်းမှာ အရမ်းကြီးလာတယ်။ ခေါင်းကနေအမြီးထိ အလျားရှည်ပြီး ဝတော့မဝဘူး။ ခြေထောက်နဲ့လက်တွေ တော်တော်ရှည်တယ်။ အရပ်မြင့်တယ်လို့ပြောရမှာပေါ့။ သူ့ရဲ့ကိုယ်က ကောက်ညှင်းလိုမျိုးအနံ့တစ်မျိုးရတယ်။ အနေကြာတော့ အားလုံးနဲ့ အဆင်ပြေသွားတယ်။ အိမ်လာတဲ့ကလေးတွေနဲ့လည်း ဆော့ကစားနေတတ်တယ်။ သူကအစားသိပ်မစားဘူး။ နွားနို့တော့အရမ်းကြိုက်တယ်။ မိုးစက်ရန်ကုန်ပြန်သွားပြီး ၃ရက်လောက်နေတော့ အိမ်ကပျောက်သွားတာ လုံးဝပြန်မလာတော့ဘူး။ သူများခိုးစားတာလား အိမ်ကထွက်သွား တာလားတော့မပြောတတ်ဘူး။ ရွာမှာကျန်ခဲ့တဲ့ အန်တီလေးကတော့ သတင်းပေးတယ်။ ကလေးတွေတောထဲသွားရင် တွေ့တယ်တဲ့။ တစ်ခြားကြောင်တွေလည်း ဖြစ်နိုင်တာပဲလေ။ ကြောင်မှ ခွေးမှရယ်မဟုတ်ပါဘူး သတ္တဝါတိုင်းသူ့ခံစားချက်နဲ့သူရှိမှာပေါ့၊ လူတွေလိုမပြောနိုင်တာကလွဲရင် သနားဖို့ကောင်းပါတယ်…

………………………………………………………………………………………………………

မိုးစက်တို့အိမ်က ဘာကြောင့်မှန်းမသိပဲကြောင်တွေအရမ်းပျော်ကြတယ်။ ကိုယ်တိုင်ကဘယ်ကမှ မတောင်းရမဝယ်ရပဲ ကြောင်တွေက အော်တိုမစ်တစ်အိမ်ပေါ်ရောက်ရောက်လာကြတယ်။ မှတ်မိသလောက် ငယ်ငယ်ကတည်းက ခုချိန်ထိအိမ်မှာ တစ်ခါမှကြောင်မပြတ်ဘူး။ နယ်တွေပြောင်းတော့လည်း ထားခဲ့ရတယ်။ ပြီးရင် ဘယ်ကဘယ်လိုရောက်လာမှန်းမသိ ရောက်လာကြပြန်ရော။ အဲဒီတော့ ကြွက်ပြဿနာကတော့ လုံးဝမရှိဘူး။ ကြောင်တွေက ကြွက်ခုတ်လို့တော့မဟုတ်ဘူး၊ အသံကြားနေရလို့ကိုမရှိတာ။ အခုမိုးစက်တို့အိမ်မှာရှိတဲ့ ဝလုံးဆိုတဲ့ကြောင်လေး အကြောင်း ပြောပြချင်တယ်။ ချစ်စရာကောင်းသလောက် နည်းနည်းလည်းကြောင်ပါးဝတယ်။သူ့နာမည်ကို မိုးစက်ပေးထားတာ။ ဝပြီးလုံးနေလို့။ သူ့ရဲ့အမွေးတွေက တခြားကြောင်တွေလို မဟုတ်ဘူး။ နူးနူးညံ့ညံ့နဲ့ အရှည်ကြီးတွေ။ ငယ်ငယ်ကဆိုသူလမ်းလျှောက်ရင် ဗိုက်အောက်ကအမွေးတွေက ကြမ်းပြင်နဲ့တိုက် နေတာ။

အမယ်သူကကြောင်သာဆိုတယ် အသန့်ကအရမ်းကြိုက်တယ်။ မိုးစက်က စက်ချုပ်ဆိုင်ကတောင်းထားတဲ့ အစသေးသေး လေးတွေကို မျက်နှာသုတ်ပုဝါအဟောင်းတထည်နဲ့ မွေ့ယာချုပ်ပေးထားတယ်။ သူ့အိပ်ယာကလွဲရင်ဘယ်မှာမှမအိပ်ဘူး။ သူက packing နဲ့လာတဲ့ cat food ကိုအရမ်းကြိုက်တယ်။ မိုးစက်မှာ သူ့ရဲ့ cat food ဖိုးနဲ့ powder ဖိုးတော့ တော်တော်ထိတယ်။ တစ်ခါတစ်လေ ကုန်နေလို့ပုစွန်ခြောက်နဲ့ကြွေးရင် သိပ်မစားဘူး။ ချီးပါသေးပေါက်လည်း စည်းကမ်းရှိတယ်။ အိမ်ထဲမှာလုံးဝမသွားဘူး။ ခြံထောင့်မှာ ဖေဖေကသူ့အတွက်သဲတွေဝယ်ပြီး အုတ်ခဲလေးတွေစီ ပေးထားတယ်။ ကြောင်အိမ်သာပေါ့ J

တစ်ရက်ဧည့်ခန်းထဲမှာ တီဗွီကြည့်နေတုန်း အပြင်ကတံခါးခေါက်သံကြားလို့ ထကြည့်တော့ဘယ်သူမှမတွေ့ဘူး။ နောက်မိုးစက်ခြေထောက်ကိုတိုက်ပြီး ဝင်သွားမှ ကျေးဇူးရှင်လေးဝလုံးဖြစ်နေတယ်။ သူကတံခါးလည်းခေါက်တတ်တယ်။ အိမ်ရှေ့ကကျွန်းတံခါးကို အပြင်ဘက်ကသော့ခတ်တဲ့နေရာက သူပတပ်ရပ်လိုက်ရင်ကွက်တိပဲ။ အဲဒီနေရာကို သူ့လက်လေးနဲ့ရိုက်လိုက်တာ။ မိုးစက်တို့မိသားစုလိုက် ကျိုက်ထီးရိုးသွားကြတော့ သူ့ကိုသူငယ်ချင်းအိမ်မှာထားခဲ့ရတယ်။ သူ့အိပ်ယာရော cat food ထုပ်တွေရော ပေးခဲ့ပေမယ့် အစာမစားပဲတစ်နေကုန်ခွေပြီးအိပ်နေတယ်တဲ့။ သုံးရက်လုံး အစာမစားပဲနေတော့ ပိန်သွားလိုက်တာ မိုးစက်ဆိုငိုပါငိုရတယ်။ တစ်ခါကလည်း ရုံးကပြန်လာတော့ မိုးစက်ရဲ့ စာကြည့်စားပွဲပေါ်မှာ ရေတွေရွှဲနေပြီး သူကလည်းဘေးမှာငုတ်တုတ်ထိုင်နေတာတွေ့တော့ ဒီကောင်သေးပေါက် ထားတယ်ထင်တာပေါ့နော်။ library ကငှားထားတဲ့ စာအုပ်လည်းစိုရွှဲနေတော့ လျော်ရတော့မယ်ဆိုပြီး စိတ်တိုတိုနဲ့အော်ပစ်လိုက်တာ သူကထမင်းမစားဘဲဆန္ဒပြနေတယ်။ မေမေဝင်လာတော့မှ မိုးစက်သေချာမပိတ်ခဲ့တဲ့ ရေသန့်ဗူးလဲကျပြီးရေဖိတ်တာတဲ့။ အဲဒီညနေကသူ့ကိုလုံးဝခေါ်လို့မရဘူး။ အိမ်မှာအားလုံးကသူ့ကိုလူတစ်ယောက်လို ပြောဆိုဆက်ဆံနေကြတော့ သူ့ကိုယ်သူလူလို့သတ်မှတ်ထားလားမသိပါဘူး။ (ကိုကြောင်လတ်လို ကြောင်နေရာကဝင်ခံစားတာတော့မဟုတ်ဘူး၊ မိုးစက်ရဲ့အမြင်ကိုပဲပြောတာပါ  🙂 )

16 comments

  • ပေါက်ဖော်

    October 24, 2011 at 1:31 pm

    ဪ..ဪ..
    လက်စသတ်တော့ ကြောင်ချစ်သူတွေလာစုနေကြသကိုး..
    အန်တီပြောပုံအရဆို..ဝလုံး က တော်တော် ချစ်ဖို ့ကောင်း၊
    လူလို ့မှတ်ထားတဲ့ လူကြောင်ပေါ့နော့်
    😯

  • blackchaw

    October 24, 2011 at 3:43 pm

    ဇာတ်လမ်းက ဆုံးလည်း မဆုံးသေးဘူး
    ကြောင် ဝလုံး အခုရှိသေးလားဆိုတာနဲ့
    ဇာတ်သိမ်းခန်းလေး ဖတ်ချင်သေးပါကြောင်း
    ကြောင်ချစ်လေသော မိုးစက် ခင်ဗျား။

    • Moe Z

      October 25, 2011 at 12:30 pm

      ဒါကဇာတ်လမ်းမဟုတ်ဘူးလေ ဘဘ ဘလက်ရယ်
      အခုဒီအကြောင်းရေးတုန်းတောင် ဝလုံးကဘေးမှာထိုင်နေတယ် 🙂

    • Moe Z

      October 30, 2011 at 8:52 am

      “နည်းနည်းလေးတော့ လွဲနေတယ်.. လွဲလွဲလေးလည်းကောင်းပါတယ်” 😛
      တောကြောင်လေးနဲ့ ဝလုံးက တစ်ကောင်တည်းမဟုတ်ပါဘူးသပ်သပ်စီပါ
      အဲဒါကြောင့် ကြောင်ကလေးများလို့ ခေါင်းစဉ်တပ်ထားတာပါ
      တင်ပြပုံညံ့လို့တစ်ကောင်တည်းလို့ထင်သွားရင် sorry 🙂

  • nozomi

    October 24, 2011 at 4:28 pm

    ကြောင်ချစ်တဲ့ အကြောင်း သိပ်မပြောနဲ့ ဦး
    အခုတောင် ရွာထဲမှာ ရန်ဖြစ်နေကြပြီ မိုးဇက်ချစ်တာ သူ့ကို ငါ့ကိုနဲ့
    ဝလုံးက ကြောင်ထီးလား ကြောင်မလား

    • Moe Z

      October 25, 2011 at 12:36 pm

      ဝလုံးက အထီးလေးပါ

      • ကြောင်ကြီး

        October 26, 2011 at 11:05 am

        ဝလုံးအထီး
        ကြောင်ကြီးအမြည်း
        ဝလုံးအမ
        ကြောင်ကြီးအဖ
        ဝလုံးအခြောက်
        ကြောင်ကြီးဟောက်
        ဝလုံးသခင်မ
        မိုးစက်အလှ
        ရရင်ရ
        မရရင်ချ (just shouting)
        ိစိတ်ရှိတိုင်းသာတ..။ 😀

  • etone

    October 24, 2011 at 4:49 pm

    အိမ်မှာလည်း ကြောင်လေးတစ်ကောင်ရှိခဲ့ဖူးတယ် … အိမ်က ကြောင်မက မွေးပေမယ့် … ရက်အတော်ကြာကြာထိ လူတွေနဲ့ မထိတွေ့တဲ့ မျက်နှာကြပ်မှာမို့ ..ကြောင်ရှိမှန်း မသိခဲ့ဘူး … ။ နောက်မှ အစားတွေပျောက်တယ်စောင့်ဖမ်းရင်း …. ကြွက်လိုလို အမှတ်နဲ့ကြောင်လေးတွေ့ခဲ့တယ် … လူနဲ့မနေရတော့ အရမ်းရိုင်းတယ် … ။ တဖြည်းဖြည်း လေ့ကျင့်ပေးရင်း … လူယဉ်လာတယ် …နောက်ပိုင်း အိမ်သားတွေနဲ့ အတူအိပ် ပျော်ရွင်နေတုန်း ..ဘယ်သူမှမရှိတဲ့ အချိန် …နောက်ဖေးလမ်းကြားဆင်းရင်း … ခွေးကိုက်လို့ သေပါလေရော … ။ ကြောင်တွေသေတိုင်း … တပတ်လောက် တအိအိငိုရပြီး … ရင်ထဲအောင့်နေအောင် ခံစားရလွန်းလို့ … ကြောင်မမွေးတော့ပါဘူးဆိုမှ … ကြောင်မျိုးဆက်ပြတ်သွားပြီး … သူများအိမ်ကကြောင် အခုနောက်တစ်ကောင်ရောက်နေတယ်… ရုံးဆင်း ချိန်ဆို အိမ်ဝက အမြဲစောင့်နေတတ်သလို …ရုံးမသွားခင်လည်း ကြောင်စာလေး ချကျွေးသွားမှ … မကျွေးလျှင် မျက်လုံးလေးကလည်လည်နဲ့ … အဝေးကြီးကိုမျှော်ကြည့်ပြီး … တနေ့လုံးတခြားလူကျွေးတာ မစားတော့ဘူး … ။ တစ်ခါတစ်ခါ စဉ်းစားမိတယ် … ငါများ ယောကျာ်းယူသွားလျှင် ဒီကြောင်ပါ ခေါ်သွားရမယ်လို့ပေ့ါ 😛

  • ဆူး

    October 24, 2011 at 5:13 pm

    မိုးဇတ် အိမ်က တောကြောင်ပေါက်စ ကြီးလာတော့ မိုးဇတ်ကို ထားပြီး ထွက်သွားတာ ကြာပြီ ဆိုတော့ အခုတော့ ကြောင်ကြီး ဖြစ်ပြီပေါ့.. မိုးဇတ်တို့ ရွာကနေ ထွက်လာလိုက်တာ ဘယ်ကို ရောက်သွားလဲ ဆိုရင် ဟိုးးးးးးးးးးးးးးးးးးးးးး ဟိုးးးးးးးးးးးးးးးးးးးးးးးးးးး ဝေးလှံ ခေါင်ဖျားလှတဲ့ ယူအက်စ်ကို ရောက်နေတယ် ဆိုကလားပဲ တခါတုန်းက သူ့အမြီးကို မကြည့်ရင် မိတ်အင်ယူအက်စ် ဆိုတဲ့ စာတမ်းလေးတောင် ရှိနေပြီ ဆိုလား ကြွားဝါးနေသေးတယ်။ ရေမြေပြောင်းပြီး အစား အသောက်တွေ ပြောင်းတော့ ဝလုံး ဖြစ်နေပြီပေါ့ကွယ်။

  • windtalker

    October 24, 2011 at 8:34 pm

    ကိုကြောင်ကြီး ဘယ်ဆီရောက်
    မိုးဇက်တစ်ယောက် ကတော့
    ချစ်သော ကြောင်လေး လို ့ဆိုလာ
    မကြာမှီ လာမည် မျှော်

  • padonmar

    October 24, 2011 at 10:04 pm

    မိုးစက်ရေ ကြောင်ကိုမွေးရင်လည်း နှစ်စဉ် ခွေးရူးကာကွယ်ဆေးထိုးပေးဖို့မမေ့နဲ့နော်။

  • ကြောင်ကြီး

    October 25, 2011 at 9:48 am

    မိုးစက်ရဲ့ကြောင်
    နို့ပြတ်လို့ညောင်
    ထိုးထွက်ဘို့ထောင်
    ခိုးသတ်စို့မောင်…။

  • MOEPWINTPHYU

    October 25, 2011 at 12:48 pm

    မိုးပွင်တိုအိမ်မှာလည်ကြောင်သုံးကောင်လောက်အမြဲရှိတယ် ခွေးကော
    ကြောင်ကအိမ်ပေါ်က ခွေကအိမ်အောက်မှာ
    ဒီနှစ်သင်္ကြန်အိမ်ပြန်တော အမေကကြောင်ကိုပဲအလုပ်လုပ်ပြီးကြောင်ပြောက်ရင်ရှာလိုက် လုပ်နေတာ တစ်နှစ်မှာတစ်ခါပဲပြန်တဲသမီးက်ိုအဲလောက်ဂရုမစိုက်ဘူး တစ်နေရာသွားရင်ကြောင်စာဝယ်ရတာ ကြောင်အတွက်ဝယ်ရတာနဲ
    မိုးပွင်ရဲညီမနဲအမေနဲ အဖေကော စကားစုပြောဖြစ်ရင် ကြောင်အကြောင်းမပါပဲမနေကြဘူး

  • Moe Z

    October 25, 2011 at 12:50 pm

    မမအိတုံရေ ကိုကိုဒေါက်တာနဲ့ အရင်တိုင်ပင်လိုက်ဦးနော် 🙂
    မမဆူးကတော့ ဝတ္ထုရေးနေပြီ 🙂
    ဆေးထိုးဖို့သတိပေးတာကျေးဇူးပါ အန်တီပဒုမ္မာ
    နောက်ဆုံးတော့ ကြောင်သူခိုးတွေ့ပြီ သဂျီးအရေးယူပေးပါဗျို့

  • ericmoon

    October 25, 2011 at 1:20 pm

    ကြောင်ကိုချစ်တယ်ဆိုပေမယ့်…ကြောင်စုန်းတွေကိုတော့မုန်းတယ်…ကြောင်ပေါက်စလေးတွေကို ဘာလို့အတင်းလာ လာကိုက်သွားကြတာလဲမသိဘူး..အိမ်မှာ ကြောင်မလေးက မွေးထားတာ သုံးကောင်ပေါက်တယ်…တစ်ကောင်မှမကျန်ဘူး.ကြောင်စုန်းကိုက်လို့..အဲဒိကြောင်စုန်းကို ရိုက်ဖို့လုပ်နေတာ မိကိုမမိသေးဘူး…တော်တော်လျင်တယ်..ကြောင်စုန်းအစုတ်ပလုတ်….

    • Moe Z

      October 25, 2011 at 4:31 pm

      အဲဒီလိုကြောင်စုန်းမျိုးတော့မတွေ့ဖူးသေးဘူး
      သူများပြောတာတော့ကြားဖူးတယ်

Leave a Reply