ကလေးတွေရဲ့အနာဂါတ်နဲ့..ကျုပ်တို့ရဲ့ အနာဂါတ်..။။။။
ဈေးရောင်းနေတဲ့ ကလေးငယ်( ဘေးကလက်ဝါးဖြန့်နေတဲ့ ကလေးကသူ့သူငယ်ချင်းပေါ့)
——————————————–************************———————————
လူသားတိုင်းမှာ အနာဂတ်ကိုယ်စီရှိကြပါတယ်
ကျုပ်တို့အနာဂတ်ကို ဘယ်အချိန်ဘယ်အရွယ်လောက်က စတင်မျှော်မှန်းခဲ့တာလဲ
ကျုပ်တို့ အနာဂတ်ကို ဘယ်အချိန်ဘယ်အရွယ်လောက်က စတင်တည်ဆောက်ခဲ့ကြတာလဲ
ကျုပ်တို့မျှော်မှန်းတဲ့ အနာဂတ်ကောင်းတစ်ခုအတွက် ဘယ်လိုစတင်တည်ဆောက်ရမလဲ
ကျွန်တော်တို့ နောက်မှ မွေးဖွားလာတဲ့ကလေးငယ်တွေကကော…
သူတို့ အနာဂတ်အတွက် ဘယ်အချိန်ဘယ်အရွယ်ကစပြီးပြုစုပြိုးထောင်သင့်သလဲ
ကျုပ်တို့ကရော ကိုယ်မျှော်မှန်းခဲ့တဲ့ အနာဂတ်ကိုရောက်ပါရဲ့လားဒါမှမဟုတ်ကြိုးစားနေတုန်းလား
#################################################################
အချိန်ကား(၃)နာရီ ထိုးလုထိုခင် ဘဏ်ရှေက မိတ္တူဆိုင်မှာ L/C ဖွင့်ဖို့ စာရွက်စာတမ်းတွေပြင်ဆင်နေတုန်း
ကတ္ထူ စက္ကူတစ်ချပ် ကိုမြေမှာ တရွတ်တိုက်ဆွဲလာတဲ့ ကလေးငယ် ကျွန်တော် ထိုင်ရာနေရာနဲ့ မျက်နှာချင်းဆိုင်က
မီးစက်ကြီးဘေး အရောက်မှာ ကတ္ထူ စက္ကူကြီးမသပ်မယပ် အသာခေါက်ပြီး ထောင်းထားလိုက်တယ် ဒီအချိန်မှာပဲ
ရန်ကုန်မြို့ရဲ့ မြင်ကွင်းသစ်ဖြစ်တဲ့ ညနေ(၃)နာရီကျော်မှ လမ်းဘေးဈေးတန်းရောင်းချစေရေး စီမံချက်အရ (၃)နာရီထိုးတာနဲ့ အဆင်သင့်ထုတ်ခင်းရောင်းချနိုင်အောင် တောင်းတွေပလုံးတွေနဲ့ လမ်းဘေးမှာ အချိန်စေ့အောင်စောင့်နေကြတဲ့သူတွေ
ခလေးမဘေးကိုအဒေါ်ကြီးတစ်ဦး နှီးခြင်းတောင်းကြီးသယ်လာပြီးချလိုက်တာကို တွေ့လိုက်မိတယ်….
မြင်ကျတော့ရိုးနေပြီ ဆက်မကြည့်တော့ပဲ ကိုယ့်အလုပ်ကိုယ်ဆက် လုပ်နေတုန်း…
““မြင်းခွာရွက်တွေ တစ်စီးမှ(၅၀)ထဲ””
““မြင်းခွာရွက်တွေ တစ်စီးမှ(၅၀)ထဲ””
အသံသေးသေးလေနဲ့အော်သံကြားမှ ပြန်ကြည်မိတော့ လမ်းဘေးဆိုင်လေးခင်းပြီးသွားပြီ ……..(၃)နာရီထိုးပြီပဲ
လူကြီးတစ်ယောက်လိုအော်ဟစ်ရောင်းချနေတဲ့ ကလေးငယ်လေး……..
ဒီကလေးကိုကြည့်ရင်း နဲ့လူကြီးတစ်ယောက်လို…………
ဈေးသယ်မကြီးတစ်ယောက်လို ……….
ဟန်ပါပါရောင်းချနေတာကိုမြင်ရတော့ ပထမတော့ပြုံးပြီးကြည့်နေမိတယ်
တတ်လှချည်လားပေါ့ ကျုပ် ကြည့်နေရင်းနဲ့မှ အတွေးတွေ တစ်ဖြည်းဖြည်းဝင်အသိထဲကိုဝင်ရောက်လာတယ်
အဲဒီအခါမှာတော့ ပြုံးရာက တည်လာမိတယ်လေ
““ ဒီအသက်/ ဒီအရွယ်/ ဒီကလေး နဲ့ သူလုပ်နေတဲ့ ဒီအလုပ်””
ပြီးတော့ ဒီကလေးရဲအနာဂါတ်
တိုင်းပြည်ရဲ့အနာဂါတ်
ကျုပ်တို့ လူမျိုးတွေရဲ အနာဂါတ်
အဲဒီအနာဂါတ်တွေကို ဘယ်လိုပုံဖော်ကြမလဲ ဒီကလေးကကော
သူ့မှာရည်မှန်းချက်အနာဂါတ်ရှိရဲ့လား
အမိအဘတွေကရော ဒီကလေးရဲ့ ရည်မှန်းချက်အနာဂတ်ကို ဘယ်လိုပုံဖော်ပေးနေကြသလဲ
အမိအဘတိုင်းကရော ကိုယ့်သားသမီးတွေရဲ အနာဂါတ်ကိုဘယ်လိုပုံဖော်ပေးနေကြသလဲ
ဒီကလေး ရဲရည်မှန်းချက်အနာဂါတ်ကရော ဘာလဲ/ဘယ်လိုလဲ……
ခင်ဗျားတို့ရော ဘယ်လိုရည်မှန်းချက်တွေရှိလဲ ဘယ်လိုအနာဂါတ်တွေရှိလဲ
အဲဒီအနာဂါတ်အတွက် ဘယ်လိုကြိုးစားနေခဲ့ကြသလဲ
ရည်မှန်းချက်ကိုရောက်ပြီးလား….ခင်ဗျားတို့လဲဖြေကြည်ပေးစေချင်တယ်….?
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
12 comments
ပေါက်ဖော်
October 28, 2011 at 6:23 pm
ကိုဘဲလူးရေ
ခင်ညားပြောတဲ့ ဘွားဒေါ်လေး ငါးဆယ်ငါးဆယ်ဆိုပြီး သူ ့မာမီဆီက မုန် ့ဖိုးတောင်းနေဘီ
သူ ့အမေကြီး ထုတ်ပေးနတယ် တွေ ့လား..တွေ ့လား..ဟဟ
ဟီး..ဟီး..နောက်ဒါ..
တောင်းစားနေတဲ့ ဟာလေးတွေထက်စာရင် အများကြီး တော်တဲ့ မိသားစုပါပဲဗျာ
ခလေးနောင်ရေးက သူ ့မိဘပေါ်မူတည်တာပေါ့..နော့
🙄
မှော်ဆရာ
October 28, 2011 at 6:41 pm
ကိုဘီလူး ….
စားချင်တာစားနော်
အုံးတော့ လာမစားနဲ့ ….
MaMa
October 28, 2011 at 6:44 pm
အထင်မသေးနဲ့ ဘီလူးကြီးရေ။ အဲဒီလို ဘဝမျိုးက ကလေးတွေထဲမှာ သိချင်တတ်ချင်တဲ့လူက သူ့ဖာသာထိုးဖောက်ထွက်လာတာ မြင်ဖူးတယ်။ ဒါပေမယ့် ၁၀ဝ မှာ ၁ယောက်ဆိုသလိုတော့ ဖြစ်နေတာပေ့ါနော်။ (ကျမတို့ ခေတ်တွေတုန်းကပေ့ါ။ ခုခေတ်တော့ တော်ရုံမိသားစုကတောင် ကလေးကျောင်းစရိတ်ကို အနိုင်နိုင်ဆိုတော့….)
ျ
windtalker
October 28, 2011 at 7:12 pm
ကိုပေါက်ဖော် သုံးသပ်သလို ဘဲ ၊ ဘာမှ မရှိလို ့တောင်းစားနေရရှာတဲ့ ကလေးတွေထက် စာရင် ၊ သူတို ့လေးတွေ က နဲနဲတော်ပါသေးရဲ ့လို ့ထင်မိပါတယ် ။ ဒီအရွယ်လောက်ကတဲက ငွေဘယ်လိုရှာရမလဲ ဆိုတာ သိနေပြီ ဆိုရင် ၊ သူ တို ့ဘဝအတွက် ဈေးရောင်းပြီး ငွေရှာလို ့ရနိုင်တယ် ဆိုတာလေး သိပြီးပေါ့
water-melon
October 28, 2011 at 7:47 pm
တကယ်တော့ သူတို့လေးတွေလည်း ကျောင်းတက်ချင်ရှာတာပေါ့။ ကျောင်းစာအုပ်ဖိုးတွေ ဘာကြေးညာကြေးတွေကို မိဘတွေက မတတ်နိုင်ကြလို့ ယူဆပါတယ်။ အစိုးရက ကူညီစောင့်ရှောက်ပေးရင် ကောင်းတာပေါ့။
Koyin Sithu
October 28, 2011 at 8:14 pm
တောင်းစားနေတဲ့ ကလေးတွေ ထက်စာရင်
ဒီလို ဈေးရောင်း ငွေရှာတဲ့ကလေးတွေက ပိုသာပါတယ်..
ငယ်စဉ်ကတည်းက ငွေကို ခက်ခက်ခဲခဲ ရှာခဲ့ရတော့
ငွေတန်ဖိုး သိသွားတယ်.. သို့သော် လမ်းမှားမရောက်ပါစေနဲ့
ဆုတောင်းပေးလိုက်ပါတယ်….
ခင်တဲ့
ကိုရင်စည်သူ
naywoonni
October 28, 2011 at 10:47 pm
ဘဝ ဆိုတာတိုက်ပွဲလေ… ကိုဘလူးရဲ့…။ ဆြာကွေးရဲ့ ကဗျာလို ” ကျွန်တော်တိုက်ရင်းတက်မှာပဲ” တဲ့…။ ကျွန်တော်တို့ မသိ မတတ်တာတွေ သူတို့မှာ တော်တော်များများရှိနေတယ်ဆိုရင် ယုံမလား????
အီးတီ
October 29, 2011 at 5:31 am
ဈေးရောင်းတယ်ဆိုပြီး အထင်တော့မသေးနဲ ့ဗျ။ တချို ့ဈေးရောင်းတဲ့သူတွေက နေ ့ပြန်တိုးယူပြီးရောင်းတာ။
နေ ့ပြန်တိုးဆိုကတဲက အနည်းဆုံး ၁ဝ တိုးပဲ။ ၁၀၀၀ဝ ကျပ်ဆို ၁၀၀ဝ ကအတိုး။ ဒီကြားထဲ ဈေးကောက်က
ရှိသေးတယ်။ ၂၀ဝ ပဲထားပါတော့။ အမြတ်က ၁၀၀ဝ ထား။ ့ဈေးရောင်းတဲ့သူတွေက ၁၀၀၀ဝ ရင်းရင်
၂၂၀ဝ ရှာနိုင်တယ်ဗျ။ ၁ သောင်း နေရာမှာ ၁ သိန်း ဆို ကိုတွေကိုတောင်ကျော်သွားမယ်။ ဘယ်လိုပဲ
ပြောပြော ကိုတွေထက် ပိုက်ပိုက် ပိုရှာနိုင်တယ်ဗျ။ သူတို ့လဲ ကုန်ဈေးနှုန်း ဒဏ်ပိနေတယ်ထင်ပါတယ်။ 🙂
ဆူး
October 29, 2011 at 11:15 am
ဘဲလူး က ဒီထက် မျက်စိအားကောင်းအောင် ၂၀ဝ ဖိုးလောက် ဝယ်ခဲ့ရောပေါ့.. ၂၀ဝ ဆိုမှ ဘစ်ကား တခါစာလောက်ပဲ ရှိတာ.. အခုတောင် ဖုန်းကင်မရာလေးနဲ့ မှုန်ဝါးဝါး ရိုက်ယူလာတာ မြစ်ခွာရွက် တွေ စားလိုက်ရင် ဒီထက် ပိုကောင်းတဲ့ ဂျောင်ဂျို ဂျောင်ဂျားထဲက ဟာတွေ ကွက်ကွက် ကွင်းကွင်း ပိုမြင်လာနိုင်တယ်။ ဥပမာ ပုရွက်ဆိတ် ဒူးနမ့်နေတာတောင် မြင်ချင် မြင်အုန်းမလားပဲ
လူကြီးက ဈေးရောင်းတော့ ကလေးက လိုက်အော်တာ ထုံစံပါပဲ။ ကလေးဆိုတာ လူကြီး လုပ်တာ အကုန်လိုက်လုပ်ကြတာပဲ ဆိုတော့.. ဒါပေမဲ့ ကလေးစိတ်ထဲမှာတော့ ပိုက်ဆံဆိုတာ ဈေးရောင်းရင်းနဲ့ ရှာနိုင်တယ် ဆိုတဲ့ အသိတော့ ရှိသွားမယ်။ တောင်းပြီး ရှာရင် ရနိုင်တယ် ဆိုတဲ့ အတွေး မရှိတော့ဘူးပေါ့။ အဆိုးထဲက အကောင်းပါပဲ။
kai
October 29, 2011 at 11:52 am
အလုပ်မလုပ်သင့်တဲ့..အရွယ်တွေက.. အလုပ်တွေလုပ်.. လို့…။
အလုပ်လုပ်သင့်တဲ့အရွယ်တွေက…
…
;..
ယောက်ျားးကြီးတွေ… လုပ်အားတွေ…
..
..
အင်း..
..
အင်း… 🙁
ba gyi
October 29, 2011 at 5:00 pm
ကျုပ်တို့ငယ်ငယ်က၊နွေ ကျောင်းပိတ်ရက်ဆို၊ ကိုယ့်ခြံထွက် တွေကိုဗန်းထဲ ထည့်ပြီး ရပ်ကွက်ထဲ လည် ရောင်း ခိုင်းတယ်၊ အဲဒါ ညီအစ်ကိုနှစ်ယောက်တွဲအလှည့်ကျရောင်းရတာ၊ ရောင်းပြီးရလာတဲ့အ ပေါ်မှာအဖေ ကကော်မရှင်ပြန်ပေးပြီးကျန်တာ အမေ့လက်ထဲအပ်တာ၊အိမ်စရိတ်ပေါ့။
ရပ်ကွက်ထဲကတော့အမျိုးမျိုးဝေဖန်ကြတာပေါ့ ၊ သူဌေးတွေထားစရာမရှိဖြစ်တော့မှာပဲတို့၊ ငါတို့ လုပ် စားဘို့ လည်းချန်ပါအုန်းတို့ပေါ့၊ တစ်ချို့ကတော့ ကြည့်စမ်းချီးကျူးဘို့ကောင်းလိုက်တာဆိုပြီး သူတို့ သား သ္မီး တွေကိုခေါ်ကြည့်ခိုင်းတယ် အဲသည်အခါတစ်ကယ့်ကိုကြေနပ်မိတယ်။
ပထမစရောင်းတော့ရှက်သလိုလိုပဲ၊ နောက်တော့ရဲသွားတယ်၊ နောက်ပျော်တယ်- ကိုယ့်ကိုယ် ပိုင် ပိုက်ဆံဆိုတာမြင်လာတယ်၊ အဲသည်နောက်— နွေရာသီတိုင်း ကျောင်းပိတ်တာနဲ့ မိဘတောင် မပြောရ ဘူး အရှိန်ရသွားတာ- နောက်ဆုံးတက္ကသိုလ်တက်တဲ့စားရိတ်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်တတ်နိုင်သ
လောက်ဝင်ငွေရှာတယ်၊ ရိုးရိုးသားသားလုပ်ရတာကိုရှက်စရာလို့မမြင်တော့ပါ၊ နောက်ဆုံး ကျောင်းပြီး လို့ အလုပ်ရှာတာကအစမိဘ အကူအညီလုံးဝမလိုတော့ပါဘူး။ဒါကောင်းတဲ့အလေ့အကျင့်နဲ့ ဘဝကိုမှန်မှန်ကန်
ကန်ရုံးကန်ရဲတဲ့သတ္တိရစေခဲ့တဲ့ မိဘကျေးဇူးတွေပါ။
အဲ ချွင်းချက်အဖြစ် ပညာတော့အားမပေး၊မသင်စေပဲ ပိုက်ဆံရဘို့တစ်ခုတည်းအတွက်သားသ္မီးကို
အသုံးချတာဆိုရင်၊ ငွေတစ်ခုထဲပဲအာရုံဏ်စိုက်မိပြီး လမ်းမှားစေတာဆိုရင်တော့—- အဲသည်ဟာ အလွန်
ကိုမှ သူတို့ရှေ့ရေးတွေအတွက်စိတ်မကောင်းစရာပါပဲ။
ငွေလင်းယုန်
October 29, 2011 at 5:54 pm
အမေ ဈေးသည်ဖြစ်တိုင်းတော့ သမီးဈေးသည် တော့ အကုန်လုံး မဖြစ်နိုင်ပါဘူး ။
အမျိုးယုတ်သောသူ၏သားလဲ မင်းအမတ်ဖြစ်နိုင်၏။
လူမိုက်၏သားဖြစ်သော်လည်း ပညာရှိ ဖြစ်တတ်၏။
ဥစ္စာမရှိသောသူ၏ သားဖြစ်သော်လည်း ဥစ္စာပစ္စည်းကြွယ်ဝတတ်၏ တဲ့
ဒါကတော့ ယောင်္ကျားတွေကိုပြောထားတာပါ။(ဆုံးမစာထဲမှာ)
အရက်သမားသားလဲ လုံးဝအရက်မသောက်တဲ့သူ ပတ်ဝန်းကျင်မှာမြင်ဖူးကြမှာပါ။
ယေဘုယျအားဖြင့်တော့ လူတွေဟာ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်နဲ့လဲ
အတော်များများ ဘဝသင်ခန်းစာတွေကို ယူတတ်ကြတာ တွေ့ရပါတယ်။
ဒါ့ကြောင့် ဒီကလေးလဲ ဈေးမရောင်းချင်ရင် ဘေးဘီကိုဝေ့ကြည့်ပြီး
အောက်ဆိုဒ်ကောင်းတဲ့ 😛 🙂 ဘဏ်စာရေးမ ဖြစ်အောင် ကျောင်းတက်ရဖို့
သူ့အမေကို မရမက ဂျီကျပြီး ဖြစ်အောင်လုပ်ရင်လဲ ဘွဲ့ရတယောက်တော့
ဖြစ်လာမယ်ထင်ပါတယ် ကိုဘီလူးရယ်