Best Teacher (19) ထမင်းဆက်စားမှာလား၊ ထ ပြန်မှာလား ?
Best teacher (19) ထမင်းဆက်စားမှာလား၊ ထပြန်မှာလား ?
၁၂.၄.၁၉၇၀ မှ ၁၇.၄. ၁၉၇၀ သင်္ကြန်ရက်များတွင် လုပ်အားပေး ကျောင်းသူ၊သားများ
အားလုံးအတွက် မန ္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ လေ့လာရေးခရီးစဉ်။
၁၈.၄. ၁၉၇၀ (စနေနေ့)
လေ့လာရေးခရီး မှ ရွာကို ပြန်လာကြပြီ၊ ဆွေတွေမျိုးတွေပြန်လာတဲ့ အတိုင်း ရွာအဝင်လမ်း
ကကြို ဆီးလို့ ကြိုကြတာ မျက်ရည်တောင် လည်မိတယ်။ ရွာသူကြီးက စာတိုက်မှလာတဲ့
စာတွေ ထုတ်ပေးတယ်။ စာတွေကို သူ့ ဘုရားစင်ပေါ်မှာ တရိုတသေသိမ်းထားပေးတာနော်။
ကျမတို့ကို ဒီစာတွေ ထုတ်ပေးတဲ့ သူကြီး ပုံစံ အခုထိမြင်ယောင်ဆဲ။ အရေးကြီးတဲ့ အမွေ
ဆက်ခံရမဲ့ ရုံးစာကို အမွေခံသူလက်ရောက် သေသေချာချာထည့်ပေးနေတဲ့ ရုပ်မျိုး။
၁၉.၄.၁၉၇ဝ (တနင်္ဂနွေနေ့)
ကြီးကြပ်ရေးအဖွဲနဲ့ နီးစပ်ရာရွာများသို့ ။
၂၀.၄.၁၉၇ဝ (တနင်္လာနေ့)
ကြီးကြပ်ရေးအဖွဲနဲ့ နီးစပ်ရာရွာများသို့ ။ လက်ပံရွာမှတာဝန်ကျတဲ့ သူငယ်ချင်း(၂)
ယောက်၊ကျမတို့ မယ်ဇယ်ပင်(၃)ယောက် ပေါင်း (၇) ယောက် ကြီးကြပ်ရေးအဖွဲနှင့်
ခြေကျင် သွားခဲ့ကြတယ်။ ညောင်ရွေ ရွာ မရောက်ခင် လမ်းမှာ ကားတားစီးပြီး ခရီး
နှင် ခဲ့တာ ညောင်ရွေ အဖွဲ့ ပါ ခေါ်ပြီး အနော်ရထာမင်းတည်ထားခဲ့တဲ့ (ဆပ်သွားဘုရား)
ဝင်ဖူးကြသေးတယ်။ ဆက်သွားခဲ့တဲ့ ရွာတွေကတော့ ရေတွင်းပျစ်၊ ရနန်း၊ သင်ပုတ်။
ရနန်းကနေ သင်ပုတ်ကို မြင်းလှည်းငှားစီးတာ ပျော်လိုက်တာ။ သင်ပုတ်မှ ပေတရာကို
ထွက်ပြီး ကျောက်ဆည်ကို ကားတားစီးရတယ်။ မှတ်မိနေသေးတယ်။ တံမျက်စည်း
တင်တဲ့ကား ကြီးလေ။ ကားပေါ်ကဆင်းတော့ တံမျက်စည်းမွှေးတွေ ခေါင်းတွေမှာ ကပ်နေ
ကြတာ။ ကိစ္စ မရှိဘူး။ ရွာမှာ တမုတ်မြောင်းရှိတယ်။ မြို ့မှာလို ရေလာသေးလားလို့
အားနာစရာမလိုဘူးနော။
၂၁.၄.၁၉၇ဝ (အင်္ဂါနေ့)
ညနေစာ စားချိန်မှာ ပြဿနာ နည်းနည်းရှိတယ်။ ညနေစာ တာဝန်ကျသူ ကိုထွန်းမောင်
ရဲ ့ ယောက္ခမကြီးက ထမင်းစားကြတဲ့ ဧည့်သည်တွေ ကို ဧည့်ဝတ်အထူးကျေပွန်စွာနဲ့
ဟင်းတွေ အတင်း ပန်းကန်ထဲ ကိုထည့်ပေးတယ်။ ဒါ ကိစ္စမရှိသေးဘူး။
ကိစ္စက သူ့လက်မှာရှိတယ်။ ( မရေးချင်ပါဘူး။ ဒါပေမဲ့ မပေါ်လွင်မှာ စိုးလို့ပါ။)
သူ့လက်ကို မြင်လိုက်တာနဲ့ ကျမ စားလက်စ ထမင်းလုတ် ပြန်ချလိုက်မိတယ်။ အနားက သူ
ငယ်ချင်းကို မျက်ရိပ်ပြတယ်။ နောက် သူငယ်ချင်းက ဟင်းချိုဇွန်းလွှတ်ချလိုက်မိတယ်။
အခြားအိမ်သားတွေ မရိပ်မိအောင် ကျမတို့ မျက်လုံးချင်းစကားပြောကြရတယ်။
“ မနက်က စားတာနည်းနည်းများသွားလို့ ရင်ပြည့်နေပြီ၊ ဒီကပြန်ရင် အစာကြေဆေး
စားမှဖြစ်မယ်”
“ ဟုတ်တယ် နော် အင့်တင့်တင့် ဖြစ်နေတယ်”
“ ငါလည်း စာဖတ်များသွားလို့ ထင်တယ် နောက်ကြောတွေ တက်နေတယ်။ မျက်မှန်တော့
ပါဝါတိုးရတော့မယ် ထင်ပါရဲ ့”
ပြောရင်းပန်းကန်ထဲက စားလက်စလေးတွေ အလည်စုပုံပြီး (၃) ယောက်လုံး ခပ်သုတ်သုတ်
လက်ဆေး၊ နှုတ်ဆက်ပြီးပြန်ဖို့ ပြင်ကြတော့
“ ဟင်.. ဆရာမလေးတို့ ဘာမှသိပ် မစားပါလား။ အချိုပွဲ စားကြပါ”
ဆိုပြီး ဇီးဆုပ် တစ်ပန်းကန် ရေနွေကြမ်း တစ်အိုးချပေးပြီးဆက်ဧည့်ခံပါတယ်။
အူကြောင်ကြောင် မျက်နှာပေးလေးတွေနဲ့ ကျမ တို့ ဇီးဆုပ်စားမှာလိုလိုနဲ့ သုံးလေးခဲ
ကောက်ယူပြီး ရုံးကို စာရင်းတွေပို့ပေးရမှာမို့ သွားတော့မယ်လို့ နှုတ်ဆက် ပြန်ခဲ့ကြပါတယ်။
ဇီးဆုပ်တွေ တော်တော်လှမ်းလှမ်းရောက်မှ လွှင့်ပစ်ခဲ့ကြပါတယ်။
အော်.. ဟုတ်သားပဲ၊လိုရင်း အချက်ကျန်နေတယ်။ ဒီအဒေါ်ကြီးလက်ပေါ်မှာ နှင်းခူလိုမျိုး မဲမဲ စိုစို
အချပ်လိုက်အနာကြီး ကို တွေ့လိုက်တာ။ မိတ်ဆွေ ဆိုရင်ကော ဘယ်လိုနေမလဲဟင်။
မစာနာလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဧည့်သည် ထမင်းပန်းကန်ထဲကို ဟင်းတွေလာထည့်ပေးနေ
တဲ့ မသိတတ်တဲ့ စိတ်ကို စိတ်ညစ်မိကြတာပါ။
အဲဒီည ကျမတို့ (၃) ယောက် ငိုမလိုရယ်မလို ဖြစ်နေတာကို ကျမတို့ နေတဲ့ အိမ်ရှင် ဒေါ်ကြီး
ရိပ်မိပုံပေါ်တယ်။ ည စာသင်ပြီးပြန်လာတော့ ထမင်းပူပူလေးတစ်အိုးသန့်သန့်တည်ထားပြီး
လက်ဖက်သုတ်တစ်ပွဲ၊ ရေနွေးကြမ်းတစ်အိုးနဲ့ အိမ်ကစောင့်နေရှာတယ်။ သူကစကား
တော်တော်နည်းတယ်။ ဘာမှ မမေးဘူး။ ကျမတို့ကလည်းဘာမှမပြောပြဘူး။ Mutual
Understanding အလိုလို ရသွားလိုက်တာလေ။ ကျမတို့ ရွာမှာနေတဲ့ တလျှောက်လုံးမှာ
ဒေါ်ကြီး က အရိပ်လို စောင့်ရှောက်ခဲ့ပါတယ်။ အခုတော့ ကွယ်လွန်သွားခဲ့ပါပြီ။
တစ်ခါတစ်လေ ကျမတို့ သူငယ်ချင်းတွေ ပညာတတ်သူ နဲ့ ပညာမတတ်သူ ဆိုပြီး လူတွေရဲ ့
စရိုက်ကိုဝေဖန်လေ့ရှိကြတယ်။ ကျမရဲ ့ ကိုယ်ပိုင်အမြင်ကတော့လေ တစ်ချို ့ဟာ ပညာ
မတတ်ပေမဲ့ အသိစိတ် ရှိကြတယ်။ ဒီ Common Sense ဆိုတဲ့ လူတိုင်းသိထိုက်တဲ့
အသိစိတ် ( ကျမ ကလေးတွေ ကို ပြောလေ့ ရှိတဲ့ စကားလေး… သောက်ရေအိုးထဲကို
တံတွေး မထွေးရဘူး ဆိုတာ လူတိုင်းသိတယ်။ ဘယ်သူမှ သင်ပေးစရာမလိုဘူး။
ဒါ Common Sense ပဲ။)
ဒီအသိစိတ် ရှိတဲ့ ပုဂ္ဂိုလ်တွေ ဟာ စာမတတ်သော်လည်း လောကကြီးထဲက
တစ်နေရာရာလေးမှာ နေပျော်တတ်ကြပါတယ်ရှင်။
9 comments
koyinmaung
October 30, 2011 at 3:21 am
အာပေးနေပါတယ် ဆရာမလေးများခင်ဗျာ……
ကြောင်ကြီး
October 30, 2011 at 3:46 am
တီချယ်ကြီး common sense ဆိုလို့ ကိုအောင်ဘုကို ဘယ်လိုမြင်သလဲ၊ သူ့ကြည့်ရတာ အတော်ရိုင်းတယ်၊ အထူအပါး နားမလည်ဘူး။ 😮
windtalker
October 30, 2011 at 12:24 pm
ဆရာမ က အားနာသမှု နဲ ့ကောင်းကောင်းမွန်မွန် တုံ ့ပြန်ခဲ့သေး ။
ကျုပ်သာဆိုရင်တော့ သူ ့လက်ကအနာကြောင့် သူဘာကျွေးကျွေး မစားနိုင်ဘူး လို ့
ဒဲ့ ဘုတောခဲ့မိမှာဘဲ
ပေါက်ဖော်
October 30, 2011 at 12:31 pm
အို..စေတနာရှိလို ့ကျွေးတာ..ချိတ်ချိုးစရာလားလို ့.. 😆
အနော်ဆိုရင်လဲ ထ.ပြန်မှာဘဲ..စားဘူး..စားဝူး..
ပြေးမှာပဲ..ပြေးမှာပဲ နာ့ကိုလာမကျွေးနဲ ့.. 😳
pooch
October 30, 2011 at 12:40 pm
ဦးကြောင်ရေ…. တီချယ်က common sense အကြောင်းကို အများကြီး အတန်းထဲမှာ ကြုံရင် ကြုံသလို ရှင်းပြခဲ့ဖူးတယ်…
နောက်ဆုံးတခေါက်တီချယ်နဲ့ ရွာအကြောင်းပြောဖြစ်တုန်းကတော့ ..ဘဘပုကို မှတ်ချက်တခု ပေးဖူးတယ်..
(လာမမေးနဲ့ ပြောမပြဘူး သတ်ချင်သတ်ပစ်လိုက်) 😛
နောက်ဒေါ်ဒေါ်ပဒုမ္မာရဲ့ ” နို်င်ငံကိုမချစ်လို့ စွန့်ရက်လေသလားဆိုတဲ့” စာစုလေးက တီချယ်တို့ ပြည်ပရောက်လူရည်ချွန် အုပ်စုမှာ နာမည်ကြီးပြီး တယောက်နဲ့ တယေက် ရှယ်ထားကြတယ်တဲ့….
ဦးကြောင်ရဲ့ ကဗျာတွေ.. ဇဝနဉာဏ်တွေကို သဘောကျတယ်တဲ့…
လေးပေါက်ရဲ့ ပုံတွေ …..ကိုချိုရဲ့ ပုံတွေ ကို…..ကြိုက်တယ်တဲ့……
ဘလက်ချောက သူ့ အတွက် ကျောင်းတော်က ပုံတွေ အလွမ်းပြေရိုက်ပေးလို့ ကျေးဇူး အလွန်တင်ပြီး သူပြောတာကို အလေးထားလို့ ပီတိတွေနဲ့ ပျော်နေရှာတယ်………ပြုံးနေတာပဲ….
(တီချယ်ပြုံးရင် အရမ်းချစ်စရာကောင်းတယ်) 🙂
မောင်ပေတို့ ပေါက်ဖော်တို့က ပျော်တတ်တယ်တဲ့….ခင်ဖို့လည်း ကောင်းတယ်ဆိုပဲ…..သူမေးသမျှလည်း ဖြေလို့တဲ့ .. ဟီး 😛
ကိုသစ်မင်းရဲ့ အရေးအသားများဟာ ကောင်းပြီး အားကျလောက်ပါတယ်တဲ့…..တန်းဝင်ပါသတဲ့….
whowho ရဲ့ စာတွေကို တော့ တီချယ် ကြိုက်လွန်းလို့တဲ့ အနော့်ကို ဖတ်ကြည့်ဖို့
တိုက်တွန်းလိုက်တယ်……….
တော်တော်များများဟာ စာရေးကောင်းကြပါတယ်တဲ့…… လူတော်များ စုဝေးရာ အရပ်ဖြစ်ပြီး ဒီပြင့် ပြည်တွင်း website တွေထက် သာပါတယ်တဲ့……
ဒီအထိတော့ အနော်နဲ့ အမြင်တွေ တူနေသေးတယ်….
သူကြီး အကြောင်းပြောမှ ကွဲသွားတယ်.. ဟီးဟီး …သူကြီးနဲ့ ပတ်သတ်ပြီး အနော့်ရဲ့ အမြင်ကို တီချယ်က တခွန်းထဲပဲ မှတ်ချက်ပေးတယ်….
( သူကြီး ပြောတာ တော်တော်များများဟာ အမှန်တွေချည်းပဲတဲ့) 🙁
တီချယ်ရဲ့ အတွေ့အကြုံ .. အမြင်များဟာ စူးရှနေတုန်းပဲ … … ကို်ယ်မမြင်နိုင်သေးတာကို တီချယ်က မြင်ပြီးသား……
အော် မေ့လို့ …. ဒီရွာမှာ
အနော့်ကိုတော့ သူအချစ်ဆုံးပါတဲ့ … ဟီးဟီး…. 😀 😀
ကြောင်ကြီး
October 31, 2011 at 11:42 am
ဦးကြောင်ထက် ဘယ်သူက ပုရှ်လေးကို ပိုချစ်နိုင်မှာလဲကွယ်။ တူခဲ့တောင် တီချယ်ကြီး အချစ်က ပူလောင်ပြီး ဦးကြောင်ကြီး အခြစ်က အေးအေးမြမြ ရှတတလေးပါကွယ်။ 😳
thit min
October 31, 2011 at 8:38 am
common sense ရော၊အရိပ်အကဲနားလည်မှုကပါ ၂ ခုလုံးလိုအပ်တယ်လို့(ကျနော်အမြင်)ယူဆမိပါတယ်။
common sense ကတရာမှာ ၉ဝ လောက်ရှိကြထင်ပါရဲ့ဗျာ။
နေထိုင်ရတဲ့ပတ်ဝန်းကျင်နဲ့လဲရာနှုန်းနဲနဲဆိုင်မယ်ထင်ပါတယ်။
အရိပ်အကဲနားလည်မှုကြတော့သူမွေးလာတဲ့ ၊ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့100%ဆိုင်တာဘဲနော်။
common sense ရော၊အရိပ်အကဲရောနားလည်ပါမှလူမှုပတ်ဝန်းကျင်အဆင်ပြေမှုကအသင့်တော်ဆုံးဖြစ်တတ်တယ်လို့
ကိုယ်တွေ့အရသိရှိရပါသည်ခင်ဗျာ။
etone
October 31, 2011 at 9:33 am
တီချယ်ကြီးရေ …. စေတနာနဲ့ ကျွေးတယ်ဆိုတာ သိပေမယ့် … တစ်ခါတစ်လေ စေတနာထက်ပိုသာတဲ့ မြင်မကောင်းတဲ့ ရွံရှာဖွယ်အနာတွေက … ကိုယ့်ကို ကျေးဇူးမတင်တတ်သူ အဖြစ်ပြောင်းလဲ စေတတ်တယ်ဆိုတာ ကျွန်မကိုယ်တွေ့ကြုံဖူးတယ် … ။ (တီချယ့်လိုပဲ စေတနာရှိလို့ တကူးတကလာကျွေးတဲ့ လူ … ပြည်တရွဲရွဲ အနာကြီးနဲ့ … ဖွီး … အခုတောင်တွေးမိလျှင် အန်ချင်တုန်း … 😥 ) ကျွန်မလည်း ငယ်ငယ်ကတော့ သိပ်မတွေးဘူး .. စားစရာရှိလျှင် စားလိုက်တာပါပဲ … အခုနောက်ပိုင်း အသက်တဖြည်းဖြည်းကြီးလာတာနဲ့အမျှ … ကိုယ့်ပါးစပ်ထဲဝင်ပြီး ခန္ဓာကိုယ်ထဲ လည်ပတ်စီးမျောမယ့် အစာတစ်လုပ် သန့် ရှင်းရေးကို ပိုအလေးထားမိတယ် … ။ ကျွန်မ သိတတ်တဲ့အရွယ်ကတည်းက နောက်ဖေးမီးဖိုချောင် (အိမ်သာ) နဲ့တွဲရက်နေရာမျိုးမှာ ဘယ်တုန်းကမှ ထမင်းမစားခဲ့ဘူး … အိမ်သာက အိမ်သာ မီးဖိုချောင်က မီးဖိုချောင်ပေမယ့် … စိတ်ထဲ မသန့်သလို ခံစားရတယ် … ။ ဈေးဝယ်လျှင်တောင် အီကြာကွေးလို ၊ အကြော်စုံလို …တခြား ဘာညာ အသင့်စား အစားစာတွေလို …. ဈေးရောင်းသူက လက်ကြီးနဲ ့တဖျက်ဖျက်ကောက်ထည့်မှာ အကြောက်ဆုံးပဲ … ။ သူတို့လက်က ဆေးမှာမှ မဟုတ်ပဲ … 🙁
လက်နဲ ့မထည့်နဲ့လို့ တခါက အကြော်ဝယ်ရင်းပြောဖူးတော့… ရောင်းသူက ကျွန်တော်လက်နဲ့မထည့်လျှင် ခြေနဲ့ ထည့်ရမှာလားတဲ့လေ …. ။ ဒေါကီးပြီး မဝယ်ပဲ ဖြန်ထွက်ခဲ့ဖူးတယ် … ။ 😀 အခုတော့ ကျွန်မ ဗြိတ္တာဖြစ်နေပါတယ် … စားချင်လျှက်နဲ့ …. ဇီဆာကြောင်ပြီး … အစားစာတွေကို လက်နဲ့ကိုင်မှာကြောက်နေတာကြောင့်ပါ … ။
TTNU
October 31, 2011 at 2:46 pm
အားပေးနေသူ ကိုရင်မောင် … ကျေးဇူးတင်ပါတယ်။
ကိုအောင်ဘုကို ဘယ်လိုမြင်သလဲဆိုတဲ့ ကိုကြောင်ကြီးရေ … သူကိုမမြင်ဖူးသေးဘူးတော့။
သူ့စာတွေနဲ့သာ သိတာလေ။ ပူးချ် တွန်းနေတာနော်၊ ငါ့ကို ကိုအောင်ဘုစိတ်ဆိုးပြီး မခေါ်တော့ရင်
နင်တို့တာဝန်နော်။ 😐
ကိုဝင်းထော်လခါ နဲ့ ကိုပေါက်ဖော်တို့ရေ … ကျုပ်တို့ အဲလိုဒေါထပြလို့ ရှိရင် မံမံ ငတ်သွားမှာပေါ့လကွာ။
ပူးချ်ရေ… Thank you for your thoughtfulness. ဘပု မှတ်ချက်ကို ချွန်တွန်းမလုပ်နဲ့နော်။ ငါ အဆဲခံရ
ရင် သမော်တီးဆီကို Forward လုပ်ပစ်လိုက်မှာနော်။ Watch out! A huge cat is stalking you.
ဆရာသစ်ရေ… အရိပ်သုံးပါးနားမလည် ဂျီသူငယ် ကျားစာဖြစ်တတ်တယ် ဆိုစကား ရှိတာပဲနော်။ ဒီလို
အရိပ်အကဲသိတတ်ဖို့က Common Sense ရှိသူတွေမှ သိလွယ်မယ်မဟုတ်ပါလားဆရာရေ။
အိတုန်ရေ… လက်နဲ့ ကိုင်ပေးတာအပြင် ထမင်းသုတ် ခေါက်ဆွဲသုတ်တွေ လက်နဲ့နယ်ပေးတာ ရှိသေးတယ်နော်။ ရန်ကုန်တို့ ပြည်တို့ ရောက်ရင် အသုတ်စားချင်လွန်းလို့ စားရင်တောင် မနယ်နဲ့ မနယ်နဲ့
မြန်မြန်မှာရတာ သိလား။