Mandalay Gazette REVIEW – THE LADY‎

kaiNovember 5, 20112min20820

ဒီနေ့ ညနေရုံးကစောဆင်းပြီး ဟောလိဝုဒ်က ချိုင်းနီးစ်သီရေတာမှာ ပြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင် THE LADY‎သွားကြည့်တယ်..။ ရှယ်ရှိုးပေါ့..။ မနေ့ကလည်း.. အိမ်နားမှာ တခါပြသွားသေးတယ်လေ..။ အဲဒီမှာလည်း ရုံပြည့်ပါတယ်..။ အလကားပြတာကိုး..။

အဲဒါ..ကြည့်ထားတာလေး..ရုပ်ရှင်  ရီဗျုးနည်းနည်းလုပ်ပေးမလို့ပါ..။

ချိုင်းနီးစ်သီရေတာဆိုတာက.. ဟောလိဝုဒ်မင်းသားမင်းသမီး ဆယ်လီဘရိတ်တီတွေ.. လက်ရာခြေရာတွေ.. ကျောက်ပြားပုံနှိပ်ထားတာရှိတဲ့.. အခင်းပြင်လေးဘေးက..သမိုင်းဝင်ရုပ်ရှင်ရုံပါ..။ အကယ်ဒမီပေးပွဲလုပ်တဲ့.. ကိုဒတ်သီရေတာအောက်ထပ်ကပေါ့..။

စပွန်ဆာက.. အော့ဒီကားကမ္ပဏီကပါ..။ အဲဒါ ဦးစီးလုပ်တာက..AFI American Film Institute ဖြစ်တယ်..။

ပွဲကို ..မင်းသမီးမစ်ရှဲနဲ့ ပရိုဂျူဆာဘက်ဆင်န်တို့လာတယ်..။
ရုပ်ရှင်မပြခင်.. မိတ်ဆက်ထွက်ပြီးလူလုံးပြ….နောက်ရုပ်ရှင် တန်းပြတာပါပဲ..။
နေ့လည်ကတည်းက..အနားက ဟောတယ်မှာ မီဒီယာအစီအစဉ်ဖွင့်ထားပေမဲ့… ကျုပ်မသွားဖြစ်ခဲ့ပါဘူး..။
ညရုပ်ရှင်ပြီးတော့.. အဲဒီဟော်တယ်မှာ.. ဒင်နာပွဲရှိပါတယ်..။
အဲဒါတော့.. ခဏသွားကြည့်လိုက်ပါတယ်..။

ဆိုတော့..

ရုပ်ရှင်ကို.. စဖွင့်တာက.. ကလေးဘဝကဒေါ်စုကို… ဗိုလ်ချုပ်အောင်ဆန်းက.. မြန်မာတွေရဲ့.. ရွေရောင်လွှမ်းတဲ့ နေ့သမိုင်းတွေအကြောင်းရှင်းပြနေတာလေးနဲ့ပါ..။

ပြီးတော့.. ဗိုလ်ချုပ်အောင်ဆန်းရုံးသွားတယ်…၊
နောက်.. လုပ်ကြံခံရတဲ့အခန်း..။ အဲဒါက.. တော်တော်တော့ လက်တွေ့သမိုင်းနဲ့လွဲတယ်..။
ဗိုလ်ချုပ်အောင်ဆန်းကို.. နဖူးတည့်တည့် ပစ္စတိုနဲ့ပစ်ချတာကြီးဖြစ်နေတာကိုး..။

ပြီးတော့.. အင်္ဂလန်က.. မိုက်ကယ်အဲရစ်ကင်ဆာဖြစ်နေတဲ့အကြောင်းပြောတဲ့ ၁၉၉၈လောက်ဆီ ပို့လိုက်တယ်..။

နောက်မှ.. ၁၉၈၈ ဆီနောက်ကြောင်းပြန်တာပါ..။
အင်္ဂလန်နဲ့.. ရန်ကုန်ကို.. ခရောစ့်ကပ်နဲ့.. တလှည့်ဆီပြရင်း. ဇတ်ကိုဆွဲတင်သွားတယ်ဆိုပါစို့..။

တကယ့်အဖြစ်ဖြစ်လို့.. သိပ်မသိသာသလိုလို ဖြစ်နေပေမဲ့.. အခုလိုဇတ်ဆင်လိုက်တော့.. ဒေါ်စုဘဝ..တော်တော်သနားစရာပါလား မြင်ရတာပါပဲ..။
မိသားစုကို လုံးဝပစ်ပြီး.. နိုင်ငံအတွက်လုပ်နေတာဟာ.. တော်ယုံစိတ်ဓါတ်နဲ့တော့ မဟုတ်ဘူးးပေါ့လေ..။

အဲဒါကို မြင်သာအောင် ပြနေတာလို့ထင်ပါတယ်.။
လူတွေသိပ်သတိမထားမိတဲ့ ..မိုက်ကယ်အဲရစ်(ဒေါ်စုအမျိုးသား) ရဲ့ အနစ်နာခံစိတ်.. ကိုလည်း.. အဓိကနေရာက ပြသွားတယ် မြင်မိတာပါပဲ..။ အင်မတန်လွမ်းဆွေးစရာပါ..။
သူက.. ဒေါ်စုရဲ့.. အဓိက ပါရမီဖြည့်ဖက်ပေါ့..။

ဇတ်လမ်းကို ၂၀၀ရ ဆက်ဖရွန်တော်လှန်ရေးနဲ့.. တိကနဲ့ရပ်ချလိုက်လေရဲ့..။

ကျန်တာတွေတော့.. လက်တွေ့မြင်နေရတဲ့.. လောကကြီးထဲဆက်ကြည့်နိုင်ကြပါသည်ပေါ့..။ ရုံကထွက်လာတော့.. မြန်မာလိုဝတ်စုံပြည့်ဝတ်သွားတဲ့ ကျုပ်တယောက်ထဲကို.. လာမေးသူ ၃-၄ယောက်ရှိပါတယ်..။
အဲဒါ ဒိုင်ခံဖြေပေးလိုက်ရရဲ့..။
ဘယ်လိုမြင်သလည်းမေးတော့.. အင်မတန်လှတဲ့..လွမ်းစရာ့ဇတ်တပုဒ်လို့ပဲ.. ဖြေလိုက်ပါတယ်.။
ကိုယ်တိုင်သေသေချာချာသိတားတဲ့. ၈၈ ကနေ ခုထိရဲ့ဇတ်လမ်းတွေနည်းနည်းပြန်ပြောဖြစ်ခဲ့ပါတယ်..။

ရုပ်ရှင်ဟာ..၈၈တော်လှန်ရေးကြီးရဲ့ ပုံရိပ်တွေကို.. ဦးစားပေးမထားဘူးလို့.. ထင်မိပါကြောင်း…။

ဒေါ်စုအကြောင်းကို.. အချစ်ဇတ်လမ်းလေးလိုဖြစ်အောင်.. ဇတ်ဆင်သွားတာဖြစ်ပြီး.. အစပိုင်း ဇတ်ရှိန်တော်တော်မြင့်ပေမဲ့.. နောက်ပိုင်း.. ဖြတ်ချတာမြန်မြန်နဲ့..ဇတ်နည်းနည်းအိုင်သွားကြောင်း..။

ဒီပဲယင်းလုပ်ကြံမှုကို ထည့်လိုက်ရင်.. ပိုပြည့်စုံမယ် ထင်ကြောင်း..။
ဟောလိဝုဒ်အော်စကာရယ်..။ ကိန်င်းရုပ်ရှင်ပွဲတော်ရယ်ကိုတော့. ချိန်မယ်ဆို.. ချိန်နိုင်မယ် ထင်ကြောင်း..။

============

အောက်က ရီဗျူးပါထပ်ထည့်လိုက်ပါတယ်နော..။ လေဒီခိုင်ရဲ့ ရီဗျူးပါ.။
ကိုယ့်ဘိုင်အိုဂရပ်ဖီက.. လူတွေဘယ်လိုခံစားကြသလဲ.. သုံးသပ်သလဲ.. ဒေါ်အောင်ဆန်းစုကြည် သိချင်မှာပါ..။ ဒေါ်စုဖတ်မိစေချင်ပါကြောင်း…နဲ့.. အဆက်အသွယ်ရှိသူတွေ.. ညွှန်းပေးလိုက်စေလိုပါတယ်နော..။

============

The Lady Review _ ညိုခက်ကျော်

မနေ့က The Ladyကို ရုပ်ရှင်လက်မှတ်နဲ့ ညစာစားပွဲလက်မှတ်ပါရလို့်  Grauman’s Chinese Theater, Hollywoodမှာသွားကြည့်ဖြစ်ခဲ့ပါတယ်။တချို့ကလဲ  ဒီကားကို ၂ပြားမတန်အောင်ဝေဖန်ထားတဲ့ The Guardian’s သတင်းစာကဆောင်းပါးကြောင့်  ဘယ်လိုလဲသိချင်ကြတယ်။တနေ့က 3rd November11မှာလဲ  Arclight Theater Sherman OaKမှာလဲ ပြခဲ့ပါတယ်။ရုပ်ရှင်တကားလုံးအေနနဲ့ခြုံပြောမယ်ဆိုရင်တော့ The Guardianကဝေဖန်ထားလောက်အောင် ၂ပြားမတန်တာမျိုးမဟုတ်ပါဘူး။တချို့နေရာတွေမှာ ကွင်းဆက်ပြတ်ပြီး မြန်မာမဟုတ်တဲ့ပရိတ်သတ်တွေ နဲနဲ“ဘာလဲ”ဆိုတာမေးခွန်းထုတ်ရတာမျိုး။(ဥပမာ- ဒီပဲယင်းလုပ်ကြံမှု ဒီလောက်သမိုင်းဝင်တာကို လုံးဝထည့်ရိုက်မထားတော့ ဒေါ်စု နေအိမ်အကျယ်ချုပ်ကိစ္စက ကွင်းဆက်နည်းနည်းပြတ်နေပါတယ်)။တကားလုံးမှာ မင်းသမီးက ဒေါ်စုနဲ့ မတူတူအောင်ကို ကိုယ်ခန္ဓာပိန်တာ၊လမ်းလျှောက်တာ၊လက်ပြတာ၊မျက်နှာပေးကအစ သေသေချာချာသရုပ်ဆောင်သွားတာ ဒေါ်စုရဲ့အရောင်အဝါ၊ဟန်၊မာန်ကိုမမှီ၊ထပ်တူမကျပေမယ့် အားရကျေနပ်စရာကောင်းပါတယ်။လူတေယာက်ရဲ့characterဆိုတာ ထပ်တူလုပ်ပြဖို့ခဲယဉ်းတဲ့အထဲလူမျိုးချင်းမတူသူတယောက်အကြောင်း အနီးစပ်ဆုံးအဲဒီ့လောက်လုပ်ပြနိုင်တာက တကယ်ကိုချီးမွမ်းစရာကောင်းပါတယ်

(ကိုယ့်ဟာကိုယ်စိတ်ကူးထဲတွေးမိတာက ကမာ္ဘကျော်သရုပ်ဆောင်မဟုတ်သော်ြငားလဲ မြန်မာသရုပ်ဆောင်တွေထဲကဒေါ်စုနဲ့အနီးစပ်ဆုံးကို စိတ်ကူးထဲထည့်ရိုက်မိတာက ရုပ်ရှင်မင်းသမီးသီတာသိမ့် (ခုတော့ပိန်သေးလားဝသွားလားမသိ?

နဲ့  ပန်းချီဆရာမ၊အဆိုတော်မချောအိသိမ်း၂ယောက်ကို ပြေးသတိရမိတယ် )

 

 

ဒီဇာတ်ကားမှာ ကျမအမြင်နဲ့အဓိကအကြိုက်ဆုံးသရုပ်ဆောင်သွားသူ၂ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်းလုပ်တဲ့သူ (မျက်နှာပေးရော၊ရုပ်ရည်ရောပါ ကြည့်လိုက်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တူနေပါတယ်) နောက်တယောက်က ဒေါ်စုခင်ပွန်းမိုက်ကယ်အဲရစ်နေရာကသရုပ်ဆောင်သွားတဲ့ မင်းသားပါ။ ဇာတ်လမ်းအစကနေအဆုံးထိ moodမျိုးစုံကို လုံးဝအိုက်တင်မထပ်အောင် ဝမ်းသာတဲ့မျက်နှာပေး၊ကြေကွဲတဲ့မျက်နှာပေး၊မြန်မာပြည်အာဏာရှင်စနစ်ကို အစပိုင်းဘယ်လိုမှနားမလည်နိုင်တဲ့မျက်နှာပေး၊ဒေါ်စုအတွက် ကျေနပ်အားရနေတဲ့မျက်နှာပေး၊နောက်ဆုံး ဆီးကျိတ်ကင်ဆာအခြေအနေအကြောင်းသိလိုက်ပြီး ဘာမှမတတ်နိုင်တဲ့အခြေအနေကိုသား၂ယောက်နဲ့ အတူရင်ဆိုင်နေရချိန်သရုပ်ဆောင်မှုအားလုံးဟာ ပရိသိတ်အာရုံကိုတချိန်လုံးဖမ်းယူနိုင်ခဲ့ပါတယ်။နောက်တယောက် ကိုဇာဂနာအဖြစ်သရုပ်ဆောင်တဲ့ ကြယ်သီးကလဲ ကိုဇာဂနာအမူအယာဟန်ပန်နဲ့ တော်တော်တူပါတယ်။ဒါပေမယ့် လူမျိုးခြားပရိတ်သတ်တွေမေးကြတာက “ဘာလို့ဒီဟာသသရုပ်ဆောင်ကို  ၃ကတ်၄ကတ်လောက်ဇောင်းပေးထားတာလဲ”တဲ့။ကျမက ”Zargana, Burmese Comedian”ဆိုတဲ့စာလုံးကို ဂူးဂဲလုပ်ကြည့်ပါဆိုတော့ သူတို့သေချာမှတ်သွားပါတယ်။

 

 

တကားလုံးအနေနဲ့ခြုံကြည့်ရင် ကား၃ပုံ၂ပုံနောက်ပိုင်းမှာ ဇာတ်ကနဲနဲအိုင်သလိုဖြစ်သွားေပမယ့် မင်းသမီးမီရှဲရိုးအိုက်တင်တွေကအစပိုင်းထက်စာရင် ဒေါ်စုနဲ့ပိုပိုတူလာပါတယ်။အင်းစိန်ထောင်ကို အမြင့်ကနေမြင်ရတဲ့ပုံရိုက်ပြသွားတာလဲ ပရိတ်သတ်တွေ သေချာစိတ်ဝင်စားကြပါတယ်။နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ပုံတွေပြကြတော့လဲ “ဟာ”ကနဲ“ဟင်”ကနဲပါဘဲ။(အပြင်မှာ ဒီ့ထက်ပိုဇာတ်နာတယ် ဆရာတို့လို့ပြောချင်လို်က်တာ အသဲကိုယားနေတာဘဲ :))ဇာတ်ကားအသိမ်းမှာ ၂၀၀ရ သင်္ကန်းရောင်တော်လှန်ရေးမှာ ဘုန်းကြီးတွေချီတက်ပြီးဒေါ်စုအိမ်ရှေအရောက်၊ဒေါ်စုကခြံစည်းရီုးေရှ့ခုံပေါ်တက်ပြီး ပန်းပွင့်တွေကို ပြုံးပြုံးလေးကျဲချလိုက်တာနဲ့ အဆုံးသတ်လိုက်ပါတယ်။

 

 

ဇာတ်ကားအသိမ်းစာတန်းမှာဒေါ်စုေနအိမ်အကျယ်ချုပ်က ၂၀၁ဝနိုဝင်ဘာမှာ ပြန်လွတ်လာကြောင်း၊နိုင်ငံရေးအကျဉ်းသားထောင်ကျော်မြန်မာပြည်မှာအကျဉ်းကျဆဲဖြစ်ကြောင်း၊ဂျာနယ်လစ်များလဲပါဝင်ကြောင်းရေးပြီးအဆုံးသတ်ပါတယ်။

လာကြည့်သူ အများစုက နိုင်ငံခြားသားတွေဖြစ်ပါတယ်။ြမန်မာပြည်အကြောင်း ကြားဖူးနားဝရှိကြရုံကလွဲပြီး အသေးစိတ်သူသိရှားပါတယ်။သူတို့ရုပ်ရှင်ပြီးသိချင်ကြတာက “ဒေါ်စုသား၂ေ.ယာက်ဘာဖြစ်သွားလဲ””ခုရော မြန်မာပြည်မှာ ရုပ်ရှင်ကားထဲကလိုဖြစ်ပျက်နေတုန်းလား” ”နောက်ဆုံး ဘုန်းကြီးတွေ ဒေါ်စုအိမ်ရှေ့လာကြတဲ့ အရေးအခင်းကဘာလဲ””ကိုဇာဂနာက ဘာလဲ”ဆိုတာတွေနဲ့ ”မြန်မာ့ရိုးရာဝတ်စုံ”အကြောင်း။နောက်တခုက  ဇာတ်ကားအစမှာပြတဲ့”ရွှေတိဂုံစေတီ”က ရွှေအစစ်နဲ့တကယ်လုပ်ထားတာလား။အရွယ်အစားက ကားထဲမှာပြထားတာထက်ပိုကြီးလား။ပိုသေးလား။အဲဒါတွေပါ။မြန်မာအဝတ်အစားဆိုလို့ တချို့အခန်းတွေမှာ မင်းသမီးဝတ်ထားတဲ့မြန်မာဝတ်စုံေတွမှာ လက်ဖောင်းတွေ ၂ခန်း၊၃ခန်းလောက်တွေ့ရပါတယ်။ကျမသိသလောက် ဒေါ်စု မြန်မာအကျီင်္ကို လက်ဖောင်းနဲ့ဘယ်တော့မှ တွဲမဝတ်တတ်ပါဘူး။နောက်အကျီင်္က ပဇဉ်းခေါင်းကြယ်သီးတံတွေက နဲနဲကြီးနေတော့ တချိုနိုင်ငံခြားသားတွေက တရုတ်ရိုးရာအကျီင်္တွေနဲ့မှားပြီးပြောနေတာ ကြားခဲ့ရပါတယ်။လာမေးကြတော့ကိုယ်တတ်သမျှှမှတ်သမျှှပြောပြလိုက်ြပီး အဓိက ”ဒီပဲယင်းလုပ်ကြံမှု၂၀၀၃”နဲ့ “ ကိုဇာဂနာ”ဆိုတာဂူးဂဲလ်လုပ်ဖို့ သေချာစာရေးပေးလိုက်ပါတယ်။

အတိုချုပ်ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝဇာတ်လမ်းကို အသေးစိ်တ်မသိသေးသောမြန်မာများေရာ၊လူမျိုးခြားများပါ အချိ်န်ပေးကြည့်ပြီး ထိုက်တန်တဲ့ဇာတ်ကားဖြစ်ပါတယ်။ ထပ်ကာထပ်ကာပြန်ကြည့်ချင်ရလောက်ေအာင်ကောင်းတဲ့ကားမျိုးမဟုတ်ေပမယ့် မြန်မာပြည်အာဏာရှင်စနစ်အကြောင်း၊ပြည်ပရောက်နေရာက မြန်မာပြည်ပြန်လာပြီး မိသားစုဘဝနဲ့မိမိကိုယ်တိုင်ဘဝကိုစတေးပြီး နိုင်ငံ့အကျိုး၊ပြည်သူ့အကျိုးကိုနှစ်ပေါင်းများစွာထမ်းဆောင်ေနတဲ့ မြန်မာအမျိုးသမီး၊ကမာ္ဘ့ငြိမ်းချမ်းရေးနိုဘယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ဒီလိုရိုက်ကူးပြသတာ အင်မတန်ဂုဏ်ယူကျေးဇူးတင်မိပါတယ်။(ရုပ်ရှင်အတတ်ပညာရှင်မဟုတ်တဲ့အတွက် သာမာန်ပရိသတ်တဦးအနေနဲ့ရုပ်ရှင်ကြည့်ပြီးအတွေ့အကြုံကို ရေးထားတာဖြစ်ပါတယ်။တခြားကြည့်ြဖစ်သူ ရုပ်ရှင်အတတ်ပညာရှင်များရဲ့ ဒီဇာတ်ကားအကြောင်းရေးတာမျိုးလဲဖတ်ချင်ပါတယ်။ကိုမင်းထင်ကိုကိုြကီးနဲ့ ကိုချိုတူးဇော်ကိုဒီကား ကြည့်စေချင်လိုက်တာ)

20 comments

  • blackchaw

    November 5, 2011 at 4:01 pm

    သူကြီး။
    မြန်မာစကားပြောတာတွေ ပါလားဗျ။
    မင်းသမီး မစ်ရှဲ ကရော မြန်မာလိုပြောတဲ့
    သူ့ အသံထွက်က ဘယ်လိုလဲဆိုတာ ပြောပြပေးပါဦးဗျာ။

  • MaMa

    November 5, 2011 at 4:07 pm

    (မိသားစုကို လုံးဝပစ်ပြီး.. နိုင်ငံအတွက်လုပ်နေတာဟာ.. တော်ယုံစိတ်ဓါတ်နဲ့တော့ မဟုတ်ဘူးပေါ့လေ..။)
    အဲဒါကို အာဇာနည်စိတ်ဓာတ်လို့ ပြောရမယ်ထင်တယ်။ ကိုယ်ကျိုးစွန့်တယ်ဆိုတာ ပြောလို့သာလွယ်တာ။ တကယ့်တကယ်ကျတော့ လုပ်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။
    ခုနောက်ပိုင်း ဒေါ်စုရဲ့ပြောစကားတွေမှာလည်း ကိုယ့်လမ်းကြောင်းကို ကိုယ်ဖာသာရွေးချယ်တာ။ လုပ်သင်တာကို လုပ်တာဆိုတဲ့ စကားမျိုးပဲ ပြောတယ်။ လူထုအတွက် သူ့ဘဝကို အနစ်နာခံခဲ့ပါတယ်၊ စတေးလိုက်ပါတယ်လို့ မပြောဘူး။
    အဲလိုတွေကြောင့်လည်း ဒေါ်စုကို အရမ်းလေးစားရတာ။

  • ပေါက်ဖော်

    November 5, 2011 at 4:11 pm

    သဂျီး..
    နှုတ်ခမ်းမွှေးလေးဘာလေး ရိတ်သွားရဲ့လား.. 😆
    တော်ကြာ..
    ဂေဇတ်က သဂျီးမှန်း တန်းရိပ်မိနေဦးမယ်..

    စီးပွားရေး အကွက်မြင်ရင် နောက်ခါ ဗွီဒီယို ခိုုးရိုက်ခဲ့..
    အခွေရလာရင်..
    ကျနော်တို ့…မြေနီကုန်း အပိုင်စား အာလဘွားဆူးကို ကိုယ်စားလှယ်ခန် ့ပြီး
    ၅၁ ပေါ်မှာ လိုက်ရောင်းလိုက်ရင်……..
    ငှဲ.ငှဲ.. နောက်ဒါ

    THE LADY ကို..အနော်တို ့.မည်သို ့ကြည့်ရပါ့..
    အင်း..
    မကြာခင်တော့ ကြည့်ရမှာပါ…..
    ညှင်း..ညှင်း.ညှင်း..

  • we R one

    November 5, 2011 at 4:17 pm

    ရန်ကုန် ရုံတင်ပါ့မလားနော်.. ရုံတင်လို့ကတော့ ရှေ့ဆုံးကနေ သွားအားပေးမယ်…. 😀

  • ဆူး

    November 5, 2011 at 4:44 pm

    သဂျီးက မြန်မာဝတ်စုံနဲ့ ဆိုတော့ တောင်ရှည်နဲ့ ခေါင်းပေါင်းဝတ်သွားတာလား။
    အလွမ်းခန်းတွေ ညက်ရည်ကျရင် တောင်ရှည်နဲ့ သုတ်လို့ ရတယ်လို့ ဖြေလိုက်ဝူးလား။
    နောက်တာနော်..
    ရုပ်ရှင် အကြောင်းပြောတာ တိုနှမ်းနှမ်းနဲ့ ဖတ်ရတာ အားမရဘူး။
    ဖြစ်ရပ်မှန်ကို အသေအချာ အကွက်ကျကျ မရိုက်နိုင်ဘူးလား။

  • windtalker

    November 5, 2011 at 6:24 pm

    သဂျီး မြန်မာဝတ်စုံနဲ ့ပုံ တင်ပေးပါဗျို ့

  • Don Juan Ronald

    November 5, 2011 at 8:43 pm

    နိုင်ငံတကာမှာဗမာ့ဝတ်စုံနဲ့သွားလာနေတာ၊ ဦးနု ပြီးရင်တဂျီး ဦးခိုင်ဘဲ~ဗျို့~~~
    နှစ်ပေါင်းဒီလောက်ကြာအောင်တယောက်တည်းကြန့်ကြန့်ခိုင်တင်းခံနိုင်ပြီးနေနိုင်ခဲ့တာ၊တော်ရုံတန်ရုံယောကျာ်းများမမှီနိုင်ပါ၊
    (ဥပမာစစ်ထောက်ချုပ်)ဒါကြောင်တကမာ္ဘလုံးကကြည်ညိုလေးစားပါသည်။
    ကျနော်တို့ ထိုင်ဝမ်း ပြည်သူများအပါအဝင်ပေါ့ဗျာ။

  • TTNU

    November 5, 2011 at 9:45 pm

    ကိုခိုင်
    ခါတိုင်းမြန်မာဝတ်စုံမဝတ်ဘဲနဲ့ The Lady ပွဲကြည့်တော့မှ မြန်မာဝတ်စုံ ဝတ်တာလား။
    ဇာတ်လမ်းထဲမှာ မြန်မာလိုပြောတာတွေ မပီသဘူးဆို။ ဟိုပုဂ္ဂိုလ်တွေရော တူရဲ ့လား။
    ဒီမှာကြည့်ရဖို့ မလွယ်ဘူးထင်ပါရဲ ့။ အမြည်းလေးပေးတဲ့ ဆရာခိုင်ရေ ကျေးဇူးနော်။

  • Koyin Sithu

    November 6, 2011 at 12:05 am

    အဘသူဂျီးဦးဦးခိုင်…
    ကြော်ငြာထွက်ကတည်းက ထွေလာတော့ ကြည့်ဖူးတယ်..
    အဲ့မင်းဒမီးက အပြင်မှာအသက်ဘယ်လောက်ရှိပြီတုန်း…
    အဲ့ဇာတ်ကားထဲမှာ အကြိုက်ဆုံးက..
    ချိုကုပ်ဒူးကြီးတွေ သရုပ်ဆောင်ကွက်က ကွက်တိပဲ…

  • koyinmaung

    November 6, 2011 at 1:16 am

    နမူနာကြည့်လို့ရပါတယ်( movies.yahoo.com/movie/1810192292/trailer ) ဒီမှာသွားကြည့်လိုက်ပါ

  • kai

    November 6, 2011 at 3:10 am

    @blackchaw
    မစ်ရှဲဗမာစကား ပြောခန်းတွေပါပါတယ်.။ မိန့်ခွန်းတချို့လည်းပါတာပါ..။
    တော်တော်ကြိုးစားထားပါတယ်..။ နိုင်ငံခြားသူတယောက် အဲလောက်ပြောနိုင်တာ တော်တော်ရတယ်ဆိုရမှာပဲ..။ သွားစကားပြောတော့လည်း မြန်မာလို ပြန်ပြောတယ်ဗျ..။ ပရိုဂျူဆာကလည်း မင်္ဂလာပါလို ပြန့်ပြောလိုက်သေးတယ်.။
    @ပေါက်ဖော်
    ယူအက်စ်မှာ နောက်လဆန်းမှရုံတင်မှာတဲ့..။
    ခိုးတော့မရိုက်လာတော့ပါဘူး.။ ယုံလို့ကင်မရာပေးကိုင်ထားတာမို့.. ဇတ်ကွက်.. တခုမှကို မရိုက်ဖြစ်တော့တာ..။ တလောလေးကမှာ..အင်ဇာဂီ မြှောက်ပေးလို့ ဝယ်ဖြစ်တဲ့ ကင်မရာလေ.. ဗီဒီယိုပါရိုက်လို့ရတယ်.။ 🙂
    သာမန်အားဖြင့် ကင်မရာတွေက သိမ်းတယ်လေ..။ဖိတ်စာထဲလည်း ခိုးရိုက်ရင် ရာဇဝတ်မှုလို့ထည့်ရေးထားတယ်ခင်ည..။ ဘာပဲဖြစ်ဖြစ်.. နောက်လကျ ထွက်လာမှာပဲ..။
    ခိုးကူးခွေသွားအားမပေးရဘူးနော..။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ဟတ်ချိုး..။ 👿

    @we R one
    မြန်မာပြည်မှာ မတင်လောက်ဖူးလို့တော့ အဲဒီကတချို့ပြောတာပဲ..။
    တင်ခွင့်ပေးရင်တော့.. မြန်မာတွေ.. ဟိုက်ပါဒီမိုကရေစီရသွားပြီတောင် ပြောရမယ်..။

    @ဆူး
    တိုက်ပုံပုဆိုးလောက်ပဲ လုပ်တာပါကွယ်..။
    ကျုပ်တို့တမိသားစုလုံးသွားတာပါ..။ အားလုံးမြန်မာလို ဝတ်ကြတာပါ..။ ကြည့်ရတာ.. အရင်တနေ့ပွဲက.. မြန်မာနိုင်ငံရေးလုပ်နေသူတွေ သွားကြတာမို့.. အဲဒီနေ့မှာ မြန်မာဝတ်စုံဝတ်တွေများမယ် ထင်မိတယ်..။
    တကယ်တော့ အယ်လ်အေမှာ မြန်မာတွေ မြန်မာလိုဝတ်တာအဆန်းတော့ မဟုတ်ဖူးခင်ဗျ..
    သင်္ကြန်ပွဲ..ကွန်ဂရက်ကလူတွေလာတယ်ဆို.. ဥင်္ီးဆောင်သူအားလုံးလိုလို.. မြန်မာလိုတိုက်ပုံ-ပုဆိုးနဲ့ချည်းပဲဟာ..။ မြန်မာအမျိုးသမီး ထမီဝတ်တာတော့ ပြောမနေနဲ့..။ ဘုန်းကြီးကျောင်းပွဲဆို.. အမြဲလိုလိုပါပဲ..။
    ဇတ်လမ်းက ဖြစ်ရပ်မှန်ထက်အများကြီး သက်သက်သာသာလေး လုပ်ပေးထားပါတယ်..။
    အများကြီးလည်း ချန်ထားခဲ့တယ်..။
    နိုင်ငံရေးဦးစားပေးမဟုတ်ပဲ.. ဒေါ်စုကိုယ်ရေးကိုယ်တာဖက်ဦးစားပေးလိုက်ပုံရပါတယ်.။
    ဒင်နာမှာလိုက်မေးကြည့်တော့လည်း.. လာတဲ့သူတွေအားလုံးလိုလိုက..အဖြူတွေချည်းမို့.. သူတို့ကတော့ အဖြု..အဖြူဇတ်လမ်းမို့..ပိုကြိုက်တယ်ဆိုတာပဲ..။
    တကယ်လည်း.. မိုက်ကယ်(ဒေါ်စုကမိုက်ကီလို့ခေါ်တယ်) က တော်တော်အနစ်နာခံခဲ့တာပဲ..။ သူ့အခန်းကဏ္ဍက.. တော်တော်အရေးကြီးတာပဲ..။ သူသေခါနီးတောင်.. ဒေါ်စုကိုလိုက်မလာနဲ့လို ပြောခဲ့ပုံရတယ်..။
    အင်္ဂလန်က ဒေါ်စုအိမ်နေရာလေးက တကယ်လားတော့ မသိဘူး.။ အင်္ဂလန်က.. အဘဆွေ သိရင် ပြောစေချင်သား..။

    @windtalker
    တင်ဘူးဗျို့..။ အိမ်ကကြွက်တွေခြောက်ဖို့ထားမှာ သိနေတယ်ဗျို့..။ 🙁

    Don Juan Ronald
    အမှတ်မမှားရင်.. ပြီးခဲ့တဲ့နှစ်ယူအန်ကို မြန်မာအာဏာပိုင်တွေ မြန်မာဝတ်စုံပြည့် (ခေါင်းပေါင်းပါ ပါ) နဲ့လာတက်ခဲ့တာပဲ..။
    ဒေါ်စုပါဝါနဲ့.. လွှမ်းမိုးမှုရှိတာမို့.. တချို့ ဘိုမတွေလည်း ..မြန်မာထမီဝတ်ကြပါတယ်..။
    ဒီရုပ်ရှင်ထွက်ပြီးရင်.. ပိုတောင် ဝတ်စမ်းကြဦးမယ်..။
    ဆိုတော့..
    မြန်မာပြည်က.. အထည်ချုပ်တွေ.ဖက်ရှင်သမားတွေ (အချိန်ကိုက်) ဒေါ်စုကို ဦးဆောင်ထားပြီး မြန်မာဖက်ရှင်ရှိုးလုပ်.. မြန်မာ့အဝတ်အစား ပရိုမိုးရှင်း တွန်းတင်ဖို့ကောင်းတယ်..။
    မြန်မာအဝတ်အစားကို.. နိုင်ငံခြားသားတွေယူသုံးကြရင်.. နည်းနည်းနောနော မားကက်ကြီးမှ မဟုတ်တာနော..။
    ကြိုက်သွားရင်.. မီလီယံတွေ ပုံသွားမဲ့ ဘစ်ဇနက်ပဲ.။
    တရုတ်က. အထည်ကုန်ကြမ်းတွေသွင်း(သယ်ခ-အခွန်စရိပ်မှမထောင်းတာ). မြန်မာလို ဖက်ရှင်ဒီဇိုင်းလုပ်.. တကမ္ဘာလုံးကုန်ချောပို့ယုံ…။
    (နေနှင့်ဦး.. နောက်နှစ်တော့ ..ဒေါ်စုကို ယူအက်စ်ကို ..ဖိတ်ကြည့်ဦးမယ်..။ )

    @TTNU
    တီချယ်ရေ.. အပေါ်မှာ အယ်လ်အေက မြန်မာတွေအကြောင်း ပြောပြီးပြီနော..။
    မြန်မာလို မပီတာတွေ့ရတော့.. မြန်မာစကားတော်တော်ခက်တာပဲပြန်တွေးမိတယ်..။
    ဥပမာ.. က ခ ဂ ဃ င ကို ရွတ်ပြတာ.. သူတို့အတွက် အကုန် အသံထွက်တူတူချည်း ဖြစ်နေတယ်ခင်ဗျား..။
    ဘယ်လိုလုပ်တော့မလည်း..။
    ဟိုပုဂ္ဂိုလ်တွေနေရာ. ရမ်းလုပ်ပြသွားတယ်ထင်တာပဲ..။
    ဦးနေဝင်းနေရာကနေ.. ဦးစောမောင်ကျော်ပြီး ..ဦးသန်းရွေနေရာ တန်းသွားထားတယ်..။
    နောက်ပြီး.. (တကယ်အပြင်က စစ်တပ်လောက်) စမတ်မကျဘူးခင်ဗျ..။
    ဘယ်နှယ်.. လမ်းဘေးက.. ထောက်လှမ်းရေးက.. ဦးသန်းရွေလောက်နေရာ တန်းသတင်းပေးနေသလို လုပ်တာကိုး..။
    တကယ့်..စစ်တပ် ဖွဲ့စည်းပုံအစစ်ကို သူတို့ ကျော်ချထားတယ်..။
    ရုပ်တွေကတော့.. ဦးသန်းရွေနေရာကလူများ.. တော်တော်တူတယ်..။
    စစ်သားနေရာတွေက.. ထိုင်းတွေများခန့်ထားသလားတော့ မသိ.။ တကယ့်အစစ်တွေနဲ့စာရင်.. ပျော့အိအိနဲ့လိုပဲ..။ ၈၈ ရန်ကုန်ဝင်မွှေသွားတဲ့ စစ်သားတွေက.. သံခမောက်နဲ့..ပေကပ်ကပ်တစောက်ကမ်းရုပ်တွေ..။ 👿

    @Koyin Sithu
    http://en.wikipedia.org/wiki/Michelle_Yeoh
    မစ်ရှဲက.. ၄၉နှစ်ရှိပြီပေါ့..။ ထင်တောင်မထင်ရပါဘူး..။ ၄ဝအောက်လောက်ထင်ရတယ်..။
    ဒေါ်စုလွတ်ပြီး သူက ဒေါ်စုနဲ့တော်တော်နီးနီးကပ်ကပ်နေလိုက်တော့မှ.. အဲဒီနောက်ပိုင်းဇတ်ကွက်တွေ..ဒေါ်စုနဲ့ တော်တော်တူသွားသလို ခံစားမိတယ်..။
    ဘယ်လိုပြောပြော.. ဒေါ်စုအစစ်က မာန်ပိုပါနေတာကို သတိထားမိပါတယ်..။
    မှီတော့ မမှီဘူးပေါ့လေ..။
    ဇတ်လမ်းကို.. ကြည့်ရင်းနဲ့..သရုပ်ဆောင်အားနဲ့.. လူ.. ရောသွားအောင် အနုပညာတော့ မြောက်ပါတယ်…။ ဒေါ်စုနဲ့ပိုတူသွားအောင်.. ၁၂ပေါင်လောက် ဘော်ဒီဝိတ်ချလိုက်ရတယ် ပြောတယ်..။(ဒါက အော်စကာမှန်း အကွက်တွေပေါ့..။)
    ဆိုတော့.. အော်စကာပွဲတင်လို့နောမနိတ်ထဲ ပါအောင်လုပ်ကြရမှာပေါ့..။ အချိန်ကတော့ အကိုက်ပဲ..။ ဒီဇင်ဘာလောက်က ရုပ်ရှင်တွေက အော်စကာရွေးအဖွဲ ့က.. သေသေချာချာကြည့်တတ်တယ်..။
    ပြင်သစ်က ပရိုဂျူဆာမို့.. ကိန်င်း (ပြင်သစ်) ပွဲမှာ အရွေးခံရရင်တော့ သမိုင်းတွင်မှာပဲ..။
    ကိန်င်းက ..အနုပညာဦးစားပေးလေ..။

  • Don Juan Ronald

    November 6, 2011 at 7:42 am

    တဂျီး~~
    ကျနော်၊ကိုယ်ခန္ဓာကတာ၂၁ရာစုနှစ်ထဲရောက်နေပေမယ့်၊
    အတွေး၊အမြင်၊အတွေ့တွေက၂ဝရာစုမှာကျန်ခဲ့သေးတယ်၊ဒီဘက်ကူးမလာခဲ့သေးဘူး။
    ကြည့်လိုက်ရင်အသိသာကြီးပါ။
    ဆက်လက်ပြီးကျိုးစားပါမယ်။
    Tks !

  • မှော်ဆရာ

    November 6, 2011 at 10:32 am

    အဲဒီ့ရုပ်ရှင်ကြည့်ချင်တယ်ဗျာ …
    သူများပြောတာနဲ့ အားမရဘူး
    ကြည့်ပြီးသွားရင်လဲ အားမလို အားမရ ဖြစ်ဦးမှာပဲ …

  • ကြောင်ကြီး

    November 6, 2011 at 12:38 pm

    ဲအဲဒီနေ့ရှိုးပွဲက ရီစရာ အဖြစ်အပျက်လေးကို ပြန်ပြောရအုံးမယ်။ သဂျီးရေးတဲ့ အထဲမှာ မပါလို့။ လူတယောက်ပေါ့ဗျာ မိသားစုနဲ့အတူ မြန်မာဝတ်စုံပြည့်ဝတ် တောင်ရှည်ပုဆိုး၊ တိုက်ပုန်း၊ ကတ္တီပါ ဖိနပ်နဲ့ ပွဲလာကြည့်တယ်။ ရုံထဲရောက်တော့ ပြတော့မှာမိုလို့ မီးမှောင်ကျနေပြီ။ အဲဒါ မမြင်မစမ်းနဲ့ ကိုယ့်ပုဆိုးစ ပြန်နင်းမိနေလို့ နောက်ဆုံးမှာ ခါးတောင်းကျိုက် ဝင်ရတယ်။ ရုံတာဝန်ခံတွေက စေတနာနဲ့ မြင်ရပါစေဆိုပြီး သူ့ကွတကွတနဲ့ လျောက်နေတဲ့လမ်းကို ဆလိုက်မီးထိုးပေးလိုက်လို့ မြင်ရတာ။ တရုံလုံး ဝက်ဝက်ကွဲပဲ။ ထိန်းမရလို ဆယ်မိနစ် နောက်ကျပြီး ရုပ်ရှင်ပြရတယ်။ သဂျီးမိသားစုခင်မျာ ရယ်ရအခက် ငိုရအခက်။
    ပွဲပြီးတော့ သဂျီးက တယောက်ထဲ ဟိုဒီသွား လူလုံးပြတော့ အဖြူနှစ်ယောက်လာမေးတယ်။ သဂျီးခါးပတ်ထားတဲ့ ပုဆိုးစအရောင်နဲ့ ထောင်သားတွေသုံးတဲ့ စောင်အရောင်ချင်းတူလို့ မသင်္ကာဖြစ်ပြီး အရပ်ဝတ်ရဲနှစ်ယောက်က လာမေးတာ။ အိုင်ဒီတွေဘာတွေ အစစ်ခံလိုက်ရတယ်။ ဒါလည်း မမှတ်သေးဘူး၊ ပွဲခင်းထဲ လတ်လျားလတ်လျား ဆက်လုပ်တော့ လူနှစ်ယောက်က လက်မထောင်ပြ အားပေးတယ်။ သဂျီးလည်း ဝမ်းသာလုံစို့လို့ပေါ့။ အပင်ပန်းခံ ဝတ်ထားရတာ ဒီလောက်တော့ ဖြစ်သင့်တယ်ပေါ့။ အဲဒီလူတွေကျော်သွားမှ တွေ့လိုက်တာ သူတို့ဝတ်ထားတဲ့ တီရှပ်နောက်ကျောမှာ WE ARE GAY တဲ့။ သဂျီးကို တရုတ်အပေါ်ဝတ်စုံ၊ ဂါဝန်ဝတ်ထားတဲ့ အခြောက်မှတ်လို့ အားပေးသွားတာ။
    သဂျီးလည်း မျက်နှာ မအီမသာနဲ့ ကားပတ်ကင်ဆီကို တယောက်ထဲ ထွက်လာတယ်။ သူ့မိသားစုကတော့ ရှက်လွန်းလို့ အငှားကားခေါ်ပြီး အစောကြီးကထဲက အိမ်ပြန်ပြေးကြပြီ။ ကားဆီအသွားမှာလည်း ကားပတ်ကင်ဆီကထွန်းထားတဲ့ နီယွန်မီးရောင်နဲ့ သူဝတ်ထားတဲ့ ပုဆိုးက ထုတ်ချင်းပေါက် မြင်နေရတော့ လိင်တူချစ်သူ အရပ် ၆’၃”၊ ပေါင် ၂၅ဝလောက်ရှိတဲ့ လူမဲကြီးက အထာပေးတယ်ဆိုပြီး မျက်နှာခြင်းဆိုင်ကားထဲကနေ တပွမ်ပွမ်ဟွန်းတီးခေါ်လို့ ဖင်ပိတ်ပြီး ကသောကမျော ကားထဲဝင်ပြေးရတယ်။ ဒါနဲ့ နောက်ဆုံးပေါ် ဟိုက်ဘရစ်ကားကို မောင်းပြီး လေလေးတချွန်ချွန်နဲ့ ထွက်လာတယ်။ ဖြစ်ချင်တော့ သူ့တောင်ရှည်ပုဆိုးစတစက ကားတံခါးအပြင်မှာ ညှပ်ကျန်ခဲ့တယ်။ ကားလည်းမောင်းရော အစတလူလူနဲ့ပေါ့။ လမ်းပေါ်ကနေ မြင်လိုက်ရတဲ့ အဘွားကြီးတယောက်က ကားတံခါးနဲ့လူညှပ်ပြီး တရွတ်တိုက်ပါသွားပါတယ်နဲ့ ရဲကိုဖုံးဆက် အကြောင်းကြားလို့ အတော်ရှင်းလိုက်ရတယ်။ စဉ်းစားကြည့်ပေါ့ဗျာ၊ ကားအသွားအလာ ထူထပ်တဲ့ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ အရှေ့ကားက အဝတ်စ တလူလူနဲ့ နောက်မှာက ရဲကားတအုပ်ကြီး ပီးပေါ် ပီးပေါ် တကျော်ကျောအာ်လို့။ ကောင်းကင်မှာလည်း လိုကယ်သတင်း တီဗွီစတေရှင် တခုက သတင်းထူးပြီးဆိုပြီး ရဟတ်ယာဉ်နဲ့ တီဗွီလိုက်ရိုက်လို့။
    ကုလားဘုရားပွဲ လှည့်သလိုသာ မြင်ကြည့်ကြပါတော့။ သဂျီးဖြစ်အင်ကို မြင်နေရတဲ့ သူ့မိသားစုကတော့ ဖြစ်ပြန်ပါဟဆိုပြီး တအိမ်သားလုံး တီဗွီထဲပါမှစိုးလို့ ဘေးအိမ်သွားနေကြတယ်။ ထင်တဲ့အတိုင်းပဲ၊ ကားထဲမှာ “စိန်ခြူးရယ် ကြာညောင် လရောင်တွေ ခင်းပါလို့” သီချင်း တကြော်ကြော်အော်ဆိုလာတဲ့သဂျီး အိမ်ရှေ့ရောက်မှ ရဲတားလို့ရတယ်။ သူ့ခင်ဗျာ အိမ်ရှေ့ မြက်ခင်းပြင်ပေါ်မှာ ဝပ်လျားထိုး မှောက်လျက်ကြီး၊ လက်နှစ်ဖက်ကိုလည်း ခေါင်းပေါ်တင်ထားရသေးတယ်။ သူ့အိမ်သားတွေကလည်း ရှာမရဘူး။ ရဲတွေကလည်း သဂျီးကို မသင်္ကာတာနဲ့ ပုဆိုးချွတ်ရှာတယ်။ တိုက်ပုံ၊ အတွင်းခံဘောင်းဘီနဲ့ လူတယောက်ကို ဘေးမှာ ရဲဆယ်ယောက်လောက်ဝိုင်းထား သေနတ်တွေနဲ့ ချိန်ထားတယ်။ ရဟတ်ယာဉ်ကလည်း ရှိသေး။ တော်ဘီဗျာ ဆက်ပြောရင် ပိုတယ်ဖြစ်အုံးမယ်။။။။။။ 😆

  • mayday

    November 6, 2011 at 1:35 pm

    အနော်လဲ ကြည့်ချင်လိုက်တာဗျာ ။

  • pooch

    November 6, 2011 at 4:37 pm

    ထွေလာတော့ ကြည့်ဖူးတယ်.. ဟိုလူကြီးရုပ်ကတော့ တော်တော်တူတယ်.. မီရှယ်က ပန်းတွေကို ဝေနေတာပဲ…. ပန်းနည်းနည်းများတာကလွဲလို့ တူတယ်.. ရုံတင်ခွင့်မပေးလည်း ရတဲ့နည်းနဲ့ ကြည့်မှာပဲ……
    သူကြီးတို့ တမိသားစုလုံး မြန်မာဝတ်စုံကို တလေးတစားဝတ်တယ်ဆိုတော့ ဝမ်းသာပါတယ်.. …
    အရင်က အငေါ်တူးပြီး နဖူးမှာ တက်တူးထိုးခိုင်းမိတာ ဆောရီးပါ သူကြီး .. … 😛 😛

  • TTCG

    November 7, 2011 at 1:36 am

    ဒီင်္မှာ တင်ရင်တော့ သေချာသွားကြည့်ဦးမယ်ဗျာ… biography ဇာတ်လမ်းတွေက အပြင်နဲ့ တူအောင်ရိုက်နိုင်တာ အတော်ရှားပါတယ်… နည်းနည်းလေးတော့ ကြည့်လို့ ရှုလို့ အဆင်ပြေအောင် ပြင်ထား မြှုတ်ထား ပိုထား ကြတာကြီးပဲ… ဘာပဲဖြစ်ဖြစ် ဒီလိုဇာတ်လမ်းမျိုးက ကျွန်တော့်အတွက်တော့ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ခုပါ

    ဒါနဲ့ အင်္ဂလန်မှာ ဒေါ်စုအိမ်က ရှိသေးလို့လား… လိပ်စာလေး ဘာလေးရှိရင်ပေးပါဦးဗျာ…

  • ကြောင်ကြီး

    November 7, 2011 at 1:07 pm

    အောက်က ရီဗျူးပါထပ်ထည့်လိုက်ပါတယ်နော..။ လေဒီခိုင်ရဲ့ ရီဗျူးပါ.။ The Lady Review _ ညိုခက်ကျော်
    အန်တီခိုင်..သားသားကြောင်ကြီးကို ဟိုလူကြီးရယ် လိုက်လိုက် စနေတယ်။ ပြီးတော့ ပြောသေးတယ် သူက အိမ်ကိုသိပ်ပိုင်တာတဲ့။ သောကြာနေ့ ရုံးဆင်းတိုင်း ခုနှစ်လွှာချွတ်ကပွဲတက်ပြီး ကုန်ကျစရိတ်ကို ဆာဗာအဆင့်မြင့်တယ်၊ ပွိုင့်ဖိုးပေးရတယ်နဲ့ ကြိုက်သလို လှိမ့်လို့ရတယ် ကြွားသေးတယ်။ အန်တီ သိအောင် သားက ပြောပြတာပါ။ မှားသွားရင် တောင်းပန်ပါတယ်နော်။ ကျနော် မပြောခဲ့ဘူးလို့ မှတ်လိုက်ပါ။
    မှတ်ချက်။။။ ညိုထက်ကျော်ဆိုတာ အန်တီ့နာမည် အရင်းမဟုတ်ဘူးလို့ သားထင်တယ်။ ဖြစ်နိုင်တာ အန်တီ့ သားသမီး သုံးယောက်ရဲ့ နာမည် အဖျားဆွတ်ပေးထားတာ ဖြစ်ရမယ်။ ကြောင်ကြီး ညိုလေးနဲ့ စကားပြောချင်တယ်။ 😳 ထက်နဲ့ ကျော် နာမည်တွေကတော့ ယောက်ျားလေးဖြစ်နိုင်လို့ နောင်များမှပဲ တွေ့ပါမယ်။

    အန်တီခိုင်၏သားတပည့်
    ကြောင်ကြီး 🙂

  • Gipsy

    April 18, 2012 at 1:00 am

    ဟာ ကျေးဇူးဗျ ကြည့်ရတာ အဆင်ပြေတယ်…။
    ကြည်တောက်နေရောဗျို့…။

Leave a Reply