ဟုတ်သောသူနာစေ၊ဖတ်သောသူ သိပါစေသောဝ်

အလုပ်တစ်ခုကို/မကြားချင်သောအသံ

/မဖတ်ချင်သောစာ/မလွန်ဆန်ဝံ့သောအမိန် ့တွေ ကို နှစ်စဉ်၊လစဉ်၊အပတ်စဉ်၊ရက် ဆက်ပေါင်းများစွာကြုံတွေ ့၊ဆုံလာရလေတော့ လူတိုင်းလူတိုင်းငြီးငွေ ့တတ်လာကြတာ ဓမ္မတာပါ။

လုပ်ရင်း၊ဖတ်ရင်း၊မလွန်ဆန်ဝံ့ရင်း မှားမိတဲ့အကြိမ်၊အခါတွေလည်း ရှိလာကြမှာပါဘဲ။မှားလို ့သာ နောက်ဆုတ်ရမယ်၊တွေဝေသွားမယ် ဆိုလို ့တော့ ဘယ်ဖြစ်မှာလဲ။အမှားကို သင်ခန်းစာယူပြီး နောင်ဒီလိုမျိုးမဖြစ်ရလေအောင်၊အများပြည်သူအပေါ်တကယ် စေတနာထားတတ်လေအောင် အမှန်တရားကိုမြင်တတ်သွားဖို ့က အဓိကလို ့မြင်မိပါတယ်။

မိမိကိုယ်ကျိုးစီးပွား၊“အမျိုးသားအကျိုးစီးပွားပါဆိုပြီး အမျိုးအဆွေအကျိုးစီးပွား”ကိုသာလုပ်မယ်၊ဆက်မိုက်နေမယ်ဆိုရင် သမိုင်းမှာ လူမိုက်စာရင်းမှာ တန်းစီလိုက်ပေတော့ပေါ့။ မိမိအကျိုးအတွက်မဟုတ်ပါဘဲ အများပြည်သူအတွက် လုပ်ရင်းမှား သွားတယ်ဆိုရင်တော့ ကြိုးစားခွင့်လွှတ်ကြမှာပါ။

အများအကျိုးကို ဗန်းပြလုပ်နေသယောင်နဲ ့ကိုယ့်အိတ်ကပ်၊အမျိုးအနွယ် အဆွေတော်တို ့တွက်ဘဲ လုပ်နေမယ်ဆိုရင်တော့ ဘယ်သူတဦးတယောက်ကမှခွင့်လွှတ်မှာ မဟုတ်ပါဘူး။

မှန်တာပြော၊မှန်တာ လုပ်လို ့လူမုန်းများတယ်ဆိုတာ ထက် ကိုယ်ကျိုးအတွက် လုပ်နေမှန်းသိလို ့အများက ပိုမုန်းသွားတာပါ။ဆရာလူထုစိန်ဝင်း ကပြောတဲ့ သာဓက တစ်ခုကိုပြောပြပါမယ်။ဆရာဒဂုန်တာရာ ကြုံတိုင်းပြောနေ၊ရေးနေတဲ့ “မုန်းသူမရှိ ချစ်သူသာရှိ၊ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုတဲ့စကားကို လက်ခံနိုင်မှာပါ။ဆရာဒဂုန်တာရာဟာ

(၁)အဲဒီခေတ်အခါ ကတက္ကသိုလ်ကျောင်းဆောင်ကို ကိုယ်ပိုင်စန္ဒရားယူလာပြီးတီးသူ။
(၂)ဗိုလ်ချုပ်တို ့ကိုဗဟိန်းတို ့နဲ ့ကျောင်းနေဖက် ဖြစ်သလို၊နောင် ဗိုလ်ချုပ်အောင်ဆန်းက ကိုယ်တိုင်ခေါ်ပြီး ရာထူးပေးတာကို နယ်ပြန်ပြေးပြီးရှောင်ဖယ်နေသူ။
(၃)ဆရာဒဂုန်တာရာ ကို ယနေ ့ထိတိုင်အောင် အများက ကြည်ညိုလေးစားတာက သူ ့စေတနာမှန်တာရယ်၊အများပြည်သူနဲ ့တသားတည်းကျအောင်နေတတ်လို ့ပါတဲ့။

ဘယ်အရာမဆို စေတနာမှန်လေးထားပြီးတော့ စဉ်းစားပြုမူ၊နေထိုင်လုပ်ကိုင် သင့်ပါတယ်။ဘယ်ဆီ၊ဘယ်ဝါက လာမှန်းမသိတဲ့ အာဏာရှင်ဆန်ဆန် အမိန် ့ဆိုတာ ကို ဟိုးမြောင်းပုပ်ထဲဆင်းကောက် စေချင်ပါတယ်။လူကို ချစ်လို ့မူလေးပြင်သုံးမယ်၊လူကိုမုန်းလို ့မူလေးသုံး နှိပ်ကွပ်လိုက်မယ် ဆိုတဲ့ “မုဆိုးတပိုင်း မိန်းမရိုင်းကြီး”စိတ်ဓာတ်မျိုးက တော့အောက်တန်းကျလွန်း၊နိမ့်ပါးလွန်းပါတယ်။

8 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 5, 2011 at 11:01 pm

    အေးဗျာ
    အားဗျေ
    ကျုပ်ကို တစ်ခုပြောခွင့်ပေးဘို့ ကနဦးတောင်းဆိုပါရစေ
    ရည်ညွှန်းချက်လေးကို စောက်ရမ်းသဘောကျတယ်
    စောက်သုံးမကျတာက စောင်းပြောသလိုဖြစ်နေတယ်
    ဘယ်သူ့ကို ဘာပြောခြင်တာလဲ
    ပြော
    အမှန်တရားဖြစ်ပါစေ
    ကျုပ် အားလုံးကို သေခြာဖတ်ရှု့နေပါတယ်
    အမှန်တရားတွက် ဘယ်ခွေးမှ လူထင်စရာမလိုဘူး
    ဒီနေရာမှာ မပြီးရင် တစ်ခြားဆိုးဒ်တွေရှိတယ်
    ဒါပေမယ့် ခုဟာက ဘယ်သူ့ကို စောင်းပြောနေတာလဲ
    စောင်းမပြောနဲ့ တည့်တည့်ပြော စောင်းပြောတာ မိန်းမ ခင်ဗျားယောက်ျားမဟုတ်ဘူးလား
    ခင်ဗျားပြောတဲ့ အကြောင်းကို ခင်ဗျားတာဝန်မယူရဲဘူးလား
    မယူရဲရင်မပြောနဲ့ ရှင်းရှးင်းလေး နဲနဲမှမရှုပ်ဘူး
    အမှန်တရားတွက် ကျုပ် ခင်ဗျားဘက်က ရှိတယ်
    ကြုံလို့ပြောလိုက်ဦးမယ်
    ထိုင်းမှာရေကြီးတယ်
    ငါလိုးမသား နယ်စပ်က ခွေးသဒေါင်းစားတွေ လီးလိုမှိုလိုလုပ်တာ
    သတင်းတွေက ဖေါ်ပြကြတယ် ( အထူးသဖြင့် ဧရာဝတီဆိုဒ် )
    ခု
    နေပြည်တော်က ဆင်းလာပြီးအရေးယူတယ်
    ပြော
    ခင်ဗျားပြော
    ဘယ်သူလဲ ဘာလုပ်လဲ
    ဘာအထောက်ထားပြနိုင်လဲ

    • ကိုဂျော်နီကြီးရေ….ကျွန်တော်ခုလောက်ရေးမိတာတောင်များနေပီလား မသိပါဘူးနော်။
      တကယ်တော့ ပြောချင်တာက အနိုင့်အထက်လုစား၊ပြည်သူကရွေးကောက်တင်မြှောက်ထားပါတယ်
      ဆိုပြီး ပြည်သူ ့ဝန်ကိုမထမ်းတဲ့ ဝန်ထမ်းပျက်တွေပါ။MG ရွာထဲကလူတွေမဟုတ်သလို ၊ကျနော့်ဇာ
      တိနဲ ့အဝေးကြီးကသူများလဲ မဟုတ်ပါဘူး။

  • waymg

    November 6, 2011 at 10:11 am

    အေးဗျာ . . တစ်ကယ်တော့ သင့်မြတ်လျှော်ကန် တဲ့ လမ်းကိုခင်းပြီး
    ဆက်လျှောက်သင့်ကြပါပြီ..။ သို့သော်……………..

  • ပုံပြောသူ

    November 6, 2011 at 10:24 am

    ကောင်းမွန်တဲ့လမ်းက အလှမ်း ဝေးလွန်းနေသေးပါတယ် ၊
    အဓမ္မ ဝါဒီအဖွဲ့ က အားကောင်းနေဆဲမို့..

  • moethuzar

    November 9, 2011 at 11:49 am

    ဘယ်သူတွေကိုများ ရည်ရွယ်ပါလိမ့်။ဟုတ်တဲ့လူပြောခံရတဲ့လူတွေ တော့သူအကြောင်းသူသိလို ့ပြန်ကိုမပြောရဲတော့ဘူး မလား။အရှိုက်ထိသွားလို ့နေမှာပေါ့။ကောင်းပါတယ်။

  • J.me

    November 9, 2011 at 1:19 pm

    စိတ်အထင် ဉာဏ်နီဉာဏ်နက် စဉ်းစားနေတာပဲဖြစ်မှာ ဘယ်သူ့ကိုလဲဆိုတာ
    သိသလိုလို မရေရာမသေချာဖြစ်နေတာ ။

  • ဘယ်အရာမဆို စေတနာမှန်လေးထားပြီးတော့ စဉ်းစားပြုမူ၊နေထိုင်လုပ်ကိုင် သင့်ပါတယ်။ဘယ်ဆီ၊ဘယ်ဝါက လာမှန်းမသိတဲ့ အာဏာရှင်ဆန်ဆန် အမိန် ့ဆိုတာ ကို ဟိုးမြောင်းပုပ်ထဲဆင်းကောက် စေချင်ပါတယ်။လူကို ချစ်လို ့မူလေးပြင်သုံးမယ်၊လူကိုမုန်းလို ့မူလေးသုံး နှိပ်ကွပ်လိုက်မယ် ဆိုတဲ့ “မုဆိုးတပိုင်း မိန်းမရိုင်းကြီး”စိတ်ဓာတ်မျိုးက တော့အောက်တန်းကျလွန်း၊နိမ့်ပါးလွန်းပါတယ်။ ပြောချင်တာက ဒီနေ ့ခေတ် ဝန်ထမ်းပျက်တွေ ကိုပါဗျာ။

  • Gipsy

    November 14, 2011 at 2:28 pm

    လူကို ချစ်လို ့မူလေးပြင်သုံးမယ် ၊ လူကိုမုန်းလို ့မူလေးသုံး နှိပ်ကွပ်လိုက်မယ် ..
    အဲဒီစကားအတိုင်း တစ်ကယ်ကို ဖြစ်နေတာ …၊
    အများကြီးမဟုတ်တောင်မှ မျှတမှု နည်းနည်းလေးရမယ် ဆိုရင်ပဲ ကျေနပ်ရမှာပါ…။

Leave a Reply