ဒေဇီကြာပစ် နှင့် သရုပ်ဆောင်ကောင်းသူများ – စ
“တွီ..တွီ..တူ.တူ..”
ရုတ်တရက်..ဖုန်းမြည်လာသံကြောင့် ကြည့်လိုက်ရာ နံပတ်က..99 နဲ ့စသည်မိုလို ့..
ကပေ့ဆီကပဲ ဆိုပြီး ပြန်ဖြေလိုက်သည်…
“ဟလို..ဂပေ ပြော..”ဆိုပြီး စကားစပေးလိုက်တော့…
“ဟရို..ဖော်ရီး….ရေချိုးထား…ရွှိုင်းနင်းဂွိုင်းနင်းလုပ်ထား..ညနေလမ်းဂျောင်းခင်းမယ်..လိုက်မယ်မလား…”
လုပ်ပြီ ဂပေကတော့.ဘယ်လမ်းဂျောင်းလိုက်ရမှာလဲ….ရှင်းရှင်းပြောပါဗျ..
“ပိန်းလိုက်တာ ဖော်ရီးရာ….တနေ ့က ရီးရဲလ်ပွဲ..
အဟဟဟ..ဒိုလေးဟက်ထရစ်နဲ ့..ဆယ်ပုံးခိုင်ထားတယ်..အဲတော့..
ဒီည..သောက်မယ်..စားမယ်..အော်မယ်ဟစ်မယ်..အန်မယ်အော့မယ်…အနင်းအနှိပ်ခံမယ်..
ဘာလဲ.
မင်းမလိုက်ချင်…ချင်…”
စကားမဆုံးမီမှာပင်…..ကျွန်ုပ်လဲ ပျော်လွန်းလို ့….
“ခုတွားမှာယား ကပေရီး…..ကျနော်က လယ်ဒီပဲ..နော်..
ရေက မနေ ့ကတည်းက ချိုးထားတာ….အေးချေး..အေးချေး..မွှေးပြီးသား..
ကျုပ်လဲ…ဂေဇက်ကစာတွေဖတ်ပြီး ကြေးပေါင်းတွေ….ဒန်ပေါင်းတွေတက်နေလို ့.
အနင်းအနှိပ်လေး ခံချင်နေတာ..ကလား..
ငှဲ.ငှဲ..ငှဲ…”
“ဒါဆိုလဲပြီးရော..
အဆင်သင့်ပြင်ထား..
ညနေ….ကျုပ်လာခေါ်မယ်…….”
ဆိုပြီး…ကပေ ဖုန်းချသွားသောအခါ….
အင်း..ကပေ..ကပေ….
ကံလေးကကောင်းချင်တော့..ကထိန်တစ်ခုခင်းလိုက်တာနဲ ့…ဆယ်ပုံး တန်းခိုင်တာပါကလား..
အမွှာသုံးကောင်နဲ ့..မိန်းမကတော့..ရွာကမိဘတွေဆီ အလည်ပြန်နေတဲ့အချိန်….
ဒင်းတော့ မြင်းဇောင်းထဲက လွှတ်လိုက်တဲ့မြင်းလို….လွှတ်ခုန်တော့မယ်ထင်ပါ့..
အင်းလေ..ကျုပ်ပဲ ကြည့်ထိန်းရတာပါ့…
သို ့နှင့်.ကပေ့ထက်ပို၍…စကီလေးတွေငန်းချင်သော ကျွန်ုပ်လဲ…ရေမိုးချိုး.အဝတ်စားလဲ၍
ညနေ ကပေလာခေါ်မည်ကို စောင့်နေလိုက်ပါတယ်။
ညနေရောက်တော့..ကပေ သူ ့စီးတော်ယာဉ်နှင့်မလာပဲ ကားငှားပြီးလာခေါ်ကာ….
ငန်းနေကျမဟုတ်..အဲ..အဲ..သွားသောက်နေကျ ဆိုင်မဟုတ်တဲ့..မရောက်ဖူးတဲ့ဆိုင်..ကိုသွားမယ်….
ဆိုလို ့..ကျွန်ုပ်လဲ..နာမည်သာကြားဖူးပြီး တစ်ခါမှ မရောက်ဖူးတဲ့..ပါးပါးလှီး..ဘီယာစတေရှင်သို ့
ညွှန်ပေးလိုက်ပါတယ်..။
“ဟုတ်တယ်ကပေ…
ကျုပ်လဲ ကြားသားကြားဖူးတာ..တစ်ခါမှ မရောက်ဖူးသေးဘူး..
အဆိုတော် မီးမီးလေးတွေ ရေလည်လန်းတယ်ပြောတယ်….
သူ ့ဘေးမှာ.ကေတီဗွီအခန်းတွေဆက်ထားတယ်..
မြေအောက်ထပ်မှာ..မာဆတ်ရှိတယ်ဆိုတော့.….ကျုပ်တို ့ခြေရှည်စရာမလိုတော့ဘူး….
နီးနီးနားနား.လှည့်ပြီး ဖင်ချ(ထိုင်)ယုံပဲ..မနိပ်ဘူးလား..” လို ့ဆိုပြီး..
ကျွန်ုပ်မှပဲ ဦးဆောင်ကာ ကားဆရာကို.. ပါးပါးလှီးသို ့..ဦးတည်ခိုင်းလိုက်ပါသည်။
“ပါးပါးလှီး ဘီယာစတေရှင်”
ရောက်ပါဘီ….
ကားထိုးရပ်လိုက်သည်နှင့်.“ကြွပါဆာ”ဆိုပြီး..ကားပါကင်စောင့် ဝိတ်တာတွေ..အလုအယက်
ကားတံခါးပြေးဖွင့်ပေးကြတယ်
ကပေနဲ ့..ကဖော်ကြီးလဲ ဝိတ်တာတွေ..အလိုုက်သင့်ဖွင့်ပေးတဲ့ တံခါးမှ အသာအယာ ထွက်၍
ဝိတ်တာတွေခေါ်ရာ နောက်..လိုက်မည်အပြု..
“ဟေ့လူတွေ.. ဟေ့လူတွေ..ကားခရှင်းဦးလဗျာ…..
ပုံစံတွေကြည့်တော့.ကျောက်သထေးလိုလို..လော်ပန်တွေလိုလိုနဲ ့..ကားခကို မေ့ချင်ယောင်ဆောင်ပြီး..
အချောင်စီးချင်သေးတယ်…အံရော..အံ့ရော” ဟူ၍ ကားဆရာမှ ကားခလှမ်းတောင်းလေ၏..
ဟုတ်သားပဲ..
ငန်းချင်စိတ်များပြီး ကားခ ရှင်းဖို ့တောင် သတိမရပဲ.ရောက်တာနဲ ့ဆိုင်ထဲ ပြေးမဝင်ယုံတမယ်
ကပေနဲ ့ ကျွန်ုပ်လဲ..အလောလေးဆယ် လုပ်မိရာ..၆ရှက်ကွဲရလေဘီ..
ထိုအခါ..
ကပေက သိက္ခာဆည် အပြုံးလေးပြုံးပြီး တစ်ဆက်ထဲ….
“ညေး..(ညီရေး)
ဆောဒီး…
ကိုတို ့..အာရုံနဲနဲများသွားလို ့..အဟဲဟဲ..
ဘယ်လောက်လဲကွ..ကားခ..ရော့..ပိုတာမုန် ့ဝယ်စား” ဆိုပြီး တစ်ထောင်တန် တစ်ထပ်
ဆွဲ ထုတ်ပေးရင်း သိက္ခာ ပြန်ဆည်ကာ ဝိတ်တာခေါ်ရာဝိုင်းသို ့..နေရာယူလိုက်ကြပါတယ်။
အားပါးပါး..
ကြီးကျယ်ခန်းနားလိုက်တဲ့ဆိုင်ကြီး….
နံရံဘေးပတ်ပတ်လည်မှာ..အနုမြူဆေးတွေဖြင့် တောအုပ်..သမင်.ဒေါင်း…စမ်းချောင်း.ရေတံခွန်..တို ့ဖြင့်
ချယ်သထားတယ်..
ဆိုင်အလယ်ခေါင်တည့်တည့်မှာ..စကီလေးတွေ..သီချင်းဆိုတဲ့..စတိတ်စင်..
စတိတ်စင်ကို ဝန်းရံပြီး.စားသောက်ဝိုင်းတွေ..အစီအရီခင်းထားလေတယ်….
Spot-light မီးလုံးတွေလဲ အများအပြား..တပ်ဆင်ထားလေရဲ့….
စကီလေးတွေကိုပန်းကုံး စွတ်ပြီးရင်..စကားပြောဖို ့..စကားပြောခန်း လဲ ပါရဲ့
ကိုချိုတို ့လို အိမ်မပိုင်သူတွေအတွက်..သီးသန် ့ခန်း.. Special Room လေးတွေလဲ တွေ ့မိရဲ့
ဆိုင်အခြေအနေကြည့်ပြီး..နိပ်ဟဆိုတဲ့..အဓိပ္ပါယ်နှင့်..ငပေနှင့် ငဖော်ကြီးတို ့နှစ်ယောက်..
တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ကာ မှိုရသလို.. သဘောခွေ ့နေလေရဲ့..။
သို ့နှင့်..
တစ်ခါမှ မသောက်ဖူးသော.. Blue Label တစ်တောင့်မှာကာ.လမ်းထဲက ဘုံဆိုင်မှာမရှိသော..
.ကုန်းဘောင်ကြော်..ဝက်သလုံးကြာ် ငါးရှဉ့်ခြောက်စပ်..ငါးခေါင်းဟင်းချို…တို ့ကို.ကပေ့အတွက်မှာပေးကာ
ကျွန်ုပ်အတွက်..ရေခဲတင်..အသီးစုံ တစ်ပွဲ..မှာ၍..ဝီစကီတစ်တောင့်ကို ပါးပါးချင်း..စတင်ဖြိုကြပါတော့သည်။
သိပ်မကြာခင်..တခြားဧည့်သည်တွေလဲ အလှျို.အလျို ရောက်လာပြီး အကုန်လုံးနီးပါး လန်းသော ပါးပါးလှီး..ရဲ့
သမီးပျိုလေးတွေလဲစုပြီး အဖွင့်သီချင်း စတင်ဆိုနေကြပြီ..
ကျွန်ုပ်လဲ ပါးပါးလှီးလေးတွေငန်းပြီး.. ပါးပါးချင်း သောက်နေလိုက်..
ခွက်ပြောင်သွားတော့ ဝိတ်တာကလာထည့်လိုက်နှင့်..ပါးပါးတော့ မူးလာပြီ…
ဆိုင်အဖွင့်သီချင်းကို အဖွဲ ့လိုက်ဆိုနေကြသော..စကီလေးတွေကြည့်ပြီး…
“ကပေ….ဒီအဖွဲ ့ထဲ ဘသူအလန်းဆုံးလဲဗျ..”ဟု စကားစပြတ်နေသော ကပေ့ကို မေးလိုက်ရာ..
ကပေ့ဆီမှ စကားပြန် မလာ..
“ကျုပ်တော့..အတိုလေးနဲ ့..စကီလေး.လန်းတယ်ထင်တယ်..ခင်ဗျားကော..ဗျ” နောက်ထပ်..မေးပြန်တော့လဲ
ကပေ့ဆီမှ စကားပြန် မလာ…..ငြိမ်ချက်သားကောင်းနေကော ကပေ့အား….ကြည့်တော့..
အမယ်..ဒင်းက…အရည်ရွွှမ်းရွွှမ်းတောက်နေတဲ ့မျက်လုံးအစုံနဲ ့..ငန်းနေလေရဲ့..
ကျွန်ုပ်လဲ….ဟေ့လူ..ဆိုပြီး နား အနားကပ်အော်ပြီး.ထောင်နေသော…နှုတ်ခမ်းမွှေးဆွဲပြီး..
မျက်နှာကိုကျွန်ုပ်ဘက် ဆွဲလှည့်လိုက်ရာ..ကပေ့ဆီမှ..
အောင်မလေး.. ကော့လန်ကောက်ကွေး.. အောင်ပန်သားကြီး ဟူ ရွေ ့အာမေဋိတ်သံထွက်လာလေ၏..
မေးနေတာကြာဘီ..ဘာတွေကော့လန်ကောက်ကွေးနေလို ့ ..မကြားတာတုံးဗျ..
ငမ်းတာလဲ ငမ်း…
နဲနဲလဲ..သောက်….စားဦး..
အမြည်းတွေ….အေးကုန်ဘီ..
ဟူ၍..သတိပေးလိုက်မှ….ရေခဲပျော်နေပြီဖြစ်သော ခွက်ကို နှုတ်ခမ်းမွှေးမြုပ်အောင် မော့သောက်ပြီး..
ဝက်သလုံးကြော်..တစ်တုံးပါးစပ်ထဲ ပစ်ထည့်လိုက်လေရဲ့..
အဲတော့မှ..ကျွန်ုပ်ငန်းရန် အလှည့်ရောက်ပြီဆိုပြီး….ကပေ့ကို…စကားစ ခွင့်ရတော့တယ်..
ကပေ..
ကျုပ်တော့..ဟို..အတိုလေးနဲ ့..ပေါင်သလုံ းဖွေးဖွေးလေးကို စီဘောကျတယ်…
ဘလိုလဲ..မိုက်တယ်နော်..ဂလု..(တစ်ငုံထပ်သောက်သံ)…
ခင်ဗျားကော..ဘယ်လိုသဘောရတုံး…..
အာ..ကဖော်ရီးကလဲ.
သဘောကျရင် စွတ်ထည့်လိုက်..ပေါ့….(ပန်းကုံး)..
ကျုပ်အထုပ်နဲ ့အထည်နဲ ့လာတာ..ဘာပြသနာမှ မရှိဘူး….စွတ်..စွတ်..
စွတ်မှ..နင့်ကိုမှတ်မိမှာ.နို ့မဟုတ်….နင့်ရူပါ ဘလောက်လန်းလန်း..ဒင်းတို ့လေးတွေက…ပန်းကုံးတွေလောက်..
စိတ်ဝင်စားတာမဟုတ်ဘူး..
အိုကေ..ကပေရီး….ခင်ဗျား..ငွေထုတ်ပါးသွားလို ့..မညိုညင်ရင်ပြီးရော….
ကျုပ်တော့..အတိုလေးနဲ ့..ဖွေးဖွေးတောင့်တောင့် စကီလေးကို ဟတ်ထိနေပြီ….အဲတစ်ယောက်ကလွဲရင်
ကျန်တာ..ခင်ဗျား..ငန်းပေတော့..ကျုပ်ဘာသာ ဆက်လှုပ်ရှားတော့မယ်..ဂလု..(တစ်ငုံသောက်သံ)
ကပေကတော့.ဆက်လက်ငန်းနေလေပြီ..
အင်း..မိန်းမလစ်တုန်း ငန်းရတာ.ငန်းပစေ..ငန်းပစေတော့..ဆိုပြီး..ကျွန်ုပ်လဲ..ဝိုင်းဘေးမှာ မယောင်မလည်
ရပ်နေသော ဝိတ်တာကို လက်တို ့ခေါ်ပြီး…
“ညေး….ဟို..တိုတိုလေးနဲ ့.ဖွေးဖွေးတောင့်တောင့်ဖြောင့်ဖြောင့် နှမလေးက နာမည်ဘယ်လိုခေါ်သတုံး..ကွ”
“ဟုတ်ကဲ့.အာကို..သူလေးက…ဒေဇီကြာပစ် လို ့ခေါ်ပါတယ်..
ကျနော်တို ့ဆိုင်မှာတော့..သူက..အလန်းဆုံးပဲ အာကိုရီး..”
“ကောင်းဘီညေး…
သူဆိုမဲ့အလှည့်ကျရင် တစ်ကုံးစွတ်မယ်…သတိပေးနော့်”….ဟု အမှာတော်ပါးပြီး..
တစ်ငုံဂလုကာ..ရေခဲစိမ်ထားတဲ့ ဖရဲသီးတစ်စိတ် ယူစားပြီး….စီးကရက်တစ်လိပ်မီးညှိ..၍
အလှည်ကျ ဆိုနေကြသော..ပါးပါးလှီးမိန်းမပျိုလေးတွေကို ..ဆက်လက်ငန်းနေလိုက်တယ်..
ကျွန်ုတို ့လဲ.သောက်လိုက်..စားလိုက်.ငန်းလိုုက်..ကပေနှင့် စကားပြောလိုက်နှင့်….ရီဝေဝေ..ဖြစ်နေလေပြီ
ကပေ့ကြည့်တော့လဲ..အဆီတဝင်းဝင်း..နှာခေါင်းတရဲရဲ..(ငြုပ်သီးစားမိ၍) နှင့်…ဒစ်စကိုမီးတွေအောက်..
မျက်လုံးကလဲ.ဝင်းဝင်းတောက်နေလျက်ပါပဲ..
ထိုစဉ်..
“ဆက်လက်ပြီးသီဆိုရန်အလှည့်ကျတဲ့တေးသံရှုင်….ဒေဇီကြာပစ်ဖစ်ပါဒယ်ရှင်..ကျေးဇူးတင်ပါတယ်ရှင်”
ဟူ၍ အစီအစဉ်ကြေငြာသံကြားရပြီး တစ်ဆက်တည်း..ဒေဇီကြာပစ်မှ..တစ်ဆိုင်လုံး…ပတ်ခြုံ၍ ကြာပစ်ပြီး
စင်ပေါ်သို ့..တက်ကာ…“ရစ်ချင်ရင် စွန်ဝယ်လွှတ် ” ဟူသောသီချင်းဖြင့် ဖျော်ဖြေပါတော့တယ်….
ဝိတ်တာမှ..အာကိုရီး..စွတ်လို ့ရပြီ ဟူ၍ ပန်းကုံးတစ်ကုံးစွဲကာ..ဝိုင်းသို ့လာပြော၏..
ထိုအခါ..
“ကပေ.ခင်ဗျားတက်စွတ်ဗျာ..သိပ်မမူးသေးလို ့လားမသိဘူး..ကျုပ်နဲနဲရှက်နေတယ်..စွတ်ရဲဘူး.”
ဟု ကပေ့ကို စစ်ကူတောင်းရာ…ကပေကလဲ..အသိတွေမြင်ပြီး မိန်းမကို ပြန်တိုင်မည်ဆိုး၍..မစွတ်ဘူး..
တွင်တွင်ညင်းနေသောကြောင့်…ကျွန်ုပ်လဲ…မထူးဟုဆိုကာ..လက်ကျန်ခွက်ကိုမော့ပြီး…ဝိတ်တာဆီမှ
ပန်းကုံးယူကာ ကော့တော့ကော့တော့ဖြင့် စတိတ်စင်သို ့လျှောက်သွားလေ၏..
စင်ပေါ်ရောက်သောအခါ…ပန်းကုံးဆွဲ၍ ဘယ်နေရာ သွားစွတ်ရမှန်းမသိ…
ဒေဇီကလဲ မိုက်ခဲပြီး..ဟိုပြေးလိုက်.ဒီပြေးလိုက်နှင့် ဆိုနေသည်မို ့.ကျွန်ုပ်လဲ…..မြင်းရိုင်းဖမ်းသည့်
ကောင်းဘွိုင်ပမာ….စင်ပေါ်မှာ မနဲမိအောင် လိုက်စွတ်ရလေ၏….
မိမိရရစွတ်မိပြီး သကာလ စားသောက်ဝိုင်းသို ့..ပြန်လာထိုင်ယုံပဲရှိသေး……
ငနဲ.တစ်ကောင်မှ…ပန်းကုံးသုံးကုံး…ဒေဇီကြာပစ်ကို တက်စွတ်နေပါကလား..
အောက်ကဝိတ်တာတွေကလဲ လက်ခုပ်သံတစ်ဖြောင်းဖြောင်း..နှင့်.တစ်ဆိုင်လုံးညံအောင် တီးလျက်..
မြှောက်ထိုးပင့်ကော် အားပေးနေကြလေ၏..
ထို ့ကြောင့်..ကျွန်ုပ်လဲ..
“ကပေ..အဲဒီငနဲကဘာလဲဗျ..ကျုပ်ဒေဇီကိုမှ လာစွတ်ရသလား…ဘာသဘောလဲ
ကျုပ်ကို..ကြောတဲ့သဘောလားဗျ..အေ့..”(လေချဉ်တက်သံ)
ကပေက….
“ကဖော်ရီးရာ..နင့်နယ်..သူ ၁ကုံးကြောရင် ကိုယ် ၂ကုံး ကြောပလိုက်ချမ်းဘာ…..ဘာမှချဉ်းချားမနေနဲ ့….”
ကပေစကားမဆုံးခင်မှာပဲ..
“ကြိုက်ပီကပေရာ….ဖော်ကြီးကိုကျော်တီးရင်..ဂျော်တကီးလဲ မသနားဘူး..တွေ ့ကြသေးတာပ.
ချွတ်..ချွတ်..ဝိတ်တာ..ပန်းကုံး ၅ကုံးယူခဲ့…”…
စွတ်ရဲအောင်..ရဲဆေးနဲနဲတင်လိုက်ဦးမယ်..ဂလု..(တစ်ငုံသောက်သံ)
ဂျွတ်..ဂျွတ်..(ပန်းသီးတစ်စိတ် နှိုက်စားသံ)
ဝိတ်တာလဲ.အပြေးအလွှား.ပန်းကုံးငါးကုံး ပြေးဆွဲပြီး ကျွန်ုပ်အား. လာပေးလေ၏..
ကျွန်ုပ်လဲ ပန်းကုံးတွဲကို စုကိုင်ပြီး..စတိတ်စင်ရှိရာသို ့..ငုံ ့တုံ ့ ငုံ ့တုံ ့ဖြင့်လျှောက်သွားပါတော့တယ်.
(ငုံ ့မလျှောက်ရင် ခလုတ်တိုက်မည်)
စင်ပေါ်ရောက်တော့ ထုံးစံအတိုင်း မြင်းရိုင်းဖမ်းသလို..ဖမ်းပြီး..မိသောအခါ..ငါကွဆိုပြီး..
ပန်းကုံးစွတ်လိုက်သောအခါ…ဆိုင်ထဲရှိ..ဝိတ်တာတွေအားလုံးမှ..လက်ခုပ်သံ တစ်ဖြောင်းဖြောင်းဖြင့်..
မြှောက်ထိုးပင့်ကော် အားပေးကြလေ၏…
စိတ်ထဲကလဲ..ဖော်ရီးကွ.တစ်ဖော်ပဲရှိဒယ်.၂ဖော်ရှိရင်…Aphaw တောင် ကြော်မြည်းဝံ့တဲ့ကောင်ကွ
ဟွင်း.ဟွင်း..ဟွင်း..ဆိုပြီး…ကျိတ်ကျေနပ်ကာ..ခပ်တည်တည်…ဝိုင်းမှာ ပြန်ထိုင်နေလိုုက်ပါတယ်..။
16 comments
Gipsy
November 8, 2011 at 8:18 pm
*ဂလု…ဂလု… စွတ်ခြင်းကို အားကျသည်…(ပန်းကုန်းနော်)….
windtalker
November 8, 2011 at 8:18 pm
ရီးရဲပွဲအောင်ပြီး
ရီးရဲလစ်ဇင်တွေ ရေးကုန်ပါပေါ့လား
အဲဒါ သူ ့ဘာသာ တစ်ယောက်ထဲ သွားကဲတာပါဗျို ့
အနော်မပါ ပါဘူးဂျ…
ပေါက်ဖော်
November 8, 2011 at 8:19 pm
ဟွင်း..ဟွင်း..ဟွင်း.
😆
Koyin Sithu
November 8, 2011 at 8:29 pm
ခုတလော ကပေါက်ဖော်နဲ့ ကိုရင်ဂီ့တို့
တားတားတို့ကို ဂလု ဂလုလုပ်နေတာ များပီနော်…
ဒါမျိုးဆို ကိုရင်တို့က စိတ်သိပ်ခိုင်တာမဟုတ်ဘူး.. 😛 😛 😛
မနည်းကျင့်ကြံထားတဲ့ သမာဓိလေးတွေတော့
ပျက်ကုန်ပါပီတော့်… 😀 😀 😀
ကြောင်လတ်
November 8, 2011 at 8:31 pm
တောသားတွေသားရေကျအောင်ရေးပြနေပြန်ပါပြီ၊
နောက်ပိုင်းကောင်းခန်းတွေကို အပြည့်အစုံထည့်ရေးပါဗျို့ကပေါက်ဖော်….
ပေါက်ဖော်
November 8, 2011 at 8:38 pm
ကိုရင်အပေါင်းတို ့ရေ..
ကျနော်လဲ လေလှိုင်းကြားကပဲ..အရသာ ခံရတာပါဗျာ..
ထီပေါက်ရင် ရွာသားတွေအကုန်လုံး ရေချိုးထားကြပါ….ပါတီ..ပါတီ
😆
amatmin
November 9, 2011 at 9:42 am
အဘ ဖောရိန်း ပြောတာတော့ ရေချိုးပေးတဲ့ နေရာ ရှိတယ်ဆိုဗျ…
ဆီပွတ်တယ် ဆိုလား ဘာလားပဲ.:)
ပေါက်ဖော်
November 9, 2011 at 10:09 am
ဆီပွတ်တော့..စွတ်ပြီ..တွတ်ပီတို ့နဲ ့….ဘာမှမဆိုင်
ဈေးကြီးတယ်..ကိုရင် အမတ်ရ..
အတွေ ့အကြုံ သိချင်ရင်..ဦး##ကို .မေးကြည့်နော်..
ကျနော်တို ့လဲ တောင်းဆိုထားတာ..ခုထိမလာသေးဘူး…
ငှဲ.ငှဲ..
etone
November 9, 2011 at 9:00 am
မြှောက်တဲ့လူနဲ့ ငမ်းတဲ့ လူနဲ့ …. ကောင်မလေးတော့ ထောပြီ 😀 😀
good
November 9, 2011 at 2:47 pm
ထောတာချဉ်းပဲ မတွက်နဲ့ ရောဂါ လည်း တွက်ဦး နော် မ ETONE.
koyinmaung
November 9, 2011 at 9:19 am
ရွာထဲမှာ ….ဒီကာလသားအုပ်စုအတော်သောင်းကြမ်းနေပါတယ်
သဂျီရေ..ထိပ်တုံးခတ်ထားလိုက်ပါဗျို့…ဟီဟီဟီ
ကြောင်ကြီး
November 9, 2011 at 9:48 am
ပေါင်ဖြူဖြူ
ဖွေးနှမ
ရေးပြလို့
မတူနိုင်..
ကြေးမအတာ
တွေးဆပါမှ
ဟေးထတာ
မြင်မိကြမယ်
ရွေဘိုမင်းကြီးကြိုက်..။ 😎
Sonny
November 10, 2011 at 12:04 am
ကိုပေါက်ဖော်…စာအရေးအသားကစွဲဆောင်တယ်…
ဆက်ဆက်ဖတ်ချင်စိတ်ပေါ်တယ်…ဇဝနဉာဏ်ရွှင်ပုံရတယ်..
ကိုဇာဂနာဆီမှာ..ဒီဟာသလေးကိုရောင်းရင် စီးပွားဖြစ်နိုင်တယ်နော်…..
အကို့စာဖတ်ရင်း..မျက်ရည်လည်အောင်သဘောကျပြီးရယ်မိတယ်…ကျွန်တော် ရယ် ခဲ တယ်ဗျ…
ဆက်ဖတ်ပါရစေ…ယဉ်သောရယ်စရာလေးတွေလို့မြင်မိပါတယ်..ဒါနဲ့ အကို့ setting က မန္တလေးက
နို့ပယ် …ဟဲ..ဟဲ..ဟုတ်ပေါင်ဘူး..(NOBEL) ကာရာအိုကေဆိုင် များလား….ချစ်ခြင်းအားဖြင့်..ကိုဆန်နီ
koaung
November 10, 2011 at 3:03 am
ကိုချိုတို ့လို အိမ်မပိုင်သူတွေအတွက်..သီးသန် ့ခန်း.. Special Room လေးတွေလဲ တွေ ့မိရဲ့ စီစဉ်ထားလိုက်ဆရာလေး(မယ်သီလမဟုတ်ပါ)ပေါက်ဖော် အိမ်ကအေကေ၄ရကိုမကြောက်နဲ့ သူကကျိက်ထီးရိုးကဝယ်ထားတဲ့ အေကေ၄ရ အသံပဲမြည်တာ 😉
ပေါက်ဖော်
November 10, 2011 at 5:51 pm
ကိုချိုလဲ ကလောင်နာမည်ပြောင်းသွားတယ်..
ဟို..နဖူးပြောင်ပြောင်နဲ ့လူလဲ..ဒါ့ပုံပြောင်းသွားတယ်..
တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါဗျာ..မရည်ရွယ်ပါဘူး..တစ်ကယ်ပါ..
😆
koaung
November 10, 2011 at 6:03 pm
ဗေဒင်ကဟောထားတယ် နိမ်းခနခနပြောင်းတဲ့ ပရိတ်ကြီးရွတ်စရာမလိုဘူးတဲ့(နောက်တာဗျို)
မယုံရင်ဆရာ ကိုရင်စီသူကိုမေးကြည့် 😀