မသေသော မြို့တော်

ဦး ဂ်စ္November 8, 20111min1506

မသေသောမြို့တော်ဟူသည် ခေတ်အဆက်ဆက်ပြောင်းလဲ၍ နှစ်ပေါင်းများစွာကြာမြင့်
သော်လည်း မြို့၏အမည်နှင့် ပထဝီအနေအထားတို့မှာ မပျောက်မပျက်ဘဲ မူလအမည်
နှင့် မူလပထဝီရေမြေအတိုင်း ထင်ရှားတည်ရှိနေသောမြို့ကို ဆိုလိုပါသည် ။
သုတေသီများ၏အဆိုအရ မသေသောမြို့များမှာ ကမ ္ဘာ့နိုင်ငံများ အားလုံးတွင် (၃)မြို့ရှိ
သည်ဟု သိရပါသည်။ ၎င်းမြို့များမှာ
(၁)- ဆီးရီးယားနိုုင်ငံမှ ဒမတ်စကတ်မြို့ ၊
(၂)- အိန္ဒိယနိုင်ငံမှ ဗာရာဏသီမြို့ ၊
(၃)- မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဒွါရာဝတီမြို့   တို့ဖြစ်ကြောင်း မှတ်သားရပါသည် ။
ဒွါရာဝတီမြို့သည် စာရေးသူ၏ သံတွဲမြို့ ပင်ဖြစ်ပါသည်။
သံတွဲမြို့ ဟု ယ္ခုအချိန်မှာ ေခေါ်ဝေါ်သုံးစွဲနေပါသော်လည်း  “ဒွါရာဝတီ” ဟူသော
အမည်နာမသည် မပျောက်ပျက်ပါ ။
ဒွါရာဝတီမြို့သည် ကဿပမြတ်စွာဘုရားသခင်၏ လက်ထက်တော်မှစ၍ ဂေါတမ
မြတ်စွာဘုရားသခင်၏ သာသနာတော်အတွင်း ဖြစ်သော ယ္ခုအချိန်ထိအောင်ပင်
အမည်မပျောက်ပျက်ဘဲ ထင်ရှားတည်ရှိနေပါသေးသည်။ ထို့ကြောင့် မသေသော
မြို့ဟု ဆိုပါသည်။
ဒွါရာဝတီ သံတွဲမြို့တွင် သမိုင်းဝင်စေတီ သုံးဆူမှာ ထင်ရှားစွာတည်ရှိပါသည်။
စေတီသုံးဆူ တည်ထားရာ တောင်သုံးလုံး၏အလယ်တွင် ဒွါရာဝတီ သံတွဲမြို့
တည်ရှိပါသည်။
ထိုတောင်ထွဋ် သုံးခုကို မျဉ်းဖြောင့်ဆွဲပါက သုံးနားညီ တြိဂံတစ်ခု အတွင်း၌
ဒွါရာဝတီမြို့   ကျရောက်တည်ရှိနေသည်ကို   တွေ့မြင်ရမည ်ဖြစ်ပါသည်။
မြို့၏တစ်ဖက်တွင် တောင်တန်းများက အုတ်တံတိုင်းသဖွယ် အစီအရီ ကာရံ
နေသည်ကို သဘာဝရှုခင်းတစ်ရပ်အဖြစ် တွေ့မြင်ရပေသည်။ နောက်တစ်ဖက်
တွင်မူ လှပသာယာ၍ နွေရာသီအပမ်းဖြေစခန်း အဖြစ်ထင်ရှားသော ကမ ္ဘာကျော်
ငပလီကမ်းခြေက မြို့ကျက်သရေဂုဏ်ကို ဖော်ဆောင်လျှက်ရှိနေပါသည်။
“ဘုရားဟောကျမ်းဂန်လာ ဒွါရာဝတီမြို့သည် ဒွါရာဝတီ ခေါ်ဆိုနေသော သံတွဲမြို့
အမှန်ပင်ဖြစ်သည်ကို ယုံမှားသံသယ ဖြစ်စရာမလိုပေ” ဟူ၍ ကျမ်းဂန်နှင့် ညှိနှိုင်း
ကာ တင်ပြထားသည်ကိုလည်း သမိုင်းမှတ်တမ်းများအရ  တွေ့ရှိရပါသည်။
သို့ဖြစ်၍ စာရေးသူ၏ မသေသောမြို့တော် ဒွါရာဝတီမြို့၏ အကြောင်းများကို
သမိုင်းမှတ်တမ်းများဖြင့် ရည်ညွှန်းကိုးကားပြီး ဆက်လက်တင်ပြပေးပါဦးမည် ။

အရှင်ကောသလ္လ(ဂဝေသီ)၏ ခွင့်ပြုချက်ဖြင့် ဒွါရာဝတီမြို့သမိုင်းကြောင်းကို
မသိရှိသေးသော စာဖတ်ဝါသနာရှင်များ သိရှိပါစေရန် ရည်ညွှန်းလျှက်
တင်ပြရေးသား လိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ ။ ။

6 comments

  • ကြောင်လတ်

    November 8, 2011 at 9:02 pm

    အစဉ်အလာကောင်းတဲ့ သမိုင်းကြောင်းတွေရှိတဲ့ရခုိုင်ပြည်ပါပဲ။
    “သဇင်ပန်းခိုင်တမြိုင်မြိုင်” ဆုိုတာဟာလည်း “လှည်းဝင်ရိုးသံတညံညံ”
    ထက်သာတာ အထင်အရှားပါပဲ။ ရခိုင်ရဲ့သမိုင်းလေးတွေဖတ်ရတော့ ဂျစ်ပစီကိုကျေးဇူးတင်ပါတယ်။
    ရန်ဖြစ်နေကြတာလေးတွေလည်း ငြိမ်းချမ်းသွားကြပြီထင်ပါတယ်။

  • waymg

    November 8, 2011 at 9:12 pm

    ဟုတ်နော်. . . အတို့အထောင်ပျိုတို့မောင်တွေလဲ ဘယ်ရောက်လို့ဘယ်ပျောက်
    နေကြသလဲမသိ. . . သဂျီး ကိုကြောက်ကြတယ်ထင်ပါရဲ့. . .
    ကျနော်လဲ အာကာပျံဝဲမြို့သံတွဲ အကြောင်း သိခွင့်ရလို့ ko Gipsy ကို
    ကျေးဇူးတင်ပါတယ် ။

  • ကြောင်ကြီး

    November 9, 2011 at 10:55 am

    တယ်ဆိုတဲ့ စာပါလာ;။ ဆက်ပါအုံး…။ ကျုပ်လည်း မသေတဲ့ ကြောင်ကြီးပါ။ အသက်မထွက်ခင် အထိပေါ့။။။။။။ (သဂျီးမသိစေနဲ့နော်၊ သူက မသေဆေးဖော်နေတာ။ အောင်မြင်သွားရင် မသေတဲ့သူတွေ ဈေးကြကုန်မယ်) 😮

  • moethuzar

    November 9, 2011 at 11:39 am

    ကောင်းလိုက်တဲ့ စာသားတွေနဲ ့အရေးအသားတွေနဲ ့မို ့ဝင်ကူအားပေးသွားပါတယ်။

  • Gipsy

    November 9, 2011 at 12:42 pm

    အရှင်ကောသလ္လ (ဂဝေသီ) ကိုယ်တိုင်ရေးထားတဲ့ စာသားတွေပါ …၊
    ရာဇဝင်သမိုင်းကြောင်းတွေကို ဖတ်ရှုတတ်တဲ့ ရွာသူရွာသားတွေအတွက်
    ရည်ရွယ်ပြီး တဆင့်ပြန်လည်တင်ပြခြင်းပါ….၊
    ဖတ်ရှုအားပေးတဲ့ အတွက် ကျေးဇူးပါ..။

  • မိုးပွင့်ဖြူ

    November 9, 2011 at 1:27 pm

    သမိုင်းသိတာကောင်းတယ်လိုပြောတယ်
    အများကြီးဖတ်အုံးမယ် ရေးတာရေးပါ…………….

Leave a Reply