သရဲလိုက်ခံရတဲ့ကြောင်လေး – ၁

ကြောင်လေးNovember 9, 20111min23712

သရဲလိုက်ခံရတဲ့ကြောင်လေး

ကြောင်လေးသရဲမယုံပါဘူး။

သရဲဆိုတဲ့ နာနာဘာဝနဲ့ ပရလောက ရှိတယ်ဆိုတာကိုမယုံတာမဟုတ်ပါဘူး၊သရဲပူးတယ်၊သရဲစီးတယ်ဆိုတဲ့ကိစ္စကိုပြောတာပါ။ သရဲစီးတယ်၊ပူးတယ်ဆိုတဲ့ကိစ္စဆိုရာမှာ လည်း အဖြစ်အပျက်တိုင်းကိုဆိုလိုတာမဟုတ်ပါဘူး၊ နဲနဲရှုပ်သွားသလားမသိဘူး၊ တချို့ဖြစ်ရပ်တွေဟာတကယ် ဟုတ်ပေမဲ့၊တချို့တွေဟာ တကယ်မဟုတ်ပဲလိမ်ဆင်တွေဖြစ်နေတတ်တယ် ဆိုတဲ့သဘောပါ။

ဒါပေမဲ့ ကြောင်လေးသရဲစီးတဲ့အဖြစ်နဲ့ကြုံလိုက်ရပါတယ်၊ကြောင်လေးကိုစီးတာတော့မဟုတ်ဘူးဗျ ၊ကြောင်လေးမောင်းလာတဲ့ဆိုင်ကယ်ကိုလိုက်စီးတာပါ။ဖြစ်ပုံက ဒီလိုပါဗျာ။

××××××××××××××××××××××××××××××××××××××××

“ဗမာ့လွပ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်….                                              တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာကြံစည်တယ်…..                                                                          သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်….”

“ဟဲလို အမိန့်ရှိပါ”

“——–”

“ဟုတ်ပါတယ်၊ ပြောပါ အကို ”

“——–”

“ဟုတ်ကဲ့ ”

“——–”

“ဟုတ်ကဲ့ ”

“——–”

“အဲ့ဒါဆို ကျွန်တော်က အဲဒီကိုတက်လာရမှာလား”

“——–”

“ဟာ မလာလို့မရဘူးလားအကိုရယ်၊ ဒီမှာကျွန်တော်အလုပ်တွေရှိသေးတယ်”

“——–”

“ဟုတ်ပါပြီ၊ဟုတ်ပါပြီ၊ကျွန်တော်မနက်ဖန် မနက်စောစောဆိုင်ကယ်နဲ့တက်လာခဲ့မယ်။”

“——-”

“ကောင်းပါပြီအကို ကျွန်တော်စီစဉ်လာပါ့မယ်”

“——-”

“အို ကေ ပါ”

စာရွက်တွေကြားမှာ နှုပ်ခမ်းမွေးလေး တထောင်ထောင်နဲ့ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက် လုပ်နေတဲ့ပိုးဟပ်တစ်ကောင်လို ကျွန်တော်အလုပ်ရှုပ်နေခိုက်မှာ မိုဘိုင်းဖုန်း မည်လာလို့ ကိုင်လိုက်တော့ ခရိုင်မြို့ကအထက်အရာရှိဖုန်းဖြစ်နေပါတယ်။ အထက်အရာရှိဆိုပေမဲ့ ကျွန်တော်တို့ဌာနက ရင်းရင်းနှီးနှီး အကိုလို့ပဲခေါ်ကြပါတယ်။ အလုပ်ကိစ္စတစ်ခုအတွက် ခရိုင်မြို့ကိုလာဖို့လှမ်းခေါ်နေတာပါ။ ခရိုင်မြို့ က ကျွန်တော်တို့မြို့နဲ့ မိုင် ၅ဝ နီးပါးဝေးပါတယ်။ လမ်းကြမ်းတော့  ဆိုင်ကယ်နဲ့သွားရင် ၃  နာရီလောက်မောင်းရပါတယ်။ ကျွန်တော်ကတော့ ဖြေးဖြေးမောင်းတော့ ဒါ့ထက်ပိုကြာပါတယ်။  မနက်စောစော ၆ နာရီလောက် ထမောင်းရင် နေမပူခင် ၉ နာရီကျော် ၉ နာရီခွဲလောက်ဆိုရောက်ပါတယ်။ လဘက်ရေသောက်ခနနားလိုက်ပြီး အလုပ်ကိစ္စလုပ်ကြတော့ ၁၁ နာရီခွဲ လောက်ပြီးသွားပါတယ်။

“အကို အားတယ်မဟုတ်လား”

“အေး အားပါတယ်”

“ကျွန်တော်ကို ဒေသထွက်လက်ဆောင်မုန့်လေးလိုက်ဝယ်ပေးဦး၊ပြီးရင်ကျွန်တော်တို့ ထမင်းသွားစားကြမယ်”

“အေး အေး ခဏစောင့် ငါအဝတ်အစားလဲလိုက်ဦးမယ်၊ အဖွားကြီးကိုလည်းပြောလိုက်ဦးမယ်”

အထက်ကလူက ကျွန်တော်ကိုလက်ဆောင်ပေးတာမဟုတ်ပါဘူး၊ကျွန်တော့်မြို့ကိုပြန်ရောက်ရင် လက်ဆောင်ပေးဖို့ မုန့် ကို လိုက်ဝယ်ခိုင်းတာပါ၊ ဒေသခံလိုက်ဝယ်ပေးတော့ဈေးသက်သာပါတယ်။ ကျွန်တော်တို့ အလုပ်က ရုံးစတက်လိုမျိုး   ရုံးထိုင်နေရတာမဟုတ်တော့ ရုံးချိန်လိုအချိန်မျိုးမှာ အပြင်ထွက်ပြီး သောက်စားလို့ရပါတယ်။ ဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက် မြို့ထဲမုန့်ထွက်ဝယ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ကိုဝင်လိုက်ပါတယ်၊ အချိန်က ၁၂ နာရီလောက်ရှိပါပြီ၊

“အကိုတို့ ဘာသုံးဆောင်မလဲခင်ဗျ”

ဆိုင်ထဲရောက်တော့ ကောင်တာနဲ့ခပ်လှမ်းလှမ်း ထောင့်ကျကျစာပွဲတစ်လုံးမှာနေရာယူလိုက်တယ်ဆိုရင်ပဲ  ပျားရည်ပျစ်ပျစ်သုတ်ထားပြီး သကြားဖြူးထားတဲ့မျက်နှာမျိုးနဲ့ စာပွဲထိုးလေးတစ်ယောက်အပြေးရောက်လာပြီးမေးပါတယ်။ အကိုက ကျွန်တော့်ကိုမေးပါတယ်

“မင်း အနုလား အကြမ်းလား”

“အကိုကြိုက်တာလုပ်ပါ ၊ ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်”

“အေးဒါဆို မနုမကြမ်းလေးကိုင်မယ်ကွာ၊ နေကအရမ်းပူတော့ ကြမ်းလွန်းရင်လဲမကောင်းဘူး၊ နုလွန်းရင်လည်းမထိဘူးကွ”

“အကို့သဘောပဲလေ”

“အေး ဒါဆို အေစီ လုပ်ကွာ”

“ဟုတ်ကဲ့အကို အမြည်းတွေကကော ဘာများသုံးဆောင်မှာလည်း၊ စားချင်တာမှာလို့ရပါတယ်”

စာပွဲထိုးလေးက ညားကာစလင် မယားနှစ်ယောက် လင်ကို မယားက အကိုစားချင်တာ ညီမချက်ကျွေးပါမယ်ဆိုတဲ့ ပုံစံမျိုးနဲ့မေးပါတယ်၊ ဝန်ဆောင်မှုကောင်းတဲ့ပုံပါပဲ။ ဒီအခါကျွန်တော်ကပဲ

“ကျွန်တော်တို့မြို့မှာ မရတဲ့ အစားမှာမယ်အကို ”

“အေးလုပ်လေ ”

“ဘဲခြေဖျားသုတ်ရလား”

“ရတယ်အကို”

“အေး အဲဒါတစ်ပွဲ  နောက် စည်ဗူးကင်တစ်ပွဲ”

“ဟေ့ကောင် စည်ဗူးကင်စားရအောင်မင်းက စကားမတတ်တဲ့ ကလေးမို့လို့လား”

“မဟုတ်ပါဘူး စားချင်လို့ပါ၊ အကိုမှာအုန်းလေ”

“အေး ငါက ငါးရှဉ့် ခြောက်စပ်တစ်ပွဲလုပ်ကွာ”

“ဟုတ်ကဲ့အကို”

“အကိုကကော ဘာအကြံအစည်နဲ့ ငါးရှဉ့်မှာစားတာလဲ”

“ငါအသက်ကြီးနေပြီလေကွာ၊ဒါကအရေးကြီးတယ်”

“ဒါဆိုအကိုအတွက် အားဖြည့်တဲ့အနေနဲ့ ပင်လယ်ကျောက်ပွင့်သုတ် တစ်ပွဲလုပ်ကွာ”

“ဟုတ်ကဲ့ ရပါတယ်အကို”

“နောက် ရုံးပတီ နှစ်ကင်လောက်လုပ်”

“ဟေ့ကောင် ရုံးပတီဘာလုပ်ဖို့လဲ ချွဲ ပြစ်ပြစ်နဲ့”

“အကိုကလည်း အကို့အတွက် ဒူးကောင်းတယ်လေ အကိုရဲ့”

“ငါ့အတွက် ဥတစ်လုံးကြက်သွန်ဖြူ သုံးကင်ပေးကွာ ..အဲ့ဒါဆိုရပြီ လိုမှ နောက်ထပ်မှာမယ်”

“ရပါတယ်ဆရာ ကျွန်တော်မှာလိုက်ပါ့မယ်”

စာပွဲထိုးလေးလည်း ဆရာတော်ကြီးရှေ့ ကဘုန်းကြီးကျောင်သားလေးလိုရိုရိုသေသေ ပြောပြီးလှည့်ထွက်သွားပါတယ်။ကျွန်တော်လည်းခုနက မှာလိုက်တဲ့ ဘာတဲ့  အေစီ ဆိုတာကို မသိတော့

“အကို … အကိုမှာလိုက်တဲ့ အေစီ ဆိုတာဘာလဲ ဗျ၊  အေစီတို့ ဒီစီတို့ ဆိုတာ လျှပ်စစ် ကားရင့်တွေကိုပြောတာပဲကျွန်တော်သိတယ်  လို့မေးလိုက်ပါတယ်”

“မင်းလည်းတော်တော်တုံးတာပဲ၊ ဒါ ငါတို့မြို့မှာခေတ်စားနေတဲ့ ဟာကွ ၊မင်းပေါက်စီဆိုတာကောသိလား”

“အဲဒါတော့သိပါတယ်အကိုရယ်၊”

“ကျွန်တော် ဒီလောက်တောမကျပါဘူး၊ စီဘီယာတစ်ခွက်ထဲကို ဝီစကီ တပက် ပေါက်လိုက်လို့ပေါက်စီခေါ်တာမလား”

“အေး ဟုတ်တယ်အခုလည်း အဲဒီသဘောပဲ လာရင်ကြည့်”

လို့ပြောပြီး ကောင်တာဘက်လှည့်အော်လိုက်ပါတယ်။ကျွန်တော်လည်းကောင်တာကိုလှမ်းကြည့်လိုက်ပါတယ်။

“ဟေ့ အေစီမရသေးဘူးလားကွ မြန်မြန်လုပ်ပါဟ”

“ရပါပြီဆရာ စည်ဘီယာ အမြှုပ်မထအောင် ထိမ်းငှဲ့နေလို့ပါဆရာ  လာပါပြီ”

စာပွဲထိုးလည်း ကောင်တာက ဘီယာငှဲ့သူထံမှ ဂျားကိုလှမ်းယူပြီးကောင်တာက ဗူးတစ်ဗူးကိုပါယူလိုက်တာတွေ့လိုက်ပါတယ်၊ ပြီးတော့စားပွဲတွေကို ကွေ့ပတ်လျှောက်လာပါတယ်။

“ဟာအကိုကလည်းပေါက်ပေါက်ရှာရှာလုပ်တော့မယ် ၊ ဘီယာကို အချိုရေရောသောက်မလို့လား”

“ဘယ်က အချိုရေရောရမှာလည်း မင်းသေသေချာချာကြည့်ပါဦးကွ”

စာပွဲထိုးအနားရောက်လာပြီး ပါလာတာတွေ စားပွဲပေါ်ချလိုက်မှ ယူလာတဲ့ဗူးဟာ အေဘီစီ ဘီယာဗူးဖြစ်နေပါတယ်။ အကိုလည်းအေဘီစီဗူးကိုဖောက်လိုက်ပြီး ဘီယာဂျားထဲရောလိုက်ပါတယ်။

ရွှေ ဝါရောင် ဘီယာတွေဟာ မဲညစ်ညစ်နဲ့ ဇီးဖျော်ရေရောင်ပေါက်သွားပါတယ်။ လက်ကိုင်ဂိုင်းအောက် ရောက်အာင် ခါင်းချိုးထည့်လာတဲ့ ဘီယာ တစ်ဂျားဟာလည်း အေဘီစီတစ်ဗူးရောလိုက်မှ ပြည့်ပြည့်ဝဝဖြစ်သွားပါတော့တယ်။

“ဟာ အကိုတော့ တော်တော်ကိုမလွယ်ပါလား၊ခွန်အားဖြိုးမောက်အေဘီစီစတောက် နဲ့ မှာထားတဲ့အမြည်းတွေနဲ့ကတော့ ကြိုတင်ကြံစည်မှုတစ်ခုတော့ရှိနေပြီထင်တယ် အေဘီစီကမခါးဘူးလားအကိုရယ်”

“မင်းသောက်ကြည့်ဦး နောက်မှကောင်းမှန်းသိသွားမယ်”

ပြောနေတုန်းမှာထားတဲ့ အမြည်းတွေရောက်လာတော့ ကျွန်တော်လည်း ဘီယာနှစ်ခွက် ငှဲ့ပြီး တစ်ယောက်တစ်ခွက် ကိုင်လို့ခွက်ခြင်းတိုက်ကာ စပြီးသောက်လိုက်ကြပါတယ်။ ဘီယာလေးတစ်ကျိုက် အမည်းလေးတစ်ကိုက်နဲ့ အဆင်ကိုပြေနေတော့တာပေါ့။ သောက်နေရင်းအကိုက

“ဟေ့ညီလေး ဘိတ်ချဉ်နှစ်ခွက်လုပ်ကွာ၊ ကြက်သွန်ဖြူများများထည့်ခဲ့”

“အကို ဒီမှာလည်းကြက်သွန်ဖြူကင်တွေ ရှိသေးတာပဲ ကြက်သွန်ဖြူက ဘာကောင်းလို့လဲဗျ”

“မင်းကလဲ ဥတုဘောဇန သင်္ဂဟ ကျမ်းထဲမှာကြက်သွန်ဖြူကောင်းကြောင်းတွေ ရေးထားတာမနဲဘူးကွ”

“ဥတုဘောဇန သင်္ဂဟ ကျမ်းဆိုတာ ရောမင်းကြီးဦးဖိုးလှိုင်ရေးတာမလား”

“အေးဟုတ်တယ်”

“ကျွန်တော်ဖတ်တော့မဖတ်ဖူးဘူး၊ ဒါပေမဲ့ အဲဒီထဲကအရက်သောက်တာနဲ့ပတ်သက်တဲ့နည်းစံနစ်ကို ပြန်ရေးထားတာတွေတော့နည်းနည်းဖတ်ဖူးတယ်”

“ဘယ်လိုလဲကွ၊ လုပ်ပါဦး။”

“ကျွန်တော်တို့တွေက အရက် ကိုတစ်နေ့ အစိတ်သားသောက်ခွင့်ရှိတယ်လို့ပြောတယ်…

“မနက်ထမင်းမစားခင် ဆယ့်နှစ်ကျပ်ခွဲသားနဲ့ ညနေထမင်းမစားခင် ဆယ့်နှစ်ကျပ်ခွဲသား ကိုဆေးဖြစ်ဝါးဖြစ်သောက်ရင်ကောင်းတယ်၊ အစာစားနိုင်တယ် အစာကျေတယ်၊ ခွန်အားကိုဖြစ်စေတယ်လို့ တဆင့်ပြန်ရေးထားတာဖတ်ဖူးတယ်”

“မင်းဆယ့်နှစ်ကျပ်ခွဲသားက ပက်နဲ့ချင်ရင်ဘယ်လောက်ရှိမလဲ မစွပ်မပွတ်လေးဖြစ်နေမှာပေါ့၊ ထပ်ထည့်ပါဦးကွနောက်တစ်ခွက်”

ကျွန်တော်လည်းနောက်တစ်ခွက်စီထပ်ထည့်ရင်း နဲနဲပဲကျန်တော့တာမို့ “ဟေ့ညီလေး အေစီနောက် တစ်ဂျားလုပ်ပါအုန်းကွ” လို့လှမ်းမှာလိုက်ပါတယ်။ ခွက်ထဲကဘီယာကိုတော့တဝက်လောက်ကုန်အောင်တခါတည်းမော့လိုက်ပြီးစကားဆက်လိုက်ပါတယ်။

“ပက်နဲ့ချင်ရင်ဘယ်လောက်ရှိလည်းတော့မသိဘူး၊ကျွန်တော်စဉ်းစားမိတာတစ်ခုတော့ရှိတယ်”

“ဘာလဲကွ”

“ဥတုဘောဇန သင်္ဂဟ ဆိုတာ ရာသီဥတုနဲ့ အစားအသောက် မိတ်ဘက်ဖြစ်ခြင်းဆိုတဲ့ သဘော လို့ထင်တယ်၊”

“အဲဒီတော့ဘာဖြစ်လဲ ”

“သူ့ဆိုလိုရင်းက သူ့ခေတ်က ရာသီဥတုနဲ့ ကိုက်ညီပေမဲ့ အခုလိုကမောက်ကမဖြစ်နေတဲ့ ရာသီဥတုနဲ့ကိုက်ညီပါဦးမလားလို့တွေးမိတာပါ”

“ဟေ့ကောင်အဲဒါတွေ တွေးမနေနဲ့ ချဦးနောက်တစ်ခွက်၊ ဟေ့ ဘဲကင်တစ်စိတ် ထပ်ယူခဲ့ကွာ ”

အဲဒီအချိန်မှာ ဖုန်းကမည်လာပါတယ်၊

“ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်…..”

“ဟေ့ကောင်မင်းဖုန်းမြန်မြန်ကိုင်ကွာ ဘာသီချင်းတွေထည့်ထားတာလဲ၊ပြဿနာမီးထွန်းမရှာနဲ့”

“ကျွန်တော်တို့ တမြို့လုံးနည်းနည်းလူငယ်းတွေ ဒီသီချင်းထည့်ထားတာဗျ”

“ဟဲလို ”

“—–”

“အေးဟုတ်တယ်”

“—–”

“အခုထမင်းစားနေတယ်”

“—–”

“ဝယ်ခဲ့မယ်ဝယ်ခဲ့မယ်  ဒါပဲနော်”

မဒန်ကြောင်လေးက ဒေသထွက်လက်ဆောင်တစ်ခုထပ်မှာနေလို့ မြန်မြန်စကားဖြတ်လိုက်ပါတယ်။

အဲဒီဒေသထွက်လာက်ဆောင်ဟာ ကြောင်လေး သရဲလိုက်ခံရတဲ့ အကြောင်းရင်းကိုဖြစ်စေတာပါ။

12 comments

  • ကြောင်ကြီး

    November 9, 2011 at 12:56 pm

    သိသွားပြီ၊ ကြောင်လေး ဘယ်ဌာနကလည်းဆိုဒါ။။။ အကိုကြီး ညီလေးသုံးတဲ့ဌာနဆိုလို့။။။။

  • small cat

    November 9, 2011 at 12:58 pm

    အရက်သောက်တဲ့အကြောင်းက လိုအပ်လို့ထည့်ရေးထားတာပါ။
    နောက်ပိုင်းမှာ ကြောင်လေးတစ်ယောက်တည်း ပြန်ပြော ပြရမဲ့အကြောင်းတွေမို့လို့
    အခုအစာနဲနဲထည့်ရေးထားပါတယ်။

  • small cat

    November 9, 2011 at 1:27 pm

    နဲနဲလေးတော့လွဲနေတယ်……လွဲလွဲလေးပဲကောင်းပါတယ်…….စိတ်ကျေနပ်ရင် ပြီးတာပဲ ၊နေတတ်ရင်အေးဆေးလေး……
    ကိုငှက်ကြီးကိုသတိရလို့ပါ။

  • ကိုရင်စည်သူ

    November 9, 2011 at 2:48 pm

    အဲ့ခရိုင်တော့ သွားချင်လာပြီဗျာ..
    ဘဲခြေထောက်သုတ်တော့ ရေလည်ကြိုက်တယ်…။
    အေဘီစီလေးပါလိုက်တော့ ပို့စ်ကဖတ်ရတာ
    ကိုရင်တို့ အကြိုက်နဲ့ ကိုက်သွားပြန်ရော…
    ဖတ်ကောင်းမှ စည်ကုန်နေလို့ ဖြစ်နေပီ…
    ကကြောင်လေးရေ… ညန်ညန်ဆက်ရေး…
    သရဲ၊ သဘက်၊ ဖုတ်ဖုတ် ကိတ်စတွေဆို
    ကိုရင်က သိပ်စိတ်ဝင်စားတာဗျို့… 😀 😀 😀

  • etone

    November 9, 2011 at 3:24 pm

    ဘိတ်ချဉ် နဲ့ ဘီယာမြင်လျှင် ဟန်မဆောင်နိုင်ပါဘူး …
    ရှလွတ်ရှလွတ် 😳

    ဒုတိယပိုင်း သရဲခြောက်ခံရတာ ဆက်ဖတ်ပါဦးမည် 🙂

    • windtalker

      November 9, 2011 at 9:25 pm

      ဒေါက်တာ တော့ ဒီကနေ ့
      ဆေးခန်းစောပိတ်ရတော့မယ် ထင်ပါရဲ ့
      ကြောင်လေး ရေ

  • koyinmaung

    November 9, 2011 at 4:22 pm

    ကြောင်လေးရေဆက်ရေးပါဟ…
    ဆိုင်ကယ်လိုက်စီးမဲ့သရဲအကြောင်း
    သိချင်လှပြီ……

  • ပေါက်ဖော်

    November 9, 2011 at 4:32 pm

    အင်း..သရဲက ဘဲမ ပဲဖြစ်ရမယ်..
    သူ ့ခြေထောက် သုပ်စားထားလို ့..လိုက်တောင်းတာနေမှာ
    😆

    • AKKO

      November 9, 2011 at 4:49 pm

      ဒါဆို ကြက်မလည်း ဖြစ်နိုင်သဗျာ ဆီဗူးလည်း စားထားတယ်လေ 😆

  • small cat

    November 9, 2011 at 9:50 pm

    ဆက်ရေးနေပါတယ်ခင်ဗျာ။မနက်ဖန် ဆက်ဆက် တင်ပေးပါ့မယ်။

    အိတုန်ရေ ၊ဦးကြောင်လေး ရန်ကုန်ရောက်မှ ရွာသားတွေနဲ့တဝိုင်းလောက်ချိန်းပြီး တူတူသောက်ကြတာပေါ့။

    • ကိုရင်စည်သူ

      November 9, 2011 at 11:12 pm

      အောင်ကြူးလေးရေ…
      ရန်ကုန်ရောက်လို့ ရွာသားတွေနဲ့ ဝိုင်းထောင်ရင်
      တားတားကိုလဲ သံချောင်းခေါက်ပါဂျို့..
      ဟော့ဒီကိုရင်က ဝိုင်းသံကို ကြားရင်ဖြင့်..
      ဘယ်သူတွေတားတားလို့မှ မနေနိုင်ပေါင်….
      ဝိုင်းကြိုက်တဲ့မောင်… တူ..တူတူတူ.. 😀 😀 😀 😀

      • inz@ghi

        November 10, 2011 at 10:44 am

        လာမယ် ကိုရင် အင်ဇာဂီလည်း လာမယ် ….

        ပုံ..
        ရှာကီရာ နှင့် တာကီလာ ကို ဘာနှင့်မှမလဲနိုင်သော…
        ဂိုင်း အင်ဇာဂီ.

Leave a Reply